အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး

နေ့စဉ် လှုပ်ရှားမှုတွေအတွက် အရိုးအဆစ်တွေနဲ့ ကြွက်သားတွေ ကျန်းမာစေဖို့ အတော်လေး အရေးကြီးပါတယ်။ ဒီ အရေးကြီးတဲ့ အရိုးအဆစ်နဲ့ ကြွက်သားတွေ ကျန်းမာစေဖို့ ဘယ်လိုမျိုး စောင့်ရှောက်မှုတွေ လုပ်ပေးဖို့ လိုမလဲဆိုတာကို သေသေချာချာလေး လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး

အရိုးတွေ ကျန်းမာစေမယ့် အလေ့အထတွေ ပိုင်ဆိုင်ထားရဲ့လား

အရိုးတွေက ခန္ဓာကိုယ်အတွက် ငြမ်းတွေပါ။ မတ်မတ်ရပ်နိုင်ဖို့ ကောင်းစွာလှုပ်ရှား သွားလာနိုင်စေဖို့ ထောက်ကူပေးနေတာပါ။ အရိုးတွေက အသက်အရွယ်ရလာလေလေ ကြံ့ခိုင်မှု အားနည်းလာလေလေပါ။ အသက်အရွယ်တိုင်းမှာ အရိုးတွေ ကျန်းမာနေစေဖို့ မွေးမြူရမယ့် အလေ့အထလေးတွေ ရှိပါတယ်။ ကိုယ်တိုင်မှာရော အရိုးတွေ ကျန်းမာစေမယ့် အလေ့အထတွေ ပိုင်ဆိုင်ထားရဲ့လား ဆိုတာကို ဆောင်းပါးလေး ဖတ်ရင်း လေ့လာဆန်းစစ်ကြည့်လိုက်ပါ။ အရိုးတွေမှာ ဘာတွေ ဖြစ်နိုင်လဲ အရိုးတွေမှာလည်း ခန္ဓာကိုယ်ရဲ့ အခြား အစိတ်အပိုင်းတွေလိုပဲ ကျန်းမာရေး ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ အသက်အရွယ်ကြောင့် ခံစားရတာမျိုး ရှိသလို မတော်တဆ ထိခိုက်မိတာ၊ နေ့စဉ်ဘဝနေထိုင်မှုပုံစံတွေကြောင့် ထိခိုက်တာဆိုပြီး အမျိုးမျိုး ရှိပါတယ်။ အရိုးပါးတာ အရိုးပွတာ အရိုး သိပ်သည်းဆ ကျဆင်းလာ အရိုးကျိုးတာ အရိုးအက်တာ အရိုးကင်ဆာ အဆစ်ရောင်နာ အဆစ်လွဲတာ အရွတ်ရောင်တာလိုမျိုး ကျန်းမာရေး […]

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး ကို ရှာဖွေမည်။

အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ဇက်ကြောတက်ပြီး တောင့်တင်းနေတာ သက်သာစေဖို့ နည်းလမ်းတချို့

ဇက်ကြောတက်တယ်ဆိုတာ အရင်က အထိုင်များတဲ့အလုပ်လုပ်သူတွေ၊ ကွန်ပျူတာအသုံးများသူတွေမှာသာ ကြားရလေ့ရှိပေမယ့် အခုနောက်ပိုင်းတော့ မိုဘိုင်းဖုန်းတွေပေါလာတာနဲ့အမျှ မဖြစ်ဖူးသူမရှိသလောက်ဖြစ်လာပါပြီ။ တိုးတက်ခေတ်မီလာမှုရဲ့ဘေးထွက်ဆိုးကျိုးတစ်ခုပေါ့လေ။ ဖုန်း သို့မဟုတ် လပ်တော့ကွန်ပျူတာလေးနဲ့ ဖေ့စ်ဘုတ်သုံးနေမယ်၊ ဂိမ်းဆော့နေမယ်၊ ရုပ်ရှင်ကြည့်နေမယ် ဆိုရင် ကိုယ်နေဟန်ထား ပုံစံမမှန်တာနဲ့ ဇက်ကြောတက်တာ၊ အကြောအခြင်တွေတောင့်တင်းတာတွေဖြစ်လာပါလိမ့်မယ်။ ဇက်ကြောတက်ရတဲ့အကြောင်းရင်းတွေထဲမှာ - လည်ပင်းထိခိုက်ဒဏ်ဖြစ်ထားတာ ကွန်ပျူတြာကည့်ရင် အနေအထားမမှန်တာ၊ ကိုင်းပြီးထိုင်တာ အရွတ်ကြောနာဖြစ်နေတာ စိတ်ဖိစီးမှု( ဇက်ကြောတင်းနေစေတယ်) အာရုံကြောညပ်ခြင်း အရိုးနုပျက်စီးခြင်း သက်တောင့်သက်သာမရှိတဲ့အနေအထားနဲ့အိပ်စက်ခြင်း စတာတွေပါဝင်ပါတယ်။ ဇက်ကြောတက်တတ်သူဆိုရင် ဒီအချက်တွေကို မမေ့ပါနဲ့ ကွန်ပျူတာကြည့်တဲ့အခါ ခါးဆန့်ပြီးထိုင်ပါ ကွန်ပျူတာမျက်နှာပြင်နဲ့ မျက်လုံးကို တတန်းတည်းကျပါစေ။ ခါးဆန့်ပြီး အနေအထားမှန်ကန်စွာထိုင်ပါ။ ကွန်ပျူတာကို ငုံ့ကြည့်နေရတာ၊မော့ကြည့်နေရတာမျိုး၊ ခါးကိုကိုင်းပြီးထိုင်တာမျိုး၊ ကွန်ပျူတာမျက်နှာပြင်ကို ကပ်ပြီး စိုက်ကြည့်တာမျိုး မဖြစ်သင့်ပါဘူး။ လပ်တော့ သို့မဟုတ် တက်ဘလက်ကိုကြည့်တဲ့အခါပေါင်ပေါ်တင်သုံးတာထက် ၄၅ ဒီဂရီအနေအထားမှာထားနိုင်ဖို့ခေါင်းအုံးလေးဖြစ်ဖြစ်ခုထားပါ။ လည်ပင်းနဲ့ ပခုံးကို အကြောဆန့်ပေးပါ လက်နှစ်ဖက်ကိုဆန့်ချထားပြီး ဘယ်ညာတစ်ဖက်စီခေါင်းကိုစောင်းပြီး လည်ပင်းကြောတွေဆန့်ပေးပါ။ […]


အရိုးကျိုးခြင်း

Salter-Harris fracture

အဓိပ္ပါယ်ဖွင့်ဆိုချက်Salter-Harris fracture ဆိုတာဘာလဲ။ Salter-Harris fracture ဆိုတာက ကလေးတစ်ယောက်ရဲ့ ကြီးထွားဆဲအရိုးပလိတ်ပြားနေရာ ထိခိုက်မိတာကို ခေါ်တာပါ။ ကြီးထွားဆဲပလိတ်ပြားက အရိုးရှည်တွေရဲ့ အစွန်နားမှာရှိတဲ့ အရိုးနုမှပျော့သောနေရာပဲ ဖြစ်ပါတယ်။ ဒီအရိုးတွေက ကားတာထက် ရှည်တာကို ပိုဖြစ်စေပါတယ်။ Salter-Harris fracture က ခြေချောင်း လက်ချောင်းကစလို့ လက်မောင်း ခြေထောက်ရိုးများအထိ ဘယ်လိုအရိုးရှည်မှာမဆို ဖြစ်နိုင်ပါတယ်။ ကလေးတစ်ယောက်ရဲ့ကြီးထွားမှုက အဓိကအားဖြင့် ကြီးထွားဆဲပလိတ်တွေမှာပဲ ဖြစ်တာပါ။ ကလေးက ပြည့်ပြည့်၀၀ကြီးထွားသွားပြီးဆိုရင် ဒီနေရာတွေက အစိုင်အခဲအဖြစ်မာသွားမှာပါ။ ကြီးထွားဆဲပလိတ်ပြားတွေက နှိုင်းရအားဖြင့်တော့ အားနည်းနေပြီး လဲကျတာ၊ တိုက်မိတာ၊ ဖိအားများများပေးတာတွေကြောင့် ထိခိုက်မိနိုင်ပါတယ်။ ပုံမှန်အရိုးကြီးထွားမှုရရှိနိုင်ဖို့အတွက် Salter-Harris fracture ကို မြန်မြန်သိ မြန်မြန်ကုဖို့ လိုအပ်ပါတယ်။ Salter-Harris fracture အမျိုးအစားများ Salter-Harris fracture ကို ကနေဒါနိုင်ငံသား ဆရာဝန် ရော့ဘတ်ဆော့တာနဲ့ ဒဘယ်လျူ ရော့ဘတ် […]


အခြား အရိုးရောဂါများ

Caffey Disease (ကပ်ဖီရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်ကပ်ဖီရောဂါဆိုတာဘာလဲ။ ကပ်ဖီရောဂါဆိုတာ ကလေးတွေမှာ အများဆုံးဖြစ်တဲ့ အရိုးပြဿနာတစ်ခုပါ။ အောက်မေးရိုး၊ ပခုံးရိုး၊ ညှပ်ရိုးနဲ့ လက်၊ခြေထောက်ရိုးတို့၏ ကိုယ်ထည်တို့မှာ အရိုးများ လိုတာထက်ပိုပြီး ဖြစ်ပေါ်ကြတာပါ။ ရောဂါဖြစ်တဲ့အရိုးဟာ ပုံမှန်အနံနဲ့ ၂ဆ၊ ၃ဆလောက်ရှိပါတယ်။ တချို့အခြေအနေတွေမှာ ကပ်လျက်အရိုး၂ခု ပူးသွားနိုင်ပါတယ်။ ကပ်ဖီရောဂါဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ ကပ်ဖီရောဂါဆိုတာ တော်တော်လေးရှားပြီး ကလေးအယောက်၁၀၀၀မှာ ၄ယောက်နှုန်းဖြင့် ကမ္ဘာတစ်ဝန်းလုံးမှာ ဖြစပွားလျက်ရှိပါတယ်။ ကလေးတွေအသက်ကြီးလာတာနဲ့အမျှ ပျောက်ကွယ်သွားတတ်တဲ့အတွက်ကြောင့် ပုံမှန်အားဖြင့် ရောဂါကိုမတွေ့ရတတ်ဘူးလို့ လေ့လာတွေ့ရှိရပါတယ် အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ရောဂါလက္ခဏာများကပ်ဖီရောဂါရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ ကလေးတစ်ယောက်မှာ ကပ်ဖီရောဂါရှိပြီဆိုရင် အောက်ပါရောဂါလက္ခဏာ၃မျိုးကို ခံစားရပါမယ်။ တစ်ရှုးပျော့ဖုရောင်ခြင်းများ အရိုးပျက်စီးမှုများ စိတ်ကသိကအောက်ဖြစ်ခြင်း တစ်ရှုးပျော့ဖုရောင်ခြင်းက ရုတ်တရက်ပေါ်လာပါတယ်။ နက်ရှိုင်းပြီး တင်းနေတတ်ပါတယ်။ နာကျင်မှုတွေလည်း ရှိနိုင်ပါတယ်။ မေးရိုး၊ ခြေသလုံးရိုး၊ လက်ဖျံရိုး၊ လက်ပြင်ရိုး၊ နံရိုး၊ ဦးခေါင်းခွံရိုးနဲ့ ခြေဖဝါးရိုးတို့ကို ထိခိုက်တာပါ။ မေးရိုးကို ထိခိုက်မယ်ဆိုရင် ကလေးက အစာစားဖို့ […]


အခြား အရိုးရောဂါများ

Klippel-Feil Syndrome (ကလစ်ပယ်ဖဲလ် စင်ဒရုန်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်ကလစ်ပယ်ဖဲလ် စင်ဒရုန်းဆိုတာဘာလဲ။ ကလစ်ပယ်ဖဲလ် စင်ဒရုန်းဆိုတာ လည်ပင်းရိုး၂ဆစ်နှင့်အထက် ပေါင်းစပ်သွားသော မွေးရာပါရောဂါတစ်ခုဖြစ်ပါတယ်။ ကလစ်ပယ်ဖဲလ် စင်ဒရုန်းလူနာတွေဟာ လည်ပင်းတိုသွားပြီး လည်ပင်းလှုပ်ရှားနိုင်စွမ်းလည်း လျော့နည်းသွားကြပါတယ်။ လည်ပင်းလည်းနာနိင်ပါတယ်။ ကလစ်ပယ်ဖဲလ် စင်ဒရုန်းကို အမျိုးအစား ၃ခု ခွဲထားပါတယ်။ အမျိုးအစား၁ – လည်ပင်းရိုးရဲ့ ပထမဆုံးအဆစ်ဖြစ်တဲ့ Atlas ဟာ ဦးခေါင်းနောက်စိရိုးနဲ့ ပေါင်းသွားပြီး Occipitalization of Atlas လို့ခေါ်ပါတယ်။ အမျိုးအစား၁ဟာ ဒုတိယ၊ တတိယမြောက် လညပင်းကျောရိုးဆစ်တွေနဲ့ ပေါင်းစပ်ခြင်းနဲ့ ဆက်စပ်နေနိုင်ပါတယ်။ ဆိုးဆိုးရွားရွားဖြစ်မယ်ဆိုရင် ကျောရိုးအတွင်းကျဉ်းသွားပြီး အာရုံကြောမကြီးနှင့် ဦးနှောက်အညှာကို ဖိမိသွားနိုင်ပါတယ်။ အမျိုးအစား၂ – ဒုတိယလည်ပင်းကျောရိုးဆစ်များပေါင်းစပ်ခြင်းနှင့် ဦးခေါင်း၊လည်ပင်းကျောရိုးဆက်တဲ့နေရာမှာ ပုံသဏ္ဍန်ပျက်ခြင်းတို့တွဲပါတယ်။ အမျိုးအစား၃ – လည်ပင်းကျောရိုးဟာ အစိတ်အပိုင်း၂ခုသာရှိတော့ပြီး လှုပ်ရှားမှုတွေဟာလည်း ထို၂ခုကြားမှ အဆစ်ဖြင့်သာပြုလုပ်ရပါတယ်။ ကျောရိုးမတည်ငြိမ်ခြင်းနှင့် အရိုးအဆစ်ရောင်ခြင်းတို့ထိ ဖြစ်သွားစေနိုင်ပါတယ်။ ကလစ်ပယ်ဖဲလ် စင်ဒရုန်းဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ ကမ္ဘာတစ်ဝန်းရှိ […]


အရိုးပွခြင်း

Osteopenia (အော်စတီယိုပီးနီးယား)

အဓိပ္ပါယ်ဖွင့်ဆိုချက်Osteopenia ဆိုတာဘာလဲ။ Osteopenia ဆိုတာက အရိုးရဲ့သိပ်သည်းဆတွေ တဖြည်းဖြည်းချင်းလျော့နည်းလာပြီး အရိုးတွေအားနည်းလာတဲ့ ရောဂါတစ်ခုဖြစ်တယ်။ တခြားနည်းနဲ့ဆိုရရင်တော့ သင့်မှာ Osteopenia ရှိလာပြီဆိုရင် အရိုးသိပ်သည်းဆက ပုံမှန်ထက်ကို နည်းနေပါပြီ။ အရိုးသိပ်သည်းဆက အသက် ၃၅ နှစ်မှာ ထိပ်ဆုံးကိုရောက်ပါတယ်။ သင့်တော်တဲ့ကုသမှုမရဘူးဆိုရင် Osteopenia ကနေအရိုးပွခြင်းဆီဦးတည်သွားပါလိမ့်မယ်။ Osteopenia ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ အမေရိကန်လူမျိုး အသက် ၅၀ကျော်အရွယ် တစ်ဝက်လောက်မှာ Osteopenia ရှိနေပါတယ်။ Osteopenia ကို အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုတွေ့ရတယ်။ အချက်အလက်တွေကို ထပ်ပြီးသိလိုတယ်ဆိုရင် ဆရာဝန်နဲ့သာ တိုင်ပင်ဆွေးနွေးပေးပါ။ ရောဂါလက္ခဏာများOsteopenia ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ Osteopenia က ပုံမှန်အားဖြင့်တော့ လက္ခဏာမပြပါဘူး။ အရိုးသိပ်သည်းဆနည်းရုံနဲ့လည်း မနာဘူး။   ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။ သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေတယ်ဆိုလျှင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုပါလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုက […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

Periostitis

အဓိပ္ပါယ်ဖွင့်ဆိုချက်Periostitis ဆိုတာဘာလဲ။ Periostitis ဆိုတာက ကြွက်သားနဲ့အရိုးကို တွယ်ဆက်ပေးပြီး အကာအကွယ်ပေးတဲ့ Periosteum ဆိုတဲ့တစ်ရှူးတွေရောင်ရမ်းတာဖြစ်ပါတယ်။ ဒါ့အပြင် လူနာက အရိုးတစ်ချောင်းနဲ့အထက်မှာ ထိရင်နာတာ၊ ဖောင်းတာ၊ ရောင်တာတွေကိုပါ ခံစားရတတ်တယ်။ များသောအားဖြင့် Periostitis ဖြစ်ရတာတွေက ထိခိုက်မိခြင်း၊ ပြင်းထန်သော ပိုးဝင်ခြင်း၊ ကင်ဆာ ဒါမှမဟုတ် ပယ်ရီအော့စတီနမ်အလွှာကို ထိခိုက်စေတဲ့ ကိုယ်ခံအားမှကိုယ့်ကိုပြန်တိုက်တဲ့ ရောဂါတွေကြောင့်ပါပဲ။ Periostitis က များသောအားဖြင့် မဆိုးဝါးပဲ ပျောက်လွယ်ပါတယ်။ တခြားပုံစံကြောင့် ဖြစ်လာနိုင်ပါတယ်။ ဥပမာ ပြင်းပြင်းထန်ထန်ကုသဖို့ လိုအပ်နိုင်တဲ့ အလွန်ပြင်းထန်တဲ့ရောဂါပိုးကူးခြင်းမျိုး။ Periostitis ပုံစံအမျိုးမျိုးကို အောက်ပါအတိုင်း ခွဲခြားနိုင်ပါတယ်။ ရိုးရှင်းသော Periostitis – ဒီပုံစံက အရိုးကျိုးတာ၊ ပွန်းတိုက်မိတာတို့ကနေ ဖြစ်လာပြီး ရောင်ရမ်းတာကိုလည်း ပယ်ရီအော့စတီနမ်အနားမှာသာ တွေ့ရမှာပါ။ ဖောင်းခြင်းနာခြင်းတို့က ကနဦးလက္ခဏာတွေပါပဲ။ ရိုးရှင်းသောအမျှင်ဖြစ် Periostitis – ဒါကတော့ […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

Osteitis Fibrosa

အဓိပ္ပါယ်ဖွင့်ဆိုချက်Osteitis fibrosa cystica ဆိုတာဘာလဲ။ Osteitis fibrosa cystica က ပြင်းထန်တဲ့ အခြေအနေတစ်ခုဖြစ်ပြီး ပါရာသိုင်းရွိုက်ဂလင်း တက်ကြွလွန်ခြင်းကနေ ဖြစ်လာတာပါ။ သင့်မှာ ပါရာသိုင်းရွိုက်ဂလင်းတက်ကြွလွန်နေပြီးဆိုရင် ဒါက သင့်ရဲ့ပါရာသိုင်းရွိုက်ဂလင်း တစ်ခုခုက ပါရာသိုင်းရွိုက်ဟော်မုန်းတွေ အထုတ်များနေပြီလို့ ဆိုလိုတာပဲ။ သည်ဟော်မုန်းက အရိုးကျန်းမာရေးအတွက် မရှိမဖြစ်လိုပေမယ့်လို့ များလာတဲ့အခါ အရိုးတွေကို အားနည်းစေပြီး ပုံပျက်သွားစေပါတယ်။ Osteitis fibrosa cystica ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ Osteitis fibrosa cystica က ပါရာသိုင်းရွိုက်ဂလင်းတက်ကြွလွန်တဲ့ရောဂါရဲ့ ရှားပါးနောက်ဆက်တွဲပြဿနာ ဖြစ်တယ်။ ဟော်မုန်းမူမမှန်ရောဂါရှိသူအားလုံးရဲ့ ၅% လောက်မှာ တွေ့ရတယ်။ အချက်အလက်တွေကို ထပ်ပြီးသိလိုတယ်ဆိုရင် ဆရာဝန်နဲ့သာ တိုင်ပင်ဆွေးနွေးပေးပါ။ ရောဂါလက္ခဏာများOsteitis fibrosa cystica ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ Osteitis fibrosa cystica ရဲ့ အပြင်းထန်ဆုံးလက္ခဏာကတော့ အရိုးကျိုးတာပဲ။ […]


အခြား အရိုးရောဂါများ

Relapsing Polychondritis (Relapsing Polychondritis)

အဓိပ္ပါယ်ဖွင့်ဆိုချက်Relapsing polychondritis ဆိုတာဘာလဲ။ Relapsing polychondritis ဆိုတာက ရှားပါတဲ့အခြေအနေတစ်ခုဖြစ်ပြီး အရိုးနုတွေ၊ ခန္ဓါကိုယ်ရဲ့တခြားတစ်ရှူးတွေရောင်ရမ်းတာနဲ့ သတ်မှတ်ပါတယ်။ အရိုးနုဆိုတာက အဆစ်တွေမှာရှိတဲ့ အရိုးအဆုံးကို ဖုံးထားတဲ့ ကွေးနိုင်ဆန့်နိုင်တစ်ရှူးဖြစ်ပါတယ်။ ခန္ဓါကိုယ် အစိတ်အပိုင်းတွေကို ပုံပေါ်အောင်လုပ်ပေးသလို အထောက်အပံ့လည်းပေးပါတယ်။ နားမှာဖြစ်တာက အဖြစ်အများဆုံးလက္ခဏာဆိုပေမယ့် တခြားနေရာတွေဖြစ်တဲ့ နံရိုးနု၊ မျက်လုံး၊ နှာခေါင်း၊ လေပြွန်၊ နှလုံး၊ သွေးပြန်ကြော၊ အရေပြား၊ အဆစ်၊ ကျောက်ကပ်နဲ့ အာရုံစနစ်တွေတွေကိုပါ ထိခိုက်စေပါတယ်။   Relapsing polychondritis ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ Relapsing polychondritis က အမျိုးသား အမျိုးသမီး ဖြစ်ပွားနှုန်းအတူတူပါပဲ။ လက္ခဏာတွေက များသောအားဖြင့် အသက် ၄၀ နဲ့ ၆၀ ကြားမှာ စပေါ်ပါတယ်။ အချက်အလက်တွေကို ထပ်ပြီးသိလိုတယ်ဆိုရင် ဆရာဝန်နဲ့သာ တိုင်ပင်ဆွေးနွေးပေးပါ။ ရောဂါလက္ခဏာများRelapsing polychondritis ရဲ့ […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

Jeune syndrome (Jeune ရောဂါစု)

အဓိပ္ပါယ်ဖွင့်ဆိုချက်Jeune ရောဂါစုဆိုတာဘာလဲ။ Jeune ရောဂါစု ကို asphyxiating thoracic dystrophy ဆိုတဲ့နာမည်နဲ့ သိကြပြီး အရမ်းကိုရှားတဲ့ မျိုးရိုးဗီဇ အခြေအနေတစ်မျိုးဖြစ်ကာ အရိုးနုနဲ့ အရိုးတွေ(အထူးသဖြင့် တင်ပဆုံရိုး၊ နံရိုး၊လက်မောင်း၊လက်တို့)ရဲ့ကြီးထွားမှုမှာ ချို့ယွင်းချက်ဖြစ်ခြင်းကြောင့် ရတဲ့ ရောဂါဖြစ်ပါတယ်။ Jeune ရောဂါစုဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ အခြားသောအချက်အလက်များကို သိရှိနိုင်ဖို့ သင့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ ရောဂါလက္ခဏာများJeune ရောဂါစုရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ Jeune ရောဂါစု ဆိုတာအရမ်းရှားတဲ့ အခြေအနေတစ်ခုဖြစ်ပြီး ပထမအားဖြင့်တော့ အရိုးတွေကို ထိခိုက်စေပါတယ်။ ဒီအခြေအနေကြောင့်ထိခိုက်ခြင်းခံရတဲ့လူတွေဟာ အရိုးဖွဲ့စည်းခြင်းဆိုင်ရာ မူမမှန်မှုများနဲ့ မွေးဖွားလာတတ်ကြပါတယ်။၎င်းတို့ကတော့ -ရင်ဘတ်သေးခြင်း၊ ကျဉ်းခြင်း -နံရိုး တိုခြင်း -လက်မောင်းနှင့်ခြေထောက် အရိုးများ တိုနေခြင်း -အရိုးခွင်ပုံစံ ပုံမှန်မဟုတ်ခြင်း -လက်ချောင်းများ သို့မဟုတ် ခြေချောင်းများ အပိုပါခြင်း။ ရင်ဘတ်နဲ့ နံရိုးများ ပုံမှန်မဟုတ်သောကြောင့်( အထူးသဖြင့်ခေါင်းလောင်းပုံစံ ရင်ဘတ်ပုံစံရှိခြင်းကြောင့်) Jeune ရောဂါစု eရှိတဲ့ကလေးတွေဟာ အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ အသက်ရှုခြင်းဆိုင်ရာ […]


အခြား အရိုးရောဂါများ

Caudal regression syndrome (ခန္ဓါကိုယ်အောက်ပိုင်း မဖွံ့ဖြိုးသည့်ရောဂါစု)

အဓိပ္ပါယ်ဖွင့်ဆိုချက်ခန္ဓါကိုယ်အောက်ပိုင်း မဖွံ့ဖြိုးသည့်ရောဂါစုဆိုတာ ဘာလဲ။ Caudal Regression ရောဂါစု တနည်းအားဖြင့် sacral agenesis ဆိုတာ ခန္ဓါကိုယ်အောက်ပိုင်း ဖွံ့ဖြိုးမှုပုံမမှန်တဲ့ ရှားပါးမွေးရာပါရောဂါစုတစ်ခု ဖြစ်ပါတယ်။ ဒီရောဂါရှိသူတွေမှာ များသောအားဖြင့် ခါးအောက်ပိုင်း၊ ခြေထောက်၊ အစာအိမ်အူလမ်းကြောင်းနဲ့ ဆီးလိင်လမ်းကြောင်း ပုံမမှန်တဲ့လက္ခဏာတွေကို တွေ့ရမှာဖြစ်ပါတယ်။ ဒါ့အပြင် အောက်ပိုင်းကျောရိုးဆစ်တွေ ပျောက်နေတတ်ပြီး တင်ပါးဆုံအဆစ်တွေ အပြည့်အဝမလှုပ်ရှားနိုင်သလို ခြေထောက်ရိုးတွေလည်း ဖွံ့ဖြိုးသင့်သလောက်မဖွံ့ဖြိုးတာကို တွေ့ရမှာဖြစ်ပါတယ်။ ခန္ဓါကိုယ်အောက်ပိုင်း မဖွံ့ဖြိုးသည့်ရောဂါစုဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ ဒီရောဂါစုဟာ ဖြစ်လေ့ဖြစ်ထအလွန်နည်းပြီး ကျားမမရွေး တန်းတူညီတူ ဖြစ်ပွားနိုင်ပါတယ်။ ရောဂါဖြစ်ပွားမှုနှုန်းကတော့ ခန့်မှန်းခြေအားဖြင့် အရှင်မွေးကလေးငယ် အယောက်တစ်သိန်းရှိရင် တစ်ယောက်ကနေ ၅ယောက်မှာသာ ဒီရောဂါပါလာနိုင်ပါတယ်။ သွေးချိုဆီးချိုဝေဒနာရှင် မိခင်တွေက မွေးဖွားလာတဲ့ကလေးတွေမှာ ရောဂါဖြစ်နိုင်ချေပိုများပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ရောဂါလက္ခဏာများခန္ဓါကိုယ်အောက်ပိုင်း မဖွံ့ဖြိုးသည့်ရောဂါစုရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ ဒီရောဂါစုကြောင့် ဖြစ်လေ့ဖြစ်ထရှိတဲ့ လက္ခဏာတွေကတော့ ကျောရိုးပုံသဏ္ဍာန်မမှန်ခြင်း၊ ခန္ဓါကိုယ်အောက်ပိုင်းရှိ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း