ကိုရိုနာဗိုင်းရပ်စ်

COVID-19ဆိုတာ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲတစ်ခုဖြစ်ပြီး သာမန်လက္ခဏာတွေကနေ အသက်သေဆုံးနိုင်သည်အထိ ဖြစ်နိုင်ပါတယ်။ အတွေ့များရတဲ့ လက္ခဏာတွေကတော့ ချောင်းခြောက်ဆိုးတာ၊ နုံးတာ၊ ဖျားတာတွေပဲ ဖြစ်ပါတယ်။ တချို့တွေမှာ တုပ်ကွေးလိုမျိုး လက္ခဏာတွေ ခံစားရတတ်ပြီး နာတာရှည်နောက်ဆက်တွဲဆိုးကျိုးတွေ၊ အသက်သေဆုံးတာတွေ ဖြစ်တတ်ပါတယ်။ COVID-19 ကပ်ရောဂါနဲ့ ပတ်သက်ပြီး တိကျတဲ့ သတင်းတွေကို ဒီစာမျက်နှာမှာ ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကိုရိုနာဗိုင်းရပ်စ်

ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ

ကိုဗစ်ရောဂါ စတင်ဖြစ်ပွားစဉ်က ကလေးတွေမှာ ကိုဗစ် ကူးစက်တာ သိပ်မတွေ့ရပေမယ့် နောက်ပိုင်းမှာ Covid-19 က ကလေးတွေမှာပါ ဖြစ်လာတာကို တွေ့ရပါတယ်။ တကယ်ကတော့ ကိုဗစ်က ကလေးတွေမှာ အသက်အရွယ် မရွေးဖြစ်နိုင်ပါတယ်။ ကလေးတိုင်းမှာ မတူညီတဲ့ နည်းလမ်းတွေနဲ့ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံရနိုင်သလို အရမ်းငယ်သေးတဲ့ အသက် ၁ နှစ်အောက် ကလေးတွေမှာ ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ ဆိုတာကို သတိထားသိရှိနိုင်စေဖို့ မျှဝေပေးချင်ပါတယ်။ မွေးကင်းစ ကလေးလေးတွေ နဲ့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်နိုင်လား မေမေ့မှာ ရောဂါပိုး ကူးစက်ခံထားရပြီး ကလေးကိုမွေးဖွားချိန်မှာ ရောဂါပိုး ကူးစက်တာမျိုးကတော့ အတော်လေး ဖြစ်ခဲပါတယ်။ ကလေးကို မွေးဖွားပြီးချိန်မှာ ထိတွေ့တာ နမ်းရှုံ့တာတွေကနေတဆင့်တော့ ကူးစက်နိုင်ပါတယ်။ မွေးကင်းစ ကလေးတွေမှာ […]

ကိုရိုနာဗိုင်းရပ်စ် ကို ရှာဖွေမည်။

ကိုရိုနာဗိုင်းရပ်စ်

ကိုယ်ဝန်ဆောင်မေမေ စိတ်ခံစားမှု ကောင်းစေဖို့

ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်တွင်းမှာ ဟော်မုန်း အပြောင်းအလဲတွေ ဖြစ်နိုင်ပါတယ်။ ဒီဟော်မုန်း ပြောင်းလဲမှုက ကိုယ်ဝန်ဆောင် မေမေကို စိတ်ခံစားမှု မကောင်းတာ၊ စိတ်ဓာတ်ကျတာ၊ စိုးရိမ်စိတ်များတာ၊ စိတ်ထိခိုက်လွယ်တာတွေ ဖြစ်စေနိုင်ပါတယ်။ ဒီလိုမျိုး ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရနိုင်တဲ့ စိတ်အခြေအနေတွေကို အကောင်းဆုံး ထိန်းချုပ်နိုင်ဖို့ စားပေးသင့်တဲ့ အစားအသောက်လေးတွေ ရှိပါတယ်။ အဲ့ဒါတွေက ဘာတွေဖြစ်မလဲ သိချင်ရင် ဆောင်းပါးလေးကို အတူတူ ဖတ်ကြည့်ရအောင်လား။ ကိုယ်ဝန်ဆောင် မေမေ စိတ်ခံစားမှု ကောင်းစေဖို့ ဘာတွေ စားမလဲ............. ကိုယ်ဝန်ဆောင် မေမေ အနေနဲ့ စိတ်ခံစားမှု ကောင်းချင်တယ်ဆိုရင် ဒါလေးတွေ စားပေးပါ။ ငါး လေ့လာမှုတွေအရ omega-3 ပါတဲ့ ငါးတွေ ဖြစ်ကြတဲ့ မက်ကာရယ်၊ ဆယ်လ်မွန် စတဲ့ ငါးတွေက စိတ်ဓာတ်ကျမှုကို တိုက်ထုတ်ပေးနိုင်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။ ဒါပေမယ့် တစ်ခုရှိတာက ဒီငါးတွေက မာကျူရီ ပါဝင်မှု […]


ကိုရိုနာဗိုင်းရပ်စ်

COVID-19 ရောဂါပိုး ဆံပင်မှာ ကပ်ငြိရှင်သန်နိုင်သလား

COVID-19 ရောဂါပိုး ဟာ လက်တလောမှာ ကမ္ဘာတစ်လွှားမှာ ဒုက္ခပေးနေတဲ့ ကပ်ရောဂါပိုးတစ်မျိုးဖြစ်ပါတယ်။ လူလူချင်းကူးစက်နိုင်သလို လေထဲကနေလည်း ကူးစက်နိုင်တာကြောင့် လူပေါင်း ၂၃ သန်းဝန်းကျင်ကို လျင်လျင်မြန်မြန်ကူးစက်သွားခဲ့တာပါ။ သေဆုံးသူအရေအတွက်လည်း တရိပ်ရိပ်တိုးပွားလာနေပါတယ်။ ကူးစက်နိုင်တဲ့နည်းလမ်းတွေ၊ ပိုးပြန့်နှံ့နိုင်တဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး လေ့လာဖော်ထုတ်မှုတွေ ဆက်တိုက်ပေါ်ထွက်လာနေသလို ဒီရောဂါနဲ့ပတ်သက်ပြီး သိလာရတဲ့အချက်တွေကလည်း တစ်နေ့တခြားပိုမိုများပြားလာနေပါတယ်။ လက်ရှိအချိန်အထိ WHO ရဲ့ ထုတ်ပြန်ချက်တွေအရ COVID-19 ရောဂါပိုးဟာ မာကျောတဲ့မျက်နှာပြင်တွေမှာ ကပ်ငြိရှင်သန်နေနိုင်ပြီး လူလူချင်းစကားပြောဆိုတာ၊ နှာချေချောင်းဆိုးတာတွေကနေတဆင့် လေထဲကနေကူးစက်နိုင်တယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် Mask တပ်ဖို့၊ တစ်ယောက်နဲ့ တစ်ယောက် ၃ ပေ အနည်းဆုံးခွာပြီး ပြောဆိုဆက်ဆံကြဖို့ သတိပေးချက်တွေ ထုတ်ပြန်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် ပိုးရှိနေတဲ့ နေရာတွေကိုကိုင်တွယ်မိပြီးနောက် မိမိရဲ့ မျက်နှာ၊ ပါးစပ်နဲ့ နှာခေါင်းတွေကို ကိုင်တွယ်မိခဲ့မယ်ဆိုရင်လည်း ပိုးကူးစက်နိုင်ခြေရှိတယ်လို့ဆိုထားပါတယ်။ ဒါကို ကာကွယ်ဖို့ဆိုရင်တော့ […]


ကိုရိုနာဗိုင်းရပ်စ်

ကလေးတွေဟာ တိတ်တဆိတ် COVID-19 ရောဂါပိုးဖြန့်ဝေသူတွေ ဖြစ်လာနိုင်သလား

COVID-19 ရောဂါပိုးဟာ တနေ့တခြား ကူးစက်မှုနှုန်းတိုးလာနေသလို တားဆီးနိုင်မယ့် ဆေးဝါးလည်း မရှိသေးပါဘူး။ ရုရှားနိုင်ငံက ကာကွယ်ဆေးဖော်စပ်နိုင်ပြီလို့ ကြေညာထားပေမယ့် ဈေးကွက်ထဲကို ဘယ်အချိန်မှာ ဖြန့်ချိနိုင်မယ်ဆိုတာကို မသိနိုင်သေးပါဘူး။ လူတွေဆီကို ရောက်ဖို့ဆိုရင် နှစ်ကုန်လောက်အထိ စောင့်ဆိုင်းရနိုင်ပါတယ်။ လက်ရှိမှာဆိုရင် ကူးစက်ခံရသူပေါင်း ၂၃ သန်းကျော်သွားခဲ့ပါပြီ။ သေဆုံးသူအရေအတွက်ကလည်း ၈ သိန်းကျော်လွန်နေပြီမို့ ဒီရောဂါကြောင့် ထိခိုက်မှုတွေဟာ အလွန်များလွန်းနေခဲ့ပြီလို့ ဆိုရပါတော့မယ်။ ရောဂါနဲ့ပတ်သက်ပြီး သိပ္ပံပညာရှင်တွေ၊ ဆေးဝါးပညာရှင်တွေနဲ့ သုတေသီတွေက လေ့လာမှုတွေ၊ တီထွင်မှုတွေ ဆက်တိုက်ပြုလုပ်နေပြီး ရှာဖွေတွေ့ရှိချက်အသစ်တွေလည်း ထွက်ပေါ်လာနေပါတယ်။ ခုချိန်မှာလည်း ထူးခြားတဲ့ လေ့လာတွေ့ရှိချက် တစ်ရပ်ကို သိရှိလာခဲ့ရပါတယ်။ အဲဒါကတော့ ကလေးတွေဟာ COVID-19 ရောဂါပိုးကို ရောဂါလက္ခဏာမပြပဲ သယ်ဆောင်ထားနိုင်တယ်ဆိုတဲ့ တွေ့ရှိချက်ပါပဲ။ အမေရိကန်ပြည်ထောင်စု၊ ဘော့စတွန်မြို့က မက်ဆာချူးဆက် အထွေထွေရောဂါကုဆေးရုံရဲ့ သုတေသနပြုချက်ကိုအရဆိုရင် ကလေးတွေဟာ ရောဂါဖြန့်ဝေသူတွေဖြစ်နေနိုင်တယ်ဆိုတဲ့ သံသယတွေကို ပိုမိုကြီးထွားစေခဲ့ပါတယ်။ ကလေးတွေဆီကနေ […]


ကိုရိုနာဗိုင်းရပ်စ်

ကူးစက်နှုန်း ဆယ်ဆမြင့်လာတဲ့ ကိုဗစ်

ပြည်တွင်းကူးစက်မှု မရှိတာ တစ်လကျော်ကြာခဲ့ပြီးမှ သြဂုတ် ၁၆ရက်နေ့မှာ ရောဂါပိုးရှိသူနဲ့ ထိတွေ့မှုမရှိ၊ ပြည်ပနိုင်ငံကလည်း ပြန်လာတာမဟုတ်တဲ့ လူနာကို တွေ့ရှိခဲ့ပါတယ်။ ဆက်လက်ပြီး ဒီလူနာနဲ့ ထိတွေ့ခဲ့တဲ့ လူတွေမှာလည်း ဆက်တိုက်ဆိုသလို ရောဂါပိုးတွေ တွေ့ရှိလာရပါတယ်။ ဒါဟာ အားလုံးက သတိထားဖို့ ပြောနေကြတဲ့ local transmission ရဲ့ အစပဲလား။ ကိုဗစ်ရဲ့ ဒုတိယလှိုင်း လာတော့မှာလား။ ဒါတင်မကသေးဘဲ နောက်ရက်မှာလဲ အိန္ဒိယကနေ ရခိုင်ကို ပြန်လာကြသူတွေထဲမှာလည်း ရောဂါပိုးတွေ့ရှိသူတွေ အများကြီး တွေ့ခဲ့ရပါတယ်။ အားလုံးက စိုးရိမ်နေကြတဲ့အချိန်မှာ နောက်ထပ် မျက်ခုံးလှုပ်စရာသတင်းကတော့ ဒီတစ်ခါတွေ့တဲ့ ကိုဗစ်ပိုးက ကူးစက်မြန်တယ်ဆိုတာပါပဲ။ သြဂုတ်လ ၂၀ရက်နေ့မှာ ဆေးသုတေသန ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က ကူးစက်နှုန်း မြန်ဆန်တဲ့ ကိုဗစ်ရောဂါပိုးကို မြန်မာနိုင်ငံအတွင်းမှာ တွေ့လာရပြီဖြစ်တယ်လို့ ဆိုပါတယ်။ ပြည်ပက ပြန်လာသူတွေရဲ့ […]


ကိုရိုနာဗိုင်းရပ်စ်

Local transmissionကို ဘယ်လိုရင်ဆိုင်ကြမလဲ။

ဒီ သြဂုတ် ၁၆ရက်နေ့မှာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကိုဗစ်လူနာစာရင်းက တစ်နိုင်ငံလုံးကို တပ်လှန့်လိုက်သလိုပါပဲ။ အရင်ရက်တွေကတော့ လူနာစာရင်းတွေ့တယ်ဆိုရင်တောင်  ကိုဗစ်လူနာနဲ့ ထိတွေ့မှုရှိတာတို့၊ ပြည်ပသို့ ခရီးသွားရာဇဝင်ရှိတာတို့ကြောင့် သိပ်တော့ မစိုးရိမ်ကြပါဘူး။ ဒါပေမယ့် လူနာ အမှတ် ၃၇၅ကျတော့ ထိတွေ့မှုလည်းမရှိ၊ ခရီးသွားရာဇဝင်လည်း မရှိတာကြောင့် သို့လော သို့လော ဖြစ်လာကြပါတယ်။ သူဘယ်က ကူးတာလဲ။ ကူးတာ ဘယ်လောက်ကြာပြီလဲ။ ဘယ်သူတွေနဲ့ ထိတွေ့ပြီးပြီလဲ။ ပိုဆိုးတာက ဘဏ်ဝန်ထမ်းဖြစ်နေတာကြောင့် လူတွေ အများကြီးနဲ့ တွေ့ခဲ့မှာလား။ ခရီးလည်း သွားခဲ့သေးတယ်ဆိုတော့ နောက်ထပ် ဘယ်လောက်များများ ကူးသွားပြီလဲ။ ဒီလူတွေအကုန်လုံးကို traceနိုင်ပါ့မလား။ ဘာနဲ့တူလဲဆိုတော့ လွန်ခဲ့တဲ့ လတွေက ကိုဗစ်ကို စတွေ့တဲ့ ကာလကို ပြန်ရောက်သွားသလိုပါပဲ။ တဖြည်းဖြည်းနဲ့ new normalနဲ့ အသားကျဖို့ ကြိုးစားနေ၊ ထိန်းချုပ်ထားတာတွေကို […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ် အရှိန်မသေသေးတာမို့ မိတ်ဆွေတွေနဲ့မတွေ့ခင် ဒီမေးခွန်းလေးတွေ ကိုယ့်ကိုယ်ကို မေးကြည့်ပါဦး

ပြည်တွင်းမှာ ကိုဗစ်ရောဂါကူးစက်မှုက မပြီးစီးသေးပါဘူး။ ရက် ၃၀ ကြာ Local Transmission မရှိပဲ ငြိမ်သက်နေခဲ့ရာကနေ ခုချိန်မှာတော့ နောက်ကြောင်းရာဇဝင်မရှိပဲ ကူးစက်မှုပြန်ပေါ်လာခဲ့ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ သြဂုတ်လ ၁၆ ရက်နေ့ထုတ်ပြန်ချက်အရဆိုရင် အသစ်တွေရှိထားတဲ့ စစ်တွေက လူနာအမျိုးသမီးဟာ ပြည်ပခရီးသွားရာဇဝင်လည်းမရှိသလို COVID-19 အတည်ပြုလူနာတွေနဲ့လည်း ထိတွေ့ဖူးခြင်းမရှိသူပါတဲ့။ ပုံမှန်အားဖြင့် ၂၈ ရက်အတွင်း Local Transmission ကူးစက်မှုမရှိဘူးဆိုရင် ရောဂါကို ထိန်းချုပ်နိုင်တဲ့ အခြေအနေလို့ သတ်မှတ်နိုင်ကြောင်း WHO က ဆိုထားပေမယ့် မြန်မာပြည်မှာတော့ ရက် ၃၀ ပြည့်ပြီးချိန်မှာ Local Transmission လူနာ ထပ်တွေ့တာပါ။ ဆိုတော့စိုးရိမ်ရတဲ့ အနေအထားကို ပြန်ရောက်လာတယ်ဆိုပါတော့။ လက်ရှိအချိန်မှာက အပြင်ပြန်ထွက်တာ၊ Mask မတပ်တာတွေ၊ Social Distancing မလုပ်တော့တာတွေနဲ့ ပြန်လည်အသားကျနေကြပြီလို့ ဆိုရမယ့်အချိန်ပါ။ အားလုံးက ပုံမှန်အခြေအနေတစ်ရပ်လို […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်ကြောင့် ကျန်းမာလာကြသူများ

“COVID-19 ကြောင့် ကျန်းမာလာတယ်တဲ့လား။ ဟုတ်ပါ့မလား” လို့ စာဖတ်သူ အရင်းဆုံးတွေးမိမယ်ထင်ပါတယ်။ လူ ၁၃ သန်းခွဲနီးပါး ကူးစက်ခံခဲ့ရပြီး ၅ သိန်းကျော် အသက်ဆုံးရှုံးစေခဲ့တဲ့ ရောဂါဆိုးကြီးက လူတွေကို ကောင်းကျိုးပေးစရာ နည်းလမ်းရှိပါ့မလားလို့ တွေးနေမိနိုင်ပါတယ်။ တကယ်တော့ ကိုဗစ်ဟာ လူတွေကို ဆိုးကျိုးတွေ ပေးခဲ့သလို တစ်ခြားတစ်ဖက်မှာလည်း ကောင်းကျိုးတွေ ပေးခဲ့ပါတယ်။ ဒီအချက်ကို သက်သေပြနေတဲ့ အင်္ဂလန်နိုင်ငံမှာ လုပ်တဲ့ သုတေသနရလဒ်တစ်ခုကို ပြောပြချင်ပါတယ်။ ဗြိတိန်မှာ ကိုဗစ်ကာလအတွင်း လူ တစ်သန်းလောက် ဆေးလိပ်ပြတ်သွားဖွယ်ရှိပါတယ်တဲ့။ ဒါ အင်္ဂလန်တစ်နိုင်ငံတည်းက ရလဒ်ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမှာ ဆေးလိပ်သောက်သုံးသူ သန်း ၈၀၀ ရှိပါတယ်။ လူတစ်သန်း လျော့နည်းသွားတာဟာ လူ တစ်သန်းစာမက အကျိုးဖြစ်ထွန်းစေပါတယ်။ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ကြောင့် အန္တရာယ်ကြုံရနိုင်တဲ့ သန်းပေါင်းများစွာသော လူတွေကိုပါ ကယ်ဆယ်ရာ ရောက်ခဲ့တာဖြစ်ပါတယ်။ ဒါက […]


ကိုရိုနာဗိုင်းရပ်စ်

ရုရှားသိပ္ပံပညာရှင်တွေ ဖန်တီးနိုင်ခဲ့တဲ့ Covid-19 ကာကွယ်ဆေး

ကမ္ဘာတစ်ဝန်းမှာ ကပ်ဘေးအသွင်နဲ့ ဒုက္ခပေးနေတဲ့ Covid-19 ရောဂါပိုးဟာ ကူးစက်ခံရသူပေါင်း ၁၃ သန်းကျော်အထိရှိလာနေပြီဖြစ်ပြီး သေဆုံးသူပေါင်းလည်း ၆ သိန်းနီးပါးရှိနေပါပြီ။ ပထမဆုံး ကူးစက်လူနာစတင်တွေ့ရှိတဲ့ ဒီဇင်ဘာလကနေ ရေတွက်မယ်ဆိုရင် ၇ လာကြာမြင့်လာနေပြီဖြစ်ပေမယ့် ရောဂါကို ပျောက်ကင်းနိုင်အောင် ကုသပေးနိုင်တဲ့ ဆေးဝါးကတော့ ခုချိန်အထိ ထွက်ပေါ်လာခြင်းမရှိသေးပါဘူး။ ရောဂါပျောက်ကင်းသူ လူနာ ၇ သန်းကျော်ရှိလာနေပြီဆိုပေမယ့် အများစုဟာ ကိုယ်ခံအားစနစ်ကောင်းမွန်မှုနဲ့ တစ်ကျောင်းတစ်ဂါထာဖြစ်နေတဲ့ စမ်းသပ်ဆေးဝါးအမျိုးမျိုးကြောင့်သာ သက်သာလာကြတာဖြစ်ပြီး ဒီရောဂါကို အမှန်တကယ်တိုက်ထုတ်ပေးနိုင်တဲ့ သီးသန့်ဆေးဝါးမျိုးကိုတော့ ရှာဖွေနေကြဆဲလို့သာ ဆိုရမှာပါ။ ကုသဆေးမပေါ်သေးပေမယ့် ကာကွယ်ဆေးတော့တွေ့ပြီ အထက်မှာပြောခဲ့သလို ကုသနိုင်တဲ့ ဆေးဝါးမပေါ်သေးပေမယ့် ကာကွယ်ပေးနိုင်တဲ့ ဆေးဝါးထုတ်လုပ်နိုင်ဖို့ကတော့ အလွန်နီးစပ်တဲ့ အခြေအနေဖြစ်လာခဲ့ပါပြီ။ Covid-19 ကို ကြိုတင်ကာကွယ်ပေးနိုင်မယ့် ဆေးဝါးကို ရောဂါဖြစ်ပွားမှု စတုတ္ထအများဆုံးတိုင်းပြည်ဖြစ်နေတဲ့ ရုရှားနိုင်ငံက ဖန်တီးနိုင်ခဲ့တာပါ။ ရုရှားနိုင်ငံမှာ လူနာ ၈ သိန်းနီးပါးရှိနေပြီး သေဆုံးသူ ၁ […]


ကိုရိုနာဗိုင်းရပ်စ်

လေထဲက ကူးနိုင်တဲ့ COVID-19 အတွက် ဘာတွေ ပြင်ဆင်ထားရမလဲ

ပြီးခဲ့တဲ့ အင်္ဂါနေ့ (၇.၇.၂၀၂၀)က  WHOက ကိုရိုနာဗိုင်းရပ်စ်ဟာ လေထဲက တဆင့် ကူးနိုင်တယ်ဆိုတာ အသိအမှတ်ပြုခဲ့ပါတယ်။ သိပ္ပံပညာရှင်ပေါင်း ၂၃၀က လက်မှတ်ထိုးပြီး WHOကို ကိုရိုနာဗိုင်းရပ်စ်ဟာ လေထဲက ကူးနိုင်တဲ့အတွက် ကာကွယ်ရေး guidelinesတွေ ပြန်လည်ပြင်ဆင်ဖို့ တောင်းဆိုခဲ့ပါတယ်။ WHOရဲ့ အရင်က ထုတ်ပြန်ချက်တွေမှာ ကိုရိုနာဗိုင်းရပ်စ်ဟာ လေထဲက ကူးနိုင်တယ်လို့ ဖော်ပြချက်မရှိသေးပါဘူး။ ကိုရိုနာဗိုင်းရပ်စ်က လူတစ်ယောက်နဲ့ တစ်ယောက် နှာချေ၊ ချောင်းဆိုးရာက တဆင့် ထွက်လာတဲ့ အမှုန်အမွှားတွေကနေပဲ ကူးနိုင်တဲ့လို့ပဲ အတည်ပြုထားတာပါ။ နောက်ထပ်တွေ့ရှိချက်တွေအရ ဒီဗိုင်းရပ်စ်က အရွယ်အစားသေးတဲ့ အမှုန်သေးသေးလေးတွေနဲ့ ဆိုရင် လေထဲမှာ နာရီနဲ့ ချီပြီး နေနိုင်တာကကြောင့် ရှူမိပြီး ကူးနိုင်တယ်လို့လည်း ဆိုပါတယ်။ ခုနောက်ဆုံးမှာတော့ ပညာရှင်တွေက ဒီဗိုင်းရပ်စ်ဟာ အလုံပိတ်အခန်းထဲမှာဆိုရင် အရင်ပြောခဲ့တဲ့ ၂မီတာ (၆ပေ)အထိသာ မဟုတ်ဘဲ ဒီထက်ပိုဝေးဝေး […]


ကိုရိုနာဗိုင်းရပ်စ်

COVID-19 က လေထဲကတဆင့် ကူးစက်နေပြီလား

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization) ဟာ COVID-19 ဖြစ်ပွားခဲ့တဲ့ ကာလတစ်လျှောက်လုံး ဒီရောဂါပိုးဟာ လေထဲကနေတစ်ဆင့် ကူးစက်နိုင်တယ် (Airborne Virus) ဆိုတဲ့အချက်ကို လက်ခံခြင်းမရှိပဲ တင်းခံနေခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ဆေးပညာရှင်တွေနဲ့ သိပ္ပံပညာရှင်ပေါင်းများစွာရဲ့ ဖိအားပေးတောင်းဆိုမှုကြောင့် အဆိုပါအချက်ကို လက်ခံလိုက်ပြီလို့ဆိုပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့မှာတော့ နိုင်ငံပေါင်း ၃၂ နိုင်ငံက ထိပ်တန်းသိပ္ပံပညာရှင် ၂၃၉ ယောက်တို့က Clinical Infectious Diseases ဆေးပညာဂျာနယ်ကနေတဆင့် ဂျနီဗာအခြေစိုက် ကမ္ဘာ့အရေးအပါဆုံး ကျန်းမာရေးအဖွဲ့အစည်းကြီးဆီကို အိတ်ဖွင့်ပေးစာပေးပို့ခဲ့တာပါ။ အခုနောက်ဆုံး WHO က ပြောဆိုလာတဲ့ အချက်အရဆိုရင် COVID-19 ဟာ လေထဲကနေတဆင့် ကူးစက်နိုင်တယ်ဆိုတဲ့ သက်သေအထောက်အထားတွေ တွေ့ရှိလာရပြီလို့ ဆိုထားပါတယ်။ COVID-19 ဟာ လေထဲကနေ ကူးသလား ကူးစက်ခံရသူပေါင်း ၁၂ သန်းကျော်သွားပြီဖြစ်တဲ့ COVID-19 ရောဂါပိုးဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း