ကူးစက်ရောဂါများ

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ ပိုးမွှားတွေ အလွယ်တကူကပ်နိုင်တဲ့ နေရာပါ။ အများစုက အန္တရာယ်မရှိပေမယ့် တစ်ခါတလေမှာ ရောဂါဖြစ်စေနိုင်တဲ့ ပိုးတွေကြောင့် ကျန်းမာရေး ထိခိုက်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ဆီမှာ အဖြစ်များတဲ့ ကူးစက်ရောဂါတွေအကြောင်းကို ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကူးစက်ရောဂါများ

ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ

ကိုဗစ်ရောဂါ စတင်ဖြစ်ပွားစဉ်က ကလေးတွေမှာ ကိုဗစ် ကူးစက်တာ သိပ်မတွေ့ရပေမယ့် နောက်ပိုင်းမှာ Covid-19 က ကလေးတွေမှာပါ ဖြစ်လာတာကို တွေ့ရပါတယ်။ တကယ်ကတော့ ကိုဗစ်က ကလေးတွေမှာ အသက်အရွယ် မရွေးဖြစ်နိုင်ပါတယ်။ ကလေးတိုင်းမှာ မတူညီတဲ့ နည်းလမ်းတွေနဲ့ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံရနိုင်သလို အရမ်းငယ်သေးတဲ့ အသက် ၁ နှစ်အောက် ကလေးတွေမှာ ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ ဆိုတာကို သတိထားသိရှိနိုင်စေဖို့ မျှဝေပေးချင်ပါတယ်။ မွေးကင်းစ ကလေးလေးတွေ နဲ့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်နိုင်လား မေမေ့မှာ ရောဂါပိုး ကူးစက်ခံထားရပြီး ကလေးကိုမွေးဖွားချိန်မှာ ရောဂါပိုး ကူးစက်တာမျိုးကတော့ အတော်လေး ဖြစ်ခဲပါတယ်။ ကလေးကို မွေးဖွားပြီးချိန်မှာ ထိတွေ့တာ နမ်းရှုံ့တာတွေကနေတဆင့်တော့ ကူးစက်နိုင်ပါတယ်။ မွေးကင်းစ ကလေးတွေမှာ […]

ကူးစက်ရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကူးစက်ရောဂါများ ကို ရှာဖွေမည်။

ကူးစက်ရောဂါများ

ရုရှရဲ့ ကိုဗစ်ကာကွယ်ဆေးက ဆိုထားသလိုစွမ်းရဲ့လား

ပြီးခဲ့တဲ့ သြဂုတ်လ ၁၁ ရက်နေ့မှာ ရုရှနိုင်ငံက ကမ္ဘာ့ပထမဆုံးကိုဗစ်ရောဂါကာကွယ်ဆေးကို ထုတ်လုပ်နိုင်ပြီလို့ ကြေညာခဲ့ပါတယ်။ တစ်ကမ္ဘာလုံးလည်း ကိုဗစ်ကြောင့်ဒုက္ခရောက်နေချိန်ဖြစ်လို့ ဝမ်းသာအားရနဲ့ ကြိုဆိုခဲ့ကြပါတယ်။ ကိုဗစ်ကဗိုင်းရပ်စ်ပိုးအမျိုးအစားဖြစ်တာကြောင့် ထိရောက်တဲ့ကာကွယ်ဆေးထိုးထားနိုင်ရင် ရောဂါကိုလုံးဝအမြစ်ပြတ်ချေမှုန်းနိုင်တော့မယ်ဆိုပြီး မျှော်လင့်ခဲ့ကြပေမဲ့ ရုရှကာကွယ်ဆေးနဲ့ပတ်သက်ရင် မရေရာတဲ့ကိစ္စတွေ တွေ့ရှိရပါတယ်။ ကာကွယ်ဆေးအသစ်တစ်ခုတီထွင်ထုတ်လုပ်ဖို့ဆိုတာ အချိန်အရမ်းပေးရပါတယ်။ အနည်းဆုံးက ၈ နှစ်ကနေ ၁၅ နှစ်/နှစ် ၂၀ အထိ လူပေါင်းများစွာကို အဆင့်ဆင့်စမ်းသပ်ပြီး စိတ်ချရပြီဆိုမှ အမြောက်အမြားထုတ်လုပ် သုံးစွဲနိုင်တာဖြစ်ပါတယ်။ ဒါတောင်ကာကွယ်ဆေးသုံးစွဲနေသူတွေမှာ အန္တရာယ်ဖြစ်နိုင်တဲ့သံသယလက္ခဏာတွေ တွေ့လာရရင် သုံးစွဲမှုကို ချက်ချင်းရပ်တန့်ပစ်ရပါသေးတယ်။ ကာကွယ်ဆေးထုတ်လုပ်တဲ့ပြိုင်ပွဲကို ပန်းဝင်ချင်ဇောနဲ့  အမြန်ထုတ်ကြွားလိုက်ရတဲ့ ရုရှကာကွယ်ဆေး အကြောင်းကိုသေချာလေ့လာကြည့်ရင် သံသယဖြစ်စရာအချက်တွေတွေ့ရမှာပါ။ ဘာတွေလဲဆိုရင် တိကျတဲ့သုတေသနပြုလုပ်မှုများ၊ ရလဒ်များ ကိုဗစ်ကာကွယ်ဆေးကိုတရားဝင်ဖြန့်ချိဖို့အတွက် သက်ဆိုင်ရာနိုင်ငံတွေက ဆေးပညာအဖွဲ့အစည်းတွေ၊ FDA အဖွဲ့တွေအပြင် ကမ္ဘာလုံးဆိုင်ရာကာကွယ်ဆေးအဖွဲ့အစည်းကြီးတွေပေါင်းစည်းထားတဲ့ COVAX အဖွဲ့မှာ အမှန်တကယ် ထိရောက်မှုရှိကြောင်း၊ သုံးစွဲနိုင်ကြောင်းမှတ်ကျောက်တင်အစစ်ဆေးခံရဖို့လိုပါတယ်။ Sputnik V […]


ကူးစက်ရောဂါများ

အန္တရာယ်အလွန်များတဲ့ သွေးတွင်းအောက်ဆီဂျင်မလုံလောက်ခြင်းပြဿနာ

အသက်ရှင်ဖို့ မရှိမဖြစ်လိုအပ်တဲ့ အောက်ဆီဂျင်ဓာတ်ကို ခန္ဓာကိုယ်အနှံ့အပြားရောက်အောင်သွေးကြောတွေတလျှောက် သယ်ယူ ပို့ဆောင်ပေးပါတယ်။ သွေးထဲမှာအောက်ဆီဂျင်ပမာဏ ရှိသင့်သလောက်မရှိတော့ရင် သွေးတွင်းအောက်ဆီဂျင်မလုံလောက်တဲ့ပြဿနာအဖြစ်သတ်မှတ်ပါတယ်။ Hypoxemia လို့ခေါ်တဲ့ ဒီကျန်းမာရေးပြဿနာကို အချိန်မှီကုသမှုမခံယူနိုင်ရင် အသက်အန္တရာယ်ပါထိခိုက်စေနိုင်တဲ့အထိ ပြင်းထန်ပါတယ်။ သွေးလွှတ်ကြောတွေရော သွေးပြန်ကြောတွေထဲမှာပါ အောက်ဆီဂျင်ဓာတ်ပါဝင်ပါတယ်။ ပုံမှန်အားဖြင့် သွေးလွှတ်ကြောထဲမှာ အောက်ဆီဂျင်ဓာတ် ၉၅% ကနေ ၁၀၀% အထိပါဝင်ပြီး သွေးပြန်ကြောထဲမှာဆိုရင် ၇၅% ဝန်းကျင်လောက်ရှိနေပါတယ်။ မွေးရာပါနှလုံးရောဂါ၊ ပန်းနာရင်ကျပ်ရောဂါ၊ အဆုတ်လေပြွန်ရောင် ရောဂါ၊ အဆုတ်အားနည်းရောဂါ၊ နာတာရှည်အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ၊ နမိုးနီးယားအဆုတ်ရောင် ရောဂါ စတဲ့ ရောဂါတွေခံစားရရင် သွေးတွင်းအောက်ဆီဂျင်ဓာတ်ကျဆင်းတတ်ပါတယ်။ အခုလက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်လိုကူးစက်မြန်အဆုတ်ရောင်ရောဂါမှာလည်း သွေးတွင်းအောက်ဆီဂျင်ရုတ်တရက်ကျဆင်းသွားတဲ့ လက္ခဏာတွေ့ရှိရပါတယ်။ ပတ်ဝန်းကျင်ကြောင့်သွေးတွင်းအောက်ဆီဂျင်ဓာတ် ကျဆင်းသွားတဲ့အခြေအနေ တွေလည်းရှိပါတယ်၊ ဥပမာ- လေထုအရမ်းပါးလွှာတဲ့နေရာတွေကိုရောက်သွားရင် အောက်ဆီဂျင်ဓာတ်နည်း သွားတဲ့အတွက်သွေးတွင်းအောက်ဆီဂျင်ဓာတ်ပုံမှန်ထက်ကျဆင်းသွားတာမျိုးမကြာမကြာကြုံရတတ်ပါတယ်။ သွေးတွင်းအောက်ဆီဂျင်ဓာတ် ရှိသင့်တာထက်နည်းနေပြီဆို ဒီလိုလက္ခဏာတွေခံစားရမှာပါ - ခေါင်းကိုက်ခြင်း - အသက်ရှုရခက်ခဲခြင်း - နှလုံးခုန်မြန်လာခြင်း - ချောင်းဆိုးခြင်း - […]


ကူးစက်ရောဂါများ

ကိုဗစ် antibody တွေဘယ်လောက်ခံသလဲ

(ကိုဗစ်ရောဂါဖြစ်ပြီး နောက်တစ်ခါထပ်ကူးစက်မခံရခင် ဘယ်လောက်ကြာကြာအချိန်ရမလဲဆိုတာပြောပြပါမယ်) ကိုဗစ်လိုကူးစက်ရောဂါတွေ ဝင်ရောက်တဲ့အချိန်မှာကိုယ်တွင်းကနေ ရောဂါကိုတိုက်ထုတ်ဖို့ ဆဲလ်တွေဖွဲ့စည်းပြီး antibodies တွေထုတ်လုပ်ပေးပါတယ်။ Helper T cell လို့ခေါ်တဲ့ ဒီဆဲလ်အမျိုးအစားတွေက ရောဂါပိုးတွေကို မှတ်သားထားနိုင်စွမ်းရှိပါတယ်။ ဒီဆဲလ်တွေက ဘယ်ပိုးဝင်ရင် ဘယ်လိုantibodies မျိုးထုတ်ပြီးတိုက်ရမလဲ ဆိုတာကိုသိကြပါတယ်။ ကိုဗစ်ရောဂါကူးစက်ခံရသူတွေမှာလည်း T cell တွေကရောဂါကို မှတ်သားထားတဲ့ အတွက် နောက်တစ်ကြိမ် ရောဂါမဝင်အောင်လုပ်ဆောင်ပေးနိုင်တယ်လို့ ယူဆခဲ့ကြပါတယ်။ ဒါပေမဲ့ ကိုဗစ်ရောဂါ နောက်တစ်ကြိမ်ဖြစ်ပွားသူတွေရှိလာတဲ့အတွက် သိပ္ပံပညာရှင်တွေအနေနဲ့ ကိုဗစ် antibodies နဲ့ပတ်သက် ပြီးလေ့လာမှုတွေလုပ်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ ဖြစ်နိုင်ခြေနည်းပေမဲ့ ကိုဗစ်ရောဂါက လူတစ်ယောက်မှာတစ်ကြိမ်ထက်ပိုပြီး ကူးစက်ဖြစ်ပွားနိုင်တယ်ဆိုတဲ့အချက်က အတော်လေးစိတ်ညစ်စရာပါ။ ဒါပေမဲ့ မကြာသေးခင်က အောက်စ်ဖို့ တက္ကသိုလ်နဲ့ အရီဇိုးနားတက္ကသိုလ်မှာ ပြုလုပ်ရရှိခဲ့တဲ့အဖြေတွေအရတော့ အားတက်စရာ ရလဒ်တွေ တွေ့ရပါတယ်။ အောက်စ်ဖို့တက္ကသိုလ်ကနေ လူ ၁၂၀၀ ကျော်နဲ့ စမ်းသပ်ပြုလုပ်ခဲ့တဲ့သုတေသနရလဒ်အရ ကိုဗစ်ကူးစက်ခံရတဲ့သူတွေမှာထွက်လာတဲ့ ကိုယ်တွင်း […]


ကူးစက်ရောဂါများ

ကူးစက်တတ်တဲ့ ရောဂါများအကြောင်း

ကမ္ဘာပေါ်မှာ ရောဂါတွေကို အမျိုးအစားခွဲကြည့်လိုက်မယ်ဆိုရင် ကူးစက်နိုင်တဲ့ရောဂါရယ် မကူးစက်နိုင်တဲ့ရောဂါရယ်ဆိုပြီး ရှိပါတယ်။ နှလုံးရောဂါ၊ သွေးတိုး၊ ဆီးချို စတာတွေကတော့ မကူးစက်နိုင်တဲ့ ရောဂါတွေပဲ ဖြစ်ပါတယ်။ တီဘီတို့၊ ကိုဗစ်တို့၊ HIVတို့ကတော့ ကူးစက်နိုင်တဲ့ ရောဂါများပေါ့။ ကူးစက်နိုင်တဲ့ ရောဂါများက လူနေမှုအဆင့်အတန်း မြင့်မားပြီး စားကောင်းသောက်ကောင်းတွေ စားရတဲ့ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ ပိုဖြစ်တယ်။ သန့်ရှင်းရေး အားနည်းတဲ့ ဖွံ့ဖြိုးမှု နောက်ကျတဲ့နိုင်ငံမှာတော့ ကူးစက်နိုင်တဲ့ ရောဂါတွေ အဖြစ်ပိုများတယ်လို့ ပြောကြပါတယ်။ ဒီနှစ်ခုကြားက မြန်မာနိုင်ငံလိုမျိုး ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာကတော့ နှစ်မျိုးလုံး အဖြစ်များပါတယ်။ ဒါကို double burdenလို့ ခေါ်ပါတယ်။ ကူးစက်တဲ့ရောဂါတွေက ပိုးမွှားတွေကြောင့် ဖြစ်တာမို့လို့ ဒီပိုးမွှားတွေကို သုတ်သင်နိုင်ရင် ရောဂါပျောက်ပါတယ်။ သူတို့ရဲ့ ကူးစက်ပုံကလည်း တစ်ခုနဲ့ တစ်ခုပါဘူး။ ဒီအကြောင်းကို လေ့လာကြည့်ရအောင်။ ကူးစက်ရောဂါဖြစ်စေတဲ့ အကြောင်းရင်းများ […]


ကူးစက်ရောဂါများ

ပိုမိုကောင်းမွန်တဲ့ ရလဒ်နဲ့အတူ အောင်မြင်မှုလမ်းကြောင်းပေါ်ရောက်ရှိလာတဲ့ အမေရိကန်ရဲ့ ကိုဗစ်ကာကွယ်ဆေး

ကမ္ဘာတစ်လွှားမှာ ကိုဗစ်ကြောင့် စီးပွားရေးတွေ ထိခိုက်နေရသလို ဆုံးရှုံးနေရတဲ့ လူ့အသက်တွေကလည်း မနည်းပါဘူး။ ရောဂါခံစားနေရသူ အရေအတွက်ကလည်း ဒုနဲ့ဒေးပါ။ ဒီအချိန်မှာ နေ့စဉ် ဘဝတွေကို ပုံမှန်အတိုင်း လည်ပတ်နိုင်ဖို့ဆိုတာ ခက်ခဲပါ။ ကိုဗစ် စဖြစ်ကတည်းက ရပ်တန့်ထားရတဲ့ စီးပွားရေးတွေ ရှိသလို ခရီးသွားလာမှုတွေမလုပ်ရဘူး။ နေအိမ်တွေထဲမှာပဲနေရတယ်။ အလုပ်တွေကိုလည်း အိမ်ကနေပဲ လုပ်ရတော့ လူတွေ လွမ်းဆွတ်နေတာက ဘာဖြစ်မယ်ထင်လဲ။ ကိုယ်တိုင်ရော ဘာကို လွမ်းလဲ။ အရင်လို လွတ်လပ်ပျော်ရွှင်စွာနဲ့ ရောဂါပိုးကင်းပြီး သွားလာနေရတဲ့ အခြေအနေကိုဟုတ်။ ဒါကတော့ အခုချိန်မှာ လူတိုင်း တောင့်တနေမယ့် အရာပါ။ ဒီဆန္ဒကို ဖြည့်ဆည်းပေးနိုင်မယ့် မျှော်လင့်ချက်ရောင်ခြည်လေးတော့ သန်းလာခဲ့ပါပြီ။ ဒါကတော့ ရလဒ်ကောင်းတွေနဲ့ အောင်မြင်မှု လမ်းကြောင်းပေါ်ကို အရှိန်မှန်မှန်နဲ့ လျှောက်လှမ်းလာတဲ့ အမေရိကန်နိုင်ငံအခြေစိုက် ဆေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Moderna  ရဲ့ ကိုဗစ် […]


ကူးစက်ရောဂါများ

စျေးသက်သာပြီး သိုလှောင်သိမ်းဆည်းရလွယ်ကူတဲ့ အောက်ဖို့ဒ် ကိုဗစ်ကာကွယ်ဆေး

ကိုဗစ်ကာကွယ်ဆေးတွေ တစ်မျိုးပြီး တစ်မျိုး အောင်မြင်လာတာ ဝမ်းသာစရာသတင်းပါပဲ။ ဒီနိုဝင်ဘာလထဲမှာပဲ ကာကွယ်ဆေး သတင်းကောင်းတွေက ရက်ဆက်ဆိုသလို ကြားနေရတာပါ။ လအစမှာ Pfizerနဲ့  Modernaက ကာကွယ်ဆေးတွေ အောင်မြင်လုနီးပါး ဖြစ်နေပြီဆိုတာကို ကြေညာပြီး မရှေးမနှောင်းမှာပဲ အောက်ဖို့ဒ်ကလည်း သူ့ကာကွယ်ဆေးက ၉၀ရာခိုင်နှုန်းကျော် ထိရောက်တယ်ဆိုတာ နိုဝင်ဘာ ၂၃ရက်နေ့က ကြေညာခဲ့ပြန်ပါတယ်။ အောက်ဖို့ဒ်ရဲ့ ကိုဗစ်ကာကွယ်ဆေး အောက်ဖို့ဒ်နဲ့ AstraZenecaတို့ ပူးပေါင်းပြီး ထုတ်လုပ်တဲ့ ကာကွယ်ဆေးက ခုဆိုရင် စမ်းသပ်ဆဲ အဆင့် ၃ကို အောင်မြင်သွားပြီလို့ ပြောလို့ရပါတယ်။ နည်းလမ်းနှစ်မျိုးနဲ့ စမ်းသပ်ပြီးတဲ့နောက်မှာ ပျမ်းမျှခြင်း ၇၀.၄ ရာခိုင်နှုန်း အောင်မြင်မှု ရှိတာကို တွေ့ရပါတယ်။ နည်းလမ်း နှစ်မျိုးမှာ ပထမနည်းလမ်းက ၉၀ရာခိုင်နှုန်း အောင်မြင်ပြီး ဒုတိယနည်းလမ်းက ၆၂ ရာခိုင်နှုန်း အောင်မြင်ပါတယ်။ နည်းလမ်း နှစ်ခုလုံးမှာ ကာကွယ်ဆေးကို […]


ကူးစက်ရောဂါများ

လူတိုင်း Mask တပ်မယ်ဆိုရင် အသက်ဘယ်နှစ်ချောင်းကို ကယ်တင်နိုင်မလဲ

COVID-19 ရောဂါ ကူးစက်ပြန့်နှံ့နေချိန်မှာ Mask တပ်ခြင်းဟာ ရောဂါကာကွယ်ရေးအတွက် အထိရောက်ဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ ကိုယ့်ဆီကို ရောဂါပိုးကူးစက်မလာအောင် တားဆီးနိုင်သလို သူများဆီကို မကူးစက်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမယ့် လူတိုင်းက စည်းစနစ်တကျ Mask တွေတပ်ပြီး နေထိုင်သွားလာလှုပ်ရှားနေကြသလားလို့ မေးလာရင်တော့ ‘ဟင့်အင်း’ လို့ ငြင်းဆိုရပါလိမ့်မယ်။ COVID-19 ကပ်ဘေးအချိန်ကြာမြင့်လာတာနဲ့အမျှ လူတွေရဲ့ စည်းကမ်းလိုက်နာမှုအပိုင်းက တဖြေးဖြေးလျော့လျဲလာနေပါတယ်။ Mask ကို လုံးလုံးလျားလျားမတတ်တော့သူတွေ၊ မေးစေ့မှာချိတ်သူတွေ၊ နှာခေါင်းဖော်ပြီး တပ်ဆင်သူတွေ၊ တပ်လိုက်ချွတ်လိုက် အကြိမ်ကြိမ်ပြုလုပ်သူတွေ ပိုပိုပြီးများပြားလာနေပါတယ်။ သက်ဆိုင်ရာတာဝန်ရှိသူတွေကတော့ ဒီလိုပြုမူလုပ်ဆောင်တာဟာ Mask ကို လုံးလုံးလျားလျားမတတ်ဆင်တာနဲ့ အတူတူပဲလို့ ဆိုထားပါတယ်။ တကယ်တော့ Mask တပ်တာက လက်ကို စင်ကြယ်စွာဆေးတာနဲ့ Social Distancing လုပ်တာတွေလိုမျိုး COVID-19 ရောဂါကာကွယ်ရေးမှာ အထူးအရေးကြီးတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ စနစ်တကျနဲ့ နည်းမှန်လမ်းမှန် […]


အစားအသောက်မှကူးစက်သောရောဂါများ

ဒီဆောင်းမှာ ဘယ်လိုအစားအစာတွေကို ရှောင်ကြဉ်ကြမလဲ

အအေးဓာတ်က စတင်ချဉ်းနင်းဝင်လာနေပါပြီ။ ဆောင်းစဝင်ပြီလို့ ဆိုရပါတော့မယ်။ ဒီလိုအေးမြတဲ့ ဆောင်းရာသီရောက်ချိန်မှာ လူတွေရဲ့ အစားအသောက်စားချင်တဲ့ စိတ်အာသိသကလည်း ရာသီဥတုနဲ့လိုက်ပြီး ပြောင်းလဲလာမှာပါ။ ဒီလိုကာလမျိုးမှာ ကိုယ်စားချင်တာက ရာသီဥတုနဲ့ တကယ်ကိုက်ညီရဲ့လားဆိုတာကို သိထားဖို့တော့ လိုပါလိမ့်မယ်။ ဆောင်းတွင်းမို့ အေးတယ်ဆိုပြီး အပူအစပ်တွေချည်း လှိမ့်စားနေလို့မဖြစ်သလို ကျန်းမာရေးနဲ့မကိုက်ညီတာတွေကိုလည်း အတင်းကာရော မှီဝဲမိနေလို့ မဖြစ်ပါဘူး။ တချို့အစားအစာတွေက စားချိန်မှာ ပူပူနွေးနွေးနဲ့ အရသာရှိပေမယ့် စားပြီးခန္ဓာကိုယ်ထဲရောက်သွားချိန်မှာတော့ အအေးဓာတ်နဲ့ပူးပေါင်းပြီး အဆီတွေ၊ ကယ်လိုရီတွေ၊ သကြားဓာတ်တွေ၊ ဆိုဒီယမ်တွေပိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆောင်းရာသီရောက်လာရင် ဘယ်လိုအစားအစာတွေကို အဓိက ရှောင်ကျဉ်သင့်လဲဆိုတာကို ပြောပြချင်ပါတယ်။ အောက်ဖော်ပြပါ အစားအစာတွေက ဆောင်းရာသီမှာ တတ်နိုင်သမျှ ရှောင်ရှားပြိး သတိထားမှီဝဲသင့်တာတွေပါ။ ချောကလက်အပူ ဆောင်းတွင်း အေးမြတဲ့ မနက်ခင်းတွေမှာ ချောကလပ်ပူပူလေးသောက်လိုက်မယ်လို့တော့ဖြင့် မတွေးပါနဲ့။ မြင့်မားလှတဲ့ သကြားပမာဏဟာ တစ်ခွက်လောက်သောက်လိုက်ရုံနဲ့သင့်ကို ကယ်လိုရီ ၃၀၀-၄၀၀ လောက်အထိမြင့်တက်သွားစေပါလိမ့်မယ်။ ရာသီဥတုကြောင့် […]


ကူးစက်ရောဂါများ

Pfizer ကာကွယ်ဆေးနဲ့ Moderna ကာကွယ်ဆေး ဘာကွာသလဲ။

ကိုဗစ်ဖြစ်တာလည်း တစ်နှစ်နီးပါးလောက်ဖြစ်လာပြီဆိုတော့ အားလုံးက အိမ်မှာနေရတာ ငြီးငွေ့နေကြပါပြီ။ ကုသဆေးရယ်လို့ တိတိကျကျမရှိတဲ့အတွက် ကာကွယ်ဆေးကသာ မျှော်လင့်ရာပါ။ ခုတော့ ဒီမျှော်လင့်ချက်တွေ ပြည့်တော့မယ့်လို့ ဆိုရမလားပဲ။ နိုဝင်ဘာလထဲမှာတင် ကုမ္ပဏီကြီး နှစ်ခုက ကာကွယ်ဆေးတီထွင်တဲ့နေရာမှာ Phase 3ကို အောင်မြင်သွားတယ်လို့ ဝမ်းသာစရာ ကြားလိုက်ရပါတယ်။ တခြားကာကွယ်ဆေးတွေကလည်း အနှေးနဲ့ အမြန်ဆိုသလို ဆက်တိုက်ထွက်လာကြတော့မှာပါ။ ဒီတိုင်းဆိုရင် မကြာခင် ကိုဗစ်ပြီးဆုံးတော့မှာပါ။ လက်ရှိမှာတော့ Pfizerနဲ့ BioNTechက ပူးပေါင်းပြီး ထုတ်တဲ့ ကာကွယ်ဆေးနဲ့ Modernaက ထုတ်တဲ့ ကာကွယ်ဆေးကတော့ အပြိုင်အဆိုင်နာမည်ကြီးနေပါတယ်။ ဒီနှစ်ခုရလဒ်တွေ ကောင်းရဲ့လား။ ဘာတွေ ကွာခြားချက်ရှိလဲဆိုတာကို လေ့လာကြည့်ရအောင်။ Pfizerနဲ့ BioNTechက ပူးပေါင်းပြီး ထုတ်တဲ့ ကာကွယ်ဆေး နိုဝင်ဘာလအစက Pfizerနဲ့ BioNTechက သူတို့ရဲ့ ကိုဗစ်ကာကွယ်ဆေးက ၉၀ရာခိုင်နှုန်းနဲ့အထက် ကာကွယ်မှုပေးနိုင်တယ်ဆိုတာကို ကြေညာခဲ့ပါတယ်။ ဒါဟာ အဆင့်၃ […]


ကူးစက်ရောဂါများ

COVID-19 ကာကွယ်ဆေး တန်ကြေးက သေးပါ့မလား

ကမ္ဘာတစ်ဝှမ်း ကပ်ဘေးတစ်ခုအသွင် ပြန့်နှံ့နေတဲ့ COVID-19 ရောဂါကို ရပ်တန့်နိုင်ဖို့ တစ်ကမ္ဘာလုံးက လူသားတိုင်းက မျှော်လင့်နေပါတယ်။ ကာကွယ်ဆေးတွေ ဖန်တီးနိုင်ဖို့ နိုင်ငံတကာ ဆေးဝါးကုမ္ပဏီတွေက အပြိုင်အဆိုင် ကြိုးပမ်းနေကြပြီးတော့ အားတက်ဖွယ်ရလဒ်မျိုးတွေမြင်တွေ့လာနေရပါတယ်။ လက်ရှိမှာ Pfizer-BioNTech ရဲ့ ကာကွယ်ဆေးသစ်နဲ့ Moderna ရဲ့ ကာကွယ်ဆေးသစ်တွေဟာ စမ်းသပ်မှုအဆင့်ဆင့်မှာ ၉၀%ကျော်အထိ ရလဒ်ကောင်းတွေ ထွက်ရှိခဲ့သလို ဘေးထွက်ဆိုးကျိုးလည်း မရှိခဲ့တာမို့ တရားဝင်ဆေးဝါးတွေဖြစ်လာဖို့ အလွန်နီးစပ်နေပြီဖြစ်ပါတယ်။ ဒီကုမ္ပဏီတွေအပြင် AstraZeneca-Oxford ၊ Johnson & Johnson ၊ တရုတ်က CanSino Biologics၊ ဂျာမနီက CureVac၊ အစ္စရေးလ်က BriLife၊ အိန္ဒိယက Bharat Biotech နဲ့ ရုရှားက Dr Reddy’s-BIRAC တို့ရဲ့ ကြိုးပမ်းမှုတွေကလည်း ကာကွယ်ဆေးသစ်တွေထုတ်လုပ်နိုင်ဖို့ ပိုမိုပြီး နီးစပ်လာနေပါတယ်။ ဆေးဝါးသစ်တွေ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း