ကူးစက်ရောဂါများ

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ ပိုးမွှားတွေ အလွယ်တကူကပ်နိုင်တဲ့ နေရာပါ။ အများစုက အန္တရာယ်မရှိပေမယ့် တစ်ခါတလေမှာ ရောဂါဖြစ်စေနိုင်တဲ့ ပိုးတွေကြောင့် ကျန်းမာရေး ထိခိုက်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ဆီမှာ အဖြစ်များတဲ့ ကူးစက်ရောဂါတွေအကြောင်းကို ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကူးစက်ရောဂါများ

ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ

ကိုဗစ်ရောဂါ စတင်ဖြစ်ပွားစဉ်က ကလေးတွေမှာ ကိုဗစ် ကူးစက်တာ သိပ်မတွေ့ရပေမယ့် နောက်ပိုင်းမှာ Covid-19 က ကလေးတွေမှာပါ ဖြစ်လာတာကို တွေ့ရပါတယ်။ တကယ်ကတော့ ကိုဗစ်က ကလေးတွေမှာ အသက်အရွယ် မရွေးဖြစ်နိုင်ပါတယ်။ ကလေးတိုင်းမှာ မတူညီတဲ့ နည်းလမ်းတွေနဲ့ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံရနိုင်သလို အရမ်းငယ်သေးတဲ့ အသက် ၁ နှစ်အောက် ကလေးတွေမှာ ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ ဆိုတာကို သတိထားသိရှိနိုင်စေဖို့ မျှဝေပေးချင်ပါတယ်။ မွေးကင်းစ ကလေးလေးတွေ နဲ့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်နိုင်လား မေမေ့မှာ ရောဂါပိုး ကူးစက်ခံထားရပြီး ကလေးကိုမွေးဖွားချိန်မှာ ရောဂါပိုး ကူးစက်တာမျိုးကတော့ အတော်လေး ဖြစ်ခဲပါတယ်။ ကလေးကို မွေးဖွားပြီးချိန်မှာ ထိတွေ့တာ နမ်းရှုံ့တာတွေကနေတဆင့်တော့ ကူးစက်နိုင်ပါတယ်။ မွေးကင်းစ ကလေးတွေမှာ […]

ကူးစက်ရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကူးစက်ရောဂါများ ကို ရှာဖွေမည်။

ကိုရိုနာဗိုင်းရပ်စ်

အအေးမိတာနဲ့ ခပ်ဆင်ဆင်တူနေတဲ့ Omicronရဲ့ လက္ခဏာသစ် (၂) ရပ်

Omicron ရဲ့ လက္ခဏာတွေက အခြား ကိုဗစ်မျိုးစိတ်တွေ ကူးစက်ခံရတဲ့အခါ ခံစားရတဲ့ လက္ခဏာတွေနဲ့ ကွာခြားမှုတွေ ရှိတာကို တွေ့ရပါတယ်။ လက်ရှိအထိ ကတော့ အဆက်မပြတ်ချောင်းဆိုးတာ၊ ကိုယ်ပူကြီးတာ၊ အနံ့အရသာပျောက်တာတွေက ကိုဗစ်ရဲ့ ထူးခြားတဲ့ လက္ခဏာတွေအဖြစ် သတ်မှတ်ထားဆဲပါ။ ဒါပေမယ့် အခုနောက်ဆုံး ကူးစက်ဖြစ်ပွားနေတဲ့ Omicron မျိုးစိတ်ကူးစက်ခံရရင်တော့ ခံစားရတဲ့ လက္ခဏာတွေက အအေးမိဖျားနာတာနဲ့ ခပ်ဆင်ဆင် တူနေပါတယ်။ Omicron ကူးစက်ခံရတဲ့အခါ နှာစေးတာ၊ လည်ချောင်းနာတာ၊ ခေါင်းကိုက်တာ၊ နှာချေတာလိုမျိုး သာမန်ဖျားနာမှု ဖြစ်ရင် ခံစားရလေ့ရှိတဲ့ လက္ခဏာတွေကို ခံစားကြရပါတယ်။ ဒါပေမယ့် အခုနောက်ဆုံး လေ့လာတွေ့ရှိချက်တွေအရတော့ Omicron ကူးစက်ခံရတဲ့အခါ ဦးခေါင်း၊ နှာခေါင်းနဲ့ လည်ချောင်းကို မထိခိုက်စေတဲ့ လက္ခဏာသစ် ၂ ရပ်ကို ခံစားရနိုင်တယ်ဆိုတာပါ။ ဒါတွေက ဘာလက္ခဏာတွေ ဖြစ်မလဲဆိုတာကို ဆောင်းပါးလေးထဲမှာ […]


ကိုရိုနာဗိုင်းရပ်စ်

Omicronကြောင့် လည်ချောင်းနာပြီး အသံဝင်ခဲ့ရင်

ခုတလော လူတိုင်းလိုလို ခံစားနေရတဲ့ ကျန်းမာရေး ပြဿနာတစ်ရပ်က Omicronကူးစက်ခံရပြီး လည်ချောင်းထဲက ယားတာ၊ လည်ချောင်းနာတာ၊ ချောင်းဆိုးတာနဲ့ အသံဝင်တာပါ။ ဒီလို ခံစားရတဲ့ လက္ခဏာတွေထဲကမှ စကားပြောလိုက်တိုင်း အက်တက်တက် အသံထွက်ပြီး စကားပြောရတာကို အားမရဖြစ်စေတဲ့ Omicronကြောင့် အသံဝင်တာကို သက်သာစေမယ့် အိမ်တွင်းကုထုံးလေးတွေအကြောင်း ပြောပြပေးချင်ပါတယ်။ အသံဝင်ပြီး လည်ချောင်းနာနိုင်တဲ့ အကြောင်းရင်းခံတွေက ဘာတွေလဲ။ ဒီအချက်တွေကြောင့် အသံဝင်ပြီး လည်ချောင်းနာတာကို ဖြစ်စေနိုင်ပါတယ်။ ဆေးလိပ်သောက်တာ ဓာတ်မတည့်တဲ့ အရာတစ်ခုခုကိုရှူရှိုက်မိတာ စားချဉ့်ရည်ပြန်ဆန်တက်တာ စတီးရွိုက်ရှူမိတာ အအေးမိ၊ဖျားနာဖြစ်တာ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံရတာ (အထူးသဖြင့် Omicron ကူးစက်ခံရတာ)တွေကြောင့် အသံဝင်ပြီး လည်ချောင်းနာစေနိုင်ပါတယ်။ Omicronကြောင့် လည်ချောင်းနာပြီး အသံဝင်ခဲ့ရင် သက်သာစေနိုင်ဖို့ Omicronကြောင့် လည်ချောင်းနာပြီး  အသံဝင်ခဲ့ရင် တော့ အခုလိုလေးတွေ လုပ်ဆောင်ပေးလို့ ရပါတယ်။ ရေများများ သောက်ပါ ရေဓာတ် ပြည့်ဝတာက လည်ချောင်းခြောက်တာကို […]


ကိုရိုနာဗိုင်းရပ်စ်

Omicronကြောင့် ဘေဘီလေးတွေမှာ croup ဖြစ်နိုင်ပါတယ်။

Omicron က ကလေးတွေမှာ မပြင်းထန်ဘူးလို့ပဲ ယူဆနေတုန်းလား ......... အရင်လှိုင်းတွေတုန်းကလည်း ကိုဗစ်က ကလေးတွေမှာ သိပ်မပြင်းထန်ဘဲ သာမန် ဖျားနာမှုလောက်နဲ့ပဲ ပြီးသွားတာ များခဲ့တာကိုး။ ဒီတစ်ခါရော Omicronက ဘေဘီလေးတွေမှာ ပြင်းပြင်းထန်ထန် မခံစားရဘဲ သက်သာစေနိုင်လားဆိုတော့ ကလေးတိုင်းလိုလိုမှာ လက္ခဏာ ခပ်ပျော့ပျော့လေးတွေပဲ ပြတာမဟုတ်ပါဘူး။ Omicronက ကူးစက်ခံရချိန်မှာ သိပ်မပြင်းထန်ရင်တောင် ဘေဘီလေးတွေ အထူးသဖြင့် ၅ နှစ်အောက်ကလေးတွေမှာ ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတစ်ရပ်လို့ ပြောရမယ့် croup ကို ဖြစ်စေနိုင်တယ်လို့ သုတေသီတွေက သတိပေးပြောဆိုတာတွေ ရှိနေပါတယ်။  ဒီအကြောင်းလေးကို သေသေချာချာ သိရှိနိုင်စေဖို့ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။ ကလေးတွေမှာ အရင်မျိုးစိတ်တွေနဲ့ မတူတဲ့ လက္ခဏာတွေကို ခံစားရစေတဲ့ Omicron ဘေဘီလေးတွေမှာ Omicron မျိုးစိတ်ကြောင့် ခံစားရမှုက အရင်မျိုးစိတ်တွေနဲ့ မတူပါဘူး။ […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်ဖြစ်ဖူးရင်ရော Omicron ကူးစက်ခံရနိုင်လား။

ကိုဗစ်ရောဂါကြီး စတင်ပြန့်နှံ့ခဲ့စဉ်ကတော့ ကိုဗစ်ဖြစ်ပြီးရင် ခုခံအား ရသွားပြီ ကိုဗစ် ထပ်မဖြစ်တော့ဘူးဆိုပြီး ကြားဖူးကြမှာပါ။ ဒီလိုနဲ့ နေလာရင်း ဒုတိယလှိုင်း၊ တတိယလှိုင်းတွေကို ကျော်ဖြတ်ခဲ့ကြတယ်။ မကြာသေးခင် ကာလအတွင်းမှာတော့ ကာကွယ်ဆေးတွေ ထွက်ပေါ်လာလို့ ကာကွယ်ဆေး ၁ ကြိမ်၊ ၂ ကြိမ် နဲ့ ထပ်ဆောင်းကာကွယ်ဆေးတွေ ထိုးနှံပြီးကြပြီလည်း ဖြစ်ပါတယ်။ ဒီလို ထိုးနှံပြီးတာကြောင့် ကိုယ်ခံအားတွေ ရလာပြီ ကိုဗစ်ကို သိပ်မစိုးရိမ်ရတော့ပဲ နေ့စဉ်ဘဝကို ပုံမှန်အတိုင်း ပြန်လည် လည်ပတ်လှုပ်ရှားသွားလာနိုင်တော့မယ်လို့ ယူဆနေချိန်မှာ Omicron ဆိုတဲ့ Covid-19 ရဲ့ ဗီဇပြောင်းမျိုးစိတ်က ထွက်ပေါ်လာပြီး ကမ္ဘာတလွှားမှာ Covid ဖြစ်ပွားမှုတွေ ပြန်လည် မြင့်တက်စေခဲ့ပါတယ်။ ဒီလို ရောဂါဖြစ်ပွားမှုနဲ့ ကူးစက်မှုတွေကို မြင့်တက်စေခဲ့တဲ့ Omicron က တစ်ခါ ကူးစက်ဖူးသူတွေမှာရော ထပ်ဖြစ်နိုင်လားဆိုတာကို […]


ကိုရိုနာဗိုင်းရပ်စ်

Omicronရဲ့ ရောဂါအစပျိုး ကာလ ဘယ်လောက်ကြာသလဲ။

လက်ရှိ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံတော်တော်များများမှာ ကူးစက်မှုနှုန်း မြင့်နေပါတယ်။ ကူးစက်မှုနှုန်းက မြင့်နေပေမယ့် သေဆုံးမှုနှုန်းကတော့ အရင်လှိုင်းတွေလောက် မများတာကြောင့် Omicronကို သိပ်မပြင်းထန်ပါဘူး။ သေဆုံးနိုင်ခြေမရှိဘူးလို့ ယူဆကောင်း ယူဆနေနိုင်ပါတယ်။ တကယ်ပဲ Omicronက ထိန်းချုပ်ရလွယ်သလား...... ရောဂါ မပြင်းထန်ဘူးလား ...... Omicronရဲ့ ရောဂါအစပျိုး ကာလ ဘယ်လောက်ကြာသလဲ။ဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ Omicronက ကူးစက်မှု မြန်လို့လား ....... Omicron က Covid-19 ရဲ့ ဗီဇပြောင်းမျိုးစိတ် တစ်ခုဖြစ်တာကြောင့် ကူးစက်မှုက မြန်ပါတယ်။ အရင် ဗီဇပြောင်းမျိုးစိတ်တွေထက် ပိုမြန်ပါတယ်။ လက်ရှိ အမေရိကန်ပြည်ထောင်စုရဲ့ ကိုဗစ်ကူးစက်မှုတွေရဲ့ 99.5 % က omicron ကူးစက်မှုဖြစ်ပါတယ်။ ဒီဗီဇပြောင်းလဲမှုက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ အစောပိုင်းက စတင် ဖြစ်ပွားခဲ့တာပါ။ Omicronရဲ့ […]


ကိုရိုနာဗိုင်းရပ်စ်

Omicronကူးစက်မှုရဲ့ အတွေ့ရများတဲ့ လက္ခဏာတွေက ဘာတွေဖြစ်မလဲ။

လတ်တလော လူတိုင်းရဲ့ ပါးစပ်ဖျားမှာရော စိတ်ကူးတွေထဲမှာပါ နေရာယူထားပြီး သိချင်နေမယ့် ကျန်းမာရေး ပြဿနာက Omicron အကြောင်း ဖြစ်မယ်ထင်ပါတယ်။ ကာကွယ်ဆေးတွေ ထိုးထားတာတောင် Omicronက ဖြစ်တာပဲ။ ဖြစ်ဖူးတဲ့သူတွေမှာ ဖြစ်နိုင်ခြေ ပိုများတယ်ဆိုတဲ့ စကားလုံးတွေကြားမှာ ခေါင်းလေးပဲ ကိုက်ကိုက်၊ ဇက်ကြောလေးပဲ တက်တက်၊ နှာလေးပဲ စေးစေး Omicron များဖြစ်နေပြီလားဆိုပြီး စိုးရိမ်နေကြမယ် ထင်ပါတယ်။ ဒီလိုဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။ ဒီဆောင်းပါးလေးထဲမှာ Omicronကူးစက်မှုရဲ့ အတွေ့ရများတဲ့ လက္ခဏာတွေက ဘာတွေလဲဆိုတာကို ပြောပြပေးသွားပါမယ်။ ကဲ ...... ဘယ်လို လက္ခဏာတွေ ဖြစ်မလဲ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ Omicronကူးစက်မှုရဲ့ ကာလအတိုင်းအတာ Omicronက ကမ္ဘာ့နိုင်ငံတွေမှာ ပြန့်နှံ့ဖြစ်ပွားနေတာက တစ်လကျော်တောင် ကြာခဲ့ပါပြီ။ ဒီကာလအတွင်း လူဦးရေများစွာကို ကူးစက်ခဲ့ပြီး ရောဂါဖြစ်ဖူးသူတွေမှာ ကူးစက်မှု ပိုများသလို […]


ကိုရိုနာဗိုင်းရပ်စ်

Omicronကို ခပ်ပေါ့ပေါ့ မတွေးသင့်ပါ

Omicron ဆိုတာက ကိုရိုနာဗိုင်းရပ်စ်ဖြစ်တဲ့ SARS-CoV-2 ရဲ့ ဗီဇပြောင်းမျိုးစိတ် တစ်ခုပါ။ လျင်လျင်မြန်မြန် ပျံ့နှံ့နေသလို အရင်က မကြုံဖူးတဲ့နှုန်းနဲ့ ကမ္ဘာ့နိုင်ငံတွေမှာ ကူးစက်နေပါတယ်။ Omicron ဗိုင်းရပ်စ်အကြောင်းကို သေသေချာချာ မသိရသေးပေမယ့် သေချာတာကတော့ Omicronရဲ့ ပြင်းထန်မှု နှုန်းက ရှေ့မှာ ဖြစ်ပွားခဲ့တဲ့ Delta တို့ထက် ပြင်းထန်မှုနှုန်း မနိမ့်ဘူးဆိုတာပါ။ ဒါကြောင့် Omicronကို ခပ်ပေါ့ပေါ့ မတွေးသင့်ပါ လို့ ပြောရတာပါ။ ဒါကြောင့် အခုကာလမှာ Omicron ကူးစက်ခံရမှုကနေ ကာကွယ်ဖို့အတွက် ကာကွယ်ဆေး ထိုးတာ၊ ထပ်ဆောင်းကာကွယ်ဆေးတွေ ထိုးတာ၊ ပါးစပ်နဲ့နှာခေါင်းစည်း တပ်ဆင်တာတွေအပြင် ဗိုင်းရပ်ကူးစက်မှုကို တားဆီးပေးနိုင်တဲ့ နည်းလမ်းတွေကို လိုက်နာလုပ်ဆောင်ဖို့က အရင်ကထက် ပိုပြီး အရေးကြီးလာပါပြီ။ Omicronက အရမ်း ကူးစက်မြန်ပါတယ်။ ကမ္ဘာ့နေရာတော်တော်များများမှာ COVID-19 ကူးစက်မှုက အချိန်တိုအတွင်း […]


ကိုရိုနာဗိုင်းရပ်စ်

Omicron ကာကွယ်ဖို့ နေ့စဉ်ဘဝမှာ လိုက်နာသင့်တဲ့ စားသောက်မှုပုံစံ

Covid-19 ရဲ့ ဖြစ်ပွားမှုက အရှိန်လျော့မသွားဘဲ Omicron ဆိုပြီး ကမ္ဘာကြီးကို ထပ်ပြီး ထိတ်လန့်စေခဲ့ပြန်ပါပြီ။ လတ်တလော ကမ္ဘာ့ နိုင်ငံ အသီးသီးမှာ Omicron ဗိုင်းရပ်စ် ကူးစက်မှုတွေ မြင့်တက်လာနေပါတယ်။ အချို့နိုင်ငံတွေမှာ ခရီးသွားလာခွင့်တွေ ကန့်သတ်ရတဲ့အထိ ပြင်းထန်တဲ့ အနေအထားကို ရောက်ရှိလာခဲ့ပါပြီ။ ဒီတော့ Omicron ကိုလည်း အခြားသော ရောဂါဆိုးတွေ နည်းတူ မဖြစ်ခင်က ကြိုတင်ကာကွယ်ဖို့ လိုအပ်လာပါပြီ။ ဒီလို ကာကွယ်ဖို့ဆိုတဲ့နေရာမှာ အရေးအကြီးဆုံးအချက်က ကိုယ်ခံအား ကောင်းအောင် လုပ်ဆောင်ဖို့ပါ။ ကိုယ်ခံအား ကောင်းမှလည်း ခန္ဓာကိုယ်ထဲကို ရောဂါပိုးတွေ ဝင်ရောက်လာတာမျိုး မဖြစ်အောင် တားနိုင်မှာကိုး။ ဒီတော့ Omicron မဖြစ်အောင် ကာကွယ်ရာမှာ အရေးပါတဲ့ ကိုယ်ခံအား ကျန်းမာစေဖို့အတွက် နေ့စဉ်ဘဝမှာ လိုက်နာရမယ့် စားသောက်မှုပုံစံ ကို […]


ကိုရိုနာဗိုင်းရပ်စ်

Omicronကို ကာကွယ်နိုင်မယ့် အလွယ်ကူဆုံး နည်းလမ်းများ

Omicron ဖြစ်ပွားမှုက ကမ္ဘာတလွှားမှာရော မြန်မာနိုင်ငံမှာပါ တစ်နေ့ထက် တစ်နေ့ မြင့်တက်လာနေပါတယ်။ ဒီလို မြင့်တက်လာနေမှုနဲ့အတူ လူတိုင်းလိုလို ခေါင်းထဲ ရောက်လာတဲ့အတွေးက ကိုယ်တိုင်ကိုရော မိသားစုဝင်တွေကိုပါ ဒီကြောက်စရာကောင်းတဲ့ Omicron အန္တရာယ်ကနေ ဘယ်လို ကာကွယ်ရမလဲဆိုတာ ဖြစ်မယ် ထင်ပါတယ်။ ဒီတော့ မဖြစ်ခင်က ကြိုတင်ကာကွယ်ထားမှ ထိခိုက်မှု နည်းမှာဖြစ်တဲ့ Omicronကို ကာကွယ်ဖို့ နေ့စဉ်ဘဝမှာ လိုက်နာပေးရမယ့် အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။ Omicronကို ကာကွယ်နိုင်မယ့် အလွယ်ကူဆုံး နည်းလမ်းများ Omicronကို ကာကွယ်ဖို့ နေ့စဉ်ဘဝမှာ ဒီအချက်လေးတွေကို လိုက်နာပေးပါ။ (၁) ကာကွယ်ဆေး ထိုးပါ။ ကိုဗစ် ကာကွယ်ဆေးတွေလည်း အမျိုးအစား ရွေးစရာ အများကြီး ရှိလာခဲ့ပြီ ဖြစ်သလို လူတော်တော်များများဟာလည်း ကာကွယ်ဆေး ၂ ကြိမ်တောင် ထိုးပြီးကြပါပြီ။ ကာကွယ်ဆေးက ကိုဗစ် လုံးဝ မကူးစက်အောင် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း