အခြားခံတွင်းရောဂါ ပြဿနာများ

အခြားခံတွင်းရောဂါ ပြဿနာများ သည် အမျိုးအစားအများကြီး ရှိတဲ့အတွက် တစ်မျိုးစီရဲ့ ထူးခြားချက်နဲ့ လက္ခဏာတွေကို လေ့လာထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြားခံတွင်းရောဂါ ပြဿနာများ

ဗီတာမင် B12 ချို့တဲ့ ခြင်းနှင့် ကျီးကန်းပါးစပ်

ခုလိုကာလမျိုးမှာ ရာသီဥတုကြောင့်ရော စားသောက်နေထိုင်မှုပုံစံကြောင့်ပါ ကျီးကန်းပါးစပ် (Angular Cheilitis) လို ဝေဒနာမျိုးကို ကြုံရတတ်ပါတယ်။ ဒီဝေဒနာဟာ ဗီတာမင် B12 ချို့တဲ့ မှုရဲ့ အရေးပါတဲ့ လက္ခဏာတစ်မျိုးဆိုတာကိုတော့ လူသိနည်းပါတယ်။ ကျီးကန်းပါးစပ် ဆိုတာက နှုတ်ခမ်းထောင့်တွေ နီရဲအက်ကွဲကာ ပါးစပ် ဟမရ ပြုမရဖြစ်တဲ့ ဝေဒနာတစ်မျိုးပါ။ စားရသောက်ရ စကားပြောဆိုရတာမှာ အတော်လေး ကသိကအောက်နိုင်တဲ့ ရောဂါဆိုပါတော့။ ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာ မဟုတ်သော်ငြား အတော်လေးစိတ်အနှောင့်အယှက်ပေးတဲ့ ပြဿနာမျိုးလို့တော့ ဆိုရပါလိမ့်မယ်။ ပုံမှန်အားဖြင့် ဗီတာမင် B မှာ အုပ်စုဝင်အမျိုးအစား ၈ မျိုးရှိပါတယ်။ ကျီးကန်းပါးစပ် လို နှုတ်ခမ်းမှာဖြစ်တဲ့ ပြဿနာတွေဟာ ဗီတာမင် B အုပ်စုထဲက ဗီတာမင် B12 ချို့တဲ့မှုကြောင့်ဖြစ်ရတာပါ။ ဗီတာမင် B ချို့တဲ့ တဲ့အခါမှာ ရောဂါလက္ခဏာအမျိုးမျိုးပြသလေ့ရှိပြီး […]

အခြားခံတွင်းရောဂါ ပြဿနာများ ကို ရှာဖွေမည်။

အခြားခံတွင်းရောဂါ ပြဿနာများ

သွားများကို ပျက်စီးစေနိုင်သော အကြောင်းအရာ ၁၀ ချက်

သွားများကို ပျက်စီးစေနိုင်သော အကြောင်းအရာ ၁၀ ချက် နေ့စဉ်ပုံမှန်ပြုလုပ်နေကျဖြစ်သော အရာအချို့ဟာသင့်ရဲ့သွားများကို ပျက်စီးယိုယွင်းစေနိုင်ပါတယ်။ ဒီလိုမဖြစ်စေဖို့ ဘယ်လိုအကြောင်းအရာ၊ အမူအကျင့်တွေကို ရှောင်ကြဉ်သင့်သလဲဆိုတဲ့ အချက်အလက်များကိုဖော်ပြပေးမှာဖြစ်ပါတယ်။ • ရေခဲကိုဝါးစားခြင်း ရာသီဥတုအရမ်းပူပြင်းနေတဲ့အချိန်မှာ ရေခဲဝါးစားခြင်းဟာ လွန်စွာစွဲမက်စရာကောင်းပြီး နေသာထိုင်သာရှိလှပါတယ်။ ဒါပေမယ့် ကြာလာတဲ့အခါ သင့်ရဲ့သွားတွေကို ဆိုးဆိုးရွားရွားထိခိုက်စေပြီး အက်ကွဲစေတဲ့ အထိဖြစ်စေနိုင်ပါတယ်။ • သွားစွပ် (Mouth guard) မပါဘဲကြမ်းတမ်းသော အားကစားများအပြင်းအထန်ကစားခြင်း (ဥပမာ- လက်ဝှေ့ထိုးခြင်း)၊ သွားမရှိတဲ့ အပြုံးကိုမပိုင်ဆိုင်လိုရင် ပြင်းထန်တဲ့အားကစားလုပ်တိုင်း သွားစွပ်ကိုအမြဲတပ်ဆင်ပါ။ • နို့ဘူးသောက်သုံးခြင်းကို ရှောင်ကြဉ်ပါ။ ညစဉ်ညတိုင်း နို့ဘူးစုပ်သောက်ခြင်းဟာသွားများကိုပုံပန်းပျက်စေပါတယ်။ • ပါးစပ်တွင် အပေါက်ဖောက်ပြီး အလှတန်ဆာဆင်ခြင်းကို ရှောင်ကြဉ်ပါ။ ပါးစပ်ကိုအပေါက်ဖောက်ပြီး အလှတန်ဆာဆင်သူများဟာ ယခုအခါ ပေါများလာပါတယ်။ ဒါပေမယ့် ဒီလိုဖောက်ခြင်းဟာ ကူးစက်ရောဂါဖြစ်ပွားခြင်း၊ သွားများအထိမခံနိုင်အောင်ဖြစ်ခြင်းနှင့် သွားဖုံးထိခိုက်ခြင်းတို့ ဖြစ်ပွားစေနိုင်ပါတယ်။ • စေးကပ်သောဂျယ်လီများ ၊ ကပ်စေးနှဲများစားသုံးခြင်းကိုလျှော့ချပါ။ အများစုသောလူများဟာ ထိုအစားအစာများကို […]


အခြားခံတွင်းရောဂါ ပြဿနာများ

ခံတွင်းအနာ ပျောက်ကင်းအောင်ဘယ်လိုကုသမလဲ။

ခံတွင်းအနာအများစုဟာ ၁၀ရက် ၁၄ရက်အတွင်း သူ့ဘာသာအနာကျက်သွားတဲ့အတွက် သီးသန့်ကုသစရာမလိုပါ။ ဒါပေမယ့် ခံတွင်းအနာဆိုးဆိုးရွားရွားနှင့် အရမ်းနာကျင်နေပြီး နေ့စဉ်လုပ်ငန်းဆောင်တာများ (ဥပမာ- အစားစားသောက်ခြင်း) ကိုအနှောင့်အယှက်ပြုပြီဆိုရင်တော့ ကုသမှုခံယူရမှာဖြစ်ပါတယ်။ အကယ်၍ခံတွင်းအနာဟာ ရောဂါအခံတစ်ခုခုကြောင့် ဖြစ်တယ်လို့ထင်ရင်တော့အထူးကုဆရာဝန်ဆီမှာ ဆက်လက်ကုသမှုခံယူရမှာ ဖြစ်ပါတယ်။ ကိုယ်တိုင်ပြုလုပ်နိုင်သော နည်းလမ်းများ ခံတွင်းအနာလေးရှိရုံမျှရှိတယ်ဆိုရင် မြန်မြန်ဆန်ဆန်ကျက်စေဖို့ သင်ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အဆင့်တွေရှိပါတယ်။ • သွားတိုက်တဲ့အခါသွားပွတ်တံအပျော့စားကို အသုံးပြုပါ။ • ခံတွင်းအနာမကျက်မချင်း မာကြောပြီး အပူအစပ်များသော၊ အက်စစ်ပမာဏများသော အစားအသောက်များကို ရှောင်ကြဉ်ပါ။ ကြေညက်စွာ ဝါးရလွယ်သော အစားအစာ ပျော့ပျော့လေးများကိုသာ စားသုံးပါ။ • သင့်ကို စိတ်ကျေနပ်ဖွယ်၊ စိတ်အပန်းဖြေဖွယ်ပေးနိုင်သော အားကစားများ (ဥပမာ-ယောဂ၊ တရားထိုင် (သို့) လေ့ကျင့် ခန်းပြုလုပ်ခြင်း) များနှင့် စိတ်ဖိစီးမှုကို လျှော့ချပါ။ • စိတ်ဖိစီးမှုလျော့ကျစေရန် စိတ်သက်သာရစေသော နည်းလမ်းများကို ရှာဖွေဖတ်ရှုပါ။ ချွန်ထက်သောသွား (သို့) ချွန်ထက်သော စားကြွင်းစားကျန်များကြောင့် ခံတွင်းအနာဖြစ်ခဲ့ရင် […]


အခြားခံတွင်းရောဂါ ပြဿနာများ

အပြုံးလေးများ လှပစေဖို့ ဂရုစိုက်သင့်တဲ့အချက်အချို့

နှစ်လိုဖွယ်ကောင်းသောအပြုံးသည် လူ၏စိတ်ဝင်စားမှုကို ရရှိနိုင်ပြီး၊ ကောင်း သောအမှတ်လက္ခဏာတစ်ခုကို ထင်ကျန်စေနိုင်ပါသည်။ အပြုံးလေးတွေ လှပအောင်လုပ်ဖို့ကတော့ သိပ်တော့ မလွယ်ကူလှပါဘူး။ သင်ဟာ နှစ်လိုဖွယ်အပြုံးကို ရရှိနိုင်ဖို့ အောက်ပါအချက် (၁၀)ချက်ကို လိုက်နာဖို့ လိုပါတယ်။ ပြုံးလိုက်တိုင်းလှစေဖို့ ဒီအချက်လေးတွေကို ဂရုစိုက်ပေးပါ သွားကြားထဲမှာရှိတဲ့ အစာများကို သွားပွတ်ကြိုးဖြင့် နေ့စဉ် ရှင်းပါ သွားတိုက်ခြင်းသည် သွားကြားထဲတွင်ရှိသော အစာနှင့် သွားချေးအားလုံးကို မဖယ်ရှားနိုင်ပါဘူး။ သို့ပေမယ့် သွားပွတ်ကြိုးကတော့ ကူညီဖယ်ရှားနိုင်ပါတယ်။ ထိုသို့ နေ့စဉ်သွားကြားထဲရှိ အစာများကိုရှင်းလင်းခြင်းသည် သွားတွင် ကျောက်တည်ခြင်းကြောင့် ဖြစ်ပေါ်လာသော သွားနှင့်ပတ်သက်သော ရောဂါများ (ဥပမာ သွားဖုံးရိုးပျက်ဆီးခြင်း၊သွားကျိုးခြင်း၊သွားဖုံးရောင် ခြင်း)တို့ကို ကာကွယ်နိုင်ပါတယ်။ တစ်နေ့ကို သွားနှစ်ကြိမ်တိုက်ပါ သွားနှင့်သွားဖုံးများ ဖြူဖွေးကျန်းမာစေဖို့အတွက် တစ်နေ့ကို အနည်းဆုံး သွား (၂)ကြိမ်တိုက်သင့်ပါသည်။ သွားဆရာဝန်နှင့် တစ်နှစ် (၂)ကြိမ်ပြပါ သွားတွင်ကပ်ငြိနေသော အညစ်အကြေးနှင့် အစွန်းအထင်းများကို ဖယ်ရှားဖို့အတွက် သွားဆရာဝန်နှင့် တစ်နှစ် […]


အခြားခံတွင်းရောဂါ ပြဿနာများ

ခံတွင်းသန့်စင်ဆေးရည် နဲ့ ဆေးသင့်၊မဆေးသင့်။

ကျွန်ုပ်တို့အားလုံးသည် မွှေးပျံ့ချစ်ခင်ဖွယ်ကောင်းသောခံတွင်းရနံ့ကို နှစ်သက်ကြပါသည် ။ နေ့စဉ်ခံတွင်းကျန်းမာသန့်ရှင်းရေးအတွက် သွားတိုက်ခြင်းနှင့် သွားပွတ်ကြိုးဖြင့် သွားကြားထဲရှိအစာများကို သန့်ရှင်းခြင်းက လိုအပ်တယ်ဆိုတာကိုတော့ ပြောစရာမလိုပါဘူး။ ဒါပေမယ့် ခံတွင်းဆေးခြင်းကလည်း လိုအပ်တယ်ဆိုတာကိုတော့ ကျွန်ုပ်တို့ တော်တော်များများ မသိကြပါဘူး။ ခံတွင်းဆေးခြင်းက ခံတွင်းရနံ့ကို ပြောင်းလဲစေရုံသာမက ခံတွင်းကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။ ခံတွင်းသန့်စင်ဆေးရည် အသုံးပြုခြင်း၏ အကျိုးကျေးဇူးများ သွားပေါက်များမဖြစ်အောင် ကာကွယ်ခြင်း ဖလိုရိုက်ဒ် (Fluoride ) ပါသော ခံတွင်းသန့်စင် ဆေးရည်ကတော့ သွားပေါက်များ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ သွားမျက်နှာပြင်သည် အညစ်အကြေးနှင့် ကပ်ညှိနေသောအခါ ဖလိုရိုက်ဒ်ဓါတ်သည် သွားမျက်နှာပြင်ထဲသို့ စိမ့်ဝင်သွားပြီး အပေါ်ယံကြွေလွှာကို အား ဖြည့်ပေးပါတယ်။   သွားဖုံးရောဂါများ မဖြစ်အောင် ကာကွယ်ပေးခြင်း သွားဖုံးနှင့် သွားဖုံးပေါက် များသည် သွားကြားထဲရှိ အစာများ ကြောင့် ပျက်စီးနိုင်ပါတယ်။ အယ်လ်ကိုဟော (သို့) ကလိုဟက်စီဒင်း (chlorhexidine) […]


အခြားခံတွင်းရောဂါ ပြဿနာများ

သွားကျဉ်ခြင်း၏အဓိကအကြောင်းအရင်းများ

အကယ်၍ သင်သည် အေးသောအစားအစာများ စားခြင်းကို ရှောင်နေရလျှင် (သို့) အပူနှင့်ထိတွေ့ပါ က သင်၏သွားသည် နာကျင်မှုကို ခံစားနေရပြီဆို လျှင် သွားကျဉ်နေပြီဟု ပြောလို့ရပါသည်။ သင်၏ သွားကျန်းမာရေးအတွက် သိသင့်သော သွားကျဉ် ခြင်း အကြောင်းအရာများနှင့် ကုသနည်းများကို အောက်တွင်ဖော်ပြထားပါသည်။ သွားတိုက်ခြင်းအလေ့အကျင့် သွားကို အားအရမ်းသုံးပြီးတိုက်ခြင်း၊ သွားပွတ်တံအမာနှင့် တိုက်ခြင်းသည် သွား၏အပေါ်ယံကြွေလွှာကို ပျက်စီး စေပြီး သွားကျဉ်ခြင်းကို ဖြစ်ပေါ်စေပါသည်။ ထို့ ကြောင့် အအေး၊ အပူနှင့် အက်စစ်ဓါတ်ပါသော အစားအစာများကို စားသုံးသောအခါ သွားကျဉ်တာ ကို ခံစားရခြင်းဖြစ်ပါသည်။ ထိုအကြောင်းအရာအ တွက် ဖြေရှင်းနည်းကတော့ သွားပွတ်တံအပျော့နှင့် နည်းလမ်းတကျသွားတိုက်ခြင်းက ကောင်းမွန်သော နည်းလမ်း ဖြစ်ပါသည်။ သွားဖြူစေသော သွားတိုက်ဆေးသုံးခြင်း သွားဖြူစေသော သွားတိုက်ဆေးများသည် သွားကို ထိခိုက်စေနိုင်ပါသည်။ ကျွန်ုပ်တို့အများစုသည် သွားဖြူစေသော အာနိသင် […]


အခြားခံတွင်းရောဂါ ပြဿနာများ

မည်သည့်အချိန်တွင် အပူနှင့်အအေးကသင့်သွားကို နာကျင်စေသလဲ။

အကယ်၍ သင်သည် သင့်သွားနာသောကြောင့် ကော်ဖီပူပူတစ်ခွက်ကို မသောက်နိုင်လျှင် (သို့) ရေခဲမုန့်ကိုမစားနိုင်လျှင် ဒါကတကယ်ကို အနှောင့်အယှက်ဖြစ်စေမှာပါ။ အထူးသဖြင့် နေ့စဉ်လုပ်ငန်းများတွင်ဖြစ်သည်။ ဤဆောင်းပါးတွင် အထိမခံနိုင်သော သွားများ၏ အကြောင်းရင်းနှင့် ကုသမှုများကိုဖော်ပြထားပါတယ်။ သွားနာခြင်းကိုဖြစ်နိုင်သောအကြောင်းအရင်းများတွင် • သွားဆွေးခြင်း • သွားဖုံးရောဂါ • ပြင်းထန်သောသွားတိုက်ခြင်း • အက်စစ် ပါသောအစာများစားခြင်း • သွားကျိုးခြင်း • သွားဖာထားခြင်း • သွားကြိတ်ခြင်းတို့ ပါဝင်သည်။ ပုံမှန်တွင် သင့်သွား၏အပေါ်ပိုင်း(crown)ကို ကြွေလွှာဖြင့်ကာကွယ်ထားသည်။ crown သည် သွားဖုံးထက်မှ ပေါ်ထွက်နေသော အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ သွားဖုံးလိုင်း၏ အောက်တွင် သွား၏အမြစ်ကို ကာကွယ်ပေးသောcementumအလွှာရှိသည်။ Dentinအလွှာသည် ကြွေလွှာနဲ့ cementumအလွှာ နှစ်ခုလုံး၏အောက်တွင် ရှိပြီး သွား၏အလယ်အစိတ်အပိုင်းတစ်ခုဖြစ်သည်။ Dentinအလွှာကို ကြွေလွှာနှင့် cementumတို့မှ မကာကွယ်ပေးနိုင်လျှင် အပူ၊ အအေး အစားအစာများစားလျှင် နာကျင်စေပါသည်။ သင့်သွား အထိမခံနိုင်သောအကြောင်းပေါ်မူတည်၍ ကုသမှုအမျိုးအစားများကို သွားဆရာဝန်မှ အကြံပြုပါမည်။ […]


အခြားခံတွင်းရောဂါ ပြဿနာများ

ထိခိုက်လွယ်သော သွားများ

အဓိပ္ပါယ်ဖွင့်ဆိုချက်Sensitive teeth (ထိခိုက်လွယ်သော သွားများ) ဆိုတာ ဘာလဲ။ သင့်မှာ ထိခိုက်လွယ်သော သွားတွေရှိနေခဲ့ရင် သွားတိုက်ခြင်း၊ သွားကြားထိုးခြင်း၊ စားသောက်ခြင်း စတဲ့ လုပ်ငန်းဆောင်တာလေးတွေကတောင်မှ သွားမှာယာယီ စူးရှနာကျင်တဲ့ခံစားမှုမျိုးကို ပေးစွမ်းနိုင်ပါတယ်။ ဒီပြဿနာဟာ သွားကြွေလွှာပျက်စီးခြင်း ၊သွားပိုးပေါက်ရှိခြင်း ၊သွားပဲ့ခြင်း၊ လတ်တလော သွားဖာထားခြင်း သို့မဟုတ် အခြားသွားကျန်းမာရေးဆိုင်ရာလုပ်ဆောင်ချက် (ဥပမာ သွားချေးချွတ်ခြင်း) တွေရဲ့ ဘေးထွက်ဆိုးကျိုးတွေလည်းဖြစ်နိုင်ပါတယ်။ လက္ခဏာများSensitive teeth (ထိခိုက်လွယ်သော သွားများ)ရဲ့ လက္ခဏာတွေက ဘာတွေလဲ။ ထိခိုက်လွယ်သော သွားများမှာ ရောဂါလက္ခဏာတွေအများကြီးရှိပါတယ်။ ခံတွင်းနာကျင်မှုနဲ့ သက်တောင့်သက်သာမရှိမှုတွေအပါအဝင်ပေါ့။ ဒါတွေက သင့်သွားဟာ အချို၊ အချဉ် သို့မဟုတ် အက်ဆစ်ပါဝင်တဲ့စားစရာ (ချိုချဉ်လုံး သို့မဟုတ် ရှောက်သီး စတဲ့ စားစရာတွေ) အပူဓါတ် နဲ့ အအေးဓါတ် တွေ(ရေခဲမုန့်၊ လေအေးကိုရှူသွင်းခြင်း သို့မဟုတ် ကော်ဖီပူပူ […]


အခြားခံတွင်းရောဂါ ပြဿနာများ

သွားကျန်းမာရေးဆိုင်ရာ ရှိုးဂရင်း ရောဂါစု

အဓိပ္ပါယ်ဖွင့်ဆိုချက်သွားကျန်းမာရေးဆိုင်ရာ ရှိုးဂရင်း ရောဂါစု (Sjőgrens syndrome) ဆိုတာဘာလဲ။ Sjőgrens syndrome ဆိုတာ ခုခံအားစနစ် ကမောက်ကမဖြစ်သွားတဲ့ ဖြစ်ရပ်ပါ။ ဒီအခြေအနေကို အဖြစ်များတဲ့ လက္ခဏာတွေဖြစ်တဲ့ မျက်လုံးခြောက်ခြင်းနဲ့ ခံတွင်းခြောက်ခြင်း ၂မျိုးနဲ့ အတည်ပြုလေ့ရှိပါတယ်။ ဒီရောဂါဟာ များသောအားဖြင့် အခြားခုခံအားစနစ်ပြဿနာတွေနဲ့တွဲပြီးဖြစ်လေ့ရှိပါတယ်။ သွေးလေးဖက်နာ၊ အရေပြားလေးဖက်နာစတဲ့ ရောဂါတွေနဲ့တွဲပြီးဖြစ်လေ့ရှိတာပါ။ ဒီရောဂါဖြစ်ရင်င် မျက်လုံးနဲ့ ပါးစပ်ထဲမှာရှိတဲ့ အကျိအချွဲတွေထုတ်ပေးနိုင်တဲ့ အမြှေးပါးနဲ့ အစိုဓါတ် စတဲ့ ဂလင်းတွေဟာ ဦးဆုံးရောဂါသက်ရောက်မှုဒဏ်ခံရတာပါ။ ရလဒ်ကတော့ မျက်ရည်နဲ့ တံတွေးထုတ်လုပ်မှုနည်းသွားတာပါပဲ။ သင်ဟာဘယ်အသက်အရွယ်ပဲရောက်ရောက်ဒီရောဂါဖြစ်နိုင်ပေမယ့် အများဆုံးကတော့ ဒီရောဂါဖြစ်တဲ့အချိန်မှာ အသက်၄၀အထက်မှာရှိနေကြတာပါ။ ဒီအခြေအနေကို အမျိုးသမီးတွေမှာပိုပြီးတွေ့ရများပါတယ်။ ကုသမှုတွေကတော့ ရောဂါလက္ခဏာတွေ သက်သာသွားစေဖို့ပဲ ဖြစ်ပါတယ်။ လက္ခဏာများသွားကျန်းမာရေးဆိုင်ရာ ရှိုးဂရင်း ရောဂါစု (Sjogren Syndrome) ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ ဒီရောဂါရဲ့အဓိက လက္ခဏာ၂ခုကတော့ • မျက်လုံးခြောက်တာ။ သင့်မျက်လုံးတွေပူနေတာ၊ယားနေတာ သို့မဟုတ် […]


အခြားခံတွင်းရောဂါ ပြဿနာများ

သွားကြိတ်ခြင်း

သွားကြိတ်ခြင်း ဆိုတာဘာလဲ။ သွားကြိတ်ခြင်း ဆိုတာ သင့်သွားတွေကို ကြိတ်ခြင်း သို့မဟုတ် အံကြိတ်ခြင်း အခြေအနေမျိုးကိုခေါ်ပါတယ်။ တကယ်လို့သင်ဟာ သွားကြိတ်တတ်သူဆိုရင် နေ့ခင်းဘက်မှာ သတိလက်လွတ် အံကြိတ်နေတတ်တာမျိုး သို့မဟုတ် ညဘက်ကို သွားကြိတ်နေတတ်တာမျိုး တွေဖြစ်တတ်ပါတယ်။ ဒီရောဂါကိုတော့ အိပ်စက်ခြင်းနဲ့သက်ဆိုင်တဲ့လှုပ်ရှားမှု မူမမှန်ခြင်းလို့ သတ်မှတ်ပါတယ်။ အိပ်စက်တဲ့အချိန်သွားကြိတ်တတ်သူတွေဟာ အခြားအိပ်စက်ခြင်းဆိုင်ရာမူမမှန်ခြင်းတွေ ဥပမာ ဟောက်ခြင်း သို့မဟုတ် အိပ်နေစဉ် အသက်ရှူခဏရပ်ခြင်း စတာတွေလည်း ရှိနေတတ်ပါတယ်။ မပြင်းထန်တဲ့ သွားကြိတ်ခြင်း တွေကတော့ ကုသဖို့မလိုပါဘူး။ ဒါပေမယ့် အချို့လူတွေမှာ ဒီပြဿနာဟာ မကြာခဏဖြစ်တတ်ပြီး မေးရိုးပြဿနာ၊ခေါင်းကိုက်ခြင်း၊သွားပျက်စီးခြင်းနဲ့ အခြားပြဿနာတွေဖြစ်လာနိုင်တဲ့ထိ ပြင်းထန်ပါတယ်။ သင့်မှာ အိပ်တဲ့အခါသွားကြိတ်တဲ့အကျင့်ရှိနေရင်တောင် အခြားပြဿနာတွေ ပေါ်မလာခင်အထိ သင်သတိထားမိမှာ မဟုတ်သေးပါဘူး။ ဒါကြောင့်သွားကြိတ်ခြင်း ရဲ့ရောဂါလက္ခဏာကိုသိဖို့နဲ့ ပုံမှန်သွားကျန်းမာရေးကို ဂရုစိုက်ဖို့က အရေးကြီးတာပါ။ သွားကြိတ်ခြင်း ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ သွားကြိတ်ခြင်း ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ • သင်နဲ့အတူအိပ်စက်တဲ့လူ […]


အခြားခံတွင်းရောဂါ ပြဿနာများ

သွားကျန်းမာရေး - ဦးခေါင်းခွံနဲ့ မေးရိုးကို ဆက်ပေးထားသော မေးရိုးဆစ်မူမမှန်ပြဿနာ

အဓိပ္ပါယ်ဖွင့်ဆိုချက်။TMJ disorder ( ဦးခေါင်းခွံနဲ့မေးရိုးကို ဆက်ပေးထားသော မေးရိုးဆစ် မူမမှန်ပြဿနာ) ဆိုတာဘာလဲ။ Temporomandibular Joints လို့ခေါ်တဲ့ TMJတွေဟာ သင့်ပါးစပ်ကို ဖွင့်လို့ပိတ်လို့ရအောင်လုပ်ပေးတဲ့ မေးရိုးဆစ် (ဦးခေါင်းခွံနဲ့မေးရိုးကို ဆက်ပေးထားသောအဆစ်) နဲ့ကြွက်သားတွေပါ။ ခေါင်းရဲ့တစ်ဖက်တစ်ချက်စီမှာရှိပြီး သင်ဝါးတဲ့အချိန်၊ စကားပြောချိန် သို့မဟုတ် မြိုချတဲ့အချိန်တွေမှာ TMJက တစ်ပြိုင်နက်အလုပ်လုပ်ပေးပြီး သူ့မှာ ကြွက်သားတွေ၊ အရွတ်တွေနဲ့ မေးရိုးတွေပါဝင်ပါတယ်။ သူတို့တွေဟာ အောက်မေးရိုး (mandible)ကိုထိန်းချုပ်ပြီး ရှေ့ကို၊နောက်ကိုနဲ့ဘေးတိုက်တွေရွေ့လျားစေပါတယ်။ TMJတစ်ခုချင်းစီရဲ့ အံခွက်(socket)နဲ့ ဂုံညင်းကြားမှာ (ball) ချပ်ပြား(disc)လေးတစ်ခုစီရှိပါတ်ယ။ ဒီdisc လေးက မေးကိုအကျယ်ကြီးဖွင့်နိုင်ဖို့ နဲ့ ရွေ့လျားနိုင်ဖို့ သက်ရောက်လာတဲ့ ဝန်တွေကို ခံပေးပါတယ်။ ကြွက်သားတွေ၊ အရွတ်တွေ၊ discs တွေနဲ့ အရိုးတွေရဲ့ ရှုပ်ထွေးတဲ့စနစ်တွေနဲ့ ပုံမှန်စနစ်တကျအလုပ်လုပ်နေတာကိုတားဆီးလိုက်တဲ့ ဘယ်ပြဿနာမဆို နာကျင်စေတဲ့ TMJ မူမမှန်ပြဿနာကိုဖြစ်စေနိုင်ပါတယ်။ လက္ခဏာများTMJ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း