အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး

နေ့စဉ် လှုပ်ရှားမှုတွေအတွက် အရိုးအဆစ်တွေနဲ့ ကြွက်သားတွေ ကျန်းမာစေဖို့ အတော်လေး အရေးကြီးပါတယ်။ ဒီ အရေးကြီးတဲ့ အရိုးအဆစ်နဲ့ ကြွက်သားတွေ ကျန်းမာစေဖို့ ဘယ်လိုမျိုး စောင့်ရှောက်မှုတွေ လုပ်ပေးဖို့ လိုမလဲဆိုတာကို သေသေချာချာလေး လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး

အရိုးတွေ ကျန်းမာစေမယ့် အလေ့အထတွေ ပိုင်ဆိုင်ထားရဲ့လား

အရိုးတွေက ခန္ဓာကိုယ်အတွက် ငြမ်းတွေပါ။ မတ်မတ်ရပ်နိုင်ဖို့ ကောင်းစွာလှုပ်ရှား သွားလာနိုင်စေဖို့ ထောက်ကူပေးနေတာပါ။ အရိုးတွေက အသက်အရွယ်ရလာလေလေ ကြံ့ခိုင်မှု အားနည်းလာလေလေပါ။ အသက်အရွယ်တိုင်းမှာ အရိုးတွေ ကျန်းမာနေစေဖို့ မွေးမြူရမယ့် အလေ့အထလေးတွေ ရှိပါတယ်။ ကိုယ်တိုင်မှာရော အရိုးတွေ ကျန်းမာစေမယ့် အလေ့အထတွေ ပိုင်ဆိုင်ထားရဲ့လား ဆိုတာကို ဆောင်းပါးလေး ဖတ်ရင်း လေ့လာဆန်းစစ်ကြည့်လိုက်ပါ။ အရိုးတွေမှာ ဘာတွေ ဖြစ်နိုင်လဲ အရိုးတွေမှာလည်း ခန္ဓာကိုယ်ရဲ့ အခြား အစိတ်အပိုင်းတွေလိုပဲ ကျန်းမာရေး ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ အသက်အရွယ်ကြောင့် ခံစားရတာမျိုး ရှိသလို မတော်တဆ ထိခိုက်မိတာ၊ နေ့စဉ်ဘဝနေထိုင်မှုပုံစံတွေကြောင့် ထိခိုက်တာဆိုပြီး အမျိုးမျိုး ရှိပါတယ်။ အရိုးပါးတာ အရိုးပွတာ အရိုး သိပ်သည်းဆ ကျဆင်းလာ အရိုးကျိုးတာ အရိုးအက်တာ အရိုးကင်ဆာ အဆစ်ရောင်နာ အဆစ်လွဲတာ အရွတ်ရောင်တာလိုမျိုး ကျန်းမာရေး […]

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး ကို ရှာဖွေမည်။

အခြား အဆစ်နှင့် အရွတ်ရောဂါများ

Freeman Sheldon syndrome (Freeman Sheldon ရောဂါစု)

အဓိပ္ပါယ်ဖွင့်ဆိုချက်Freeman Sheldon ရောဂါစု ဆိုတာဘာလဲ။ Freeman Sheldon ရောဂါစု ဆိုတာ မွေးကတည်းကပါတဲ့ congenital ပုံမမှန်မှုတစ်ခုဖြစ်ပြီး အဆစ်များ ပုံပျက်ခြင်း(contractures) နဲ့ တွေ့ရပါတယ်။ Contractures ဆိုတာကတော့ လက်နဲ့ခြေထောက်မှာလှုပ်ရှားမှုတွေကောင်းကောင်းလုပ်မရခြင်းနဲ့ ခေါင်းနဲ့ မျက်နှာတို့ ပုံမှန် မဟုတ်ခြင်းတို့ပဲဖြစ်ပါတယ်။ ထူးခြားတဲ့ မျက်နှာ သွင်ပြင်အနေနဲ့ကတော့ ပါးစပ်သေးခြင်း( microstomia) ကိုမှ နှုတ်ခမ်းဆူနေတဲ့ပုံစံဖြစ်ပြီး လေချွန်နေတဲ့မျက်နှာပုံစံနဲ့ တူပါတယ်။ Freeman Sheldon ရောဂါစုဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ရောဂါလက္ခဏာများFreeman-Sheldon ရောဂါစု ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ Freeman-Sheldon ရောဂါစု ရဲ့ ထူးခြားတဲ့ လက္ခဏာများကတော့ -ခေါင်းနဲ့မျက်နှာ ဧရိယာမှာ ပုံမှန်မဟုတ်ခြင်း -ခြေထောက်နဲ့ လက်များ မူမမှန်ခြင်း -သွားတွေက မညီပဲထပ်နေခြင်း -လျှာက အဆမတန် သေးနေခြင်း -soft palate က ကောင်းစွာမလှုပ်ရှားနိုင်တာကြောင့် နှာခေါင်းသံနဲ့စကားပြောခြင်း -ပါးစပ်နဲ့ […]


အဆစ်ရောင်ရောဂါများ

အရိုးအဆစ်ရောင်ရောဂါ(Osteoarthritis) သင့်မှာရှိနေပြီလား

အရိုးအဆစ်ရောင်ရမ်းမှုကြောင့် အရိုးနုပျက်စီးသွားတဲ့ရောဂါOsteoarthritis ဆိုတာ အဖြစ်များပါတယ်။ အဆစ်တွေကာလကြာရှည်ရောင်ရမ်းလို့ အရိုးအဆစ်တွေကြားက အရိုးနုပျက်စီးယိုယွင်းလာတဲ့အခါဖြစ်လာတတ်ပြီး ခန္ဓါကိုယ်ရဲ့အရိုးအဆစ်တိုင်းနီးပါးမှာOsteoarthritisဖြစ်နိုင်ပါတယ်။ အများအားဖြင့် ခန္ဓါကိုယ်အလေးချိန်ကိုထိန်းထားရတဲ့ အဆစ်တွေမှာ အဖြစ်များဆုံးဆိုပေမယ့် လက်ချောင်းတွေ၊ လည်ပင်းနဲ့ခြေမအဆစ်တွေမှာလည်းဖြစ်လာနိုင်ပါတယ်။ အသက် ၆၀ အထက် အရွယ်အများစုမှာ ဒီရောဂါဖြစ်လေ့ရှိပေမယ့် လူငယ်တွေမှာလည်းဖြစ်တတ်ပါတယ်။ အသက် ၅၀ကျော်အရွယ်တွေဆို အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ဒီဝေဒနာပိုခံစားရလေ့ရှိပါတယ်။ ဘာလက္ခဏာတွေ သိသာလာမလဲ ရောဂါလက္ခဏာတွေက တဖြည်းဖြည်းချင်းဖြစ်လာတတ်သလို အချိန်ကြာလာတာနဲ့အမျှ ပိုဆိုးလာတတ်ပါတယ်။ ဘယ်လိုလက္ခဏာတွေလဲဆိုတော့ - လှုပ်ရှားလိုက်တာနဲ့ အရိုးအဆစ်တွေနာကျင်တယ်။ အဆစ်နေရာကို သာသာလေးဖိလိုက်တာနဲ့ နာတယ်။ အထိမခံနိုင်ဘူး။ မနက်အိပ်ရာထလိုက်တဲ့အချိန် ဒါမှမဟုတ် အတော်ကြာကြာငြိမ်နေပြီးမှ ထလှုပ်ရှားလိုက်တဲ့အချိန် အရိုးအဆစ်တွေတောင့်တင်းနေတာ အသိသာဆုံးပါ။ ညည်းတွားသံနဲ့အတူ ကုန်းရုန်းထရတာမျိုး။ လှုပ်ရှားရတာ အဆင်မပြေဘူး။ အဆစ်တွေက အကွေးအဆန့် လိုသလိုလှုပ်ရှားလို့မရဘူး။ အသုံးပြုလိုက်၊ လှုပ်ရှားလိုက်တိုင်း အဆစ်က အသံတွေမြည်တာ ဒါမှမဟုတ်မြည်နေသလိုခံစားရတယ်။ အရိုးအတက်ထွက်ခြင်း။ […]


အခြား အရိုးရောဂါများ

အရေးပေါ်ကုသမှုလိုအပ်တဲ့ အရိုးအကြောအဆစ်ပြဿနာများ

အရိုးအကြောအဆစ်မှာ ဖြစ်တဲ့ ထိခိုက်မှုတွေက မကြုံဖူးတဲ့သူမရှိပါဘူး။ ခံစားရတဲ့ဝေဒနာအတိမ်အနက်မတူတာတာဘဲရှိပါတယ်။ ဒါပေမယ့် ဒီလိုမျိုးတွေထဲမှာမှ အရေးပေါ်မကုသရင် နောက်ဆက်တွဲအခြေအနေပြင်းထန်နိုင်သွားတဲ့ထိခိုက်မှုတွေဆို အမြန်ဆုံးကုသမှုခံယူဖို့လိုအပ်ပါတယ်။ ဘယ်လိုထိခိုက်မှုတွေလဲဆိုတော့ ရုတ်တရက်မတော်တဆအရိုးအဆစ်ထိခိုက်မှုတွေကြောင့် နဂိုရှိပြီးသားရောဂါအခံ သို့မဟုတ် ခွဲစိတ်မှုရဲ့နောက်ဆက်တွဲပြဿနာတွေကြောင့် ဖြစ်လာတာမျိုးတွေပါ။ အရေးပေါ်ကုသမှုလိုအပ်တဲ့ အရိုးအကြောအဆစ်ြပဿနာများ ခြေ (သို့) လက် အရိုးကျိုးခြင်း ခြေ၊လက်ထိခိုက်မှုကြောင့် ဖိအားများဖြစ်လာပြီး ကြွက်သားနဲ့ တစ်ရှူးတွေ သွေးထောက်ပံ့မှုမလောက်တော့ခြင်း အရိုးမှာ ပိုးဝင်ခြင်း တင်ပါးဆုံရိုးကျိုးခြင်း အဆစ်တွေမှာ ပိုးဝင်ခြင်း ပြင်းထန်တဲ့ ရုတ်တရက်ခါးနာဝေဒနာ ပေါင်အဆစ်လွဲခြင်း အရွတ်စုတ်ခြင်း ထိခိုက်ဖူးတဲ့အရွတ် ဒါမှမဟုတ် ကျိုးအက်ဖူးတဲ့အရိုးပြန်ထိခိုက်ခြင်း စတဲ့ အရိုးအကြောအဆစ်ပြဿနာတွေ ဆိုရင် မလိုလားအပ်တဲ့ နောက်ဆက်တွဲပြဿနာတွေမဖြစ်ရအောင် ကုသမှုအမြန်ဆုံးခံယူဖို့လိုအပ်ပါတယ်။ ထိခိုက်မှုဖြစ်တဲ့အခါပဲဖြစ်ဖြစ်၊ ခွဲစိတ်ကုသမှုနောက်ပိုင်းပဲဖြစ်ဖြစ် အရိုးအကြောအဆစ်မှာ ပြဿနာဖြစ်လာတဲ့အခါ ဒီလိုအခြေအနေမျိုးတွေဆိုရင်လည်း ကျွမ်းကျင်ဆရာဝန်တွေဆီ အမြန်ဆုံးပြသပြီး အရေးပေါ်ကုသမှုခံယူသင့်ပါတယ်။ ခွဲစိတ်ကုသမှုခံယူဖူးသူမှာ ခွဲစိတ်ဒဏ်ရာက အရည်တွေထွက်လာရင် ရောင်ရမ်းနေတဲ့ […]


အခြား အရိုးရောဂါများ

လှုပ်ရှားရတာများတဲ့အရိုးအဆစ်တွေနားမှာ ဖြစ်တဲ့ဒဏ်ရာ ဘာတွေသတိထားရမလဲ

ချော်လဲလို့ ဒူးပြဲတယ်၊ လက်နဲ့ထောက်မိလို့ တံတောင်ဆစ်ပါပွန်းပဲ့တယ်ဆိုတာ ကလေးဘဝမှာအရင်းနှီးဆုံး အမှတ်တရတွေပါ။ တချို့ဆို ငါငယ်ငယ်ကဆော့ရင်းချော်လဲထားတာေလ၊ သစ်ပင်ပေါ်ကပြုတ်ကျထားတာေလ စသည်ဖြင့် မတော်တဆထိခိုက်ထားတဲ့အမာရွတ်လေးတွေ တပြပြနဲ့ပြောပြလို့မဆုံး။ ဒီဒဏ်ရာတွေက ခုရောမဖြစ်တော့ဘူးလား။ ထိခိုက်ဒဏ်ရာဆိုတာ အသက်အရွယ်မှမရွေးတာ။ မတော်တဆထိခိုက်မှုက နေရာမရွေး အချိန်မရွေးဖြစ်နိုင်ပါတယ်။ လှုပ်ရှားသွားလာနေရတဲ့လူတွေမှာ ကြိုတင်ကာကွယ်ဖို့ဆိုတာလည်းဖြစ်နိုင်ခြေနည်းတာကြောင့် ဘယ်လိုကုသစောင့်ရှောက်မလဲဆိုတာပဲ အရေးကြီးလာပါတယ်။ ကွဲရှတာ၊ ပွန်းပဲ့တာ၊ စူးမိတာ၊ခြစ်မိတာတွေက အချိန်တန်ရင် အနာကျက်သွားလေ့ရှိပေမယ့် အနာဖြစ်တဲ့အချိန်မကြာစေဖို့၊ ပိုးမဝင်စေဖို့ ဂရုစိုက်ရပါတယ်။ ဒါပေမယ့် တခြားနေရာတွေထက် အနာကျက်ဖို့နှေးနိုင်တဲ့ခန္ဓါကိုယ်အစိတ်အပိုင်းတွေကရှိသေးတယ်။ အကွေးအဆန့်လုပ်ရ၊လှုပ်ရှားရတာများတဲ့ အဆစ်တွေမှာဆိုရင်တော့ နေ့စဉ်ပုံမှန်လှုပ်ရှားမှုတွေကြောင့် အနာကျက်မယ်ကြံတိုင်း အရေပြားကိုဆွဲဖြဲသလို အနည်းငယ်နာကျင်ရတတ်သလို ထိမိပွန်းမိတာတွေလည်း များတတ်ပါတယ်။ အဲဒီလို တံတောင်ဆစ်နဲ့ ဒူးဆစ်တို့လို နေရာတွေမှာဖြစ်ပြီဆို အနာမြန်မြန်ကျက်စေဖို့ ဘယ်လိုဂရုစိုက်မလဲ။ အနာကိုဆေးကြောသန့်စင်ပါ အရင်တည်းကခေါက်ရိုးကျိုးနေတဲ့အသိက အနာဖြစ်ရင် အရက်ပြန်နဲ့ဆေး၊ အရက်ပြန်ဆွတ်တဲ့ဂွမ်းနဲ့ဖိထားရင် ပိုးမဝင်ဘူးလို့ မှတ်ယူထားကြပါတယ်။ အမှန်တော့ ဒဏ်ရာသိပ်မနက်ရင်ရေနဲ့ဆေးကြောရုံနဲ့လုံလောက်ပါတယ်။ အညစ်အကြေးအမှုန်အမွှားတွေပါသွားစေဖို့ရေလောင်းချတာကောင်းပါတယ်။ ရေနွေးပူပူနဲ့ အနာမဆေးပါနဲ့(ရေနွေးနဲ့ဖန်ရည်ဆေးခြင်း) ရေနွေးဆွတ်ထားတဲ့ဂွမ်းနဲ့ […]


အရိုးအကြောခွဲစိတ်ကုသမှုများ

ဒူးထိခိုက်မှုတွေအတွက် အသင့်တော်ဆုံး ကုထုံးတစ်ခု

တစ်နေ့တာလှုပ်ရှားလုပ်ဆောင်မှုတွေအတွက် မရှိမဖြစ်အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုရှိပါတယ်။ ထိုင်တဲ့ ထတဲ့အခါ လမ်းလျှောက်တဲ့အခါ ဟန်ချက်ညီစေဖို့ အဓိကလုပ်ဆောင်ပေးနေတဲ့အစိတ်အပိုင်းလေးပေါ့။ ထချင်ပေမယ့် ချက်ချင်းထလို့မလွယ်ဘူး။ အရေးအကြောင်းဆို ထရမလွယ်လိုက်တာလို့ ညည်းညူနေရတာတွေရဲ့ လက်သည်က ဒူးမကောင်းလို့လေ။အသက်အရွယ်ရလာတာကြောင့် ဒူးမကောင်းတာမျိုးရှိသလို အဝလွန်တာ၊ အရိုးအဆစ်တွေထိခိုက်ထားတာတွေကြောင့် ဒူးမကောင်းတာမျိုးလည်းဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ ထိရောက်တဲ့ကုသမှုမျိုးခံယူဖို့လိုအပ်မှာပါ။ ဒီလိုမှမဟုတ်ရင် အရွတ်တွေ၊ အရိုးနုတွေ ထိခိုက်ပျက်စီးသွားပြီး ဆိုးရွားတဲ့ အကျိုးဆက်တွေဖြစ်လာနိုင်ပါတယ်။ အရိုးအဆစ်တွေအတွက် ထိရောက်တဲ့ ကုထုံးတစ်ခုကို ဒီဆောင်းပါးလေးကနေတဆင့် မိတ်ဆက်ပေးချင်ပါတယ်။ ဒါကတော့ Arthroscopy (အရိုးအဆစ်အတွင်း မှန်ပြောင်းဖြင့်စစ်ဆေးခြင်း) လို့ခေါ်တဲ့ ကုထုံးပါ။ Arthroscopy (အရိုးအဆစ်အတွင်း မှန်ပြောင်းဖြင့်စစ်ဆေးခြင်း) ဆိုတာ Arthroscopy ဆိုတာ အရိုးအဆစ်အတွင်းမှာဖြစ်နေတဲ့အရာတွေကို ကြည့်ရှုစစ်ဆေးပြီး ထိရောက်မှန်ကန်တဲ့ ကုသမှုပေးနိုင်စေဖို့အတွက် အသုံးပြုလေ့ရှိတဲ့ အသေးစားခွဲစိတ်ကုသမှုတစ်ရပ်ပါ။အဆစ်တွေကရောင်ရမ်းနေတဲ့အခါမျိုး၊ အဆစ်မှာ ထိခိုက်ဒဏ်ရာတစ်ခုခုရရှိသွားတဲ့အချိန်မျိုး ဒါမှမဟုတ် ထိခိုက်မိတဲ့ဒဏ်ကြောင့် အချိန်ကြာလာတာနဲ့အမျှ အရိုးအဆစ်တွေပျက်စီးသွားတဲ့အခါမျိုးမှာArthroscopy ကုထုံးကို […]


အရိုးကျိုးခြင်း

ခြေထောက်ကျိုးတဲ့အခါ ဂရုစိုက်သင့်တဲ့အချက်များ

ချော်လဲလို့၊ အရိုက်နှက်ခံရလို့၊ ယာဉ်မတော်တဆမှုဖြစ်လို့ စသည်ဖြင့် ခြေထောက်ကျိုးရတဲ့ အကြောင်းရင်းတွေက အများကြီးရှိနိုင်ပါတယ်။ ဘာကြောင့်ပဲဖြစ်ဖြစ် အရိုးကျိုးအက်တဲ့အခါ ဆေးရုံကားက ချက်ချင်းမလာနိုင်သလို ဆေးရုံဆေးခန်းကို ချက်ချင်းရောက်နိုင်ဦးမှာမဟုတ်ပါဘူး။ ဖြစ်ဖြစ်ချင်းမှာ ဘေးကလူက စနစ်တကျကူညီစောင့်ရှောက်ပေးမှ ဆရာဝန်ဆီမရောက်ခင် ဝေဒနာလျော့ပါးရမှာပါ။ ကိုယ့်ရင်းနှီးချစ်ခင်ရသူ သို့မဟုတ် တခြားတစ်ယောက်ယောက်မှာ ခြေထောက်ကျိုးတဲ့အခါ အရေးပေါ်ပြုစုနိုင်အောင် ဒါလေးတွေသိထားသင့်ပါတယ်။ ခြေထောက်ကျိုးတဲ့အခါ အရေးပေါ်ပြုစုနည်း ထပ်ပြီးထိခိုက်နိုင်ခြေရှိတဲ့ အခြေအနေမျိုးကနေ ရှောင်လွှဲဖို့က လွဲရင် လူနာကိုနေရာမရွှေ့ပါနဲ့။ ဆေးရုံမရောက်ခင်မှာ လုပ်ပေးထားသင့်တာက - သွေးထွက်နေရင် တိတ်အောင်လုပ်ပေးပါ။ ပိုးသတ်ထားတဲ့ ပတ်တီး၊ အဝတ်သန့်သန့်တစ်ခုနဲ့ ဒဏ်ရာကို ဖိထားပါ။ ထိခိုက်တဲ့နေရာကို မလှုပ်ရှားမိပါစေနဲ့။ ပုံစံပျက်ယွင်းသွားတဲ့အရိုးကို ပြန်ညှိတာ၊ တွန်းထည့်တာတွေ မလုပ်ပါနဲ့။ ရေခဲကပ်ပေးပါ။ ရောင်ရမ်းမှုကို ထိန်းဖို့နဲ့ နာကျင်မှုကို သက်သာစေဖို့ ရေခဲဝတ်နဲ့ ကပ်ပေးပါ။ လူနာကို ဂရုစိုက်ပါ။ လူနာက […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ရာသီဥတုအေးတဲ့အခါ၊ မိုးရွာတဲ့အခါ အဆစ်အမြစ်တွေ ပိုကိုက်လာနိုင်သလား

မိုးရွာတာနဲ့ ဘာလို့များ အဆစ်အမြစ်တွေ ပိုကိုက်လာရတာလဲ။ ရာသီဥတုအေးတာနဲ့ ဘာလို့များ တဆစ်ဆစ်နာကျင်လာရတာလဲ။ ကိုယ်တိုင်မဟုတ်ပေမယ့်လည်း ကိုယ့်အဖိုးအဖွားတွေ၊ အဖေအမေတွေ ရာသီဥတုကြောင့် အဆစ်အမြစ်တွေကိုက်ခဲရတာကို ပြောနေတဲ့အချိန်တိုင်း ဘာမှလည်းမဆိုင်လောက်ပါဘူး တွေးနေမိလား။ ဒါဟာ တကယ်မှဟုတ်ရဲ့လား။ အရင်တုန်းကတော့ ဒီအကြောင်းအရာတွေဟာ ဘယ်လိုမှ ဆက်စပ်မှုမရှိဘူးလို့ ထင်ခဲ့ကြတယ်။ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာကြောင့်သာ ဒီလိုမျိုးတွေ ဖြစ်နေတာလို့ သတ်မှတ်ခဲ့ကြတယ်။ ဒါပေမယ့် စနစ်တကျသုတေသနပြုပြီးတဲ့နောက်မှာတော့ ဒီအယူအဆတွေက မှန်သင့်သလောက် မှန်ကန်တယ်ဆိုတဲ့အကြောင်းသိလာရတယ်။ မိုးမရွာခင်မှာကို အဆစ်အမြစ်တွေစနာလာတာဖြစ်နိုင်ပါတယ်။ တချို့အဖိုးအဖွားတွေမိုးမရွာခင်ကတည်းက မိုးရွာတော့မယ်ဆိုတာကို ကြိုသိနေတာမျိုးတောင်ဖြစ်ကြပါသေးတယ်။ ဘာကြောင့်ဆိုတဲ့အကြောင်း အတိအကျကြီး သက်သေမပြနိုင်သေးပေမယ့် ဒီလိုကြိုသိမှုတွေက အမှားတွေတော့မဟုတ်ပါဘူး။ လေထုဖိအားပြောင်းလဲမှုက တရားခံ။ ဖြစ်နိုင်ခြေအရှိဆုံးသီအိုရီတစ်ခုကတော့ လေထုဖိအား ပြောင်းလဲခြင်းပါ။ အဆစ်အမြစ်တွေကို အသားတစ်ရှူးတွေက ဝန်းရံထားတယ်။ ဒီအသားတစ်ရှူးတွေကို ကျစ်ကျစ်လစ်လစ်နဲ့ သူ့အတိုင်းရှိနေအောင်၊ အဆစ်အမြစ်တွေကို သွားပြီး ဖိမိမနေအောင် ပြင်ပမှာရှိတဲ့ လေထုဖိအားက ဖိအားပေးထိန်းချုပ်ထားတယ်။ ဒါပေမယ့် […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ဒူးနာတဲ့အခါ သိထားသင့်တဲ့ ဆောင်ရန်ရှောင်ရန်များ

ဒူးနာတယ်ဆိုတာတော်တော်များများဖြစ်တတ်ကြတဲ့ပြဿနာတစ်ခုပါ။ အသက်ကြီးသူတွေမှ ဒူးနာတာမဟုတ်ပါဘူး၊ ငယ်တဲ့သူတွေလည်း အကြောင်းရင်းအမျိုးမျိုးကြောင့် ဒူးနာဝေဒနာခံစားရတတ်ပါတယ်။ ဒူးကိုအားစိုက်အသုံးပြုမှုများလွန်းခြင်း(ဥပမာ -လှေကားအတက်အဆင်းများလွန်းတာ)ထိခိုက်မှုတစ်ခုခုကြောင့်၊ အရိုးပွခြင်း ကြောင့်၊ အဆစ်နာ၊ဂေါက်ရောဂါ စတာတွေကြောင့်ပါဝင်ပါတယ်။ ဘာကြောင့်ပဲဖြစ်ဖြစ် ဒူးနာလာပြီဆိုရင်သက်သာအောင်အကိုက်အခဲပျောက်ဆေးသောက်လိုက်ရင်ပြီးပြီပဲထင်ကြတယ်။ ခဏသက်သာလိုက်၊ပြန်နာလိုက်၊ဆေးပြန်သောက်လိုက်နဲ့ သံသရာလည်နေပြီးနောက်ဆုံးအစာအိမ်ထိတဲ့အထိဖြစ်လာနိုင်ပါတယ်။ဆေးကြောင့်သက်သာနေချိန်မှာပဲဖြစ်ဖြစ်၊ နာကျင်နေချိန်မှာပဲဖြစ်ဖြစ် သတိထားပြီး ဆင်ဆင်ခြင်ခြင်နေနိုင်ရင်ပျောက်ကင်းဖို့ ပိုမြန်ဆန်စေပါလိမ့်မယ်။ ဒါ့ကြောင့် ဒူးနာတဲ့အခါ သိထားသင့်တဲ့ဆောင်ရန်၊ရှောင်ရန်အချက်လေးတွေကို အကြံပြုပေးလိုက်ပါတယ်။ ၁) နာတယ်ဆိုပြီး အရမ်းငြိမ်မနေပါနဲ့ နာနေတဲ့ဒူး/ခြေထောက်ကို ညှာပြီး အနားပေးလွန်းရင်လည်း အဆစ်နာပိုဆိုးစေနိုင်တာ သင်သိရဲ့လား။ အရမ်းလှုပ်ရှားပေးဖို့မလိုပေမယ့် ပုံမှန်လှုပ်ရှားမှုတော့ရှိသင့်ပါတယ်။ ဒူးနာအတွက် သက်သာစေမယ့်ခပ်ဖြည်းဖြည်း လေ့ကျင့်ခန်း တွေရှိတာကြောင့် ဒူးကိုအရမ်းအားမပြုရဘူး၊ ဝန်မပိစေဘူးဆိုရင် လှုပ်ရှားလို့ရပါတယ်။ ၂) ဒူးစွပ် စွပ်ပါ ဒူးက တော်တော်လေးနာတာဆိုရင် ဒူးစွပ် စွပ်ထားသင့်ပါတယ်။ ဒါမှ ဒူးဆစ်ရဲ့လှုပ်ရှားလုပ်ဆောင်နိုင်စွမ်းကိုအထောက်အကူဖြစ်စေမှာပါ။ အနည်းအကျဉ်းနာတာဆိုရင် ဒူးစွပ်ကြောင့် ဒူးနားတဝိုက်ကြွက်သားတွေကိုအားနည်းစေပြီး ရေရှည်မှာ နာကျင်မှုပိုဆိုးစေနိုင်လို့ အမြဲစွပ်ထားဖို့မလိုပါဘူး။ ၃)ရေနွေးအိတ်ကပ်ပါ နာကျင်ကိုက်ခဲမှုနဲ့ရောင်ရမ်းမှုတွေကို ခဏတာသက်သာစေဖို့ အထောက်အကူပြုပါတယ်။ လျှပ်စစ်နဲ့ပလပ်ထိုးအပူပေးရတဲ့ရေနွေးအိတ်တွေထက်ရေနွေးပူပူထည့်ပြီးသုံးရတဲ့ရေနွေးအိတ်တွေက ဒူးဆစ်ကို အပူဓါတ်ပေးနိုင်ဖို့ […]


အရိုးကျိုးခြင်း

တင်ပါးဆုံရိုးကျိုးခြင်း

တင်ပါးဆုံရိုးကျိုးခြင်းဟာ ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာတစ်ခုဖြစ်ပြီး ၎င်းရဲ့နောက်ဆက်တွဲဆိုးကျိုးတွေဟာ အသက်ကို ခြိမ်းခြောက်နိုင်တဲ့အထိ ဒုက္ခပေးတတ်ပါတယ်။ အသက်ကြီးလာလေ တင်ပါးဆုံရိုးကျိုးဖို့ အလားအလာများလေ ဖြစ်ပါတယ်။ တင်ပါးဆုံရိုးကျိုးခြင်းဆိုတာ ဘာလဲ ပေါင်ရိုးရဲ့ အထက်ပိုင်းလေးပုံတစ်ပုံမှာ အရိုးကျိုးခြင်းကို တင်ပါးဆုံရိုးကျိုးခြင်းလို့ခေါ်ပြီး အရိုးကျိုးတဲ့ အတိုင်းအတာကတော့ အားသက်ရောက်မှုအပေါ် မူတည်ပါတယ်။ တင်ပါးဆုံရိုးကျိုးခြင်းဟာ သာမန်အရိုးကျိုးတဲ့ ပြဿနာသက်သက် မဟုတ်ဘဲ အသက်အရွယ်ကြီးသူတွေမှာ ကြီးမားတဲ့အခက်အခဲ ဖြစ်စေနိုင်တဲ့ အနှောင့်အယှက်တစ်ခုလို့ ဆိုနိုင်ပါတယ်။ တင်ပါးဆုံရိုးကျိုးတဲ့အခါ ခွဲစိတ်ကုသမှု ခံယူရဖို့များတဲ့အပြင် ပြန်ကောင်းလာဖို့လည်း တစ်နှစ်လောက် အချိန်ယူရမှာ ဖြစ်ပေမယ့် ကာယကုထုံးအကူအညီနဲ့ ကျိုးသွားတဲ့အစိတ်အပိုင်းတွေ ပြန်လည်သန်မာလာအောင်၊ ပြန်လည်လှုပ်ရှားနိုင်အောင် ပြုလုပ်နိုင်ပါတယ်။ တင်ပါးဆုံရိုးကျိုးစေတဲ့ အကြောင်းရင်းတွေက ဘာတွေလဲ အသက်အရွယ်ကြီးလာလေ ခန္ဓါကိုယ်က အရိုးအဆစ်တွေ အားနည်းလာလေ ဖြစ်တဲ့အတွက် တင်ပါးဆုံရိုးကျိုးနိုင်ချေ ပိုများလာမှာ ဖြစ်ပါတယ်။ ခန္ဓါကိုယ်ဟန်ချက်ထိန်းရန် ခက်ခဲခြင်း၊ အမြင်အာရုံအားနည်းခြင်း၊ အမျိုးစုံသောဆေးဝါးများ သောက်သုံးနေရခြင်း စတဲ့အချက်တွေက သက်ကြီးရွယ်အိုတွေကို […]


အခြား အရိုးရောဂါများ

အာရုံကြောကြောင့် ကြွက်သားအားနည်းခြင်းရောဂါ

အာရုံကြောကြောင့် ကြွက်သားအားနည်းခြင်းရောဂါ (Myasthenia Gravis) ဆိုတာဘာလဲ။ Myasthenia Gravis ဆိုသည်မှာ အာရုံကြောများသည် သက်ဆိုင်ရာ ကြွက်သားများနှင့် ကောင်းစွာ ဆက်သွယ်လုပ်ဆောင် နိုင်ခြင်း မရှိဘဲ စိတ်ထိန်းကြွက်သားများ အားနည်းနေသော ရောဂါ ဖြစ်ပါသည်။ ဤရောဂါသည် အများအားဖြင့် အသက် ၄၀ အောက် အမျိုးသမီးများနှင့် အသက်၆၀ အထက် အမျိုးသားများတွင် တွေ့ရပါသည်။ Myasthenia Gravis ဖြစ်စေသော အကြောင်းရင်းများကို ဖော်ပြပါ။ ကြွက်သားများကို အာရုံကြောများမှ ထိန်းချုပ်ရာတွင် အာရုံကြောများမှ neurotransmitters များကို ထုတ်လွတ်ပြီး ကြွက်သားများရှိ recepters များမှ ဖမ်းယူပါသည်။ Myasthenia Gravis တွင်မူ ရောဂါရှင်၏ ကိုယ်ခံအားစနစ်မှ antibodies များ ထုတ်လွတ်ပြီး ကြွက်သားများရှိ recepters များကို ပိတ်ဆို့ခြင်း၊ ဖျက်စီးခြင်းများကို ပြုလုပ်ခြင်းကြောင့် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း