အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး

နေ့စဉ် လှုပ်ရှားမှုတွေအတွက် အရိုးအဆစ်တွေနဲ့ ကြွက်သားတွေ ကျန်းမာစေဖို့ အတော်လေး အရေးကြီးပါတယ်။ ဒီ အရေးကြီးတဲ့ အရိုးအဆစ်နဲ့ ကြွက်သားတွေ ကျန်းမာစေဖို့ ဘယ်လိုမျိုး စောင့်ရှောက်မှုတွေ လုပ်ပေးဖို့ လိုမလဲဆိုတာကို သေသေချာချာလေး လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး

အရိုးတွေ ကျန်းမာစေမယ့် အလေ့အထတွေ ပိုင်ဆိုင်ထားရဲ့လား

အရိုးတွေက ခန္ဓာကိုယ်အတွက် ငြမ်းတွေပါ။ မတ်မတ်ရပ်နိုင်ဖို့ ကောင်းစွာလှုပ်ရှား သွားလာနိုင်စေဖို့ ထောက်ကူပေးနေတာပါ။ အရိုးတွေက အသက်အရွယ်ရလာလေလေ ကြံ့ခိုင်မှု အားနည်းလာလေလေပါ။ အသက်အရွယ်တိုင်းမှာ အရိုးတွေ ကျန်းမာနေစေဖို့ မွေးမြူရမယ့် အလေ့အထလေးတွေ ရှိပါတယ်။ ကိုယ်တိုင်မှာရော အရိုးတွေ ကျန်းမာစေမယ့် အလေ့အထတွေ ပိုင်ဆိုင်ထားရဲ့လား ဆိုတာကို ဆောင်းပါးလေး ဖတ်ရင်း လေ့လာဆန်းစစ်ကြည့်လိုက်ပါ။ အရိုးတွေမှာ ဘာတွေ ဖြစ်နိုင်လဲ အရိုးတွေမှာလည်း ခန္ဓာကိုယ်ရဲ့ အခြား အစိတ်အပိုင်းတွေလိုပဲ ကျန်းမာရေး ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ အသက်အရွယ်ကြောင့် ခံစားရတာမျိုး ရှိသလို မတော်တဆ ထိခိုက်မိတာ၊ နေ့စဉ်ဘဝနေထိုင်မှုပုံစံတွေကြောင့် ထိခိုက်တာဆိုပြီး အမျိုးမျိုး ရှိပါတယ်။ အရိုးပါးတာ အရိုးပွတာ အရိုး သိပ်သည်းဆ ကျဆင်းလာ အရိုးကျိုးတာ အရိုးအက်တာ အရိုးကင်ဆာ အဆစ်ရောင်နာ အဆစ်လွဲတာ အရွတ်ရောင်တာလိုမျိုး ကျန်းမာရေး […]

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး ကို ရှာဖွေမည်။

အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

kinesio တိပ်တွေက ညို့သကျည်းနာကျင်ခြင်းကို ကုသပေးနိုင်တယ်

ညို့သကျည်းနာကျင်ခြင်းဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အရိုးနဲ့ကြွက်သားဆိုင်ရာ ပြဿနာတခု ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် ညို့သကျည်းနာကျင်ခြင်းဟာ ပြင်းထန်လေ့မရှိပေမယ့် မကုသဘဲ ဖာသိဖာသာ ထားမယ်ဆိုရင်တော့ အပ်နဲ့ထွင်းရမယ့်နေရာကို ပုဆိန်နဲ့ ပေါက်ရတတ်ပါတယ်။ ဒါကြောင့် ညို့သကျည်းနာကျင်ခြင်းကို ခွဲစိတ်စရာမလိုဘဲ ကုသပေးနိုင်တဲ့ အဖြေတခုဖြစ်တဲ့ kinesio တိပ်အကြောင်း ဖတ်ကြည့်လိုက်ကြရအောင်။   ညို့သကျည်းရိုးနာကျင်ခြင်း ညို့သကျည်းရိုးနာကျင်ခြင်းဟာ အများအားဖြင့် အားကစားလေ့ကျင့်ခန်းတွေ လုပ်ခြင်းနဲ့ ဆက်စပ်နေလေ့ရှိပါတယ်။ ဘာလို့လဲဆိုတော့ ကခုန်ခြင်း၊ပြေးခြင်း အစရှိတဲ့ ကိုယ်လက်လှုပ်ရှားမှု အများအပြားပြုလုပ်သူတွေမှာ ညို့သကျည်းရိုးနာကျင်ခြင်း ခံစားရလေ့ရှိတဲ့အတွက် ဖြစ်ပါတယ်။ လေ့ကျင့်ခန်းအစီအစဉ် ရုတ်တရက်ပြောင်းလဲလိုက်တဲ့ အားကစားသမားတွေမှာလည်း ဒီပြဿနာကို တွေ့ရလေ့ရှိပါတယ်။ ဒါ့အပြင် ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းစတင်ပြုလုပ်တဲ့အချိန်မှာလည်း ညို့သကျည်းရိုးနာကျင်ခြင်းကို ခံစားရနိုင်ပါတယ်။ သင့်အနေနဲ့ လေ့ကျင့်ခန်းစတင်ပြုလုပ်အပြီးမှာ ညို့သကျည်းရိုးရဲ့ အတွင်းဖက်က နာကျင်မှုကို ခံစားရမှာပါ။ လေ့ကျင့်ခန်းဆက်လက်လုပ်ဆောင်တဲ့အခါ နာကျင်မှုဟာ သက်သာလျော့ပါးသွားမှာဖြစ်ပြီး နားလိုက်တဲ့အခါ တဖြည်းဖြည်း ပိုဆိုးလာမှာ ဖြစ်ပါတယ်။ ဒီနောက်မှာတော့ တောက်လျှောက်နာကျင်နေတာမျိုး […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

လက်ကောက်ဝတ်နာကျင်ခြင်းကို ကာကွယ်ပေးနိုင်မယ့် အချက်လေးတွေ

ကိစ္စအတော်များများကို ပြုလုပ်ဖို့ သင့်လက်တွေကို အမြဲတစေ အသုံးပြုရလေ့ရှိတဲ့အတွက် သင့်လက်ကောက်ဝတ်တွေဟာ နာကျင်မှုဝေဒနာကို ခံစားရလေ့ရှိပါတယ်။ ပြောနေကျ စကားအတိုင်းပါပဲ၊ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုကောင်းတာမို့ လက်ကောက်ဝတ်နာကျင်ခြင်းကို ကာကွယ်ပေးနိုင်မယ့် နည်းလမ်းငါးသွယ်ကို လေ့လာကြည့်ရအောင်။   သင့်အရိုးနဲ့ ကြွက်သားတွေကို ကျန်းမာသန်စွမ်းနေပါစေ။ သင့်အရိုးနဲ့ ကြွက်သားတွေ ကျန်းမာသန်စွမ်းနေတဲ့အခါ လက်ကောက်ဝတ်နာကျင်မှု ခံစားရနိုင်ချေ နည်းပါးမှာ ဖြစ်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ရိုးရှင်းတဲ့ အကြောဖြေလျှော့ လေ့ကျင့်ခန်းလေးတွေ ပြုလုပ်တာ ဒါမှမဟုတ် ယောဂကျင့်တာ စသဖြင့် လုပ်ဆောင်နိုင်ပါတယ်။ သင့်လက်ကောက်ဝတ်ကို ဆန့်ပေးတဲ့ လေ့ကျင့်ခန်းမျိုး မကြာခဏ လုပ်ပေးပါ။ တချို့ယောဂပုံစံတွေဟာ လက်ကောက်ဝတ်အတွက် များစွာအကျိုး ရှိပါတယ်။ အားကစားလေ့ကျင့်ခန်းတွေ မလုပ်ခင်မှာ လက်ကောက်ဝတ်ကို သွေးပူလေ့ကျင့်ခန်းဦးစွာ လုပ်ပေးရပါမယ်။ဒီလို လုပ်ပေးခြင်းအားဖြင့် သင့်လက်ကောက်ဝတ်အနေနဲ့ အားကစားလုပ်ဖို့ အသင့်အနေအထားမှာ ရှိနေမှာ ဖြစ်ပါတယ်။ သင့်အနေနဲ့ ကယ်လ်လဆီယမ်ဓာတ်ကြွယ်ဝတဲ့ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ဘာလို့ ဒူးနာသလဲ

သင့်တသက်မှာ အနည်းဆုံးတခါလောက်တော့ ဒူးနာဖူးမှာ အမှန်ပါ။ ဘာလို့များ ဒူးနာရတာလဲလို့ သင်တွေးကောင်းတွေးမိမှာပါ။ ဒူးနာရခြင်း အကြောင်းရင်း အမျိုးမျိုး ရှိတဲ့အနက်က အဖြစ်အများဆုံး အကြောင်းရင်း သုံးမျိုးကို ဒီဆောင်းပါးမှာ ဖော်ပြပေးသွားမှာပါ။   အဆစ်အမြစ်ရောင်ခြင်း အဆစ်အမြစ်ရောင်ခြင်း အမျိုးမျိုးရှိပြီး အောက်ပါ အမျိုးအစားတွေက ဒူးနာစေပါတယ်။ Osteoarthritis (အရိုးနဲ့ အဆစ်အမြစ်ရောင်ခြင်း) Osteoarthritis (အရိုးနဲ့ အဆစ်အမြစ်ရောင်ခြင်း)ကြောင့် ဒူးနာလေ့ရှိပါတယ်။ ဒီရောဂါကို အဆစ်အမြစ်များ ယိုယွင်းပျက်စီးရောင်ရမ်းခြင်းလို့လည်း ခေါ်ပါသေးတယ်။ အချိန်ကြာမြင့်လာတာနဲ့အမျှ သင့်ဒူးဟာ ကွေးနိုင်ဆန့်နိုင်စွမ်း တဖြည်းဖြည်းနည်းပါးလာပြီး တောင့်တင်းနာကျင်လာပါတော့တယ်။ ဒူးမျက်နှာပြင်ကလည်း ထိခိုက်ပျက်စီးလို့ လာပါတယ်။ သင့်လှုပ်ရှားသွားလာတဲ့အချိန် ဒါမှမဟုတ် ညအိပ်ရာဝင်ချိန်မှာ ဒူးနာလေ့ရှိပြီး နားလိုက်ရင်တော့ အနည်းငယ်သက်သာသွားနိုင်ပါတယ်။ ရောင်ရမ်းတဲ့နေရာက မာနေရင် ဒါဟာ အရိုးအပိုထွက်လာလို့ဖြစ်ပြီး ပျော့နေရင်တော့ အရည်တွေစုပုံနေလို့ ဖြစ်ပါတယ်။   Rheumatoid အဆစ်အမြစ်ရောင်ရောဂါ မိမိခန္ဓါကိုယ်ရဲ့ ခုခံအားစနစ်ကနေ ကိုယ်ပိုင်တစ်ရှုးတွေကို ပြန်တိုက်တဲ့အခါ Rheumatoid အဆစ်အမြစ်ရောင်ရောဂါ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

လမ်းပုံမှန်လျှောက်ပေးခြင်းက ဒူးနာခြင်းကို ကာကွယ်ပေးနိုင်တယ်

ဒူးနာတဲ့ ဝေဒနာကို သူသူကိုယ်ကိုယ် ခံစားရလေ့ရှိပါတယ်။ ဒူးနာတဲ့အတွက် လမ်းလျှောက်နိုင်ပါ့မလား ဒါမှမဟုတ် ဒူးလှုပ်ရှားရတဲ့ ကိုယ်လက်လေ့ကျင့်ခန်းတွေ လုပ်နိုင်ပါ့မလားဆိုပြီး သင်တွေးကောင်းတွေးနေပါလိမ့်မယ်။ ဒါပေမယ့် လမ်းပုံမှန်လျှောက်ပေးခြင်းက ဒူးနာခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။   ဒူးနာခြင်း အလွန်အကျွံလှုပ်ရှား အသုံးပြုမိခြင်း၊ထိခိုက်ဒါဏ်ရာရခြင်း ဒါမှမဟုတ် (အရိုးနဲ့အဆစ်အမြစ်ရောင်ခြင်းကဲ့သို့သော) တခြား ရောဂါတွေရှိနေခြင်းတို့ကြောင့် ဒူးနာဝေဒနာကို ခံစားရနိုင်ပါတယ်။ ဘယ်သူမဆို တသက်မှာ တခါလောက်တော့ ဒူးနာဖူးမှာပါ။ နည်းနည်းနာတာနဲ့ ဆိုးဆိုးရွားရွား နာတာပဲ ကွာမှာ ဖြစ်ပါတယ်။ ဒူးနာတိုင်း ဆရာဝန်ပြဖို့ မလိုပါဘူး။ သင့်ဒူးဟာ ခန္ဓါကိုယ်တခုလုံးရဲ့ အလေးချိန်ကို ထမ်းပိုးထားရတဲ့အပြင် ပြေးခြင်း၊အမြင့်တက်ခြင်း ဒါမှမဟုတ် ခုန်ခြင်းတို့ ပြုလုပ်တဲ့အခါ ပိုပြီးအားစိုက်လှုပ်ရှားရတာမို့ ဒူးဟာ ထိခိုက်လွယ်တဲ့ အစိတ်အပိုင်းတခု ဖြစ်တယ်လို့ပြောရင် မမှားပါဘူး။ အသက်အရွက်ကြီးရင့်သူတွေ၊အဝလွန်သူတွေ ဒါမှမဟုတ် ဘောလုံး၊ဘော်လီဘော၊ဘက်စကတ်ဘော အစရှိတဲ့ အားကစားပြုလုပ်သူတွေမှာ ဒူးနာခြင်းကို ပိုမိုခံစားရနိုင်ပါတယ်။   လမ်းလျှောက်ခြင်းက ဒူးနာဝေဒနာကို ဘယ်လိုသက်သာစေသလဲ။ ဒူးနာခြင်းဟာ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

တံတောင်ဆစ်နာကျင်ခြင်းကို ဘယ်လိုကုသနိုင်သလဲ

သင့်အနေနဲ့ တံတောင်ဆစ်နာကျင်ခြင်းကို တခါတရံ ခံစားရနိုင်ပြီး အဆိုပါအချိန်တွေမှာ အားနည်းခြင်း၊အရာဝတ္ထုတွေကို ကိုင်တွယ်ရာမှာ အခက်အခဲဖြစ်ခြင်း စတာတွေကို ရင်ဆိုင်ကြုံတွေ့ရနိုင်ပါတယ်။ သင့်အနေနဲ့ လက် အသုံးပြုပြီး နိစ္စဓူဝကိစ္စတွေကို ဆောင်ရွက်ရပါတယ်။ ဒါကြောင့် တံတောင်ဆစ်နာကျင်ခြင်းကို ခံစားရပြီဆိုရင် ရောဂါလက္ခဏာတွေကို အမြန်ဆုံး ထိထိရောက်ရောက် ကုသပေးနိုင်မယ့် နည်းလမ်းကို ရှာဖွေဖို့ အရေးကြီးပါတယ်။ ဘယ်လိုနည်းလမ်းတွေလဲဆိုတာ သိရှိနိုင်ဖို့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါဦး။   ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခြင်း တံတောင်ဆစ်နာကျင်ခြင်းအပါအဝင် နာကျင်မှုတွေကို ကုသရာမှာ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခြင်းဟာ အကောင်းဆုံးသော ရွေးချယ်မှုတခု ဖြစ်ပါတယ်။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခြင်းဟာ တံတောင်ဆစ်နေရာကို ပြန်လည်ကြံ့ခိုင်သန်စွမ်းလာစေတဲ့အပြင် နောက်တကြိမ်ထပ်ဖြစ်မှာကိုလည်း ကာကွယ်တားဆီးပေးပါသေးတယ်။ တံတောင်ဆစ်တောင့်တင်းနာကျင်ခြင်းကို သက်သာပျောက်ကင်းစေဖို့အတွက် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခြင်းတွေကို ပြုလုပ်ရာမှာ နားလည်တတ်ကျွမ်းတဲ့ ပညာရှင်တွေကို သင့်ကို ကူညီပေးပါလိမ့်မယ်။ တံတောင်ဆစ်နားတဝိုက်မှာရှိတဲ့ ကြွက်သားတွေကို ဒါဏ်ပိမနေစေဘဲ ကျန်းမာသန်စွမ်းလာစေဖို့အတွက် အခြားသော ရိုးရှင်းတဲ့ လေ့ကျင့်ခန်းတွေကိုလည်း ပြုလုပ်နိုင်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကြွက်သားတွေဟာ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

အလေးမ သမားတွေမှာ လက်မောင်းနဲ့ တံတောင်ဆစ်နာကျင်ခြင်းကို ဘယ်လိုကုသမလဲ

တကယ်လို့ သင်ဟာ အလေးမသမားတယောက်ဖြစ်ရင် ဒါမှမဟုတ် အလေးမအားကစားကို ဝါသနာပါရင် ထိခိုက်ဒါဏ်ရာရမှု၊နာကျင်မှုတွေ (အထူးသဖြင့် တံတောင်နဲ့ လက်မောင်း)ကို အခြားသူတွေထက်ပိုပြီး တွေ့ကြုံခံစားရနိုင်ပါတယ်။ ဒီလို နာကျင်ခြင်းကြောင့် သင့်အနေနဲ့ အလေးဆက်မ,မနိုင်တော့တာမျိုး ဖြစ်လာနိုင်တဲ့အပြင် ပုံမှန်လှုပ်ရှားသွားလာမှုတွေကိုပါ ထိခိုက်လာတတ်ပါတယ်။ ဒါကြောင့် တံတောင်ဆစ်နာကျင်ခြင်းကို ကုသပေးနိုင်မယ့် နည်းလမ်းလေးတွေကို ဒီဆောင်းပါးမှာ မျှဝေပေးပါမယ်။   လုံလောက်စွာ အနားယူပါ။ ထိခိုက်ဒါဏ်ရာရနေတဲ့ သင့်တံတောင်ဆစ်ကို အနားပေးဖို့ အရေးကြီးပါတယ်။ ဒါဟာ သင့်အားကစားလှုပ်ရှားမှုကို ရပ်လိုက်ရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ သင့်အနေနဲ့ အလေးမအားကစားကို ဆက်လုပ်နိုင်ပါတယ်။ ဒါပေမယ့် တံတောင်ဆစ်ကိုတော့ မသုံးပါနဲ့။ သင့်တံတောင်ဆစ်လုံးဝ ပြန်လည်ကောင်းမွန်သွားရင်တော့ လက်မောင်းနဲ့လက်တို့ကို အသုံးပြုပြီး အလေးဆက်,မ လို့ရပါပြီ။ ဒါဏ်ဖြစ်နေတဲ့ တံတောင်ဆစ်မှာ နာကျင်မှုကို ခံစားရရင် လုံးဝ အလေးမ,မ ပါနဲ့။ အလေးထပ်တင်ရင် သင့်နာကျင်မှုက ပိုဆိုးလာမှာ ဖြစ်တာကြောင့် […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

သင့်လက်ကောက်ဝတ် နာကျင်မှုနှင့် carpel tunnel ကို ကိုကာကွယ်ပေးနိုင်မယ့် အကြောလျော့နည်း ၃ မျိုး

သင့်အနေနဲ့ စာရိုက်တာ, အဝတ်ဝတ်တာ, ကားမောင်းတာ စတာတွေလုပ်တဲ့အခါမှာ သင့်လက်ကောက်ဝတ်ကို အသုံးပြုရပါတယ်။ ရလာဒ်အနေနဲ့ကတော့ လက်ကောက်ဝတ်ကယောင်ယမ်းလွယ်ပြီး carpel tunnel syndrome တွေဖြစ်နိုင်တာပါပဲ။ ဒါပေမယ့် စိုးရိမ်စရာမလိုပါဘူး။ ကုသမှုကောင်းကောင်းနဲ့ဆို သင်ပြန်ကောင်းနိုင်ပါတယ်။ အကြောလျော့လေ့ကျင့်ခန်း တွေက သင့်အတွက်ကောင်းတဲ့ကုသမှုတွေ ဖြစ်နိုင်ပါတယ်။   အကြောလျော့လေ့ကျင့်ခန်း တွေရဲ့ ကောင်းကျိုးများ သင့်မှာ လက်ကောက်ဝတ်နာကျင်မှုရှိတဲ့အခါ အကြောလျော့လေ့ကျင့်ခန်း တွေကို ဆရာဝန်တွေက ညွှန်းလေ့ရှိပါတယ်။ ဒီလေ့ကျင့်ခန်းတွေက လက်နဲ့လက်ကောက်ဝတ်မှာရှိတဲ့ median nerve ပေါ်တင်နေတဲ့ဖိအားတွေကို လျော့ချပေးတဲ့အတွက် နာကျင်မှုကို သက်သာစေနိုင်ပါတယ်။ ဒါ့အပြင် အောက်ပါ အောက်ပါလက္ခဏာတွေ သင့်ရဲ့ လက်ကောက်ဝတ်နဲ့ carpel tunnel မှာဖြစ်လာခဲ့ရင် အကြောလျော့လေ့ကျင့်ခန်း တွေက ကူညီနိုင်ပါတယ်။ သင့်နာကျင်မှုကို ကာကွယ်ဖို့ နည်းလမ်းများ ကာကွယ်မှုဟာ လက်ကောက်ဝတ်နဲ့ carpel tunnel မှာဖြစ်တဲ့ နာကျင်မှု […]


အခြား အရိုးရောဂါများ

ကျောရိုးကြားခံပြားရောဂါအတွက် အာဟာရ ၅ မျိုး

အာဟာရတွေဟာ လူတိုင်းအတွက် အရေးကြီးပါတယ်။ အထူးသဖြင့် ကျန်းမာရေးအခြေအနေပုံမှန် မဟုတ်တဲ့သူတွေပါ။ ကျောရိုးကြားခံပြားချို့ယွင်းနေတဲ့လူတွေမှာ အာဟာရတွေပါတဲ့ စားသောက်ခြင်းပုံစံက ပျက်စီးနေတဲ့ ကြားခံပြား ပြန်လည်ကောင်းမွန်အောင် စွမ်းဆောင်နိုင်ကြပါတယ်။ အထူးပြုလုပ်ထားတဲ့ အစားအသောက်တွေ စားသုံးစရာမလိုပါဘူး။ လိုအပ်တဲ့အာဟာရတွေကို နေ့စဉ်စားသောက်လျက်ရှိတဲ့ အစားအစာတွေ တွေ့ရှိနိုင်ပါတယ်။   ကျောရိုးကြားခံပြားနှင့်ဆက်စပ်လျက်ရှိသော အစားအစာများ ကျန်းမာရေးကောင်းဖို့နဲ့ ရောဂါပိုးမွှားတွေတိုက်ထုတ်နိုင်ဖို့ အစာစားခြင်းက ရိုးရှင်းစွာနဲ့ အထိရောက်ဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ ကြီးထွားဖွံ့ဖြိုးဖို့နဲ့ပြန်လည်ပြုပြင်နိုင်ဖို့ လိုအပ်တဲ့အာဟာရတွေဟာ ခန္ဓါကိုယ်အစိတ်အပိုင်းနဲ့လိုက်ပြီး ကွဲပြားသော်လည်း သူ့ဟာနဲ့သူတော့ ခန္ဓါကိုယ်အစိတ်အပိုင်းတိုင်း အာဟာရတွေကနေ အကျိုးကျေးဇူးရရှိကြပါတယ်။ ကျောရိုးကြားခံပြားတွေ လိုအပ်တဲ့အာဟာရတွေ မရရှိကြတာကြောင့် လျော့ရဲလာပါတယ်၊ ဒဏ်ရာတွေ ရရှိကြပါတယ်။ ဒါကြောင့် အာဟာရတွေထောက်ပံ့ပေးနေခြင်းက လိုအပ်တဲ့စွမ်းအင်တွေ၊ ပစ္စည်းတွေကို ထောက်ပံ့ပေးနေသလိုပါပဲ။ အာဟာရတွေက ကျောရိုးကြားခံပြားပျက်စီးခြင်းကို ပြန်လည်ပြုပြင်တဲ့ နေရာမှာလည်း ကူညီပေးနိုင်ပါတယ်။ ကျောရိုးကြားခံပြားပျက်စီးခြင်းအတွက် လိုအပ်သော အာဟာရ ၅ မျိုး သကြားဓါတ် သကြားဓါတ်ဟာ ခန္ဓါကိုယ်အတွက် လောင်စာတစ်ခုပါ။ လမ်းလျှောက်ခြင်း၊ စာဖတ်ခြင်း၊ […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

ဇက်ရိုးကျီးပေါင်း- ဦးနှောက်၊ ကျောရိုးရှိအာရုံကြောမကြီးနဲ့ အာရုံကြောပုံမမှန်မှုများ

လူအများစုက သူတို့တစ်သက်မှာ အနည်းဆုံးတစ်ခါတော့ လည်ပင်းနာတာ ခံစားဖူးကြတယ်။ အသက်ကြီးတဲ့လူတွေမှာ လည်ပင်းနာတာက ဇက်ရိုးကျီးပေါင်းရဲ့ လက္ခဏာဖြစ်စေနိုင်တယ်။ ဒါက ဦးနှောက်၊ ကျောရိုးအာရုံကြောမကြီးနဲ့ အာရုံကြောတွေကို ထိစေနိုင်တဲ့အတွက် လူတိုင်းဒီရောဂါအကြောင်း သိထားသင့်တယ်။   ဇက်ရိုးကျီးပေါင်းဆိုတာ ဘာလဲ။ ဇက်ရိုးကျီးပေါင်းဆိုတာက လည်ပင်းမှာရှိတဲ့ ကျောရိုးမကြီးရဲ့ အရိုးတွေ၊ အဆစ်တွေ၊ အဆစ်ကြားကအပြားတွေက ပုံမမှန်ဘဲ ပြန်လည်တည်ဆောက်တဲ့အချိန်မှာ အတွေ့ရများပါတယ်။ ဒီပြောင်းလဲခြင်းက အသက်ကြီးလာလို့ ဖြစ်တဲ့ယိုယွင်းမှုပါပဲ။ သင်အသက်ကြီးလာတာနဲ့အမျှ သင့်လည်ဆစ်ရိုးတွေက ယိုယွင်းပျက်ဆီးလာတယ်။ သူတို့က ကျိုးလွယ်လာတယ်။ အလည်က ပျော့တဲ့နေရာက ဟနေတဲ့နေရာကတစ်ဆင့် အပြင်ကိုထွက်လာပြီး ကပ်တတ်တယ်။ ဒါက ကျောရိုးမကြီးကို ကာကွယ်မှု ကျစေတယ်။ အရိုးတွေက သူတို့ဘာသာ ပြန်ပြင်တဲ့အခါ အလွန်အမင်းကြီးထွားလာပြီး ကျောရိုးအထဲက နေရာလွတ်ကို ကျဉ်းသွားစေတယ်။ အဲ့နေရာလွတ်ထဲမှာ အာရုံကြောမကြီးရှိတယ်။ အာရုံကြောမကြီးက ပိပြားသွားပြီး ပျက်ဆီးလွယ်လာတယ်။ ဇက်ရိုးကျီးပေါင်းက သက်လတ်ပိုင်းနဲ့ အသက်ကြီးသူတွေမှာ တွေ့ရများပါတယ်။ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ဘယ်အရာက ဇက်ကြောတက်ခြင်းကို ဖြစ်စေသလဲ

ဇက်ကြောတက်ခြင်းဆိုတာ အဖြစ်များပါတယ်။ တော်တော်လေးလည်း စိတ်မသက်မသာ ဖြစ်စေပါတယ်။ ခေါင်းကနေစပြီး ပခုံးတစ်လျောက်ထိကို နာနေတာပါ။ ထိုပြဿနာရဲ့ ရောဂါရင်းမြစ်ကို သင်သိချင်နေမှာပါပေါ့။ ဒါပေါ့ ယခုဖော်ပြမယ့် ဆောင်းပါးလေးကို ဖတ်ရှုလိုက်ရင် သင်သိရမှာပါ။     ဇက်ကြောလွဲခြင်းနှင့် ဇက်ကိုအသုံးများခြင်း ထိုကိစ္စတွေကတော့ ဇက်ကြောတက်ခြင်းကို အများဆုံးဖြစ်စေတဲ့ အကြောင်းအရင်းတွေပါ။ ရက်အနည်းငယ် ဒါမှမဟုတ် သီတင်းပတ်အနည်းငယ်အတွင်းမှာ ကုသစရာ မလိုဘဲ သက်သာပျောက်ကင်းသွားနိုင်ပါတယ်။ အထက်ပါကိစ္စတွေကို အောက်ပါတို့က အများဆုံးဖြစ်စေပါတယ်။ အိပ်စက်ပုံ ကိုယ်နေကိုယ်ထား မမှန်ကန်ခြင်း အိပ်ရာနိုးတဲ့ အချိန်မှာ ဇက်တောင့်ပြီး နာကျင်နေတာ အဖြစ်များပါတယ်။ ဘာကြောင့်လဲဆိုတော့ သင်ဟာ တစ်ညလုံး ကိုယ်နေကိုယ်ထားမမှန်ကန်ပဲ အိပ်လိုက်လို့ပဲ ဖြစ်ပါတယ်။ သင့်တော်မယ့် ခေါင်းအုံး၊ အိပ်ရာတွေ အသုံးပြုခြင်းက ထိုသို့သော အခြေအနေမျိုးမှာ တော်တော်လေးအသုံးဝင်မှာပါ။ ဒဏ်ဖြစ်ခြင်း လည်ပင်းကိုဆတ်ကနဲလှည့်လိုက်တာကြောင့်လည်းကောင်း၊ အားကစားလုပ်ခြင်းကြောင့်လည်းကောင်း၊ မတော်တဆတွေကြောင့်လည်းကောင်း ဇက်နာနိုင်ပါတယ်။ အားကစားကြောင့် လည်းပင်းရှိ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း