အမျိုးသားကျန်းမာရေး

ကိုယ်လက်ကြံ့ခိုင်ရေး၊ လိင်ကျန်းမာရေး၊ စိတ်ကျန်းမာရေး၊ ဟော်မုန်းပြဿနာ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု ဒါတွေက အမျိုးသားတွေရဲ့ ကျန်းမာရေးကို အပြောင်းအလဲဖြစ်စေနိုင်တဲ့ အချက်တွေပါပဲ။ ဒီအချက်တွေ အကုန်လုံးကို ဒီစာမျက်နှာမှာ ပြည့်ပြည့်စုံစုံ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသားကျန်းမာရေး

Andropause ကာလ ကျန်းမာစေဖို့ ဘာတွေစားကြမလဲ

Andropause ဆိုတာ ဘာလဲလို့ တွေးနေတာလား။ နားလည်လွယ်အောင် ပြောပြရရင် Andropause ဆိုတာက အမျိုးသားတွေ သွေးဆုံးတာပါ။ အမျိုးသမီးတွေမှာ သွေးဆုံးတယ်ဆိုတာက အီစထရိုဂျင် ဟော်မုန်း ပမာဏ ကျဆင်းလာတာပါ။ အမျိုးသားတွေမှာတော့ Andropause ကာလ ရောက်လာပြီဆိုရင် တက်စထရိုစတုန်းဟော်မုန်း ပမာဏ ကျဆင်းလာပါတယ်။ ဒီကာလမှာ အမျိုးသားတွေဟာလည်း အမျိုးသမီးတွေလိုပဲ ကိုယ်တွင်းဟော်မုန်းတွေ ကမောက်ကမ ဖြစ်တာကြောင့် စိတ်ခံစားမှု ပြောင်းလဲတာ၊ ကြွက်သားဆုံးရှုံးတာတွေကို ရင်ဆိုင်လာရနိုင်ပါတယ်။ ဒီလိုမျိုး ဟော်မုန်းအပြောင်းအလဲ များတဲ့ Andropause ကာလ ကျန်းမာစေဖို့ အရေးပါတဲ့ အချက်တစ်ခုက အာဟာရ ပြည့်ဝမှုပါ။ ဒီတော့ Andropause ကာလ ကျန်းမာစေဖို့ ဘာတွေစားကြမလဲ ဆိုတာ ပြောပြပေးမှာမို့ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။ Andropause ဆိုတာ အမျိုးသားတွေမှာ အသက် ၄၀ နောက်ပိုင်း […]

အမျိုးသားကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အမျိုးသားကျန်းမာရေး ကို ရှာဖွေမည်။

အမျိုးသားကျန်းမာရေးဆိုင်ရာများ

သုက်ထွက်မြန်တဲ့ အမျိုးသားထုအတွက် အသုံးဝင်မယ့်နည်းလမ်းတချို့

လိင်ကျန်းမာရေးလို့ဆိုရာမှာ အမျိုးသားတွေရော အမျိုးသမီးတွေရော သူ့ပြဿနာနဲ့ သူတော့ ရှိတတ်ပါတယ်။ အမျိုးသားတွေမှာဆိုရင်လည်း လိင်တံကောင်းစွာ မထောင်မတ်နိုင်တာ၊ သုက်လွှတ်မြန်တာ၊ သုက်လွှတ်ဖို့ ကြာလွန်းတာ၊ မျိုးမအောင်တာ အစရှိသဖြင့်ပေါ့။ ဒီနေ့မှာတော့ အမျိုးသားထုကြီး မကြာခဏမေးတတ်ကြတဲ့ သုက်လွှတ်မြန်တဲ့ ပြဿနာကို ဖြေရှင်းဖို့ လုပ်ကြည့်လို့ ရတဲ့ နည်းလမ်းတချို့ကို ဝေမျှပေးချင်ပါတယ်။ ၁။ ဖြည်းဖြည်းချင်းပဲ စပါ။ ပြီးပြီးရောဆိုပြီး စကတည်းက အင်နဲ့အားနဲ့ ဝင်လိုက်ရင်တော့ ကိုယ့်အတွက်ရော ကိုယ့်အဖော်ကိုပါ အပြည့်အဝ အားရကျေနပ်စိတ် ဖြစ်စေမှာ မဟုတ်ပါဘူး။ လိင်မှုကိစ္စဆိုတာလည်း ပန်းချီကားတစ်ချပ်လိုပါပဲ။ သေချာခံစားကြည့်တတ်ဖို့ လိုပါတယ်။ ဒါကြောင့် ဖြည်းဖြည်းချင်းပဲ စပါ။ ထိုးသွင်းဆက်ဆံဖို့ကို မလောပါနဲ့။ ကိုယ့်အတွက်ရော၊ ကိုယ့်အဖော်အတွက်ပါ နှစ်ဦးနှစ်ဖက်လုံး ဆန္ဒအထွတ်အထိပ်ရောက်တဲ့အထိ နှိုးဆွကြည့်ပါ။ စစချင်း ထိုးသွင်းဆက်ဆံတဲ့အခါ ဖြည်းဖြည်းချင်းစီ သူ့စည်းချက်နဲ့သူ မျောပါသွားပါ။ အားမထည့်ပါနဲ့။ ၂။ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

ပုံမှန်မဟုတ်တဲ့ သုက်ရည်စိမ့်ထွက်ခြင်းဆိုတာဘာလဲ။

သုက်ရည်ထွက်တယ်ဆိုတာ ကျန်းမာတဲ့ အမျိုးသားတွေအတွက်တော့ အထူးတဆန်းကိစ္စတစ်ခု မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ်က တစ်ကိုယ်ရေ အာသာဖြေထားတာ၊ လိင်ပိုင်းဆိုင်ရာ အတွေးတွေ တွေးနေတာမျိုးလည်း မလုပ်ဘဲ ဆီးသွားနေတဲ့အချိန်၊ ဒါမှမဟုတ် အလုပ်လုပ်နေရင်း သုက်ရည်စိမ့်ထွက်တာမျိုး ခဏခဏ ဖြစ်နေပြီဆိုရင်တော့ နည်းနည်းစဉ်းစားဖို့လိုပါပြီ။ ပုံမှန်မဟုတ်တဲ့ သုက်ရည်စိမ့်ထွက်ခြင်းကို ဘာတွေကဖြစ်စေတာလဲ။ မကြာခဏ လိင်စိတ်အာသာဖြေတဲ့အကြောင်း တွေးမိတာအပြင် ညဘက်တွေမှာ လိင်ဆက်ဆံနေတဲ့ အိပ်မက် (Wet Dream) မက်တာ သောက်နေတဲ့ ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေ ဆီးကျိတ်နဲ့ သက်ဆိုင်တဲ့ ပြဿနာတွေ အာရုံကြော ထိခိုက်မိတာ အစရှိတဲ့အကြောင်းရင်းတွေဟာ ပုံမှန်မဟုတ်တဲ့ သုက်ရည်စိမ့်ထွက်မှုကို ဖြစ်စေနိုင်ပါတယ်။ ၁။ ညဘက်တွေမှာ လိင်ဆက်ဆံနေတဲ့ အိပ်မက်မက်ခြင်း လူပျိုဖော်ဝင်ကာစ အရွယ်၊ အသက် ၂၀နဲ့ ၃၀ကြား အမျိုးသားတွေ ညဘက်အိပ်တဲ့အခါ လိင်အာသာဖြေအိပ်မက် (Wet Dreams) မက်တာမျိုး […]


အမျိုးသားဟော်မုန်းဆိုင်ရာများ

ဘယ်အချိန်မှာ ကျားဟော်မုန်းပမာဏကို စစ်ဆေးကြမလဲ

ကျားဟော်မုန်းဆိုတာ အမျိုးသားတစ်ယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ယောက်ျားပီသမှုအတွက် မရှိမဖြစ် ဟော်မုန်းတစ်မျိုးပါ။ ဝှေးစေ့ကနေ တက်စတိုစတီရုန်းလို့ခေါ်တဲ့ ကျားဟော်မုန်းတွေကို ထုတ်လွှတ်ပေးပါတယ်။ ကျားဟော်မုန်းကြောင့် ခန္ဓာကိုယ်မှာ အမွေးအမျှင်တွေ ထူထပ်လာတယ်။ ကြွက်သားထုတက်လာတယ်။ ခွန်အားတက်လာတယ်။ လိင်စိတ်ဆန္ဒ ထကြွစေတယ်။ သုက်ပိုးတွေကို ကျန်းမာသန်စွမ်းစေပြီး မျိုးအောင်ခြင်းကို ဖြစ်စေတယ်။ ဒီဟော်မုန်းဟာ ရှိသင့်တဲ့ပမာဏထက် နည်းနေပြီဆိုရင်တော့ သိသာတဲ့ ပြောင်းလဲမှုလက္ခဏာတွေကို တွေ့ရမှာပါ။ လူတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ ကျားဟော်မုန်းပမာဏ တက်စတိုစတီရုန်းပမာဏက အမျိုးသားတစ်ယောက်မှာ ၃၀၀ - ၁၀၀၀ ng/dl ရှိပြီး အမျိုးသမီးတွေမှာ ၁၅ - ၇၀ ng/dl ရှိပါတယ်။ လူပျိုဖြစ်ကာစအရွယ်မှာ ကျားဟော်မုန်းပမာဏက အမြင့်ဆုံးဖြစ်ပြီး အသက်ကြီးလာတာ၊ ကျန်းမာရေးချူချာတာတွေကြောင့် ကျားဟော်မုန်းလျော့နည်းသွားစေနိုင်ပါတယ်။ ကျားဟော်မုန်း အနည်း၊ အများပေါ်မူတည်ပြီး ဖြစ်လာနိုင်တဲ့ ပြောင်းလဲမှုတွေ ကျားဟော်မုန်းတော်တော်လေး နည်းနေပြီဆိုရင် လိင်စိတ်ဆန္ဒ လျော့နည်းလာတာ လိင်တံလုံးဝ […]


အမျိုးသားဟော်မုန်းဆိုင်ရာများ

အမျိုးသားတွေ ရင်သားဆူထွက်လာတာ ဘာကြောင့်လဲ

ပတ်ဝန်းကျင်မှာ အသက်လတ်ပိုင်း အမျိုးသားတွေ ရင်သားတွေ ဆူပြီး နို့သီးခေါင်းက အရှေ့ကို ရှည်ထွက်နေတာမျိုးပေါ့။ လူတော်တော်များများက ဒါကို အဝလွန်တယ်၊ အသက်ကြီးလို့ ဖြစ်တယ်လို့ ထင်ကြပေမယ့် တကယ်ကတော့ ရှိသင့်ရှိထိုက်တဲ့ ကျားဟော်မုန်းတွေက နည်းနေပြီး သူ့နေရာမှာ မဟော်မုန်းတွေ များနေတာကြောင့်ပါ။ ဒီအခြေအနေကိုတော့ Gynecomastia အမျိုးသားများ ရင်သားကြီးထွားလာတဲ့ ရောဂါလို့ ခေါ်ကြပါတယ်။ ကျားဟော်မုန်းနဲ့ မဟော်မုန်းဆိုတာဘာလဲ။ ရောဂါအကြောင်း မပြောခင် အရေးပါတဲ့ ဟော်မုန်း ၂မျိုးအကြောင်း အရင်ရှင်းပြပါ့မယ်။ ယောက်ျားလေးဖြစ်စေ၊ မိန်းကလေးဖြစ်စေ ကျားဟော်မုန်း(Testosterone) နဲ့ မဟော်မုန်း (Estrogen) ဆိုပြီး ၂မျိုးလုံး ရှိပါတယ်။ ယောက်ျားလေးတွေမှာတော့ ကျားဟော်မုန်းပိုများပြီး မိန်းကလေးတွေမှာ မဟော်မုန်း ပိုများပါတယ်။ ဒီဟော်မုန်း ၂မျိုးလုံးက ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက် အလွန်အရေးပါတယ်။ လိင်စိတ်ဆန္ဒကို နှိုးဆွပေးရုံသာမက […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

ပုရိသများနှင့် သုက်ထွက်ရန်ကြာလွန်းတဲ့ ပြဿနာ

အမျိုးသားတွေနဲ့ လိင်ကျန်းမာရေးအကြောင်း ပြောမယ်ဆိုရင် လူတော်တော်များများက ပန်းသေပန်းညှိုးပြဿနာနဲ့ သုက်ထွက်မြန်တဲ့ အကြောင်းတွေကို ပိုပြီး မြင်တတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အဖြစ်များတဲ့ ပြဿနာတွေကိုး။ ဒီနေ့ ကျွန်တော်ပြောပြပေးမယ့် အကြောင်းအရာကတော့ တချို့အမျိုးသားတွေမှာ ဖြစ်တတ်တဲ့ သုက်ထွက်ဖို့ ကြာလွန်းတဲ့ ကိစ္စပဲဖြစ်ပါတယ်။ ဘယ်လိုအခြေအနေကို သုက်ထွက်ဖို့ ကြာတယ်လို့ သတ်မှတ်လို့ရလဲ။ ပုံမှန်အမျိုးသားတစ်ယောက်ရဲ့ ထိုးသွင်းဆက်ဆံနေစဉ် သုက်ထွက်ရန်ကြာချိန်ကို အတိအကျပြောလို့ မရဘူးဆိုပေမဲ့ မိနစ် ၃၀ထက် ပိုအချိန်ယူနေရတယ်ဆိုရင်တော့ သုက်ထွက်တာ ကြာတယ်လို့ ဆိုနိုင်ပါတယ်။ ဒီပြဿနာကို ဆေးပညာအရ Delayed Ejaculation (DE) လို့လည်း ခေါ်ကြပါတယ်။ DE ကို ဖြစ်စေတဲ့ အကြောင်းရင်းများစွာထဲမှာ အဖြစ်အများဆုံး တရားခံကတော့ စိတ်ကျန်းမာရေးပြဿနာပါပဲ။ တစ်ခါတစ်ရံမှာ သုက်လုံးဝ မထွက်တော့တဲ့အခြေအနေထိပါ ဖြစ်တတ်ပါတယ်။ ခဏတာလောက်ပဲ ဝေဒနာခံစားရတဲ့သူတွေလည်း ရှိသလို နှစ်ရှည်လများစွာ ကြာပြီး […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

ကင်ဆာမဟုတ်တဲ့ ဆီးကျိတ်ကြီးခြင်းဆိုတာ ဘာလဲ

အမျိုးသားအများစုဟာ အသက်ကြီးလာတာနဲ့အမျှ ဆီးကျိတ်ဂလင်းတွေ ကြီးလာတဲ့ပြဿနာနဲ့ ရင်ဆိုင်တတ်ကြပါတယ်။ ဆီးကျိတ်ကင်ဆာနဲ့ မတူဘဲ ဆီးကျိတ်ကြီးနေတဲ့ ရောဂါကို Benign Prostatic Hyperplasia (BPH) - ကင်ဆာမဟုတ်သော ဆီးကျိတ်ကြီးခြင်းလို့ ခေါ်ပါတယ်။ ဆီးအိမ်ရဲ့ အောက်နားမှာရှိနေတဲ့ ဆီးကျိတ်ဂလင်းက ကြီးလာတာနဲ့အမျှ ဆီးစွန့်ပြွန်ကနေ ထွက်လာတဲ့ ဆီးတွေကို ပိတ်ဆို့လိုက်ပါတယ်။ ဒီအခါမှာ ဆီးသွားရတာ အဓိကပြဿနာဖြစ်လာပါတယ်။ အမျိုးသားတွေ အသက်ကြီးလာတဲ့အခါ ဟော်မုန်းမျှခြေ မငြိမ်တော့တာ၊ ဟော်မုန်းအပြောင်းအလဲများလာတာဟာ ဆီးကျိတ်ကြီးစေတဲ့ အဓိကတရားခံဖြစ်ပါတယ်။ အမြန်ဆုံး ကုသမှုခံယူမှသာ ဆီးအိမ်၊ ဆီးလမ်းကြောင်းနဲ့ ကျောက်ကပ်မှာ နောက်ဆက်တွဲဆိုးကျိုးတွေ ကာကွယ်ပေးနိုင်မှာပါ။ ဆီးကျိတ်ကြီးနေပြီလားဆိုတာကို ဘယ်လိုစစ်ဆေးကြမလဲ။ အဓိက ဆီးလမ်းကြောင်းနဲ့ ဆက်စပ်နေတာ ဖြစ်တဲ့အတွက် ဆီးသွားနေတဲ့အချိန်၊ သုက်လွှတ်တဲ့အချိန်မှာ ပြောင်းလဲမှု တစ်စုံတစ်ရာကို တွေ့လာမှာပါ။ ဒီပုံမှန်မဟုတ်တဲ့ ပြောင်းလဲမှုတွေမှာ ၁။ မကြာခဏ ဆီးသွားချင်စိတ်ဖြစ်တာ ရေအများကြီးသောက်ရင်တော့ ဆီးသွားချင်တာ […]


လိင်တံပြဿနာများ

ရေချိုးပြီးရင် ဝှေးစေ့က အောင့်သလိုခံစားရတာ ဘာကြောင့်လဲ

ဝှေးစေ့အောင့်တယ်ဆိုတာ ပေါ့ဆစရာ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ အရင်တုန်းက ထိမိခိုက်မိတာ၊ အကြောင်းအမျိုးမျိုးကြောင့် ရောဂါပိုးဝင်ပြီး ရောင်ရမ်းနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီနေ့ဆောင်းပါးမှာ အမျိုးသားတို့ ရေချိုးပြီးရင် ဝှေးစေ့က အောင့်ရခြင်း အကြောင်းရင်းတွေနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ ဝှေးစေ့အကြောင်း တစေ့တစောင်း ဘာကြောင့်ဖြစ်လဲဆိုတာ မပြောခင် ဝှေးစေ့အကြောင်း နည်းနည်းပြောပြပေးချင်ပါတယ်။ အမျိုးသားတွေရဲ့ ကိုယ်ခန္ဓာမှာ ထိခိုက်ဖို့ အလွယ်ကူဆုံး အင်္ဂါအစိတ်အပိုင်းတွေထဲမှာ ဝှေးစေ့ဟာလည်း တစ်ခုအပါအဝင်ပါပဲ။ ကပ္ပာယ်အိတ်အတွင်းမှာ စက်လုံး ပုံသဏ္ဍာန်နဲ့ တည်ရှိနေပြီး အမျိုးသားတို့ရဲ့ မျိုးအောင်ခြင်းကို ဖြစ်စေပါတယ်။ လိင်စိတ်ဆန္ဒပြီးမြောက်စေဖို့ ကျားဟော်မုန်းနဲ့ သုက်ရည်ထုတ်လုပ်ပေးပါတယ်။ ပုံမှန်အားဖြင့် ဝှေးစေ့ ၂လုံးဟာ တစ်လုံးနဲ့ တစ်လုံး အရွယ်မညီသလို တစ်လုံးက အောက်ကို ပိုပြီး နိမ့်ကျနေတတ်ပါတယ်။ ဝှေးစေ့က ရေချိုးတဲ့အချိန်မှာ ဘာလို့အောင့်တာလဲ။ ရေနဲ့ ထိတွေ့မိချိန် အထူးသဖြင့် ရေနွေးနဲ့ ရေချိုးပြီးတဲ့အချိန်ဆိုရင် […]


လိင်တံပြဿနာများ

သင့်ရဲ့ လိင်တံက ကျုံ့ပြီးတိုသွားနိုင်လား

အကြောင်းအမျိုးမျိုးကြောင့် အမျိုးသားတွေရဲ့ လိင်တံဟာ အများဆုံး တစ်လက်မထိ သေးသွားနိုင်ပါတယ်။ ဒီလိုဖြစ်ရတာဟာ ကိုယ့်ရဲ့ အသက်အရွယ်ကြောင့်၊ ရှိနေတဲ့ ရောဂါတွေကြောင့်ပါပဲ။ တချို့အခြေအနေမှာ ယာယီဖြစ်တာဆိုပေမယ့် ရာသက်ပန်ဖြစ်သွားနိုင်တဲ့ အခြေအနေမျိုးတွေလည်း ရှိပါတယ်။ ဒါပေမယ့် သိပ်ပြီး စိတ်ပူဖို့ မလိုပါဘူး။ ဒီလိုမဖြစ်အောင် ကာကွယ်နိုင်တဲ့ နည်းလမ်းတွေရှိသလို လိင်တံသေးသွားလို့လည်း လိင်မှုကိစ္စမှာ အနှောင့်အယှက်ပြဿနာတွေ မဖြစ်စေနိုင်ပါဘူး။ ဘာကြောင့် လိင်တံက ကျုံ့ဝင်သွားရတာလဲ။ အဓိက လိင်တံကို တစ်လက်မထက်မနည်း ကျုံ့ဝင်သွားစေတဲ့ တရားခံတွေကတော့ ၁။ အသက်ကြီးလာခြင်း ၂။ အဝလွန်လာခြင်း ၃။ ဆီးကျိတ်ကို ခွဲစိတ်ကုသအပြီး ၄။ ပီရိုးနီးရောဂါ (Peyronie’s disease) တွေပဲ ဖြစ်ပါတယ်။ အသက်ကြီးလာခြင်း ယောက်ျားတစ်ယောက်က အသက်ကြီးလာတာနဲ့အမျှ ကျားဟော်မုန်း (Testosterone) ထွက်တာ နည်းသွားပြီး လိင်တံနဲ့ ဝှေးစေ့က ပိုပြီးသေးသွားတတ်ပါတယ်။ ထောင်မတ်မှုကို ဖြစ်စေဖို့ လိင်တံအတွင်း သွေးကောင်းစွာ စီးဆင်းနိုင်ဖို့ လိုပါတယ်။ […]


လိင်တံပြဿနာများ

ကပ္ပယ်အိတ် ( scrotum) တစ်ဝိုက်ယားယံတာ ဘာ့ကြောင့်ဖြစ်ရတာလဲ။ ။

အမျိုသားတို့ ကပ္ပယ်အိတ်ပေါ်က အရေပြားလေး ယားယံတာမျိုး ဖြစ်ဖူးကြပါသလား။ တစ်နေ့ခင်းလုံး ဘာလက္ခဏာမှ မပြဘဲညကျမှ ယားယံတာမျိုး ဖြစ်တတ်ကြပါသလား။ ပုံမှန်ဆို ဒီ ကပ္ပယ်အိတ်ပေါ်က အရေပြားလေးက ယားမနေသင့်ဘူးလေ။ ဒါတွေ ဘာ့ကြောင့်ဖြစ်ရတာလဲ။ တစ်ကိုယ်ရည်သန့်ရှင်းမှု အပိုင်း အားနည်းလို့လား။ အခြား ကျန်းမာရေး ပြဿနာတွေ ရှိလို့လား။ ( ၁ ) တစ်ကိုယ်ရည် သန့်ရှင်းမှုအားနည်းခြင်း ။ ခုလို ပူတဲ့ေနွရာသီဆို ပိုဆိုးတာပေါ့။ ကိုယ်ဝတ်ထားတဲ့ အတွင်းခံက ချွေးတွေစိုနေတဲ့အပြင် တစ်နေ့လုံးလည်း ဝတ်ထားရတော့ ယားဖို့ အခွင့်အရေးပိုများသွားပြီပေ့ါ။ ဒါကို တစ်နေ့တစ်ထည် အတွင်းခံ မလဲဘဲ ပြန်ပြန်ဝတ်နေရင်တော့ တစ်ကိုယ်သန့်ရှင်းမှု အပိုင်းမှာ သုညပဲဗျို့။ ဒါပေမယ့် ဒီလို တစ်ကိုယ်ရည်သန့်ရှင်းမှု အားနည်းလို့ ဖြစ်ရတဲ့ ပြဿနာတွေက သန့်ရှင်းရေးလုပ်လိုက်တဲ့အခါ ပျောက်သွားတာများပါတယ်. တစ်ကိုယ်ရည်သန့်ရှင်းမှုလည်းရှိရက်နဲ့ ကပ္ပယ်အိတ်တစ်ဝိုက်ယားယံနေပြီဆိုရင်တော့ […]


လိင်တံပြဿနာများ

လိင်တံပေါ်မှာ ပေါက်တဲ့ ဝဲခြောက် ယားနာ

သာမန်လူတစ်ယောက်ရဲ့ မျက်လုံးနဲ့ မမြင်နိုင်တဲ့ Sarcoptes Scabiei ဆိုတဲ့ ကပ်ပါးရောဂါပိုးဟာ အရေပြားထဲ ဝင်ရောက်ကူးစက်ရာကနေ ဝဲခြောက် ယားနာတွေ ဖြစ်လာနိုင်ပါတယ်။ ကိုယ့်ရဲ့ လိင်တံပေါ်မှာ ယားယံတဲ့ အကွက်တွေထတာဆိုရင် ဝဲခြောက်ပေါက်တာ ဖြစ်နိုင်ပါတယ်။ လိင်တံပေါ်က ဝဲခြောက် ယားနာရဲ့ လက္ခဏာက ဘာတွေလဲ။ လိင်တံအရေပြား ပတ်လည်မှာ အလွန်အမင်း ယားယံတဲ့ ဝေဒနာကို ခံစားရမယ်။ ယားနေတဲ့ အရေပြားပေါ်မှာ သေးပြီး ဝက်ခြံလိုပုံစံဖြစ်နေတဲ့ အဖုလေးတွေ ထနေမယ်။ လိင်တံသာမက ကပ္ပာယ်အိတ်၊ ပေါင်ခြံတွေအထိပါ ကူးစက်နိုင်ပါတယ်။ ကပ်ပါးရောဂါပိုးတွေ ကူးစက်ခံရပြီး ၄ပတ် မှ ၆ပတ်အတွင်း ဝဲခြောက် စတင် ဖြစ်ပေါ်လာပါတယ်။ ဝဲခြောက်တွေက ဘာလို့ အရမ်းယားတာလဲ။ ကပ်ပါးရောဂါပိုးတွေဟာ အရေပြားထဲကို ထိုးဖောက်ဝင်ရောက်ပြီး တစ်ကောင်နဲ့ တစ်ကောင် မျိုးပွားပါတယ်။ မျိုးပွားပြီးနောက် အသားထဲမှာ ဥတွေ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း