အမျိုးသားကျန်းမာရေး

ကိုယ်လက်ကြံ့ခိုင်ရေး၊ လိင်ကျန်းမာရေး၊ စိတ်ကျန်းမာရေး၊ ဟော်မုန်းပြဿနာ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု ဒါတွေက အမျိုးသားတွေရဲ့ ကျန်းမာရေးကို အပြောင်းအလဲဖြစ်စေနိုင်တဲ့ အချက်တွေပါပဲ။ ဒီအချက်တွေ အကုန်လုံးကို ဒီစာမျက်နှာမှာ ပြည့်ပြည့်စုံစုံ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသားကျန်းမာရေး

Andropause ကာလ ကျန်းမာစေဖို့ ဘာတွေစားကြမလဲ

Andropause ဆိုတာ ဘာလဲလို့ တွေးနေတာလား။ နားလည်လွယ်အောင် ပြောပြရရင် Andropause ဆိုတာက အမျိုးသားတွေ သွေးဆုံးတာပါ။ အမျိုးသမီးတွေမှာ သွေးဆုံးတယ်ဆိုတာက အီစထရိုဂျင် ဟော်မုန်း ပမာဏ ကျဆင်းလာတာပါ။ အမျိုးသားတွေမှာတော့ Andropause ကာလ ရောက်လာပြီဆိုရင် တက်စထရိုစတုန်းဟော်မုန်း ပမာဏ ကျဆင်းလာပါတယ်။ ဒီကာလမှာ အမျိုးသားတွေဟာလည်း အမျိုးသမီးတွေလိုပဲ ကိုယ်တွင်းဟော်မုန်းတွေ ကမောက်ကမ ဖြစ်တာကြောင့် စိတ်ခံစားမှု ပြောင်းလဲတာ၊ ကြွက်သားဆုံးရှုံးတာတွေကို ရင်ဆိုင်လာရနိုင်ပါတယ်။ ဒီလိုမျိုး ဟော်မုန်းအပြောင်းအလဲ များတဲ့ Andropause ကာလ ကျန်းမာစေဖို့ အရေးပါတဲ့ အချက်တစ်ခုက အာဟာရ ပြည့်ဝမှုပါ။ ဒီတော့ Andropause ကာလ ကျန်းမာစေဖို့ ဘာတွေစားကြမလဲ ဆိုတာ ပြောပြပေးမှာမို့ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။ Andropause ဆိုတာ အမျိုးသားတွေမှာ အသက် ၄၀ နောက်ပိုင်း […]

အမျိုးသားကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အမျိုးသားကျန်းမာရေး ကို ရှာဖွေမည်။

အမျိုးသားဟော်မုန်းဆိုင်ရာများ

ကျားဟော်မုန်းဆေးရည် ထိုးသွင်းခြင်း အကြောင်း လေ့လာကြမယ်

ဒီဆေးနဲ့ပတ်သက်ပြီး မပြောခင် ကျားဟော်မုန်း အကြောင်းကို အနည်းငယ်ရှင်းပြပေးချင်ပါတယ်။ ကျားဟော်မုန်းလို့ ခေါ်တဲ့ တက်စတိုစတီရုန်းဟော်မုန်း (Testosterone) က အမျိုးသားတို့ရဲ့ ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးမှု၊ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်မှုနဲ့ မျိုးပွားနိုင်စွမ်းအပေါ် အကျိုးသက်ရောက်မှုများစွာ ဖြစ်စေပါတယ်။ ယောက်ျားလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ် ကိုယ်ခန္ဓာမှာ ရှိသင့်ရှိထိုက်တဲ့ ကျားဟော်မုန်းပမာဏတစ်ခုရှိပါတယ်။ ဒီပမာဏထက် နည်းသွားတဲ့အခါဖြစ်စေ၊ များလွန်းနေတဲ့အခါဖြစ်စေ ဟော်မုန်းမျှခြေပျက်စီးခြင်း (Hormone Imbalance) လို့ ခေါ်ပါတယ်။ ဒီလို ဟော်မုန်းပမာဏတွေ ကမောက်ကမဖြစ်လာတဲ့အခါ အမျိုးသားတွေမှာ လိင်စိတ်ဆန္ဒလျော့နည်းလာမယ်။ လိင်တံနဲ့ ဝှေးစေ့အရွယ်အစား အနည်းငယ်သေးသွားမယ်။  လိင်တံမထောင်မတ်နိုင်ခြင်း၊ ပန်းသေပန်းညှိုးဖြစ်ခြင်း၊ သုက်လွှတ်မြန်ခြင်း၊ ကြွက်သားထုနည်းသွားပြီး ပိန်လှီလာခြင်း၊ အဆီတက်ပြီး အဝလွန်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စိတ်အာရုံစုစည်းမရခြင်းတို့ ဖြစ်တတ်ပါတယ်။ ဘယ်လိုအခြေအနေမှာ ဆရာဝန်နဲ့ ပြသဖို့လိုအပ်လာပြီလဲ။ အထက်မှာ ပြောပြခဲ့တဲ့ လက္ခဏာတွေ တော်တော်များများကို တွေ့ရတယ်၊ ဒီလက္ခဏာတွေကြောင့် ကိုယ့်ရဲ့ […]


အမျိုးသားဟော်မုန်းဆိုင်ရာများ

ကျားဟော်မုန်းကို ဘယ်နေရာမှာ အသုံးချလဲ

ကျားဟော်မုန်းကို တက်စတိုစတီရုန်းဟော်မုန်း (Testosterone) လို့လည်း ခေါ်ပြီး အမျိုးသား၊ အမျိုးသမီးမရွေး ကိုယ်ခန္ဓာမှာ ပမာဏတစ်ခုထိ ရှိဖို့လိုအပ်ပါတယ်။ အမျိုးသားတွေမှာတော့ ကျားဟော်မုန်းပမာဏ ပိုများတတ်ပြီး အမျိုးသမီးတွေမှာတော့ သတ်မှတ်ထားတဲ့ ပမာဏအနည်းငယ်လောက်ကိုပဲ ကိုယ်ခန္ဓာမှာ သိမ်းဆည်းထားတာ သဘာဝပါပဲ။ ဒီဟော်မုန်း ကိုယ်ခန္ဓာတွင်း ဖြစ်ပျက်ပြောင်းလဲနေတဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို ကောင်းစွာလည်ပတ်အလုပ်လုပ်စေဖို့ ကူညီပေးတယ်။ လူတစ်ယောက်ရဲ့ စိတ်နဲ့ခန္ဓာ ကျန်းမာစေခြင်း၊ လိင်ပိုင်းဆိုင်ရာ စိတ်ခံစားချက်တွေကို ဖြစ်ပေါ်စေခြင်း၊ ကိုယ်ခန္ဓာကြီးထွားမှုဖြစ်စဉ်မှာလည်း ကူညီပေးနိုင်ပါတယ်။ ကျားဟော်မုန်းကို ဘယ်နေရာကနေ ထုတ်လုပ်ပေးလဲ။ အမျိုးသားတွေမှာ လိင်အင်္ဂါအနောက် ကပ္ပါယ်အိတ်အတွင်းမှာ ရှိနေတဲ့ ဝှေးစေ့ကနေ ထုတ်လွှတ်ပေးပြီး အမျိုးသမီးတွေမှာတော့ သားဥအိမ်ကနေ ထုတ်လွှတ်ပေးပါတယ်။ ကျောက်ကပ်ထဲမှာရှိတဲ့ အက်ဒရီနယ် ဂလန်း (Adrenal Glands) ကနေလည်း ထုတ်လွှတ်ပေးနိုင်ပါတယ်။ ကျားဟော်မုန်းကို ဘယ်နေရာမှာ အသုံးပြုလဲ။ ယောက်ျားတွေအတွက် မရှိမဖြစ် ကျားဟော်မုန်းသည် ကိုယ်တွင်းအင်္ဂါတွေကောင်းစွာ […]


လိင်တံပြဿနာများ

ပုရိသတို့ရဲ့ လိင်အင်္ဂါယားယံခြင်းအတွက် အိမ်တွင်းနည်းလမ်းကောင်းများ

လိင်အင်္ဂါပတ်လည်မှာ ရှိတဲ့အရေပြားသည် တခြားနေရာတွေထက် ဘက်တီးရီးယားပေါက်ဖွားဖို့ ပိုလွယ်သလို အနံ့အသက်ထွက်ခြင်း၊ ယားယံခြင်း၊ မှိုစွဲခြင်း အစရှိတဲ့ အရေပြားပြဿနာတွေ ဖြစ်ဖို့ ပိုများပါတယ်။ အထူးသဖြင့် အမျိုးသားတွေဟာ အမျိုးသမီးတွေထက်စာရင် တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းတတ်တာကြောင့် လိင်အင်္ဂါတစ်ဝိုက်မှာ ပိုပြီး ယားယံတတ်ပါတယ်။ ယားတဲ့နေရာကို လက်နဲ့ကုတ်တယ်ဆိုတာ သိပ်ကိုကြည့်ရဆိုးတဲ့အပြင် ဝေဒနာကို ခဏလေးပဲ သက်သာစေနိုင်သလို မတော်တဆ ပွန်းပဲ့သွားရာကနေ ပိုးဝင်ပြီး ပိုဆိုးသွားနိုင်ပါတယ်။ ဒါကြောင့် ဆရာဝန်နဲ့ ပြရမှာလည်း ရှက်တယ်ဆိုတဲ့ ဘော်ဒါတွေအတွက် အသုံးဝင်မယ့် အိမ်တွင်းနည်းလမ်းကောင်းတွေကို ပြောပြပေးမှာမို့ သေချာဖတ်ကြည့်လိုက်ကြရအောင်။ ၁။ ရေခဲဝတ်ကပ်ခြင်း သန့်ရှင်းတဲ့ အဝတ်ထဲ ရေခဲ ၂တုံး ၃တုံးလောက်ထည့်ပြီး လိင်တံရဲ့ ယားယံနေတဲ့ နေရာတစ်ဝိုက်ကို ၅မိနစ်ကနေ ၁၀ မိနစ်အထိ ကပ်ထားပေးပါ။ ဒီနည်းလမ်းဟာ ဝဲခြောက်၊ ဝဲစို၊ အရေပြားမှိုစွဲခြင်း၊ အရေပြားခြောက်သွေ့ခြင်းကြောင့် ဖြစ်တဲ့ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားများနှင့် အန္တရာယ်ကင်းစွာ ဆီးခုံမွေး ဖယ်ရှားခြင်း

ဆီးခုံမွေး နဲ့ ပတ်သက်ပြီး ရိတ်ဖို့လိုတယ်လို့ အခိုင်အမာပြောတဲ့သူတွေလည်း ရှိသလို မလိုအပ်ဘူး သဘာဝအတိုင်းပဲ ကောင်းတယ်လို့ သတ်မှတ်ထားကြတဲ့ အမျိုးသားတွေလည်း ရှိပါတယ်။ ဒါကတော့ ကိုယ့်အယူအဆနဲ့ကိုယ်ပါပဲ။ အမျိုးသားထုရဲ့ လိင်ကျန်းမာရေးရှုထောင့်ကနေ ကြည့်မယ်ဆိုရင် လိင်တံထိပ်အရေပြား ဖြတ်ခြင်းကသာ အမျိုးသားတွေအတွက် တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ ကျန်းမာရေးကို ပိုပြီး မြှင့်တင်ပေးနိုင်တာပါ။ ဆီးခုံမွေးရိတ်ခြင်း မရိတ်ခြင်းကတော့ ဘယ်လိုအကျိုးသက်ရောက်မှုမှ မဖြစ်စေပါဘူး။ ဆီးခုံမွေး မရိတ်ရင်ရော ရသလား။ ရပါတယ်။ ဒါကတော့ ကိုယ့်အကြိုက်နဲ့ကိုယ်ပါပဲ။ အရှေ့တောင်အာရှ အထူးသဖြင့် မြန်မာအမျိုးသားအများစုကတော့ မရိတ်တတ်ကြပါဘူး။ အဲ့လိုမရိတ်တဲ့အခါမှာ သတိထားဖို့ လိုတာကတော့ ချွေးနံ့ပါပဲ။ ဟုတ်ကဲ့၊ အမျိုးသမီးတွေမှာလည်း မိန်းမကိုယ်အနံ့ဆိုတာ ရှိသလို အမျိုးသားတွေရဲ့ လိင်အင်္ဂါမှာလည်း ချွေးတွေ မကြာခဏဆိုသလို အောင်းနေတဲ့အခါ ဘက်တီးရီးယားပိုးတွေ ပွားများပြီး အနံ့ဆိုးထွက်လာနိုင်ပါတယ်။ နောက်ပြဿနာတစ်ခုကတော့ အမွေးနဲ့ ဇစ်နဲ့ ညှပ်တာပါ။ […]


လိင်တံပြဿနာများ

အမျိုးသားများ လိင်အင်္ဂါတွင် ပွန်းပဲ့ထိခိုက်မိတဲ့အခါ

အမျိုးသား လိင်အင်္ဂါရဲ့ အရေပြားဆိုတာ မနူးညံ့တဲ့တိုင်အောင် ထိခိုက်ပွန်းပဲ့ဖို့ အရမ်းလွယ်ကူပါတယ်။ ကြမ်းကြမ်းတမ်းတမ်း လိင်ဆက်ဆံတာ၊ တစ်ကိုယ်ရေ အာသာဖြေတဲ့ အကြိမ်ရေများလွန်းတာ၊ ကျပ်သိပ်လွန်းတဲ့ ဘောင်းဘီ၊ အတွင်းခံတွေ ဝတ်တာ၊ လေ့ကျင့်ခန်း အပြင်းအထန်လုပ်တာတွေကြောင့် အမျိုးသားလိင်တံရဲ့ ထိပ်ဖူး၊ ကိုယ်ထည်နဲ့ ထိပ်ဖုံးအရေပြားမှာ ပွန်းပဲ့ထိခိုက်ဒဏ်ရာ ရနိုင်ပါတယ်။ အကယ်လို့ အမျိုးသားများ လိင်အင်္ဂါတွင် ပွန်းပဲ့ထိခိုက်မိတဲ့အခါ ဘယ်လို သက်သာအောင် လုပ်ကြမလဲ။ အမျိုးသားများ လိင်အင်္ဂါတွင် ပွန်းပဲ့ထိခိုက်မိတဲ့အခါ အမျိုးသားများ လိင်အင်္ဂါတွင် ပွန်းပဲ့ထိခိုက်မိတဲ့အခါ သက်သောင့်သက်သာ မဖြစ်ဘူးဆိုပေမယ့် ကိုယ်သာ သေချာဂရုစိုက်ပေးမယ်ဆိုရင် ပျောက်ဖို့လွယ်ကူတာကြောင့် သိပ်တော့ စိတ်ပူစရာမလိုပါဘူး။ ကိုယ့်ဘော်ဒါတွေထဲမှာ မကြာခဏ ငယ်ပါကို ထိခိုက်မိတဲ့သူတွေ ရှိရင် ဒါမှမဟုတ် ကိုယ်တိုင်လည်း ဒီလိုဖြစ်လာခဲ့ရင် ဘာတွေဆောင်ရ၊ ရှောင်ရမလဲဆိုတာကို ဒီဆောင်းပါးဖတ်ကြည့်ရင်း လေ့လာကြရအောင်လား။ လိင်အင်္ဂါတွင် ထိခိုက်ပွန်းပဲ့စေတဲ့ အကြောင်းရင်းတွေက […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားတွေက ဆေးကုသမှုခံယူဖို့ ဘာကြောင့်ဝန်လေးတာလဲ

သတိထားမိလားဗျ။ ယောက်ျားလေးတွေဆိုတာ ပုံမှန်အချိန်ဆိုတာ သိပ်ကိုပွင့်လင်းနေသလောက် ဆရာဝန်နဲ့ ပြရမှာ သိပ်ရှက်၊ သိပ်ကြောက်၊ သိပ်ဝန်လေးတတ်ကြတာနော်။ ပုံမှန်အချိန် တိုးတိုးတိတ်တိတ်နဲ့ ရှက်နေတတ်တဲ့ မိန်းကလေးတွေတောင်မှ တစ်ခုခု အရေးနဲ့အကြောင်းနဲ့ဆိုရင် ဆရာဝန်ဆီ ချက်ချင်းပြေးတတ်ကြပေမယ့် ယောက်ျားလေးတွေကတော့ ဆန့်ကျင်ဘက်ပါပဲ။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲ။ ၁။ ကျန်းမာရေးဗဟုသုတမရှိခြင်း ကျွန်တော်တို့နိုင်ငံမှာ စိတ်၊ ကိုယ်၊ လိင်နဲ့ပတ်သက်ပြီး ကျန်းမာရေးဗဟုသုတ သိထားတာလည်း အရမ်းနည်းသလို သိဖို့လည်း မကြိုးစားပါဘူး။ ဒါက အဆိုးရွားဆုံးပြဿနာပါပဲ။ ကျန်းမာရေးဗဟုသုတမရှိတော့ ကိုယ့်မှာ ဝေဒနာခံစားနေရရင်တောင် ငါဘာဖြစ်နေတာလဲဆိုတာ သေချာမသိတော့ဘူး။ အဲ့အခါကျ စောစောကုလို့ ပျောက်မယ့်ရောဂါက အချိန်တွေလွန်ပြီးမှ မကူနိုင် မကယ်နိုင်ဖြစ်တော့ အကုန်ဒုက္ခရောက်ရတော့တာပေါ့။ ၂။ ဆေးမြီးတိုတွေ များလာခြင်း ရောဂါတစ်ခုခု ဖြစ်ပြီဆိုရင် ဆရာဝန်နဲ့ ပြဖို့အရင်မပြောဘဲနဲ့ ဘာအရွက်ကလေး ပြုတ်သောက်လိုက်ပါလား၊ ဘယ်အမြစ်ကို သွေးပြီးသောက်ရင် အားရှိတယ် အစရှိသဖြင့် ဆေးမြီးတိုတွေ […]


လိင်တံပြဿနာများ

ချစ်သူနဲ့ ချိန်းတွေ့ပြီးတိုင်း ဝှေးစေ့က ဘာကြောင့်အောင့်နေရတာလဲ

အခုတလော ယောက်ျားလေးတွေ ခဏခဏလာမေးကြတဲ့ မေးခွန်းတစ်ခုရှိတယ်ဗျ။ သူတို့ချစ်သူကောင်မလေးတွေနဲ့ ချိန်းတွေ့ပြီး ပြန်လာတဲ့အချိန်မှာ ဝှေးစေ့က အရမ်းအောင့်ပါတယ်။ ဘာလိင်မှုကိစ္စမှလဲမဖြစ်ခဲ့ပါဘူးတဲ့။ မခံမရပ်နိုင်အောင် အောင့်ပြီး နာကျင်နေတာဘာကြောင့်လဲဆိုပြီး မေးထားတာပါ။ တကယ်ကတော့ မေးခွန်းမှာကတည်းက အဖြေက ပါနေပြီးသားပါ။ အလွယ်ပြောရမယ်ဆိုရင် လိင်စိတ်ဆန္ဒဖြစ်ပေါ်နေပါလျက်နဲ့ လိင်ဆက်ဆံခြင်း(တစ်နည်းအားဖြင့် သုက်လွှတ်ခြင်း) လုံးဝမရှိခဲ့လို့ အောင့်တာပါ။ သူ့ကို ဆေးပညာအရ Epididymal Hypertension (အတိုကောက် EH) လို့ခေါ်ပါတယ်။ ယောက်ျားလေးတွေမှာပဲ ဖြစ်တတ်တဲ့ ပြဿနာတစ်ခုပါ။ ကြီးကြီးမားမား စိုးရိမ်စရာ၊ စိတ်ပူစရာမရှိဘူးဆိုပေမဲ့ ယောက်ျားလေးတွေရဲ့ အဓိကနေရာမှာ ဖြစ်တာဆိုတော့လည်း အနည်းငယ်ပူပန်တတ်ကြတာတော့ သဘာဝပါပဲ။ ဒီဆောင်းပါးမှာ ခုပြဿနာကြောင့် ဝှေးစေ့အောင့်ရခြင်းအကြောင်းကို နားလည်လွယ်အောင် ပြောပြပေးချင်ပါတယ်။ EH ရဲ့ အဓိကလက္ခဏာတွေကဘာတွေလဲ။ EH သည် ဝှေးစေ့ကိုပဲ အဓိကသွားပြီး သက်ရောက်ပါတယ်။ များသောအားဖြင့် အတွေ့များတဲ့ လက္ခဏာတွေကတော့ […]


လိင်တံပြဿနာများ

လိင်တံထိပ်မှာ အနာပေါက်နေတယ်။ ဘာ့ကြောင့်ဖြစ်ရတာလဲ။

Private part လို့ခေါ်တဲ့ မျိုးပွားအင်္ဂါပတ်လည်ဟာ တကယ်ကို သန့်သန့်ရှင်းရှင်းထားသင့်တဲ့နေရာတစ်ခုပါ။ အနာပေါက်တာ အကျိတ်ထွက်တာမျိုးတွေ လုံးဝကို မဖြစ်သင့် မရှိသင့်တဲ့နေရာတစ်ခုလို့တောင် ပြောလို့ရပါတယ်။ ဒါပေမယ့် ကိုယ်က သန့်သန့်ရှင်းရှင်းလည်းထားရက်သားနဲ့ လိင်တံထိပ်မှာ အနာလေးတွေ ပေါက်နေတယ်။ ဒါတွေ ဘာ့ကြောင့်ဖြစ်ရတာလဲ။ ဒီလိုဖြစ်နေပြီဆိုရင် ရတက်မအေး စိုးရိမ်သွားတတ်ကြတဲ့သူတွေ ချည်းပဲလေ။ လိင်တံထိပ်မှာ အနာပေါက်တာ ဘယ်သူတွေမှာ ပိုအဖြစ်များလဲ ။ လိင်တံထိပ်မှာ အနာပေါက်နိုင်တဲ့သူတွေကို အဓိက အုပ်စုနှစ်စုခွဲလိုက်လို့ရပါတယ်။ လိင်ဆက်ဆံရာမှတစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါကြောင့် အနာပေါက်နိုင်တဲ့ အုပ်စုနဲ့ ကူးစက်ရောဂါမဟုတ်တဲ့ ပြဿနာတွေ ကြောင့် အနာပေါက်နိုင်တဲ့ အုပ်စုဆိုပြီး ခွဲလိုက်လို့ရပါတယ်။ လိင်ဆက်ဆံရာက တစ်ဆင့် ကူးစက်တတ်တဲ့ လိင်တံထိပ်အနာပေါက်ခြင်းဖြစ်နိုင်တဲ့သူတွေကတော့ လိင်ဆက်ဆံဖော်အရေအတွက်များတဲ့သူတွေ အကာအကွယ် မပါဘဲလိင်ဆက်ဆံတဲ့သူတွေ လိင်တံထိပ် အရေပြားကို သေချာ သန့်ရှင်းရေမလုပ်တဲ့သူတွေ လိင်တံထိပ်မှာအနာပေါက်နေတဲ့ သူတွေ၊ ရေယုန် ပေါက်နေတဲ့သူတွေနဲ့ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားများနှင့် အိပ်ပျော်နေစဉ် သုက်လွှတ်ခြင်း

အိပ်ပျော်နေတဲ့အချိန် သုက်လွှတ်တယ်ဆိုတာ ယောက်ျားလေးတွေအတွက်တော့ ဖြစ်နေကျ ကိစ္စတစ်ခုပါပဲ။ ဒီလိုဖြစ်စဉ်တွေဟာ လူပျိုစတင်ဖြစ်လာတဲ့အချိန် ဟော်မုန်းအပြောင်းအလဲကြောင့်ရော၊ ကိုယ့်ရဲ့ နိုးကြားတက်ကြွလာတဲ့လိင်စိတ်ကြောင့် ညအိပ်နေတဲ့အချိန် လိင်တံဟာ လှုံ့ဆော်မှုမပါဘဲ အလိုအလျောက်ထောင်မတ်လာပြီး သုက်လွှတ်တယ်။ မနက်နိုးလာတော့ ဘောင်းဘီမှာ စေးကပ်ကပ် အကွက်တွေကို တွေ့ရတတ်ပါတယ်။ ဒီဆောင်းပါးမှာ အမျိုးသားတိုင်း သိထားသင့်တဲ့ အိပ်ပျော်နေစဉ် သုက်လွှတ်ခြင်းနှင့် ဆက်စပ်နေတဲ့ အကြောင်းအရာနဲ့ လူတွေအမေးများတဲ့မေးခွန်းတွေကို ဗဟုသုတအနေနဲ့ ပြောပြပေးချင်ပါတယ်။ ၁။ အိပ်ပျော်နေစဉ် သုက်လွှတ်ခြင်း ဘယ်လိုဖြစ်တာလဲ။ အိပ်စက်အနားယူနေတဲ့အချိန်မှာ လိင်အင်္ဂါအတွင်းမှာ သွေးစီးဆင်းမှုနှုန်းပိုများပြီး ပုံမှန်အချိန်ထက် ထောင်မတ်ဖို့ လွယ်ကူပါတယ်။ ဒီလိုအချိန်မှာ ကိုယ့်ရဲ့ လိင်စိတ်ကို နိုးကြားတက်ကြွလာစေတဲ့ အိပ်မက်တွေ (Wet Dreams) မက်တဲ့အခါ လိင်အင်္ဂါဟာ လက်ရဲ့အကူအညီမလိုအပ်ပါဘဲ သူ့အလိုလို သုက်လွှတ်ပြီး လိင်စိတ်ဆန္ဒပြီးမြောက်ခြင်းကို ဖြစ်စေပါတယ်။ သုက်လွှတ်လိုက်တာကိုတော့ အိပ်နေတဲ့အချိန်မှာ သိမှာမဟုတ်ဘဲ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားများ ကိုယ်လုံးတီးချွတ်အိပ်ခြင်းဖြင့် ရနိုင်တဲ့ကောင်းကျိုးများ

ကျွန်တော်တို့နိုင်ငံမှာ ယောက်ျားလေးအများစုက ညအိပ်ြပီဆိုရင် စွပ်ကျယ်နဲ့ ပုဆိုး၊ အိမ်နေရင်းတီရှပ်နဲ့ ဘောင်းဘီတိုတွေ ဝတ်တာများကြပါတယ်။ တချို့ကျတော့လည်း တစ်ယောက်တည်းနေရတာ၊ သို့မဟုတ် ကိုယ့်အခန်းနဲ့ကိုယ်နေရတာဆိုတော့ လွတ်လွတ်လပ်လပ် ဘာမှမဝတ်ဘဲအိပ်တာမျိုးတွေလည်း ရှိပါတယ်။ ဒီဆောင်းပါးကတော့ ညအိပ်တဲ့အခါ ကိုယ်လုံးတီးအိပ်စက်ခြင်းဖြင့် အမျိုးသားတွေအတွက် ရနိုင်မယ့် ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးတွေကို ပြောပြပေးချင်ပါတယ်။ ၁။ လိင်အင်္ဂါတစ်ဝိုက်ဟာ ချွေးအရမ်းထွက်တဲ့နေရာပါ။ အသားနဲ့ ထိကပ်နေတဲ့ အဝတ်တွေ မရှိတဲ့အခါ လိင်အင်္ဂါအတွက်လည်း အေးမြစေသလို အနံ့အသက်ဆိုး ကင်းစင်စေနိုင်ပါတယ်။ ၂။ ပွေး၊ နှင်းခူ၊ ညှင်းစတဲ့ အရေပြားမှိုရောဂါတွေ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်တယ်။ ၃။ ကပ္ပါယ်အိတ်နဲ့ ဝှေးစေ့ဟာ အဝတ်တွေနဲ့ ကျပ်ထုတ်နေတာမျိုးမရှိတဲ့အတွက် အပူချိန်ကျစေတယ်။ သုက်ပိုးတွေထုတ်လုပ်နိုင်စွမ်းကို မြှင့်တင်ပေးပြီး မျိုးအောင်ခြင်းကို ပိုဖြစ်စေတယ်။ ၄။ အသားနဲ့ အဝတ်ကပ်နေခြင်းမရှိတော့တဲ့အတွက် ယားယံတာမရှိဘဲ အိပ်ရတာ လွတ်လွတ်လပ်လပ်ရှိတဲ့အတွက် ကောင်းစွာအိပ်ပျော်နိုင်စေတယ်။ ၅။ ကိုယ်ထဲမှာရှိနေတဲ့ မကောင်းတဲ့ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း