အခြားခံတွင်းရောဂါ ပြဿနာများ

အခြားခံတွင်းရောဂါ ပြဿနာများ သည် အမျိုးအစားအများကြီး ရှိတဲ့အတွက် တစ်မျိုးစီရဲ့ ထူးခြားချက်နဲ့ လက္ခဏာတွေကို လေ့လာထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြားခံတွင်းရောဂါ ပြဿနာများ

ဗီတာမင် B12 ချို့တဲ့ ခြင်းနှင့် ကျီးကန်းပါးစပ်

ခုလိုကာလမျိုးမှာ ရာသီဥတုကြောင့်ရော စားသောက်နေထိုင်မှုပုံစံကြောင့်ပါ ကျီးကန်းပါးစပ် (Angular Cheilitis) လို ဝေဒနာမျိုးကို ကြုံရတတ်ပါတယ်။ ဒီဝေဒနာဟာ ဗီတာမင် B12 ချို့တဲ့ မှုရဲ့ အရေးပါတဲ့ လက္ခဏာတစ်မျိုးဆိုတာကိုတော့ လူသိနည်းပါတယ်။ ကျီးကန်းပါးစပ် ဆိုတာက နှုတ်ခမ်းထောင့်တွေ နီရဲအက်ကွဲကာ ပါးစပ် ဟမရ ပြုမရဖြစ်တဲ့ ဝေဒနာတစ်မျိုးပါ။ စားရသောက်ရ စကားပြောဆိုရတာမှာ အတော်လေး ကသိကအောက်နိုင်တဲ့ ရောဂါဆိုပါတော့။ ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာ မဟုတ်သော်ငြား အတော်လေးစိတ်အနှောင့်အယှက်ပေးတဲ့ ပြဿနာမျိုးလို့တော့ ဆိုရပါလိမ့်မယ်။ ပုံမှန်အားဖြင့် ဗီတာမင် B မှာ အုပ်စုဝင်အမျိုးအစား ၈ မျိုးရှိပါတယ်။ ကျီးကန်းပါးစပ် လို နှုတ်ခမ်းမှာဖြစ်တဲ့ ပြဿနာတွေဟာ ဗီတာမင် B အုပ်စုထဲက ဗီတာမင် B12 ချို့တဲ့မှုကြောင့်ဖြစ်ရတာပါ။ ဗီတာမင် B ချို့တဲ့ တဲ့အခါမှာ ရောဂါလက္ခဏာအမျိုးမျိုးပြသလေ့ရှိပြီး […]

အခြားခံတွင်းရောဂါ ပြဿနာများ ကို ရှာဖွေမည်။

အခြားခံတွင်းရောဂါ ပြဿနာများ

သွားများအား အရောင်စွန်းထင်းစေနိုင်သည့် အစားအစာ ၈ မျိုး

ကျွန်တော်တို့ နေ့စဉ် စားသောက်နေတဲ့ အစားအစာများဟာ ကျွန်တော်တို့သွားတွေကို အရောင်စွန်းထင်းစေနိုင်တယ်ဆိုတာ သင်သတိထားမိပါသလား။ တကယ်တော့ ကျွန်တော်တို့ဟာ သွားတွေကို အထောက်အကူပြုပစ္စည်းများ အသုံးပြုခြင်း၊ ဒါမှမဟုတ် သွားကျန်းမာရေးနဲ့ ပတ်သက်တဲ့ အလေ့အကျင့်ကောင်းများ မွေးမြူခြင်းဖြင့် ဂရုစိုက်နိုင်ပါတယ်။ ပြီးပြည့်စုံတဲ့ အပြုံးတစ်ခုကို ပိုင်ဆိုင်ဖို့ဆိုရင်တော့ ကျွန်တော်တို့ သွားတွေဟာ ဖြူဖွေးသန့်စင်ပြီး ကျန်းမာဖို့ လိုအပ်ပါတယ်။ ယခုအကြောင်းအရာမှာ ကျွန်တော်တို့သွားတွေကို အရောင်စွန်းထင်းစေနိုင်တဲ့ အစားအသောက် ၈မျိုးကို ဖော်ပြသွားမှာပါ။ လှပတဲ့အပြုံးတစ်ခုကို ပိုင်ဆိုင်ချင်ရင်တော့ အောက်မှာရေးသားထားတဲ့စာတွေကို ဖတ်ကြည့်ဖို့ လိုအပ်ပါလိမ့်မယ်။   ဘယ်ရီ ဘယ်ရီသီးတွေဟာ အရည်ရွှမ်းပြီး အဟာရရှိပေမယ့် သူ့မှာပါဝင်တဲ့ ရောင်ခြယ်ပစ္စည်းတွေကတော့ သင့်သွားတွေရဲ့ ကြွေလွှာပေါ်မှာ ကပ်ကျန်ခဲ့ပြီး သင့်သွားပေါ်မှာ ပါးလွှာတဲ့ အလွှာပါးလေးတစ်ခုလို ဖြစ်ပေါ်လာစေပါတယ်။ သင်ဟာ ဘယ်ရီသီးဖျော်ရည်သောက်သုံးမယ်ဆိုရင် ပိုက်ကို အသုံးပြုသင့်ပါတယ်။ ပိုက်တွေက ဖျော်ရည်နဲ့ သင့်သွားတွေ […]


အခြားခံတွင်းရောဂါ ပြဿနာများ

သွားဝါခြင်းဖြစ်စေနိုင်သော သင်မထင်ထားတဲ့ အကြောင်းရင်းများ

သွားဝါခြင်းဖြစ်စေနိုင်သောသင်မထင်ထားတဲ့ အကြောင်းရင်းများ လှပဖြူစင်တဲ့သွားတွေကို ပိုင်ဆိုင်နိုင်ဖို့ဟာ လူတိုင်းရဲ့အိပ်မက်ပါ။ ဒီလိုလှပဖြူစင်တဲ့ သွားတွေက ိုပိုင်ဆိုင်ရတာက ဈေးဝယ်သူတွေနဲ့ ဆက်ဆံရတဲ့အခါ၊ သို့မဟုတ် သင့်သူငယ်ချင်းတွေနဲ့ တွေ့ဆုံတဲ့အခါမျိုးတွေမှာ ကိုယ့်ကိုကိုယ်ပိုပြီး ယုံကြည်မှုရှိစေပါတယ်။ ကံမကောင်းစွာနဲ့ပဲအချို့သောစားစရာတွေနဲ့ အခြားသော ပြင်ပအကြောင်းအရာတွေကြောင့် သင့်သွားတွေဟာ သင်ထင်ထားသလောက် ဖြူစင်နေမှာမဟုတ်ပါဘူး။ ဒါတွေဟာ ဘာကြောင့်ဖြစ်ရတာလဲဆိုတာနဲ့ မဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲဆိုတာကို မသိသေးရင် ဒီစာလေးကသင့်ကို ကူညီနိုင်ပါလိမ့်မယ်။ ဖြစ်ရခြင်းအကြောင်းရင်းများ သင့်သွားတွေပျက်စီးသထက် ပျက်စီးလာစေနိုင်တဲ့ အကြောင်းရင်းတွေများစွာရှိတဲ့အထဲကမှ အချို့အကြောင်းအရာတွေကိုအောက်မှာဖော်ပြထားပါတယ်။ 1. ဆေးလိပ်သောက်ခြင်း စီးကရက်တွေနဲ့ ဆေးတံသောက်တဲ့ခါမှာ ထည့်ပေးရတဲ့ ဆေးရွက်ကြီး (tobacco products)တွေကို စွဲလမ်းနေပြီးပုံမှန်သောက်နေရင်တော့ ဒါတွေကသင့်သွားတွေကို အန္တရာယ်ပေးနိုင်ပါတယ်။ 2. ခံတွင်းသန့်ရှင်းမှုမရှိခြင်း သွားချေးတွေစုပုံလာမှုနဲ့ သွားချိုးတွေကိုဖ ယ်ရှားပစ်ဖို့အတွက် အစာစားပြီးတိုင်းမှာပုံမှန် သွားတိုက်တာ၊ ကြိုးကိုအသုံးပြုပြီး သွားကြားထိုးတာနဲ့ ပါးစပ်ဆေးတာ(အာလုပ်ကျင်းတာ)မလုပ်ဘူးဆိုရင် သင့်သွားတွေကို အရောင်ပြောင်းသွားစေပါမယ်။ 3. ဖျားနာခြင်း သွားအရောင်ပြောင်းလဲခြင်းဟာ တစ်ခါတလေမှာ ကင်ဆာဓါတုဆေးကုထုံး (သို့မဟုတ်) ကင်ဆာဓါတ်ရောင်ခြည်ဆေးကုထုံးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့်လည်း […]


အခြားခံတွင်းရောဂါ ပြဿနာများ

သွား၊သွားဖုံး ပြည်တည်နာ

Dental abscess (သွား၊သွားဖုံးပြည်တည်နာ) ဆိုတာ သွားတွေ၊သွားဖုံးတွေနဲ့ အရိုးတွေစတဲ့ ခံတွင်းထဲကနေရာတွေ ပိုးဝင်တဲ့အခါမှာဖြစ်တတ်ပြီး ပြည်တွေအစုလိုက်တည်တတ်ပါတယ်။ မှန်ကန်တဲ့ကုသမှုသာမရှိခဲ့ရင် ပြည်တည်နာ ဟာပိုဆိုးပြီး ပိုပြီးပျံ့နှံ့ လာကာ အခြားသောကျန်းမာရေးအခြေအနေတွေကိုပါ ထိခိုက်လာနိုင်ပါတယ်။ ဖြစ်နိုင်တဲ့အကြောင်းရင်းတွေကတော့ ပိုးဝင်နေတဲ့သွားကို မကုသဘဲထားမိတာ ခံတွင်းသန့်ရှင်းရေးညံ့တာ (ပုံမှန်သွားတိုက်သွားကြားထိုးခြင်းမပြုလုပ်ခြင်း) ဆေးလိပ်သောက်ခြင်း အရက်သောက်ခြင်း အစားအသောက်မညီမျှခြင်း အခြားကျန်းမာရေးအခြေအနေနဲ့ ဆေးဝါးကုသမှုများDental abscess (သွား၊သွားဖုံးပြည်တည်နာ) ရှိတဲ့သူတွေဟာ များသောအားဖြင့် ခံတွင်းထဲမှာနဲ့ မျက်နှာမှာတောင် နာကျင်မှုနဲ့ရောင်ရမ်းမှုတွေကိုခံစားရပါတယ်။ ပိုဆိုးလာတဲ့အခြေအနေမှာ ရောဂါဟာ အော့အန်ခြင်း၊ဖျားခြင်းနဲ့ ဝမ်းပျက်ခြင်း စတဲ့ ဝမ်းဗိုက်ပြဿနာတွေဖြစ်လာတတ်ပါတယ်။ အထက်ပါအချက်တွေသင်ခံစားနေရတယ်ဆိုရင် သွားဆရာဝန်ဆီသွားပြီး သွား၊သွားဖုံးပြည်တည်နာ အတွက်စစ်ဆေးမှုခံယူပါ။ ပုံမှန်ဆိုရင် သွးဆရာဝန်ဟာ ရုပ်ပိုင်းဆိုင်ရာဆန်းစစ်မှုနဲ့တင် ဆုံးဖြတ်လို့ရနိုင်ပါတယ်။ ပိုပြီးပြင်းထန်ရင်တာ့ အခြေအနေကိုလေ့လာဆန်းစစ်ဖို့ ဓါတ်မှန် တွေလိုကောင်းလိုနိုင်ပါလိမ့်မယ်။ ပြည်တည်နာ ကို အရောင်ကျဆေး ၊ နာကျင်မှုကိုပျောက်ကင်းစေတဲ့ဆေးတွေနဲ့ […]


အခြားခံတွင်းရောဂါ ပြဿနာများ

သွားကျန်းမာရေး - ခံတွင်းနံ့ဆိုးခြင်း

ခံတွင်းနံ့ဆိုးခြင်းဆိုတာဘာလဲ။ ခံတွင်းနံ့ နံခြင်း ဆိုတာ ရှက်ဖွယ်ကောင်းပြီး စိတ်မချမ်းမြေ့ဖွယ်အခြေအနေတစ်ခုပါ။ သင်က ခံတွင်းနံ့ဆိုးနေတယ်ဆိုရင် သွားဆရာဝန်ကို သွားပြပါ။ ခံတွင်းနံ့ဆိုးခြင်းဟာ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပြီး အကြောင်းရင်းကိုရှာဖွေနိုင်မှသာ အကောင်းဆုံးကုသနည်းကို ဆုံးဖြတ်နိုင်ပါတယ်။ ခံတွင်းနံ့ဆိုးခြင်းရဲ့ သင်္ကေတနဲ့ လက္ခဏာတွေကဘာတွေလဲ။ ခံတွင်းနံ့ဆိုးခြင်းဟာ ဖြစ်ရတဲ့အကြောင်းရင်းပေါ်မူတည်ပြီး အနံ့အမျိုးမျိုးကွဲပါတယ်။ အချို့လူတွေက သူတို့မှာ ခံတွင်းနံ့မရှိပေမယ့် သိပ်ပြီးစိုးရိမ်ပူပန်တတ်ကြပါတယ်။ အချို့လူတွေကတော့ ခံတွင်းနံ့ဆိုးနေပေမယ့် သူတို့ကိုယ်တိုင် မသိကြပါဘူး။ ကိုယ့်ခံတွင်းနံ့ဘယ်လိုရှိလဲဆိုတာ ကိုယ်ကိုယ်တိုင်အနံ့ခံလို့မရနိုင်ဘူးလေ။ ရင်းနှီးတဲ့သူငယ်ချင်းတစ်ယောက် သို့မဟုတ် ဆွေမျိုးတစ်ယောက်ကို သင့်ခံတွင်းနံ့အကြောင်းမေးမြန်းနိုင်ပါတယ်။ အထက်မှာဖော်ပြထားတာတွေအပြင် အခြားလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့သင့်မှာ လက္ခဏာတွေပြနေခဲ့ရင် ဆရာဝန် သို့မဟုတ် ဆေးပညာကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ ကုသမှု · ဘာလုပ်သင့်သလဲ။ ခံတွင်းနံ့ဆိုးတဲ့ပြဿနာအများစုကို အိမ်မှာပဲဖြေရှင်းလို့ရပါတယ်။ အချို့သော အိမ်မှာသုံးနိုင်တဲ့နည်းလမ်းတွေကို ဖော်ပြပေးထားပါတယ်။ တစ်ရက်မှာ အနည်းဆုံး၂ကြိမ် သွားတိုက်ခြင်းနဲ့ လျှာကိုသန့်စင်ခြင်းအပြင် တစ်ရက်မှာအနည်းဆုံးတစ်ကြိမ် သွားပွတ်ကြိုးသုံး၍ သွားကြားထိုးခြင်းဖြင့် ခံတွင်းသန့်ရှင်းရေးပြုလုပ်နိုင်ပါတယ်။ ဆေးရွက်ကြီးပါဝင်ပစ္စည်းများကိုရှောင်ကြဉ်ပါ။ အနံ့ပြင်းတဲ့စားစရာ ဥပမာ ကြက်သွန်ဖြူ၊ […]


အခြားခံတွင်းရောဂါ ပြဿနာများ

သင့်သွားတွေကို ပိုမိုဖြူဖွေး တောက်ပလာစေဖို့ အိမ်မှာပဲလုပ်လို့ရတဲ့ သဘာဝနည်းလမ်း သုံးသွယ်

လူအတော်များများဟာ ဓါတုဗေဒပစ္စည်းတွေကို မသုံးချင်ကြတဲ့အတွက် သဘာဝနည်းလမ်းတွေနဲ့ သွားတွေကို ဖြူဖွေးတောက်ပအောင်လုပ်တာဟာ လူတွေကြားမှာ ရေပန်းစာလားပါတယ်။ ပိုမိုတောက်ပတဲ့ အပြုံးပိုင်ရှင်ဖြစ်စေဖို့ အောက်ပါနည်းလမ်းတွေကို စမ်းကြည့်လိုက်ပါ။ မုန့်ဖုတ်ဆိုဒါ နဲ့ သံပုရာရည် ပေါင်းထားတဲ့ သဘာဝသွားတိုက်ဆေး မုန့်ဖုတ်ဆိုဒါ ဆိုလို့လည်း လန့်မသွားကြပါနဲ့ဦး။ ဆိုဒီယမ်ဘိုင်ကာဗွန်နိတ် လို့ ဓါတုဗေဒ အမည်ရတဲ့ မုန့်ဖုတ်ဆိုဒါဟာ အရမ်းကြီးမပြင်းဘဲ သွားတွေမှာရှိတဲ့ ဂျိုးတွေ၊အညစ်အကြေးတွေကို အသာအယာဖယ်ရှားပေးပြီး နဂိုမူလ သွားဖြူဖြူလေးတွေ ပြန်ဖြစ်စေပါတယ်။ ဒါ့အပြင် ဒီဆိုဒါဟာ အယ်လ်ကာလိုင်းဓါတ်များတဲ့အတွက် (အက်ဆစ်ရဲ့ ပြောင်းပြန်) သင်ဟာ အက်ဆစ်ဓါတ်ပါတဲ့ အစားအစာတွေကို စားလေ့ရှိသူတယောက် ဖြစ်မယ်ဆိုရင် ဆိုဒါကို အသုံးပြုခြင်းအားဖြင့် pHလို့ခေါ်တဲ့ ဓါတုဗေဒညွှန်းကိန်း တခုမှာ အက်ဆစ်ဘက်ရောက်မသွားအောင် (အက်ဆစ်ဓါတ်မများအောင်) ထိန်းပေးပါလိမ့်မယ်။ အက်ဆစ်ဓါတ်ဟာ သွားရဲ့ကြွေလွှာတွေတွေကို ဖျက်ဆီးပစ်တဲ့ အတွက် အယ်လ်ကာလိုင်းပါတဲ့ မုန့်ဖုတ်ဆိုဒါကို သုံးခြင်းအားဖြင့် […]


အခြားခံတွင်းရောဂါ ပြဿနာများ

Laryngitis (အသံအိုး ရောင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Laryngitis (အသံအိုး ရောင်ခြင်း) ကဘာလဲ။ အသံအိုးရောင်ခြင်း (Laryngitis) ဆိုသည်မှာလည်မျိုတွင်ရှိသောအသံအိုးရောင်ရမ်းခြင်းကို ဖြစ်စေသည့် အခြေအနေတစ်ခု ဖြစ်သည်။ အသံအိုးအတွင်းတွင် အမြှေးပါး နှစ်ထပ်နဲ့ အသံကြိုး နှစ်ခုရှိသည်။ ပုံမှန်အားဖြင့် သင်၏အသံသည် တုန်ခါခြင်းကြောင့်ဖြစ်ပေါ်လာသည်။ ထိုအမြှေးပါးများရောင်ရမ်းနေပါကသင့်အသံသည် ကွဲအက်ခြင်း၊ အသံမထွက် ခြင်းတို့ ဖြစ်လာပါသည်။ အသက်ရှူရခက်ခြင်းနှင့် ချောင်းဆိုးရာတွင် နာကျင်ခြင်းတို့ ဖြစ်နိုင်ပါသည်။ ရောင်ရမ်းခြင်းသည် စကားပြောများခြင်း၊ ရောဂါပိုးဝင်ခြင်း နှင့် ယားယံခြင်းတို့ကြောင့် ဖြစ်သည်။ အသံအိုးရောင်ခြင်းသည် ယာယီသို့မဟုတ် အချိန်အတန်ကြာ ဖြစ်နိုင်ပါသည်။ ရောဂါ လက္ခဏာများ ကြာရှည်နေပါကအသံအိုးရောင်ခြင်းသည် အခြားပိုပြင်းထန်သောအရာတစ်ခုကြောင့် ဖြစ်နိုင်သည်။ ဆရာဝန်နှင့် သွားရောက်စစ်ဆေးရန် အရေးကြီးပါသည်။ Laryngitis (အသံအိုး ရောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အသံအိုးရောင်ခြင်းသည် အတော်တန် အဖြစ်များသောရောဂါတစ်ခုဖြစ်သည်။ အဆိုတော်များလူထုနှင့် စကားပြောရသူများစသောအသံကိုနေ့စဉ် အစဉ်အမြဲအသုံးပြုနေရသူများတွင် ပို၍အဖြစ်များပါသည်။ အအေးမိသူများလည်ချောင်းနာသူများတွင်လည်းအဖြစ်များပါသည်။ အန္တရာယ်ရှိသောအချက်များကိုလျော့ချခြင်း ဖြင့် အသံအိုးရောင်ခြင်းကိုထိန်းချုပ်နိုင်ပါသည်။ ပိုမိုသောအချက်အလက်များအတွက် […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း