အမျိုးသားကျန်းမာရေး

ကိုယ်လက်ကြံ့ခိုင်ရေး၊ လိင်ကျန်းမာရေး၊ စိတ်ကျန်းမာရေး၊ ဟော်မုန်းပြဿနာ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု ဒါတွေက အမျိုးသားတွေရဲ့ ကျန်းမာရေးကို အပြောင်းအလဲဖြစ်စေနိုင်တဲ့ အချက်တွေပါပဲ။ ဒီအချက်တွေ အကုန်လုံးကို ဒီစာမျက်နှာမှာ ပြည့်ပြည့်စုံစုံ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသားကျန်းမာရေး

Andropause ကာလ ကျန်းမာစေဖို့ ဘာတွေစားကြမလဲ

Andropause ဆိုတာ ဘာလဲလို့ တွေးနေတာလား။ နားလည်လွယ်အောင် ပြောပြရရင် Andropause ဆိုတာက အမျိုးသားတွေ သွေးဆုံးတာပါ။ အမျိုးသမီးတွေမှာ သွေးဆုံးတယ်ဆိုတာက အီစထရိုဂျင် ဟော်မုန်း ပမာဏ ကျဆင်းလာတာပါ။ အမျိုးသားတွေမှာတော့ Andropause ကာလ ရောက်လာပြီဆိုရင် တက်စထရိုစတုန်းဟော်မုန်း ပမာဏ ကျဆင်းလာပါတယ်။ ဒီကာလမှာ အမျိုးသားတွေဟာလည်း အမျိုးသမီးတွေလိုပဲ ကိုယ်တွင်းဟော်မုန်းတွေ ကမောက်ကမ ဖြစ်တာကြောင့် စိတ်ခံစားမှု ပြောင်းလဲတာ၊ ကြွက်သားဆုံးရှုံးတာတွေကို ရင်ဆိုင်လာရနိုင်ပါတယ်။ ဒီလိုမျိုး ဟော်မုန်းအပြောင်းအလဲ များတဲ့ Andropause ကာလ ကျန်းမာစေဖို့ အရေးပါတဲ့ အချက်တစ်ခုက အာဟာရ ပြည့်ဝမှုပါ။ ဒီတော့ Andropause ကာလ ကျန်းမာစေဖို့ ဘာတွေစားကြမလဲ ဆိုတာ ပြောပြပေးမှာမို့ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။ Andropause ဆိုတာ အမျိုးသားတွေမှာ အသက် ၄၀ နောက်ပိုင်း […]

အမျိုးသားကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အမျိုးသားကျန်းမာရေး ကို ရှာဖွေမည်။

လိင်တံပြဿနာများ

ကျားလိင်အင်္ဂါမှာ ဝဲခြောက် ယားနာ ဖြစ်နေခဲ့ရင်

Mite လို့ ခေါ်တဲ့ အလွန်သေးငယ်တဲ့ ကပ်ပါးပိုးကောင်တစ်မျိုးဟာ အရေပြားထဲကို ထိုးဖောက်ဝင်ရောက်ပြီး အသက်ရှင်သန်ပါတယ်။ အဲ့ဒီနောက်မှာ အထဲကနေ အရေပြားဆဲလ်တွေကို ဖြည်းဖြည်းချင်းစားကာ ဥ ဥပြီး တဖြည်းဖြည်း ကြာလာတာနဲ့ ဝဲခြောက် ယားနာတွေ ဖြစ်လာပါတယ်။ ကပ်ပါးပိုးရှိသူနဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း၊ အရေပြား ထိတွေ့မိတဲ့အခါ ဝဲခြောက်ယားနာ ကူးစက်ခံရနိုင်ပါတယ်။ ဝဲခြောက် ယားနာရဲ့ ပုံစံနဲ့ လက္ခဏာတွေ ဝဲခြောက် သည် ခန္ဓာကိုယ်ရဲ့ နေရာမရွေးပေါက်နိုင်ပြီး အမျိုးသားတွေမှာတော့ တစ်ကိုယ်ရေ သန့်ရှင်းမှုမရှိခြင်း၊ ပိုးရှိသူရဲ့ အရေပြား၊ အဝတ်အစားနဲ့ ထိတွေ့မိရာကနေ ကူးစက်ခံရတာ ဖြစ်ပါတယ်။ လိင်တံပေါ်မှာ ပေါက်တဲ့ ဝဲခြောက်တွေဟာ သေးငယ်ပြီး အပေါ်ကို အနည်းငယ် ချွန်တက်နေတဲ့ ဝက်ခြံကဲ့သို့ ပုံစံရှိပါတယ်။ လိင်တံအပြင် ကပ္ပါယ်အိတ်၊ ပေါင်ခြံ၊ တင်ပါးအထိပါ ပြန့်သွားနိုင်ပါတယ်။ […]


လိင်တံပြဿနာများ

ဝှေးစေ့က ယားယံနေပြီဆိုရင် ဒါတွေကို ပြန်စစ်ကြည့်ပါ

အမျိုးသားတွေရဲ့ လိင်အင်္ဂါသည် စိုထိုင်းပြီး ချွေးအောင်းတဲ့ နေရာမှာ ရှိတဲ့အတွက် ရံဖန်ရံခါ ယားယံတာမျိုးတော့ ဖြစ်တတ်ပါတယ်။ အဲဒီလို မဟုတ်ဘဲ အမြဲလိုလို ဝှေးစေ့က ယားယံပြီး ကုတ်နေရတယ်ဆိုရင်တော့ ဒီအချက်တွေကို စစ်ကြည့်ဖို့တော့ လိုမယ်နော်။ ဝှေးစေ့က ယားယံနေပြီဆိုရင် ဒါတွေကို ပြန်စစ်ကြည့်ပါ ဝှေးစေ့က ယားယံနေပြီဆိုရင် ဒါတွေကို ပြန်စစ်ကြည့်ပါ ဘာတွေဖြစ်မလဲ။ ၁။ ရေချိုးပြီးပြီလား။ တစ်နေ့လုံး ရေလည်း လုံးဝမချိုးထားဘူးဆိုရင် ဝှေးစေ့မှာ ချွေး၊ အဆီ၊ အညစ်အကြေးတွေ ရောပြီး ဘက်တီးရီးယားပိုးတွေ ပေါက်ဖွားကာ ယားယံခြင်းတွေ ဖြစ်စေပါတယ်။ ရေချိုးဖို့ လိုအပ်နေပြီလားဆိုတာကို ဝှေးစေ့ကို ကိုင်ပြီးစမ်းကြည့်တဲ့အခါ မှိုစော်၊ အောက်စော် အနံ့ရမရ နမ်းကြည့်ရင် သိနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့ကို အနည်းဆုံး တစ်ကြိမ်ဖြစ်ဖြစ် ရေချိုးပေးဖို့တော့ လိုပါတယ်။ ကိုယ်က ချွေးထွက်သန်တဲ့သူ၊ ကိုယ်နံ့ပြင်းတဲ့သူဆိုရင် […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားတစ်ဦးရဲ့ ကျန်းမာရေးပြဿနာ

သင်ဟာ သင့်ရဲ့ကျန်းမာရေးထက် ကားတွေ၊ သင်ပိုင်ဆိုင်တဲ့ဖုန်းတွေ၊ ကွန်ပျူတာစတဲ့ တန်ဖိုးကြီးပစ္စည်းတွေကို ဂရုစိုက်တဲ့ အမျိုးသားတစ်ယောက် ဖြစ်နေပါသလား။ မပူပါနဲ့။ သင်တစ်ယောက်တည်း မဟုတ်ပါဘူးနော်။ ကျန်းမာရေးကို အလေးမထားခြင်း၊ မိမိကိုယ်ကို ဂရုစိုက်ရန်မေ့လျော့နေတတ်ခြင်းနဲ့ ကျန်းမာရေးနှင့်မညီညွတ်တဲ့ အပြုအမူ၊ နေထိုင်မှုပုံစံတွေဟာ အမျိုးသမီးတွေထက် အမျိုးသားတွေမှာ ပိုတွေ့ရတတ်တဲ့ အလေ့အထတွေပါ။ ဒီလိုအနေအထိုင်တွေကြောင့် ကျန်းမာရေးဟာ တစ်နေ့တခြား ဆုတ်ယုတ်လာတတ်ပါတယ်။ နှလုံးကျန်းမာရေးနှင့် သွေးတိုးရောဂါ။        ။ သွေးပေါင်ချိန်တက်ခြင်း၊ သွေးတိုးရောဂါဟာ အသက်(၄၅)နှစ်ကျော်တဲ့ အမျိုးသားတွေမှာ ပိုတွေ့ရတဲ့ ရောဂါပါ။ ကျန်းမာရေးစစ်ဆေးမှုကို ပုံမှန် ပြုလုပ်ဖို့  စိတ်မပါကြတဲ့အခါ မိမိမှာ ရောဂါရှိလို့ ရှိနေမှန်းလည်း မသိကြပါဘူး။ ဒါကြောင့် ဆေးရုံဆေးခန်းကို သွားရောက်ပြီး ကျန်းမာရေးစစ်ဆေးမှု ပုံမှန်ပြုလုပ်သင့်ပါတယ်။ ဆရာဝန်တွေဟာ သင့်ရဲ့ ကိုလတ်စထရောပမာဏ၊ သွေးပေါင်ချိန်နဲ့ ဆေးလိပ်သောက်ခြင်း/ မသောက်ခြင်း အလေ့အထပေါ်မူတည်ပြီးတော့ နှလုံး […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေးရိတ်ပြီးတိုင်း Aftershave သုံးရမှာလား။

ယောကျ်ားလေးတွေမှာ ကျားဟော်မုန်းတွေကြောင့် မိန်းကလေးတွေထက် အမွေးအမျှင်တွေ ပိုများပါတယ်။ တစ်ကိုယ်လုံးမှာရော၊ မျက်နှာမှာပါ နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေးတွေ စသဖြင့် ပေါက်ကြပါတယ်။ ဒီနေ့ဆောင်းပါးလေးမှာတော့ အဲ့ဒီလို အမွေးအမျှင်တွေ (အထူးသဖြင့် မျက်နှာက အမွေးအမျှင်တွေ) ကို ရိတ်ပြီးတဲ့အခါ အသားခြောက်ခြင်း၊ ယားယံခြင်း၊ ပွန်းပဲ့ခြင်း၊ ချွေးပေါက်ကျယ်ခြင်း စတဲ့ အဖြစ်များပြီး စိတ်အနှောင့်အယှက်အင်မတန်ဖြစ်စေတဲ့ အရေပြားပြသနာတွေကို ကာကွယ်ဖို့နဲ့ အသားအရေကို ဂရုစိုက်ဖို့အတွက် ဘယ်လို aftershave မျိုးကို ရွေးချယ်အသုံးပြုသင့်တယ် ဆိုတာလေးကို ပြောပြပေးသွားပါမယ်။ Aftershave ဆိုတာဘာလဲ။ Aftershave ဆိုတာကတော့ မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေး၊ ချိုင်းမွေး စတဲ့ ခန္ဓာကိုယ် တစ်နေရာရာက အမွေးအမျှင်တွေရိတ်ပြီးတဲ့အခါ အသားအရေကို ကောင်းမွန်အောင် ထိန်းသိမ်းပေးဖို့ လိမ်းနိုင်တဲ့ gel (သို့) cream (သို့) lotion (သို့) […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားတွေအသက်ကြီးလာရင် လိင်မှုစွမ်းဆောင်ရည် ကျသွားတတ်သလား

အမျိုးသားတွေအသက်ကြီးလာလေ လိင်ဆက်ဆံဖို့စိတ်မဝင်စားလေ ဖြစ်တတ်သလားဆိုတဲ့အကြောင်းနဲ့ ပတ်သက်ပြီး ပြောပြပါ့မယ်။ အရင်ဆုံးပြောချင်တာက သဘာဝကိုလွန်ဆန်လို့မရဘူးဆိုတာပါပဲ။ လူဖြစ်ဖြစ်၊ သက်မဲ့ပစ္စည်းဖြစ်ဖြစ် အချိန်ကြာလာရင် ဖြည်းဖြည်းချင်း ပျက်စီးယိုယွင်းသွားတာပဲ မဟုတ်လား။ ဘယ်လောက်ပဲ ကျန်းမာရေးကောင်းပြီး ကြံ့ခိုင်သူဖြစ်နေပါစေ၊ အချိန်တန်တော့လည်း ဇရာကို အရှုံးပေးရမှာပဲမဟုတ်လား။ ဒီလိုပဲလေ၊ အမျိုးသားတွေရဲ့ ဆန့်ကျင်ဖက်လိင် အပေါ်စိတ်ဝင်စားမှု၊ လိင်ဆက်ဆံလိုမှု ဆိုတာတွေလည်း အသက်ကြီးလာလေ တဖြည်းဖြည်း လျော့နည်းသွားတတ်တဲ့ သဘောရှိတယ်။ ဒါလည်း သဘာဝကျပါတယ်။ ဘယ်သူမှတော့ သက်တမ်းတလျှောက်လုံး လိင်စိတ် ပြည့်ဝနေတယ် ဆိုတာမျိုး ရှိမှာမဟုတ်ပါဘူး။ (သဘာဝလည်းမကျပါဘူး)။ အမျိုးသားတွေအသက်ကြီးလာရင် လိင်မှုစွမ်းဆောင်ရည် ကျသွားတတ်သလား အမျိုးသားတစ်ယောက်ရဲ့ လိင်စိတ် အခြေအနေကို အသက်အရွယ်နဲ့ ချိန်ထိုးကြည့်နိုင်ပါတယ်။ အသက် ၂၀ လောက်မှာဆို လူပျိုဖော်ဝင်စဆိုတော့ ပုံမှန်ထက်လည်း တက်ကြွနေမယ်၊ ကျား/မ ကိစ္စတွေကိုလည်း စိတ်ဝင်စားနေပြီး လက်တည့်စမ်းချင်စိတ်လည်း ရှိနေနိုင်တယ်။ တက်စတိုစတီရုန်းလို့ခေါ်တဲ့ အမျိုးသားတွေ […]


လိင်တံပြဿနာများ

လိင်တံ ပြဿနာ အဖြာဖြာ (Penile Disorders)

အမျိုးသားတိုင်း ဖြစ်ပွားနိုင်တဲ့ လိင်တံ ပြဿနာ အဖြာဖြာ အကြောင်း နည်းနည်းလောက် ပြောပြချင်ပါတယ်။ ယောကျ်ားလေးတွေအတွက် လိင်တံက ဘယ်လောက်အရေးကြီးလဲ ဆိုတာတော့ အကျယ်တဝင့်ပြောနေစရာ မလိုလောက်ဘူး ထင်ပါတယ်။ လိင်တံဟာ အညစ်အကြေးစွန့်ဖို့ရော မျိုးဆက်ပွားဖို့အတွက်ပါ မရှိမဖြစ်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုပဲ မဟုတ်လား။ အခုဆောင်းပါးမှာတော့ ဒီလိုအရေးကြီးတဲ့နေရာမှာ ဖြစ်နိုင်တဲ့ ပြဿနာတချို့ကို တင်ပြဆွေးနွေးမှာပဲ ဖြစ်ပါတယ်။ ဆက်ပြီးလေ့လာကြည့်ရအောင်ပါ။ လိင်တံ ထိပ်ဖူးရောင်ရမ်းခြင်း ဒါကတော့ရောဂါတစ်ခုပါ။ လိပ်တံထိပ်အရေပြား မဖြတ်ထားတဲ့သူတွေ၊ လိင်တံကို သန့်ရှင်းရေး သေချာမလုပ်တဲ့ သူတွေ အဖြစ်များတယ်။ လိင်တံထိပ်ဖူးနဲ့ အရေပြားကြားမှာ ချွေးတွေ၊အညစ်အကြေး (ဆီးအကြွင်းအကျန်တွေ)၊ ဆဲလ်အသေတွေစုပုံလာရင် ပိုးမွှားတွေပေါက်ပွားလာပြီး လိင်တံထိပ်ဖူးကို ရောင်ရမ်းစေပါတယ်။ လိင်အပျော်အပါးမက်တဲ့ ကိုယ်တော်ချောတွေလည်း ဂနိုတို့၊ ကာလသားရောဂါတို့ဝင်ရင် ဒါမျိုးဖြစ်နိုင်ပါတယ်။ တချို့ကျလည်း အရမ်းမွှေးတဲ့ ဆပ်ပြာတွေ၊ဆပ်ပြာဆီတွေသုံးပြီး ရေချိုးရင်ဖြစ်ပြန်ရော။ ဖြစ်တဲ့အကြောင်းရင်းကို သေချာသိရင် ကုသရတာ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသား တွေကို အသေအပျောက်များစေတဲ့ ရောဂါများ

World health rankingရဲ့  ၂၀၁၈ ဒေတာတွေအရ မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသား တွေရဲ့ သက်တမ်းက ၆၄.၆နှစ်ဖြစ်ပြီး အမျိုးသမီးတွေရဲ့ အသက်က ၆၈.၉နှစ် ဖြစ်ပါတယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက် အသက်ပိုရှည်တယ်လို့ ပြောလို့ရတာပေါ့။  မျိုးရိုးဗီဇအရ ဆိုရင်လည်း အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုပြီးကျန်းမာကြပါတယ်။ ရောဂါတစ်ခုအကြောင်းကို သင်ကြားတဲ့အခါ ဘယ်သူတွေမှာ အဖြစ်များလဲလို့ ကြည့်လိုက်ရင်လည်း အမျိုးသားတွေဆီမှာ အဖြစ်များတာကို တွေ့ရပါတယ်။ ကမ္ဘာမှာ အသေအပျောက်အများဆုံး ရောဂါ ၁၅ခုကို ကြည့်လိုက်မယ်ဆိုရင်လည်း အယ်ဇိုင်းမားကလွဲပြီး ကျန်တဲ့ရောဂါတွေက အမျိုးသားတွေမှာ အဖြစ်များတဲ့ ရောဂါတွေ ဖြစ်နေတာကို တွေ့ရပါတယ်။ နောက်ထပ်တစ်ခုက အမျိုးသားတွေရဲ့ ကျန်းမာရေးအပေါ်ခံယူချက်ပါ။ အမျိုးသမီးတွေကတော့ တစ်ခုခုဆို စိုးရိမ်တတ်ကြတယ်။ အနာလည်း သိပ်မခံနိုင်ကြဘူး။ ကိုယ့်အတွက်မဟုတ်တောင် ငါမရှိရင် ဘယ်သူထမင်းချက်မှာလဲဆိုတဲ့စိတ်နဲ့ ဆေးရုံဆေးခန်းသွားကြတယ်။ တချို့ကလည်း […]


လိင်တံပြဿနာများ

ကျားလိင်အင်္ဂါကို ကြီးဆေး ထိုးခြင်းရဲ့ ကြောက်စရာဆိုးကျိုးများ

လိင်ကျန်းမာရေးနဲ့ ပတ်သက်လာရင် ယောက်ျားအများစု ခဏဏ လာလာမေးတတ်တဲ့ မေးခွန်းတွေထဲမှာ လိင်တံ ကြီးအောင် ဘယ်လိုလုပ်ရမလဲဆိုတာလည်း တစ်ခုအပါအဝင်ပါ။ အမှန်အတိုင်းပြောရရင် အမျိုးသား တစ်ယောက်ရဲ့ လိင်တံသည် အသက် ၁၈ ပြည့်ပြီးတာနဲ့ ဘယ်လိုမှ ဆက်ပြီး မကြီးနိုင်တော့ပါဘူး။ အဲ့တော့ ကြီးဆေးတွေ သောက်ရင် မရဘူးလား၊ သူများတွေ ဆေးထိုး၊ ဂေါ်လီထည့်နေတာ ကျွန်တော်လုပ်ရင်ရော ကြီးလာမှာလားတဲ့။ ဟုတ်ကဲ့ အချိန်တစ်ခဏတာအတွက် ကြီးလာတယ်လို့ ထင်ရနိုင်ပါတယ်။ ကျားလိင်အင်္ဂါကို ကြီးဆေး ထိုးခြင်းရဲ့ ကြောက်စရာဆိုးကျိုးများ တကယ့် ပြဿနာက အဲ့ဒီနောက်မှာ စတာပါ။ သဘာဝ မဟုတ်တဲ့ ပစ္စည်းတွေကို လိင်အင်္ဂါထဲ ထိုးသွင်းထားပြီးနောက် ကြာလာတဲ့အခါ ခန္ဓာကိုယ်က ဒီပစ္စည်းတွေကို ဓာတ်တိုးဆန့်ကျင်တတ်ပြီး ပြည်တည်တာ၊ လိင်တံပုပ်တာ၊ အနံ့ဆိုးထွက်တာ၊ မထောင်မတ်နိုင်တာအပြင် လိင်တံ တစ်ချောင်းလုံး ဖြတ်ပစ်လိုက်ရတဲ့အထိ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားများအတွက် နွေရာသီ တစ်ကိုယ်ရေသန့်ရှင်းရေး လမ်းညွှန်

ခုဆိုရင် ရာသီဥတုက တော်တော်လေး ပူတယ်နော်။ တချို့ရက်တွေမှာတော့ မိုးရွာတတ်ပေမယ့် ခဏလေး ရွာပြီးရင်လည်း ပြန်ပူတာပါပဲ။ နွေရာသီရဲ့ မကောင်းဆုံးအချက်ကို ပြောပါဆိုရင် ချွေးထွက်တဲ့ ပြဿနာပါ။ အထူးသဖြင့် ယောက်ျားလေးတွေအတွက် တစ်ကိုယ်ရေသန့်ရှင်းရေး ကို သေချာ ဂရုစိုက်သင့်တဲ့ ရာသီမျိုးပါ။ ယောက်ျားလေးတွေက မိန်းကလေးတွေနဲ့ ယှဉ်လိုက်ရင် လှုပ်ရှားမှုများတဲ့အတွက် ချွေးပိုထွက်သလို ချွေးနံ့ကလည်း ပိုပြင်းပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းရေး ဟာ ဘာလို့ အရေးကြီးတာလဲ။ တစ်ကိုယ်ရေ သန့်ရှင်းမှသာ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဘက်တီးရီးယားပိုး ပေါက်ဖွားမှု ကင်းဝေးပြီး အရေပြားနဲ့ တခြားကျန်းမာရေး ပြဿနာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်မှာပါ။ ယောက်ျားလေးတွေဆိုရင် ပိုပြီးတောင် တစ်ကိုယ်ရေ သန့်ရှင်းရေးကို အလေးထားဖို့ လိုပါတယ်။ အဓိက ချွေးထွက်စေတတ်တဲ့ အကြောင်းရင်းနဲ့ ဘယ်နေရာမှာ ချွေးပိုထွက်လဲ၊ ကိုယ့်ဆီကနေ ကိုယ်နံ့ […]


လိင်တံပြဿနာများ

လိင်တံ သေးတဲ့အမျိုးသားများ သိထားသင့်တဲ့ လိင်မှုရေးရာအဖြာဖြာ

ငယ်ပါက သေးလိုက်တာဆိုပြီး အမြဲ ညည်းညူနေတတ်တဲ့ အမျိုးသားတွေ အများအပြားရှိပါတယ်။ တကယ်တမ်း လိင်ဆက်ဆံရေးမှာ လိင်အင်္ဂါ အရွယ်အစားထက် စွမ်းဆောင်ရည်ဟာ ပိုပြီး အရေးကြီးပါတယ်။ စွမ်းဆောင်ရည်ကောင်းမှ၊ သက်လုံကောင်းမှသာ ကိုယ့်ဆက်ဆံဖော်အတွက် အကောင်းဆုံးသော ကာမသုခကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် အရွယ်အစား သေးလိုက်တာဆိုပြီး စိတ်ညစ်နေမယ့်အစား ကိုယ့်ပစ္စည်းကို ဘယ်လို အကောင်းဆုံး အသုံးချမလဲ၊ ဘယ်လို Position အနေအထားမျိုးနဲ့ ဆက်ဆံတာ ထိရောက်လဲ စတဲ့ လိင်ပညာပေး ဗဟုသုတတွေကို ဒီဆောင်းပါးမှာ ပြောပြပေးချင်ပါတယ်။ လိင်အင်္ဂါသေးတာနဲ့ ပတ်သက်ပြီး ဘာတွေ သိထားသင့်လဲ။ • အမျိုးသားတွေရဲ့ ၈၀ ရာခိုင်နှုန်းလောက်က ကိုယ့်ကိုယ်ကိုယ် ငယ်ပါ သေးတယ်လို့ အမြဲ စိတ်ထဲမှာ တွေးထင်နေတတ်ပါတယ်။ • အမျိုးသားတစ်ယောက်ရဲ့ ပုံမှန်အရွယ်အစား အဖြစ် သတ်မှတ်ထားတာက […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း