ကူးစက်ရောဂါများ

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ ပိုးမွှားတွေ အလွယ်တကူကပ်နိုင်တဲ့ နေရာပါ။ အများစုက အန္တရာယ်မရှိပေမယ့် တစ်ခါတလေမှာ ရောဂါဖြစ်စေနိုင်တဲ့ ပိုးတွေကြောင့် ကျန်းမာရေး ထိခိုက်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ဆီမှာ အဖြစ်များတဲ့ ကူးစက်ရောဂါတွေအကြောင်းကို ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကူးစက်ရောဂါများ

ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ

ကိုဗစ်ရောဂါ စတင်ဖြစ်ပွားစဉ်က ကလေးတွေမှာ ကိုဗစ် ကူးစက်တာ သိပ်မတွေ့ရပေမယ့် နောက်ပိုင်းမှာ Covid-19 က ကလေးတွေမှာပါ ဖြစ်လာတာကို တွေ့ရပါတယ်။ တကယ်ကတော့ ကိုဗစ်က ကလေးတွေမှာ အသက်အရွယ် မရွေးဖြစ်နိုင်ပါတယ်။ ကလေးတိုင်းမှာ မတူညီတဲ့ နည်းလမ်းတွေနဲ့ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံရနိုင်သလို အရမ်းငယ်သေးတဲ့ အသက် ၁ နှစ်အောက် ကလေးတွေမှာ ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ ဆိုတာကို သတိထားသိရှိနိုင်စေဖို့ မျှဝေပေးချင်ပါတယ်။ မွေးကင်းစ ကလေးလေးတွေ နဲ့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်နိုင်လား မေမေ့မှာ ရောဂါပိုး ကူးစက်ခံထားရပြီး ကလေးကိုမွေးဖွားချိန်မှာ ရောဂါပိုး ကူးစက်တာမျိုးကတော့ အတော်လေး ဖြစ်ခဲပါတယ်။ ကလေးကို မွေးဖွားပြီးချိန်မှာ ထိတွေ့တာ နမ်းရှုံ့တာတွေကနေတဆင့်တော့ ကူးစက်နိုင်ပါတယ်။ မွေးကင်းစ ကလေးတွေမှာ […]

ကူးစက်ရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကူးစက်ရောဂါများ ကို ရှာဖွေမည်။

ကိုရိုနာဗိုင်းရပ်စ်

ဖေဖေမေမေတို့ သိထားဖို့ လိုမယ့် ကိုဗစ် ကာကွယ်ဆေး အမှန် နဲ့ အမှား

ကိုဗစ် ဖြစ်ခဲ့တာ ၂ နှစ်ပြည့်လာခဲ့ပြီ ဖြစ်တဲ့အချိန်မှာ ကာကွယ်ဆေးတွေလည်း ထွက်ပေါ်လာခဲ့ပါပြီ။ ၂ နှစ်တာကာလအတွင်း ကိုဗစ်ကလည်း အမျိုးမျိုး ဗီဇပြောင်းရင်း ကူးစက်မှုတွေက ကလေးတွေမှာပါ ဖြစ်လာခဲ့ပါတယ်။ ဒီလို ဖြစ်လာတဲ့အချိန်မှာ မိဘတိုင်း ဖြစ်ချင်တဲ့ ဆန္ဒက ကိုယ့်ရဲ့ သားသမီးလေးတွေကို ကိုဗစ် ရန်ကနေ ကာကွယ်ပေးချင်တာပါ။ ဒီလို ကာကွယ်ပေးတဲ့အခါမှာ မတ်ခ်တပ်တာ၊ လက်ဆေးတာတွေအပြင် အခုနောက်ပိုင်းဆို ကလေးတွေမှာပါ ကာကွယ်ဆေး ထိုးနှံပေးလို့ ရလာခဲ့ပါပြီ။ ဒီလို ကာကွယ်ဆေး ထိုးနှံပေးလို့ ရလာတဲ့အချိန်မှာ ကလေးကို ကာကွယ်ဆေး ထိုးပေးရင် တကယ်ပဲ ကိုဗစ်ကို ကာကွယ်နိုင်မလား။ ကာကွယ်ဆေးက ကလေးကို ထိခိုက်စေမလားဆိုတာတွေအပြင် အခြားသော သတင်း အမျိုးမျိုးကို ကြားနေရချိန်မှာ ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး ဘယ်သတင်းက မှန်ပြီး ဘယ်အချက်တွေ […]


ကိုရိုနာဗိုင်းရပ်စ်

၂၀၂၂မှာ အရေးပါလာမယ့် ကိုဗစ်စစ်ဆေး ခြင်း

အရင်ကလည်း ကိုဗစ်က စစ်နေတာပဲ။ ၂၀၂၂မှ ကိုဗစ်ကို ထူးထူးခြားခြား စစ်နေစရာ မလိုပါဘူးလို့ ထင်ကောင်းထင်နိုင်ပါတယ်။ ကမ္ဘာ့ပညာရှင်တွေ ယူဆချက်ကတော့ ၂၀၂၁မှာ ကာကွယ်ဆေးတွေကို အရှိန်အဟုန်နဲ့ ထိုးပေးကြတဲ့အတွက် ကာကွယ်ဆေး လွှမ်းခြုံမှုကလည်း အတော်အသင့်ရှိလာပါပြီ။ တိုးတက်ဆဲ နိုင်ငံတွေမှာကတော့ လိုအပ်ချက်တွေ ရှိနေဆဲဆိုပေမယ့်ပေါ့။ ဒီနှစ်မှာတော့ ကိုဗစ်စစ်ဆေး ခြင်းကို တိုးပြီး လုပ်ဆောင်သင့်တယ်လို့ ထောက်ပြလာကြပါပြီ။ ကိုဗစ်စစ်ဆေး ခြင်း လက်ရှိအခြေအနေ လက်ရှိမှာ ကမ္ဘာ့နိုင်ငံတွေမှာက ကိုဗစ်စစ်ဆေး တာကို အစိုးရဓာတ်ခွဲခန်းတွေမှာပဲ စစ်ဆေးပေးပါသေးတယ်။ အထူးသဖြင့် PCRလို့ ခေါ်တဲ့ စက်ကြီးတွေနဲ့ စစ်ဆေးတာပါ။ PCRက ခုချိန်ထိတော့ ကိုဗစ်စစ်ဆေးတဲ့နေရာမှာ gold standard အကောင်းဆုံးနဲ့ အတိကျဆုံးပဲ ဖြစ်ပါတယ်။ နောက်တစ်မျိုးက rapid test kitတွေပါ။ နှာခေါင်းတို့ဖတ်ယူ၊ အပြားလေးထဲထည့်၊ ဆေးရည်ထည့်ပြီး ၁၅-၂၀မိနစ်နောက်နေရင် […]


ကိုရိုနာဗိုင်းရပ်စ်

သတိထားစရာ Flurona

ဆောင်းလေး အေးလာတာနဲ့အမျှ နှာစေး၊ ချောင်းဆိုးတာလိုမျိုး အပရိက ဖျားနာမှုတွေကစလို့ တုပ်ကွေး လိုမျိုး နာမကျန်းမှုတွေကိုလည်း ခံစားရနိုင်ပါတယ်။ ဒါတွေတင် မကသေးပါဘူး။ အခုနောက်ပိုင်းမှာ Covid ကလည်း သတိထားရမယ့် ကျန်းမာရေး ပြဿနာ ဖြစ်လာခဲ့ပါတယ်။ ရာသီဥတု အေးလာတာချိန် တုပ်ကွေး ဗိုင်းရပ်စ်က ဦးမော့လာချိန်မှာ ကိုဗစ်နဲ့ ပေါင်းစပ်ပြီး တစ်ချိန်တည်းမှာ ခန္ဓာကိုယ်ကို ဝင်ရောက် ကူးစက်လာမှာကိုလည်း သတိထားဖို့ လိုလာပါပြီ။ တုပ်ကွေးနဲ့ ကိုဗစ်က တစ်ချိန်တည်းမှာ ခန္ဓာကိုယ်ထဲကို ဝင်ရောက် ကူးစက်နိုင်လား။ ဒီလို အခြေအနေကို ဘယ်လို သတ်မှတ်သလဲ။ ခံစားရနိုင်တဲ့ လက္ခဏာတွေက ပြင်းထန်လားဆိုတာတွေကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ COVID-19 နဲ့ တုပ်ကွေး တပြိုင်နက်တည်း ကူးစက်နိုင်လား။ ကိုဗစ် နဲ့ တုပ်ကွေးက တစ်ချိန်တည်းမှာ ခန္ဓာကိုယ်ထဲကို ဝင်ရောက် ကူးစက်နိုင်ပါတယ်။ […]


ကိုရိုနာဗိုင်းရပ်စ်

Omicron Vs. Delta

ပြီးခဲ့တဲ့ အပတ်ကစပြီး သတင်းခေါင်းစဉ်တွေမှာ နေရာယူထားတာက Omicron ပါ။ ဒီကိုဗစ် မျိုးစိတ်က အရင်ရှေ့မှာတုန်းက ကိုဗစ်လှိုင်းတစ်ရပ်ကို ဖြစ်ပေါ်စေခဲ့တဲ့ Delta ထက် ပိုကြောက်စရာကောင်းသလား။ ဒီ ဗိုင်းရပ်စ် မျိုးစိတ် နှစ်ခုကြားမှာ ဘယ်လို ကွာခြားမှုတွေ ရှိနေလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ Omicron vs. Delta Omicron Vs. Delta ဘာတွေများ ကွာခြားလဲ ..... အတူတူ ကြည့်လိုက်ရအောင်လား။ Omicron ရော Delta ရော နှစ်ခုစလုံးက covid -19 ကို ဖြစ်စေတဲ့ SARS-CoV-2 အမျိုးအစားပါ။ ရှေ့မှာ ဖြစ်ခဲ့သမျှ ကိုဗစ်လှိုင်းတွေတုန်းက ကိုဗစ် မျိုးစိတ်သစ်တွေက ရောဂါ မဖြစ်ဖူးသူတွေမှာပဲ ကူးစက်တာ များတယ်ဆိုပေမယ့် အခု အသစ်တွေ့ရှိထားတဲ့ ကိုဗစ် မျိုးစိတ် […]


ကိုရိုနာဗိုင်းရပ်စ်

ထပ်ဆောင်း ကာကွယ်ဆေး ကို ဘာထိုးကြမလဲ။

ကိုဗစ်နဲ့ ပတ်သက်လာရင် ကာကွယ်ဆေး တွေက အခရာကျတဲ့နေရာမှာ ရှိနေတုန်းပါ။ ဘယ်လိုပဲ ဒယ်တာတွေ၊ အိုမီခရွန်တွေက ကာကွယ်ဆေးအာနိသင်ကို ကျစေတယ်ပဲပြောပြော ဘာမှမထိုးထားရင် ကာကွယ်မှုက 0%ပါ။ အဝတ်မဝတ်ဘဲ လူကြားထဲ သွားနေသလို ဖြစ်နေမှာပါ။ ဒါကြောင့် အရင်ဆုံးတော့ ကာကွယ်ဆေးထိုးဖို့ အကြံပေးပါရစေ။ ဗိုင်းရပ်စ်တွေမှာ မျိုးဗီဇပြောင်းတာတွေ ရှိလာတဲ့အတွက် ကာကွယ်ဆေးခုခံနိုင်စွမ်းတွေ ကောင်းလာသလို လူတွေဘက်ကလည်း ဒီဗိုင်းရပ်စ်တွေကို အနိုင်ပိုင်းဖို့ ကာကွယ်ဆေးကို အဆင့်မြင့်ပြီး ထုတ်လာကြပါတယ်။ ခုကာကွယ်ဆေးခုခံနိုင်စွမ်းကောင်းပါတယ်ဆိုတဲ့ အိုမီခရွန်ကို ကာကွယ်နိုင်အောင် ပိုကောင်းတဲ့ ကာကွယ်ဆေးတွေ ထုတ်လုပ်ဖို့ ကြိုးစားလာကြပါပြီ။ ဒီလို ပိုကောင်းတဲ့ ကာကွယ်ဆေးတွေ ထွက်မလာခင်မှာ ရှိပြီးသား ကာကွယ်ဆေးတွေကို ခုခံအားပိုကောင်းအောင်ဆိုပြီး ပေါင်းစပ်ထိုးတာတွေ ရှိပါတယ်။ ဒါတွေက တကယ်အလုပ်ဖြစ်ရဲ့လား။ ကိုဗစ် ကာကွယ်ဆေး မတူတာတွေကို ရောထိုးတာ ပိုကောင်းသလား။ ဒါနဲ့ ပတ်သက်ပြီး WHOက ကြားကာလ […]


ကိုရိုနာဗိုင်းရပ်စ်

ကျွမ်းကျင်သူတွေ ပြောပြလာတဲ့ သတိထားရမယ့် Omicron ရဲ့ လက္ခဏာရပ်တွေ

လတ်တလော လူတိုင်း အာရုံစိုက် နားစွင့်နေမယ့် သတင်းက Omicron မြန်မာနိုင်ငံကို ရောက်ပြီလား ...... Omicron ရဲ့ ထူးခြား လက္ခဏာတွေက ဘာတွေ ဖြစ်မလဲ ......... ကာကွယ်ဆေး ထိုးထားရင်ရော ကာကွယ်နိုင်မလား ....... booster ထပ်ထိုးဖို့ လိုမလား ....... ဆိုတာတွေပဲ ဖြစ်မယ် ထင်ပါတယ်။ ဒီတစ်ခေါက်တော့ ကျွမ်းကျင်သူတွေ ပြောပြလာတဲ့ Omicron ရဲ့ ထူးခြားတဲ့ လက္ခဏာရပ်တွေ နဲ့ ကာကွယ်ဆေး ထိုးတာ၊ booster ထိုးတာတွေနဲ့ ပတ်သက်တဲ့ တွေ့ရှိချက်လေးတွေကို မျှဝေပေးချင်ပါတယ်။ ကမ္ဘာ့နိုင်ငံတွေကို ခြိမ်းခြောက်လာတဲ့ Omicron Covid-19 ရဲ့ မျိုးစိတ် တစ်ခုဖြစ်တဲ့ Omicron မျိုးစိတ်က ကမ္ဘာ့နိုင်ငံတွေကို လျင်လျင်မြန်မြန် ပြန့်နှံ့ လာနေတယ်ပါတယ်။ နောက်ဆုံး သိရှိရတဲ့ အချက်အလက်တွေအရ […]


ကိုရိုနာဗိုင်းရပ်စ်

တရုတ်ကိုဗစ်ကာကွယ်ဆေးထိုးထားသူများ ထပ်ဆောင်း ထိုးဖို့လို

ကိုဗစ်ကာကွယ်ဆေးမှာ ထပ်ဆောင်းထိုးဖို့ လိုမလိုနဲ့ ပတ်သက်ပြီး နိုင်ငံတစ်နိုင်ငံနဲ့ မတူပါဘူး။ နိုင်ငံတိုင်းမှာ သတ်မှတ်ချက် အသီးသီးနဲ့ ထိုးပေးနေကြပါတယ်။ ဒီဇင်ဘာ ဒုတိယပတ်မှာတော့ WHOရဲ့ လက်အောက်ခံ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Strategic Advisory Group of Experts (SAGE)က ထပ်ဆောင်း  ကာကွယ်ဆေးနဲ့ ပတ်သက်လို့ ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။ တရုတ်ကာကွယ်ဆေးတွေကို အားပြုနေရတဲ့ မြန်မာနိုင်ငံသားတွေအတွက် သိထားသင့်တဲ့ အချက်ပါ။ ထပ်ဆောင်း ကာကွယ်ဆေးကို ဘယ်လိုတွေ ထိုးပေးနေသလဲ။ အထက်မှာ ပြောခဲ့သလိုပဲ ထပ်ဆောင်းကာကွယ်ဆေးနဲ့ ပတ်သက်လို့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတူပါဘူး။ သိသာအောင် ပြောရရင် ဖွံ့ဖြိုးဆဲ နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေးကို ၂လုံးအပြည့်ထိုးထားတဲ့သူက နည်းပါတယ်။ ချမ်းသာတဲ့ အမေရိကန်နိုင်ငံမှာတော့ တတိယအကြိမ် ထပ်ဆောင်းထိုးဖို့ အပြင်းအထန် ဆော်သြနေပါပြီ။ သူတို့ဆီမှာ စစချင်းတုန်းကတော့ […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ် Antigen test kit ကို အိမ်မှာပဲ စစ်မယ်ဆိုရင်

ကိုဗစ်ကို စစ်ဆေးတဲ့နေရာမှာ RT-PCR လို့ခေါ်တဲ့ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်ကိုယူပြီး စက်နဲ့ စစ်ဆေးတာရှိသလို Antigen test kit နဲ့ စစ်တာလည်း ရှိပါတယ်။ Antigen test kitရဲ့ အားသာချက်က မိနစ်ပိုင်းနဲ့ အဖြေထွက်ပြီး အိမ်မှာ ကိုယ့်ဟာကိုယ် စစ်လို့ရတာပါ။ ဒါကြောင့် မိမိကိုယ်ကို သံသယရှိတယ်ဆိုရင် အိမ်မှာ ဒါနဲ့ စစ်နိုင်ပါတယ်။ Antigen test kit နဲ့ ဘယ်လိုစစ်ကြမလဲ။ Antigen test kitနဲ့ စစ်ဆေးတဲ့အခါမှာ သူများကို ကူးစက်တာကို ကာကွယ်နိုင်ဖို့ ကိုယ့်ဟာကိုယ် အစအဆုံးစစ်ဆေးတာက အကောင်းဆုံးပါ။ မိသားစုတစ်ယောက်ယောက်ကို စစ်ဆေးခိုင်းမယ်ဆိုရင်တော့ ကူးစက်မှု မရှိအောင် နှာခေါင်းစည်း၊ မျက်မှန်၊ apronစတာတွေကို သေချာ ဝတ်ဆင်ဖို့ လိုပါတယ်။ ဒါမှမဟုတ် ကျွမ်းကျင်ဆေးဝန်ထမ်းတစ်ယောက်ယောက်ကို […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်ဗီဇပြောင်းမျိုးကွဲ တွေအကြောင်း ဘာတွေ သိထားသင့်သလဲ။

ကိုဗစ်ရောဂါကို ဖြစ်စေတဲ့ SARS-CoV-2 က ဗိုင်းရပ်စ်ဖြစ်တဲ့အတွက် မကြာခဏ ဗီဇပြောင်းတာကို ကြုံရမှာပါ။ ဒါက ဗိုင်းရပ်စ်တွေရဲ့ သဘောသဘာဝပါပဲ။  ကိုဗစ်ဗီဇပြောင်းမျိုးကွဲ တွေဖြစ်လာရတာက ကာကွယ်ဆေးမတိုးတာ၊ လက်ရှိကုသနေတဲ့ ကုထုံးတွေကို မတိုးတာတွေ ဖြစ်တတ်ပါတယ်။ လက်ရှိအချိန်ထိ တွေ့ထားရတဲ့ ဗီဇပြောင်းမျိုးကွဲတွေအကြောင်းကို စုစည်းပြောပြလိုပါတယ်။ ကိုဗစ်ဗီဇပြောင်းမျိုးကွဲ တွေကို ဘယ်လိုခွဲခြားထားသလဲ။ ကိုဗစ်မှာ ဗီဇပြောင်းမျိုးကွဲတွေ အများကြီး ရှိပေမယ့် အကုန်လုံးကိုတော့ စိုးရိမ်စရာ မလိုပါဘူး။ ဘယ်လိုဗီဇပြောင်းမျိုးကွဲတွေကို စိုးရိမ်စရာကောင်းလဲဆိုတာကို WHOက ခွဲခြားပေးထားပါတယ်။ ဒီစာရင်းဇယားအရ ၃မျိုး ခွဲထားပါတယ်။ Variants of Concern (VOCs) Variants of Interest (VOIs) Variants under Monitoring (VUM) ဆိုပြီးတော့ပါ။ ဘယ်လိုအချက်တွေအပေါ် မူတည်ပြီး သတ်မှတ်ထားလဲဆိုတော့ Variants of Concern […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ် ဗိုင်းရပ်စ် ကူးစက်ခံရဖူးသူတွေမှာ ကူးစက်နိုင်ခြေ ပိုများတဲ့ Omicron မျိုးစိတ်

နိုဝင်ဘာလကုန်ပိုင်းလောက်ကတည်းက လူတွေရဲ့ အတွေးထဲမှာ ကာကွယ်ဆေး ထိုးဖို့ဆိုတဲ့ အတွေးကိုကျော်ပြီး စိုးမိုးလာတဲ့ အတွေးက omicron မျိုးစိတ် ကိစ္စ ဖြစ်မယ် ထင်ပါတယ်။ လောလောဆယ်မှာ ဒီဗိုင်းရပ်စ်က ဘယ်လို ကူးစက်တာလဲ။ ဘယ်သူတွေမှာ ပိုကူးစက်ခံရနိုင်လဲ။ အရင်မျိုးစိတ်တွေထက် ပိုပြင်းထန်မလား။ ကူးစက်နှုန်းရော ပိုမြန်မလားဆို​ပြီး သိချင်နေလောက်ပါတယ်။ ဒီသိချင်နေမယ့် မေးခွန်းလေးတွေအတွက် နောက်ဆုံးရ အချက်အလက်လေးတွေကို သိရှိနိုင်စေဖို့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။ Omicron Variant ဆိုတာ ဘာလဲ ...... Omicron variant ဆိုတာ မျိုးဗီဇ ပြောင်းလဲမှုတွေ အဆင့်ဆင့် လုပ်ဆောင်ထားတဲ့ ကိုဗစ် မျိုးစိတ်သစ် တစ်မျိုးပါ။ တောင်အာဖရိက ဒေသတွေမှာ စတင် တွေ့ရှိခဲ့တာဖြစ်ပြီး အခုထိ တွေ့ရှိခဲ့သမျှ ကိုဗစ် ဗိုင်းရပ်စ် မျိုးစိတ်တွေထဲမှာ မျိုးဗီဇ အများဆုံး ပြောင်းလဲထားတဲ့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း