အမျိုးသားကျန်းမာရေး

ကိုယ်လက်ကြံ့ခိုင်ရေး၊ လိင်ကျန်းမာရေး၊ စိတ်ကျန်းမာရေး၊ ဟော်မုန်းပြဿနာ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု ဒါတွေက အမျိုးသားတွေရဲ့ ကျန်းမာရေးကို အပြောင်းအလဲဖြစ်စေနိုင်တဲ့ အချက်တွေပါပဲ။ ဒီအချက်တွေ အကုန်လုံးကို ဒီစာမျက်နှာမှာ ပြည့်ပြည့်စုံစုံ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသားကျန်းမာရေး

Andropause ကာလ ကျန်းမာစေဖို့ ဘာတွေစားကြမလဲ

Andropause ဆိုတာ ဘာလဲလို့ တွေးနေတာလား။ နားလည်လွယ်အောင် ပြောပြရရင် Andropause ဆိုတာက အမျိုးသားတွေ သွေးဆုံးတာပါ။ အမျိုးသမီးတွေမှာ သွေးဆုံးတယ်ဆိုတာက အီစထရိုဂျင် ဟော်မုန်း ပမာဏ ကျဆင်းလာတာပါ။ အမျိုးသားတွေမှာတော့ Andropause ကာလ ရောက်လာပြီဆိုရင် တက်စထရိုစတုန်းဟော်မုန်း ပမာဏ ကျဆင်းလာပါတယ်။ ဒီကာလမှာ အမျိုးသားတွေဟာလည်း အမျိုးသမီးတွေလိုပဲ ကိုယ်တွင်းဟော်မုန်းတွေ ကမောက်ကမ ဖြစ်တာကြောင့် စိတ်ခံစားမှု ပြောင်းလဲတာ၊ ကြွက်သားဆုံးရှုံးတာတွေကို ရင်ဆိုင်လာရနိုင်ပါတယ်။ ဒီလိုမျိုး ဟော်မုန်းအပြောင်းအလဲ များတဲ့ Andropause ကာလ ကျန်းမာစေဖို့ အရေးပါတဲ့ အချက်တစ်ခုက အာဟာရ ပြည့်ဝမှုပါ။ ဒီတော့ Andropause ကာလ ကျန်းမာစေဖို့ ဘာတွေစားကြမလဲ ဆိုတာ ပြောပြပေးမှာမို့ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။ Andropause ဆိုတာ အမျိုးသားတွေမှာ အသက် ၄၀ နောက်ပိုင်း […]

အမျိုးသားကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အမျိုးသားကျန်းမာရေး ကို ရှာဖွေမည်။

လိင်တံပြဿနာများ

ကျွန်တော့်ငယ်ပါမှာ ကြာဆူးလိုအဖုတွေ ပေါက်နေတယ်ဆရာ

အမျိုးသားတွေရဲ့ လိင်တံထိပ်ဖူး ပတ်လည်မှာ Hirsutoid Papillomas လို့ခေါ်တဲ့ အဖြူရောင်ကြာဆူးလို အဖုသေးသေးလေးတွေ ပေါက်တတ်တာ သဘာဝပါပဲ။ တစ်နေရာထဲမှာ အပြုံလိုက်စုပေါက်တာမျိုးလည်း ရှိသလို ထိပ်ပတ်ပတ်လည်မှာ အတန်းလိုက်ကြီး ပေါက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ထိပ်ပတ်လည်ကလွဲပြီး တခြားနေရာတွေမှာတော့ မပေါက်နိုင်ပါဘူး။ သူ့ကို လူတော်တော်များများက လိင်မှတစ်ဆင့် ကူးစက်ခံရတဲ့ အရေပြားယားနာ၊ ကြွက်နို့ ဒါမှမဟုတ် တစ်ကိုယ်ရေသန့်ရှင်းမှုနည်းခြင်းကြောင့် ဖြစ်တဲ့ အဆီဖုတွေနဲ့ အမှတ်မှားတတ်ကြပါတယ်။ တကယ်တော့ ဒီလို ကြာဆူးပုံစံ အဖုသေးသေးလေးတွေက ကျန်းမာပြီး တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်တဲ့ အမျိုးသားတွေမှာပါ ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာတစ်ခုမို့ သိပ်ပြီး စိုးရိမ်စရာမလိုပါဘူး။ သူ့မှာ တခြားရော ဘာလက္ခဏာတွေ ရှိနိုင်လဲ။ ကြာဆူးလို အဖုလေးတွေ ပေါက်နေတာကလွဲပြီး တခြားလက္ခဏာမျိုးတွေတော့ မရှိပါဘူး။ များသောအားဖြင့် လူပျိုဖြစ်ကာစအရွယ်မှာ စပေါက်လာပြီးတော့ ကြီးလာတဲ့အထိ ဒီပုံစံအတိုင်းပဲ […]


လိင်တံပြဿနာများ

လိင်တံထိပ်အရေပြား မဖြတ်ခင် ဒါတွေကို သိထားဖို့လိုပါတယ်

လိင်တံထိပ်အရေပြား ဖြတ်ခြင်းဆိုတာဘာလဲ။ လိပ်တံထိပ်ဖူးပတ်လည်ကို ဖုံးနေတဲ့ အရေပြားကို ခွဲစိတ်ဖြတ်တောက်ပေးတာဖြစ်ပါတယ်။ သူ့ကို Circumcision လို့ခေါ်ပါတယ်။ အများအားဖြင့်တော့ ယောက်ျားလေးတွေ မွေးပြီးကာစမှာ သန့်ရှင်းရေးနဲ့ ကျန်းမာရေးအတွက် မိဘတွေကိုယ်တိုင် ဆရာဝန်လက်ထဲအပ်ပြီး ဖြတ်လိုက်တာမျိုးလည်း ရှိသလို အသက်ကြီးမှ အကြောင်းအမျိုးမျိုးကြောင့် လုပ်တာ၊ ဘာသာရေးအယူဝါဒတွေကြောင့် လုပ်တာ အစရှိသဖြင့် အစုံပါပဲ။ တကယ်တော့ လိင်တံထိပ်အရေပြား ဖြတ်ခြင်း၊ မဖြတ်ခြင်းကို ကာယကံရှင်အနေနဲ့ သေချာဆုံးဖြတ်ဖို့ လိုပါတယ်။ သန့်ရှင်းရေးအတွက် လိင်တံထိပ်အရေပြားဖြတ်မှာလား။ လိင်တံထိပ်အရေပြား မဖြတ်ထားတဲ့အခါ အဆီတွေ၊ ဖုန်နဲ့ အညစ်အကြေးတွေ၊ သုက်ရည်တွေက အရေပြားရဲ့အောက်မှာ သွားပြီး စုပုံနေတတ်ပါတယ်။ ကြာလာတဲ့အခါ အဖြူရောင်အရိအချွဲတွေ ဖြစ်ပြီး လိင်တံကနေ အောက်သိုးသိုးအနံ့တွေ ထွက်လာပါတယ်။ ဒီအရိအချွဲကနေ ဘက်တီးရီးယားပိုးတွေ ပွားများလာပြီး အဖတ် သို့မဟုတ် အခဲ အခြေအနေကို ရောက်ပါတယ်။ ဒီအခြေအနေမှာဆိုရင် […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားများ စိတ်ရောဂါကြောင့် အသက်သေဆုံးနိုင်ခြေပိုများ

ဘယ်လိုရောဂါပဲ ဖြစ်နေပါစေ၊ စိတ်ရောဂါဆိုတာ ပေါ့ဆလို့မရတဲ့ ပြဿနာပါ။ လူတော်တော်များများရဲ့ စိတ်ဆိုတာ ကြံ့ခိုင်ရင်ရတယ်၊ လုပ်ယူရင်ရတယ်၊ စိတ်ပျော့ညံ့တယ်ဆိုတာ လူညံ့လူဖျင်းတွေအလုပ်ဆိုပြီး ယူဆလိုက်ကြတာပါ။ တကယ်တော့ ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် လူရယ်လို့ဖြစ်လာတဲ့အခါ အခက်အခဲပေါင်းစုံနဲ့ ရင်ဆိုင်ကြုံတွေ့ရမယ်၊ ပြဿနာပေါင်းစုံကို ဖြေရှင်းကြရမယ်၊ ဒီလိုမျိုး နေ့စဉ် ကြုံတွေ့နေရတဲ့အခါ ဘယ်လောက်ပဲ ကြံ့ခိုင်နေတဲ့ လူသားတစ်ဦးပင်ဖြစ်နေပါစေ စိတ်က အနည်းငယ်တော့ ယိုင်သွားတတ်ပါတယ်။ ဒါဆိုရင် ဘယ်နေရာမှာ ပြဿနာဖြစ်သွားတာလဲ။ စစ်တမ်းကောက်ယူချက်အရ အမျိုးသမီးတွေမှာ စိတ်ရောဂါ ဖြစ်ဖို့ ပိုလွယ်ကူပေမယ့် သူတို့တွေက ကိုယ့်ရဲ့ရောဂါအခြေအနေကို နားလည်လွယ်ပြီး ကုသဖို့ကိုလည်း အားတက်သရောရှိကြပါတယ်။ အမျိုးသားတွေကတော့ ဒါနဲ့ လုံးဝဆန့်ကျင်ဘက်ပါပဲ။ စိတ်ရောဂါဘယ်လောက်ပဲ ပြင်းထန်နေပါစေ၊ ကုသဖို့ကို အင်မတန်ဝန်လေးတတ်ကြပါတယ်။ ဒီပြဿနာ ဘယ်ကစလာလဲဆိုတော့ လူတွေ နားလည်သတ်မှတ်ခံယူထားတဲ့ ယောက်ျားပီသမှု ဆိုတဲ့ အရာကြီးက အဓိကတရားခံပါပဲ။ ယောက်ျားမှန်ရင် […]


Peyronie's ရောဂါ

ပုံမှန်မဟုတ်တဲ့ လိင်တံကွေးကောက်ခြင်း

အမျိုးသားတစ်ယောက်ရဲ့ လိင်တံဟာ ဘယ်ဘက် သို့မဟုတ် ညာဘက်ကို အနည်းငယ်ကွေးကောက်တာ သဘာဝပါပဲ။ အာသာဖြေတာ၊ အတွင်းခံအတွင်း ထည့်ထားတဲ့ ပုံစံအနေအထားပေါ် မူတည်ပြီး အနည်းငယ်တော့ စောင်းသွားတတ်ပါတယ်။ ဒါကတော့ ပြဿနာမဟုတ်ပါဘူး။ ဒါပေမယ့် သတိထားဖို့လိုတာကတော့ လိင်ဆက်ဆံနေစဉ်၊ တစ်ခုခုနဲ့ ထိခိုက်မိပြီး လိင်တံကောက်သွားခြင်းကြောင့် နောက်ဆက်တွဲဝင်လာတတ်တဲ့ ပီရိုးနီးရောဂါ (Peyronie’s disease) ပဲ ဖြစ်ပါတယ်။ ပီရိုးနီးရောဂါဆိုတာ ဘာလဲ။ ထောင်မတ်လာချိန်မှာ လိင်တံဟာ ပုံမှန်ထက်ပိုပြီး ကွေးကောက်သွားစေတဲ့ ရောဂါဖြစ်ပါတယ်။ အသက်အရွယ်မရွေး ဖြစ်နိုင်ပေမယ့် အသက် ၄၀ နောက်ပိုင်းအမျိုးသားတွေမှာတော့ ပိုအဖြစ်များပါတယ်။ လိင်တံထောင်မတ်စဉ် အလွန်အမင်းနာကျင်ပြီး ထိုးသွင်းဆက်ဆံဖို့ အခက်အခဲဖြစ်စေတဲ့အတွက် ကိုယ့်မှာ ဒီရောဂါရှိတယ်လို့ သံသယဖြစ်နေပြီဆိုရင် ဆရာဝန်နဲ့ ပြကြည့်တာ အကောင်းဆုံးပါပဲ။ ပီရိုးနီးရောဂါ လက္ခဏာတွေ လိင်တံရဲ့ ကိုယ်ထည်တွင် ဖုဖောင်းပြီး မာကျောတဲ့ အဖုလေးတစ်ခု […]


ပန်းသေပန်းညှိုးခြင်း

ရောဂါမရှိဘဲ စိတ်ကြောင့် လိင်တံမထောင်မတ်နိုင်ခြင်း

အမျိုးသားတွေရဲ့ အဖြစ်အများဆုံး လိင်ပိုင်းဆိုင်ရာ ပြဿနာတွေထံမှာ လိင်တံမထောင်မတ်နိုင်တာလည်း တစ်ခုအပါအဝင်ပါပဲ။ အမြဲတမ်း မထောင်မတ်နိုင်တာမျိုးလည်း မဟုတ်ဘဲ မနက်နိုးရင် သူ့အလိုလို ထောင်မတ်နိုင်တယ်။ အာသာဖြေတဲ့အချိန်၊ ဆက်ဆံဖော်က ပါးစပ်နဲ့ နှိုးဆွနေရင်လည်း ထောင်တတ်ပါတယ်။ နောက်ဆုံး ထိုးသွင်းဆက်ဆံမှု ဖြစ်တော့မယ်ဆိုတော့မှ လိင်တံက ဆက်မထောင်နိုင်ဘဲ ပျော့ခွေကျပြီး ဘယ်လိုမှ ပြန်မထလာနိုင်တော့ ပြဿနာပေါ့။ ပုံမှန်အားဖြင့် အသက် ၄၀ နောက်ပိုင်း အမျိုးသားတွေမှာ ကျားဟော်မုန်း - တက်စတိုစတီရုန်းဟော်မုန်း ကျသွားတာကြောင့် ထောင်မတ်နိုင်စွမ်းအား နည်းသွားပါတယ်။ ခုနောက်ပိုင်းမှာတော့ လူငယ်အမျိုးသားတွေမှာလည်း တော်တော်လေး အဖြစ်များလာတာကို တွေ့ရပါတယ်။ နေထိုင်မှုပုံစံမှားယွင်းတာ၊ ကျန်းမာရေးချို့တဲ့တာတွေကြောင့်အပြင် စိတ်ကျန်းမာရေးပြဿနာတွေဟာလည်း လိင်တံထောင်မတ်နိုင်စွမ်းအပေါ် သက်ရောက်မှုရှိနိုင်ပါတယ်။ စိတ်ကျန်းမာရေးနှင့် လိင်တံထောင်မတ်နိုင်စွမ်း စိတ်နဲ့ပတ်သက်လာရင် ခန္ဓာလောက် သတိမထား ဂရုမစိုက်တတ်ကြပါဘူး။ တကယ်တော့ ဒီစိတ်ဟာ ကိုယ့်ခန္ဓာကို ရှေ့ဆက်တိုးဖို့ မောင်းတင်ပေးနေတဲ့ […]


လိင်တံပြဿနာများ

အမျိုးသားများနှင့် လိင်တံအရေပြားမှိုစွဲခြင်းရောဂါ

လိင်အင်္ဂါမှိုစွဲတယ်ဆိုတာ တကယ်တော့ အမျိုးသမီးတွေမှာ ပိုပြီးအဖြစ်များတတ်တဲ့ ရောဂါပါ။ အကာအကွယ်မသုံးဘဲ လိင်ဆက်ဆံရာကနေ အမျိုးသားတွေကို ကူးစက်ပြီး လိင်တံမှိုပိုး ကူးစက်ခံရတာဖြစ်ပါတယ်။ တခြားအရေပြားပြဿနာတွေထက် ပိုအန္တရာယ်များပြီး မကုသဘဲ ပစ်ထားလိုက်မယ်ဆိုရင် နာကျင်မှု၊ ယားယံမှုတွေအပြင် ရောဂါပိုးတွေလည်း ကူးစက်ခံရဖို့ ပိုလွယ်ကူပါတယ်။ အထူးသဖြင့် မှိုပိုးက သွေးကြောထဲဝင်ရောက်သွားတဲ့အခါ ရောဂါအခြေအနေက တော်တော်ဆိုးတယ်လို့ ပြောလို့ရပါပြီ။ လိင်တံမှိုစွဲခြင်း ရောဂါလက္ခဏာတွေက ဘာလဲ။ အစောပိုင်း ပိုးကူးစက်ခံရတဲ့အခါ အရေပြားက နီရဲနေပြီး အင်ပျဉ်တွေထနေမယ်။ လိင်တံပေါ်မှာ အဖြူကွက်တွေ အကွက်လိုက်ဖြစ်ပေါ်နေပြီး ကိုင်လိုက်ရင် စိုစိုလေးဖြစ်နေမယ်။ ထိပ်အရေပြား ဖြတ်မထားတဲ့သူတွေမှာ အရေပြားကို အောက်လှန်ချလိုက်ရင် ပုံမှန်အရိအချွဲတွေလိုမဟုတ်ဘဲ မာပြီး ထူနေတဲ့အဖြူရောင်အခဲဖတ်တွေကို တွေ့ရပါမယ်။ ယားယံတာ၊ ပူစပ်ပူလောင်ဖြစ်သလို ခံစားရမယ်။ မှိုပိုးဟာ တစ်ခါတစ်ရံမှာ လိင်မှတစ်ဆင့်ကူးစက်ရောဂါတွေနဲ့အတူ ဝင်ရောက်လာနိုင်ပါတယ်။ လိင်တံမှိုစွဲခြင်းအကြောင်း သိထားသင့်သမျှ Candida လို့ခေါ်တဲ့ မှိုပိုးကူးစက်ခံရခြင်းက […]


လိင်တံပြဿနာများ

ကျွန်တော့်ငယ်ပါက ဘာလို့အရမ်းနံတာလဲ ဆရာ

အမျိုးသားတိုင်းရဲ့ လိင်တံမှာ အနံ့တစ်မျိုးစီ ရှိကြပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ တခြားသော အရေပြားဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေကြောင့် ပုံမှန်ထက်ကို အနံ့က ပြင်းနေပြီး တစ်ဖက်လူသည်းမခံနိုင်လောက်တဲ့အထိ ပုပ်အဲ့အဲ့အနံ့အသက်တွေ ထွက်လာရတာပါ။ လိင်တံက ဘာကြောင့် အရမ်းနံရတာလဲ။ လိင်တံအနံ့ဆိုးထွက်တဲ့ အကြောင်းရင်းပြဿနာတွေက ကုသပျောက်ကင်းဖို့လည်း လွယ်ပါတယ်။ ဆရာဝန်နဲ့ သေချာပြသမယ်၊ ကိုယ့်ရဲ့ အရေပြားကိုလည်း ဂရုစိုက်မယ်ဆိုရင်၊ ကိုယ့်မှာဖြစ်နေတဲ့ ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေကိုလည်း သေချာသိမယ်ဆိုရင်တော့ အကောင်းဆုံးပဲပေါ့။ ခုဆောင်းပါးမှာ လိင်တံနံစေတဲ့ အကြောင်းရင်းနဲ့ ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ ၁။ အဖြူရောင်အကျိအချွဲတွေ လိင်တံထိပ်ဖူးပတ်လည်မှာ ချွေးပြန်တာ၊ အဆီထွက်တာ၊ အရေပြားဆဲလ်အသေတွေ စုမိသွားတဲ့အခါ အဖြူရောင်အကျိအချွဲတွေ ဖြစ်သွားပါတယ်။ ထိပ်အရေပြား ဖြတ်မထားတဲ့ အမျိုးသားတွေမှာ ပိုအဖြစ်များပြီး တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းတာ၊ ထိပ်အရေပြားအောက်ကို သေချာသန့်ရှင်းရေးမလုပ်တဲ့ အမျိုးသားတွေမှာ အလွန်အဖြစ်များပါတယ်။ ဒီအကျိအချွဲတွေကြောင့် ဘက်တီးရီးယားပိုးတွေ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

သုက်ရည်က ဘာကြောင့်အရောင်ပြောင်းသွားတာလဲ

ကျန်းမာတဲ့ အမျိုးသားတစ်ယောက်ရဲ့ သုက်ရည်က မီးခိုးနဲ့ အဖြူစပ်ကြားအရောင်ရှိတယ်ဆိုတာ သိပြီးသားဖြစ်မှာပါ။ ဒီသုက်ရည်ရဲ့ အရောင်ဟာ ကျန်းမာရေးအခြေအနေတွေပေါ်မူတည်ပြီး အရောင်ပြောင်းသွားနိုင်ပါတယ်။ တခြားပုံမှန်မဟုတ်တဲ့ လက္ခဏာတွေမရှိရင်၊ ခဏလေးပဲ အရောင်ပြောင်းပြီး နောက်ပိုင်း ပုံမှန်အရောင်အတိုင်း ပြန်ဖြစ်သွားရင်တော့ သိပ်ပြီး စိုးရိမ်ဖို့ မလိုပါဘူးခင်ဗျ။ သုက်ရည်က အရောင်ပြောင်းနိုင်သလား၊၊ ၁။ အဖြူရောင်၊ အကြည်ရောင်၊ မီးခိုးရောင်ဆိုရင် ကျန်းမာတယ်၊ ပုံမှန်သုက်ရည်အရောင်လို့ သတ်မှတ်နိုင်ပါတယ်။ ကယ်လ်စီယမ်၊ ဆိုဒီယမ်၊ ဇင့်၊ ပိုတက်စီယမ်၊ အင်ဇိုင်း၊ ဖိုင်ဘရီနိုလိုင်စင် အစရှိတဲ့ ဓာတ်သတ္တုတွေကြောင့် ဒီလိုအရောင်မျိုး ထွက်လာရတာပါ။ ၂။ အဝါရောင်၊ စိမ်းဖန့်ဖန့်ရောင်ကတာ့ ဆီးလမ်းကြောင်းမှာကျန်နေခဲ့တဲ့ ဆီးနဲ့ သုက်ရည်ရောသွားတာ၊ အသည်းရောင် အသားဝါဖြစ်နေတာ၊ သုက်ရည်ထဲမှာ သွေးဖြူဆဲလ်တွေ များနေတာ၊ ဆီးကျိတ်ထဲ ပိုးဝင်တာ၊ အဝါရောင်ဆိုးဆေးတွေ ပါတဲ့ အစားအစာတွေ စားသုံးတာ၊ အရက်အလွန်အကျွံသောက်တာကြောင့် ဖြစ်နိုင်ပါတယ်။ ၃။ သုက်ရည်ထဲ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

ပုရိသတို့ ကာမခွန်အား တိုးစေမယ့် သဘာဝနည်းလမ်းကောင်းများ

အမျိုးသားတိုင်းကတော့ ကာမခွန်အား တိုးချင်ကြတာပါပဲ။ အရင်ကထက် ပိုကောင်းတဲ့ ခံစားချက်မျိုး ရချင်တယ်။ ကိုယ့်ရဲ့ အဖော်ကိုလည်း ကိုယ်မှကိုယ် တမ်းတမ်းစွဲသွားလောက်တဲ့အထိ လိင်ပိုင်းဆိုင်ရာမှာ သန်စွမ်းတဲ့သူ တစ်ယောက်အဖြစ် မြင်စေချင်တယ်။ အမျိုးသားတွေ ကိုယ်တိုင် ကျန်းမာကြံ့ခိုင်နေမှ ကာမကိစ္စမှာ စွမ်းစွမ်းတမံ အားစိုက်ထုတ်နိုင်မှာပါ။ ဒီလို ကာမခွန်အား တိုးဖို့ ကြာဆေးတွေ၊ အားဆေးတွေသောက်တာထက် သဘာဝအတိုင်း နည်းမှန်လမ်းမှန် ကျင့်ကြံတာက ပိုမကောင်းဘူးလား။ ဒါဆိုရင် ကာမအတွက်ရော၊ အမျိုးသားတို့ရဲ့ အထွေထွေကျန်းမာရေးအတွက်ပါ အကျိုးရှိစေမယ့် သဘာဝနည်းလမ်းတွေကို ဒီဆောင်းပါးကနေ ပြောပြပေးချင်ပါတယ်။ ပုရိသတို့ ကာမခွန်အား တိုးစေမယ့် သဘာဝနည်းလမ်းကောင်းများ ပုရိသတို့ ကာမခွန်အား တိုးစေမယ့် သဘာဝနည်းလမ်းကောင်းများ ကတော့ ၁။ တက်တက်ကြွကြွနေပါ။ ယောက်ျားပီသချင်ရင် ထိုင်ခုံမှာပဲ အချိန်ပြည့်ထိုင်မနေဘဲ လှုပ်လှုပ်ရှားရှားနေပါ။ ကိုယ်ခန္ဓာက လှုပ်ရှားတက်ကြွနေတဲ့အခါ သွေးစီးဆင်းနှုန်းကလည်း ပိုကောင်းလာပြီး နှလုံးကို ကျန်းမာစေပါတယ်။ ကြွက်သားတွေကိုလည်း ပုံစံကျစေလို့ […]


လိင်တံပြဿနာများ

လိင်တံအရွယ်အစား ကြီးထွားနှုန်း ဘယ်အရွယ်မှာရပ်တန့်သွားလဲ

အမျိုးသားတစ်ယောက် လူပျိုဖော်ဝင်ကာစ အသက် ၉နှစ်မှ ၁၄နှစ်အတွင်း လိင်တံ နဲ့ ဝှေးစေ့ဟာ နဂိုကထက် ပိုကြီးလာတတ်တာ သဘာဝပါပဲ။ ဒီအရွယ်မှာ ကျားဟော်မုန်းတွေ တိုးလာမယ်။ အသံက ခပ်သြသြဖြစ်လာပြီး ဝက်ခြံတွေ ပိုပေါက်လာမယ်။ ကိုယ်ခန္ဓာအရွယ်အစား ကြီးထွားလာပြီး အရပ်ရှည်လာမယ်။ ကိုယ်နံ့၊ ချွေးနံ့တွေ ထွက်လာပြီး အရင်ကထက် ပိုပြင်းလာမယ်။ ဒါတွေအားလုံးဟာ အမျိုးသားတိုင်း ကျော်ဖြတ်ကြရတဲ့ လူပျိုဘဝဖြစ်စဉ်တွေပါပဲ။ လိင်တံအရွယ်အစား ကြီးထွားနှုန်း ဘယ်အရွယ်မှာရပ်တန့်သွားလဲ လူပျိုဘဝမှာ လိင်တံကြီးထွားနှုန်းဟာ တစ်ယောက်နဲ့ တစ်ယောက် မတူညီကြပါဘူး။ ပျမ်းမျှအားဖြင့် အသက် ၁၁ နှစ်မှ ၁၅ နှစ်အတွင်း နှစ်စဉ် လက်မဝက်စီ ရှည်လာပြီး အသက် ၁၉ နှစ်မတိုင်ခင်ထိ ကြီးထွားနှုန်းဟာ လျော့နည်းသွားတတ်ပါတယ်။ ပုံမှန်အမျိုးသားတွေကတော့ အသက် ၂၀ နောက်ပိုင်းမှာ လိင်တံကြီးထွားနှုန်း […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း