အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး

နေ့စဉ် လှုပ်ရှားမှုတွေအတွက် အရိုးအဆစ်တွေနဲ့ ကြွက်သားတွေ ကျန်းမာစေဖို့ အတော်လေး အရေးကြီးပါတယ်။ ဒီ အရေးကြီးတဲ့ အရိုးအဆစ်နဲ့ ကြွက်သားတွေ ကျန်းမာစေဖို့ ဘယ်လိုမျိုး စောင့်ရှောက်မှုတွေ လုပ်ပေးဖို့ လိုမလဲဆိုတာကို သေသေချာချာလေး လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး

အရိုးတွေ ကျန်းမာစေမယ့် အလေ့အထတွေ ပိုင်ဆိုင်ထားရဲ့လား

အရိုးတွေက ခန္ဓာကိုယ်အတွက် ငြမ်းတွေပါ။ မတ်မတ်ရပ်နိုင်ဖို့ ကောင်းစွာလှုပ်ရှား သွားလာနိုင်စေဖို့ ထောက်ကူပေးနေတာပါ။ အရိုးတွေက အသက်အရွယ်ရလာလေလေ ကြံ့ခိုင်မှု အားနည်းလာလေလေပါ။ အသက်အရွယ်တိုင်းမှာ အရိုးတွေ ကျန်းမာနေစေဖို့ မွေးမြူရမယ့် အလေ့အထလေးတွေ ရှိပါတယ်။ ကိုယ်တိုင်မှာရော အရိုးတွေ ကျန်းမာစေမယ့် အလေ့အထတွေ ပိုင်ဆိုင်ထားရဲ့လား ဆိုတာကို ဆောင်းပါးလေး ဖတ်ရင်း လေ့လာဆန်းစစ်ကြည့်လိုက်ပါ။ အရိုးတွေမှာ ဘာတွေ ဖြစ်နိုင်လဲ အရိုးတွေမှာလည်း ခန္ဓာကိုယ်ရဲ့ အခြား အစိတ်အပိုင်းတွေလိုပဲ ကျန်းမာရေး ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ အသက်အရွယ်ကြောင့် ခံစားရတာမျိုး ရှိသလို မတော်တဆ ထိခိုက်မိတာ၊ နေ့စဉ်ဘဝနေထိုင်မှုပုံစံတွေကြောင့် ထိခိုက်တာဆိုပြီး အမျိုးမျိုး ရှိပါတယ်။ အရိုးပါးတာ အရိုးပွတာ အရိုး သိပ်သည်းဆ ကျဆင်းလာ အရိုးကျိုးတာ အရိုးအက်တာ အရိုးကင်ဆာ အဆစ်ရောင်နာ အဆစ်လွဲတာ အရွတ်ရောင်တာလိုမျိုး ကျန်းမာရေး […]

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး ကို ရှာဖွေမည်။

အခြား အရိုးရောဂါများ

ဒါတွေက အရိုးကို ထိခိုက်စေတယ်ဆိုတာ သင်သိပါသလား

အရိုးအဆစ်တွေကျန်းမာမှ ဒီခန္ဓာကိုယ်တစ်ခုလုံးကိုသယ်ပိုးပြီး လှုပ်ရှားလုပ်ကိုင်နိုင်မှာပေါ့။ ဒီလိုကျန်းမာဖို့က အရိုးအဆစ်အတွက်ဆိုပြီးကယ်လ်စီယမ်တွေချည်း လိုက်ရှာနေရုံလောက်နဲ့ မရပါဘူး။ ဆောင်သင့်တာဆောင်ပေမယ့်လည်း ရှောင်သင့်တာရှောင်နိုင်ဖို့ လိုအပ်တာမို့ ဒီဆောင်းပါးနဲ့အကြံပြုလိုက်ပါတယ်။ (၁) အငန်စားများတာ အငန်စားတာများလေ အရိုးပါးအရိုးပွလေပါပဲနော်။ Asia Pacific Journal of Clinical Nutritionမှာ ၂၀၁၆ ခုနှစ်က ဖော်ပြခဲ့တဲ့ သုတေသနအရ အငန်များတာတွေစားတဲ့သူတွေဟာ အရိုးပွရောဂါပိုအဖြစ်များတယ်လို့ သိရပါတယ်။ ပေါင်မုန့်၊ ချိစ်၊ အာလူးကြော်တို့မှာ အရသာမငန်လည်း အငန်ပါဝင်မှုများပါတယ်။ (၂) ရုပ်ရှင်အကြာကြီးကြည့်တာ ကိုယ်ကြိုက်တဲ့ရုပ်ရှင်ကို ထိုင်ကြည့်ရင်းကြည့်ရင်း တီဗီရှေ့တစ်နေကုန်သွားတာမျိုး ရှိတတ်ပါတယ်။ ဒါပေမယ့် ဒီလိုမလှုပ်ရှားဘဲ စားလိုက်ကြည့်လိုက်လုပ်နေတာ အဝလွန်တဲ့အန္တရာယ်တစ်ခုတည်းမဟုတ်ပါဘူး။ ကိုယ်လက်လှုပ်ရှားမှုက သင့်ကိုပိုပြီးသန်မာစေပါတယ်။ ခြေထောက်တွေက ခန္ဓာကိုယ်ရဲ့အလေးချိန်ကိုထမ်းပိုးပြီးအရိုးနဲ့ကြွက်သားတွေက ကမ္ဘာ့ဆွဲအားကို ဆန့်ကျင်ပြီး လှုပ်ရှားတာ အရိုးအတွက်ကောင်းပါတယ်။ (၃) စက်ဘီးအရမ်းစီးတာ စက်ဘီးစီးတာက နှလုံးနဲ့အဆုတ်အတွက်ရော၊ ခန္ဓာကိုယ်အတွက်ပါ ကောင်းတဲ့လှုပ်ရှားမှုတစ်ခုဖြစ်ပေမယ့် အရိုးအတွက်ကျတော့ရော။ အရမ်းများရင်တော့ မကောင်းပါဘူးနော်။ ကိုယ်အလေးချိန်ကို ထမ်းပိုးရတဲ့ […]


အဆစ်ရောင်ရောဂါများ

ခြေမအဆစ်မှာ ဖြစ်တတ်တဲ့ ဘူနီယွန်

ခြေမအရင်းက အဆစ်မှာ ဖုပြီး ကိုက်ခဲနာကျင်ရတယ်၊ ရောင်နေတတ်တယ်ဆိုရင်ပဲ အဆစ်နာဂေါက်ရောဂါဖြစ်နေပြီလို့ ယူဆကြပါတယ်။ ယူရစ်အက်စစ်တွေများပြီး အဆစ်မှာစုပုံလို့ အခုလိုခံစားရတာလို့ ဆေးမစစ်ဘဲ တစ်ထစ်ချ ထင်မြင်လိုက်တာပဲ များပါတယ်။ ဒါပေမယ့် ဒါကတော့ ဂေါက်မဟုတ်တဲ့ ဘူနီယွန် (Bunion) ဖု ဖြစ်ပါတယ်။ ဘူနီယွန်ဆိုတာ ခြေမအရင်းက အဆစ်မှာဖြစ်လာတဲ့ အရိုးဖုထုံးတစ်ခုဖြစ်ပြီး ဆေးပညာအရ metatarsophalangeal (MTP)joint လို့ခေါ်ပါတယ်။ သူက အချိန်အကြာကြီးတဖြည်းဖြည်းနဲ့ဖြစ်လာပြီး နောက်ဆုံး ကြီးလာတယ်၊ သိသိသာသာငေါထွက်လာပါတယ်။ သူ့ဘေးက ခြေချောင်းအဆစ်ကိုလည်း ဆက်ကူးစေတယ်။ ဂေါက်နဲ့ဘာကွာလဲဆိုတော့ ဂေါက်ဆိုရင် တခြားအဆစ်တွေမှာပါ နာကျင်ကိုက်ခဲလာနိုင်တယ်၊ အဆစ်တစ်ခုလုံးရောင်ရမ်း၊နီရဲ၊ပူနွေးလာနိုင်တယ်။ ဘူနီယွန်မှာကျတော့ ခြေမအရင်းအဆစ် အပြင်ကို ဖုထွက်နေပြီး ရောင်လာကိုက်လာမယ်၊ အသားမာတက်မယ်၊ ခြေမ လှုပ်ရှားရခက်စေတယ်။ ဒီလက္ခဏာတွေ ဖြစ်လာမယ် သူ့ရဲ့အထင်ရှားဆုံးလက္ခဏာက ခုနပြောသလို ခြေအဆစ်မှာ မာကျောတဲ့ဖုတစ်ခုဖြစ်လာတာပါ။ အဲဒီဖုက နာကျင်ရမယ်၊ […]


အခြား အရိုးရောဂါများ

အရိုးနုလေးတွေ ကျန်းမာစေဖို့

ခန္ဓာကိုယ်ကို အရိုး၊ ကြွက်သား၊ အကြော၊ အရွတ်၊ အရိုးနုတို့နဲ့ ဖွဲ့စည်းထားတာပါ။ ဒီအစိတ်အပိုင်းတွေအားလုံး ကျန်းမာပြီး ကိုယ့်တာဝန်ကိုယ်ကျေမှ ခန္ဓာကိုယ်က အကောင်းဆုံးလှုပ်ရှားနိုင်မှာပါ။ အဆစ်နေရာတွေကိုကောင်းကောင်းကွေးနိုင်ဆန့်နိုင်စေဖို့အတွက် အဓိကလုပ်ဆောင်နေတဲ့ အစိတ်အပိုင်းလေးတစ်ခုလည်းရှိပါတယ်။ ဒါကတော့ အရိုးနုပါ။ အရိုးနုလေးတွေ ကျန်းမာနေလို့သာ ခန္ဓာကိုယ်က အဆစ်တွေကို အကောင်းဆုံးအသုံးချပြီးကွေးနိုင်ဆန့်နိုင်တာပါ။ ဒီတစ်ခေါက်တော့ ကွေးလိုက်ဆန့်လိုက်တိုင်းမှာ အဆစ်ထဲက နာတာ ၊ တကျွတ်ကျွတ်မြည်သံတွေထွက်တာကနေကင်းဝေစေဖို့အတွက် အရိုးနုလေးတွေ ကျန်းမာအောင် စားပေးသင့်တဲ့ အစားအစာလေးတွေအကြောင်းပြောပြပေးပါရစေနော်။ အရိုးနုက ဒီလောက်ထိအရေးပါတာပါ အရိုးနုဆိုတာ ခန္ဓာကိုယ်အတွက် မရှိမဖြစ်အရေးပါတဲ့ အစိတ်အပိုင်းတွေထဲက တစ်ခုပါ။ တွယ်ဆက်တစ်ရှူးလို့သိထားကြပြီး ခန္ဓာကိုယ်နေရာအနှံ့မှာရှိနေနိုင် ပါတယ်။ အရိုးနုလေးတွေ ကျန်းမာကောင်းမွန်နေလို့သာ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို လိုသလို အကွေးအဆန့်လုပ်ပြီး လှုပ်ရှားနိုင်နေတာပါ။ တကယ်လို့ အရိုးနုလေးတွေသာ ထိခိုက်ပျက်စီးသွားမယ်ဆိုရင်ရောင်ရမ်းနာကျင်တာ၊ အကြောတွေတင်းတောင့်နေတာ၊ နာကျင်တာတွေခံစားရနိုင်ပါတယ်။ ဒီအခြေအနေကနောက်ပိုင်းမှာ အဆစ်အမြစ်တွေရာင်ရမ်းနာကျင်တာမျိုးအထိဖြစ်စေနိုင်ပါတယ်။ အရိုးနုလေးတွေကျန်းမာစေဖို့ ဘာတွေစားရမလဲ ပဲတောင့်ရှည် ပဲတောင့်ရှည်က နာကျင်ရောင်ရမ်းမှုကိုလျော့ပါးသက်သာစေနိုင်တဲ့ […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

ဒူးနာတာ ကို ကုသတဲ့နေရာမှာသုံးတဲ့ ဒူးဆစ်ထဲထိုးသွင်းတဲ့ ဆေးရည်တွေ ဆိုတာ ဘာလဲ ။ ။

ဒူးနာ လို့ ဆေးခန်းသွားရင် ဒူးနာတာကို သက်သာစေဖို့အတွက် ဆေးရည်တွေ ဒူးဆစ်ကြားထဲ ထိုးသွင်းတဲ့ကုသမှု မျိုးခံယူဖူးပါသလား။ အရပ်ထဲမှာဆိုရင် ဒူးခေါင်းက အဆီတွေ ခန်းသွားလို့ ဒူးခေါင်းထဲ အဆီတွေ ထိုးထည့်ပေးတယ်လို့ သိကြပါတယ်။ သူတို့တွေ သိကြတဲ့ အဆီပုလင်း ထိုးဆေးတွေ ဆိုတာ ဘာတွေလဲ။ ဒူးနာတာကို သူတို့က ဘယ်လို သက်သာစေတာလဲ ။ ။ ဒူးနာတာ ဘာကြောင့် ဖြစ်ရတာလဲ။ ။ ဒူးနာတာကို ကုသတဲ့နည်းကိုမပြောခင် ဒီလို ဒူးနာတာ ဘာကြောင့်ဖြစ်ရတာလဲဆိုတာကို အရင်ပြောပြချင်ပါတယ်။ ဆေးပညာအရဆို ဒီလို ဒူးနာတာကို Osteoarthritis လို့ခေါ်ကြပါတယ်။ Osteoarthritis အဓိပ္ပါယ်က အရိုးအဆစ်တွေ ရောင်တယ်လို့ ပြောတာပါ။ ဒီလို ဖြစ်ရတာ လှုပ်ရှားရတာ ချောမွေ့မှုရှိစေဖို့ ဒူးခေါင်းအရိုးကို ဖုံးထားပေးတဲ့ အရိုးနုလေး ကွဲသွားတာကြောင့် […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ခါးနာတဲ့ ဝေဒနာကို သက်သာစေနိုင်မယ့် နည်းလမ်းကောင်းတွေ

ခါးနာတဲ့ ပြဿနာကို လူတော်တော်များများ ခံစားဖူးကြမယ် ထင်ပါတယ်။ အလုပ်မှာ ပစ္စည်းအလေးကြီးတွေ မ လိုက်တဲ့အခါ၊ အားကစားလုပ်နေရင်း ထိခိုက်မိတာ၊ ထိုင်တဲ့ ခါးအနေအထား ပုံစံမမှန်တာ အစရှိတဲ့ အကြောင်းရင်းတွေကြောင့် ခါးနာနိုင်ပါတယ်။ ရိုးရိုးခါးနာတာပဲ ဆိုပြီး ပေါ့ဆလို့တော့မဖြစ်ပါဘူး။ ခါးနာတာကို သေချာမကုသပဲ ပစ်ထားလိုက်မယ်ဆိုရင် နေ့စဉ်ဘဝနဲ့ လုပ်ငန်းဆောင်တာကိုပါ ထိခိုက်စေနိုင်တဲ့အပြင် နာတာရှည် အဆစ်ရောင်ရောဂါ စွဲကပ်သွားသည်အထိ ဖြစ်လာနိုင်ပါတယ်။ အခုပြောပြပေးမယ့် နည်းလမ်းတွေဟာ ခါးနာဝေဒနာကို သက်သာစေဖို့အတွက် ဖြစ်ပြီး အချိန်ကြာသည်အထိ လုံးဝမသက်သာလာဘူးဆိုရင်တော့ အရိုးဆရာဝန်နဲ့ သေချာပြသကြည့်ဖို့ အကြံပေးချင်ပါတယ်။ ခါးနာဝေဒနာ သက်သာစေမယ့် နည်းလမ်းများ ၁။ ရေခဲအိတ်နဲ့ ရေနွေးအိတ် ကပ်ပေးပါ။ ခါးနာဝေဒနာကို အမြန်ဆုံး သက်သာစေနိုင်တဲ့ အိမ်တွင်းနည်းလမ်းကောင်းဖြစ်ပါတယ်။ ခါးနာကာစမှာ ရေနွေးအိတ်အစား ရေခဲအိတ်ကိုသာ အသုံးပြုသင့်ပါတယ်။ ရေခဲအိတ်မရှိဘူးဆိုရင်လည်း အဝတ်ထဲမှာ ရေခဲအနည်းငယ်ထည့်ပြီး ကပ်ပေးလို့ […]


အခြား အရိုးရောဂါများ

ပရိုတင်း နဲ့ အရိုးကျန်းမာရေး

အရိုးတွေက ခန္ဓါကိုယ်ကိုကောင်းကောင်းရပ်တည်နိုင်အောင်ထောက်မထားတဲ့ အရာတွေပေါ့။ အရိုးတွေကောင်းနေလို့ကောင်းကောင်းသွာလာနိုင်နေတာပါ။ ဒီတော့အရိုးတွေကျန်းမာရေးနဲ့ပတ်သက်ပြီး ဘာတွေသိထားပြီလဲ။ ကယ်လ်ဆီယမ် နဲ့ ဗီတာမင် D တို့က အရိုးအတွက်ကောင်းတယ်ဆိုတာကို ကျန်းမာရေးဆောင်းပါးတွေ၊ ကြော်ငြာတွေထဲမှာ ဖန်တရာတေအောင်သိထား၊ ကြားထားပြီးဖြစ်မှာပါ။ ဒါဆို ပရိုတင်းကရော အရိုးအတွက်ဘာတွေသက်ရောက်မှုရှိစေလဲဆိုတာကို သိချင်တယ်ဆိုရင် ဒီဆောင်းပါးလေးဖတ်ရင်း ဆန်းစစ်ကြည့်ပါ။ ပရိုတင်း နဲ့ အရိုးကျန်းမာရေး ခန္ဓါကိုယ်ကြံ့ခိုင်သန်စွမ်းစေဖို့၊ ခန္ဓါကိုယ်က ကယ်လ်ဆီယမ်ကို စုပ်ယူနိုင်စေဖို့အတွက် ပရိုတင်းကအထောက်အပံ့ပေးပါတယ်။ ဒါပေမယ့် အရိုးကျန်းမာရေးအပေါ် ပရိုတင်းက ဘယ်လိုမျိုးသက်ရောက်မှုရှိနေလဲဆိုတာကို သိတဲ့သူက ရှားပါတယ်။ ပရိုတင်းက ခန္ဓါကိုယ်ကျန်းမာသန်စွမ်းဖို့ လိုအပ်တယ်ဆိုပေမယ့် ပရိုတင်းအရမ်းများတဲ့ အစားအစာတွေက အရိုးတွေအတွက် ဘယ်လိုအထောက်အကူပေးလဲဆိုတာကိုတော့ သိပ်မသိကြပါဘူး။ ပရိုတင်းက ကြွက်သားတွြေဖစ်ပေါ်သန်စွမ်းစေသလို အနာကျက်အောင်လုပ်ဆောင်ပေးပါတယ်။ လူတော်တော်များများလက်ခံထားတာကလည်း ပရိုတင်းက ခန္ဓါကိုယ်အတွက်ကောင်းကျိုးပြုတဲ့ဓါတ်တစ်ခုအနေနဲ့ပေါ့။ ဒါဆို ပရိုတင်းပါဝင်တဲ့ အစားအစာတွေက အရိုးတွေကို ထိခိုက်စေနိုင်တာလား ဒါမှမဟုတ် အရိုးတွေကို အထောက်အကူပြုပေးတာလား။ ကျန်းမာရေးကောင်းတဲ့လူတစ်ယောက်အနေနဲ့ […]


အရိုးအကြောခွဲစိတ်ကုသမှုများ

ဒူးပြဿနာကြောင့် စိတ်ညစ်နေရတယ်ဆိုရင် ဒူးအစားထိုးကုသမှု ခံယူနိုင်ပါတယ်

လူတွေက အရာတစ်ခုခုကိုပိုင်ဆိုင်ထားတုန်းမှာ တန်ဖိုးကို သိပ်သတိမထားတတ်ကြပါဘူး။ လမ်းလျှောက်လို့ရနေတုန်းမှာ ခြေထောက်တွေရဲ့ တန်ဖိုးကို သိပ်မသိကြပါဘူး။ ထိခိုက်မှုတစ်ခုကြောင့်ဖြစ်ဖြစ် မတော်တဆဖြစ်ရပ်တစ်ခုကြောင့်ဖြစ်ဖြစ် ခြေထောက်အသုံးပြုရခက်ခဲတဲ့အချိန်မျိုးနဲ့ ခြေထောက်လှုပ်ရှားလို့မရတော့တဲ့အချိန်မျိုးမှာမှ ပေါ့ပေါ့ပါးပါးလမ်းလျှောက်ခဲ့ချိန်တွေကို သတိရမိတတ်ကြတာပါ။ အခုတစ်ခေါက်တော့ ဒူးမကောင်းတာကြောင့် ထိုင်ပြီးရင် ထရခက်တာ၊ လမ်းလျှောက်ရတာအဆင်မပြေတာ၊ လှေကားအတက်အဆင်းလုပ်ရခက်နေသူတွေအတွက် ဒူးခေါင်းအစားထိုးကုသမှုအကြောင်းပြောပြပေးမယ်နော်။ ဒူးအစားထိုးကုသဖို့လိုအပ်မယ့် အခြေအနေတွေက နာတာရှည်ဒူးနာကျင်မှုဝေဒနာေကြာင့် ဒူးအဆစ်ပြင်းပြင်းထန်ထန်ထိခိုက်မိတာ မတော်တဆထိခိုက်မှုတစ်ခုခုကြောင့် ဒူးထိခိုက်မိတဲ့အခါ အရိုးပွေရာဂါကြောင့် ဒူးဆစ်နာကျင်မှုဖြစ်တဲ့အခါ ဒူးအစားထိုးကုသမှုဆိုတာ ဒူးဆစ်မှာထိခိုက်မိတဲ့အခါမျိုး၊ လေးဖက်နာေရာဂါကြောင့် ဒူးဆစ်ထိခိုက်သွားတဲ့အခါမျိုး၊ အရိုးပွရောဂါကြောင့် ဒူးဆစ်မှာထိခိုက်မိတဲ့အခါမျိုး နဲ့ အရိုးအဆစ်ေတွရောင်ရမ်းတာကြောင့် ဒူးကွေးရဆန့်ရ သွားလာလှုပ်ရှားရခက်တဲ့အခြေအနေမျိုးမှာ တော့ ဒူးခေါင်းအစားထိုးကုသမှုတွေလုပ်ဖို့လိုအပ်မှာပါ။ အရိုးအဆစ်ကိုထိခိုက်စေနိုင်တဲ့ ရောဂါတွေနဲ့ အရိုးအဆစ်တွေကိုထိခိုက်ထားတဲ့ ဒဏ်တွေက အချိန်ကြာလာတာနဲ့အမျှ အဆစ်တွေနဲ့ အဆစ်တဝိုက်မှာရှိတဲ့ တစ်ရှုးတွေကိုထိခိုက်စေနိုင်ပါတယ်။ ဒီလိုမျိုးအခြေအနေတွေဖြစ်လာတဲ့အခါ နေ့စဉ်လုပ်ဆောင်နေကျအလုပ်တွေကို မလုပ်နိုင်တော့တာမျိုးအထိဖြစ်နိုင်ပါတယ်။ ထိုင်ဖို့ ထဖို့ခက်နေသလို လှဲဖို့ဆိုတာတောင်တော်တော်လေးခက်တာမျိုးကြုံရနိုင်ပါတယ်။ ဒီလိုအချိန်မှာ အကောင်းဆုံးဖြေရှင်းနိုင်မယ့်နည်းလမ်းတစ်ခုက ဒူးခေါင်းအစားထိုးကုသတဲ့နည်းလမ်းပါ။ ဒူးအစားထိုးကုသမှုက […]


အခြား အရိုးရောဂါများ

သင့်အရိုးသန်မာစေဖို့ ဒါတွေ ရှောင်ကြဉ်ကြပါစို့ ။ ။

အရိုးဆိုတာ ကိုယ်ခန္ဓါတစ်ခုလုံးမှာ အသန်မာဆုံးအရာတွေလို့ ပြောလို့ရပါတယ်။ ဒီလိုသန်မာတဲ့ အရိုးတွေဟာ သင့်ကြောင့် တဖြည်းဖြည်းယိုယွင်းလာတယ်ဆိုတာ သင်သိပါသလား။ ဒါဆို သင့်အရိုးသန်မာမှုကို ဖျက်စီးနေတဲ့ သင် အမှတ်တမဲ့ လုပ်မိနေတဲ့ အကြောင်းအရာတွေက ဘာတွေလဲ ။ ။ အငန်များများစားခြင်း ။ ။ အငန်များများစားလေ ၊ ဝင်လာတဲ့ အငန်တွေကို စွန့်ထုတ်ဖို့အတွက် ကယ်လ်ဆီယမ်ကလည်း လိုက်ထွက်ရတဲ့အတွက် အရိုးအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်တွေ လျော့ကုန်ပါတယ်။ ဒါ့ကြောင့် အရိုးကိုလည်း ပျက်စီးစေတတ်၊ သွေးတိုးရောဂါကိုပါ ဖြစ်စေတတ်တဲ့ အငန်ဓါတ်ကို လျှော့စားတာကသာ အကောင်းဆုံးပါ။ အထိုင်များခြင်း။ ။ သန်မာတဲ့ အရိုးတစ်ခုရဖို့အတွက် ေလ့ကျင့်ခန်းတွေလုပ်ပေးဖို့၊ လှုပ်ရှားမှုတွေ များများလုပ်ပေးဖို့ လိုအပ်ပါတယ်။ ကမ္ဘာမြေရဲ့ ဆွဲအားကို ဆန့်ကျင်ပြီး လေ့ကျင့်ခန်းလုပ်ပေးလေလေ အရိုးနဲ့ ကြွက်သားတွေ သန်မာလေလေပါပဲ။ တစ်နေကုန် ထိုင်ခုံမှာပဲထိုင်ခုံမှာပဲထိုင်နေတာက […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

လှုပ်မယ်ကြံတိုင်း အဆစ်အမြစ်တွေ တောင့်တင်းနာကျင်နေတာ ဘာကြောင့်လဲ

ငြိမ်နေတော့အကောင်းသား လှုပ်ရှားလိုက်မှ အီးအဲအသံမျိုးစုံထွက်ရတာ၊ တကျွတ်ကျွတ်နဲ့ အကြောအခြင်တောင့်တင်းနာကျင်နေရတာတွေ ကြုံဖူးကြမှာပါ။ ချက်ချင်းပေါ့ပေါ့ပါးပါးမလှုပ်ရှားနိုင်တာ အသက်ကြီးသူတွေမှမဟုတ်ပါဘူး၊ လူငယ်တွေပါဖြစ်လာတာတွေ့ရပါတယ်။ အလုပ်မှာအထိုင်များတဲ့သူတွေရှေ့ဆုံးကပေါ့။ ခါးတွေတောင့်မယ်၊ ဇက်ကြောတွေတောင့်မယ်၊ လမ်းထလျှောက်ရင်ပေါင်တွေတောင့်လို့ဖြည်းဖြည်းချင်းလှုပ်ရှားရတာမျိုး။ ရုတ်တရက်လှုပ်ရှားလိုက်တဲ့အခါ အဆစ်အမြစ်တွေ တောင့်တင်းနာကျင်နေရတဲ့ အကြောင်းရင်းတချို့ကို ဆက်ပြီးဖတ်ကြည့်လိုက်ပါဦး။ အသက်ကြီးလာလို့ အသက်အရွယ်ကြီးလာတာနဲ့အမျှ အရိုးထိပ်မှာအကာအကွယ်ပေးထားတဲ့အရိုးနုလွှာက စတင် ခြောက်သွေ့ပြီးတောင့်တင်းလာပါတယ်။ အရိုးအဆစ်တွေကိုချောမွေ့စွာလှုပ်ရှားနိုင်ဖို့ခန္ဓါကိုယ်က ထုတ်ပေးနေကျsynovial fluidတွေလျော့နည်းလာလို့ဖြစ်ပါတယ်။ ဒါ့ကြောင့် လှုပ်ရှားတဲ့အခါ အဆင်မပြေတော့ဘဲ ဂျိုးဂျိုးဂျွတ်ဂျွတ်တွေ အသံမြည်လာတာပေါ့။ မနက်အိပ်ရာထချိန်မို့လို့ နာရီအတော်ကြာအိပ်ပျော်နေတဲ့အခါ အရိုးအဆစ်တွေလှုပ်ရှားမှုလွယ်ကူစေဖို့ထုတ်ပေးတဲ့synovial fluidအရည်ဓါတ်က လုပ်ဆောင်ချက်သိပ်မရှိပါဘူး။ ဒါ့ကြောင့် အိပ်ရာထကာစမှာ ဒူးတွေ၊ လက်တွေ လှုပ်ရှားရတောင့်တင်းနေတာပေါ့။ အိပ်ရာထမှာ အညောင်းဆန့်တာ၊ အကြောလျှော့တာတွေလုပ်ကြတာ ဒါကြောင့်ပါ။ အရိုးအဆစ်နာရောဂါဖြစ်လို့ အရိုးတွေကြားကအဆစ်မှာ ဖုံးအုပ်ထားတဲ့အရိုးနုလွှာ ပါးလာတဲ့အခါ ဒါမှမဟုတ် ထိခိုက်ထားတဲ့အခါ အရိုးတွေကြားမှာပွတ်တိုက်မိပြီး နည်းနည်းချင်း ပွန်းစေနိုင်ပါတယ်။ အကိုက်အခဲပျောက်ဆေးလွန်ကဲလို့ အရိုးအဆစ်နာအတွက် အကိုက်အခဲပျောက်ဆေး၊ အရောင်ကျဆေးလို့ အလွယ်တကူသောက်လို့ရတဲ့ဆေးတွေကိုအားကိုးကြပါတယ်။ ဒါမှမရရင် ဆရာဝန်တွေက ထိုးဆေးပေးနိုင်ပါတယ်။ အကိုက်အခဲပျောက်ဆေးတွေအလွန်အကျွံသုံးစွဲရတဲ့အခါ ကြွက်သားတွေကိုအားနည်းစေနိုင်ပါတယ်။ လေးဘက်နာအဆစ်ရောင်ေကြာင့် လက်ကောက်ဝတ်နဲ့လက်ချောင်းအဆစ်တွေမှာ […]


အခြား အရိုးရောဂါများ

ကျောရိုးထိခိုက်ခြင်းအတွက် သင်ဘာတွေသိထားသလဲ

ခါးနာနေတယ်၊ လှုပ်ရှားလို့မကောင်းဘူး။ ကြာကြာမထိုင်နိုင်ဘူးဆိုတဲ့ ညည်းသံက ခဏခဏကြားရတတ်ပါတယ်။ ခါးနာတယ်ပဲ သိကြတာ။ကျောရိုးမှာ ဘာပြဿနာရှိနေလဲ၊ ခါးနာရတဲ့အကြောင်းရင်းကဘာလဲဆိုတာကရောဂါရှာဖွေစစ်ဆေးမှသာ သိနိုင်ကြမှာပါ။ ဘယ်လိုနည်းနဲ့ စစ်ဆေးမလဲ ခါးနာခြင်းအတွက် ရောဂါရှာဖွေစစ်ဆေးတဲ့အခါ အဓိကနည်းလမ်းသုံးမျိုးရှိနိုင်ပါတယ် - ဓါတ်မှန်ရိုက်မယ်။ကျောရိုးမကြီးနဲ့ အရိုးအဆစ်တည်ဆောက်ပုံအခြေအနေ၊ ခါးဆစ်ရိုးပုံမှန်ရှိ၊ မရှိ၊ အကျိတ်ရှိ၊ မရှိ၊ ကျိုးအက်နေတာရှိ၊ မရှိ အသေးစိတ်သိနိုင်ဖို့ ဓါတ်မှန်ရိုက်စစ်ဆေးရပါတယ်။ CT scan စစ်ဆေးမယ်။ခါးဆစ်ရိုးကျွံခြင်းလား ဒါမှမဟုတ် ခါးရိုးဆစ်ကျဉ်းခြင်းလား စသည်ဖြင့်ရောဂါအခြေအနေကို အတိအကျသိနိုင်ဖို့ CT Scan စစ်ဆေးရပါတယ်။ MRI ပုံရိပ်ဖော်စစ်ဆေးမှုခံယူမယ်။MRI နဲ့ဆို ခါးရိုးဆစ်တွေနဲ့ အာရုံကြောတွေအတွက် အသေးစိတ်သိရှိနိုင်မယ်။ အများအားဖြင့်တော့ MRI scan ကို ခွဲစိတ်မှုမတိုင်ခင် စစ်ဆေးကြပါတယ်။ ခါးရိုးဆစ်၊ကျောရိုးပြဿနာတွေအတွက်ရောဂါရှာဖွေအတည်ပြုနိုင်ဖို့ တခြားခေတ်မီစစ်ဆေးမှုနည်းလမ်းတွေလည်း ရှိပါသေးတယ်။ ဘယ်လိုကုသမလဲ (၁) ဆေးဝါးများ ခါးနာ၊ကျောရိုးနာတဲ့အခြေအနေပေါ်မူတည်ပြီး နာကျင်မှုသက်သာဖို့ သောက်သုံးနိုင်တဲ့ဆေးဝါးတွေကို ဆရာဝန်က ညွှန်ကြားပါလိမ့်မယ်။ လတ်တလောခါးနာပျောက်စေမယ့် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း