အမျိုးသားကျန်းမာရေး

ကိုယ်လက်ကြံ့ခိုင်ရေး၊ လိင်ကျန်းမာရေး၊ စိတ်ကျန်းမာရေး၊ ဟော်မုန်းပြဿနာ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု ဒါတွေက အမျိုးသားတွေရဲ့ ကျန်းမာရေးကို အပြောင်းအလဲဖြစ်စေနိုင်တဲ့ အချက်တွေပါပဲ။ ဒီအချက်တွေ အကုန်လုံးကို ဒီစာမျက်နှာမှာ ပြည့်ပြည့်စုံစုံ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသားကျန်းမာရေး

Andropause ကာလ ကျန်းမာစေဖို့ ဘာတွေစားကြမလဲ

Andropause ဆိုတာ ဘာလဲလို့ တွေးနေတာလား။ နားလည်လွယ်အောင် ပြောပြရရင် Andropause ဆိုတာက အမျိုးသားတွေ သွေးဆုံးတာပါ။ အမျိုးသမီးတွေမှာ သွေးဆုံးတယ်ဆိုတာက အီစထရိုဂျင် ဟော်မုန်း ပမာဏ ကျဆင်းလာတာပါ။ အမျိုးသားတွေမှာတော့ Andropause ကာလ ရောက်လာပြီဆိုရင် တက်စထရိုစတုန်းဟော်မုန်း ပမာဏ ကျဆင်းလာပါတယ်။ ဒီကာလမှာ အမျိုးသားတွေဟာလည်း အမျိုးသမီးတွေလိုပဲ ကိုယ်တွင်းဟော်မုန်းတွေ ကမောက်ကမ ဖြစ်တာကြောင့် စိတ်ခံစားမှု ပြောင်းလဲတာ၊ ကြွက်သားဆုံးရှုံးတာတွေကို ရင်ဆိုင်လာရနိုင်ပါတယ်။ ဒီလိုမျိုး ဟော်မုန်းအပြောင်းအလဲ များတဲ့ Andropause ကာလ ကျန်းမာစေဖို့ အရေးပါတဲ့ အချက်တစ်ခုက အာဟာရ ပြည့်ဝမှုပါ။ ဒီတော့ Andropause ကာလ ကျန်းမာစေဖို့ ဘာတွေစားကြမလဲ ဆိုတာ ပြောပြပေးမှာမို့ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။ Andropause ဆိုတာ အမျိုးသားတွေမှာ အသက် ၄၀ နောက်ပိုင်း […]

အမျိုးသားကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အမျိုးသားကျန်းမာရေး ကို ရှာဖွေမည်။

လိင်တံပြဿနာများ

လိင်တံထိပ်အရေပြား ခွဲစိတ်ဖယ်ရှားရင် နာသလား ဆရာ

အခုမှ ပထမဆုံး ထိပ်အရေပြားဖြတ်မယ့် ညီလေးတွေ မကြာခဏ လာမေးတတ်ကြတဲ့ မေးခွန်းတစ်ခုပါ။ ယောက်ျားလေး အများစုကတော့ နာကျင်တာကို သိပ်ပြီး မကြောက်တတ်ကြဘူးဆိုပေမယ့် ကိုယ့်ရဲ့ ဖွားဖက်တော်နေရာမှာ လုပ်တဲ့ ခွဲစိတ်မှုဖြစ်တဲ့အတွက် စိုးရိမ်စိတ်တွေနဲ့ ရောပြီး ကြောက်တတ်ကြတာ သဘာဝပါ။ ဘာကြောင့် လိင်တံထိပ်အရေပြား ဖယ်ရှားချင်တာလဲ။ ဒါက အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် ပြန်မေးရမယ့် မေးခွန်းတစ်ခုပါ။ အရေပြားဖယ်လို့ ကျန်းမာရေးအတွက်ရော တစ်ကိုယ်ရေသန့်ရှင်းမှုအတွက်ပါ အကျိုးထူးရတယ်ဆိုတာတော့ မှန်ပါတယ်။ ဒါပေမယ့် ကာယကံရှင်ရဲ့ စိတ်ဆန္ဒက ဒီခွဲစိတ်မှုအတွက် စိတ်အားထက်သန်မှ ဖြစ်မှာပါ။ တစ်ကိုယ်ရေသန့်ရှင်းရေးနဲ့ ကျန်းမာရေးအတွက် ဘယ်လိုကောင်းကျိုးဖြစ်စေလဲ။ ထိပ်အရေပြားမဖြတ်ထားတဲ့ အမျိုးသားတွေ သန့်ရှင်းမှုကို ဂရုမစိုက်တဲ့အခါ ထိပ်အရေပြားပတ်လည်မှာ အဖြူရောင်အရိအချွဲနဲ့ အဖတ်တွေ ကပ်နေတတ်ပြီး အလွန်နံပါတယ်။ နံရုံတင်ပဲလားဆိုတော့ ဘက်တီးရီးယားပိုးတွေ ပါနေတဲ့အတွက် အခန့်မသင့်ရင် ဆီးလမ်းကြောင်း ပိုးဝင်တာ၊ အရေပြား မှိုစွဲတာ၊ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

Single Father တစ်ယောက်အနေနဲ့ ဘဝကို ဘယ်လို ဖြတ်သန်းမလဲ

စင်ဂယ်ဖေဖေ (Single Father) တစ်ယောက်ဖြစ်ရတာ မလွယ်ကူလှပါဘူး။ စားဝတ်နေရေးအတွက် နေ့စဉ်လုပ်ငန်းဆောင်တာ အလုပ်တာဝန်ဝတ္တရားတွေကို ဆောင်ရွက်ရင်း ရင်သွေးလေးတွေကိုလည်း ကောင်းမွန်စွာ ကြီးပြင်းလာအောင် ထိမ်းကျောင်းရတယ်ဆိုတာ ခက်ခဲတဲ့ ကိစ္စတွေပါ။ အထူးသဖြင့် အမျိုးသားတစ်ယောက် ကလေးထိန်းတယ်ဆိုတာ အမျိုးသမီးတွေထက်တော့ ပိုပြီး ကသီလင်တ နိုင်နိုင်တယ်မဟုတ်လား။ ကိုယ့်ရဲ့ နေ့စဉ်လုပ်ငန်းခွင်ထဲက အလုပ်တွေအကြောင်းကို ခရေစေ့တွင်းကျ နားလည်တတ်ကျွမ်းနေတတ်ပေမယ့် သားသမီးကို ဘယ်လို ပြုစုယုယရမယ်ဆိုတာမျိုးကိုတော့ ဖေဖေတို့ တတ်ကျွမ်းနားလည်ဖို့ ခက်ခဲနေတတ်ပါတယ်။ စင်ဂယ်ဖေဖေတစ်ယောက်ဖြစ်လာပြီဆိုရင် မိသားစုတာဝန်တွေ၊ သားသမီးအရေးကိစ္စတွေ၊ လုပ်ငန်းခွင်ဖိအားတွေနဲ့ ပိုပြီး စိတ်ပင်ပန်းနေရတတ်ပါတယ်။ ဒီစာစုလေးမှာတော့ စင်ဂယ်ဖေဖေတွေ စိတ်ဖိစီးမှုမများပဲ နေ့စဉ်ဘဝမှာ စနစ်တကျစီမံခန့်ခွဲရင်း သားသားမီးမီးတွေနဲ့ ပျော်ရွှင်စွာဖြတ်သန်းနိုင်စေမယ့် နည်းနာတွေကို မျှဝေပေးချင်ပါတယ်။ အချိန်ဇယား သတ်မှတ်ပါ အလုပ်ချိန်နဲ့ သားသမီးတွေကို အချိန်ပေးဖို့ အချိန်တွေကို စနစ်တကျ သတ်မှတ်ထားဖို့ လိုအပ်ပါတယ်။ တကယ်လို့ ကိုယ်က နောက်ခံမိသားစုဝင်မရှိပဲ […]


လိင်တံပြဿနာများ

သင့်ငယ်ပါ တိုဝင်သွားပြီလား။

ခုနကအကောင်း ခုကြည့်လိုက်တော့မှ ငယ်ပါကို မတွေ့တော့လို့ ခေါင်းထဲမှာ ဒိန်းခနဲတက်ဆောင့်ပြီး လန့်သွားတဲ့သူများ ရှိသလား။ တစ်ခါလည်း မဟုတ် နှစ်ခါလည်းမဟုတ် ဒီကိစ္စနဲ့ ပတ်သတ်ပြီး အထိတ်တလန့် ဖြစ်ရပြီဆိုရင် သင့်မှာ koroလို့ ခေါ်တဲ့ ကြောက်လန့်ခြင်း တစ်မျိုး ဖြစ်နေပြီလို့ပဲ ပြောပါရစေ။ တကယ်တော့ koroဆိုတာ culture- bound syndrome လို့ ခေါ်တဲ့ ဓလေ့ထုံးစံတွေကြောင့် အစွဲအလမ်းကြီးတာမျိုးပါ။ သမိုင်းကို ပြန်ကောက်ရမယ်ဆိုရင် koro ဆိုတာ မလေးတရုတ်စကားဖြစ်ပြီး 'ကျုံ့သွားတယ်'လို့ အဓိပ္ပာယ်ရပါတယ်။ အာရှနိုင်ငံတွေမှာ အတွေ့ရအများဆုံးပါပဲ။ ဟိုးအနောက်နိုင်ငံတွေမှာဆိုရင်တော့ ဒါဟာ စုန်းမပြုစားတာမို့လို့ ပြန်ပြီးတောင်းပန်ကြပါတယ်။ ခုခေတ်စကားနဲ့ဆို နတ်ကိုင်လိုက်တာပေါ့။ နောက်တစ်ခုက ဒီလိုမကျုံ့ခင်မှာ ဆစ်ခနဲနာပြီးမှ ကျုံ့သွားတဲ့အတွက် 'တိုနာ'လို့လည်း မြန်မာမှုပြုပြီး ခေါ်ကြပါသေးတယ်။ ဒါဆို လိင်အင်္ဂါက တကယ်ကျုံ့ဝင်တတ်သလား။ စိတ်ပိုင်းဆိုင်ရာ သက်သက်လား။ အမျိုးသားတွေရဲ့ လိင်အင်္ဂါက […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားများ သုက်လွှတ်ပြီးနောက် မူးဝေသလိုခံစားရခြင်း

ပုံမှန် ကျန်းမာနေတဲ့ အမျိုးသားတစ်ယောက် လက်နဲ့ အာသာဖြေပြီး၊ လိင်ဆက်ဆံပြီးနောက် ဆန္ဒအထွတ်အထိပ်ကို ရောက်သွားတဲ့အခါ (Orgasm) ခေါင်းမူးသလို၊ မိုက်ကနဲ လဲချင်သလို ဖြစ်တာမျိုး ကြုံရတတ်ပါတယ်။ အမြဲတမ်းတော့ မဟုတ်တတ်ပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး တိကျမှန်ကန်တဲ့ အကြောင်းရင်းကို ရှာဖွေနိုင်ခြင်း မရှိသေးပေမယ့် ဖြစ်နိုင်ခြေများတဲ့ အကြောင်းရင်းတွေကိုတော့ ဒီဆောင်းပါးမှာ ဖော်ပြပေးချင်ပါတယ်။ တစ်ခုခုဆို သုက်လွှတ်ပြီးမှ ခေါင်းမူးလာလို့ ဘာလုပ်ရမှန်းမသိ ဖြစ်နေတဲ့ ပုရိသတွေလည်း အဖြေရှာရလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ အမျိုးသားများ သုက်လွှတ်ပြီးနောက် မူးဝေသလိုခံစားရခြင်း က ဘာကြောင့်လဲဆိုတာ အဖြေထုတ်ကြည့်လိုက်နော်။ အမျိုးသားများ သုက်လွှတ်ပြီးနောက် မူးဝေသလိုခံစားရခြင်း အမျိုးသားများ သုက်လွှတ်ပြီးနောက် မူးဝေသလိုခံစားရခြင်း ကို ဒါတွေက ဖြစ်စေတာပါ။ ၁။ ဆီးကျိတ်ကြီးဆေး သောက်နေရခြင်း BPH လို့ခေါ်တဲ့ ဆီးကျိတ်ကြီးတဲ့ အမျိုးသားတွေမှာ ဆီးသွားရလွယ်ကူအောင် သောက်ရတဲ့ ဆေးတွေ ရှိပါတယ်။ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အသောက်ဆရာကြီးတို့ ဘာလို့ ရုပ်ရင့်လာရတာလဲ

မယုံမရှိနဲ့နော်။ အရက် သို့မဟုတ် ဘီယာ ခဏခဏသောက်တာ ဆက်တိုက် ဖြစ်လာပြီဆို ကိုယ့်မျက်နှာကို မှန်ထဲ သေချာကြည့်ပါ။ အရင်ကနဲ့ ဓာတ်ပုံတွေ ပြန်ယှဉ်ကြည့်ပါ။ သောက်ခဲ့တဲ့ ပမာဏ နဲ့ သက်တမ်း ကို မူတည်ပြီး အနည်းဆုံးတော့ အသားအရေ ပိုညစ်လာပါလိမ့်မယ်။ နောက်တစ်ဆင့် အနေနဲ့ အသားက ပွယောင်းယောင်း ဖြစ်မယ်၊ ဗိုက်လေး စူထွက်လာမယ်၊ တဖြည်းဖြည်းနဲ့ ရှိရင်းစွဲ အသက်အရွယ် ထက် ပိုရင့်ရော်လာပါမယ်။ ဘာလို့လဲ ဘာလို့လဲ ဆိုတော့ အရက်ကြောင့် ပေါ့။ အရက် ဆိုတာ ဘီယာ၊ ဝီစကီ၊ ဝိုင် နဲ့ ဗော့ကာ စတဲ့ အယ်လ်ကိုဟော ပါသမျှ သောက်စရာ အားလုံးကို ဆိုလိုပါတယ်။ ဒါတွေ များများ သောက်လေ လူက ပိုရင့်ရော်လေ ပါပဲ။ ရုပ်ရင့်တယ် […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသား တွေအတွက် အရွယ်မတိုင်မီရင့်ရော်မှုကို တားဆီးပေးနိုင်မယ့်နည်းလမ်း(၅)သွယ်

ကိုယ့်လူတို့ရေ… ကိုယ်အသက်အရွယ်လေး ရလာတဲ့အခါ “သိပ်အရွယ်တင်တာပဲ၊ လူငယ်လေး အတိုင်းပဲနော်” ဆိုတဲ့ မှတ်ချက်စကားကို ကြားချင်သလား။ ဒါမှမဟုတ် ကိုယ့်အသက်လည်း မကြီးသေးဘဲ “ဟယ် ငယ်ငယ်လေးနဲ့ ရုပ်ရင့်လိုက်တာ၊ မထင်ရဘူးနော်” ဆိုတဲ့ စကားမျိုး ကိုယ့်နားထဲ နားဝင်ချိုနိုင်ပါ့မလား။ ဒီလို မကြားချင်ဘူးဆို အရွယ်မရွေး နုပျိုကျန်းမာစေမယ့် နည်းလမ်းလေးတွေ လေ့လာထားလိုက်ပါတော့။ (၁) ဗီတာမင် တွေ ပြည့်ဝအောင် စားသုံးပါ အစားမရွေးတတ်တဲ့ ကိုယ့်လူတွေအတွက်တော့ အဆင်ပြေပေမယ့် ဟိုလိုဆို မစား၊ ဒါဆိုလည်း မကြိုက်နဲ့ ကြေးထူတတ်တဲ့ သူတွေအတွက် ရုပ်ပိုရင့်စေမယ့် အချက်ပါ။ ဗီတာမင် စီ၊ ဗီတာမင် အီး၊ ဗီတာမင် အေ စတာတွေက အရွယ်တင်နုပျိုစေဖို့ အဓိကအရေးပါသလို ကိုယ်ခံအား၊ အသားအရေ ကာကွယ်မှုတို့အတွက် အကျိုးပြုအဆီဓာတ် အိုမီဂါသရီး၊ ဆယ်လီနီယမ်တို့လို အာဟာရဓာတ်တွေလည်း လိုအပ်ပါတယ်။ အရိုးအဆစ်နဲ့ […]


လိင်တံပြဿနာများ

ထောင်နေတဲ့ မောင်းတံကြီး ပြန်မကျနိုင်တော့ဘူးလား (Priapism)

ထောင်နေတဲ့ မောင်းတံကြီး ပြန်မကျနိုင်တော့ဘူးလား (Priapism) ...... အမျိုးသားထုကြီးနဲ့ ပတ်သက်တဲ့ ကျန်းမာရေး ပြဿနာတစ်ခုပါ။ Priapism ဆိုတာ လိင်အင်္ဂါ ထောင်မတ်နိုင်ခြင်း နာရီနဲ့ ချီနေပြီး လုံးဝပြန်မကျတော့တဲ့ အခြေအနေကို ခေါ်ပါတယ်။ ပုံမှန် ယောက်ျားလေးမှာ လိင်အင်္ဂါ ထောင်မတ်ခြင်း ဖြစ်စေဖို့ ခန္ဓာကိုယ်မှာ ရှိတဲ့ သွေးတွေက လိင်တံအတွင်း သွေးကြောနဲ့ တစ်ရှူးထဲကို စီးဆင်းကာ ထောင်မတ်ခြင်း၊ ဖောင်းကြွခြင်းကို ဖြစ်စေပါတယ်။ သုက်လွှတ်ပြီးတာနဲ့ သွေးတွေက ခန္ဓာကိုယ်ရဲ့ ကျန်တဲ့ အစိတ်အပိုင်းတွေဆီကို ပြန်ရောက်သွားပြီး လိင်အင်္ဂါ ပျော့ခွေသွားပါတယ်။ အကြာဆုံး ၄၅ မိနစ်၊ တစ်နာရီလောက်ပဲ ထောင်မတ်နေသင့်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ ၄နာရီထက် ကျော်လွန်ပြီး ထောင်မတ်နေတာ၊ ဘယ်လိုမှ ပြန်မကျတော့ဘူးဆိုရင်တော့ Priapism လို့ သတ်မှတ်လို့ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အိပ်ရာပေါ်မှာ သင် စွမ်းဆောင်ရည်မဲ့နေတာ မဟုတ်ပါဘူး၊ ဒီ အချက် (၉) ချက်ကြောင့်ပါ

အမျိုးသားတစ်ယောက်ရဲ့ အတွင်းစိတ်ထဲက တောင့်တမှုတွေထဲမှာ အိပ်ရာပေါ်မှာ စွမ်းဆောင်ရည်ကောင်းပြသနိုင်ဖို့ကလည်း တစ်ခုအပါအဝင်ပါပဲ။ ဘယ်အချိန်မှာမဆို တစ်ဖက်သား ကျေနပ်သွားအောင် စွမ်းဆောင်ပြနိုင်ဖို့ အမျိုးသားတိုင်းက မျှော်လင့်ကြပါတယ်။ ဒါပေမယ့် လူတိုင်းတော့ ဆန္ဒပြည့်ဝကြတယ်လို့တော့ မဟုတ်ပါဘူး။ အဓိက အကြောင်းပြချက်ကတော့ မြင့်မားလှတဲ့ မျှော်လင့်ချက်ကြောင့်ပါပဲ။ မျှော်မှန်းချက်မြင့်မြင့်မားမားထားရှိနေတာမို့ အဲ့ဒီမျှော်မှန်းချက်ကပဲ စိုးရိမ်စိတ်ကို ပြန်ဖြစ်စေတာပါပဲ။ ဒီလိုပြဿနာမျိုးကို အိပ်ရာပေါ်မှာ မကြာခဏ ကြုံဆုံရလေ့ရှိပါတယ်။ ဒီကိစ္စမျိုးက အတွေ့အကြုံရှိသူရော မရှိသူပါ ကြုံရနိုင်တဲ့ ပြဿနာမျိုးဖြစ်ပါတယ်။ ငါလုပ်နိုင်ပါ့မလား၊ ငါအဆင်ပြေပါ့မလား၊ ပုံမှန်စွမ်းဆောင်ရည်မျိုး ပြနိုင်ပါ့မလားဆိုတာတွေကို တွေးပူရင်း ကိစ္စပြီးမြောက်ဖို့ အခက်တွေ့ကုန်ကြတော့တာပါပဲ။ လိင်ဆက်ဆံရာမှာ အဓိကအကျဆုံး အစိတ်အပိုင်းက ဘယ်အရာလဲလို့ မေးမြန်းတဲ့အခါ လူတိုင်းက လိင်အင်္ဂါအစိတ်အပိုင်းတွေကိုသာ လက်ညှိုးညွှန်ကြမှာပါ။ ဒါပေမယ့် တကယ်တမ်းအရေးအကြီးဆုံးက ဦးနှောက်ဖြစ်ပါတယ်။ ဦးနှောက်ရဲ့ မောင်းနှင်အားက ဒီဖြစ်ရပ်တစ်ခုလုံးရဲ့ အသက်ပါပဲ။ စိတ်အားထက်သန်မှု၊ ယုံကြည်မှုမပြည့်ဝဘူးဆိုရင် သင်စွမ်းဆောင်ချင်သလိုမျိုးဖြစ်လာဖို့ မမျှော်လင့်ပါနဲ့။ ဒီပြဿနာကို ဖြေရှင်းဖို့ဆိုရင် အိပ်ရာပေါ်မှာ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

သုက်ပိုးနဲ့ ပတ်သက်တဲ့ အလွဲလေးတချို့

သုက်ပိုးဆိုတာ အမျိုးသားတွေရဲ့ ဝှေးစေ့အတွင်းမှာ တည်ရှိပါတယ်။ လိင်ဆက်ဆံပြီးချိန်၊ အာသာဖြေပြီးချိန် သုက်ရည်နဲ့အတူ သုက်ပိုးတွေပါ ပါသွားပြီး မမျိုးဥနဲ့ ပေါင်းစပ်ကာ သန္ဓေတည်စေပြီး ကိုယ်ဝန်ရစေပါတယ်။ အမျိုးသားတစ်ယောက် တစ်ကြိမ် သုက်လွှတ်တဲ့အခါ သုက်ပိုးပေါင်း သန်းနဲ့ချီ ပါသွားပြီး သုက်ပိုး တစ်ကောင်တည်းကသာ မမျိုးဥနဲ့ ပေါင်းစပ်တာပါ။ ဒီဆောင်းပါးမှာတော့ လိင်ကျန်းမာရေးနဲ့ပတ်သက်ပြီး သိထားတဲ့ အလွဲတွေထဲမှာမှ သုက်ပိုးနဲ့ ပတ်သက်တဲ့ အလွဲလေးတချို့ကို ပြောပြပေးချင်ပါတယ်။ ၁။ သုက်ပိုးဟာ မမျိုးဥဆီသို့ တည့်တည့်ပြေးတဲ့ အလွဲ ယောက်ျားလေးတစ်ယောက် မိန်းမကိုယ်အတွင်း သုက်လွှတ်လိုက်တဲ့အခါ သုက်ရည်ထဲမှာ ရှိတဲ့ သုက်ပိုးတွေဟာ မမျိုးဥဆီကို အပြိုင်ကူးခတ်တာ မှန်ပေမယ့် သုက်ပိုးတိုင်းက တည့်တည့်သွားတာမျိုး မဟုတ်ပါဘူး။ မြွေလိမ်မြွေကောက် ပုံစံ သွားတာလည်း ရှိသလို မမျိုးဥဘေးမှာ ပတ်နေတာမျိုးလည်း ရှိပါတယ်။ လုံးဝ မသွားဘဲ မိန်းမကိုယ်မှာပဲ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားတွေ သွေးဆုံး နိုင်သလား

အမျိုးသမီးတွေကတော့ သဘာဝအရ အသက်၅၀လောက်ဆို သွေးဆုံးသွားကြပါပြီ။ ဒါက အမျိုးသမီးတိုင်း မလွဲမသွေ တွေ့ရတဲ့ ကိစ္စပါ။ အမျိုးသားတွေရော သွေးဆုံးတယ်လို့ ကြားဖူးပါသလား။ သိပ်မရင်းနှီးတော့ အမျိုးသားတွေလည်း သွေးမဆုံးတတ်ဘူးလို့ ထင်မှာပါ။ တကယ်တော့ အမျိုးသားတွေလည်း သွေးဆုံးတတ်ပါတယ်။ ဒါပေမယ့် အမျိုးသားတိုင်းတော့ မဟုတ်ပါဘူး။ ဖြစ်လေ့ရှိတဲ့ ကျန်းမာရေးကိစ္စမို့လို့ သွေးဆုံးတဲ့အခါ အမျိုးသားတွေ  ဘာတွေခံစားရနိုင်လဲဆိုတာ ပြောပြပေးပါမယ်။ အမျိုးသားတွေ သွေးဆုံး နိုင်သလား ဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။ အမျိုးသားတွေ သွေးဆုံး နိုင်သလား အမျိုးသမီးတွေမှာ သွေးဆုံးတာက menopauseဆိုရင် အမျိုးသားတွေမှာက andropauseလို့ခေါ်ပါတယ်။ အမျိုးသားတွေမှာ အသက်ကြီးလာတာနဲ့အမျှ ဟော်မုန်းတွေက ပြောင်းလဲလာပါတယ်။ အမျိုးသားတွေမှာ အသက်၅၀ကျော်လာတာနဲ့အမျှ တက်စတိုစတီရုန်းပမာဏက လျော့နည်းလာပါတယ်။ အမျိုးသားတွေမှာ တက်စတိုစတီရုန်းကို ဝှေးစေ့ကနေ ထုတ်ပေးတာပါ။ သူက အမျိုးသားတွေရဲ့ လိင်စိတ်ဆန္ဒအတွက်ပဲ မဟုတ်ပါဘူး။ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း