အခြားခံတွင်းရောဂါ ပြဿနာများ

အခြားခံတွင်းရောဂါ ပြဿနာများ သည် အမျိုးအစားအများကြီး ရှိတဲ့အတွက် တစ်မျိုးစီရဲ့ ထူးခြားချက်နဲ့ လက္ခဏာတွေကို လေ့လာထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြားခံတွင်းရောဂါ ပြဿနာများ

ဗီတာမင် B12 ချို့တဲ့ ခြင်းနှင့် ကျီးကန်းပါးစပ်

ခုလိုကာလမျိုးမှာ ရာသီဥတုကြောင့်ရော စားသောက်နေထိုင်မှုပုံစံကြောင့်ပါ ကျီးကန်းပါးစပ် (Angular Cheilitis) လို ဝေဒနာမျိုးကို ကြုံရတတ်ပါတယ်။ ဒီဝေဒနာဟာ ဗီတာမင် B12 ချို့တဲ့ မှုရဲ့ အရေးပါတဲ့ လက္ခဏာတစ်မျိုးဆိုတာကိုတော့ လူသိနည်းပါတယ်။ ကျီးကန်းပါးစပ် ဆိုတာက နှုတ်ခမ်းထောင့်တွေ နီရဲအက်ကွဲကာ ပါးစပ် ဟမရ ပြုမရဖြစ်တဲ့ ဝေဒနာတစ်မျိုးပါ။ စားရသောက်ရ စကားပြောဆိုရတာမှာ အတော်လေး ကသိကအောက်နိုင်တဲ့ ရောဂါဆိုပါတော့။ ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာ မဟုတ်သော်ငြား အတော်လေးစိတ်အနှောင့်အယှက်ပေးတဲ့ ပြဿနာမျိုးလို့တော့ ဆိုရပါလိမ့်မယ်။ ပုံမှန်အားဖြင့် ဗီတာမင် B မှာ အုပ်စုဝင်အမျိုးအစား ၈ မျိုးရှိပါတယ်။ ကျီးကန်းပါးစပ် လို နှုတ်ခမ်းမှာဖြစ်တဲ့ ပြဿနာတွေဟာ ဗီတာမင် B အုပ်စုထဲက ဗီတာမင် B12 ချို့တဲ့မှုကြောင့်ဖြစ်ရတာပါ။ ဗီတာမင် B ချို့တဲ့ တဲ့အခါမှာ ရောဂါလက္ခဏာအမျိုးမျိုးပြသလေ့ရှိပြီး […]

အခြားခံတွင်းရောဂါ ပြဿနာများ ကို ရှာဖွေမည်။

အခြားခံတွင်းရောဂါ ပြဿနာများ

Dental Erosion (သွားကြွေလွာများဆုံးရှုံးသွားခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Dental Erosion (သွားကြွေလွာများဆုံးရှူံသွားခြင်း) ကဘာလဲ။ အက်စစ်ကြောင့် သွားကြွေလွှာပျက်စီးဆုံးရှူံးသွားခြင်း ဖြစ်ပါတယ်။ သွားကြွေလွှာက အောက်မှာရှိတဲ့ ကျစ်လျစ်သိပ်သည်းတဲ့တစ်ရှူးအထိမခံတဲ့တစ်ရှူးကို ကာကွယ်ပေးထားတဲ့ သွားရဲ့မာကျောတဲ့အကာအကွယ်တစ်ခု ဖြစ်ပါတယ်။ သွားကြွေလွှာပျက်စီးသွားတဲ့အခါမှာ အောက်ခံတစ်ရှူးပေလာပြီး နာကျင်မှုနဲ့အထိမခံနိုငမှုကို ဖြ်စ်စေပါတယ်။ Dental Erosion (သွားကြွေလွာများဆုံးရှူံသွားခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများDental Erosion (သွားကြွေလွာများဆုံးရှူံသွားခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ သွားကြွေလွှာပျက်စီးခြင်းက သွားအခေါင်းပေါက်တွေဖြစ်ပြီး သွားမျက်နှာပြင်နဲ့သွားစွယ်တွေ ပျက်စီးသွားခြင်းဖြ်စ်ပါတယ်။ သွားကြွေလွှာထက်ပိုပြီး အရောင်ရင့်တဲ့ပိုဝါတဲ့အောက်ခံတစ်ရှူးပေါ်လာပါတယ်။ အောက်ခံတစ်ရှူးက အထိမခံဖြစ်တာကြောင့် အအေးနဲပအပူဒါမှမဟုတ် အချဉ်ဓါတ်ပါတဲ့အစားအသောက်တွေကို ပိုပြီးခံစားရနိုင်ပါတယ်။ တွေ့ရများတဲ့လက္ခဏာတွေကတော့ အထိမခံနိုင်ဖြစ်ခြင်း – သကြားလုံးများ အပူအအေးတွေက သွားကြွေလွှာပျက်စီးခြင်း အစောပိုင်းအဆင့်မျာ ခေတ္တခဏစူးအောင့်ခြင်းကို ဖြစ်စေပါတယ်။ အရောင်ပြောင်းသွားခြင်း- သွားကြွေလွှာ့ပျက်စီးပြိး အောက်ခံတစ်ရှူးတွေ ပေါ်လြာခ်ငးက သွားတွေကိုဝါစေပါတယ်။ သွားအက်ခြင်းပဲ့ထွက်ခြင်း- သွားအစွန်းတွေက ပိုကြမ်းတမ်းပြီး မညီမညာဖြစ်လာပါတယ်။ ပြင်းပြင်းထန်ထန်နာကျင်ခြင်း – […]


အခြားခံတွင်းရောဂါ ပြဿနာများ

Oral Thrush (ခံတွင်း မှက္ခရုဆိုတာဘာလဲ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Oral Thrush (ခံတွင်း မှက္ခရု)ဆိုတာဘာလဲ။ ခံတွင်း မှက္ခရုကို ခံတွင်း မှိုပိုးဝင်ခြင်း လို့လည်း ခေါ်ပါတယ်။ ၎င်းသည် ခံတွင်းတွင် ဖြစ်သော မှိုပိုးတစ်ခုဖြစ်သည်။ မကူးစက်တတ်ပါ။ အများအားဖြင့် မှိုပိုးသတ်ဆေးများဖြင့် ကုသပျောက်ကင်းသည်။ ၎င်းသည် Candida albicans ဟုခေါ်သော မှိုတစ်မျိုး ပါးစပ်နံရံတွင် စုဝေးရာမှ ဖြစ်ပေါ်သည်။ Candida သည် ပါးစပ်တွင်ရှိသော ပုံမှန် ဇီဝသက်ရှိလေးများဖြစ်ပြီး တစ်ခါတစ်ရံတွင် အပွားလွန်ကာ လက္ခဏာများပေါ်တတ်သည်။ Oral Thrush (ခံတွင်း မှက္ခရု) က ဘယ်လောက်အဖြစ်များသလဲ ခံတွင်း မှက္ခရုသည် အလွန် အဖြစ်များပါသည်။ အမျိုးသားများထက် အမျိုးသမီးများတွင် ပိုအဖြစ်များသည်။ မည်သည့် အသက်အရွယ်မဆို ဖြစ်ပွားနိုင်သည်။ ဖြစ်ပွားနိုင်ချေမြင့်မားစေသော အကြောင်းအရာများကို လျော့ချခြင်းဖြင့် စီမံနိုင်သည်။ ပိုမိုသိရှိလိုသော အကြောင်းအရာများကို သင့်ဆရာဝန်နဲ့ တိုင်ပင်ပါ။ လက္ခဏာများOral […]


အခြားခံတွင်းရောဂါ ပြဿနာများ

ဆွဲဆောင်မှုရှိရှိ စိုပြေတဲ့နှုတ်ခမ်းသားလေးတွေရအောင် ဘယ်လိုထိန်းသိမ်းမလဲ

မျက်နှာအလှအပအတွက် အလှကုန်ပစ္စည်းမျိုးစုံသုံးပြီး ပြင်ဆင်တဲ့အခါ နှုတ်ခမ်းနီတွေဆိုးကြသလို မျက်နှာအသားအရေ ထိန်းသိမ်းဖို့အာရုံစိုက်ကြတဲ့အချိန်မှာလည်း နှုတ်ခမ်းသားအစိုဓါတ်ထိန်းပေးဖို့ကို ချန်မထားသင့်ပါဘူး။ အပြင်သွားတဲ့အခါ၊ ရုံးသွားတဲ့အခါ၊ ပွဲတက်တဲ့အခါ နှုတ်ခမ်းနီတွေဆိုးကြသလို တာရှည်ခံပြီးအရောင်စွဲတဲ့ နှုတ်ခမ်းနီအခြောက်တွေ၊ matte typeတွေဆိုးတတ်ကြပါတယ်။ အဲဒီလို ဆိုးပါများလာတဲ့အခါ ပျက်စီးလာနိုင်တဲ့ နှုတ်ခမ်းသား ကျန်းမာရေး အတွက် အလေးအနက်ထည့်စဉ်းစားဖို့လိုလာပါတယ်။ ဘယ်အလှကုန်ကိုမဆို ရေရှည်အသုံးပြုတဲ့အခါ အသားအရေကိုပြန်လည်ထိန်းသိမ်းပေးရပါတယ်၊ အထူးသဖြင့် အမြဲမိတ်ကပ်ပြင်ဆင်နေရတဲ့သူတွေဆိုရင် ပိုသတိထားရပါတယ်။ ဘယ်လိုပဲပြင်ဆင်ပါစေ နှုတ်ခမ်းနီကမပါမဖြစ်ဖြစ်နေတာကြောင့် နှုတ်ခမ်းသားကို မထိခိုက်ရအောင် ဘယ်လိုထိန်းသိမ်းကြမလဲ။   နှုတ်ခမ်းကို သန့်ရှင်းအောင်ထားပါ နှုတ်ခမ်းဟာ အစားအသောက်တွေအပြင် လေထုထဲက ဖုန်မှုန့်နဲ့အညစ်အကြေးတွေကိုထိတွေ့ရတာဖြစ်လို့ နှုတ်ခမ်းသန့်ရှင်းရေးကို ထိန်းသိမ်းဖို့အရေးကြီးပါတယ်။ ဒါ့ကြောင့် နှုတ်ခမ်းကိုသန့်စင်ပေးပါ။ နှုတ်ခမ်းသားပေါ် ပျားရည်နဲ့ပွတ်သုတ်ပေးတာက သန့်ှရှင်းစင်ကြယ်စေတဲ့အပြင် စိုပြေလန်းဆန်းစေပါတယ်။   lip balm သုံးပါ နှုတ်ခမ်းကလေနဲ့ထိတွေ့ရင်ခြောက်သွေ့လွယ်တာကြောင့်ရေဓါတ်ထိန်းသိမ်းနိုင်ဖို့lip balm ပုံမှန်သုံးပေးပါ။lip balm ကို သွားလေရာယူသွားပြီးလိုအပ်တဲ့အချိန်တိုင်း နှုတ်ခမ်းမခြောက်အောင်ဆိုးပေးပါ။ lip balm […]


အခြားခံတွင်းရောဂါ ပြဿနာများ

သွားကိုထိခိုက်စေတဲ့ နေ့စဉ်ဘဝ အမူအကျင့် ၁၁ ခု

ခံတွင်းသန့်ရှင်းကျန်းမာရေးဟာ သွားတွေကြံ့ခိုင်စေဖို့ အရေးကြီးတဲ့အချက်ဖြစ်ပေမယ့် သင့်ရဲ့နေ့စဉ်ပြုလုပ်နေတဲ့အမူအကျင့်တွေကလည်း အရေးပါပါတယ်။ ဥပမာ -အစားအစာတွေက သွားပိုးစားခြင်းနဲ့တခြား သွားဖုံးရောဂါတွေဖြစ်စေတတ်လို့ တစ်နေ့ကိုသွားနှစ်ကြိမ်တိုက်ကြပါတယ်။ ဒါပေမယ့် သွားတိုက်ပုံ နည်းလမ်းမမှန်ရင်ကောင်းကျိုးထက် ဆိုးကျိုးတောင်ပိုများစေနိုင်ပါတယ်။နေ့စဉ် လုပ်နေကျ ဘယ်လိုအမူအကျင့်တွေက သွားကို ထိခိုက်ပျက်စီးစေနေသလဲ ကြည့်ရအောင်။ (၁) လက်သည်းကိုက်ခြင်း တချို့က စိတ်လှုပ်ရှားနေတဲ့အချိန် လက်သည်းကိုက်တတ်တယ်ဆိုပေမယ့် တချို့ကျတော့ လက်သည်းညှပ်နဲ့ညှပ်ရမှာ ပျင်းလို့ သွားနဲ့ကိုက်ပြီး တိပစ်ကြတာပါ။ လက်သည်းကိုက်ခြင်းက လက်သည်းတိုသွားဖို့ အလွယ်ဆုံးနည်းလမ်းဖြစ်နိုင်ပေမယ့် တကယ်တမ်းသင်မသိတာက သွားကို ထိခိုက်စေတယ်ဆိုတဲ့အချက်ပါပဲ။ လက်သည်းကိုက်တာက တကိုယ်ရည်သန့်ရှင်းမှုအတွက်မကောင်းတဲ့အပြင် သွားအပေါ်ယံကြွေလွှာ ကိုပါထိခိုက်စေနိုင်ပါတယ်။ လက်သည်းမကိုက်မိအောင် သတိထားဖို့အတွက် လက်သည်းအတုတပ်ခြင်း၊ အရသာခါးတဲ့လက်သည်းဆိုးဆေးဆိုးခြင်း စတဲ့နည်းလမ်းတွေနဲ့ ကာကွယ်လို့ရပါတယ်။   (၂) ပုလင်းအဖုံးတွေ၊ မုန့်ထုတ်တွေကိုသွားနဲ့ကိုက်ဖွင့်ခြင်း အာလူးကြော်စားမယ်ဆိုပါစို့။ မီးဖိုခန်းထဲဝင်ပြီး ကတ်ကြေးသွားယူရမှာထက် အာလူးကြော်ထုပ်ကို သွားနဲ့ကိုက်ဖွင့်လိုက်တာက ပိုလွယ်ပါတယ်။ ဒါပေမယ့် သင်မသိသေးတာက ဒီလိုကိုက်ဖွင့်လိုက်တဲ့အချိန်မှာ သွားကိုအလွှာကွာစေပြီး ကျိုးပဲ့စေနိုင်တယ်ဆိုတာပါပဲ။ ပုလင်းအေဖုံးတွေကို […]


အခြားခံတွင်းရောဂါ ပြဿနာများ

အသီးဖျော်ရည်တွေက သင့်သွားတွေကို ပျက်စီးစေသလား

အသီးဖျော်ရည်တွေက သင့်သွားတွေကို ပျက်စီးစေသလား ကျန်းမာရေးအထောက်အကူပြု သစ်သီးဖျော်ရည်တွေဟာ အခုနောက်ပိုင်း ဟော့ဖြစ်နေပြီး အသောက်များလာကြပါတယ်။ ဒီသစ်သီးဖျော်ရည်တွေကို နေ့စဉ်သောက်ခြင်းဟာ ကိုယ်အလေးချိန်ကျစေတယ်ဆိုပေမယ့် သွားနဲ့ခံတွင်းဆိုင်ရာ ပြဿနာတွေကိုလည်း ဖြစ်စေတယ်လို့ London Smiling သွားနဲ့ခံတွင်းအဖွဲ့အစည်းက သွားဆရာဝန် Dr Uchenna Okoye က ဆိုပါတယ်။ အဆိုပါ သစ်သီးဖျော်ရည်တွေဟာ သင့်ကို ပိန်သွယ်စေရုံသာမက ခန္ဓါကိုယ်ထဲမှာရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တဲ့အပြင် နှင်းခူလိုမျိုး အရေပြားရောဂါတွေကိုတောင် ကုသပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အဆိုပါ ကျန်းမာရေးအထောက်အကူပြု သစ်သီးဖျော်ရည်တွေဟာ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ စားသုံးမှုကို တဖက်တလမ်းက များပြားစေတဲ့အတွက် ဗီတာမင်ဓါတ်ချို့တဲ့မှုကို လျှော့ချပေးနိုင်တဲ့အပြင် အမျှင်ဓါတ်ရရှိမှုကိုလည်း များပြားစေတာကြောင့် အစာကြေဝမ်းမှန်စေတယ်လို့လည်း ဖျော်ရည်ပရိသတ်တွေက ပြောပါတယ်။ သစ်သီးဖျော်ရည်တွေဟာ ချိုလွန်းသလို အက်ဆစ်ဓါတ်လည်း ကဲလွန်းတယ်။ သစ်သီးတွေမှာ ပါဝင်တဲ့ သကြားအချိုဓါတ်ဟာ သဘာဝအလျောက် ပါဝင်နေတာဖြစ်လို့ အဆိုပါ သကြားဓါတ်ကို […]


အခြားခံတွင်းရောဂါ ပြဿနာများ

Dry Mouth (အာခံတွင်းခြောက်သွေ့ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Dry Mouth (အာခံတွင်းခြောက်သွေ့ခြင်း) ကဘာလဲ။ အာခံတွင်းခြောက်သွေ့ခြင်း (dry mouth) ဆိုတာ သင့်ရဲ့အာခံတွင်း ရုတ်တရက်ခြောက်သွေ့လာခြင်းကို ခေါ်ပါတယ်။ ဒီလိုအခြေအနေဟာ သင်စိတ်လှုပ်ရှားတဲ့အချိန် သို့မဟုတ် တံတွေး အထွက်နည်းနေချိန် စတဲ့ရေဓါတ်ခမ်းခြောက်တဲ့ အချိန်တွေမှာ များသောအားဖြင့် ဖြစ်တတ်ပါတယ်။ Dry Mouth (အာခံတွင်းခြောက်သွေ့ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများDry Mouth (အာခံတွင်းခြောက်သွေ့ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အာခံတွင်းခြောက်သွေ့ခြင်း ရဲ့ အဖြစ်အများဆုံးရောဂါ လက္ခဏာတွေကတော့ • သင့်ရဲ့ ခံတွင်း၊ လည်ချောင်း၊ လျှာ စတာတွေမှာ ခြောက်သွေ့နေတယ်လို့ခံစားရခြင်း၊ • မကြာခဏ ရေဆာခြင်း ၊ • တံတွေးချွဲပျစ်ခြင်း၊ • ခံတွင်းအနံ့မကောင်းခြင်း နဲ့ • အစားအစာများ အရသာမြည်းစမ်းခြင်း၊ အစာဝါးစားခြင်း၊ အစာမြိုချခြင်း သို့မဟုတ် […]


အခြားခံတွင်းရောဂါ ပြဿနာများ

Bruxism (သွားကြိတ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်သွားကြိတ်တယ်ဆိုတာဘာလဲ။ နေ့အချိန်မှာဖြစ်ဖြစ်၊ ညအိပ်ပျော်နေတုန်းမှာပဲ ဖြစ်ဖြစ် သင်မသိလိုက်ဘဲ အလိုအလျောက် သွားကိုကြိတ်ချေနေတာ၊ ဝါးနေတာကို သွားကြိတ်တယ်လို့ခေါ်ပါတယ်။ အိပ်နေရင်း သွားကြိတ်တာဟာ အိပ်စက်ခြင်းနဲ့ပတ်သက်တဲ့ မူမမှန်လှုပ်ရှားမှုတမျိုးပဲ ဖြစ်ပါတယ်။ ဒီလိုအိပ်နေရင်း သွားကြိတ်လေ့ရှိသူတွေဟာ တခြားအိပ်စက်ခြင်းဆိုင်ရာ မူမမှန်ပြဿနာတွေ ဖြစ်တဲ့ ဟောက်တာ ဒါမှမဟုတ် အိပ်နေရင်း ခေတ္တ အသက်ရှုရပ်ရပ်သွားတာတွေကိုပါ ခံစားရနိုင်ချေ များပါတယ်။ သွားကြိတ်တာ သိပ်မပြင်းထန်ဘူးဆိုရင် ကုသစရာမလိုအပ်ပေမယ့် တချို့လူတွေမှာဆိုရင် သွားကြိတ်တာဟာအကြိမ်ရေစိပ်လာပြီး ပြင်းပြင်းထန်ထန်လည်း ကြိတ်လာတတ်တဲ့အတွက် မေးရိုးပြဿနာ၊ ခေါင်းကိုက်တာနဲ့ သွားထိခိုက်တာတွေအပါအဝင် တခြားပြဿနာတွေကိုပါ ရင်ဆိုင်လာရစေပါတယ်။ နောက်ဆက်တွဲ ပြဿနာတွေ မပေါ်ပေါက်ခင်ထိ သွားကြိတ်တတ်မှန်း မသိဖြစ်နေတတ်တဲ့အတွက် သွားကြိတ်ခြင်းရဲ့လက္ခဏာတွေကို သိရှိနားလည်ပြီး သွားဆရာဝန်နဲ့ ပုံမှန် ပြသဖို့ဟာ အထူးအရေးကြီးလှပါတယ်။ လက္ခဏာများသွားကြိတ်တာရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ • သင့်ဘေးမှာအတူအိပ်နေတဲ့သူကိုလန့်နိုးစေလောက်အောင်ကျယ်လောင်တဲ့အသံနဲ့သွားကြိတ်ခြင်း • သွားတွေ ပြားနေခြင်း၊ကျိုးပဲ့နေခြင်း၊နဲ့နေခြင်း။ • သွားကြွေလွှာတွေပျက်စီးနေခြင်း • သွားကအထိမခံနိုင်ဖြစ်နေခြင်း • မေးရိုးဒါမှမဟုတ်မျက်နှာနာကျင်ကိုက်ခဲခြင်း • မေးရိုးကြွက်သားတွေညောင်းနေခြင်းဒါမှမဟုတ်တောင့်တင်းနေခြင်း • နားကိုက်တယ်လို့ထင်ရတဲ့ဝေဒနာခံစားရလိမ့်မယ်။ […]


အခြားခံတွင်းရောဂါ ပြဿနာများ

အဖြစ်များသော ခံတွင်းပြဿနာများ

အာခံတွင်းထဲမှာ ဘယ်ကရောက်လာမှန်းမသိတဲ့ နာကျင်မှုတွေကို သင်ခံစားဖူးပါသလား။ ဒါမှမဟုတ် တစ်ခါတလေ နှုတ်ခမ်းခြောက်တာမျိုးဖြစ်ဖူးပါသလား။ ဒါတွေကို ယေဘုယျအားဖြင့်တော့ ခံတွင်းပြဿနာတွေလို့ ခေါ်ကြပါတယ်။ လူတိုင်းဟာ တစ်ချိန်မဟုတ် တစ်ချိန်တော့ ခံတွင်းပြဿနာတွေဖြစ်ကြတာပါပဲ။ ဒါကမထူးဆန်းတဲ့ကိစ္စပါ။ လျှာ၊ သွားဖုံး၊ နှုတ်ခမ်း၊ သွားတွေ နဲ့ အာခေါင်တွေမှာလည်း ပြဿနာရှိနိုင်ပါတယ်။ ခံတွင်းနံ့ဆိုးခြင်းကိုလည်း ခံတွင်းပြဿနာလို့ယူဆနိုင်ပါတယ်။ အဖြစ်များတဲ့ ခံတွင်းရောဂါနဲ့ ပြဿနာအချို့ကို အောက်မှာဖော်ပြထားပါတယ်။ ကံကောင်းစွာနဲ့ပဲ ဖော်ပြပါအခြေအနေတွေက သူတို့ဘာသာ ပျောက်ကင်းသွားတတ်ကြတယ်လေ။ နာကျင်စေတတ်တဲ့ ရောဂါတွေ (နှုတ်ခမ်းနဲ့ နှာခေါင်းတွေမှာ နီရဲရောင်ရမ်းနာကျင်နေတတ်တဲ့ ပါးစပ်နာ နဲ့ကျိုင်းအနာလို့ခေါ်တဲ့ canker sore) ဟာ ဘက်တီးရီးယားပိုးဝင်ခြင်းကြောင့်ဖြစ်လာရတာပါ။ သင်က မတော်တဆ လျှာနဲ့ နှုတ်ခမ်းတွေကို ကိုက်မိရင် ကိုက်မိတဲ့နေရာတစ်ဝိုက်က နာကျင်ခြင်းတွေက ပိုဆိုးလာနိုင်ပါတယ်။ Cold sore တွေကတော့ နှုတ်ခမ်းလိုနေရာမျိုးတစ်ဝိုက်မှာအများဆုံးဖြစ်ပေါ်တတ်ပြီး […]


အခြားခံတွင်းရောဂါ ပြဿနာများ

လှပသောနှုတ်ခမ်းများကို ပိုင်ဆိုင်နိုင်မယ့် နည်းလမ်းကောင်းများ

အမျိုးသမီးအများစုအတွက် နှုတ်ခမ်းလေးတွေဟာ အလွန်အရေးကြီးပြီး မျက်နှာရဲ့ တန်ဖိုးရှိတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် နှုတ်ခမ်းသားတွေကို သဘာဝအတိုင်း ပန်းရောင်သန်းပြီး ပျော့ပြောင်းနေစေဖို့ နည်းလမ်းလေးတွေကို ဖေါ်ပြပေးလိုက်ပါတယ်။ ၁။ ရေ အမြောက်အမြားသောက်ပါ။ လူတိုင်း တစ်နေ့ကို ရေနှစ်လီတာလောက် သောက်ဖို့ လိုအပ်ပါတယ်။ ရေအလုံအလောက်သောက်ခြင်းဟာ တစ်နေ့တာလုံး လန်းဆန်းနေရုံသာမက နှုတ်ခမ်းနဲ့ အသားအရေ အတွက်လည်း ရေဓါတ်ဖြည့်တင်းပေးပါတယ်။   ၂။ နှုတ်ခမ်းကို လျှာနဲ့ လျက်တဲ့ အကျင့်ကို ချက်ခြင်း ရပ်လိုက်ပါ။ နှုတ်ခမ်းခြောက်လာရင် လူတွေဟာ သူတို့ရဲ့ နှုတ်ခမ်းကို လျှာနဲ့ လျက်တတ်ကြပါတယ်။ ဒါဟာ နှုတ်ခမ်းသားပျော့ပြောင်းစေဖို့အတွက် အကျိုးမရှိတဲ့အပြင် နှုတ်ခမ်းသားကို ကာကွယ်ပေးတဲ့ အလွှာတစ်လွှာကို ပျက်စီးစေပြီး ခြောက်သွေ့စေတယ်လို့ Robert Brodell က ပြောပါတယ်။ ဒီလိုလုပ်မယ့်အစား နှုတ်ခမ်းအဆီ အသုံးပြုခြင်းနဲ့ ရေလုံလောက်စွာ သောက်ခြင်းဟာ […]


အခြားခံတွင်းရောဂါ ပြဿနာများ

ခံတွင်းအနာဖြစ်ခြင်းကိုဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ။

ခံတွင်းအနာ (ပါးစပ်အနာ) ဟာ ခံစားနေရတဲ့သူမှာ ကျိန်းစပ်ခြင်း၊ ကသိကအောင့်ဖြစ်ခြင်းတွေကို ဖြစ်ပေါ်တယ်။ ထို့ကြောင့် ခံတွင်းအနာဖြစ်လာရင် ဘယ်လိုသက်သာအောင် ဖြေရှင်းနိုင်မလဲဆိုတဲ့အချက်အလက်တွေကို အောက်တွင်ဖော်ပြထားတာ ဖြစ်ပါတယ်။ ခံတွင်းအနာဖြစ်စေတဲ့ အကြောင်းအရင်းတွေကို တားဆီးပါ။ ခံတွင်းအနာဟာ မြောက်များစွာသော အကြောင်းအရင်းများကြောင့် ဖြစ်နိုင်ပါတယ်။ အကယ်၍ သင့်မှာ ခံတွင်းအနာ ခဏခဏဖြစ်နေရင် အောက်ပါအချက်အလက်များကို လိုက်နာရမှာဖြစ်ပါတယ်။ • သွားများကို ပျော့ပျောင်းသော သွားပွတ်တံနှင့် ညင်သာစွာတိုက်ပါ။ နေ့စဉ် အစားစားပြီးတိုင်း သွားကြားများကို သွားပွတ်ကြိုးနှင့် သန့်ရှင်းရေးလုပ်ဖို့ မမေ့ပါနှင့်။ • Sodium lauryl sulfate မပါတဲ့ သွားတိုက်ဆေးကို ပြောင်းသုံးပါ။ Sodium lauryl sulfote ပါတဲ့ သွားတိုက်ဆေးဟာ ခံတွင်းအနာကို ကြိမ်ဖန်များစွာ ဖြစ်ပွားစေနိုင်ပါတယ်။ • ကျောင်းစာ (သို့) အလုပ်မှ စိတ်ဖိစီးမှုများကို လျှော့ချပါ။ စိတ်ဖိစီးမှုရှိနေတဲ့အချိန် (သို့) […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း