ကိုရိုနာဗိုင်းရပ်စ်

COVID-19ဆိုတာ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲတစ်ခုဖြစ်ပြီး သာမန်လက္ခဏာတွေကနေ အသက်သေဆုံးနိုင်သည်အထိ ဖြစ်နိုင်ပါတယ်။ အတွေ့များရတဲ့ လက္ခဏာတွေကတော့ ချောင်းခြောက်ဆိုးတာ၊ နုံးတာ၊ ဖျားတာတွေပဲ ဖြစ်ပါတယ်။ တချို့တွေမှာ တုပ်ကွေးလိုမျိုး လက္ခဏာတွေ ခံစားရတတ်ပြီး နာတာရှည်နောက်ဆက်တွဲဆိုးကျိုးတွေ၊ အသက်သေဆုံးတာတွေ ဖြစ်တတ်ပါတယ်။ COVID-19 ကပ်ရောဂါနဲ့ ပတ်သက်ပြီး တိကျတဲ့ သတင်းတွေကို ဒီစာမျက်နှာမှာ ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကိုရိုနာဗိုင်းရပ်စ်

ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ

ကိုဗစ်ရောဂါ စတင်ဖြစ်ပွားစဉ်က ကလေးတွေမှာ ကိုဗစ် ကူးစက်တာ သိပ်မတွေ့ရပေမယ့် နောက်ပိုင်းမှာ Covid-19 က ကလေးတွေမှာပါ ဖြစ်လာတာကို တွေ့ရပါတယ်။ တကယ်ကတော့ ကိုဗစ်က ကလေးတွေမှာ အသက်အရွယ် မရွေးဖြစ်နိုင်ပါတယ်။ ကလေးတိုင်းမှာ မတူညီတဲ့ နည်းလမ်းတွေနဲ့ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံရနိုင်သလို အရမ်းငယ်သေးတဲ့ အသက် ၁ နှစ်အောက် ကလေးတွေမှာ ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ ဆိုတာကို သတိထားသိရှိနိုင်စေဖို့ မျှဝေပေးချင်ပါတယ်။ မွေးကင်းစ ကလေးလေးတွေ နဲ့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်နိုင်လား မေမေ့မှာ ရောဂါပိုး ကူးစက်ခံထားရပြီး ကလေးကိုမွေးဖွားချိန်မှာ ရောဂါပိုး ကူးစက်တာမျိုးကတော့ အတော်လေး ဖြစ်ခဲပါတယ်။ ကလေးကို မွေးဖွားပြီးချိန်မှာ ထိတွေ့တာ နမ်းရှုံ့တာတွေကနေတဆင့်တော့ ကူးစက်နိုင်ပါတယ်။ မွေးကင်းစ ကလေးတွေမှာ […]

ကိုရိုနာဗိုင်းရပ်စ် ကို ရှာဖွေမည်။

ကိုရိုနာဗိုင်းရပ်စ်

ရုရှားဆေးကို အားကိုးရဖွယ်ရှိနေတဲ့ ကိုဗစ်ကာကွယ်ဆေး ဖန်တီးမှုအခြေအနေ

ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်ကြီးဖြစ်တဲ့ အောက်စ်ဖို့ဒ်တက္ကသိုလ်ကြီးရဲ့ ကိုဗစ်ကာကွယ်ဆေး (COVID-19 Vaccine) ဖန်တီးမှု အစီအစဉ်ကတော့ အဆင်မပြေမှုတချို့ ပေါ်ပေါက်လာတာကြောင့် ရပ်တန့်ထားလိုက်ရပါတယ်။ ဆေးဝါးကို နောက်ဆုံးအဆင့် စမ်းသပ်မှုတွေပြုလုပ်ချိန်မှာ စမ်းသပ်ခံလူနာတွေမှာ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပေါ်လာတာတာကြောင့် ယခုလိုစမ်းသပ်မှုကို ရပ်တန့်လိုက်တာဖြစ်ပါတယ်။ ဒီကာကွယ်ဆေးဟာ ချင်ပန်ဇီတွေဆီကနေ ရယူထားတဲ့ Adenovirus ကို အသုံးပြုပြီး အအေးမိ၊ တုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်ကို ပျော့အောင်လုပ်ထားတဲ့ ကာကွယ်ဆေးပါ။ ကိုဗစ်ဗိုင်းရပ်စ်က ထုတ်လုပ်တဲ့ ပရိုတင်းနဲ့ အသွင်တူအောင် ထုတ်လုပ်ထားတာပြီး ကိုယ်ခံအားစနစ်ကို ကိုဗစ်ရောဂါဖြစ်စေတဲ့ SARS-CoV-2 virus ကို ခုခံတိုက်ထုတ်နိုင်အောင်စီမံခဲ့တာပါ။ အောက်စဖို့ဒ်တက္ကသိုလ်နဲ့ AstraZeneca ဆေးဝါးကုမ္ပဏီတို့ပူးပေါင်းဆောင်ရွက်နေတဲ့ ယခု ဆေးဝါးဖန်တီးမှုဟာ အမေရိကန်ဒေါ်လာ ၂ ဘီလီယံအထိကုန်ကျဖို့ ခန့်မှန်းထားပြီး နာမည်ကျော် ဘီလီယံနာသူဌေးကြီး ဘီလ်ဂိတ်ရဲ့ Bill and Melinda Gates Foundation က […]


ကိုရိုနာဗိုင်းရပ်စ်

COVID-19က positiveပြနေပေမယ့် ၁၁ရက်ကျော်ရင် မကူးနိုင်တော့ဘူးဆိုတာ

COVID-19 ပြည်တွင်းကူးစက်မှု စတင်ပြီး ရက်ပိုင်းလေးမှာပဲ ပိုးတွေ့လူနာက တစ်နေ့ တစ်နေ့ ရာဂဏန်းလောက် ထိုးတက်လာပါတယ်။ ရပ်ကွက်ထဲမှာလည်း ဆေးရုံကားတွေ ဝင်လာလိုက်၊ လာခေါ်သွားလိုက်၊ တော်ကြာနေ တိုက်ကို lock downလာချသွားလိုက်နဲ့ မြင်ရ တွေ့ရတာ စိတ်မချမ်းသားစရာပါ။ အဆိုးထဲက အကောင်းလို့ပြောရမလားပဲ။ လတ်တလောမှာ ကိုဗစ်နဲ့ ပတ်သက်ပြီး သတင်းကောင်းလေးတစ်ခု ထွက်လာပါတယ်။ ဒါကတော့ ပိုးတွေ့ပြီး ၁၁ရက်နေရင် လူနာဆီကနေ သူများဆီကို ကူးနိုင်ခြေနည်းသွားတယ်ဆိုတာပါပဲ။ ဗိုင်းရပ်စ်ကူးနိုင် မကူးနိုင်ဆိုတာ ဗိုင်းရပ်စ်ရဲ့ ရောဂါပျိုးချိန်က ၂ရက်ကနေ ၂ပတ်အထိကြာတတ်ပါတယ်။ ပျမ်းမျှကတော့ ၅ရက်ပေါ့။ ၅ရက်မှာ ဗိုင်းရပ်စ်ပမာဏ များတာကြောင့် ကူးနိုင်ခြေ အမြင့်ဆုံးပါ။ ဒါကြောင့် ပိုးကူးခံရပြီး ပထမအပတ်မှာ ဗိုင်းရပ်စ်ပမာဏ အများဆုံးပါပဲ။ ပမာဏများတဲ့အတွက် သူများကိုလည်း ကူးနိုင်ပါတယ်။ သူများကို ကူးနိုင် မကူးနိုင်ဆိုတာက ဗိုင်းရပ်စ်ပမာဏ (ကိုယ်ထဲမှာ […]


ကိုရိုနာဗိုင်းရပ်စ်

COVID-19 ကြောင့် အသက်အန္တရာယ်အပြင်ဘာတွေဖြစ်နိုင်သေးလဲ

ခန္ဓာကိုယ်မှာ ရောဂါတစ်ခုခု ဖြစ်ပွားကူးစက်ပြီဆိုရင် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကတော့ ဖြစ်စမြဲပါ။ ဒါ​ကြောင့်လည်း ရောဂါကိုကို မဖြစ်ခင်က ကြိုတင်ကာကွယ်တာက အကောင်းဆုံးပါလို့ ပြောကြတာပေါ့။ ဆီးချို ဖြစ်ရင် နောက်ဆက်တွဲ အနေနဲ့ ကျောက်ကပ်ပျက်စီးတာ၊ မျက်စိကွယ်တာ၊ နှလုံးထိခိုက်တာမျိုးတွေ ဖြစ်နိုင်သလို သွေးတိုးရင်လည်း နောက်ဆက်တွဲ အနေနဲ့ လေဖြတ်တာ၊ နှလုံးရောဂါ စတာတွေကို ခံစားရပါတယ်။ ဒီလိုပါပဲ အခုလက်ရှိ ကမ္ဘာတလွှားမှာ ဖြစ်ပွားနေတဲ့ ကိုဗစ် ဖြစ်ရင်လည်း နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ခံစားရနိုင်ပါတယ်။ ဒါကြောင့်မို့ မဖြစ်အောင် ကာကွယ်ဖို့ အထပ်ထပ် ပြောနေရတာပါ။ ကိုဗစ်ရဲ့ နောက်ဆက်တွဲ ဘာတွေဖြစ်နိုင်သလဲ။ Covid -19 ရောဂါပိုး ကူးစက်ခံရလို့ ပြင်းထန်မယ်ဆိုရင် အထူးကြပ်မတ်ကုသမှုကို ခံယူရနိုင်သလို အခန့်မသင့်ရင် သေဆုံးသည်အထိ ဖြစ်နိုင်ပါတယ်။ တကယ်လို့ အသက်မသေဆုံးခဲ့ဘူးဆိုရင်တောင် နောက်ပိုင်းမှာ […]


ကိုရိုနာဗိုင်းရပ်စ်

Mask တပ်ပါလျက်နဲ့ ပိုးကူးခံရသူတွေ များလာတာ ဘာကြောင့်လဲ

Covid-19 ရဲ့ လှိုင်းဂယက်က မြန်မာနိုင်ငံကို ဒုတိယအကြိမ် ထပ်ရိုက်ခတ်လာတဲ့အခါ ပထမတစ်ခေါက်ကထက်ကို ပိုဆိုးလာတယ်ဆိုတာ အားလုံးလည်း တွေ့ကြပြီထင်ပါတယ်။ အရင်ကလည်း ခဏခဏ သတိပေးခဲ့ပါတယ်၊ Covid-19 ဟာ ရောဂါပိုးကူးစက်ခံရသူ မတွေ့တော့ဘူးဆိုတာနဲ့ ငြိမ်သွားတာမဟုတ်ပါဘူး။ ကာကွယ်ဆေးတွေ၊ ကုသနိုင်မယ့်ဆေးတွေ ကျွန်တော်တို့နိုင်ငံကို မရောက်မချင်း ဒီရောဂါနဲ့ ပတ်သက်ပြီး အမြဲတွေးပူနေရမှာပါ။ တစ်စက္ကန့်လောက်လေး ဂရုမပြုမိတာနဲ့ ကူးစက်ခံရသူဟာ တစ်ရာကနေ တစ်ထောင်အဆင့်ကို စက္ကန့်ပိုင်းလေးအတွင်းမှာ မြင့်တက်သွားနိုင်ပါတယ်။ အခုတော့ လူတွေတော်တော်များများ ရောဂါကို ပြန်ကြောက်လန့်နေပြီး သွားလာတာက အစ ပြန်ပြီး ဂရုစိုက်လာတယ်၊ Mask ကိုလည်း သေချာပြန်တပ်လာတာကို တွေ့ရတာ တော်တော်လေးတော့ ကောင်းတဲ့အချက်လို့ ဆိုရမှာပါ။ ဒါပေမယ့် ရောဂါပိုးကူးစက်ခံရသူ အရေအတွက်ကတော့ ခုထိ မြင့်တက်နေဆဲပါပဲ။ ဒါဆို Mask တပ်နေပါလျက်နဲ့ ကူးစက်ခံရသူတွေ ဘာလို့ တိုးလာသလဲ။ ၁။ […]


ကိုရိုနာဗိုင်းရပ်စ်

မဖြစ်မနေ သိထားရမယ့် COVID-19 လက္ခဏာများ

COVID-19 က တစ်ကမ္ဘာလုံးမှာ တစ်နေ့တစ်ခြား ပိုပိုပြီး ဆိုးရွားလာနေပါတယ်။ မြန်မာနိုင်ငံမှာလည်း နေ့စဉ် လူနာတွေ အမြောက်အများတိုးပွားလာနေပါပြီ။ ဒီလိုတိုးပွားလာနေတဲ့လူနာတွေထဲမှာ လူနာတချို့ဟာ ရောဂါလက္ခဏာမပြသကြပဲ ကွာရန်တင်းဝင်ခိုင်းပြီး ရောဂါပိုးစစ်ဆေးကြည့်မှသာ ရောဂါရှိနေကြောင်း သိလာကြရသူတွေများလာနေပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာလည်း ပိုးတွေ့ရှိသူတွေထဲက အများစုဟာ ရောဂါလက္ခဏာမပြသကြဘူးလို့ ဆိုပါတယ်။ ဒါပေမယ့်လည်း လက္ခဏာမပြသတာကြောင့် ကိုယ့်မှာ ဒါမှမဟုတ် ကိုယ်အနီးအနားက လူတွေမှာ ရောဂါပိုးရှိမရှိသိမနေနိုင်ဘူးဆိုပြီး အရာရာကို အကြောက်လွန်ဖို့တော့ မသင့်ပါဘူး။ နိုင်ငံတကာလေ့လာသူတွေရဲ့အဆိုအရဆိုရင် COVID-19 ရောဂါပိုးတွေ့ရှိသူအများစုဟာ ရောဂါလက္ခဏာမပြသကြဘဲ Positive ဖြစ်နေကြတယ်ဆိုတာ မှန်ပေမယ့် ကွာရန်တင်းဝင်ချိန်မှာ ရောဂါလက္ခဏာမပြသခြင်းသာ ဖြစ်နိုင်ခြေများပြီး တခြားအချိန် ဒါမှမဟုတ် အခြေအနေ တစ်ခုခုမှာတော့ ရောဂါလက္ခဏာ ပြလာတာမျိုး ဖြစ်နိုင်တယ်လို့ ဆိုထားပါတယ်။ ကွာရန်တင်းကာလက ၁၄ ရက် ၂၁ ရက်စသဖြင့် နိုင်ငံလိုက်တူညီချင်းမရှိကြပဲ ရောဂါလက္ခဏာ […]


ကိုရိုနာဗိုင်းရပ်စ်

Face Shield တပ်မှာလား Mask တပ်မှာလား

ပြည်တွင်းမှာ COVID-19 ကူးစက်မှုက တကျော့ပြန်ဆိုးရွားလာနေပြီ။ ရောဂါကူးစက်မှုကို ကာကွယ်ဖို့ လူတိုင်း Mask တွေ Face Shield တပ်ဆင်ကာကွယ်ဖို့ လိုအပ်လာပြန်ပြီပေါ့။ ကိုဗစ်ရောဂါပိုးဟာ အသက်ရှူလမ်းကြောင်းထဲကနေ ထွက်လာတဲ့ Droplet အမှုန်အမွှားလေးတွေကနေတဆင့် ကူးစက်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက အတည်ပြုထားပြီးဖြစ်ပါတယ်။ ဒါကြောင့် အသက်ရှူလမ်းကြောင်းထဲကိုမဝင်အောင် ကာကွယ်ဖို့က အရေးကြီးလာပြီလေ။ ဒါကြောင့်လည်း မျက်နှာ၊ နှာခေါင်းနဲ့ ပါးစပ်တွေကို ကာကွယ်ဖို့ Face Shield တွေ၊ Mask တွေ တပ်ဆင်ဖို့ လိုအပ်လာတာပေါ့။ ဒီနေရာမှာ ပြောစရာတစ်ခုရှိလာတာက Face Shield နဲ့ Mask နှစ်ခုထဲမှာ ဘယ်အရာက ပိုပြီးစိတ်ချလဲဆိုတဲ့ ကိစ္စပါ။ အကြောင်းကတော့ Mask တွေဟာ တချို့သောလူတွေအတွက် နေရထိုင်ရခက်စေပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာရှိသူတွေအတွက်လည်း အသက်ရှူရခက်စေနိုင်တယ်မဟုတ်လား။ နောက်ပြီး မျက်မှန်သမားတွေဆိုရင်လည်း Mask တပ်ထားချိန်မှာ […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်ကာလ Work From Home မှာ အလုပ်ချိန်၊ နားချိန် ခွဲတတ်စေဖို့

Work From Home ကာလမှာ ရုံးဆင်း ရုံးတက်ချိန်ရယ် မသိ အလုပ်တွေ ဖိလုပ်ရင်း ကိုယ်ခံအား ကောင်းအောင် ဂရုမစိုက်မိတာမျိုးတွေ ဖြစ်လာမှာမို့ WFH မှာ အလုပ်လုပ်ချိန် နားချိန်မှန်မှန်နဲ့ ဘယ်လိုဂရုစိုက် နေထိုင်ရမလဲဆိုတာကို ပြောပြပေးသွားမယ်နော်။ ကိုဗစ် တစ်ကျော့ပြန်ကာလမှာ သတိထားရမှာတွေက ဘာတွေ ဖြစ်မလဲ............ ကိုဗစ်က တစ်ကျော့ပြန်လာချိန်မှာ ကူးစက်မှု ပိုမြန်လာတာ မှန်ပေမယ့် ကာကွယ်ရမယ့်နည်းလမ်းကတော့  အတူတူပါပဲ။ လူစုလူဝေးကို ရှောင်ပါ မကြာခဏ လက်ကို စင်ကြယ်စွာ ဆေးပါ အိပ်ရေးဝဝအိပ်ပါ အာဟာရပြည့်ဝအောင် စားပါ သင့်တင့်တဲ့ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါ အပြင်သွားရင် မတ်ခ် တပ်ပါ တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရုစိုက်ပါ မလိုအပ်ဘဲ အပြင်မထွက်ပါနဲ့။ ကိုဗစ် ကာလ WFH မှာ အလုပ် လုပ်ချိန် နားချိန် […]


ကိုရိုနာဗိုင်းရပ်စ်

အသုံးပြုပြီးသား Face Mask တွေကို ဘယ်လိုပိုးသန့်စင်မလဲ

Covid-19 ကလည်း တစ်ဖန်ပြန်ပြီး ထလာပြန်ပြီဆိုတော့ ခုဆိုရင် အပြင်သွားတိုင်း mask ကို ပုံမှန်ပြန်တပ်ပြီး သွားလာနေကြတာကို တွေ့ရတာ တစ်ဖက်က ကြည့်ရင်တော့ ဝမ်းသာစရာပေါ့ဗျာ။ ဒီပိုးကလည်း ကာကွယ်ဆေးနဲ့ ကုသဆေး မပေါ်မချင်းကတော့ ဒီလိုပဲ နေ့စဉ်ဘဝကို ကျော်ဖြတ်နေရမှာဆိုတော့ မကြိုက်လည်း အောင့်အီးသည်းခံလို့ပဲ ရမှာပါ။ မတပ်ရင်လည်း ဒုက္ခရောက်မှာက ကိုယ်အပြင် ကိုယ်ဖြတ်သန်းသွားလာခဲ့သမျှ နေရာတိုင်းမှာရှိနေတဲ့ Mask မတပ်သူတွေ အားလုံးပါပဲ။ Face Mask အမျိုးအစားများ Face Mask ထဲမှာ Covid-19 ဗိုင်းရပ်စ်ပိုးကို ကောင်းစွာ ကာကွယ်ပေးနိုင်တာ N95 Mask နဲ့ Surgical Mask ၂ မျိုးပဲရှိပါတယ်။ ဒါပေမယ့်လည်း ငွေအကုန်ကြေးကျ များလို့ ပုံမှန်လက်လုပ်လက်စားတွေအနေနဲ့တော့ တပ်လိုက်၊ လွှင့်ပစ်လိုက်၊ နောက်အသစ်တစ်ခု တပ်လိုက်လုပ်ဖို့ဆိုတာ […]


ကိုရိုနာဗိုင်းရပ်စ်

ဆေးလိပ်ငွေ့တွေကနေ ကိုဗစ်ကူးနိုင်သလား။

ကိုဗစ်ရဲ့ ကူးစက်ပုံက နှာချေ၊ ချောင်းဆိုးရာက ထွက်တဲ့ အမှုန်အမွှားတွေကို ကိုင်တွယ်မိပြီး မျက်လုံး၊ နှာခေါင်းနဲ့ ပါးစပ်တို့ကို ပွတ်သပ်မိရင် ဒါမှမဟုတ် ဒီအမှုန်အမွှားတွေကို အနီးအနားက လူတွေက ရှူမိရင်လို့ သိထားပါတယ်။ ဒီအမှုန်အမွှားတွေကို ရှူမိဖို့ဆိုတာက ရောဂါရှိတဲ့သူက အနီးအနားမှာ အကာအကွယ်မဲ့ ချောင်းလာဆိုးတာ၊ နှာလာချေတာ အပြင် ခပ်ကျယ်ကျယ် အားနဲ့ အော်တာ၊ သမ်းတာ၊ သီချင်းဆိုတာ စတာတွေပါ ပါဝင်ပါတယ်။ ဆိုလိုတာက အသက်ရှူလမ်းကြောင်းက အမှုန်အမွှားတွေကို အားပြင်းပြင်းနဲ့ အပြင်ကို ရှိုက်ထုတ်တဲ့ အပြုအမူတွေ အားလုံးပါဝင်ပါတယ်။ ဒီတော့ ဆေးလိပ်သောက်တာ၊ vape သောက်တာဆိုတာကလည်း ဒီလို အပြုအမူမျိုးနဲ့ ခပ်ဆင်ဆင်ပဲ မလား။ အားနဲ့ရှိုက်သောက်ပြီး အားနဲ့ ရှိုက်ထုတ်တာဆိုတော့ အနီးအနားက လူတွေကို ကူးနိုင်မလားလို့ မေးစရာ ရှိပါတယ်။ ဆေးလိပ်ငွေ့ […]


ကိုရိုနာဗိုင်းရပ်စ်

၆ ပေ ခွာရင် စိတ်ချရပြီလား

COVID-19 လို့ခေါ်တဲ့ရောဂါဆိုကြီးကို ကာကွယ်ဖို့ Social Distancing လုပ်ရမယ် တစ်ဦးနဲ့တစ်ဦး ၃ ပေ ဒါမှမဟုတ် ၆ ပေ ခွာပြီးနေထိုင်ကြဖို့ လိုအပ်တယ်လို့ သက်ဆိုင်ရာတိုင်းပြည်အလိုက် ကျန်းမာရေးဌာနတွေက သတိပေးချက်တွေ ထုတ်ပြန်ထားကြပါတယ်။ လက်ရှိမှ ရောဂါဖြစ်ပွားလာတာ ၈ လကျော် ၉ လ ကာလကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ကမ္ဘာ့တစ်ဝှမ်းမှာ ဒီရောဂါကို ထိန်းချုပ်နိုင်ဖို့ ရုန်းကန်နေရသလို ကူးစက်နှုန်းနဲ့ သေဆုံးနှုန်းကိုလည်း တိုးပွားနေဆဲပါ။ မြန်မာနိုင်ငံမှာဆိုလည်း ဒုတိယလှိုင်းပြန်စနေပြီလို့ ဆိုရလောက်အောင်ကို နေ့စဉ်ရောဂါပိုးကူးစက်ခံရသူ အမြောက်အမြားတိုးပွားနေပြီး လူနာတွေ့ရှိရာဒေသတွေကို Lock-down ချတာတွေ၊ သံသယ လူနာတွေကို Quarantine ဝင်ခိုင်းတာတွေ၊ နေအိမ်မှာပဲနေထိုင်တာနဲ့ Social Distancing (သီးခြားနေထိုင်ခြင်း) ဆိုတဲ့ နည်းလမ်းတွေကို အသုံးပြုပြီး ရောဂါပျံ့နှံ့မှုကို တားဆီးဖို့ ကြိုးစားနေပါတယ်။ ခုနောက်ပိုင်းမှာတော့ ရောဂါပျံ့နှံ့မှုရပ်တန့်မသွားသေးတာကြောင့် ၆ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း