ကူးစက်ရောဂါများ

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ ပိုးမွှားတွေ အလွယ်တကူကပ်နိုင်တဲ့ နေရာပါ။ အများစုက အန္တရာယ်မရှိပေမယ့် တစ်ခါတလေမှာ ရောဂါဖြစ်စေနိုင်တဲ့ ပိုးတွေကြောင့် ကျန်းမာရေး ထိခိုက်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ဆီမှာ အဖြစ်များတဲ့ ကူးစက်ရောဂါတွေအကြောင်းကို ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကူးစက်ရောဂါများ

ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ

ကိုဗစ်ရောဂါ စတင်ဖြစ်ပွားစဉ်က ကလေးတွေမှာ ကိုဗစ် ကူးစက်တာ သိပ်မတွေ့ရပေမယ့် နောက်ပိုင်းမှာ Covid-19 က ကလေးတွေမှာပါ ဖြစ်လာတာကို တွေ့ရပါတယ်။ တကယ်ကတော့ ကိုဗစ်က ကလေးတွေမှာ အသက်အရွယ် မရွေးဖြစ်နိုင်ပါတယ်။ ကလေးတိုင်းမှာ မတူညီတဲ့ နည်းလမ်းတွေနဲ့ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံရနိုင်သလို အရမ်းငယ်သေးတဲ့ အသက် ၁ နှစ်အောက် ကလေးတွေမှာ ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ ဆိုတာကို သတိထားသိရှိနိုင်စေဖို့ မျှဝေပေးချင်ပါတယ်။ မွေးကင်းစ ကလေးလေးတွေ နဲ့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်နိုင်လား မေမေ့မှာ ရောဂါပိုး ကူးစက်ခံထားရပြီး ကလေးကိုမွေးဖွားချိန်မှာ ရောဂါပိုး ကူးစက်တာမျိုးကတော့ အတော်လေး ဖြစ်ခဲပါတယ်။ ကလေးကို မွေးဖွားပြီးချိန်မှာ ထိတွေ့တာ နမ်းရှုံ့တာတွေကနေတဆင့်တော့ ကူးစက်နိုင်ပါတယ်။ မွေးကင်းစ ကလေးတွေမှာ […]

ကူးစက်ရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကူးစက်ရောဂါများ ကို ရှာဖွေမည်။

ကူးစက်ရောဂါများ

ကိုဗစ်၊ ဝှေးစေ့ရောင်ခြင်းနဲ့ နောက်ဆက်တွဲပြဿနာ

ကိုဗစ်နဲ့ ပတ်သက်ပြီး လေ့လာစရာတွေက မကုန်နိုင်အောင်လောက် ပေါနေတာမို့လို့ သတင်းတွေကလည်း တစ်နေ့ တစ်မျိုးပါပဲ။ ခုလည်း ဝှေးစေ့အောင့်ရာကနေ ကိုဗစ်ဖြစ်နေတာကို တွေ့မိတယ်ဆိုတဲ့ လေ့လာချက်လေး တစ်ခု ပေါ်လာလို့ သတိထားနိုင်အောင် ပြောပြပေးပါမယ်။ အမျိုးသားထုကြီးကတော့ မျက်ခုံးလှုပ်နေလာက်ပါပြီ။ Elsevier Public Health Emergency Collectionထဲက ဖော်ပြထားတာလေး တစ်ခုပါ။ ကိုဗစ်နဲ့ ဝှေးစေ့အောင့်ခြင်း ဖြစ်စဉ် လွန်ခဲ့တဲ့ ဧပြီလလယ်လောက်က အသက် ၄၃နှစ်အရွယ် အမျိုးအစား၁ ဆီးချိုရောဂါအခံရှိတဲ့ အမျိုးသားတစ်ယောက်က ငွေ့ငွေ့ဖျားပြီး ဝှေးစေ့ နှစ်ဖက်လုံးအောင့်နေတာ ၃ရက်လောက် ရှိပြီဆိုတော့ အရေးပေါ်ဌာနကို လာပြပါတယ်။ ဝှေးစေ့အောင့်နိုင်လောက်တဲ့ အကြောင်းရင်းတွေ မေးကြည့်တဲ့အခါ မယ်မယ်ရရ မရှိတာကြောင့် ဆေးပေးပြီး ပြန်လွှတ်ခဲ့ပါတယ်။ နေ့ဝက်လောက်နေတော့ တစ်ခါ မောတယ်၊ ဝှေးစေ့နာတာ မသက်သာဘူး။ ဘဘ်ဘက်က ပိုဆိုးလာတယ်ဆိုပြီး အရေးပေါ်ဌာနကို ပြန်ရောက်လာပြန်ရော။ […]


ကူးစက်ရောဂါများ

COVID ကာကွယ်ဆေး ထိုးနှံပြီးသူတွေ ဘယ်လို အကျိုးဆက်တွေ ခံစားကြရလဲ

ကမ္ဘာ့ကပ်ဘေးတစ်ခုဖြစ်တဲ COVID-19 ရောဂါကို ကာကွယ်ပေးနိုင်တဲ့ ဆေးဝါးထိုးနှံမှုတွေကို ဗြိတိန်နိုင်ငံမှာ ပြီးခဲ့တဲ့ အင်္ဂါနေ့က စတင်လိုက်ပါတယ်။ တစ်ကမ္ဘာလုံးက စောင့်ကြည့်နေကြတဲ့ ဒီအစီအစဉ်ဟာ အလုပ်ဖြစ်တယ်လို့ ဗြိတိန်အာဏာပိုင်တွေကတော့ ကြေညာထားပါတယ်။ ကာကွယ်ဆေးတွေဟာ ၂ ကြိမ်ထိုးနှံဖို့ လိုအပ်တာမို့ တကယ်ထိရောက်မှုရှိမရှိဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပါ။ လတ်လောမှာတော့ ကာကွယ်ဆေးထိုးနှံမှုတွေမှာ ဘေးထွက်ဆိုးကျိုးတွေရှိနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာမို့ တကယ်ဘေးထွက်ဆိုးကျိုးတွေ ရှိနေနိုင်တာလားဆိုတာကို လူတိုင်းက စိတ်ဝင်စားနေကြပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတွေတုန်းက ပြုလုပ်ခဲ့တဲ့ အမေရိကန် ရောဂါထိမ်းချုပ်ရေးနှင့် ကွပ်ကွဲရေးဌာန (CDC) ရဲ့ အစည်းအဝေးမှာ ခုလိုမျိုးစတင်သတိပေးခဲ့တာဖြစ်ပါတယ်။ CDC က ဘယ်လိုသတိပေးခဲ့သလဲ COVID-19 ရောဂါကို ကာကွယ်ပေးနိုင်တဲ့ ကာကွယ်ဆေးတွေဟာ လူတွေကို ဘေးထွက်ဆိုးကျိုးတွေ ယူဆောင်လာနိုင်တယ်လို့ CDC က သူတို့ရဲ့ COVID-19 ကာကွယ်ဆေးဆိုင်ရာ အကြံပြု အစည်းအဝေးမှာ သတိပေးစကားဆိုလိုက်ခဲ့ပါတယ်။ ဒီကြေညာချက်က ဗြိတိန်မှာ ကာကွယ်ဆေးစတင်မထိုးနှံခင် […]


ကူးစက်ရောဂါများ

COVID-19 ပိုးကို ထိန်းချုပ်နိုင်မယ့် သောက်ဆေးပေါ်ထွက်လာတော့မလား

လတ်တလောမှာ တစ်ကမ္ဘာလုံးကို ဒုက္ခပေးနေတဲ့ COVID-19 ကူးစက်ရောဂါဆိုးကြီးကို ဟန့်တားဖို့ သိပ္ပံပညာရှင်တိုင်းက ကြိုးပမ်းနေကြတာပါ။ ဒါကြောင့်လည်း ကာကွယ်ဆေးတွေ၊ ကုသဆေးတွေ ဖန်တီးထုတ်လုပ်မှုတွေအကြောင်းကို နေ့စဉ်ရက်ဆက်ဆိုသလို ကြားသိနေရပါတယ်။ တိုးတက်မှုတွေရှိသလို ပြီးပြည့်စုံစွာ မအောင်မြင်သေးတာတွေလည်း ထုနဲ့ထေးပေါ့။ ခုချိန်မှာလည်း အမေရိကန်ပြည်ထောင်စု၊ အတ္တလန်တာအခြေစိုက် ဂျော်ဂျီယာပြည်နယ်တက္ကသိုလ်ရဲ့ Institute for Biomedical Sciences ကနေ ထူးခြားတဲ့ ဆေးဝါးတစ်မျိုးဖန်တီးနိုင်ခဲ့ပြီလို့ ကြေညာခဲ့ပါတယ်။ အဆိုပါဆေးဝါးဟာ သောက်ဆေးတစ်မျိုးဖြစ်ပြီး ကူးစက်ရောဂါတွေကို ကာကွယ်နှိမ်နင်းဖို့အတွက် တီထွင်ဖန်တီးခဲ့တဲ့ ဆေးဝါးတစ်မျိုးပါ။ တီထွင်ဖန်တီးခဲ့သူတွေရဲ့ ကြေညာချက်အရဆိုရင်တော့ ဒီဆေးဝါးဟာ တုပ်ကွေးရောဂါမျိုးစိတ်တွေနဲ့ SARS၊ MERS နဲ့ SARS-CoV-2 စတဲ့ coronaviruses တွေကို ထိမ်းချုပ်ကုသနိုင်တယ်လို့ ဆိုထားပါတယ်။ SARS-CoV-2 ဆိုတာက COVID-19 ရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးဖြစ်တာမို့ လူသားတွေအတွက် သတင်းကောင်းတစ်ခုဖြစ်လာခဲ့ပါတယ်။ MK-4482/EIDD-2801 သို့မဟုတ် […]


ကိုရိုနာဗိုင်းရပ်စ်

ရေဓာတ်နည်းလို့ ကြွက်သားနာတဲ့အခါ

ကြွက်သားတွေက နေ့စဉ် လှုပ်ရှားမှုတွေမှာ မပါမဖြစ် ပါဝင်ရတဲ့ အရာတွေပါ။ လမ်းလျှောက်တဲ့အခါ ခြေသလုံး ကြွက်သားကို အားပြုရတယ်။ ပစ္စည်းလေးတွေကို ကောက်ကိုင်တယ်ဆိုရင် လက်ချောင်းလေးတွေက ကြွက်သားလေးတွေ လက်ဖျံ၊ လက်မောင်းစတဲ့နေရာတွေက ကြွက်သားတွေကို အားကိုးရပါတယ်။ ဒီတော့ လှုပ်ရှားမှုတိုင်းမှာ သူတို့လေးတွေက မပါမဖြစ်ပေါ့။ ဒီတော့ သူတို့က ပင်ပန်းနိုင်တယ်။ နာကျင်နိုင်တယ်။ ကိုက်ခဲနိုင်တယ်လေ။ လမ်းလျှောက် များရင် ခြေသလုံး ကြွက်သားတွေ ကိုက်တယ်ဟုတ်။ ဒါက ခြေသလုံး ကြွက်သားလေးတွေ ပင်ပန်းသွားလို့ပါ။ အားပြတ်သွားတဲ့ သဘောပေါ့။ ဒီလိုအခြေအနေမှာ အာဟာရဖြည့်တာ အနားပေးတာတွေ လုပ်ရတယ်လေ။ ဒါမှ ကြွက်သားလေးတွေက ပြန်လည်အားပြည့်ကျန်းမာလာမှာပေါ့။ ဒီတော့ ကြွက်သားလေးတွေ နာကျင်မှုကင်းပြီး ကျန်းမာနေစေဖို့ ဘယ်လို ဂရုစိုက်ကြမလဲ …။ အဖြစ်များတဲ့ ကြွက်သားနာကျင်ရတဲ့ အကြောင်းအရင်း ကြွက်သားတွေကို နာကျင်စေရတဲ့ အကြောင်းအရင်းတွေကတော့ အများကြီးပါပဲ။ […]


ကူးစက်ရောဂါများ

COVID-19 ကာကွယ်ဆေးတွေမှာ ဘေးထွက်ဆိုးကျိုးတွေ ရှိနေသလား

တစ်ကမ္ဘာလုံး လိုလားတောင့်တနေကြတဲ့ COVID-19 ကာကွယ်ဆေးတွေ လူတွေရဲ့လက်ထဲကို ရောက်ရှိလာဖို့ အလွန်ကိုနီးစပ်နေပြီဖြစ်ပါတယ်။ ကမ္ဘာ့ထိပ်တန်းတိုင်းပြည်တစ်ချို့ရဲ့ ကာကွယ်ဆေးတွေဟာ ဆေးဝါးအဆင့်ကိုရောက်ရှိနေကြပြီဖြစ်သလို တချို့တိုင်းပြည်တွေမှာဆိုရင် ဆေးဝါးတွေကို စတင်အသုံးချထိုးနှံကြတော့မှာပါ။ ရောဂါကပ်ဘေးကြီးရဲ့ ဆိုးရွားလှတဲ့ ဘေးထွက်ဆိုးကျိုးတွေနဲ့ ထိခိုက်နစ်နာမှုတွေကြောင်း လူတိုင်းက ဒီအခြေအနေကနေ လွတ်မြောက်ချင်နေကြပြီး ကပ်ဘေးကို ကျော်လွှားချင်နေကြတာ ထူးဆန်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ဒီလိုမျိုး အမျိုးအမည်အမျိုးမျိုးနဲ့ပေါ်ထွက်လာနေတဲ့ ကာကွယ်ဆေးတွေနဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုအခြေစိုက် ကျန်းမာရေးအာဏာပိုင်အဖွဲအစည်းတစ်ခုဖြစ်တဲ့ ရောဂါထိန်းချုပ်ရေးနှင့် ကွပ်ကွဲရေးဌာန (CDC) ကတော့ သတိပေးစကားဆိုလိုက်ပါတယ်။ COVID-19 ရောဂါကို ကာကွယ်ပေးနိုင်တဲ့ ကာကွယ်ဆေးတွေဟာ လူတွေကို ဘေးထွက်ဆိုးကျိုးတွေ ယူဆောင်လာနိုင်တယ်လို့ CDC က သတိပေးစကားဆိုလိုက်တာဖြစ်ပါတယ်။ CDC ရဲ့ ကျွမ်းကျင်ပညာရှင်တွေက ကာကွယ်ဆေးဆိုင်ရာ အကြံပေးအစည်းအဝေးမှာ ခုလို သတိပေးစကားဆိုသွားခဲ့ကြတာပါ။ CDC ကိုယ်တိုင်ကလည်း ဘယ်လို COVID-19 ကာကွယ်ဆေးမျိုးကိုမှ […]


ကူးစက်ရောဂါများ

ကိုဗစ်ရဲ့ နောက်ဆက်တွဲ COVID Haulerဆိုတာ

ချောင်းဆိုးမယ်၊ ဖျားမယ်၊ အနံ့ပျောက်မယ်။ ဆေးစစ်မယ်။ ကိုဗစ်တွေ့မယ်။ ဆေးရုံတက်မယ်။ အားလုံးကောင်းရင်၊ ရက်ပြည့်ရင် ပြန်ဆင်းမယ်။ အိမ်မှာ Quarantineဆက်ဝင်မယ်။ ပြီးရင် ပြီးပြီလို့ ထင်နေရင် သင့်အတွေးတွေကို ရုတ်သိမ်းလိုက်ပါ။ ကိုဗစ်က ဒီလောက် မရိုးရှင်းပါဘူး။ ကိုဗစ်ကို စတွေ့တာ ၂၀၁၉ နှစ်ကုန်ပိုင်းကဆိုတော့ ခုဆိုရင် တစ်နှစ်တောင် ရှိရောပေါ့။ အိမ်နီးချင်းလိုပဲ အနေကြာလေ အကြောင်းသိလေပါ။ ဒါကြောင့် ကိုဗစ်ဖြစ်ပြီးလည်း မပြီးဘူးဆိုတာ တဖြည်းဖြည်း သိလာရပါပြီ။ ကိုဗစ်ဖြစ်ပြီးတာတောင် လူနာတွေက တချို့ဝေဒနာတွေကို ဆက်ပြီးခံစားနေရသေးတာ တွေ့ရပါတယ်။ ကိုဗစ်ဖြစ်ပြီးနောက် ကိုဗစ်ဖြစ်ပြီးလို့ ပျောက်သွားရင် အိမ်မှာ အေးအေးဆေးဆေးနေနိုင်မယ်လို့ ထင်ပေမယ့် လက်တွေ့မှာ ဒီလိုမဟုတ်ပါဘူး။ ပိုးမရှိတော့ပေမယ့် ကိုယ်က အရင်လို မဟုတ်တော့တာကို သတိထားမိပါလိမ့်မယ်။ အရင်ကလောက် အလုပ်မလုပ်နိုင်တာ၊ တစ်ခုခုဆို စူးစိုက်မရဘဲ ဟိုမေ့ ဒီမေ့ […]


ကူးစက်ရောဂါများ

ကိုဗစ်ကူးစက်ခံရပြီး မြန်မြန်နာလန်ထနိုင်ဖို့

ကိုဗစ်ကူးစက်ခံရလို့ ဆေးရုံတက်ပြီး အိမ်ပြန်ရောက်လာရင်တောင် ကိုဗစ်ရဲ့ အငွေ့အသက်တွေက မလွတ်သေးပါဘူး။ နာတာရှည် နောက်ဆက်တွဲ ဆိုးကျိုးတွေက စောင့်ကြို နေပါသေးတယ်။ ဒါကြောင့် လူနာတွေက ဆေးရုံက ဆင်းသွားပြီးရင်တောင် မောလို့၊ နုံးလို့၊ ချောင်းဆိုးလို့၊ အနံ့မရသေးလို့ ဆိုပြီး ပြန်ပြန်ရောက်လာကြပါတယ်။ ကိုဗစ်ကူးစက်ပြီးသွားရင် အရင်နဲ့ မတူဘဲ ခန္ဓာကိုယ်မှာ နောက်ဆက်တွဲ အပျက်အစီးလေးတွေက ကျန်ခဲ့တတ်ပါတယ်။ သာမန်အပရိက မောတာက စလို့ အထဲက ကိုယ်တွင်းအင်္ဂါတွေ ထိခိုက်တဲ့အထိ ဖြစ်တတ်ပါတယ်။ လူတိုင်း ခံစားရတာ မဟုတ်ပေမယ့် ခံစားရတဲ့ သူတွေကျတော့လည်း တစ်ယောက်နဲ့ တစ်ယောက် ပြင်းထန်ပုံခြင်း၊ ကြာချိန်ခြင်း မတူကြပါဘူး။ ဒါကြောင့် WHOက ထုတ်ပြန်ထားတဲ့ ကိုဗစ်ရောဂါခံစားပြီးတဲ့နောက်မှာ မြန်မြန်နာလန်ထူအောင် ဂရုစိုက်နိုင်မယ့် နည်းလမ်းတွေကို မျှဝေပေးချင်ပါတယ်။ ကိုဗစ်ကူးစက်ခံရပြီး မြန်မြန်နာလန်ထနိုင်ဖို့ ဆေးရုံက ဆင်းပြီးတာတောင် မောနေသေးတယ်ဆိုရင် နေမကောင်းဖြစ်လိုက်လို့ အားအင်ကုန်ခမ်းသွားတာရော၊ […]


ကူးစက်ရောဂါများ

ကိုဗစ်ပျောက်သွားတောင် နေလို့ မကောင်းသေးတာ ဘာကြောင့်လဲ။

ကိုဗစ်က ကူးမှာဖြင့်လည်း မြန်မြန်ကူး၊ မြန်မြန်ကူး မြန်မြန်ခုခံအားရလို့ လွယ်လွယ်ပြောကြပေမယ့် ကိုဗစ်က ဒီလို အထင်သေးစရာကောင်းတဲ့ ရောဂါတော့ မဟုတ်ပါဘူး။ ခုနောက်ပိုင်း ကူးစက်ခံရတဲ့ လူတွေများလာတဲ့အတွက် ကူးခံရသူတွေက ဆေးရုံက ဆင်းသွားပြီးရင် အရင်လို မဟုတ်တော့ဘူး။ အမောမခံနိုင်တော့ဘူး။ ဆေးရုံက ဆင်းလာတာကြာပေမယ့် အားမရှိသလိုပဲဆိုပြီး ပြောကြလေ့ရှိပါတယ်။ ဒါဟာ ဘာကြောင့်များပါလဲ။ ကိုဗစ်ကူးပြီးရင်တောင် မပြီးနိုင်သေးဘူးလား။ ကိုဗစ် ကူးခံရပြီးနောက် ကိုဗစ်ဖြစ်ရင် လူ ၁၀၀မှာ ၈၀လောက်က ရောဂါမပြင်းထန်ဘဲ သက်သာသွားကြပါတယ်။ ကျန်တဲ့ ၁၀ကနေ ၁၅ ရာခိုင်နှုန်းလောက်က ပြင်းထန်တဲ့ အဆင့်ကို ရောက်ပြီး ကျန်တဲ့ ၅ရာခိုင်နှုန်းက တော်တော်ဆိုးတဲ့ အဆင့်ကို ခံစားရပါတယ်။ အများစုက ကူးစက်ခံရပြီး ၂ပတ်ကနေ ၆ပတ်လောက်ဆို ပုံမှန်အတိုင်း ဖြစ်သွားကြပါတယ်။ ဒါပေမယ့် လူတချို့မှာတော့ လပိုင်းလောက်ထိ နောက်ဆက်တွဲလက္ခဏာတွေ […]


ကူးစက်ရောဂါများ

COVID-19 ဗိုင်းရပ်စ်သယ်ယူထိန်းသိမ်းရေးပစ္စည်း

COVID-19 ကပ်ရောဂါကြီးဖြစ်ပွားနေတဲ့အချိန်မှာ ရောဂါကူးစက်မှုကို စောစီးစွာသိဖို့ အရေးကြီးဆုံးပါ။ ဒါမှသာ အမြန်ဆုံးဆေးကုသမှု ခံယူနိုင်မှာပါ။ COVID-19 သံသယရှိနေသူတွေကို ရောဂါရှိမရှိ ဘယ်လိုစစ်ဆေးကြလဲ။ နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ် (Nasopharyngeal swab, Throat swab) ယူကြ ပါတယ်။ ယူပြီး စစ်ဆေးခံဖူးသူတွေသိမှာပါ။ ပန်းရောင်အရည်ထည့်ထားတဲ့ ပလတ်စတစ် ပြွန်လေးထဲကို ယူပြီးသား နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်တွေ ထည့်ယူသိမ်းဆည်းကြပါတယ်။ ထိုပန်းရောင်အရည်တွေဟာ ဘာတွေလဲ၊ ဘာအတွက် ထည့်ရတာလဲ ဆိုတာကို လူအများစုက သိချင်နေကြပါတယ်။ စိတ်ဝင်စားနေ ကြပါတယ်။ အရင်ဦးဆုံး Viral Transport Medium Kit (VTM Kit) ဆိုတဲ့ ဗိုင်းရပ်စ် သယ်ယူထိန်းသိမ်းရေးပစ္စည်းများ အကြောင်းကို ပြောပြချင်ပါတယ်။ VTM Kit ထဲမှာဘာတွေပါလဲ။ အရည်ပမာဏ (၁၅) မီလီလီတာခန့် ထည့်လို့ရတဲ့ အဖုံးပါပလတ်စတစ် ပြွန်တစ်ခု […]


ကူးစက်ရောဂါများ

ကိုဗစ်ကုသရေးမှာအရေးပါလာတဲ့ သွေးတွင်းအောက်ဆီဂျင်ပမာဏတိုင်းတာခြင်း

အဆုတ်တွေရဲ့အလုပ်လုပ်နိုင်စွမ်းကိုတိုင်းတာတဲ့နေရာမှာ သွေးတွင်းအောက်ဆီဂျင်ပမာဏကလည်း အတော်လေးအရေးကြီးပါတယ်။ အသက်ရှုချိန်တိုင်းမှာ သန့်စင်တဲ့အောက်ဆီဂျင်ဓာတ်ကို အဆုတ်တွေကနေ တစ်ကိုယ်လုံးကိုဖြန့်ဝေပေးပါတယ်။ ကိုယ်တွင်းကလီစာတိုင်း ပုံမှန်အလုပ်လုပ်နိုင်ဖို့ အောက်ဆီဂျင်လိုအပ်ပြီး လုံလောက်အောင်မရခဲ့ရင် ဦးနှောက်၊ နှလုံးလိုအရေးကြီးကလီစာတွေအချိန်ခဏလေးနဲ့ ပျက်စီးသွားမှာပါ။ အခုဖြစ်ပွားနေတဲ့ကိုဗစ်ရောဂါကလည်း အဆုတ်တွေကိုအဓိကတိုက်ခိုက်တဲ့အတွက်သွေးတွင်းအောက်ဆီဂျင် ပမာဏစစ်ဆေးဖို့ အရင်ကထက်ပိုအရေးပါလာပါတယ်။ သွေးတွင်းအောက်ဆီဂျင်ပမာဏကိုသိရဖို့ အရင်တုန်းက သွေးဖောက်ယူပြီးစမ်းသပ်စစ်ဆေးရပေမဲ့ အခုချိန်မှာတော့ လက်ထိပ်မှာစက်လေးတပ်လိုက်ရုံနဲ့ တင် မိနစ်ပိုင်းအတွင်းသွေးတွင်းအောက်ဆီဂျင်ပမာဏ ကိုသိရှိနေနိုင်ပါပြီ။ ဒီစက်တွေကို Pulse Oximeter (ဒါမှမဟုတ်) SPO2 စက်လို့လည်းအလွယ်ခေါ်ဆိုကြ ပါတယ်။ နာကျင်မှုလုံးဝမရှိဘဲ တိုင်းတာပေးနိုင်ပြီး လက်ထိပ်မှာညှပ်ပြီးတိုင်းတာနိုင်ပါတယ်။ လက်ကိုညှပ်လိုက် ချိန်မှာစက်ရဲ့တစ်ဖက်က အလင်းထုတ်ပေးပြီး ဒီအလင်းရောင်ကလက်သည်း၊ အရေပြား၊ အသားစ၊ သွေး အကုန်လုံးကိုဖြတ်သန်းသွားပါတယ်။ အသားစနဲ့သွေးတွေမစုပ်ယူနိုင်ဘဲစက်ရဲ့ တစ်ဖက်ခြမ်းကိုရောက်သွားတဲ့ အလင်းပမာဏကိုစက်ကပြန်ဖမ်းယူပြီး သွေးတွင်းအောက်ဆီဂျင်ဓာတ်ကိုတွက်ထုတ်ပေးတာဖြစ်ပါတယ်။ သွေးတွင်းအောက်ဆီဂျင်ပမာဏက ပုံမှန်အတွင်းဆို ၉၅% နဲ့ ၁၀၀% ကြားရှိရမှာပါ (လေထုပါးလွှာတဲ့ တောင်ပေါ်ဒေသမှာနေတဲ့ သူတွေဆိုရင်တော့ ဒီထက်နည်းနိုင်ပါတယ်)။ စက်ပစ္စည်းတိုင်းလွဲချော်မှုအနည်းနဲ့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း