အမျိုးသားကျန်းမာရေး

ကိုယ်လက်ကြံ့ခိုင်ရေး၊ လိင်ကျန်းမာရေး၊ စိတ်ကျန်းမာရေး၊ ဟော်မုန်းပြဿနာ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု ဒါတွေက အမျိုးသားတွေရဲ့ ကျန်းမာရေးကို အပြောင်းအလဲဖြစ်စေနိုင်တဲ့ အချက်တွေပါပဲ။ ဒီအချက်တွေ အကုန်လုံးကို ဒီစာမျက်နှာမှာ ပြည့်ပြည့်စုံစုံ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသားကျန်းမာရေး

Andropause ကာလ ကျန်းမာစေဖို့ ဘာတွေစားကြမလဲ

Andropause ဆိုတာ ဘာလဲလို့ တွေးနေတာလား။ နားလည်လွယ်အောင် ပြောပြရရင် Andropause ဆိုတာက အမျိုးသားတွေ သွေးဆုံးတာပါ။ အမျိုးသမီးတွေမှာ သွေးဆုံးတယ်ဆိုတာက အီစထရိုဂျင် ဟော်မုန်း ပမာဏ ကျဆင်းလာတာပါ။ အမျိုးသားတွေမှာတော့ Andropause ကာလ ရောက်လာပြီဆိုရင် တက်စထရိုစတုန်းဟော်မုန်း ပမာဏ ကျဆင်းလာပါတယ်။ ဒီကာလမှာ အမျိုးသားတွေဟာလည်း အမျိုးသမီးတွေလိုပဲ ကိုယ်တွင်းဟော်မုန်းတွေ ကမောက်ကမ ဖြစ်တာကြောင့် စိတ်ခံစားမှု ပြောင်းလဲတာ၊ ကြွက်သားဆုံးရှုံးတာတွေကို ရင်ဆိုင်လာရနိုင်ပါတယ်။ ဒီလိုမျိုး ဟော်မုန်းအပြောင်းအလဲ များတဲ့ Andropause ကာလ ကျန်းမာစေဖို့ အရေးပါတဲ့ အချက်တစ်ခုက အာဟာရ ပြည့်ဝမှုပါ။ ဒီတော့ Andropause ကာလ ကျန်းမာစေဖို့ ဘာတွေစားကြမလဲ ဆိုတာ ပြောပြပေးမှာမို့ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။ Andropause ဆိုတာ အမျိုးသားတွေမှာ အသက် ၄၀ နောက်ပိုင်း […]

အမျိုးသားကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အမျိုးသားကျန်းမာရေး ကို ရှာဖွေမည်။

ပန်းသေပန်းညှိုးခြင်း

အမျိုးသားများရဲ့ လိင်အင်္ဂါ ထောင်မတ်နေစေဖို့ ကူညီပေးမယ့် အစားအသောက်(၁၀)မျိူး

အမျိုးသားတွေအတွက် ဖွင့်ဟပြောဆိုရမှာ ရှက်သောကိစ္စများတွင် လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်လည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ခဏလေးနဲ့ ပျော့သွားတတ်တဲ့သူတွေအတွက် ဒီဆောင်းပါးလေးက အထောက်အကူဖြစ်ပါလိမ့်မယ်နော်။ လိင်အင်္ဂါ ကြာကြာမာစေဖို့အတွက် အခုဖော်ပြမယ့်အစားအစာလေးတွေကို နေ့စဉ်စားရင်း ကြိုးစားကြည့်နိုင်ကြပါပြီ။ (၁) ကော်ဖီ ကော်ဖီတစ်ခွက်မှာပါဝင်တဲ့ ကဖိန်းဓာတ်ဟာ သင့်ဇီဝကမ္မဖြစ်စဉ်တွေကို မြှင့်တင်ပေးပြီး သွေးခုန်နှုန်းကို မြန်စေပါတယ်။ ဒါ့ပြင် အဆီသိုလှောင်မှုတွေကို ဖြိုခွဲပေးပြီး စွမ်းအင်ကိုပိုမိုထွက်စေတာမို့ သင့်ကိုတစ်ညလုံးထောင်မတ်နေစေပါလိမ့်မယ်။ (၂) ခရု ဇင့်ဓာတ်နှင့် ဗီတာမင်B6 ပါဝင်မှုကြောင့် တက်စတိုစတီရုန်း ခေါ် ကျားဟော်မုန်းကိုအားကောင်းစေပါတယ်။ (၃) ငရုတ်သီး ငရုတ်သီးစားပြီးနောက် မျက်နှာတွေနီရဲလာတာ ကြုံဖူးကြတယ်မလား။ ဒါဟာ ငရုတ်သီးကြောင့် သွေးကြောတွေ ကျယ်လာလို့ ဖြစ်ပါတယ်။အလားတူပဲ သင့်လိင်အင်္ဂါ ရှိ သွေးကြောတွေကိုပါ ကျယ်စေပြီး ပိုမိုအားကောင်းစေပါတယ်။ (၄) ငှက်ပျောသီး သန်မာတဲ့အမျိူးသားတွေဟာ နှလုံးအားကောင်းကြသူများဖြစ်ကြပါတယ်။ ဒီလို နှလုံးအားကောင်းစေဖို့ ပိုတက်ဆီယမ် ကြွယ်ဝစွာပါတဲ့ ငှက်ပျောသီးကိုစားပေးပါ။ငှက်ပျောသီးမကြိုက်ရင်တော့ လိမ္မော်သီးစားလို့ရပါတယ်။ (၅) ဆယ်မွန် အိုမီဂါ3 ဖက်တီးအက်ဆစ်တွေ […]


ပန်းသေပန်းညှိုးခြင်း

လိင်တံတောင်မတ်ဖို့ ဆေးတောင်မကူနိုင်တော့တဲ့အခါ

အမျိုးသားတွေရဲ့ ဘဝမှာ လိင်အင်္ဂါ ကျန်းမာသန်စွမ်းနေဖို့က ဘယ်လောက် အရေးပါတယ်လို့ ထင်ပါသလဲ။ ၁၀% လား ၁၀၀% လား။ သေချာတာကတော့ အမျိုးသားထုကြီးဟာ ဖွားဖက်တော် သန်စွမ်းမာကျောနေစေဖို့ တစ်နှစ်ကို ဒေါ်လာ ဘီလီယံနဲ့ချီ အသုံးပြုနေကြတယ်ဆိုတာပါပဲ။ Viagra၊ Cialis၊ Levitra စတဲ့ ဆေးဝါးတွေကို ကုန်ကျစရိတ်ကို မကြည့်ဘဲ အင်တိုက်အားတိုက် ဝယ်ယူသုံးစွဲနေကြတာပါ။ ဒါပေမယ့် …. ဟုတ်ပါတယ် ဒါပေမယ့်ဆိုတဲ့ ချွင်းချက်က ရှိနေပါသေးတယ်။ ဒီဆေးဝါးတွေဟာ ကိုကိုတွေ၊ ဦးဦးတွေရဲ့ လိင်အင်္ဂါကို အမြဲတမ်း သန်စွမ်းထောင်မတ်နေစေနိုင်မှာမဟုတ်သလို၊ သုံးမိသူတိုင်းကိုလည်း အစွမ်းထက်စေမှာ မဟုတ်တာကို သိထားဖို့ လိုပါမယ်။ စစ်တမ်းတွေအဆိုရင် လိင်တံတောင်မတ်ဖို့ ဆေးသုံးစွဲကြတဲ့ အမျိုးသားထုကြီးရဲ့ ၃၀% ကနေ ၄၀% သောလူတွေဟာ အဲ့ဒီဆေးတွေကို မှီဝဲပေမယ့်လည်း အစွမ်းမထက်လာကြတာကို ကြုံဆုံရလေ့ရှိပါတယ်။ လိင်တံတောင်မတ်ဖို့ ဆေးတောင်မကူနိုင်တော့တဲ့အခါ ဒီလိုဆိုရင်တော့ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားတိုင်း ကျင့်သုံးသင့်တဲ့ ကျန်းမာတဲ့ စားသောက်မှုပုံစံ

ကျန်းမာရေးက လူတိုင်းအတွက် အရေးပါပါတယ်။ ဒီတစ်ခေါက်တာ့ အမျိုးသားတိုင်း ကျန်းမာနေစေဖို့ ဘယ်လို စားသောက်နေထိုင်ရမလဲဆိုတာကို ပြောပြပေးပါရစေ။ အစားအသောက်က နေ့စဉ် လှုပ်ရှားသွားလာနိုင်စေဖို့ တင်မဟုတ်ဘဲ ရောဂါတွေကို တိုက်ဖျက်ပြီး ပျော်ရွှင်စွာနဲ့ နေ့ရက်တိုင်းကို ဖြတ်သန်းနိုင်စေဖို့ အထောက်အပံ့ပေးပါတယ်။ အမျိုးသားတွေအတွက် ကျန်းမာတဲ့ စားသောက်မှုပုံစံ အမျိုးသားတစ်ယောက်အနေနဲ့ ကျန်းမာနေစေဖို့ဆိုရင် နေ့စဉ် စားသုံးမယ့် အစားအစာတွေထဲမှာ သစ်သီး ၂ ပန်းကန်စာ နဲ့ ဟင်းသီးဟင်းရွက် ၂ ပန်းကန်စာလောက် ပါဖို့လိုပါမယ်။ ဒါမှ တစ်နေ့တာ လိုအပ်မယ့် ဗီတာမင်၊ သတ္တုဓာတ်၊ အမျှင်ဓာတ် နဲ့ phytochemicals တို့ လုံလောက် ပြည့်ဝစွာ ရရှိမှာပါ။ ဒီထက်ပိုစားပေးလို့လည်း ရပါတယ်။ ကောက်နှံ၊ ထမင်း၊ ဂျုံ စတာတွေကိုလည်း တစ်နေ့ကို ၂ ကြိမ်လောက် စားသုံးပေးရပါမယ်။ ပြုပြင်ထားတာတွေထက် […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားတိုင်း စားပေးသင့်တဲ့ အစားအစာများ

အစားအသောက်က စွမ်းအားပေးတယ် ဆိုတာထက်ပိုပါတယ်။ နေ့စဉ် စားသုံးမှုက ရောဂါတွေကို တိုက်ဖျက်ပေးသလို သန်စွမ်းကျန်းမာမှုကိုလည်း ပေးစွမ်းနိုင်ပါသေးတယ်။ စားလိုက်တိုင်း ကျန်းမာရေးနဲ့ သင့်တော်တာမဟုတ်ဘူးဆိုတော့ အမျိုးသားတွေ ကျန်းမာစေဖို့ ဘာတွေကို အဓိကထား စားကြမလဲဆိုတာကို ပြောပြပေးသွားပါမယ်။ အမျိုးသားတွေ ကျန်းမာစေဖို့ ဘာတွေ စားကြမလဲ........... အမျိုးသားတစ်ယောက် ကျန်းမာစေဖို့ စားသုံးရတဲ့ အစားအစာတွေက အမျိုးသမီးတွေနဲ့ မတူနိုင်ပါဘူး။ အများစုက တူနိုင်ပေမယ့် မတူကွဲပြားတာတွေ ရှိနိုင်ပါတယ်။ အနီရောင်အသား အဆီမပါဖို့တော့ သတိထားရပါမယ်။ ပုံမှန်အားဖြင့်တော့ အမျိုးသားတွေက အမျိုးသမီးတွေထက် ပရိုတင်း ပိုမိုစားသုံးကြသလို သူတို့က ပရိုတင်း လိုအပ်ချက်လည်း ပိုမြင့်ပါတယ်။ ကြွက်သားတက်ဖို့ကစလို့ သင့်တင့်တဲ့ ကိုယ်အလေးချိန် နဲ့အရပ်အမြင့် ရစေဖို့လည်း ပရိုတင်းကို လိုအပ်မှာပါ။ ဒါကြောင့် အမျိုးသားတွေအနေနဲ့ အဆီပါဝင်မှုမရှိတဲ့ အနီရောင်အသားကို တစ်ပတ်ကို ၃ ကြိမ်နဲ့ အထက် […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

ယောကျ်ားလေးများ ခန္ဓာကိုယ်ဖွံ့ဖြိုးတိုးတက်မှုအကြောင်း

ယောကျ်ားလေးများ ဟာ အသက် ဆယ်နှစ်ကျော် အရွယ်မှာ တစ်ဟုန်ထိုး ဖွံ့ဖြိုးကြီးထွား လာတတ်ကြတာ မိဘဆွေမျိုးများက အံ့အားသင့်ရတဲ့ အထိပါပဲ။ အသက် ၁၆ နှစ်လောက်မှာတော့ ယောကျ်ားလေး အများစုရဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုဟာ ရပ်တန့် သွားတတ်ပါတယ်။ တချို့ကတော့ ဆက်လက် ကြီးထွားပါသေးတယ်။ လူပျိုဖော်ဝင်ခြင်း ယောကျ်ားလေးများဟာ လူပျိုဖော်ဝင်စ အချိန်မှာ ဖွံ့ဖြိုးကြီးထွားမှု မြန်ဆန်လာတတ်ပါတယ်။ လူပျိုဖော်ဝင်ချိန် ကတော့ တစ်ဦးနဲ့ တစ်ဦး မတူကြပါဘူး။ လူပျိုဖော်ဝင်ချိန်မှာ ယောကျ်ားလေးတွေရဲ့ အရပ်ဟာ တစ်နှစ်တာမှာ ၃ လက်မ (၇.၆ စင်တီမီတာ)ခန့် ရှည်လာတတ် ပါတယ်။ လူပျိုဖော်ဝင်ချိန်မှာ ယောကျ်ားလေးတွေရှည်ထွက်လာတဲ့ အရပ်ဟာ အရွယ်ရောက်ပြီးချိန်မှာ ရှိတဲ့ အရပ်အမောင်းရဲ့ ၉၂ ရာခိုင်နှုန်းဖြစ်တယ်လို့ သုတေသနစာစောင်တစ်ခုမှာ ဖော်ပြထားပါတယ်။ အရပ်အမောင်းဟာ မျိုးရိုးဗီဇနဲ့ ဆိုင်သလား မိဘ နှစ်ဦးစလုံးဆီက မျိုးရိုးဗီဇဟာ ကလေးတွေရဲ့ […]


အမျိုးသားကျန်းမာရေး

အမျိုးသားတွေဟာ စိတ်ဝေဒနာခံစားနေရကြောင့် ဘာကြောင့် ဝန်မခံချင်ကြတာလဲ

စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျဆင်းမှုနဲ့ ပူပင်သောကများတာလိုမျိုး စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ၊ စိတ်ဝေဒနာတွေကို လူအများအပြား ကြုံဆုံရတတ်ပါတယ်။ ခုလို COVID-19 ရောဂါကပ်ဘေးသင့်နေချိန်မှာ ပိုလို့တောင် ဒီလိုဝေဒနာမျိုးတွေကို ခံစားရနိုင်ပါတယ်။ ဒီလို ဝေဒနာတွေ ကပ်ညိလာချိန်၊ စိတ်ဝေဒနာတစ်မျိုးမျိုးစတင် ခံစားလာရချိန်မှာ အမျိုးသားတွေနဲ့ အမျိုးသမီးတွေအကြား တုန့်ပြန်မှုတွေ မတူညီတတ်ကြပါဘူး။ အမျိုးသားတွေဟာ ဒီလို စိတ်ဝေဒနာမျိုးတွေ တွယ်ငြိလာချိန်တွေမှာ ဝေဒနာတွေနဲ့ ပတ်သက်ပြီး ဖွင့်ဟဖို့၊ ကျွမ်းကျင်သူတွေ၊ ပတ်ဝန်းကျင်နဲ့ မိသားစုဝင်တွေနဲ့ ဆွေးနွေးတိုင်ပင်ဖို့ တွန့်ဆုတ်နေတတ်ကြပါတယ်။ ဒါကြောင့်လည်း အမျိုးသားတွေဟာ စိတ်ဖိစီးမှုကြောင့် ကိုယ့်ကိုယ်ကို သတ်သေမှုနှုန်းမြင့်မားလှတာဖြစ်ပါတယ်။ အမျိုးသားတွေ စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေကို ခံစားရချိန်မှာ ထုတ်ဖော်ဖွင့်ဟဖို့ တွန့်ဆုတ်နေရတဲ့အကြောင်းအရင်းတွေကို လေ့လာကြည့်တဲ့အခါ အချက် ၁၃ ချက် ရှိတာကို သိရှိရပါတယ်။ ဒီအချက်တွေကို လေ့လာကြည့်ရအောင်။ အမျိုးသားတွေဘာကြောင့် စိတ်ဝေဒနာကို ထုတ်ဖော် ဖွင့်ဟဖို့ တွန့်ဆုတ်နေတာလဲ ၁။ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသား တွေရဲ့ မျက်နှာအဆီပြန်ခြင်း ပြဿနာ ဒီလိုဖြေရှင်းပါ

အမျိုးသား တွေ ဘယ်လိုပဲ သန့်ပြန့်နေအောင် စမတ်ကျကျနေတတ်သူ ဖြစ်ပါစေ၊ သိပ်မကြာခင် မျက်နှာအဆီပြန်လို့ တစ်ရှူးနဲ့သုတ်လိုက်၊ မျက်နှာသစ်လိုက် လုပ်ရတော့တာပဲလား။ အဆီပြန်ခြင်း ဆိုတာ ယောကျာ်းလေး၊ မိန်းကလေးမရွေး အတော်စိတ်ညစ်ရတဲ့ အသားအရေ ပြဿနာပါ။ အမျိုးသား တွေ ဘာလို့ အဆီပိုပြန်တာလဲ အမျိုးသားတွေက မိန်းကလေးတွေထက် အဆီပိုပြန်တတ်ပါတယ်တဲ့။ ဘာကြောင့်လဲ… အရေပြားအောက်မှာ sebaceous glands လို့ ခေါ်တဲ့ ဂလင်းတွေ ရှိပါတယ်။ ဒီဂလင်းတွေက sebum လို့ခေါ်တဲ့ သဘာဝအဆီ နဲ့ အသားအရေကို ထိန်းသိမ်းပေးပါတယ်။ အမျိုးသား တွေမှာ ယောကျာ်းသွင်ပြင် ခန္ဓာကိုယ်အချိုးအစား ဖြစ်တည်ရေးအတွက် အခြေခံကျတဲ့ dihydrotestosterone (DHT) ဆိုတဲ့ ဟော်မုန်းတစ်မျိုးလည်း ရှိပါတယ်။ ဒါပေမယ့် DHT ပမာဏများလာရင် sebum ထုတ်လုပ်မှု လွန်ကဲပြီး အသားအရေမှာ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

ဒိုက်ထိုး တဲ့ အမျိုးသားတွေမှာပဲ ရနိုင်တဲ့ အကျိုးကျေးဇူး

ဒိုက်ထိုး လေ့ကျင့်ခန်း (Push-Up) ဆိုတာ ပစ္စည်းကိရိယာ (အလေးတုံး) မလိုအပ်ဘဲ ကိုယ့်ရဲ့ အိမ်မှာ အလွယ်တကူ လုပ်လို့ရတဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။ လက်မောင်းအပေါ်ပိုင်း၊ ရင်အုပ်နဲ့ ပခုံးမှာ ရှိတဲ့ ကြွက်သားတွေကို ကျစ်လျစ်စေပြီး ခန္ဓာကိုယ်အပေါ်ပိုင်းအတွက် ခွန်အားဖြစ်စေတယ်။ လက်ကောက်ဝတ်နဲ့ ပခုံးရိုးတွေကို သန်စွမ်းစေတယ်။ နှလုံးခုန်နှုန်း မြန်စေပြီး သွေးလည်ပတ်မှုကောင်းစေတယ်။ မှန်ကန်တဲ့ နည်းလမ်းနဲ့ နေ့စဉ်လုပ်ပေးမယ်ဆိုရင် သက်လုံကောင်းစေပြီး ခါးအောက်ပိုင်းကိုပါ သန်စွမ်းစေလို့ အမျိုးသားတွေအတွက်တော့ နေ့စဉ် အလွယ်တကူ ပြုလုပ်ပေးသင့်တဲ့ လေ့ကျင့်ခန်းထဲမှာ ပါဝင်ပါတယ်။ ဒိုက်ထိုး ခြင်းရဲ့ ကောင်းကျိုးတွေ • သက်လုံကောင်းစေတယ် • ရင်အုပ်ကြွက်သားတွေကို သန်မာစေတယ် • ပုခုံးကြွက်သားကို ကျယ်ပြန့်သွားစေတယ် • အလေးအပင်တွေ မတဲ့အခါ သူများထက် ပိုပြီး အလေးထမ်းနိုင်တယ် • တော်ရုံ အလုပ်လုပ်ရုံနဲ့ မမောတော့ဘူး • အသက်ပုံမှန် ရှူရှိုက်နိုင်စေပြီး […]


လိင်တံပြဿနာများ

ထိပ်အရေပြားမဖြတ်တဲ့ အမျိုးသားတွေနဲ့ ကျန်းမာရေးပြဿနာများ

Circumcision ဆိုတာ အမျိုးသားတွေရဲ့ လိင်တံထိပ်ကို ဖုံးထားတဲ့ အရေပြားကို ခွဲစိတ်ဖြတ်တောက်ခြင်း ဖြစ်ပါတယ်။ တချို့နိုင်ငံတွေမှာ ဘာသာရေးအရ လိင်တံထိပ် အရေပြားကို ဖြတ်တာမျိုး ရှိပေမယ့် များသောအားဖြင့် မလိုလားအပ်တဲ့ အမျိုးသားရောဂါတွေ ကာကွယ်ပေးဖို့နဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေး လုပ်ရမှာ ပိုလွယ်ကူစေဖို့ ဖြတ်ပေးရခြင်း ဖြစ်ပါတယ်။ အသက်အရွယ် မရွေး ထိပ်အရေပြား ဖြတ်လို့ ရပါတယ်။ ကလေးမွေးပြီးကာစမှာ ဖြတ်ထားလိုက်ရင်တော့ ပိုပြီး ဒဏ်ခံရသက်သာနိုင်သလို လူကြီး မဟုတ်တဲ့အတွက် ပိုးဝင်မှာ၊ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်မှာလည်း သိပ်ပြီးတော့ စိုးရိမ်စရာ မလိုပါဘူး။ ကျွန်တော်တို့ နိုင်ငံမှာတော့ ထိပ်အရေပြား ဖြတ်ထားသူ အရေအတွက်ဟာ အနည်းအကျဉ်းသာ ရှိပါတယ်။ ထိပ်အရေပြားကို မဖြစ်မနေ ဖြတ်ပေးဖို့တော့ မလိုပါဘူး။ ဒါဟာ ကာယကံရှင်ရဲ့ ဆုံးဖြတ်ချက်နဲ့ပဲ […]


လိင်တံပြဿနာများ

အမျိုးသား လိင်အင်္ဂါနဲ့ ပေါင်ခြံတစ်ဝိုက် အနံ့ဆိုးကင်းစေဖို့

တစ်ကိုယ်ရေ သန့်ရှင်းမှုနဲ့ ပတ်သက်လာရင် အမျိုးသားတွေက ဖြစ်သလို နေတတ်ကြသလို သိပ်ပြီးတော့လည်း ဂရုစိုက်လေ့ မရှိပါဘူး။ အနံ့ဆိုး ထွက်ရခြင်း အကြောင်း အများစုက တစ်ကိုယ်ရေ သန့်ရှင်းမှု မရှိတာကြောင့်ပါပဲ။ အထူးသဖြင့် အမျိုးသားတွေမှာ ချိုင်းကြား၊ ပေါင်ကြား၊ လိင်အင်္ဂါတစ်ဝိုက်မှာ အောက်သိုးသိုး အနံ့တွေ ထွက်တတ်ပါတယ်။ ကိုယ့်အတွက်တော့ ဒီအနံ့တွေက ယဉ်ပါးနေပြီဆိုပေမယ့် တခြားသူတွေအတွက်တော့ စိတ်မသက်သာစရာ ဖြစ်စေသလို လိင်ဆက်ဆံတဲ့အခါမှာလည်း ကိုယ့်အဖော်အတွက် လိင်စိတ်နည်းသွားစေတတ်ပါတယ်။ အမျိုးသား လိင်အင်္ဂါနဲ့ ပေါင်ခြံတစ်ဝိုက် အနံ့ဆိုးကင်းစေဖို့ အမျိုးသား လိင်အင်္ဂါနဲ့ ပေါင်ခြံတစ်ဝိုက် အနံ့ဆိုးကင်းစေဖို့ ဘာတွေ လုပ်ရမလဲဆိုတာကို ကြည့်လိုက်စို့နော်။ အမျိုးသားတွေရဲ့ ကိုယ်ခန္ဓာမှာ အနံ့ဆိုးထွက်စေတဲ့ အကြောင်းရင်းတွေ ကိုယ်ခန္ဓာမှာ ရှိတဲ့ အမွေးအမျှင်များကို မရိတ်ဘဲ ဒီအတိုင်း ပစ်ထားခြင်း ရေချိုးတဲ့အခါ စနစ်တကျ ဆေးကြောတာမျိုး မလုပ်ခြင်း ရေမချိုး၊ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း