အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး

နေ့စဉ် လှုပ်ရှားမှုတွေအတွက် အရိုးအဆစ်တွေနဲ့ ကြွက်သားတွေ ကျန်းမာစေဖို့ အတော်လေး အရေးကြီးပါတယ်။ ဒီ အရေးကြီးတဲ့ အရိုးအဆစ်နဲ့ ကြွက်သားတွေ ကျန်းမာစေဖို့ ဘယ်လိုမျိုး စောင့်ရှောက်မှုတွေ လုပ်ပေးဖို့ လိုမလဲဆိုတာကို သေသေချာချာလေး လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး

အရိုးတွေ ကျန်းမာစေမယ့် အလေ့အထတွေ ပိုင်ဆိုင်ထားရဲ့လား

အရိုးတွေက ခန္ဓာကိုယ်အတွက် ငြမ်းတွေပါ။ မတ်မတ်ရပ်နိုင်ဖို့ ကောင်းစွာလှုပ်ရှား သွားလာနိုင်စေဖို့ ထောက်ကူပေးနေတာပါ။ အရိုးတွေက အသက်အရွယ်ရလာလေလေ ကြံ့ခိုင်မှု အားနည်းလာလေလေပါ။ အသက်အရွယ်တိုင်းမှာ အရိုးတွေ ကျန်းမာနေစေဖို့ မွေးမြူရမယ့် အလေ့အထလေးတွေ ရှိပါတယ်။ ကိုယ်တိုင်မှာရော အရိုးတွေ ကျန်းမာစေမယ့် အလေ့အထတွေ ပိုင်ဆိုင်ထားရဲ့လား ဆိုတာကို ဆောင်းပါးလေး ဖတ်ရင်း လေ့လာဆန်းစစ်ကြည့်လိုက်ပါ။ အရိုးတွေမှာ ဘာတွေ ဖြစ်နိုင်လဲ အရိုးတွေမှာလည်း ခန္ဓာကိုယ်ရဲ့ အခြား အစိတ်အပိုင်းတွေလိုပဲ ကျန်းမာရေး ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ အသက်အရွယ်ကြောင့် ခံစားရတာမျိုး ရှိသလို မတော်တဆ ထိခိုက်မိတာ၊ နေ့စဉ်ဘဝနေထိုင်မှုပုံစံတွေကြောင့် ထိခိုက်တာဆိုပြီး အမျိုးမျိုး ရှိပါတယ်။ အရိုးပါးတာ အရိုးပွတာ အရိုး သိပ်သည်းဆ ကျဆင်းလာ အရိုးကျိုးတာ အရိုးအက်တာ အရိုးကင်ဆာ အဆစ်ရောင်နာ အဆစ်လွဲတာ အရွတ်ရောင်တာလိုမျိုး ကျန်းမာရေး […]

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး ကို ရှာဖွေမည်။

အခြား အရိုးရောဂါများ

မွေးရာပါ ကျောရိုးစောင်းခြင်းကို ဖြစ်စေသော အကြောင်းများနှင့် လက္ခဏာများ

မွေးရာပါ ကျောရိုးစောင်းခြင်းဆိုသည်မှာ ခါးသည် ဘေးဘက်သို့စောင်းသွားခြင်းဖြစ်ပြီး ယင်းအနေအထားသည် သင့်ပုံစံနှင့် လမ်းလျှောက်ပုံများကို ထိခိုက်စေနိုင်ပါသည်။ ထို့ကြောင်းထိုသို့ဖြစ်စေနိုင်သော အကြောင်းများနှင့် လက္ခဏာများကို သိထားခြင်းဖြင့် ထိရောက်စွာ ကာကွယ်နိုင်မည်ဖြစ်ပါသည်။   မွေးရာပါ ကျောရိုးစောင်းခြင်း၏လက္ခဏာများ အမြင်အားရုံနှင့်ဆိုင်သော လက္ခဏာများ ရုပ်ပိုင်းဆိုင်ရာ ပြသနာကို ရှင်းလင်းစွာတွေ့မြင်နိုင်ပါသည်။ ခါးစောင်းနေသူကို အနောက်တည့်တည့်မှ ကြည့်လျှင် အဖြောင့်အတိုင်းတွေ့မြင်ရမည်ဖြစ်ပြီး ဘေးမှကြည့်လျှင်သာ ခါးစောင်းနေခြင်း သိသာမည်ဖြစ်ပေသည်။ ခါးစောင်းနေသူများတွင် အင်္ဂလိပ်အက္ခရာ C ပုံစံစောင်းခြင်း နှင့် S ပုံစံစောင်းခြင်းဟူ၍ ၂ မျိုးရှိပါသည်။ ရောဂါလက္ခဏာများကို သိရှိရန် ဓါတ်မှန်ရိုက်ခြင်းက ပိုထိရောက်မှုရှိပါသည်။ မတ်တပ်ရပ်ပြီး သင့်လက်ချောင်းများနှင့် ခြေချောင်းများထိသည်အထိ ခါးကိုကုန်းလိုက်လျှင် ခါးစောင်းနေခြင်းကို ပေါ်လွင်စေပါသည်။ ယင်းတို့မှာ- · ပခုံးနှစ်ဖက်သည် တပြေးညီဖြစ်ရမည့်အစား တဖက်မြင့်တဖက်နိမ့်ဖြစ်နေခြင်း · တင်ပါးနှစ်ဖက်သည်လည်း အနိမ့်အမြင့် မတူညီခြင်း · လက်ပြင်တစ်ဖက်က အခြားတစ်ဖက်ထက် ပိုပြီးသိသာနေခြင်း · ခါးနှစ်ဖက် မညီခြင်း · ကိုယ်ခန္ဓါ၏ အလယ်ဗဟိုချက်သည် […]


အခြား အရိုးရောဂါများ

ခါးကျောများကို ကိရိယာဖြင့် ဆွဲထားသော ကုသခြင်းသည် ခါးရိုးချပ်ပြားများတွင် ဖြစ်သော ပြဿနာများအတွက် ဘယ်လို အကျိုးကျေးဇူးတွေဖြစ်နိုင်သလဲ

ခါးရိုးချပ်ပြားများတွင် ဖြစ်သော ပြသနာများသည် ခါးနေရာတွင် နာကျင်မှုကိုဖြစ်စေပါသည်။ ထိုသို့သောနာကျင်မှုများသည် အပျော့စားအဆင့်မှ မခံမရပ်နိုင်အောင် နာကျင်မှုများ ဖြစ်စေပါသည်။ ထိုအခါ နေ့စဉ်အလုပ်များ ထိခိုက်လာနိုင်ပါသည်။ သို့သော် ယနေ့အခါ ထိရောက်သော ကုသမှုများ ခံယူနိုင်သည့်အတွက် ယင်းအတွက် မစိုးရိမ်ပါနှင့်။ သင်သည် ခါးနာဝေဒနာနှင့် ပတ်သက်ပြီး ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်းကုသမှုများကို မခံယူချင်ပါက ခါးကျောများကို ကိရိယာဖြင့် ဆွဲထားသော ကုသခြင်းကို ခံယူနိုင်ပါသည်။ ခါးရိုးချပ်ပြားများတွင် ဖြစ်သော ပြဿနာများ ခါးရိုးချပ်ပြားဆိုသည်မှာ ဂျယ်လီဒိုးနတ်နှင့် သဏ္ဍာန်တူပါသည်။ အတွင်းပိုင်းတွင် ပျော့ပြီး အပြင်ပိုင်းတွင် တောင့်တင်းပါသည်။ ယင်းချပ်ပြားသည် ခါးရိုးတစ်ခုနှင့် တစ်ခုကြားတွင်ရှိပြီး ယင်းတို့ကို တွယ်ဆက်အရွတ်များက ဆက်ပေးထားပါသည်။ ထိုအရာများသည် သင့်ခါးကို ဒဏ်ဖြစ်ခြင်းမှ ကာကွယ်ပေးခြင်း၊ လှုပ်ရှားမှုများ ပြုလုပ်ချိန်တွင် ဒဏ်မဖြစ်စေရန် ကာကွယ်ပေးခြင်းတို့ကို လုပ်ဆောင်ပေးပါသည်။ ခါးရိုးချပ်ပြားများတွင် ဖြစ်သော ပြသနာများတွင် ချပ်ပြားများကျွံခြင်းနှင့် ပျက်စီးယိုယွင်းခြင်းဟူ၍ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ဒူးနာခြင်း အတွက် ကိုယ်လက်ကြံ့ခိုင်ရေးကုထုံးများ, အယူအဆများမှားယွင်းနေသော ရှေးရိုးစွဲ အမြင် ၅ ခု

ဒူးနာခြင်းသည် နေ့စဉ် လုပ်ငန်းဆောင်တာများကို ထိခိုက်စေပါသည်။ ထိုသို့ခံစားရလျှင် ကိုယ်လက်ကြံ့ခိုင်ရေး ကုထုံးများသည် သင့်အတွက် အရေးပါသော ကုသမှုများထဲတွင် ပါဝင်လာပါသည်။ သို့သော် သင်ကြားဖူး မြင်ဖူးသော ရှေးစကားများ၊ အတွေ့အကြုံများအရ သင်သည် လေ့ကျင့်ခန်းလုပ်ခြင်း၏ အကျိုးများကို အယုံအကြည်ရှိချင်မှ ရှိပါလိမ့်မည်။ ထို့ကြောင့် အမှန်တရားကို ရှာဖွေဖော်ထုတ်ကြည့်ကြပါစို့။ အများအားဖြင့်မှားယွင်းနေသော အယူအဆများမှာ အောက်ပါတို့ဖြစ်ပါသည်။   ကိုယ်လက်ကြံ့ခိုင်ရေး ကုထုံးများသည် အလုပ်မဖြစ်ပါ။ ကိုယ်လက်ကြံ့ခိုင်ရေး ကုထုံးများသည် အလုပ်မဖြစ်ဟု အချို့သူများက ထင်နေတတ်ကြသည်။ တခါတရံတွင် မလုပ်ဖူးသော လေ့ကျင့်ခန်းများကို လုပ်ရန် တွန့်ဆုတ်နေကြပါသည်။ အမှန်မှာ လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းဖြင့် အကျိုးကျေးဇူးများစွာ ရှိပါသည်။ ကိုယ်လက်ကြံ့ခိုင်ရေး ကုထုံးများသည် အများစုသော ကုသမှုများတွင် အရေးပါသော ကဏ္ဍတစ်ခုဖြစ်လာပြီး အများစုသော လူနာများတွင် အကျိုးရှိကြောင်း တွေ့ပါသည်။ ထိုကိစ္စနှင့် ပတ်သက်ပြီး သံသယရှိလျှင် သင့်ဆရာဝန်အား […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ပုခုံးနာခြင်းသက်သာစေမယ့် ကိုယ်လက်လှုပ်ရှားမှု ၅ မျိုး

သင်သည် ရုံးမှာ တနေကုန် တနေခမ်းထိုင်ပြီး အလုပ်လုပ်ရသူဖြစ်ပါသလား။ သင်သည် ခွဲစိတ်ကုသမှုများ ခံယူထားသောကြောင့် သင့် ပခုံး၂ဖက်ကို အနေအထားမှန်အောင်ကြိုးစားနေရပါသလား။ သင်သည် နှစ်ရှည်လများ လေ့ကျင့်ရသော တင်းနစ်ကစားသမား တစ်ဦးဖြစ်ပါသလား။ ထိုသို့သော အခြေအနေများတွင် ပခုံးနာခြင်းသည် ဖြစ်လေ့ရှိပါသည်။ ထို့ကြောင့် ပခုံးနာခြင်းကို သက်သာစေရန် အောက်ပါဆန့်ထုတ်လေ့ကျင့်ခန်းများကို ပြုလုပ်သင့်ပါသည်။ စက်ဝိုင်းပုံစံ လှည့်ပါ။ စက်ဝိုင်းပုံလှည့်ခြင်းဖြင့် သင့်ပခုံးရှိကြွက်သားများကို ပူနွေးလာစေပါသည်။ ပထမဦးစွာ သင့်လက်နှစ်ဖက်ကို ဘေးမှာချပြီး မတ်တပ်ရပ်လိုက်ပါ။ လက်ဖဝါးကို အောက်ဖက်သို့ မျက်နှာမူပြီး လက်မောင်းနှစ်ဖက်ကို ကြမ်းပြင်နှင့် ရေပြင်ညီ အနေအထားဖြစ်အောင် မြှောက်လိုက်ပါ။ ထို့နောက် ၈ စင်တီမီတာခန့်အကျယ်ရှိသော စက်ဝိုင်းအနေအထားအတိုင်း လက်မောင်းနှစ်ဖက်ကို လှည့်ပါ။ တူညီသော ဦးတည်ဖက်အတိုင်း ၁၀ ခါလှည့်ပါ။ ဆန့်ကျင်ဘက်သို့ ၁၀ ခါလှည့်ပါ။ ထို့နောက် စက်ဝိုင်းပုံအကျယ်ကို အနည်းငယ်ချဲ့ပြီး […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

သင်ခံစားနေရသော နာကျင်ခြင်းများသည် တင်ခံအာရုံကြောများကို ဖိမိသော အကြောင်း တခုတည်းကြောင့်လား

တင်ခံအာရုံကြောသည် နောက်ကျောအနောက်ဖက်မှ တဆင့် ခြေထောက်၏အနောက်ဖက်တလျှောက်ရှိနေသော အာရုံကြောဖြစ်ပါသည်။ ထိုအာရုံကြောများထိခိုက်မိ၍ဖြစ်စေ၊ ခါးအောက်ပိုင်းတွင်ဖြစ်သော ပြသနာတခုခုကြောင့် ဖိမိ၍ဖြစ်စေ သင့်တွင် မခံမရပ်နိုင်အောင်နာကျင်မှုများ ဖြစ်စေနိုင်ပါသည်။   တင်ခံအာရုံကြောသွားရာတလျှောက်နာကျင်ခြင်း ဝေဒနာသည် အာရုံကြောများထိခိုက်ခြင်းကြောင့်ဖြစ်ခြင်း ဖြစ်ပါသည်။ ခါးအောက်ပိုင်းတွင်ရှိသော အာရုံကြောများတွင် မည်သည့်အကြောကိုမဆိုထိခိုက်မိလျှင်တင်ခံအာရုံကြောသွားရာတလျှောက်နေရာများဖြစ်သော နောက်ကျောအနောက်ဖက်မှ စတင်၍ ခြေထောက်၏အနောက်ဖက်တလျှောက်တွင် ထုံကျဉ်ခြင်း၊ အားနည်းခြင်း၊ နာကျင်ခြင်းများဖြစ်နိုင်ပါသည်။ တင်ခံအာရုံကြောသွားရာတလျှောက်နာကျင်ခြင်းသည် အောက်ပါလက္ခဏာများကို တခုထက်ပိုပြီး ခံစားရနိုင်ပါသည်။ · တင်ပါး သို့မဟုတ် ခြေထောက်တဖက်တည်းတွင် စ၍နာကျင်လာကာ ခြေထောက်တချောင်းလုံးနှင့် ခြေဖဝါး၊ ခြေချောင်းများအထိပါ နာကျင်ခြင်း · ခြေထောက်နာကျင်မှုသည် ကျဉ်နာခြင်း၊ မီးစနှင့် ထိုးသလိုနာခြင်း ပုံစံမျိုးဖြစ်ပါသည်။ · ခြေထောက်၊ ခြေဖဝါးများ နှင့် ခြေချောင်းများထုံကျဉ်ခြင်းကြောင့် လှုပ်ရှားရခက်ခဲခြင်း · ထိုင်နေလျှင် ပိုနာခြင်း · မတ်တပ်ရပ်ရခက်ခဲစေအောင်ပင် စူးရှစွာနာကျင်ခြင်း တင်ခံအာရုံကြောသွားရာတလျှောက်နာကျင်ခြင်းသည် မခံမရပ်နိုင်အောင် ကြာရှည်စွာ နာကျင်နေခြင်းမျိုးဖြစ်ပါသည်။ အများစုသော ခါးအောက်ပိုင်းနာကျင်မှုများသည် တင်ခံအာရုံကြောသွားရာတလျှောက်နာကျင်ခြင်း(Sciatica) ကိုဖြစ်စေနိုင်ပါသည်။ ခါးဆစ်များကျွံခြင်း၊ ခါးရိုးကြားရှိ ချပ်ပြားများပျက်စီးသွားခြင်း၊ […]


အရိုးအကြောခွဲစိတ်ကုသမှုများ

ကျောရိုးဆစ် အကြောညပ်ခြင်း(disk syndrome)ကို physiotherapy ကုသမှုက ဘယ်လိုကူညီပေးနိုင်သလဲ

ကျောရိုးဆစ် အကြောညပ်ခြင်း(disk syndrome) ဖြစ်ပြီဆိုရင် နာကျင်ခြင်း၊လှုပ်ရှားသွားလာရ အဆင်မပြေခြင်း စတာတွေကို ခံစားလာရတော့မှာ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ physiotherapy ကုသမှုကို ခံယူဖို့ ဆရာဝန်တွေက ညွှန်ကြားလေ့ရှိပါတယ်။ ဒါကြောင့် physiotherapy ဟာ ခါးဆစ်ကြောညပ်ခြင်းကို ကုသရာမှာ ဘယ်လိုအကျိုးဖြစ်ထွန်းစေလဲဆိုတာ သိရှိနိုင်ဖို့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ရအောင်။ ကျောရိုးဆစ် အကြောညပ်ခြင်း(disk syndrome)က ဘာပြဿနာတွေကို ဖြစ်စေနိုင်သလဲ။ ကျောရိုးဆစ် အကြောညပ်ခြင်း(disk syndrome)ကြောင့် ဖြစ်ပေါ်လာတဲ့ ရောဂါလက္ခဏာတွေက ပြင်းထန်မှုအဆင့် အမျိုးမျိုး ကွာခြားပါတယ်။ ကျောရိုးဆစ်တွေကြားမှာရှိတဲ့ အခွေလေး ပျက်စီးတာကြောင့်ဖြစ်ပေါ်လာတဲ့ ကျောရိုးဆစ် အကြောညပ်ခြင်း(disk syndrome)မှာ အောက်ပါ လက္ခဏာတွေ ခံစားရပါမယ်။ · ကျော သို့မဟုတ် လည်ပင်းမှာ နာကျင်ခြင်း။ · နာကျင်မှုဟာ သင့်ရဲ့ လှုပ်ရှားမှုတွေနဲ့ ဆက်စပ်နေပါလိမ့်မယ်။ သင်အချိန်ကြာမြင့်စွာ ထိုင်နေတဲ့အခါ ဒါမှမဟုတ် မတ်တပ်ရပ်နေတဲ့အခါ၊ဇက် […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

Kinesio တိပ်တွေက ခါးနာခြင်းကို ဘယ်လိုကူညီပေးနိုင်သလဲ

Kinesio တိပ်ရဲ့ ကောင်းကျိုးတွေ Kinesio တိပ်ဆိုတာဟာ ချည်နဲ့အထူးပြုလုပ်ထားတဲ့ တိပ်တမျိုး ဖြစ်ပါတယ်။Kinesio ဟာ အလွယ်တကူ ကျုံ့ဆန့်နိုင်တာကြောင့် သင့်အရေပြားပေါ်မှာ အဆင်ပြေလွယ်ကူစွာ ကပ်နိုင်မှာပဲ ဖြစ်ပါတယ်။Kinesio တိပ်ဟာ နာကျင်ရောင်ရမ်းခြင်းနဲ့ ကြွက်သားတောင့်တင်းခြင်းတွေကို လျော့ပါးသက်သာစေနိုင်ပြီး ထိခိုက်ဒါဏ်ရာတွေကိုလည်း လျင်မြန်စွာ ပြန်လည်ကောင်းမွန်စေတဲ့အပြင် လှုပ်ရှားသွားလာမှုတွေကိုလည်း ပိုမို အဆင်ပြေစေပါတယ်။ Kinesio တိပ်ကို အသုံးပြုခြင်းအားဖြင့် စိတ်ပိုင်းဆိုင်ရာဖိစီးမှုတွေကို လျှော့ချပေးနိုင်ပြီး သင့်လက်ရှိအခြေအနေနဲ့ ပတ်သက်လို့ အကောင်းမြင်စိတ်တွေကို ဖြစ်ပေါ်စေပါတယ်။ ဒါ့အပြင် အရောင်အသွေးစုံလင်ပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ Kinesio တိပ်လေးတွေဟာ ဒါဏ်ရာကနေ ပြန်လည်ရုန်းထဖို့ သင့်ကို စိတ်ခွန်အားဖြစ်စေပါလိမ့်မယ်။ Kinesio တိပ်ဟာ သင့်အရေပြားကို ပင့်,မ ပေးနိုင်တာမို့ အရေပြားနဲ့ ကြွက်သားအကြားမှာ နေရာလွတ်လေးတွေကို ဖြစ်လာစေပါတယ်။ နောက်ဆက်တွဲအနေနဲ့ သင့်ခန္ဓါကိုယ်ရဲ့ သွေးလည်ပတ်မှုနဲ့ ပြန်ရည်စီးဆင်းမှုတို့ကို ပိုမိုကောင်းမွန်စေပါလိမ့်မယ်။   Kinesio တိပ်နဲ့ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ခါးနဲ့ တင်ပါးတဝိုက်နာကျင်ခြင်းတွေအတွက် kinesiology တိပ်

ခါးနဲ့ တင်ပါးတဝိုက်နာကျင်ခြင်းတွေဟာ အဖြစ်များပြီး သင့်အနေနဲ့ ဒီဝေဒနာတွေကို အောက်ထစ်တခါတော့ ခံစားဖူးမှာ ဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်း၊အပ်စိုက်ခြင်း အစရှိတဲ့ ကုသမှုနည်းလမ်းဟောင်းတွေကို သင့်အနေနဲ့ သိရှိပြီးသား ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ဒီဝေဒနာတွေကို kinesiology တိပ်တွေက ကုသပေးနိုင်မယ်လို့ သင်ထင်ပါသလား။ အဖြေကို ဒီဆောင်းပါးမှာ ရှာကြည့်လိုက်ရအောင်။   ခါးနဲ့တင်ပါးတဝိုက်နာကျင်ခြင်း ဒီနာကျင်မှုတွေဟာ sciatic အာရုံကြောကြောင့် ဖြစ်လာရပါတယ်။sciatic အာရုံကြောဟာ ကျွန်တော်တို့ခန္ဓါကိုယ်မှာ အကြီးမားဆုံးနဲ့ အရှည်လျားဆုံး အာရုံကြောတွေ ဖြစ်ပါတယ်။ ဒီအာရုံကြောဟာ ခါးရိုးခွေအတွင်းမှာ စတင်ဖြစ်ပေါ်လာတာဖြစ်ပြီး ခြေထောက်တလျှောက် အောက်ကိုဆင်းသွားကာ ခြေဖဝါးမှာ အဆုံးသတ်ပါတယ်။sciatic အာရုံကြောကြောင့် ခါး၊တင်ပါးနဲ့ ခြေထောက်တို့ နာကျင်လာမှာ ဖြစ်ပါတယ်။ သင့်အနေနဲ့ ထုံကျဉ်တဲ့ဝေဒနာကို ခံစားရမှာဖြစ်သလို ခြေထောက်များ လေးလံအားနည်းခြင်း၊လှုပ်ရှားရခက်ခဲခြင်း စတာတွေကိုပါ ခံစားရမှာပါ။ ထိုင်နေတဲ့အချိန်မှာ နာကျင်မှုက ပိုဆိုးလာမှာ ဖြစ်သလို မတ်တပ်ရပ်ဖို့ ဒါမှမဟုတ် လမ်းလျှောက်ဖို့လည်း […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ထိခိုက်ဒါဏ်ရာတွေကို ကာကွယ်ဖို့ Kinesio တိပ်တွေကို ဘယ်လိုသုံးမလဲ

နာကျင်မှုတွေကို သက်သာစေဖို့နဲ့ ကြွက်သားအားနည်းမှုတွေကို ပြေလျော့စေဖို့အတွက် Kinesio တိပ်တွေကို အဓိကအသုံးပြုလေ့ရှိပေမယ့် ကာကွယ်တဲ့အနေနဲ့လည်း သုံးစွဲနိုင်ပါတယ်။ Kinesio တိပ်တွေကို အသုံးပြုပြီး ထိခိုက်ဒါဏ်ရာတွေကို ဘယ်လိုကာကွယ်နိုင်မလဲ သိရှိစေဖို့အတွက် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါဦး။   kinesio တိပ်တွေရဲ့ အကျိုးသက်ရောက်မှု kinesio တိပ်တွေဟာ ခန္ဓါကိုယ်ရဲ့ လိုအပ်တဲ့နေရာတွေကို ထောက်ပံ့ကူညီပေးခြင်းအားဖြင့် ထိခိုက်ဒါဏ်ရာတွေ ပြန်လည်ကောင်းမွန်လာအောင် အားပေးပါတယ်။ အရေပြားကို ဆွဲဆန့်ပေးတဲ့ တိပ်တွေ ကပ်ထားတဲ့အခါ သင့်အရေပြားဟာ ပြန်လည်တုံ့ပြန်မှာဖြစ်ပြီး ဒီလိုတုံ့ပြန်ခြင်းကြောင့် သွေးလည်ပတ်မှုနဲ့ ပြန်ရည်စီးဆင်းမှုတို့ကို တိုးတက်ကောင်းမွန်စေတဲ့အပြင် ကပ်ထားတဲ့နေရာမှာရှိတဲ့ နာကျင်မှုအာရုံခံပစ္စည်းလေးတွေကို ဖိနှိပ်ပေးထားတာကြောင့် နာကျင်မှုဝေဒနာကို သက်သာစေပါလိမ့်မယ်။ ဒီလိုဆိုရင် သင့်ကြွက်သားတွေအနေနဲ့ လုံလောက်တဲ့ သွေးပမာဏကို ရရှိမှာ ဖြစ်ပါတယ်။kinesio တိပ်တွေဟာ ကြွက်သားတွေကို ကျန်းမာသန်စွမ်းစေတဲ့အပြင် ပျော့ပြောင်းမှုရှိစေပြီး လှုပ်ရှားရလွယ်ကူစေပါတယ်။ kinesio တိပ်တွေဟာ သင့်ကြွက်သားတွေကို ပြေလျော့စေတဲ့အတွက် ကြွက်သားများ အကြောဆွဲခြင်းကို […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ခြေဖနောင့်နာခြင်းကို kinesiology တိပ်နဲ့ ဘယ်လိုကုသမလဲ

Plantar fasciitis လို့ဆေးပညာဝေါဟာရနဲ့ ခေါ်ဝေါ်တဲ့ ခြေဖနောင့်နာခြင်းဟာ အဖြစ်များတဲ့ ပြဿနာတခုဖြစ်ပြီး အပြေးသမားအများစုမှာ တွေ့ရတတ်ပါတယ်။ ခြေဖနောင့်နာခြင်းကို အကိုက်အခဲပျောက်ဆေး သုံးစွဲခြင်း၊လေ့ကျင့်ခန်းလုပ်ခြင်း ဒါမှမဟုတ် ရေခဲကပ်ခြင်းတွေနဲ့ ကုသလို့ရနိုင်တယ်ဆိုတာ သင်သိပြီးသား ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် kinesiology တိပ်တွေဟာလည်း ဒီပြဿနာကို ဖြေရှင်းပေးနိုင်တယ်ဆိုတာ သင်သိပါသလား။ မအံ့ဩသွားပါနဲ့။ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါဦး။   Plantar fasciitis ဆိုတာဘာလဲ။ Plantar fasciitis ဆိုတာဟာ ခြေဖနောင့်နာခြင်းကို ဖြစ်စေတဲ့ အဓိက အကြောင်းရင်း ဖြစ်ပါတယ်။Plantar fascia မှာ ပြဿနာရှိခြင်းကြောင့် Plantar fasciitis ခြေဖဝါးနာခြင်း ဖြစ်ပေါ်လာရပါတယ်။ ခြေဖဝါးအောက်တလျှောက် ဖြတ်သန်းသွားပြီး ဖနောင့်နဲ့ ခြေချောင်းလေးတွေကို ဆက်သွယ်ပေးထားတဲ့ တစ်ရှုးအမျှင်တန်းခပ်ထူထူတွေကို Plantar fascia လို့ခေါ်ပါတယ်။Plantar fascia ဟာ ခြေဖဝါးကို ထောက်မကူညီပေးပါတယ်။ နှစ်ပေါင်းများစွာ ဖိအားဒါဏ်တွေ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း