အမျိုးသားကျန်းမာရေး

ကိုယ်လက်ကြံ့ခိုင်ရေး၊ လိင်ကျန်းမာရေး၊ စိတ်ကျန်းမာရေး၊ ဟော်မုန်းပြဿနာ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု ဒါတွေက အမျိုးသားတွေရဲ့ ကျန်းမာရေးကို အပြောင်းအလဲဖြစ်စေနိုင်တဲ့ အချက်တွေပါပဲ။ ဒီအချက်တွေ အကုန်လုံးကို ဒီစာမျက်နှာမှာ ပြည့်ပြည့်စုံစုံ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသားကျန်းမာရေး

Andropause ကာလ ကျန်းမာစေဖို့ ဘာတွေစားကြမလဲ

Andropause ဆိုတာ ဘာလဲလို့ တွေးနေတာလား။ နားလည်လွယ်အောင် ပြောပြရရင် Andropause ဆိုတာက အမျိုးသားတွေ သွေးဆုံးတာပါ။ အမျိုးသမီးတွေမှာ သွေးဆုံးတယ်ဆိုတာက အီစထရိုဂျင် ဟော်မုန်း ပမာဏ ကျဆင်းလာတာပါ။ အမျိုးသားတွေမှာတော့ Andropause ကာလ ရောက်လာပြီဆိုရင် တက်စထရိုစတုန်းဟော်မုန်း ပမာဏ ကျဆင်းလာပါတယ်။ ဒီကာလမှာ အမျိုးသားတွေဟာလည်း အမျိုးသမီးတွေလိုပဲ ကိုယ်တွင်းဟော်မုန်းတွေ ကမောက်ကမ ဖြစ်တာကြောင့် စိတ်ခံစားမှု ပြောင်းလဲတာ၊ ကြွက်သားဆုံးရှုံးတာတွေကို ရင်ဆိုင်လာရနိုင်ပါတယ်။ ဒီလိုမျိုး ဟော်မုန်းအပြောင်းအလဲ များတဲ့ Andropause ကာလ ကျန်းမာစေဖို့ အရေးပါတဲ့ အချက်တစ်ခုက အာဟာရ ပြည့်ဝမှုပါ။ ဒီတော့ Andropause ကာလ ကျန်းမာစေဖို့ ဘာတွေစားကြမလဲ ဆိုတာ ပြောပြပေးမှာမို့ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။ Andropause ဆိုတာ အမျိုးသားတွေမှာ အသက် ၄၀ နောက်ပိုင်း […]

အမျိုးသားကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အမျိုးသားကျန်းမာရေး ကို ရှာဖွေမည်။

အမျိုးသားကျန်းမာရေးဆိုင်ရာများ

တစ်ကိုယ်ရည်အာသာဖြေခြင်း နဲ့ ကျန်းမာရေး

မင်္ဂလာပါ Hello ဆရာဝန် ပရိတ်သတ်ကြီးများ ကျန်းမာကြပါစေ ။ ဒီတစ်ခေါက် မှာတော့ တစ်ကိုယ်ရည်အာသာဖြေခြင်း နဲ့ ကျန်းမာရေးဆိုတဲ့ အကြောင်းကို ရှင်းပြပေးမှာပါ။ တကယ်တော့ အာသာဖြေခြင်းဆိုတာ သဘာဝကျတဲ့ လိင်စိတ်ဖြေဖျောက်တဲ့ နည်းလမ်းတစ်ခုပါ ။ ဒါ့အပြင် ရောဂါ မကူးစက်တတ်တဲ့အတွက်လည်း စိတ်ချယုံကြည်ရတဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ် ။ နိုင်ငံတကာမှာပြုလုပ်ထားတဲ့ ကျန်းမာရေးစစ်ချက်တွေအရတော့ တစ်ကိုယ်ရည်အာသာဖြေခြင်းကြောင့် မိမိခန္ဓာကိုယ် ကျန်းမာရေးကို မထိခိုက်စေနိုင်ပါဘူး ။ ဒါပေမဲ့ သာမန်ထက်အလွန်အကျွံ အာသာဖြေခြင်းကတော့ သင့်နေစဉ်ဘဝမှာတော့ ပြသနာရှိစေနိုင်ပါတယ် ။ ပုံမှန်အတိုင်းပဲဆိုရင်တော့ အာသာဖြေခြင်းက စ်တ်နှစ်လိုဖွယ်ရာဖြစ်ပြီး ကျန်းမာရေးနဲ့ ညီညွတ်စေတဲ့ အမူအကျင့်တစ်ခုဖြစ်ပါတယ် ။ အာသာဖြေခြင်းကြောင့် ခန္ဓာကိုယ်မှာ အနှုတ်သဘောဆောင်တဲ့ သက်ရောက်မှုမဖြစ်စေပါဘူး ။ ဒါပေမဲ့ တစ်ခါ‌တလေမှာတော့ မိမိကိုယ်ကို အပြစ်တင်သလို ခံစားချက်တော့ ရှိကောင်းရှိနိုင်ပါတယ် ။ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

ရောဂါပိုးဝင်ပြီး ဝှေးစေ့ ရောင်ရမ်းခြင်း (Orchitis)

ရောဂါပိုးဝင်ပြီး ဝှေးစေ့ ရောင်ရမ်းခြင်း (Orchitis) ဆိုတာ အမျိုးသားလိင်အင်္ဂါ ဝှေးစေ့အတွင်းသို့ ဘက်တီးရီးယားပိုး သို့မဟုတ် ဗိုင်းရပ်စ်ပိုးတစ်မျိုး ဝင်ရောက်လာပြီးနောက် ရောင်ရမ်းလာတဲ့ အခြေအနေကို ခေါ်တာဖြစ်ပါတယ်။ ဝှေးစေ့ ၁လုံး ဒါမှမဟုတ် ၂လုံးလုံးကို တစ်ပြိုင်နက်ထဲ ကူးစက်နိုင်ပေမယ့် ရောဂါလက္ခဏာကတော့ တစ်ဘက်ထဲက ပြတာများပါတယ်။ ရောဂါပိုးဝင်ပြီး ဝှေးစေ့ ရောင်ရမ်းခြင်း (Orchitis) ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ အဓိက အတွေ့များတဲ့ လက္ခဏာကတော့ ဝှေးစေ့က နီရဲပြီး ရောင်နေတာ၊ အထဲက အောင့်သလို ခံစားရတာ၊ ပေါင်ခြံက နာကျင်နေတာတွေပဲ ဖြစ်ပါတယ်။ တခြားလက္ခဏာအနေနဲ့ ကပ္ပာယ်အိတ်ကို ထိကိုင်လိုက်ရင် ပုံမှန်ထက်ပျော့နေတာ ဆီးသွားစဉ်၊ သုက်လွှတ်စဉ် အလွန်နာကျင်တာ သုက်ရည်ထဲ သွေးပါလာတာ ပုံမှန်မဟုတ်တဲ့ အရည်တွေ လိင်တံထိပ်ဝကနေ စိမ့်ထွက်လာတာ ဆီးကျိတ်ကြီးလာတာ ပေါင်ခြံမှာရှိတဲ့ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

ဝမ်းဗိုက်ထဲ ကျန်ခဲ့တဲ့ဝှေးစေ့အတွက် ခွဲစိတ်ကုသခြင်း (Orchiopexy)

ယောက်ျားလေးတွေ ဗိုက်ထဲမှာ သန္ဓေသားအဖြစ်နဲ့ ကြီးထွားလာတဲ့အခါကတည်းက ဝှေးစေ့တွေ စတင်ဖွံ့ဖြိုးလာပါတယ်။ စစချင်းမှာ ဝမ်းဗိုက်ထဲမှာသာ ဝှေးစေ့ရှိနေပြီး ကိုယ်ဝန်သက်တမ်းရင့်လာတာနဲ့အမျှ ဝှေးစေ့က အောက်ကို ပြုတ်ကျသွားကာ ပုံမှန်အနေအထားကို ရောက်ရှိပါတယ်။ အဲ့လိုမဟုတ်ဘဲ သန္ဓေသားဖွံ့ဖြိုးမှု နှေးကွေးခြင်းကြောင့် ဝှေးစေ့က အောက်ကို ပြုတ်ကျမလာဘဲ ဗိုက်ထဲမှာ ကျန်နေလျက်နဲ့ မွေးလာတဲ့အခြေအနေမျိုးလည်း ကြုံလာနိုင်ပါတယ်။ ဒါကို ဝမ်းဗိုက်တွင်း ဝှေးစေ့ကျန်ခဲ့ခြင်း (Undescended Testicle သို့မဟုတ် ဆေးအခေါ်အရ Cryptorchidism) လို့ ခေါ်ပါတယ်။ ဝမ်းဗိုက်ထဲကျန်နေခဲ့တာ ဝှေးစေ့တစ်လုံးထဲလည်း ဖြစ်နိုင်သလို ၂လုံးလုံး ကျန်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ ပုံမှန်အားဖြင့် ကလေးမွေးပြီးတဲ့အခါ ဝှေးစေ့ပြန်ကျလာခြင်း မရှိပါက ဆရာဝန်အနေနဲ့ ဒီအကြောင်းကို မိဘတွေကို ပြောပြမှာဖြစ်ပြီး တစ်နှစ်အထိ စောင့်ကြည့်မှာ ဖြစ်ပါတယ်။ ၆လတစ်ကြိမ် ဆရာဝန်နဲ့ ပြန်ပြဖို့တော့ လိုပါတယ်။ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

ဖွံ့ဖြိုးမှုနှေးကွေးခြင်းကြောင့် ဝမ်းဗိုက်ထဲ ဝှေးစေ့ ကျန်နေခဲ့ခြင်း

ပုံမှန်အားဖြင့် အမျိုးသားတစ်ယောက်ရဲ့ ဝှေးစေ့က လိင်အင်္ဂါရဲ့ အောက်ဘက် ကပ္ပါယ်အိတ်အတွင်းမှာ ဘယ်၊ ညာ နှစ်ဘက်မှာ တည်ရှိပါတယ်။ မွေးကင်းစ သန္ဓေသားအရွယ်မှာတော့ ဝမ်းဗိုက်အတွင်းမှာ တည်ရှိနေပြီး သန္ဓေသားကြီးလာတာနဲ့အမျှ ဝှေးစေ့ က အောက်ကို ပြုတ်ကျလာပါတယ်။ အဲ့လိုပြုတ်မကျဘဲ ဗိုက်ထဲမှာ ကျန်နေခဲ့ပြီး မွေးလာခဲ့တဲ့ ကလေးတွေမှာ ဝှေးစေ့ပါမလာတတ်ပါဘူး။ ဒီအခြေအနေကို Undescended Testicle - ဝမ်းဗိုက်တွင်း ဝှေးစေ့ကျန်နေခြင်း (Cryptorchidism) လို့ ခေါ်ပါတယ်။ သူ့ဘာသာ ဝှေးစေ့ကပြန်ကျလာတဲ့ ကလေးတွေလည်း ရှိသလို လုံးဝပြန်မကျလာတဲ့ အခြေအနေမှာတော့ ခွဲစိတ်မှု လိုအပ်ပါတယ်။ ဘယ်လိုအခြေအနေတွေကြောင့် ကလေးရဲ့ ဝှေးစေ့ ဝမ်းဗိုက်ထဲမှာ ကျန်နေခဲ့တာလဲ။ အကြောင်းရင်း အတိအကျကို လက်ရှိအခြေအနေ သေချာဖော်ထုတ်ထားခြင်း မရှိသေးပါဘူး။ များသောအားဖြင့် မျိုးရိုးဗီဇကြောင့်၊ ကိုယ်ဝန်ဆောင်မိခင်ရဲ့ ကျန်းမာရေးနဲ့ အစာအာဟာရ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

ကြာဆေးနဲ့ ပတ်သက်ပြီး အမျိုးသားထုကြီး သိချင်နေတဲ့ မေးခွန်းတွေ

ကြာဆေး ဆိုတာ ဘာလဲ။ ပန်းသေပန်းညှိုးဖြစ်တဲ့ အမျိုးသားတွေကို ကုသတဲ့နေရာမှာ အသုံးပြုတဲ့ ဆေးပါ။ အဓိက အားသာချက်တွေက • လိင်အင်္ဂါအတွင်း သွေးစီးဆင်းနှုန်းကို မြင့်စေတယ် • လိင်တံထောင်မတ်ခြင်းကို ထိန်းထားနိုင်စေတယ် • ဆက်ဆံအား ကောင်းစေတယ် • သုက်လွှတ်ရန် အချိန်ပိုနှေးစေပါတယ် ပန်းသေပန်းညှိုးဆိုတာ တိုတိုပြောရမယ်ဆိုရင် အမျိုးသားလိင်အင်္ဂါ မထောင်မတ်နိုင်တဲ့ ရောဂါပါ။ အသက်၄၀ နောက်ပိုင်း အမျိုးသားတွေမှာ ဇရာကြောင့် ကျားဟော်မုန်းနည်းပြီး ပန်းသေပန်းညှိုး ဖြစ်လာတတ်ပါတယ်။ ခုနောက်ပိုင်းမှာတော့ လူငယ်တွေမှာပါ နေထိုင်စားသောက်မှုပုံစံ မှားယွင်းခြင်းကြောင့် ပန်းသေပန်းညှိုးနဲ့ ဆင်တူလက္ခဏာတွေ အဖြစ်များလာပါတယ်။ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေကြောင့်၊ သောက်နေတဲ့ ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့်လည်း လိင်တံမထောင်မတ်နိုင်ခြင်းကို ဖြစ်စေပါတယ်။ ကြာဆေးက ဘယ်လိုအလုပ်လုပ်သလဲ။ လိင်တံထောင်မတ်ခြင်း ဖြစ်စေဖို့ ဦးနှောက်က အထိအတွေ့၊ စိတ်ခံစားချက်၊ မြင်ကွင်း စတာတွေနဲ့ လှုံ့ဆော်မှုကို ပေးပါတယ်။ အဲ့နောက်မှာ ခန္ဓာကိုယ်အနှံ့မှာ […]


လိင်တံပြဿနာများ

ဝှေးစေ့အရွယ်အစားက ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်နေလဲ

ဝှေးစေ့သည် သုက်ရည်များသိုလှောင် သိမ်းဆည်းထားခြင်း၊ ကျားဟော်မုန်းထုတ်လွှတ်ပေးခြင်းတို့ကို လုပ်ဆောင်ပေးတဲ့ အမျိုးသား မျိုးပွားအင်္ဂါအစိတ်အပိုင်းဖြစ်ပါတယ်။ ကပ္ပာယ်အိတ်အတွင်းမှာ ဘယ်၊ ညာ ၂ဘက် ရှိပါတယ်။ ဝှေးစေ့ဟာ ဥ ပုံသဏ္ဍာန်အရွယ်အစားရှိပြီး ပျမ်းမျှ အရှည်ကတော့ ၁.၈ လက်မမှ ၂လက်မအဖြစ် သတ်မှတ်ထားပါတယ်။ ၁.၄ လက်မအောက် ငယ်တဲ့ ဝှေးစေ့ကိုတော့ အရွယ်အစား သေးငယ်တယ်လို့ ယူဆနိုင်ပါတယ်။ ဝှေးစေ့အရွယ်အစားကို ဘယ်လိုတိုင်းတာမလဲ။ လိင်တံအရွယ်အစားလို မဟုတ်ဘဲ ကပ္ပာယ်အိတ်အတွင်းမှာ တည်ရှိနေတာဖြစ်တဲ့အတွက် အိမ်မှာ ကိုယ့်ဘာသာ တိုင်းတာဖို့တော့ နည်းနည်းခက်နိုင်ပါတယ်။ အကောင်းဆုံးနည်းလမ်းကတော့ လိင်အင်္ဂါကို အာထရာဆောင်း ရိုက်ကြည့်တာပါပဲ။ အာထရာဆောင်းနဲ့ ရိုက်ကြည့်လိုက်တဲ့အခါ ကပ္ပာယ်အိတ်အတွင်းမှာ ရှိနေတဲ့ ဝှေးစေ့ရဲ့ အရွယ်အစားသာမက တခြားပုံမှန်မဟုတ်တဲ့ ပြဿနာတွေ၊ သွေးကြောထုံးနေခြင်း၊ ရောင်နေခြင်း ရှိမရှိကို စစ်ဆေးနိုင်ပါတယ်။ Orchidometer လို့ခေါ်တဲ့ ကိရိယာနဲ့လည်း ဝှေးစေ့အရွယ်အစားကို […]


လိင်တံပြဿနာများ

ဝှေးစေ့အောင့် တာကို သက်သာစေတဲ့ အိမ်တွင်းကုထုံး

ဝှေးစေ့ဆိုတာ အမျိုးသားတို့ရဲ့ လိင်အင်္ဂါအောက်မှာ ဆက်စပ်နေတဲ့ ကပ္ပာယ်အိတ်အတွင်းမှ ဥပုံသဏ္ဍာန်ရှိတဲ့ မျိုးပွားအင်္ဂါတွေပဲ ဖြစ်ပါတယ်။ နည်းနည်းလေးထိခိုက်မိရုံနဲ့ ဒဏ်ဖြစ်သွားနိုင်လောက်တဲ့အထိ နူးညံ့လွန်းတဲ့ အစိတ်အပိုင်းဖြစ်တာကြောင့် သေချာဂရုစိုက်ဖို့တော့ လိုပါတယ်။ မတော်တဆ ပေါင်ခွကို ကန်မိလိုက်တာ၊ အားကစား၊ လေ့ကျင့်ခန်းလုပ်ရင်း ထိခိုက်တာ၊ ဆီးလမ်းကြောင်းပိုးဝင်တာ၊ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ အစရှိသဖြင့် အကြောင်းအမျိုးမျိုး ဝှေးစေ့အောင့် ခြင်းကို ဖြစ်စေနိုင်ပါတယ်။ အကြောင်းရင်းအမှန်ကို သေချာသိဖို့ ဆရာဝန်နဲ့ သေချာသွားပြီး စစ်ဆေးမှုခံယူနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ဝှေးစေ့အောင့် ခြင်းကို ဖြစ်စေနိုင်တဲ့ အကြောင်းရင်းများ • ဆီးချိုကြောင့် ဖြစ်တဲ့ နောက်ဆက်တွဲအာရုံကြောထိခိုက်မိခြင်း (Diabetic Neuropathy) • သုက်ပို့ပြွန်ရောင်ခြင်း (Epididymitis) • ဝှေးစေ့တစ်ရှူး အနာဖြစ်ခြင်း (Gangrene) • ကပ္ပာယ်အိတ်အရည်စုပြီး ရောင်လာခြင်း (Hydrocele) • အူကျခြင်း (Hernia) • ကျောက်ကပ် ကျောက်တည်ခြင်း • ဝှေးစေ့ရောင်ခြင်း (Orchitis) • […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

ကြာဆေးသောက်ပြီးနောက် ခန္ဓာကိုယ်တွင်း ပြောင်းလဲမှုဖြစ်စဉ်

ဒီဘက်ခေတ် အမျိုးသားအများစုနဲ့ မစိမ်းကြတဲ့အထဲမှာ ကြာဆေးလည်း အပါအဝင်ပါပဲ။ ကြာဆေးဆိုတာ အမျိုးသားတွေရဲ့ လိင်တံအတွင်း သွေးစီးဆင်းနှုန်းအားကောင်းစေပြီး ထောင်မတ်ခြင်းကို ထိန်းထားနိုင်စေတဲ့ ဆေးတစ်မျိုး ဖြစ်ပါတယ်။ ဘယ်လိုဆေးမဆို အကျိုးအာနိသင်အပြင် ဘေးထွက်ဆိုးကျိုးလည်း ရှိနိုင်တယ်ဆိုတာကတော့ မေ့ထားလို့ မဖြစ်ပါဘူး။ ဒီဆောင်းပါးမှာ အမျိုးသားတွေ စိတ်ဝင်စားကြတဲ့ ကြာဆေး ဘယ်လိုအလုပ်လုပ်သလဲ၊ ဘယ်လိုကောင်းကျိုး၊ ဆိုးကျိုးပေးနိုင်လဲ ကြာဆေးသောက်ပြီးနောက် ခန္ဓာကိုယ်တွင်း ပြောင်းလဲမှုဖြစ်စဉ် အနေနဲ့ ဘာတွေဖြစ်တတ်လဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ ကြာဆေး ဆိုသည်မှာ အမျိုးသားတွေရဲ့ ပန်းသေပန်းညှိုးဖြစ်တဲ့ ဝေဒနာကို ကုသပေးတဲ့နေရာမှာ အသုံးပြုတဲ့ ဆေးပါ။ လူနာရဲ့ ကျန်းမာရေးအခြေအနေပေါ် မူတည်ပြီး ဆရာဝန်ကိုယ်တိုင် သောက်သင့်တဲ့ အားပမာဏကို ချိန်ဆပြီးမှ ပေးရပါတယ်။ အရမ်းများလွန်းတဲ့ ပမာဏဆိုရင် လူနာအတွက် အသက်အန္တရာယ်ထိခိုက်စေနိုင်တဲ့အထိ ဘေးထွက်ဆိုးကျိုး ပြင်းထန်နိုင်လို့ပါ။ ကြာဆေးမှာ Sildenafil ဆိုတဲ့ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

ကြာဆေးစွဲသောက်တဲ့ အမျိုးသားတွေ အမြင်အာရုံထိခိုက်နိုင်ခြေ မြင့်မား

ကြာဆေးဆိုတာ ပြောရမယ်ဆိုရင် လိင်တံကောင်းစွာ မထောင်မတ်နိုင်တဲ့ အမျိုးသားတွေ တစ်ပွဲထိုးကိစ္စ ကြုံလာတိုင်း သောက်တတ်ကြတဲ့ ဆေးပေါ့။ ဒီဆေးက လိင်အင်္ဂါရဲ့ သွေးကြောတွေကို ကျယ်စေပြီး သွေးစီးဆင်းမှုနှုန်း မြန်စေလို့ လိင်တံထောင်မတ်လာစေတယ်။ ပုံမှန်အားဖြင့် အသက် ၄၀-၆၀ နောက်ပိုင်း အမျိုးသားတွေမှာ အသက်အရွယ်ကြောင့် ကျားဟော်မုန်း ကျဆင်းလာပြီး ပန်းသေပန်းညှိုး (Erectile Dysfunction) ဖြစ်နိုင်ပေမယ့် ဒီဘက်ခေတ်မှာတော့ အသက် ၂၀-၃၀ အရွယ် လူငယ်တွေမှာ ဆင်တူတဲ့ လက္ခဏာတွေ မြင်တွေ့နေရပါတယ်။ ကြာဆေးရဲ့ အားသာချက်တွေက ဘာတွေလဲ။ လိင်မဆက်ဆံခင် နာရီဝက်အလိုမှာ တစ်လုံးသောက်ပေးရုံနဲ့ လိင်အင်္ဂါထောင်မတ်နိုင်စွမ်းကို အမြင့်ဆုံးထိ ရောက်အောင် ကူညီပေးနိုင်တယ်။ လိင်စိတ်ဆန္ဒ ပြီးမြောက်ဖို့ (သုက်လွှတ်ဖို့) အချိန်ကို ကြာစေယ်။ အရင်တုန်းက ဆရာဝန်ရဲ့ ဆေးစာပါမှ ကြာဆေးတွေကို ရောင်းချခွင့်ပေးတာဆိုပေမယ့် နောက်ပိုင်း […]


အမျိုးသားဟော်မုန်းဆိုင်ရာများ

အမျိုးသားတွေမှာ ကိုယ်ဝန်ဆောင်ဟော်မုန်း များနေရင်

အမျိုးသမီးတွေ ဆီးစစ်ကြည့်လို့ နှစ်ကြောင်းပေါ်နေရင် ကိုယ်ဝန်ရှိနေတယ်လို့ ပြောလို့ရတာကြောင့် ဝမ်းသာစရာပါ။ အမျိုးသားတွေမှာ ဆီးစစ်ကြည့်လို့ နှစ်ကြောင်းပေါ်ရင်ရော ဝမ်းသာစရာလား။ မဟုတ်ပါဘူး။ ဒါက စိုးရိမ်စရာပါ။ ခန္ဓာကိုယ်မှာ ရောဂါတစ်ခုခုဖြစ်နေတာပါ။ ကိုယ်ဝန်ဆောင်ဟော်မုန်း လို့ခေါ်တဲ့ HCGက အမျိုးသားတွေမှာဆိုရင် ဦးနှောက်အကြိတ် (pituitary tumor)ကြောင့်ပဲဖြစ်ဖြစ် ဝှေးစေ့ကင်ဆာ (testicular tumor)ကြောင့်ပဲဖြစ်ဖြစ်ထွက်တတ်ပါတယ်။ ဒီမှာတော့ ဝှေးစေ့ကင်ဆာမှာ ဟော်မုန်းများတဲ့အကြောင်းကို ပြောပြပေးပါ့မယ်။ အရင်ဆုံးဝှေးစေ့ကဘာလုပ်ပေးတာလဲဆိုတာပြောပြပါ့မယ်။ ဝှေးစေ့က ကပ်ပယ်အိတ်ထဲမှာရှိပြီး အမျိုးသားဟော်မုန်း တက်စထရိုစတီရုန်းနဲ့ သုတ်ကောင်ကို ထုတ်ပေးပါတယ်။ ဝှေးစေ့ကင်ဆာကဝှေးစေ့မှာရှိတဲ့ မျိုးပွားဆဲလ်တွေကဖြစ်တာပါ။ ဒီဆဲလ်တွေကနေ HCGကိုထုတ်နေတာပါ။ဖြစ်နှုန်းက ၁ရာခိုင်နှုန်းပဲ ရှိပေမယ့် သိထားရင်ကောင်းတာကြာင့် ဆက်လေ့လာကြည့်ရအောင်။ ဘာတွေခံစားရမလဲ။ ကင်ဆာကနဦးအဆင့်မှာ ရောဂါလက္ခဏာ ပြတာရှိသလို မပြတာလည်းရှိပါတယ်။ အတွေ့အများဆုံးလက္ခဏာကတော့ ဝှေးစေ့မှာ မနာဘဲ အကြိတ်ထွက်လာတာပါ။ အကြိတ်ထွက်တိုင်းကင်ဆာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဆရာဝန်နဲ့ ပြသင့်ပါတယ်။ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း