ကိုရိုနာဗိုင်းရပ်စ်

COVID-19ဆိုတာ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲတစ်ခုဖြစ်ပြီး သာမန်လက္ခဏာတွေကနေ အသက်သေဆုံးနိုင်သည်အထိ ဖြစ်နိုင်ပါတယ်။ အတွေ့များရတဲ့ လက္ခဏာတွေကတော့ ချောင်းခြောက်ဆိုးတာ၊ နုံးတာ၊ ဖျားတာတွေပဲ ဖြစ်ပါတယ်။ တချို့တွေမှာ တုပ်ကွေးလိုမျိုး လက္ခဏာတွေ ခံစားရတတ်ပြီး နာတာရှည်နောက်ဆက်တွဲဆိုးကျိုးတွေ၊ အသက်သေဆုံးတာတွေ ဖြစ်တတ်ပါတယ်။ COVID-19 ကပ်ရောဂါနဲ့ ပတ်သက်ပြီး တိကျတဲ့ သတင်းတွေကို ဒီစာမျက်နှာမှာ ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကိုရိုနာဗိုင်းရပ်စ်

ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ

ကိုဗစ်ရောဂါ စတင်ဖြစ်ပွားစဉ်က ကလေးတွေမှာ ကိုဗစ် ကူးစက်တာ သိပ်မတွေ့ရပေမယ့် နောက်ပိုင်းမှာ Covid-19 က ကလေးတွေမှာပါ ဖြစ်လာတာကို တွေ့ရပါတယ်။ တကယ်ကတော့ ကိုဗစ်က ကလေးတွေမှာ အသက်အရွယ် မရွေးဖြစ်နိုင်ပါတယ်။ ကလေးတိုင်းမှာ မတူညီတဲ့ နည်းလမ်းတွေနဲ့ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံရနိုင်သလို အရမ်းငယ်သေးတဲ့ အသက် ၁ နှစ်အောက် ကလေးတွေမှာ ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ ဆိုတာကို သတိထားသိရှိနိုင်စေဖို့ မျှဝေပေးချင်ပါတယ်။ မွေးကင်းစ ကလေးလေးတွေ နဲ့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်နိုင်လား မေမေ့မှာ ရောဂါပိုး ကူးစက်ခံထားရပြီး ကလေးကိုမွေးဖွားချိန်မှာ ရောဂါပိုး ကူးစက်တာမျိုးကတော့ အတော်လေး ဖြစ်ခဲပါတယ်။ ကလေးကို မွေးဖွားပြီးချိန်မှာ ထိတွေ့တာ နမ်းရှုံ့တာတွေကနေတဆင့်တော့ ကူးစက်နိုင်ပါတယ်။ မွေးကင်းစ ကလေးတွေမှာ […]

ကိုရိုနာဗိုင်းရပ်စ် ကို ရှာဖွေမည်။

ကိုရိုနာဗိုင်းရပ်စ်

COVID-19 နဲ့ ဗီတာမင် D ရဲ့ အခန်းကဏ္ဍ

COVID-19 ရောဂါပိုးကူးစက်မှုကို ရှောင်လွှဲနိုင်ရေးမှာ ဗီတာမင် D က ဘယ်လို အခန်းကဏ္ဍမျိုးကနေ ပါဝင်နေသလဲ? သွေးထဲက ဗီတာမင် D ပမာဏဟာ ကိုဗစ်ရောဂါဟန့်တားရေးမှာ အရေးပါနေသလား? နိုင်ငံအသီးသီးမှာ မတူကွဲပြားစွာပြုလုပ်ထားတဲ့ အမျိုးမျိုးသော သုတေသနရလဒ်တွေက ညွှန်ပြနေကြတာကတော့ ကိုဗစ်ဝေဒနာ ခံစားနေရတဲ့ လူနာအများမှာ သွေးတွင်း ဗီတာမင် D ပမာဏ နည်းပါးနေတယ်ဆိုတာပါပဲ။ ဒါ့အပြင် ဗီတာမင် D ချို့တဲ့မှု ဝေဒနာခံစားရတဲ့ တိုင်းပြည်တွေက လူနာတွေဟာ ဗီတာမင် D ပမာဏပိုများတဲ့ တိုင်းပြည်တွေက လူနာတွေထက် သေဆုံးနှုန်းပိုများပါသေးတယ်တဲ့။ ဗြိတိန်မှာဆိုရင် ကိုဗစ်လူနာတွေရဲ့ ၁၇% ဟာ ဗီတာမင် D ချို့တဲ့နေသူတွေပါ။ ကျွမ်းကျင်သူတွေကတော့ သွေးတွင်း ဗီတာမင် D ပမာဏဟာ ကိုဗစ်ကို တိုက်ထုတ်ရာမှာ တစ်စိတ်တစ်ပိုင်းအားဖြင့် အကူအညီဖြစ်စေတဲ့ အရာတစ်ခုဖြစ်ပြီး […]


ကိုရိုနာဗိုင်းရပ်စ်

COVID-19 နဲ့ အစာအိမ်၊ အူလမ်းကြောင်းပြဿနာ

COVID-19 လို့ အမည်သတ်မှတ်ထားခြင်းခံရတဲ့ ပြင်းထန်အဆုတ်ရောင် ကိုရိုနာဗိုင်းရပ်စ်အသစ်ဟာ အဆုတ်ကိုသာမက အစာအိမ်နဲ့ အူလမ်းကြောင်းကိုပါ တိုက်ခိုက်နိုင်တယ်လို့ ဆေးသုတေသနရလဒ်တွေက ယခုလအတွင်းမှာပဲ ဖော်ထုတ်ထားပါတယ်။ သုတေသနသစ်တွေရဲ့ ရလဒ်အရဆိုရင်တော့ ကိုရိုနာဗိုင်းရပ်စ်ဟာ ပြင်းထန်တဲ့ အခြေအနေမျိုးတွေမှာ အစာအိမ်နဲ့ အစာခြေစနစ်တစ်ခုလုံးကို ထိခိုက်စေနိုင်တယ်လို့ ဆိုထားတာပါ။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ စတင်ဖြစ်ပွားခဲ့တဲ့ COVID-19 ပြင်းထန်အဆုတ်ရောင် ရောဂါဟာ လက်ရှိအချိန်မှာ တစ်ကမ္ဘာလုံးကို ကပ်ရောဂါအသွင်နဲ့ ကူးစက်ပျံ့နှံ့နေပြီဖြစ်ပြီးတော့ လူပေါင်း ၅ သန်း နီးပါးကို ကူးစက်ခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်သက်သာလာသူ ၂ သန်းနီးပါးရှိနေပြီဖြစ်ပေမယ့် ရောဂါကြောင့် သေဆုံးသူအရေအတွက်ဟာလည်း ၃ သိန်း ကျော်လွန်လာခဲ့ပါပြီ။ လက်ရှိမှာ အမေရိကန်၊ ရုရှား၊ စပိန်၊ ဘရာဇီးလ်နဲ့ ဗြိတိန်တို့ဟာ ဒီရောဂါဒါဏ်ကို အများဆုံး ခံနေရပြီး မူရင်းအစပြုရာ တရုတ်နိုင်ငံကတော့ […]


ကိုရိုနာဗိုင်းရပ်စ်

ကလေးတွေ mask တပ်ဖို့ လိုသလား။

အပြင်သွားရင် လူကြီးတွေ mask တပ်တာတော့ တွေ့ဖူးကြပါတယ်။ ကလေးတွေ maskတပ်ထားတာရော တွေ့ဖူးပါသလား။ တပ်သင့်တယ်လို့ ထင်ပါသလား။ မကြာခင်မှာ ကျောင်းတွေ ပြန်ဖွင့်တော့မယ်၊ ကာကွယ်ဆေးထိုးတဲ့ လုပ်ငန်းတွေ ပြန်စတော့မယ်။ အဲ့ဒီအခါ ကလေးတွေ အပြင်ထွက်ရတော့မှာပါ။ အပြင်ထွက်တဲ့အခါ ကလေးတွေကို မဖြစ်မနေ maskတပ်ပေးရမှာလားလို့ မေမေတွေ သိအောင် ဖြေပေးလိုက်ပါတယ်။ ကလေးတွေ mask တပ်ရမှာလား။ CDCကတော့ ၂နှစ်အောက် ကလေးတွေကို maskတပ်ဖို့ အားမပေးပါဘူး။ အိမ်မှာပဲ အိမ်သားတွေနဲ့ နေတဲ့ကလေးတွေကလည်း maskတပ်စရာ မလိုပါဘူး။ ကလေးတွေကို သူများနဲ့ ၆ပေကွာအောင် ထားနိုင်တယ်။ ဗိုင်းရပ်စ်ရှိနိုင်တဲ့ မျက်နှာပြင်တွေနဲ့ မထိအောင် ထားနိုင်တယ်ဆိုရင်လည်း တပ်စရာ မလိုပါဘူး။ ဥပမာ- အပြင်ဘက်ကို လမ်းထွက်လျှောက်မယ်။ ကလေးက သူများနဲ့ ၆ပေအကွာမှာ နေနိုင်တယ်။ […]


ကိုရိုနာဗိုင်းရပ်စ်

COVIDအလွန် ကျန်းမာရေးပြဿနာ များကို ရင်ဆိုင်ခြင်း

COVID ဖြစ်နေလို့ တခြားရောဂါတွေက စောင့်နေမှာ မဟုတ်ပါဘူး။ သူတို့လည်း သူတို့ဟာနဲ့ သူတို့ ဆက်ဖြစ်နေဦးမှာပါပဲ။ ဆိုလိုတာက ကိုဗစ်ကာလမှာ တခြားရောဂါတွေကိုလည်း မေ့မထားသင့်ပါဘူး။ နဂိုရောဂါအခံရှိတဲ့သူတွေဆိုရင် ပိုပြီးဂရုစိုက်ရမှာပါ။ ပြီးတော့ ဒီကာလမှာ ဆေးရုံဆေးခန်း မသွားချင်တာကြောင့် အိမ်မှာပဲ ကြိတ်ကုတာ၊ ကြိတ်ခံတာတွေလည်း ရှိနေမှာပါ။ ဒါတွေက အန္တရာယ်များပါတယ်။ ကိုဗစ်က ဘယ်လောက်ကြာမယ်မှန်း မသိပါဘူး။ ကိုဗစ်ပြီးမှ ရောဂါတွေ ဆက်ကုမယ်ဆိုပြီး လုပ်လို့လည်း မရပါဘူး။ ဒါကြောင့် ကိုဗစ်နဲ့အတူ တခြား ကျန်းမာရေးပြဿနာ တွေကို ဘယ်လို ရင်ဆိုင်မလဲဆိုတာ ပြောပြပေးပါမယ်။ COVIDနောက်ကွယ်က ကျန်းမာရေးပြဿနာ များ မကူးစက်နိုင်သော ရောဂါများ အဓိက ပြောချင်တာက ဆီးချို၊ သွေးတိုးပေါ့။ သူတို့တွေက တစ် နာတာရှည်ရောဂါတွေ ဖြစ်တယ်။ နှစ် ဆေးပုံမှန်သောက်နေရတဲ့ သူတွေ […]


ကိုရိုနာဗိုင်းရပ်စ်

နေအိမ်မှာ အလုပ်လုပ်ရင်း ဇက်ကြောနဲ့ နောက်ကျောာ နာကျင်မှု မဖြစ်အောင် ဘယ်လိုနေထိုင်မလဲ

COVID-19 ရောဂါကပ်ဘေးကြီးစလာတော့ လုပ်ငန်းခွင်တွေလည်း သဘောသဘာဝတွေပြောင်းလဲပြီး နေအိမ်တွေကနေ အလုပ်လုပ်ဖို့ စီစဉ်ကြရတော့တာပေါ့။ Work form Home ပေါ့။ Work form Home ဖြစ်လာတဲ့အခါ မတူညီတော့တဲ့ လုပ်ငန်းခွင်အနေအထားကြောင့် မတူညီတဲ့ ပြဿနာတွေရင်ဆိုင်လာကြရပါတယ်။ နေအိမ်ကနေတဆင့် အလုပ်လုပ်ကိုင်ကြရတဲ့အခါ ရုံးလုပ်ငန်းခွင်တွေမှာလို Facility မျိုးတွေမဟုတ်တာကြောင့် ကွန်ပျူတာ အသုံးပြုပြီး အလုပ်လုပ်ရသူတွေမှာ ဇက်၊ လည်ပင်းနဲ့ ကျောကုန်းပိုင်ဆိုင်ရာ ပြဿနာတွေ ရင်ဆိုင်လာကြရတာပါပဲ။ ဒီဘက်ခေတ်တွေမှာ Text Neck Syndrome လို ဝေဒနာ အသစ်အဆန်းတွေ ပေါ်ထွက်လာပါတယ်။ စမတ်ဖုန်းတွေ၊ အိတ်ဆောင် လက်ပ်တော့တွေနဲ့ ဆိုရှယ်မီဒီယာတွေ ခေတ်စားလာပြီးတဲ့နောက်ပိုင်းမှာမှ အဖြစ်များလာတဲ့ ရောဂါတစ်ခုလို့ ဆိုလို့ရပါတယ်။ မိုဘိုင်းဖုန်းနဲ့ တက်ဘ်လက် အသုံးပြုသူတွေအနေနဲ့ ခန္တာကိုယ်ကို ကိုင်းညွှတ်ပြီး စမတ်ဖုန်းမျက်နှာပြင်တွေကို အချိန်ကြာညောင်းစွာ စူးစိုက်ကြည့်ရှုတာကြောင့် လည်ပင်းရိုးနဲ့ ကျောရိုး ထိခိုက်နာကျင်မှုတွေ […]


ကိုရိုနာဗိုင်းရပ်စ်

Stay Home ကာလ ညှာတာသင့်တဲ့ မျက်စိ ကျန်းမာရေး

Covid -19 ကြောင့် အိမ်မှာ နေရတာ ပျင်းတော့ပျင်းတာပေါ့။ ဒါနဲ့ပဲ တီဗီကြည့်မယ်၊ ဖုန်းကြည့်မယ်၊ ဂိမ်းဆော့မယ်၊ အင်တာနက်သုံးမယ်နဲ့ ဆက်တိုက်ပဲ။ အလုပ်ရှိပြန်တော့ work from home မို့ ကွန်ပျူတာရှေ့ တောက်လျှောက်ထိုင်ရပြန်ရော။ ညကျ အိပ်မပျော်တော့ ဖုန်းနဲ့ facebook သုံးတယ်။ ကဲ ဘယ်မှာလဲ မျက်စိ နားရတဲ့အချိန်… ဘာဆက်ဖြစ်လာမလဲ မျက်လုံးတွေ ကျိန်းစပ်သလို၊ ခိုးလို့ခုလုဖြစ်သလိုလို ဖြစ်တာ ခံစားဖူးကြမှာပေါ့။ မျက်စိမှိတ်လိုက်ရင်တောင် ပူခနဲ ခံစားလိုက်ရသေးတယ်။ မျက်ရည်လည်း မရှိတော့သလိုပဲ။ ဒါကို Dry eye ဖြစ်တယ်လို့ ခေါ်ပါတယ်။ Dry eye လို့ခေါ်တဲ့ မျက်လုံးခြောက်သွေ့တဲ့ပြဿနာဟာ ကွန်ပျူတာတွေ၊ ဖုန်းတွေလို ဒစ်ဂျစ်တယ်စခရင်မ်တွေ ကြည့်တာများတဲ့သူ တွေမှာ အဖြစ်များလှပါတယ်။ တကယ်တော့ မျက်လုံးကျန်းမာပြီး အမြင်အာရုံကြည်လင်စေဖို့ ထိန်းသိမ်းပေးနိုင်ဖို့ […]


ကိုရိုနာဗိုင်းရပ်စ်

အိမ်ပြင်ထွက်ဖို့ ကြောက်နေပြီလား

COVID-19 ရောဂါကပ်ဘေးကြီး ကမ္ဘာတစ်ဝှမ်းမှာ ပျံ့နှံ့လာနေတာဟာ လအတော်ကြာလာခဲ့ပြီဖြစ်ပါတယ်။ လူသန်းပေါင်းများစွာကို ရောဂါကူးစက်ခံခဲ့ရပြီး သေဆုံးသူအရေအတွက်လည်း ၂ သိန်း ၆ သောင်းကျော်အထိ ရှိခဲ့ပါတယ်။ ဒီဆိုးရွားလှတဲ့ ကူးစက်ရောဂါ ကပ်ဘေးကြီးဟာ ကမ္ဘာတစ်ဝှမ်းက လူတွေဆီကို ကူးစက်မြန်အဆုတ်ရောင်ရောဂါအပြင် တခြားသော ဘေးထွက်ဆိုးကျိုးတွေကိုပါ ယူဆောင်လာခဲ့ပါတယ်။ ဒီရောဂါဟာ နဂို နာတာရှည်ရောဂါအခံရှိသူတွေကို ပိုမိုထိခိုက်စေခဲ့သလို ပုံသဏ္ဍာန်မျိုးစုံနဲ့ ကူးစက်ပြန့်နှံ့နိုင်တာကြောင့် နေအိမ်တွင်းမှာသာနေထိုင်ကြဖို့ အစိုးရအာဏာပိုင်တွေက တိုက်တွန်းမှုတွေပြုလုပ်ခဲ့ကြပြီး Stay Home အနေနဲ့ နေအိမ်တွေကနေ အပြင်ကို မထွက်ဖို့ နှိုးဆော်ထားပါတယ်။ Stay Home လုပ်ဆောင်ချက်ဟာ ရောဂါကာကွယ်ရေးမှာ ထိရောက်တဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်ပေမယ့် တခြားဘက်မှာလည်း နောက်ဆက်တွဲအကျိုးဆက်တွေကို လူအများအနေနဲ့ ခံစားခဲ့ကြရပါတယ်။ Stay Home ရဲ့ နောက်မှာ အဓိကအားဖြင့် Stay Home ကာလတွေမှာ လူအများစုဟာ နေအိမ်ကနေ အပြင်ကို ထွက်ဖို့ […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ် အလွန် new normal life

အခုဆိုရင် ကိုဗစ် ကို နိုင်ငံတကာနဲ့အတူ တိုက်ခိုက်လာခဲ့တာ တော်တော်ကြာလာပါပြီ။  ဒီအတောအတွင်းမှာ ကိုဗစ်ကြောင့် လူတွေ အိမ်မှာပဲနေကြရတာ၊ တစ်ယောက်နဲ့ တစ်ယောက် ခပ်ခွာခွာ နေကြတာ၊ လုပ်ငန်းတွေ နားလိုက်ရတာ ဒါမှမဟုတ် တချို့တွေမှာဆိုရင် ကုန်ထုတ်တာတွေ နည်းသွားတာ စသဖြင့် စီးပွားရေးမှာရေ လူမှုရေးမှာရော ထိခိုက်မှုလေးတွေ ရှိလာပါတယ်။ ကိုဗစ်က လက်ရှိမှာလည်း ပျောက်ကင်းမယ့်ပုံ မပေါ်သေးတာကြောင့် ရေရှည်မှာ အိမ်မှာပဲ နေတာက အဆင်ပြေပါ့မလားဆိုတာ စဉ်းစားစရာပါ။ ကိုဗစ်ကို ကာကွယ်ဖို့ တချို့သော နိုင်ငံတွေမှာ lockdownဆိုတာတွေလည်း လုပ်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာလည်း lockdown မဟုတ်သည့်တိုင် လူနာအတွေ့များတဲ့ တချို့မြို့နယ်တွေမှာ အပြင်ထွက်ချိန်ကို ကန့်သတ်လိုက်တာမျိုးတွေ ရှိပါတယ်။ ရေရှည်ကို မျှော်ကြည့်ရင် ကိုဗစ်ထက် စိုးရိမ်စရာ ကောင်းတဲ့ကိစ္စတွေကို တွေ့ရမှာပါ။ ဥပမာ စီးပွားရေး […]


ကိုရိုနာဗိုင်းရပ်စ်

COVID ကာလမှာ ဟင်းသီးဟင်းရွက် တွေ ဆေးကြောမယ်ဆိုရင်

COVID ကာလမှာ လူတွေ စိုးရိမ်နေကြတဲ့ နောက်တစ်မျိုးကတော့ စျေးကဝယ်လာတဲ့ ဟင်းသီးဟင်းရွက် တွေမှာ ဗိုင်းရပ်စ်ကပ်ပါလာမှာကို စိုးရိမ်တာပါ။ ဒါကြောင့် စျေးက ပြန်လာတာနဲ့ ဟင်းသီးဟင်းရွက်တွေကို ဆပ်ပြာနဲ့ ဆေးတော့တာပါပဲ။ တစ်လောကဆို ဟင်းရွက်တွေကို ပိုးသေအောင် ပိုးသတ်ဆေးဖြန်းတာပါ တွေ့လိုက်ရပါတယ်။ ဒါတွေက တကယ်ပဲ ပိုးသေတာလား။ ဒီလိုလုပ်လိုက်ရင် ဗိုင်းရပ်စ်မကူးတော့ဘူးလား စတာတွေကို ပြောပြပေးပါမယ်။ ဟင်းသီးဟင်းရွက် တွေကနေ ကူးနိုင်လား။  ယခုလက်ရှိ အချိန်အထိ (၇.၅.၂၀၂၀) အထိတော့ COVID-19က အစားအစာကနေ ကူးတယ်ဆိုတဲ့ အချက်အလက်မျိုး မရှိသေးပါဘူး။ အဓိက ကူးတာက အသက်ရှူလမ်းကြောင်းက ထွက်တဲ့ အမှုန်အမွှားတွေကနေ ကူးတယ်။ ဒီအမှုန်အမွှားတွေ ရှိတဲ့ လက်နဲ့ မျက်နှာကို ကိုင်ရင် ကူးတယ်။ Aerosalကနေ ကူးတယ်ဆိုတာလောက်ပဲ ပြောနိုင်သေးတာပါ။ ဒါကြောင့် ဟင်းသီးဟင်းရွက်တွေကို […]


ကိုရိုနာဗိုင်းရပ်စ်

Infrared သာမိုမီတာ နဲ့ အပူချိန်တိုင်းမယ်ဆိုရင်

ခုတလော အမေးများနေတာက shopping mallတွေ၊ တခြား လူစုနိုင်တဲ့နေရာတွေရဲ့ အဝင်အထွက်မှာ အပူချိန်တိုင်းတာတွေက မှန်ပါ့မလားဆိုတာပါပဲ။ သူတို့မေးလည်းမေးချင်စရာပါ။ ရာသီဥတုက ပူလာပြီလေ။ ဒီလိုအပူထဲက လာတဲ့သူကို ထိပ်ကနေ ဆီးပြီး တိုင်းလိုက်လို့ အပူချိန်က ၃၇ ဒီဂရီ စင်တီဂရိတ်ကျော်နေပြီဆိုတာနဲ့ ဖျားနေပြီလို့ သတ်မှတ်လိုက်မှာလား။ လူကြည့်တော့လည်း အကောင်းကြီး။ အရင်ကတော့ အပူချိန်တိုင်းမယ်ဆိုရင် ပြဒါး သာမိုမီတာ ကိုပဲ သုံးကြတာပါ။ ဆေးခန်းတွေက အစပေါ့။ နောက်ပိုင်း တိုးတက်လာတော့ ဒစ်ဂျစ်တယ်သာမိုမီတာကို ပြောင်းသုံးလာကြပါတယ်။ ဒါတွေက သုံးရလွယ်တယ်။ ပြဒါးသာမိုမီတာလိုလည်း အကြာကြီး စောင့်စရာမလိုဘူး။ ပြဒါးဆိပ်လည်း သင့်ဖို့ အခွင့်အရေးနည်းတယ်။ နဖူးပဲတိုင်းမလား။ နားထဲပဲ တိုင်းမလား အမျိုးစုံရှိတယ်။ အဖြေလည်း မြန်မြန်ထွက်တယ် စတဲ့ အကြောင်းပြချက်တွေကြောင့် အသုံးများလာကြပါတယ်။ ဒါပေမယ့် ခုနကပြောသလိုပဲ။ ပစ္စည်းတိုင်းမှာ သုံးပုံ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း