အမျိုးသားကျန်းမာရေး

ကိုယ်လက်ကြံ့ခိုင်ရေး၊ လိင်ကျန်းမာရေး၊ စိတ်ကျန်းမာရေး၊ ဟော်မုန်းပြဿနာ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု ဒါတွေက အမျိုးသားတွေရဲ့ ကျန်းမာရေးကို အပြောင်းအလဲဖြစ်စေနိုင်တဲ့ အချက်တွေပါပဲ။ ဒီအချက်တွေ အကုန်လုံးကို ဒီစာမျက်နှာမှာ ပြည့်ပြည့်စုံစုံ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသားကျန်းမာရေး

Andropause ကာလ ကျန်းမာစေဖို့ ဘာတွေစားကြမလဲ

Andropause ဆိုတာ ဘာလဲလို့ တွေးနေတာလား။ နားလည်လွယ်အောင် ပြောပြရရင် Andropause ဆိုတာက အမျိုးသားတွေ သွေးဆုံးတာပါ။ အမျိုးသမီးတွေမှာ သွေးဆုံးတယ်ဆိုတာက အီစထရိုဂျင် ဟော်မုန်း ပမာဏ ကျဆင်းလာတာပါ။ အမျိုးသားတွေမှာတော့ Andropause ကာလ ရောက်လာပြီဆိုရင် တက်စထရိုစတုန်းဟော်မုန်း ပမာဏ ကျဆင်းလာပါတယ်။ ဒီကာလမှာ အမျိုးသားတွေဟာလည်း အမျိုးသမီးတွေလိုပဲ ကိုယ်တွင်းဟော်မုန်းတွေ ကမောက်ကမ ဖြစ်တာကြောင့် စိတ်ခံစားမှု ပြောင်းလဲတာ၊ ကြွက်သားဆုံးရှုံးတာတွေကို ရင်ဆိုင်လာရနိုင်ပါတယ်။ ဒီလိုမျိုး ဟော်မုန်းအပြောင်းအလဲ များတဲ့ Andropause ကာလ ကျန်းမာစေဖို့ အရေးပါတဲ့ အချက်တစ်ခုက အာဟာရ ပြည့်ဝမှုပါ။ ဒီတော့ Andropause ကာလ ကျန်းမာစေဖို့ ဘာတွေစားကြမလဲ ဆိုတာ ပြောပြပေးမှာမို့ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။ Andropause ဆိုတာ အမျိုးသားတွေမှာ အသက် ၄၀ နောက်ပိုင်း […]

အမျိုးသားကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အမျိုးသားကျန်းမာရေး ကို ရှာဖွေမည်။

အမျိုးသားကျန်းမာရေးဆိုင်ရာများ

ကိုကိုတွေအတွက် ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ အတွင်းခံ ရွေးချယ်နည်း

အမျိုးသားတွေအနေနဲ့ ကိုယ့်ရဲ့ ကျန်းမာရေးအတွက် အရေးပါလှတဲ့ အတွင်းခံဘောင်းဘီတွေကို ရွေးချယ်ဝတ်ဆင်ရာမှာ လွဲမှားနေတတ်ပါတယ်။ ဒီလိုဖြစ်ရတဲ့ အဓိက အကြောင်းအရင်း ၃ ချက်ရှိပါတယ်။ တချက်ကတော့ အတွင်းခံဘောင်းဘီတွေကို ဘယ်လိုရွေးချယ်ရမယ်ဆိုတဲ့ အချက်တွေကို သိရှိနားလည်သူ နည်းပါးတာကြောင့်ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ အရောင်းကောင်တာတွေရဲ့ သဘောသဘာဝကြောင့် ရွေးချယ်ဝယ်ယူရခက်ခဲတာပဲဖြစ်ပါတယ်။ သေသေချာချာစစ်ပေါက်ပေါက် ရွေးချယ်ဝယ်ယူချင်စိတ် ရှိနေရင်တောင်မှ အရောင်းကောင်တာတွေမှာ ရောင်းချပေးနေသူတွေက အမျိုးသမီးငယ်လေးတွေဖြစ်နေတာကြောင့် မေးရမြန်းရမှာ ရှက်ပြီး ကြုံတာကို ဝယ်ဝတ်ဖြစ်ကြတာက အမျိုးသား အများစု ကြုံနေကြပြဿနာဖြစ်ပါတယ်။ နောက်ဆုံးပြဿနာကတော့ အမျိုးသားပီပီ ကြုံသလိုနေတတ်တဲ့အကျင့်တွေကြောင့်လည်း အဆင်ပြေသလိုသာ ဝယ်ဝတ်ကြတဲ့ ပြဿနာဖြစ်ပါတယ်။ မှန်ကန်တဲ့ အတွင်းခံကို ရွေးချယ် ဝတ်ဆင်ဖို့ ဘာကြောင့်လို့အပ်တာလဲ တကယ်တော့ အမျိုးသားတွေအနေနဲ့ မှန်ကန်တဲ့ အတွင်းခံကို ရွေးချယ်ဝတ်ဆင်ဖြစ်ဖို့က အရမ်းအရေးကြီးပါတယ်။ အတွင်းခံအဝတ်အထည်ဆိုတာဟာ အဝတ်အစားတွေထဲမှာ အခြေခံအကျဆုံး အဝတ်အစားဖြစ်ပြီးတော့ ကျန်းမာရေး […]


ပန်းသေပန်းညှိုးခြင်း

လက်နဲ့မကြာခဏ အာသာဖြေခြင်း ဟာ ပန်းသေပန်းညှိုးဖြစ်စေလား

အမျိုးသားတွေကြားထဲက လိင်ကိစ္စနဲ့ပတ်သက်ပြီး အရမ်းရေပန်းစားဆဲဖြစ်တဲ့ အလွဲတစ်ခုကို ပြောပါဆိုရင်တော့ မကြာခဏ ကိုယ့်လက်နဲ့ တစ်ကိုယ်တော် အာသာဖြေတဲ့ အမျိုးသားတွေဟာ ပန်းသေပန်းညှိုးပြဿနာကို စောစီးစွာ ခံစားရတယ်ဆိုတဲ့ ကိစ္စပါပဲ။ ဒီအလွဲနဲ့ပတ်သက်ပြီး ဖြေရှင်းရမယ်ဆိုရင် လက်ဖြင့် အာသာဖြေခြင်း သည် ပန်းသေပန်းညှိုးကို မဖြစ်စေနိုင်ပါဘူးလို့ပဲ ဆိုရမှာပါ။ လက်နဲ့မကြာခဏ အာသာဖြေခြင်း ဟာ ပန်းသေပန်းညှိုးဖြစ်စေလား လက်နဲ့မကြာခဏ အာသာဖြေခြင်း ဟာ ပန်းသေပန်းညှိုးဖြစ်စေလား ဆိုတာ ဆက်ကြည့်လိုက်စို့နော်။ ပန်းသေပန်းညှိုးဖြစ်ခြင်း (Erectile Dysfunction – ED) ပန်းသေပန်းညှိုးဆိုတာ အမျိုးသားတွေမှာသာ ဖြစ်တတ်တဲ့ လိင်တံကောင်းစွာ မထောင်မတ်နိုင်တဲ့ ကျန်းမာရေးပြဿနာဖြစ်ပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပြီး အသက် ၄၀ နောက်ပိုင်း အမျိုးသားတွေမှာ ကျားဟော်မုန်းကျဆင်းခြင်း၊ အသက်အရွယ်နဲ့ ရောဂါတွေကြောင့် ပန်းသေပန်းညှိုးဝေဒနာကို ခံစားကြရပါတယ်။ ခုနောက်ပိုင်းမှာ လူငယ်တွေမှာလည်း ဆေးလိပ်၊ ဆေးရွက်ကြီး၊ အရက်မှီဝဲခြင်း၊ စိုးရိမ်ပူပန်စရာ၊ […]


လိင်တံပြဿနာများ

အမျိုးသားများ လိင်အင်္ဂါနီရဲရောင်ရမ်းနေခြင်း ပြဿနာ

အကြောင်းအမျိုးမျိုးကြောင့် အမျိုးသားတွေရဲ့ လိင်တံဟာ ပုံမှန်ထက်ပိုပြီး ရောင်နေတတ်ပါတယ်။ ရောင်နေတဲ့နေရာကို ထိလိုက်မိရင် နာကျင်သလို၊ ယားယံသလိုလည်း ခံစားရပြီး ဆီးသွားဖို့၊ လိင်ဆက်ဆံဖို့ အခက်အခဲဖြစ်တတ်ပါတယ်။ တစ်ခါတရံ ပုံမှန်မဟုတ်တဲ့ အရည်တွေ စိမ့်ထွက်နေတာ၊ ပုပ်သိုးသိုး အနံ့တစ်မျိုး ရနေတာ၊ အကျိတ်အလုံးတွေလည်း ဖြစ်နေနိုင်ပါတယ်။ ဘာကြောင့် လိင်အင်္ဂါရောင်ရမ်းရတာလဲ။ များသောအားဖြင့် လိင်တံရောင်ရမ်းခြင်းသည် ကျန်းမာရေးပြဿနာတစ်ခုခု ရှိနေတဲ့အခါ ပြလာတတ်တဲ့ လက္ခဏာတွေထဲက တစ်ခုဖြစ်ပါတယ်။ ရောင်ရမ်းတဲ့လက္ခဏာသာမက တခြားသော လက္ခဏာတွေကိုပါ တွဲပြီးတွေ့ရတတ်တာကြောင့် ကိုယ့်မှာ ဘယ်လိုကျန်းမာရေးပြဿနာတွေ ရှိနေနိုင်လဲဆိုတာ သေချာစစ်ကြည့်ဖို့တော့ လိုပါမယ်။ ဒီကျန်းမာရေးပြဿနာတွေထဲမှာ • လိင်တံထိပ်ဖူး ရောင်ရမ်းခြင်း (Balanitis) • ဓာတ်မတည့်ခြင်း၊ ဓာတ်ပြုပြီး ယားယံခြင်း (Allergic, Irritant Reaction) • ဆီးပို့ပြွန်ရောင်ခြင်း (Urethritis) • နှိုးဆွခြင်းမရှိဘဲ ကြာရှည်စွာလိင်တံထောင်မတ်ခြင်း (Priapism) • ပီရိုးနီးရောဂါ (Peyronie’s […]


အမျိုးသားဟော်မုန်းဆိုင်ရာများ

ကုထုံးမလိုဘဲ သဘာဝအတိုင်း ကျားဟော်မုန်းတိုးစေမယ့် နည်းလမ်းများ

ကျားဟော်မုန်း သို့မဟုတ် တက်စတိုစတီရုန်းဟော်မုန်း (Testosterone) ဆိုတာ အမျိုးသားတွေအတွက် လိင်ပိုင်းဆိုင်ရာအရရော ကျန်းမာရေးအရပါ အထောက်အကူအများကြီးပေးနေတဲ့ ဟော်မုန်းတစ်မျိုးပါ။ အမျိုးသားတစ်ယောက်ရဲ့ ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးမှု၊ ကြွက်သားသန်မာမှု၊ ကိုယ်ခံအားစနစ်ကောင်းစေမှု၊ လိင်စိတ်ဆန္ဒ ထက်သန်စေမှု၊ လိင်အင်္ဂါထောင်မတ်နိုင်စေဖို့နဲ့ လိင်စိတ်ဆန္ဒ ပြီးမြောက်ဖို့ အဓိကကူညီပေးနိုင်ပါတယ်။ ကျားဟော်မုန်းတွေကို အမျိုးသားလိင်တံအောက်မာ ရှိတဲ့ ဝှေးစေ့ ၂လုံးကနေ ထုတ်လုပ်ပေးပါတယ်။ လူပျိုဖြစ်ကာစ ဆယ်ကျော်သက်အရွယ်မှာ ကျားဟော်မုန်းပမာဏ အဆမတန် တိုးလာပြီး အသက် ၃၀ နောက်ပိုင်းမှာ တဖြည်းဖြည်း နည်းလာပါတယ်။ ဒါကြောင့် ဘယ်လောက်ပဲ အသက်ကြီးနေပါစေ ကိုယ့်ရဲ့ ကျားဟော်မုန်းကို မလျော့သွားဘဲ ထိန်းထားနိုင်ဖို့ အမျိုးသားတိုင်းအတွက် အလွန်အရေးကြီးတယ်ဆိုတာ သိထားသင့်ပါတယ်။ ခုဆောင်းပါးမှာတော့ အကြောင်းရင်း အမျိုးမျိုးကြောင့် ဆရာဝန်နဲ့လည်း သွားပြီးပြရမှာလည်း ရှက်တယ်၊ ကုထုံးကုသမှုလည်း မခံယူလိုဘူးဆိုတဲ့ ဘော်ဒါတွေအတွက် သဘာဝအတိုင်း ကျားဟော်မုန်းကို […]


အမျိုးသားဟော်မုန်းဆိုင်ရာများ

အမျိုးသားတစ်ဦးမှာ ရှိသင့်တဲ့ သုက်ပိုးအရေအတွက်

သုက်ပိုးဆိုတာက အမျိုးသားတွေအတွက် အရေးပါတဲ့အရာတစ်ခုပါ။ သုက်ပိုးအရေအတွက်က ပြည့်ဝနေမှ သားသားမီးမီးလေးတွေကို ရရှိနိုင်မှာပါ။ ဒီတစ်ခေါက်တော့ အမျိုးသားတွေရဲ့ မျိုးဆက်ပွားကျန်းမာရေးအတွက်အရေးပါတဲ့ သုက်ပိုးလေးတွေအကြောင်းကို ပြောပြပေးသွားပါမယ။ သုက်ပိုးဆိုတာ သုကပိုးဆိုတာ အမျိုးသား မျိုးပွားအင်္ဂါထဲက သုက်ရည်တွေထဲမှာရှိတဲ့ မျိုးပွားဆဲလ်လေးတွေပါ။ ပျမ်းမျှအားဖြင့် ကျန်းမာတဲ့ အမျိုးသားတစ်ယောက်မှာ သုက်ပိုးက ၄၀ ကနေ ၃၀၀ million sperm per ml လောက်အထိရှိနိုင်ပါတယ်။ ဒီသုက်ပိုးလေးတွေက သန္ဓေအောင်စေဖို့ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေကြတာဖြစ်ပါတယ်။ အမျိုးသားသုတ်ပိုး အကောင်ရေလုံလောက်မှသာ သားသမီးလေးတွေ ရရှိနိုင်မှာပါ။ ဒါ​ကြောင့်အမျိုးသားတွေအနေနဲ့ ပုံမှန် လုပ်ဆောင်သင့်တဲ့ ကျန်းမာရေး စစ်ဆေးမှုတွေထဲမှာ သုက်ပိုးအရေအတွက် စစ်ဆေးတာကလည်း မဖြစ်မနေ ထည့်သွင်းဖို့ လိုအပ်မယ့်အရာပါ။ အမျိုးသားတွေ ကြုံတွေ့ရနိုင်တဲ့ သုက်ပိုးပြဿနာ အမျိုးသားတွေအတွက် သုက်ပိုးပြည့်ဝဖို့အရေးကြီးပါ။ သုက်ပိုးက အမြဲ ပြည့်ဝနေတာတော့ မဟုတ်ပါဘူး။ နေ့စဉ် လုပ်ဆောင်နေတ့ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အာသာဖြေဖို့ပဲ ချောင်းနေတဲ့ဘော်ဒါတွေ ကိုယ့်စိတ်ကို ထိန်းချုပ်ဖို့လိုအပ်နေပြီလား

အရွယ်ရောက်ပြီးသား အမျိုးသားတစ်ယောက်အတွက် တစ်ကိုယ်ရေ အာသာဖြေတယ်ဆိုတာ ဆန်းတဲ့ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ အာသာဖြေခြင်းဟာ စိတ်ရော ကိုယ်ခန္ဓာအတွက်ပါ အကျိုးရှိစေသလို ကိုယ့်ရဲ့ လိင်မှုဘဝကိုလည်း တစ်ဖက်တစ်လမ်းကနေ ကောင်းသောပြောင်းလဲမှုတွေ ဖြစ်စေပါတယ်။ ဆီးလမ်းကြောင်း၊ ကျောက်ကပ်ထဲမှာ ရှိတဲ့ မကောင်းတဲ့ အမှုန်အမွှား၊ ပိုးမွှားတွေကိုလည်း သုက်ရည်ကနေတစ်ဆင့် အပြင်ကို စွန့်ထုတ်ပေးနိုင်တယ်။ အဲ့တော့ မကောင်းတာမရှိသလောက် နည်းပြီး အမျိုးသားကျန်းမာရေးအရလည်း အကျိုးရှိစေတဲ့ အာသာဖြေခြင်း အလေ့အထကို ထိန်းချုပ်ဖို့လိုအပ်လို့လားဆိုပြီး မေးဖို့ ဖြစ်လာပါတယ်။ ဒီမေးခွန်းကို ပြန်ဖြေပေးရမယ်ဆိုရင် အာသာဖြေဖို့ပဲ စိတ်ပါနေပြီး တစ်နေ့လုံး တခြားဘာအလုပ်မှ လုပ်ချင်ကိုင်ချင်စိတ် မရှိတာ၊ စိတ်မပါတော့တာ ကိုယ်ခန္ဓာတောင့်တောင့်တင်းတင်း မိန်းကလေးတွေကို မြင်တိုင်း စိတ်ကထိန်းမရနိုင်အောင် ထလာပြီး အာသာဖြေတတ်တာ အာသာဖြေတဲ့ အကြိမ်ရေ များလွန်းလို့ တကယ်ဆက်ဆံတဲ့အခါ လိင်တံမထောင်မတ်နိုင်တော့တာ၊ လိင်စိတ်ဆန္ဒ နည်းသွားတာ […]


အမျိုးသားကျန်းမာရေး

ပန်းရောဂါ နှင့် ဗီတာမင်

အမျိုးသားတွေမှာ ပန်းသေပန်းညှိုးဖြစ်လေ့ရှိတဲ့ အဓိက အကြောင်းအရင်းတွေကတော့ ဆီးချိုရောဂါ ၊ နှစ်ခြိုက်စွာအိပ်မပျော်တာ၊  သွေးအတွင်းအဆီဓာတ်များတာ ၊ သွေးကြောကျဉ်းရောဂါ၊ နှလုံးရောဂါ တို့ကြောင့် ဖြစ်လေ့ရှိပါတယ်။ အထက်ပါ ရောဂါများကြောင့်မဟုတ်သည့်တိုင် အချို့သောယောကျာ်းများဟာ ပန်းသေ ပန်းညှိုးမဟုတ်ပေမယ့် လိင်ပိုင်းဆိုင်ရာ အားနည်းတာ၊ မိမိအနေအထားကို အားရကျေနပ်မှုမရှိတာမျိုးတွေကို ခံစားရလေ့ရှိပါတယ်။ အချို့တွေက တစ်ပွဲတိုးနည်းနဲ့ ဆေးသောက်ပြီး ဖြေရှင်းကြပေမယ့် ဒါဟာရှေရှည် အတွက်တော့ မကောင်းပါဘူး။ ဆောင်ရန်ရှောင်ရန်တွေ များတဲ့ အတွက် ဆရာဝန် နဲ့ တိုင်ပင်ဆွေးနွေးပြီးမှသောက်သင့်ပါတယ်။ဒါ့အပြင် သောက်တာကြာလာတဲ့အခါ ဆေးမပါရင် အလုပ်မဖြစ်တော့တာမျိုးတွေ ရှိလာတတ်ပါတယ်။ အစားလည်းဆေး ဆေးလည်းအစာဆိုသလို ဗီတာမင် ဘီ၊ စီ၊ ဒီ ပေါ ကြွယ်၀ တဲ့ အစားအစာတွေကို ပုံမှန်စားသောက် ပေးခြင်းအပြင် ဖြည့်စွက် အားဆေးများကို ပုံမှန်သောက်သုံးပေးခြင်းကလည်း ပန်းသေပန်းညှိုး […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားတွေအတွက် အရေးပါတဲ့ ဗီတာမင်တွေကဘာတွေများလဲ

သက်ရှိတိုင်းကျန်းမာနေစေဖို့ လိုအပ်တဲ့ အာဟာရတွေကို နေ့စဉ်မှီဝဲမိဖို့လိုပါမယ်။ ဒီလိုမှီဝဲတဲ့အခါ အခြေခံလိုအပ်ချက်တွေက အတူတူပဲဆိုပေမယ့် ကလေးလေးဖြစ်နေတာ၊ အမျိုးသားဖြစ်နေတာ၊ အမျိုးသမီးဖြစ်နေတာ၊ ဖိုးဖိုးဖွားဖွားဖြစ်နေတာကြောင့်ဆိုပြီး အာဟာရလိုအပ်ချက်က ကွာခြားနိုင်ပါတယ်။ ဒီကွာခြားချက်အလိုက်ပြည့်မီအောင် ဖြည့်ပေးနိုင်မှာ နေ့ရက်တိုင်းကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်​တော့မပေါ့။ ဒီတော့ ကျန်းမာတက်ကြွတဲ့ အမျိုးသားတစ်ယောက်ဖြစ်စေဖို့ ဘယ်လိုအာဟာရတွေပြည့်မီဖို့လိုမလဲဆိုတာကို ဒီဆောင်းပါးလေးကနေ ပြောပြပေးလိုက်ပါတယ်။ ကျန်းမာတက်ကြွတဲ့ အမျိုးသားတစ်ယောက်ဖြစ်စေဖို့ နေ့ရက်တိုင်းမှာ ကျန်းမာတက်ကြွတဲ့ အမျိုးသားတစ်ဦးဖြစ်ဖို့ဆိုရင်တော့ ဗီတာမင် D  ဗီတာမင် D ကိုအဓိကရနိုင်တာက နေရောင်ခြည်ကနေပါ။ ဒါပေမယ့် ဗီတာမင် D ကိုနေရောင်ခြည်ကနေ လုံလောက်စွာရရှိစေဖို့လိုပါမယ်။ ဒီလိုဆို အစားအသောက်ကနေရနိုင်လားဆိုတော့ ဗီတာမင် D ရနိုင်တဲ့ အစားအသောက်က သိပ်များများစားစားမရှိပါဘူး။ အမျိုးသားတစ်ယောက်ဟာ ကျန်းမာနေစေဖို့ဆိုရင် တစ်နေ့တာကို ဗီတာမင် D ၁၀၀၀ IU လိုအပ်ပါမယ်။ ဗီတာမင် D ကဘာလုပ်ပေးလဲ....... ဗီတာမင် D က […]


လိင်တံပြဿနာများ

ကိုယ့်ငယ်ပါက သေးလိုက်တာဆိုပြီး အမြဲတွေးပူနေတဲ့သူတွေရှိလား (Small Penis Syndrome)

စိတ်ပညာအရ ဒီပြဿနာကို Small Penis Syndrome သို့မဟုတ် Penile Dysmorphic Disorder (PDD) လို့ ခေါ်ပါတယ်။ Small Penis Syndrome  (PDD) ဆိုတာဘာလဲ။ PDD သည် အမျိုးသားတွေမှာ ရှိတဲ့ စိုးရိမ်ပူပန်ခြင်း စိတ်ဝေဒနာပါ။ ကိုယ့်ရဲ့ လိင်အင်္ဂါက ပုံမှန်အရွယ်အစားထက် သေးနေခြင်း (၃လက်မနဲ့ အောက်) မရှိဘဲ ပုံမှန်အရွယ်အစားရှိနေပါလျက်နဲ့ ကိုယ့်ကိုယ်ကိုယ် သေးနေတယ်လို့ မြင်သလို ကိုယ့်ရဲ့ အဖော်က လိင်အင်္ဂါအရွယ်အစားနဲ့ပတ်သက်ပြီး ကိုယ့်အပေါ် စိတ်တိုင်းမကျမှာကို တွေးကြောက်နေတတ်တဲ့ စိတ်ဝေဒနာဆိုလည်း မမှားပါဘူး။ အမျိုးသားဦးရေ ဘယ်လောက်မှာ PDD လက္ခဏာရှိနေလဲ။ သင်ထင်ထားတာထက်ပိုပြီး အမျိုးသားတွေဟာ ကိုယ့်ရဲ့ လိင်တံအရွယ်အစားကို အားမလိုအားမရဖြစ်ခြင်း၊ စိတ်တိုင်းကျ ကျေနပ်မှုမရှိတာတွေ တွေ့ရတတ်ပါတယ်။ အဲ့တော့ အရေအတွက်နဲ့ တွက်ပြရမယ်ဆိုရင် အမျိုးသားဦးရေ စုစုပေါင်းရဲ့ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

ဗိုက်တစ်လုံးနဲ့ ပြဿနာတက်နေတဲ့ ဘရိုတို့အတွက် အလွယ်ဆုံးဖြေရှင်းနည်း (၅) ခု

ယောကျာ်းလေးတွေကို ဒီပျက်ရှင်ဝင်စေနိုင်တဲ့အရာတစ်ခုရှိတယ်…အဲဒါ ဘီယာဗိုက်ပါပဲ။ ဘီယာဗိုက်ကို ကိတ်မုန့်လှီးသလို လှီးထုတ်လို့မရတော့လည်း အပင်ပန်းတော့ခံရပါမယ်။ ဗိုက်အဆီနဲ့ ကိုယ်အလေးချိန်များခြင်းက လိင်ကိစ္စအတွက်တင် မဟုတ်ဘဲ အဝလွန်ခြင်း၊ နှလုံးရောဂါ၊ သွေးတိုးနဲ့ ဆီးချိုတို့လိုရောဂါကြီးတွေပါဖြစ်နိုင်ခြေသိပ်များတာမို့ အမြန်ဖြေရှင်းသင့်၊ ကြိုတင်ကာကွယ်သင့်တဲ့အချက်ဖြစ်ပါတယ်။ လူကမဝဘဲနဲ့တောင် ဗိုက်က ကိုယ်ဝန်ဆောင်တစ်ယောက်လိုပူဖောင်းဖောင်းလေးဖြစ်နေတာက အတော်ကိုရှိုးပဲ့လှပါတယ်။ဝနေရင်တော့ ပိုဆိုးရော။ ဒါဆိုဘယ်လိုလုပ်မလဲ ဒီဗိုက်ပျောက်သွားအောင်.. (၁) ကြည့်ကျက်သောက်ပါ ဗိုက်အဆီကျဖို့ဆိုရင် အစားကိုဆင်ခြင်ဖို့လိုသလိုပဲ အသောက်ကိုလည်း ဆင်ခြင်ဖို့အရေးကြီးတယ်။ ဆိုလိုတာက ရေသောက်တာကိုပြောတာမဟုတ်ဘူးနော်။ ကိစ္စရှိလို့ ရံဖန်ရံခါသောက်ရတာ တော်သေးတယ်။ အရက်၊ ဘီယာတွေ၊ ဝိုင်တွေကို နေ့တိုင်းလိုလိုကစ်နေရင်တော့ ဗိုက်ပျောက်ဖို့ကိစ္စကို မေ့သာမေ့လိုက်ပါတော့။ ဘီယာဗိုက်မဖြစ်အောင် ဘီယာမသောက်ဘူး၊တခြားဟာသောက်တယ်ဆိုလည်း ပူမှာပါပဲ။ အယ်လ်ကိုဟောပါတာတွေသောက်နေသမျှ ဗိုက်ချပ်လာဖို့ မမျှော်လင့်ပါနဲ့။ အယ်လ်ကိုဟော၊ အချိုရည် နဲ့ အစားများခြင်း တို့က ဗိုက်အဆီတက်စေတဲ့ အရာတွေဖြစ်ပါတယ်။ (၂) ရေဓာတ်ပြည့်ဝအောင်နေပါ ဘီယာသောက်တဲ့အခါ ရေဓာတ်မဆုံးရှုံးရစေဖို့ ရေလည်းသောက်ပေးရပါမယ်။ ဘီယာလည်းအရည်ပဲဆိုပြီး ကပ်သပ်မပြောနဲ့နော်။ အရက်ဘီယာတွေက […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း