အခြားခံတွင်းရောဂါ ပြဿနာများ

အခြားခံတွင်းရောဂါ ပြဿနာများ သည် အမျိုးအစားအများကြီး ရှိတဲ့အတွက် တစ်မျိုးစီရဲ့ ထူးခြားချက်နဲ့ လက္ခဏာတွေကို လေ့လာထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြားခံတွင်းရောဂါ ပြဿနာများ

ဗီတာမင် B12 ချို့တဲ့ ခြင်းနှင့် ကျီးကန်းပါးစပ်

ခုလိုကာလမျိုးမှာ ရာသီဥတုကြောင့်ရော စားသောက်နေထိုင်မှုပုံစံကြောင့်ပါ ကျီးကန်းပါးစပ် (Angular Cheilitis) လို ဝေဒနာမျိုးကို ကြုံရတတ်ပါတယ်။ ဒီဝေဒနာဟာ ဗီတာမင် B12 ချို့တဲ့ မှုရဲ့ အရေးပါတဲ့ လက္ခဏာတစ်မျိုးဆိုတာကိုတော့ လူသိနည်းပါတယ်။ ကျီးကန်းပါးစပ် ဆိုတာက နှုတ်ခမ်းထောင့်တွေ နီရဲအက်ကွဲကာ ပါးစပ် ဟမရ ပြုမရဖြစ်တဲ့ ဝေဒနာတစ်မျိုးပါ။ စားရသောက်ရ စကားပြောဆိုရတာမှာ အတော်လေး ကသိကအောက်နိုင်တဲ့ ရောဂါဆိုပါတော့။ ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာ မဟုတ်သော်ငြား အတော်လေးစိတ်အနှောင့်အယှက်ပေးတဲ့ ပြဿနာမျိုးလို့တော့ ဆိုရပါလိမ့်မယ်။ ပုံမှန်အားဖြင့် ဗီတာမင် B မှာ အုပ်စုဝင်အမျိုးအစား ၈ မျိုးရှိပါတယ်။ ကျီးကန်းပါးစပ် လို နှုတ်ခမ်းမှာဖြစ်တဲ့ ပြဿနာတွေဟာ ဗီတာမင် B အုပ်စုထဲက ဗီတာမင် B12 ချို့တဲ့မှုကြောင့်ဖြစ်ရတာပါ။ ဗီတာမင် B ချို့တဲ့ တဲ့အခါမှာ ရောဂါလက္ခဏာအမျိုးမျိုးပြသလေ့ရှိပြီး […]

အခြားခံတွင်းရောဂါ ပြဿနာများ ကို ရှာဖွေမည်။

အခြားခံတွင်းရောဂါ ပြဿနာများ

ပါးစပ်ထဲပေါက်တဲ့ အနာအဖြူလေးများ

ပါးစပ်ထဲမှာ အဖြူရောင်ရှိတဲ့အနာလေးတွေ ပေါက်ဖူးပါသလား။ သိပ်အရမ်းကြီးမဆိုးပေမယ့် အစားစားရတာ၊ ရေသောက်ရတာ၊ လည်ချောင်းမျိုရတာကအစနာကျင်နေတတ်တယ်။ စပ်လည်းစပ်တယ်လေ။ အဲဒီအနာလေးတွေကို Aphthous ulcer လို့ ခေါ်ပါတယ်။ ဒီဆောင်းပါးမှာတော့ အဲဒီအနာလေးတွေအကြောင်းနဲ့ ဘယ်လိုကာကွယ်ကုသရမလဲဆိုတာလေးတွေကို ပြောပြပေးသွားမှာပါ။ Aphthous ulcer ကို တချို့ကတော့ Stress ulcer လို့လည်းခေါ်တတ်ကြပါတယ်။ အများအားဖြင့် အဲဒီအနာလေးတွေက စိတ်ဖိစီးမှုများတဲ့အချိန်တွေမှာ ပိုပြီးသိသိသာသာလေးကိုဖြစ်နေတတ်လို့ Stress ulcer လို့လည်းခေါ်တတ်ပါတယ်။ အဲဒီအနာလေးတွေကို ဖြစ်လေ့ဖြစ်ထရှိဖူးတဲ့သူမှသာ ဘယ်လောက်တောင်နာရလဲ၊ ကသိကအောက်ဖြစ်ရလဲဆိုတာကို ခံစားတတ်မှာပါ။ ဘယ်သူတွေမှာဖြစ်တတ်လဲ။ ဘယ်နေရာတွေမှာဖြစ်တတ်လဲ။ ဒီအနာတွေ ဖြစ်တတ်တဲ့သူမှာဆိုရင် ခဏခဏကိုဖြစ်ပါတယ်။ ပါးစပ်ကလွဲပြီး တခြားနေရာတွေမှာမဖြစ်ပါဘူး။ ပါးစပ်ထဲမှာတော့ နေရာစုံအောင်ကိုဖြစ်ပါတယ်။ နှုတ်ခမ်းအတွင်းပိုင်းတွေ၊ ပါးစောင်တွေ၊ အာခေါင်တွေ၊ လျှာအောက်တွေ အားလုံးမှာဖြစ်နိုင်ပါတယ်။ အများဆုံးအဖြစ်များတာကတော့ ပါးစောင်နဲ့ နှုတ်ခမ်းအတွင်းပိုင်းတွေမှာပါ။ ၇ရက်ကနေ ၁၀ရက်လောက်ကြာရင်ပျောက်သွားပါတယ်။ အမာရွတ် မကျန်တတ်ပါဘူး။ ကလေးအရွယ် ဒါမှမဟုတ် […]


အခြားခံတွင်းရောဂါ ပြဿနာများ

သွားပွတ်ကြိုး ဘာကြောင့်သုံးသင့်တာလဲ

သွားနဲ့ပတ်သက်တာဆို သွားပွတ်တံ၊ သွားတိုက်ဆေး၊ သွားကြားထိုးတံတွေကို သိကြတယ်။ သွားပွတ်ကြိုးဆိုတာတောင် မသိတဲ့သူတွေရှိပါတယ်။ သိတဲ့လူတွေကျတော့လည်း သွားပွတ်ကြိုးသုံးရင် သွားတွေကျဲမယ်လို့ ထင်ပြီး မသုံးရဲကြပါဘူး။ အမှန်က သွားကြားထိုးတံအစား သွားပွတ်ကြိုးကိုသုံးတာကဘေးအကင်းဆုံးဖြစ်ပြီး သွားကျန်းမာရေးအတွက် မကြာမကြာသုံးပေးသင့်တဲ့အရာလည်းဖြစ်ပါတယ်။ သွားပွတ်ကြိုးဆိုတာ ဘာလဲ သွားပွတ်ကြိုးဆိုတာ သွားတွေကြား၊ သွားနဲ့သွားဖုံးကြားမှာ ကပ်ငြိနေတဲ့ အစားအစာအကျန်တွေကို ဖယ်ရှားပေးနိုင်တဲ့ ကြိုးမျှင်လေး (dental floss) ဖြစ်ပါတယ်။ သွားပွတ်ကြိုးတွေကို ပိုး၊ နိုင်လွန်၊Teflon တို့နဲ့ပြုလုပ်ထားလေ့ရှိပြီး ဖယောင်းပါးပါးလေးအုပ်ထားလေ့ရှိပါတယ်။ ကြိုးချည်းပဲအနေနဲ့ရော၊ တစ်ခါသုံးသွားပွတ်ကြိုးလေးတွေအနေနဲ့ရော ရနိုင်ပါတယ်။ သွားတိုက်တာနဲ့ မလုံလောက်ဘူးလား နေ့စဉ်သွားတိုက်သင့်တယ်၊နေ့တိုင်းသွားတိုက်တယ်၊ သွားကြားသန့်ရှင်းဖို့လိုသေးလို့လား။ လိုပါတယ်နော်။ သွားပွတ်တံဘယ်လောက်ကောင်းကောင်း သွားတွေရဲ့အရှေ့နဲ့အနောက်ဘက်ကိုပဲသန့်စင်ပေးလို့ရတာဖြစ်ပြီးဘေးဘက်ဖြစ်တဲ့ကြားတွေကိုတော့ မရောက်နိုင်ပါဘူး။ သွားကြားတွေဆိုတာ စားသမျှ အစားအစာအကြွင်းအကျန်တွေ ညပ်ကျန်ရစ်ခဲ့နိုင်တဲ့နေရာတွေဖြစ်ပြီး သွားကြားထိုးတံနဲ့ ကလော်ထုတ်တဲ့အခါ သွားဖုံးတွေနဲ့သွားတွေကိုထိခိုက်စေနိုင်ပြီး အဲဒါကမှ တကယ်သွားကျဲစေနိုင်တာပါ။ မဖယ်ရှားပြန်ရင်လည်း အဲဒီအကြွင်းအကျန်တွေနဲ့အတူ ဘက်တီးရီးယားတွေပေါက်ဖွားလာပြီး သွားချေးတွေကပ်နေမယ်၊ သွားနဲ့သွားဖုံးမှာရောဂါတွေဖြစ်စေနိုင်တယ်။ […]


အခြားခံတွင်းရောဂါ ပြဿနာများ

အမူအကျင့်မှားတွေကြောင့် ဖြစ်လာတတ်တဲ့ ခံတွင်းရောဂါ (၅) မျိုး

ခံတွင်းနဲ့ပတ်သက်ရင် သွားမှန်မှန်တိုက်ပါ ဆိုတဲ့စကားကို ငယ်ငယ်တည်းက ကြားဖူးနေကျဖြစ်မှာပါ။ သွားတိုက်ဖို့ စသင်ပေးကတည်းက မိဘတွေပြောလေ့ရှိတဲ့အမှာစကားပါ။ ဒါပေမယ့် သွားနဲ့ခံတွင်း ကျန်းမာရေးအတွက် မလုပ်သင့်တဲ့ အမူအကျင့်မှားတွေလုပ်မိနေရင်ရော သိပါ့မလား။ မသိလိုက်ဘဲ လူအတော်များများလုပ်မိနေတဲ့အမှားတချို့ကို အရင်ပြောပြလိုက်မယ်နော်။ ရေခဲတုံးဝါးစားတာ - အအေးသောက်တိုင်း ရေခဲတုံးကိုဝါးစားတတ်တဲ့သူတွေရှိတယ်၊ ရေခဲချောင်း၊ ရေခဲခြစ် အသေကြိုက်တဲ့သူတွေရှိတယ်။ ရေခဲရဲ့ ကြွတ်ဆတ်၊အေးစက်မှုက သွားကိုကျိုးပဲ့လွယ်စေပါတယ်။ သွားကြွေလွှာမျက်နှာပြင်မှာ တော်ရုံမမြင်ရအောင်သေးငယ်လွန်းတဲ့အက်ရာလေးတွေဖြစ်စေတာပေါ့။ အဲဒီကနေ ကြာလာတာနဲ့အမျှ သွားပြဿနာဖြစ်လာစေတာပါ။ သွားကို ကိရိယာတစ်ခုလိုသုံးပစ်တာ- ဟယ် ကြည့်စမ်း သူကသွားသိပ်ကောင်းတာပဲ၊ ပုလင်းအဖုံးတောင် ကိုက်ဖွင့်တာ။ ဒီလိုချီးကျူးစကားတွေရဖို့ သွားရဲ့သက်တမ်းနဲ့ လဲလိုက်ရသလိုပါပဲ။ လူ့ခန္ဓာကိုယ်မှာ အစားအစာဝါးစားဖို့ သဘာဝကဖန်တီးပေးထားတဲ့ သွားဟာ ကတ်ကြေးမဟုတ်သလို၊ ဓါးလည်းမဟုတ်၊ ပလာယာ လည်းမဟုတ်ပါဘူး။ ဟိုကိုက်ဖွင့်၊ ဒီကိုက်ဖွင့်နဲ့ သုံးလွန်းတဲ့အခါ သွားကိုအထိနာစေတယ်၊ ပဲ့လာမယ်၊ နဲ့လာစေမယ်။ […]


အခြားခံတွင်းရောဂါ ပြဿနာများ

ခံတွင်းသန့်ရှင်းရေးနှင့် သင့်ကျန်းမာရေး

ခံတွင်းကျန်းမာရေးက ခန္ဓါကိုယ်တစ်ခုလုံးကျန်းမာရေးအတွက် အရေးပါတဲ့ အခန်းကဏ္ဍကနေပါဝင်နေတယ်ဆိုတာကို သိပြီးပြီလား။ ခံတွင်းမှာဖြစ်တဲ့ပြဿနာတစ်ခုခုက အခြားခန္ဓါကိုယ် အစိတ်အပိုင်းတွေကိုပါ ထိခိုက်စေတယ်ဆိုတာကိုပေါ့။ တကယ်တော့ သွားနဲ့ ခံတွင်းကို ဂရုစိုက်မှုက ခံတွင်းနံ့ဆိုးကင်းပြီး သွားလေးတွေဖြူဖွေးသန့်စင်စေတဲ့အပြင် အပြုံးလှလှလေးတွေပြုံးနိုင်စေတယ်ဆိုတာထက် ပိုပါတယ်။ ခံတွင်းကျန်းမာရေးက ဘယ်လောက်ထိ တာသွားလဲသိချင်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကအဖြေပေးနိုင်မှာပါနော်။ ခံတွင်းကျန်းမာရေးက ဒီလောက်ထိ အကျိုးသက်ရောက်မှုရှိနေပါတယ် ခံတွင်းကျန်းမာရေးက ခန္ဓါကိုယ်ကျန်းမာရေးအတွက်အရေးပါတဲ့ အခန်းကဏ္ဍကနေပါဝင်နေတာပါ။ ခံတွင်းကျန်းမာရေးကိုသေချာလေးဂရုစိုက်မယ်ဆိုရင် ကျန်းမာရေးကောင်းလာမှာအသေအချာပါ။ ခံတွင်းကျန်းမာရေးကောင်းတာကပြင်းထန်တဲ့ရောဂါတွေဖြစ်နိုင်ခြေကို ကျဆင်းစေနိုင်သလို မှတ်ဉာဏ်ကောင်းစေနိုင်ပါတယ်။ ခံတွင်းကျန်းမာရင်ရောဂါကင်းစင်ပြီး ကျန်းမာမယ်ဆိုတာက တိုက်ရိုက်အချိုးကျနေတဲ့ အမှန်တရားတစ်ခုပါ။ ခံတွင်းကျန်းမာရေးကို ဂရုစိုက်ပါလို့ပြောရတဲ့ အကြောင်းအရင်းက ခံတွင်း၊သွားနဲ့သွားဖုံးတွေကျန်းမာစေဖို့ဆိုတာထက အများကြီးပိုပါတယ်။ ပါးစပ်က ခန္ဓါကိုယ်ရဲ့ ဝင်ပေါက်ပါ။ ခံတွင်းကျန်းမာရေးကိုသာသေချာဂရုမစိုက်ဘူးဆိုရင် ခန္ဓါကိုယ်တစ်ခုလုံးအတွက်ကောင်းကျိုးမရှိဘဲဆိုးကျိုးတွေပဲဖြစ်လာမှာပါ။ သွားတွေကိုက်မယ်၊ သွားဖုံးကနေသွေးထွက်မယ်၊ ခံတွင်းနံ့ဆိုးမယ်။ ဒါတွေက ခံတွင်းကျန်းမာရေးဂရုစိုက်မှုအားနည်းနေတယ်ဆိုတဲ့ လက္ခဏာတွေပါ။ ခံတွင်းကျန်းမာရေးအားနည်းတဲ့အခါ ခံတွင်းထဲမှာ ဘက်တီးရီးယားတွေ အလွယ်တကူပေါက်ဖွားလာပြီးသွေးကြောတွေထဲကို ရောက်ရှိသွားမှုကနေတဆင့် ကိုယ်တွင်းမှာရောဂါတွေခံစားရနိုင်ပါတယ်။ […]


အခြားခံတွင်းရောဂါ ပြဿနာများ

ပြင်းထန်တဲ့ သွားဖုံးရောဂါရှိသူတွေက မှတ်ဉာဏ်ချို့ယွင်းမှုဝေဒနာခံစားရနိုင်ခြေပိုများ

လှပတဲ့အပြုံးလေးကလည်း စွဲဆောင်မှုတစ်ခုပါ။ ဒါဆို Hello ဆရာဝန်ရဲ့ ပရိသတ်ကြီးတွေရောပြုံးအလှပိုင်ရှင်တွေလား။ပြုံးလိုက်တိုင်းလှပြီး လတ်ဆတ်တဲ့ ခံတွင်းနံ့ကိုပိုင်ဆိုင်ထားပြီဆိုရင်တော့ ဝမ်းသာစရာပါနော်။ ဘာလို့ ဒီလိုပြောရတာလဲဆိုတော့ သွားနဲ့သွားဖုံးတွေကျန်းမာရင် မှတ်ဉာဏ်ချို့ယွင်းမှု (dementia)ဖြစ်နိုင်ခြေနည်းတယ်ဆိုလို့ပါနော်။ သွားနဲ့ခံတွင်းကျန်းမာမှ ခန္ဓာကိုယ်ကျန်းမာမှာပါ သွားနဲ့ခံတွင်းကျန်းမာရေးကိုဂရုစိုက်လိုက်ရုံနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေနည်းသွားနိုင်သလို ဦးနှောက်ကိုပါ ကာကွယ်ပြီးသားဖြစ်သွားတယ်ဆိုတာ သိရဲ့လား။ မကြာသေးခင်က လုပ်ခဲ့တဲ့လေ့လာမှုတစ်ရပ်အရပြင်းထန်တဲ့ သွားဖုံးရောဂါခံစားရသူတွေက အခြားသူတွေထက် မှတ်ဉာဏ်ချို့ယွင်းမှု ခံစားရနိုင်ခြေပိုများတယ်၊လို့ သိရှိခဲ့ရပါတယ်။ ခန္ဓာကိုယ်ကို အာဟာရဖြည့်တင်းဖို့အတွက်အရေးပါတဲ့ အစိတ်အပိုင်းဖြစ်တဲ့ သွားနဲ့ခံတွင်းကို ဂရုစိုက်မှုက ကာလတိုရော ကာလရှည်မှာပါ ထိရောက်တဲ့ အချက်တစ်ခုပေါ့။ သွားဖုံးကျန်းမာရေးကိုဂရုစိုက်ပေးတာက မှတ်ဉာဏ်ချို့ယွင်းမှုမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်နော် လေ့လာမှုအသစ်တစ်ရပ်အရ သွားဖုံးကျန်းမာရေးကို ဂရုစိုက်ပေးတာက မှတ်ဉာဏ်ချို့ယွင်းမှုမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်၊ လို့တွေ့ရှိခဲ့ရပါတယ်။ ဒီလေ့လာမှုအတွက်တောင်ကိုရီးယားနိုင်ငံ ဆိုးလ်အမျိုးသား တက္ကသိုလ်ကလေ့လာသုံးသပ်သူတွေက ကျန်းမာရေးစောင့်ရှောက်မှုစောင့်ကြည့်ရေး အစီအစဉ်ကနေ အချက်အလက်တွေကို ရယူခဲ့ပါတယ်။ နာတာရှည် သွားဖုံးရောဂါခံစားနေရသူတွေက သွားဖုံးရောဂါမရှိသူတွေထက် မှတ်ဉာဏ်ချို့ယွင်းမှုခံစားရနိုင်ခြေပိုများနေတယ်ဆိုတာက အရင်ကလုပ်ခဲ့တဲ့လေ့လာမှုတွေမှာလည်းတွေ့ရှိခဲ့ဖူးပါတယ်။ ဒီလေ့လာမှုမှာသိရှိခဲ့တာက အရက်သောက်သုံးတာ၊ ဆေးလိပ်သောက်တာ၊လေ့ကျင့်ခန်းမလုပ်တာလိုမျိုး ဘဝနေထိုင်မှုပုံစံကြောင့် […]


အခြားခံတွင်းရောဂါ ပြဿနာများ

ခံတွင်းကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အစားအစာ (၈) မျိုး

တစ်သက်တာလုံး ကျန်းမာတဲ့ သွားနဲ့ခံတွင်းကို ပိုင်ဆိုင်ချင်ပါသလား။ ဒီစိတ်ကူးလေးပြည့်ဝအောင်မြင်စေဖို့က အရမ်းကြီးတော့ မခက်ခဲပါဘူး။ သွားကိုထိခိုက်စေနိုင်တဲ့ အစားအစာတွေကိုရှောင်ရှားဖို့ပါ။ အခုတစ်ခေါက်တော့ သွားကောင်းကောင်းနဲ့အစားကောင်းကောင်းစားနိုင်စေဖို့ အတွက် ခံတွင်းကျန်းမာရေးေကာင်းစေဖို့ရှောင်ရှားရမယ့် အစားအသောက်လေးတွေအကြောင်းပြောပြပေးပါရစေ။ ဒီအစားအစာတွေက သွားနဲ့ခံတွင်းကိုထိခိုက်စေနိုင်ပါတယ် နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ သွားတွေကိုထိခိုက်စေတဲ့ အစားအစာတွေများပါနေပြီလားသိချင်ရင် အခုပြောမယ့်အချက်လေးတွေနဲ့ ဆန်းစစ်ကြည့်လိုက်ပါနော်။ (၁) အချဉ်ဓါတ်ပါတဲ့ ချိုချဉ်တွေ အချဉ်ဓါတ်ပါတဲ့ ချိုချဉ်တွေက သွားနဲ့ခံတွင်းကို ထိခိုက်စေနိုင်တယ်ဆိုတာပြောနေစရာတောင်မလိုအောင်ပါ။ ဒီသကြားလုံးတွေမှာပါတဲ့ အက်ဆစ်ကသွားကြွေလွှာတွေကို ပျက်စီးစေနိုင်သလို သွားပိုးစားနိုင်ခြေကိုလည်း ပိုများစေနိုင်ပါတယ်။ (၂) ပေါင်မုန့် ပေါင်မုန့်မှာပါတဲ့ ကစီဓါတ်နဲ့သကြားဓါတ်တွေက သွားမှာကပ်ကျန်နေပြီး ပေါင်မုန့်စလေးတွေကသွားကြားထဲမှာ ကျန်နေတာမျိုးဖြစ်စေနိုင်တာကြောင့် သွားပိုးစားတာနဲ့ သွားတွေထိခိုက်ပျက်စီးတာမျိုးကိုဖြစ်စေနိုင်ပါတယ်။ပေါင်မုန့်က အချိုဓါတ်သိပ်မပါရင်တောင်မှ ကစီဓါတ်ပါဝင်နေတာကြောင့် သွားတွေကို ထိခိုက်ပျက်စီးစေနိုင် ပါတယ်။ (၃) အယ်လ်ကိုဟော အယ်လ်ကိုဟောက ကျန်းမာရေးနဲ့မညီညွတ်ဘူးဆိုတာကိုတော့ သိထားပြီးဖြစ်မှာပါ။ အယ်လ်ကိုဟောပါတဲ့သောက်စရာတွေက ခံတွင်းခြောက်စေပြီး သွားနဲ့ခံတွင်းကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။ ခံတွင်းထဲမှာ တံထွေးနည်းလာတာကြောင့် သွားတွေထဲမှာ စားကြွင်းစားကျန်တွေ ကပ်ကျန်နေနိုင်သလို သွားတွေပျက်စီးတာ၊သွားဖုံးရောဂါနဲ့ အခြားခံတွင်းရောဂါတွေကို […]


အခြားခံတွင်းရောဂါ ပြဿနာများ

သင့်မှာ ခံတွင်းနံ့ဆိုးရှိနေပြီဆိုတာ သိနိုင်တဲ့အချက် (၇)ချက်

ခံတွင်းအနံ့ဆိုး ထွက်ခြင်းဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း ထိခိုက်စေသလို အများအမြင်မှာလည်း အထင်သေးစရာ ဖြစ်နိုင်ပါတယ်။ များသောအားဖြင့်ကတော့ တစ်ကိုယ်ရေ သန့်ရှင်းမှု အားနည်းတာ၊ သွားတိုက်နည်း စနစ် မမှန်တာ၊ သောက်နေတဲ့ ဆေးဝါးတွေ၊ ကိုယ်ပုံမှန်စားနေတဲ့ အစားအစာတွေကြောင့် ခံတွင်းအနံ့ဆိုး ဖြစ်နိုင်ပါတယ်။ ခံတွင်းအနံ့ဆိုးတာရဲ့ နောက်ကွယ်မှာ ခံတွင်းနဲ့ ဆက်စပ်နေတဲ့ ရောဂါတွေ၊ သွား အပေါ်ယံကြွေလွှာ ပျက်စီးတာ၊ သွားချေးတက်တာ (သွားကျောက်တည်တာ)၊ သွား အရောင်မှိန်လာတာ၊ သွားပိုးပေါက်ဖြစ်တာ၊ သွားပိုးစားတာတွေပါ ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် ကိုယ်ချစ်ရတဲ့သူ၊ ခင်မင်သူတွေနဲ့ ပေါင်းသင်းဆက်ဆံတဲ့အခါ၊ စကားပြောဆိုတဲ့အခါ ကိုယ့်ကိုယ်ကို ရှက်ရွံ့နေပြီး စိတ်မလုံသလို၊ အားငယ်စိတ်တွေ ဖြစ်လာနိုင်ပါတယ်။ တချို့လူတွေမှာတော့ ကိုယ် ခံတွင်းအနံ့ဆိုးတာကို သိနေပေမယ့် ကိုယ့်ကိုယ်ကို ခံတွင်းနံ့ဆိုး ရှိနေမှန်း မသိတဲ့ သူတွေလည်း အများကြီးပါပဲ။ ကိုယ့်မှာ […]


အခြားခံတွင်းရောဂါ ပြဿနာများ

ခံတွင်းသန့်ရှင်းရေးလို့ ဆိုရာမှာ လျှာကို မေ့ထားလို့ မဖြစ်ဘူးနော်

ခံတွင်းသန့်ရှင်းရေးဆိုတာ လူသားတိုင်းအတွက် အရေးကြီးပါတယ်။ ခံတွင်းသန့်ရှင်းမှ ပါးစပ်အတွင်းမှာ အနံ့အသက်ဆိုးတွေ၊ ဘက်တီးရီးယားတွေ ကင်းစင်ပြီး သွားလေးတွေ ဖြူစင်သန့်ရှင်းနေမှာနော်။ ဒါကြောင့် တစ်နေ့ ၂ကြိမ် သွားကို စနစ်တကျတိုက်ပေးဖို့ လိုအပ်တဲ့အပြင် လျှာကိုလည်း မေ့ထားလို့ မဖြစ်ပါဘူး။ လျှာကို သန့်ရှင်းဖို့ မေ့တဲ့အခါ အရိအချွဲတွေ ကပ်ငြိပြီး အနံ့အသက်ဆိုးတွေအပြင် ခံတွင်းနဲ့ သက်ဆိုင်တဲ့ ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ ဒီနေ့ ပြောပြပေးမယ့် အကြောင်းအရာကတော့ အနံ့အသက်ကင်းစင်ပြီး ကျန်းမာတဲ့ ခံတွင်းအတွက် လျှာသန့်ရှင်းရေးနဲ့ ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန် အချက်လေးတွေပဲ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ လျှာကို ဘယ်လိုဂရုစိုက်ပေးသင့်လဲ ဆိုတာကို အုပ်စု ၃စု ခွဲပြီး ပြောပြပေးချင်ပါတယ်။ လျှာကို သေချာသန့်ရှင်းပေးခြင်း ၁။ ခံတွင်းသန့်ရှင်းမှုအတွက် ဂရုစိုက်တဲ့အခါ တစ်နေ့ ၂ကြိမ် မှန်ကန်တဲ့ နည်းစနစ်နဲ့ ပုံမှန်သွားတိုက်ေပးဖို့ […]


အခြားခံတွင်းရောဂါ ပြဿနာများ

သွားတိုက်တဲ့အခါ မှားယွင်းစွာ လုပ်မိနေတဲ့အချက် (၅)ချက်

သွားနဲ့ ခံတွင်းကျန်းမာရေးဟာ လူသားတိုင်းအတွက် အလွန်အရေးကြီးပါတယ်။ သွားတိုက်ခြင်းဟာ တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ အလှအပအတွက်သာမက ကျန်းမာရေးနဲ့လည်း သက်ဆိုင်နေပါတယ်။ ပြုံးလိုက်တဲ့အခါ ပုလဲလုံးလေးလို ဖြူဖွေးပြီး ညီညာနေတဲ့ သွားလေးတွေပေါ်တာတာကို ဘယ်သူမဆို လိုချင်ကြတာပါပဲ။ ကိုယ့်ရဲ့ သွားနဲ့ ခံတွင်းကို သေချာဂရုမစိုက်ဘဲ ပစ်ထားတဲ့အခါ ကြာလာရင် သွားတွေ အရောင်မှိန်ပြီး ဝါလာမယ်။ သွားတွေ ပျက်စီးလာမယ်။ အနံ့အသက်ဆိုးတွေ ထွက်လာမယ်။ သွားအပေါ်မှာ အဝါရောင်ကျောက်တွေ (သွားချေးတွေ) တက်လာမယ်။ သွားပိုးစားလာမယ်။ စားကြွင်းစားကျန်တွေကို သေချာသန့်ရှင်းမှု မရှိတဲ့အခါ အစာဟောင်းတွေကနေ ဘက်တီးရီးယားပိုးတွေ ပေါက်ဖွားလာပြီး ခံတွင်းကင်ဆာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် သွားတိုက်တဲ့အခါမှာ လူတွေ မှားယွင်းစွာ လုပ်နေကြတဲ့ အလွဲလေးတွေနဲ့ ပတ်သက်ပြီး ပြောပြပေးမယ်နော်။ ၁။ ကြမ်းကြမ်းတမ်းတမ်း သွားတိုက်ခြင်း သွားကို ကြမ်းကြမ်းတိုက်မှ သွားအပေါ်က ချေးတွေ သန့်စင်နိုင်မယ်လို့ ယူဆတဲ့သူတွေလည်း […]


အခြားခံတွင်းရောဂါ ပြဿနာများ

သွားတိုက်ခြင်းအကြောင်း အသိအမြင်မှားများ။

သွားတိုက်တယ်ဆိုတာ ကိုယ်တွေ ကလေးဘဝတည်းက လုပ်လာတဲ့အလေ့အကျင့်တစ်ခုပါ။ ဒီလို မနက်တိုင်းညတိုင်း လုပ်ဖြစ်နေတဲ့ သွားတိုက်တာနဲ့ ပက်သက်ပြီးတော့ သိထားတဲ့အကြောင်းအရာတွေ ဘာတွေရှိလဲ။ တစ်ချို့ကိုယ်သိထားတာတွေက မှားနေတတ်ပြီး သိသင့်တာတွေကျ မသိဖြစ်တတ်တာကြောင့် ဒီဆောင်းပါးထဲမှာ သွားတိုက်တာနဲ့ ပက်သက်လို့ မှားသိနေတဲ့အချက်တွေနဲ့ သိသင့်တဲ့အချက်တွေ အကြောင်း ပြောပြပေးမှာပါ။ ကိုယ်သိထားတာတွေက ဘယ်လောက်မှန်လဲ ကြည့်ရအောင်။ ။   သွားတိုက်တာနဲ့ ပက်သက်လို့ မှားနေတဲ့ အယူအဆများနဲ့ အမှန်ပြင်သင့်တဲ့အချက်များ ။ ။ သွားကိုကြမ်းကြမ်းတိုက်မှ သွားချေး တွေကျွတ်မယ်- ဒါက မှားနေပါတယ်။ သွားကို ကြမ်းကြမ်းတိုက်လိုက်ရင် သွားရဲ့ကြွေလွှာ တွေကိုရော၊ သွားဖုံးကိုရော ထိခိုက်စေနိုင်ပါတယ်။ သွားချေးတွေဆိုတာ သွားကို ပုံမှန်တိုက်တာလောက်နဲ့တင် စင်သွားတဲ့အရာတွေပါ။ သွားဖုံးရောဂါက တစ်ခါဖြစ်ဖူးတာနဲ့ တစ်သက်လုံးဆက်ရှိနေတော့မှာ။ ဘာမှမတတ်နိုင်ဘူး။ သွားဖုံးရောဂါဆိုတာ ဆရာဝန်ဆီမှာ သေချာသွားပြပြီး ဆေးကုသမှုခံယူတာ၊ ခံတွင်းသန့်ရှင်းရေးကို ပြန်ဂရုစိုက်လိုက်တာနဲ့တင် သက်သာလာမယ့်ရောဂါတစ်ခုပါ။ ပျော့ပျောင်းလွန်းတဲ့ သွားတိုက်တံကိုသာ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း