အမျိုးသားကျန်းမာရေး

ကိုယ်လက်ကြံ့ခိုင်ရေး၊ လိင်ကျန်းမာရေး၊ စိတ်ကျန်းမာရေး၊ ဟော်မုန်းပြဿနာ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု ဒါတွေက အမျိုးသားတွေရဲ့ ကျန်းမာရေးကို အပြောင်းအလဲဖြစ်စေနိုင်တဲ့ အချက်တွေပါပဲ။ ဒီအချက်တွေ အကုန်လုံးကို ဒီစာမျက်နှာမှာ ပြည့်ပြည့်စုံစုံ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသားကျန်းမာရေး

Andropause ကာလ ကျန်းမာစေဖို့ ဘာတွေစားကြမလဲ

Andropause ဆိုတာ ဘာလဲလို့ တွေးနေတာလား။ နားလည်လွယ်အောင် ပြောပြရရင် Andropause ဆိုတာက အမျိုးသားတွေ သွေးဆုံးတာပါ။ အမျိုးသမီးတွေမှာ သွေးဆုံးတယ်ဆိုတာက အီစထရိုဂျင် ဟော်မုန်း ပမာဏ ကျဆင်းလာတာပါ။ အမျိုးသားတွေမှာတော့ Andropause ကာလ ရောက်လာပြီဆိုရင် တက်စထရိုစတုန်းဟော်မုန်း ပမာဏ ကျဆင်းလာပါတယ်။ ဒီကာလမှာ အမျိုးသားတွေဟာလည်း အမျိုးသမီးတွေလိုပဲ ကိုယ်တွင်းဟော်မုန်းတွေ ကမောက်ကမ ဖြစ်တာကြောင့် စိတ်ခံစားမှု ပြောင်းလဲတာ၊ ကြွက်သားဆုံးရှုံးတာတွေကို ရင်ဆိုင်လာရနိုင်ပါတယ်။ ဒီလိုမျိုး ဟော်မုန်းအပြောင်းအလဲ များတဲ့ Andropause ကာလ ကျန်းမာစေဖို့ အရေးပါတဲ့ အချက်တစ်ခုက အာဟာရ ပြည့်ဝမှုပါ။ ဒီတော့ Andropause ကာလ ကျန်းမာစေဖို့ ဘာတွေစားကြမလဲ ဆိုတာ ပြောပြပေးမှာမို့ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။ Andropause ဆိုတာ အမျိုးသားတွေမှာ အသက် ၄၀ နောက်ပိုင်း […]

အမျိုးသားကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အမျိုးသားကျန်းမာရေး ကို ရှာဖွေမည်။

အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားတွေအတွက် ဘယ်အတွင်းခံဘောင်းဘီက အဆင်အပြေဆုံးလဲ

တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ အမျိုးသားကျန်းမာရေး ဆက်စပ်ပုံ၊ အတွင်းခံဘောင်းဘီဝတ်ခြင်း၊ မဝတ်ခြင်းရဲ့ အားသာချက်၊ အားနည်းချက်တွေ ပြောပြပေးပြီးပြီဆိုတော့ အခု အမေးများတဲ့ ယောက်ျားလေးတွေအတွက် ဘယ်လိုအတွင်းခံဘောင်းဘီက အကောင်းဆုံးဖြစ်မလဲဆိုတဲ့ အကြောင်းကို ကျန်းမာရေးနဲ့ အလှအပရေးရာရှုထောင့်ကနေ ပြောပြပေးသွားမှာဖြစ်ပါတယ်။ လူကြိုက်အများဆုံးသော အတွင်းခံအမျိုးအစားများ ဒီဆောင်းပါးမှာတော့ လူကြိုက်အများဆုံးနဲ့ ဝယ်ယူမှုအများဆုံး အတွင်းခံဘောင်းဘီတွေအကြောင်းကို အဓိကပြောပြပေးသွားမှာဖြစ်ပြီး ကျန်တာတွေကိုတော့ ချန်လှပ်သွားမှာဖြစ်ပါတယ်။ ဒီဘောင်းဘီတွေကတော့ ၁။ Brief အတွင်းခံ T ပုံသဏ္ဍာန်ရှိပြီး ယောက်ျားလေးတော်တော်များများ ဝတ်တတ်ကြတဲ့ အမျိုးအစားဖြစ်ပါတယ်။ ပိန်တဲ့သူတွေ၊ အရပ်ပုတဲ့သူတွေအတွက် အလိုက်ဖက်ဆုံးဖြစ်ပါတယ်။ ဘောင်းဘီနဲ့ ဝတ်ဆင်လို့အဆင်ပြေပြီး ပုဆိုးနဲ့ဆိုရင်တော့ အပေါ်က သားရေပတ်ကပေါ်နေလို့ ကြည့်ရဆိုးစေနိုင်ပါတယ်။ ရေကူးတဲ့အခါမှာလည်း ရေကူးဘောင်းဘီအောက်ကနေ ခံဝတ်လို့ အဆင်ပြေပါတယ်။ Brief အမျိုးအစားရဲ့ အားသာချက်က ယောက်ျားလေးတွေရဲ့ ပစ္စည်းကို နေရာတကျဖြစ်စေပြီး အလုံးအထည် ပုံစံကို သိသိသာသာဖော်ပေးတယ်။ အရမ်းလည်း မရှည်လို့ ချွတ်ရ၊ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားများ အတွင်းခံဘောင်းဘီ ဝတ်ခြင်းရဲ့ ကောင်းကျိုး၊ ဆိုးကျိုး

လူကြီးတွေက ငယ်ငယ်ကတည်းက သေချာအကျင့်လုပ်ပေးထားလို့ အတွင်းခံဘောင်းဘီ က ဝတ်လိုက်တာပဲ၊ တချို့နယ်ဘက်မှာ နေတဲ့သူတွေကျတော့လည်း အတွင်းခံဝတ်တဲ့ အလေ့အထမရှိလေတော့ မဝတ်တာမှ လေဝင်လေထွက်ကောင်းတယ်၊ လိင်တံပိုကြီးစေတယ် ဘာညာ ပြောတတ်ကြတာ ကြားဖူးမှာပါ။ ဒါကြောင့် အခုဆောင်းပါးမှာတော့ အမျိုးသားတွေ အမေးများနေကြတဲ့ အတွင်းခံဘောင်းဘီ ရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေကို ပြောပြပေးချင်ပါတယ်။ အမျိုးသားများ အတွင်းခံဘောင်းဘီ မဝတ်တဲ့အခါ ဘာတွေဖြစ်နိုင်လဲ။ ၁။ လိင်တံနဲ့ ဝှေးစေ့ကို ထိန်းကူပြီး မထားခြင်း မရှိတဲ့အခါ အူကျဖို့ ပိုလွယ်ကူတယ်။ ၂။ ပြင်ပက အရာဝတ္ထုတွေနဲ့ မတော်တဆ ထိခိုက်မိတဲ့အခါ လိင်အင်္ဂါကို ဒဏ်ရာပိုဖြစ်စေနိုင်တယ်။ ၃။ ဂျင်းဘောင်းဘီလို အသားတွေ ဝတ်တဲ့အခါ အတွင်းခံေဘာင်းဘီမပါတာကြောင့် လိင်အင်္ဂါက ဂျင်းသားနဲ့ ပွတ်တိုက်ဖန်များပြီး အသားခြောက်တာ၊ အသားဖတ်ကွာတာ၊ ပွန်းပဲ့တာ၊ ယားယံတာတွေ ဖြစ်နိုင်ပါတယ်။ ၄။ ဘောင်းဘီဇစ်နဲ့ လိင်တံအရေပြား […]


လိင်တံပြဿနာများ

လိင်တံအရေပြား ခြောက်သွေ့ကွဲအက်နေရင် စိုးရိမ်သင့်လား

အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ လိင်အင်္ဂါတစ်ဝိုက်မှာ အမြဲချွေးနဲ့ အဆီနဲ့ စိုစွတ်နေတတ်တာ သဘာဝပါပဲ။ ဒီလိုစိုနေတဲ့ကြားကမှ ကိုယ့်ရဲ့ လိင်အင်္ဂါက ခြောက်သွေ့ပြီးတော့ အဖြူရောင် အသားဖတ်တွေကွာနေတယ်၊ ထိလိုက်တဲ့အခါ အရေပြားက ကြမ်းကြမ်းကြီးဖြစ်နေတယ်ဆိုရင် ပုရိသတို့အနေနဲ့လည်း အနည်းငယ်တော့ စိတ်ပူနိုင်တာပေါ့။ များသောအားဖြင့် လိင်တံအရေပြား ခြောက်သွေ့ခြင်းသည် စိုးရိမ်စရာမရှိပါဘူး။ ဖြစ်ခဲ့ရင်လည်း ရက်အနည်းငယ်သာ ကြာတတ်ပြီး သူ့အလိုလို ပျောက်သွားမှာပါ။ တခြားလိင်မှတစ်ဆင့်ကူးစက်ရောဂါတွေကြောင့် အရေပြားခြောက်ပြီး ကွဲတာမျိုးမဖြစ်စေလို့ ဒီအချက်နဲ့ပတ်သက်ပြီး စိုးရိမ်စရာတော့မလိုပါဘူး။ အခုဆောင်းပါးမှာတော့ အမျိုးသားတွေရဲ့ လိင်တံခြောက်သွေ့ခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်း (၅) ချက်ကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ စိုးရိမ်စရာမလိုတဲ့ အကြောင်းရင်း (၅) ချက် ၁။ ပြင်းလွန်းတဲ့ ကိုယ်တိုက်ဆပ်ပြာတွေ အသုံးပြုတဲ့အခါ လိင်အင်္ဂါအရေပြားနဲ့ ဓာတ်မတည့်ဖြစ်ပြီး သဘာဝအဆီတွေက ခမ်းခြောက်သွားကာ ခြောက်ကပ်ကပ်ဖြစ်သွားနိုင်ပါတယ်။ ၂။ အသန့်ကြိုက်လွန်းတဲ့ အမျိုးသားတွေ ကိုယ့်ရဲ့ လိင်အင်္ဂါကို ရေမွှေးတွေ […]


လိင်တံပြဿနာများ

အမျိုးသားအင်္ဂါကို ကြီးဆေးထိုးခြင်းရဲ့ ကြောက်စရာဘေးထွက်ဆိုးကျိုး

လိင်ကျန်းမာရေးနဲ့ပတ်သက်လာရင် ယောက်ျားအများစုရဲ့ အမေးတတ်ဆုံးမေးခွန်းကတော့ ကျွန်တော့်လိင်တံ ကြီးအောင်ဘယ်လိုလုပ်ရမလဲဆိုတာပါပဲ။ အမှန်အတိုင်းပြောရရင် ယောက်ျားတစ်ယောက်ရဲ့ လိင်တံသည် အသက် ၁၈ ပြည့်ပြီးတာနဲ့ ဘယ်လိုမှ ဆက်ပြီးမကြီးနိုင်တော့ပါဘူး။ အဲ့တော့ ကြီးဆေးတွေသောက်ရင် မရဘူးလား၊ သူများတွေ ဆေးထိုး၊ ဂေါ်လီထည့်နေတာ ကျွန်တော်လုပ်ရင်ရော ကြီးလာမှာလားတဲ့။ ဟုတ်ကဲ့ အချိန်တစ်ခုအတွင်းတော့ ကြီးလာတယ်လို့ ထင်ရမှာပါ။ ဒါပေမယ့် သဘာဝမဟုတ်တဲ့ အရာတွေကို လိင်တံအတွင်းထဲ ထိုးသွင်းပြီးနောက် ဖြစ်လာနိုင်တဲ့ ကြောက်မက်ဖွယ်ရာဆိုးကျိုးတွေကို ရင်ဆိုင်နိုင်မယ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိရဲ့လား။ ကြီးဆေးထိုးခြင်း ပြဿနာ မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံတော်တော်များများရဲ့ ကျန်းမာရေးအသိပညာ အလွန်နည်းတဲ့နေရာတွေမှာ ခေတ်စားတဲ့ ဓလေ့တစ်ခုပါ။ လိင်တံကြီးစေဖို့ သဘာဝမဟုတ်တဲ့ စီလီကွန်၊ ဗက်စလင်း၊ အုန်းဆီ စတာတွေကို ဆရာဝန်နဲ့ မတိုင်ပင်ဘဲ ကိုယ့်ဘာသာ အသိတွေနဲ့ ဆေးမြီးတိုသဘော ထိုးကြတာပါ။ အဲ့လိုထိုးပြီးသွားတော့ ဘာဖြစ်သွားလဲ၊ အချိန်အတိုင်းအတာတစ်ခုထိ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားတွေမှာ ဘယ်လောက်အရပ်နဲ့ ကိုယ်အလေးချိန်ပမာဏ ရှိသင့်လဲ

ယောက်ျားလေးဖြစ်စေ၊ မိန်းကလေးဖြစ်စေ တစ်ကမ္ဘာလုံးအတိုင်းအတာအရရော၊ လူမျိုးပေါ်မူတည်ပြီး ကျန်းမာတဲ့ လူတစ်ယောက်မှာရှိသင့်ရှိထိုက်တဲ့ ကိုယ်အလေးချိန်နဲ့ အရပ်အမြင့်ဆိုပြီး သတ်မှတ်ထားတာမျိုးရှိပါတယ်။ မိန်းကလေးတွေနဲ့ မတူတဲ့ အချက်ကတော့ ယောက်ျားလေးတွေသည် အားကစား၊ လေ့ကျင့်ခန်းပိုလုပ်တဲ့အတွက် ထွက်လာတဲ့ ကြွက်သားထုက အဆီထက်ပိုများနေပြီး အလေးချိန်အနည်းငယ် ပိုစီးနေတတ်ပါတယ်။ ယောက်ျားလေးတစ်ယောက်သည် စံနမူနာအားဖြင့် အနည်းဆုံး အရပ် ၅ပေ ၆လက်မရှိဖို့ လိုအပ်ပြီး ကိုယ်အလေးချိန်အနေနဲ့ကတော့ ၁၁၈ပေါင်မှ ၁၅၄ပေါင်ထိ ရှိနိုင်ပါတယ်။ ဒါကို ကျန်းမာတယ်လို့ ယူဆလို့ရပြီး ဒီထက်နည်းနေမယ်ဆိုရင်တော့ Underweight - ကိုယ်အလေးချိန်အရမ်းနည်းနေတဲ့သူ၊ အရမ်းများနေမယ်ဆိုရင်တော့ Overweight - ကိုယ်အလေးချိန် များလွန်းနေတာ၊ Obese - အဝလွန်နေတယ်လို့ သတ်မှတ်လို့ရပါတယ်။ အရပ်အမြင့်ပေါ်မူတည်ပြီး ကိုယ်အလေးချိန်ဘယ်လောက်ရှိသင့်လဲဆိုတာ ပြောပြရမယ်ဆိုရင်တော့ အရပ် ကိုယ်အလေးချိန် ၄ ပေ ၁၀ လက်မ ၉၁ ပေါင်မှ ၁၁၈ […]


လိင်တံပြဿနာများ

လိင်တံထိပ်အရေပြား ကို အသက်ကြီးမှ ခွဲစိတ်လို့ရလား

လိင်တံထိပ်အရေပြား ဖြတ်ခြင်း (Circumcision) ကို များသောအားဖြင့် မွေးပြီးကာစ ကလေးအရွယ်မှာကတည်းက လုပ်ကြပါတယ်။ အရင်တုန်းကတော့ ဘာသာရေး၊ လူမျိုးရေးအယူဝါဒတွေကြောင့် ဖြတ်ပစ်တတ်ကြပေမယ့် ခုနောက်ပိုင်းမှာတော့ ကျန်းမာရေးနဲ့ သန့်ရှင်းရေးကို အလေးပေးတဲ့အနေနဲ့ ဒီအပြုအမူကို မိဘတွေကိုယ်တိုင်က လိုလိုလားလား လုပ်ပေးခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒါဆို ငယ်ငယ်က မလုပ်ခဲ့ရလို့ ကြီးလာမှ အရေပြားဖြတ်လို့ရလားဆိုပြီး မေးစရာရှိလာပါတယ်။ ပြောရမယ်ဆိုရင် ဒီ လိင်တံထိပ်အရေပြားဖြတ်ခြင်းဟာ အသက်အရွယ်မရွေး လုပ်လို့ရပြီး အသေးစားခွဲစိတ်မှုဖြစ်တာကြောင့် သိပ်ပြီးစိုးရိမ်ဖို့တော့ မလိုပါဘူး။ ဒါပေမယ့် အသက်ကြီးလာတာနဲ့အမျှ အမြဲလှုပ်ရှားသွားလာနေရတာ၊ လက်နဲ့ ထိမိကိုင်မိတာ စတာတွေကြောင့် ပိုးဝင်သွားနိုင်ခြေတော့ ပိုများပါတယ်။ ဒီနေ့ဆောင်းပါးမှာတော့ လူကြီးအရွယ်မှာ လိင်တံထိပ်အရေပြားဖြတ်လို့ ဘာကောင်းကျိုးရနိုင်မလဲ၊ ဘာအတွက် လုပ်သင့်လဲ၊ ဆောင်ရန်၊ ရှောင်ရန်အချက်တွေကို ပြောပြပေးချင်ပါတယ်။ အသက်ကြီးမှ လိင်တံထိပ်အရေပြား ဘာကြောင့်ဖြတ်ကြတာလဲ။ ဒီကိစ္စမှ အသိနောက်ကျတယ်ဆိုတာတော့ မရှိပါဘူး။ ကိုယ့်မိဘတွေက […]


လိင်တံပြဿနာများ

လိင်တံမထောင်မတ်နိုင်တာက ကိုလက်စထရောများတာနဲ့ သက်ဆိုင်လား

လိင်တံမထောင်မတ်နိုင်ခြင်း တစ်နည်းအားဖြင့် ပန်းသေပန်းညှိုးရောဂါဟာ အမျိုးသားတွေမှာ အလွန်အဖြစ်များတဲ့ လိင်ပိုင်းဆိုင်ရာပြဿနာတစ်ခုပါပဲ။ အလွယ်ပြောရမယ်ဆိုရင် ထိုးသွင်းဆက်ဆံခြင်းပြုတော့မယ့်အချိန်မှာ လိင်တံပျော့ကျသွားတာ၊ ထောင်မတ်ဖို့ အချိန်စောင့်ရတာပါ။ အမျိုးသားတစ်ယောက်မှာ ရှိတဲ့ ကျားဟော်မုန်းပမာဏသည် လိင်တံထောင်မတ်ခြင်းကို လွှမ်းမိုးနေတဲ့ အဓိကဟော်မုန်းဆိုလည်း မမှားပါဘူး။ ကျားဟော်မုန်းများတဲ့ အမျိုးသားတွေဆိုရင် လိင်မှုကိစ္စမှာ ပိုပြီး သာယာနိုင်ကြသလို ပန်းသေပန်းညှိုး၊ သုက်လွှတ်စောခြင်း၊ သုက်လွှတ်ကြာခြင်း၊ လိင်စိတ်ဆန္ဒနည်းလာခြင်းတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါဆို လိင်တံမထောင်မတ်နိုင်တဲ့ ပြဿနာက ကိုလက်စထရောများတာကြောင့်ရော ဖြစ်နိုင်မလား။ ဒီနေ့ဆောင်းပါးမှာတော့ ကိုလက်စထရောနဲ့ ပန်းသေပန်းညှိုး ဘယ်လိုဆက်စပ်နေလဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ ပန်းသေပန်းညှိုးကို ဖြစ်စေတဲ့ အဓိကအကြောင်းရင်းက ဘာလဲ။ ရုပ်ခန္ဓာကျန်းမာရေးရော စိတ်ကျန်းမာရေး နှစ်မျိုးလုံးက လိင်တံထောင်မတ်နိုင်ခြင်းကို သွားပြီး လွှမ်းမိုးနိုင်တယ်ဆိုတာ အရင်ဆုံးသိထားဖို့ လိုပါတယ်။ ရုပ်ခန္ဓာအရဆိုရင်တော့ သွေးကြောတွေ ကျဉ်းလာတဲ့ရောဂါ (atherosclerosis) ကြောင့်ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ အမျိုးသားတွေအတွက် […]


လိင်တံပြဿနာများ

ကင်ဆာမဟုတ်တဲ့ ဝှေးစေ့ပြဿနာများ ။

ယောက်ျားမှာ ဆီး၊ မိန်းမမှာ မီး ဆိုတဲ့ ဆိုရိုးစကားလေးကြားဖူးမှာပါ။ မိန်းကလေးတွေမှာ မီးယပ်ပြဿနာ အဖြစ်များသလို ဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာတွေက ယောကျာ်းလေးတွေမှာ အများဆုံးဖြစ်တဲ့ ဝေဒနာတစ်ခုပါ။ ဆီးလမ်းကြောင်းပြဿနာတွေထဲမှာမှ ဒီနေ့ပြောပြပေးချင်တာက ကင်ဆာမဟုတ်တဲ့ ဝှေးစေ့ပြဿနာများ အကြောင်းပဲ ဖြစ်ပါတယ်။ ဘာတွေလဲဆိုတာ ဆက်ကြည့်လိုက်ရအောင်။ ။ ဝှေးစေ့ပြဿနာများ ( ၁ ) Epididymitis - သုက်ပို့ပြွန်ရောင်ခြင်း။ Testicles လို့ခေါ်တဲ့ ဝှေးစေ့က သုက်ပိုးတွေကို လိင်တံ penis ဆီရောက်အောင်ပို့ပေးတဲ့ ပြွန် epididymis ရောင်တဲ့ ပြဿနာဖြစ်ပါတယ်။ ရောင်လာတဲ့ ဒဏ်က ဝှေးစေ့ကိုပါရောက်သွားပြီး ဝှေးစေ့ပတ်လည်ပါလိုက်ရောင်လာတာကို epididymo-orchitis လို့ခေါ်ပါတယ်။ • လက္ခဏာတွေကတော့ ကပ္ပာယ်အိတ်ပတ်လည်မှာ နာကျင်မှု၊ ရောင်ရမ်းမှုတွေလည်းဖြစ်နေတတ်ပြီး ကိုင်ကြည့်လိုက်တဲ့အခါ ပူနေတာမျိုးတွေ ရှိတတ်ပါတယ်။ • ကလေးအရွယ်နဲ့ မြီးကောင်ပေါက် အရွယ်တွေမှာ ပိုဖြစ်နိုင်တယ်ဆိုပေမယ့် […]


လိင်တံပြဿနာများ

Hydrocele( မုတ္တရောဂါ ) ဝှေးစေ့ပတ်လည်အရည်စုပြီး ကပ္ပယ်အိတ်ကြီးလာတဲ့ ပြဿနာ ။ ။

ဝှေးစေ့မှာ အရည်အိတ်စုပြီးကြီးလာတာ ၊ အူကျြပီး ဝှေးစေ့ကြီးလာတာ စတဲ့ပြဿနာတွေဟာ အမျိုးသားတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ရောဂါတွေပါ။ စစချင်းဖြစ်ခါစတွေဆို နာကျင့်တဲ့ ပြဿနာတွေတော့မရှိပေမယ့် နေရထိုင်ရ သွားရ လာရတာတွေကို သက်တောင့်သက်သာမရှိဖြစ်စေမှာပါ။ ပြီးတော့ ဒီလို ဝှေးစေ့အရည်စုပြီး ကြီးလာတဲ့ပြဿနာတွေဟာ ရှားပါးတဲ့ ဖြစ်စဉ်တွေ မဟုတ်တာကြောင့် အမျိုးသားတိုင်း သိရအောင်ဒီတောင်းပါးလေးကို ဝေမျှပေးချင်ပါတယ်။ Hydrocele မုတ္တရောဂါဆိုတာ ဘာလဲ။ ။ ဝှေးစေ့ပတ်လည်မှာ အရည်တွေစိမ့်ထွက်လာပြီး စုလာရာကနေ ကပ္ပယ်အိတ်ကြီး ကြီးလာတဲ့ပြဿနာပါ။ ကလေးငယ်ငယ်လေးတွေမှာလည်း ဖြစ်နိုင်သလို လူကြီးတွေလည်း ဖြစ်နိုင်ပါတယ်။ Hydrocele ရဲ့ လက္ခဏာက ဘာလဲ။ ။ အရည်စုတယ်ဆိုတော့ အဓိက လက္ခဏာက ကပ္ပယ်အိတ်ြကီး ကြီးလာမှာပါ။ ကြီးလာတဲ့ ကပ္ပယ်အိတ်က ပျော့ပျော့လေးဖြစ်နေတတ်ပြီး နာကျင်တာတွေ မရှိတတ်ပါဘူး။ ဒီနေရာမှာ ပျော့တာ မာတာ က အရေးကြီးသွားပါပြီ။ […]


လိင်တံပြဿနာများ

ကိုယ့်ရဲ့ဖွားဖက်တော်က ထုံကျဉ်နေသလို ခံစားနေရတာ ဘာကြောင့်လဲ

အမျိုးသားတွေရဲ့ လိင်တံအတွင်းမှာ အသေးငယ်ဆုံးသော ဖိအား၊ အထိအတွေ့ကို ခံစားသိရှိနိုင်တဲ့ အာရုံကြောတွေ ပါဝင်ပါတယ်။ ဒီအာရုံကြောတွေက အကြောင်းအမျိုးမျိုးကြောင့် အားနည်းသွားတာ၊ ထိခိုက်မိတဲ့အခါမျိုးမှာ လိင်တံက အနည်းငယ် သို့မဟုတ် လုံးဝထုံကျဉ်သွားတတ်ပါတယ်။ ဒီနေ့ပြောပြပေးမှာကတော့ အမျိုးသားတွေမှာ ဖြစ်နိုင်ခြေရှိတဲ့ လိင်တံထုံကျဉ်ခြင်းကို ဖြစ်စေတဲ့ အပြုအမူတွေနဲ့ လိင်ကျန်းမာရေးပြဿနာပဲ ဖြစ်ပါတယ်။ လိင်တံထုံကျဉ်တဲ့အခါ ဘယ်လိုလက္ခဏာတွေ တွေ့ရလဲ။ ကိုယ့်ရဲ့ ငယ်ပါကို ကိုယ်တိုင် သို့မဟုတ် တခြားတစ်ယောက်က ထိလိုက်တဲ့အခါ အထိအတွေ့နဲ့ ပတ်သက်ပြီး ခံစားမိတာလည်း မရှိ၊ ထောင်မတ်လာတာမျိုးလည်း မရှိတော့တဲ့အခြေအနေဖြစ်ပါတယ်။ တစ်ခါတလေ အထဲမှာ သွေးစီးဆင်းမှု လုံးဝရပ်တန့်သွားသလိုလည်း ခံစားရနိုင်ပါတယ်။ တခြားလက္ခဏာတွေအနေနဲ့ ဝှေးစေ့၊ လိင်တံပတ်လည်က အရေပြား သို့မဟုတ် Perineum လို့ခေါ်တဲ့ လိင်အင်္ဂါနဲ့ စအိုဝကြား နေရာမှာ ခံစားနိုင်မှု ပျောက်ဆုံးနေတာ ပူစပ်ပူလောင် […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း