သွေးတိုးရောဂါ

သွေးတိုးရောဂါက မျိုးရိုးကြောင့် ဖြစ်နိုင်သလို ဘဝနေထိုင်မှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သွေးတိုး ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေကတော့ အများကြီးပါပဲ။ သွေးတိုးက ရေရှည်မှာ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ခံစားရစေနိုင်ပါတယ်။ ဒီနေရာမှာ သွေးတိုးရောဂါနဲ့ပတ်သက်ပြီး ကျွမ်းကျင်သုတေသီတွေ ကိုယ်တိုင် ပြောပြထားတဲ့ အချက်တွေနဲ့ သွေတိုးကို ဘယ်လို ကိုင်တွယ်ဖြေရှင်းရမလဲဆိုတဲ့ အချက်လေးတွေကို လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

သွေးတိုးရောဂါ

သွေးတိုးသမားတွေ သိထားဖို့ လိုမယ့် အန္တရာယ်ရှိတဲ့ လက္ခဏာတွေ

သွေးတိုး တာက နာတာရှည် ကျန်းမာရေး ပြဿနာဖြစ်သလို အရမ်းပြင်းထန်မယ်ဆိုရင် အသက်အန္တရာယ် ထိခိုက်စေနိုင်တဲ့အထိ ပြင်းထန်ပါတယ်။  အခုလို အပူချိန် မြင့်တက်နေချိန်မှာ သွေးတိုးသမားတွေ  ဘယ်လို လက္ခဏာတွေက အသက်အန္တရာယ် ထိခိုက်စေနိုင်တဲ့ လက္ခဏာတွေလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ ဘယ်လောက်ဆိုရင် သွေးတိုးနေပြီလို့ ဆိုနိုင်လဲ ပုံမှန်ကတော့ သွေးပေါင်ချိန်က အပေါ်သွေး 120 mmHg အောက်သွေး 80 mmHg ဆိုရင် ပုံမှန် အခြေအနေလို့ ဆိုနိုင်ပါတယ်။ တကယ်လို့ အပေါ်သွေးက 120 mmHg ထက်ပိုများနေမယ်။ 120 mmHg - 139 mmHg ‌အောက်သွေးက 80 mmHg – 89 mmHg ဆိုရင် သွေးတိုး အစပျိုးနေတာ ဖြစ်ပြီး အပေါ်သွေးက 140 […]

သွေးတိုးရောဂါ ကို ရှာဖွေမည်။

သွေးတိုးရောဂါ

သွေးပေါင်တက် သောသူများအတွက် အစားအစာများ

အကယ်၍ တစ်စုံတစ်ယောက်ဟာ သွေးပေါင် တက်လေ့ရှိပါက သွေးတိုးခြင်းနှင့် ပက်သက်သော အခြားရောဂါများအလွယ်တကူ ဖြစ်နိုင်ပါတယ်။ ထို့ကြောင့် သင့်တော်သော အစားအစာများ စားသုံးခြင်းဖြင့် သွေးတိုးခြင်းကို ထိန်းချုပ်ထားသင့်ပါတယ်။ သွေးပေါင်တက်သောသူများအတွက် ကျန်းမာသော စားသောက်နည်းများ -စားခြင်းကို ထိန်းချုပ်နိုင်စွမ်းရှိပါ။ အစာမည်မျှစားသည်၊ ထိုအစာထဲတွင် ကယ်လိုရီမည်မျှ ပါဝင်သည် စသည်တို့ကို ခန့်မှန်းတွက်ချက်ပါ။ ထိုသို့ဖြင့် သွေးပေါင်ကို ထိန်းချုပ်နိုင်ပါမည်။ -ဆားသည် သွေးပေါင်အပေါ် သက်ရောက်မှုရှိပါတယ်။ သင်စားသော အစာများထဲတွင် ဆားများစွာပါပါက ထိုဆားများသည် ခန္ဓါကိုယ်တွင်းတွင် အရည်များကို ဆွဲယူထားကာ သွေးပေါင်တက်နိုင်ချေကို မြင့်စေပါတယ်။ သွေးတိုးရောဂါ ရှိပါက စားသုံးသော ဆားပမာဏကို ကန့်သတ်ထားသင့်ပါတယ်။ တစ်နေ့လျှင် ဆားကို လက်ဖက်ရည်ဇွန်း တစ်ဇွန်းထက်မပိုသင့်ပါ။ ၂၃၀၀ မီလီဂရမ်အောက်ဖြစ်သင့်ပါတယ်။ အစားအစာများ၏ အညွှန်းကို သေချာဖတ်ခြင်းဖြင့် ဆားဓါတ်များစွားပါသော အစားအစာများကို ရှောင်ကြဉ်ပါ။ ဆားဓါတ်နည်းသော အစာများကို […]


သွေးတိုးရောဂါ

သွေးတိုးခြင်းနှင့် လိင်မှုကိစ္စ

သွေးတိုးရောဂါကြောင့် သွေးကြောတွေ ပျက်စီးလာခြင်းဟာ ကိုယ်ခန္ဓာတစ်လျှောက်ကို သွေးလည်ပတ်မှု ကျဆင်းစေပါတယ်။ ဆီးခုံဝန်းကျင်ကို သွေးလည်ပတ်မှုလျော့ကျသွားခြင်းဟာ အမျိုးသားများရော အမျိုးသမီးများမှာပါ လိင်မှုကိစ္စတွေကို ထိခိုက်မှုဖြစ်စေပါတယ်။ - ပန်းညှိုးခြင်း။ အမျိုးသားများမှာ သွေးတိုးကြောင့် လိင်မှုကိစ္စကို ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုဖြစ်စေရာမှာ အမျိုးသမီးများထက် ပိုဆိုးပါတယ်။ ယောက်ျားတန်ဆာထောင်မတ်ဖို့ သွေးအလုံအလောက်စီးဝင်မှု မရှိတဲ့အခါ ပန်းညှိုးခြင်း ဖြစ်ပေါ်ပါတယ်။ - လိင်မှုဆန္ဒကျဆင်းခြင်း။ သွေးတိုးရောဂါကြောင့် အမျိုးသမီးတွေမှာ လိင်မှုဆန္ဒ စိတ်မပါဘဲ ဖြစ်တတ်ပါတယ်။ အမျိုးသားများမှာ ပိုမိုဆိုးရွားတဲ့ ပြသနာတွေ ရှိတာကြောင့် အာရုံပိုစိုက်ကြပါတယ်။ လူတချို့ဟာ လိင်ဆက်ဆံချိန်မှာ နှလုံးထိခိုက်မှု ဖြစ်မှာ စိုးရိမ်ကြပါတယ်။ တကယ်တော့ ဖြစ်နိုင်ခြေဟာ အတော်လေး နည်းပါတယ်။ လိင်ကိစ္စကြောင့် သွေးပေါင်ချိန် တက်လာပေမယ့် လမ်းလျှောက်စဉ်၊ လှေကားတက်စဉ်မှာ မြင့်တက်တတ်သလောက်ပါပဲ။ ဒါပေမယ့် ပန်းညှိုးခြင်းပြသနာကိုတော့ ကုသရပါမယ်။ သွေးတိုးရော ပန်းညှိုးခြင်းပါ ရှိမယ်ဆိုရင် […]


သွေးတိုးရောဂါ

သွေးတိုးရောဂါ ကုသခြင်းတွင် သွေးကြောကျယ်ဆေးများ အသုံးပြုခြင်း

သွေးတိုးကုသနည်းများ တွင် အချို့သောဆေးများ ဟာ သင်နဲ့ ရင်းနီးပြီးသားဖြစ်ပါလိမ့်မယ်။ သည်ဆောင်းပါးက သွေးကြောကျယ်ဆေးများ နဲ့ ပက်သက်ပြီး သိသင့်သည့် အချက်အချို့ကို ဖေါ်ပြသွားမှာ ဖြစ်ပါတယ်။ သွေးကြောကျယ်ဆေးများမှာ Hydralazine hydrocholoride(apresoline) and minoxidil(loniten) တို့ဖြစ်ပါတယ်။ ဘာကြောင့် သွေးကြောကျယ်ဆေးများကို အသုံးပြုပါလဲ။ သွေးကြောကျယ်ဆေးများကို အောက်ပါ အခြေအနေများတွင် အသုံးပြုပါတယ်။ -သွေးတိုးခြင်း -ကိုယ်ဝန်ဆိပ် တက်ခြင်း -အဆုပ်သွေးကြော ဖိအားများခြင်း -နှလုံးအားနည်းခြင်း   သွေးကြောကျယ်ဆေးများ က မည်သို့ အလုပ်လုပ်သလဲ။ ထိုဆေးများသည် သွေးကြောများရဲ့ နံရံကို ပြေလျော့စေပြီး သွေးကြောကျဉ်းခြင်းမှ ကာကွယ်ပေးပါတယ်။ သွေးကြောများကို ကျယ်စေပါတယ်။ ထိုသို့ဖြင့် သွေးများကို ကောင်းမွန်စွာ စီးဆင်းစေပြီး ဖိအားလျော့နည်းစေပါတယ်။ အခြာဆေးများ နှင့် အလုပ်မဖြစ်ပါက သွေးကြောကျယ်ဆေးများကို အသုံးပြုပါတယ်။ သွေးကြောကျယ်ဆေးများဟာ သွေးကြောနံရံများ ပေါ်သက်ရောက်ပါတယ်။ ဖြစ်နိုင်သော ဘေးထွက်ဆိုးကျိုးများမှာ- သည်ဆေးများသည်လည်း အခြားဆေးများကဲ့သို့ ဘေးထွက်ဆိုးကျိုးများ ရှိပါတယ်။ အပျော့စားမှ ပြင်းထန်အဆင့်ထိ ရှိပါတယ်။ အဖြစ်အများဆုံးမှာ- Hydralazine […]


သွေးတိုးရောဂါ

ဇင့်ဓါတ် နှင့် သွေးပေါင်

ဇင့် သည် နှလုံးနှင့် သွေးကြောများအတွက် လိုအပ်သော ဓါတ်တစ်ခုဖြစ်သည်။ zinc ဓါတ် နည်းလွန်းခြင်း၊ များလွန်ုးခြင်းတို့ဟာ ခန္ဓါကိုယ်ကို သက်ရောက်မှုများရှိပါတယ်။ အသေးစိတ်သိလိုပါက အောက်ပါ ဆောင်းပါးကို ဖတ်ကြည့်နိုင်ပါတယ်။   ဇင့် ဓါတ်နှင့် သွေးပေါင် ဇင့် သည် နှလုံးနှင့် သွေးကြောများအတွက် လိုအပ်သော ဓါတ်တစ်ခုဖြစ်သည်။ ခန္ဓါကိုယ်ထဲတွင် သံဓါတ်ပြီးလျှင် အများဆုံးတွေ့ရသော ဓါတ်တစ်မျိုးဖြစ်သည်။ ဆဲလ်တိုင်းလိုလိုတွင် တွေ့ရပါတယ်။ အစားအစာ အတော်များများတွင် ပါဝင်ပါတယ်။ ခန္ဓါကိုယ် တွင် ဇင့် ဓါတ်နည်းပါက အသက်အရွယ်ကြီးလာသော အခါ နှလုံးသွေးကြောနှင့် ပက်သက်သော ရောဂါများ ဖြစ်နိုင်ပါတယ်။ ခန္ဓါကိုယ် တွင် ဇင့် ဓါတ်များပါက လည်း နှလုံးသွေးကြောနှင့် ပက်သက်သော ရောဂါများ ဖြစ်နိုင်ပါတယ်။ ပိုလျှံသော zinc များဟာ သွေးတိုးစေနိုင်ပါတယ်။ ဇင့် ဟာ အခြားသော […]


သွေးတိုးရောဂါ

သွေးတိုးရောဂါအကြောင်းသိကောင်းစရာ

သွေးတိုးရောဂါဆိုတာ ဘာလဲ? Hypertension ဆိုတာကို သွေးတိုးတယ်လို့ လူသိများပါတယ်။ သွေးပမာဏမြင့်မားပြီး သွေးလွှတ်ကြောနံရံတွေကို ဆန့်ကျင်တွန်းကန်လာတဲ့အခါဖြစ်ပေါ်တဲ့ အခြေအေနေဖြစ်ပါတယ်။ နှလုံးကနေ သွေးလွှတ်ကြောသို့ သွေး ညှစ်ထုတ်လိုက်တာနဲ့ သွေးစီးဆင်းမှုက သင့်ရဲ့သွေးကြောနံရံတွေကို တွန်းတဲ့အခါ သွေးဖိအားအဆက်မပြတ်ပြောင်းလဲစေပါတယ်။ ဒီလို သွေးဖိအားမြင့်တက်ခြင်းက အချိန်ကြာမြင့်စွာဖြစ်နေမယ်ဆိုရင်တော့ သင့်ခန္ဓါကိုယ်မှာ အန္တရာယ်ဖြစ်နိုင်ပါတယ်။ သွေးတိုးရောဂါ အမျိုးအစားများစွာရှိပါတယ်။ ဒါပေမယ့်, အဓိကအမျိုးအစားများကတော့ : Primary hypertension,(essential hypertension , idiopathic hypertension လို့လည်းသိထားကြပါတယ်) Secondary hypertension (အောက်ခံအကြောင်းရင်းတစ်ခုခုကြောင့်ဖြစ်တာဖြစ်ပါတယ်။) Isolated systolic hypertension; Preeclampsia, (ကိုယ်ဝန်ဆောင်ကာလ သွေးတိုးခြင်း) စတာတွေဖြစ်ပါတယ်။ သင် သို့မဟုတ်သင် အလေးထားတဲ့သူမှာ သွေးတိုးရောဂါရှိလျှင် ဆေးဘက်ဆိုင်ရာ ကုသမှုခံယူခြင်းက အရေးကြီးပါတယ်။   သင့်ရဲ့သွေးပေါင်ချိန်နံပါတ်များက ဘယ်လိုအဓိပ္ပါယ်လဲ? သင့်ရဲ့သွေးပေါင်ချိန်မှာ ဂဏန်း၂မျိုး ပါဝင်ပါတယ်။ သင့်ခန္ဓါကိုယ်မှာ လည့်ပတ်နေတဲ့ သွေးကြိမ်နုန်းကို တိုင်းတာတာဖြစ်တယ်။ - Systolic (အပေါ်ကိန်း) […]


သွေးတိုးရောဂါ

Hypotension (သွေးပေါင်ကျခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Hypotension (သွေးပေါင်ကျခြင်း) ဆိုတာဘာလဲ သွေးပေါင်ကျတယ်ဆိုတာကသွေးလွှတ်ကြောတွေ၊သွေးပြန်ကြောတွေကနေတဆင့်သွေးတွေစီးဆင်းမှုနည်းသွားတာကြောင့်ဖြစ်လာတဲ့ သွေးပေါင်ချိန်နည်းလာတဲ့လက္ခဏာတစ်ရပ်ပါ။သွေးကြောတွေထဲမှာသွေးစီးဆင်းမှု အရမ်းနည်းသွားတဲ့အခါ ဦးနှောက်၊နှလုံး နဲ့ကျောက်ကပ်တို့လိုမျိုး ခန္ဓါကိုယ်အတွက် အရေးပါတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေဆီကိုအောက်ဆီဂျင်နဲ့အာဟာရဓါတ်တွေရောက်ရှိမှုနည်းသွားနိုင်ပါတယ်။ ဒီလိုမျိုးအခြေအနေက ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို ပုံမှန်အလုပ်မလုပ်နိုင်တဲ့ အခြေအနေကိုရောက်ရှိသွားစေနိုင်သလို ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ထိခိုက်ပျက်စီးတာမျိုးအထိတောင်ဖြစ်စေနိုင်ပါတယ်။ သွေးပေါင်ကျတာက အချို့သူတွေမှာပြဿနာကြီးကြီးမားမားမရှိပေမယ့် လူတော်တော်များများမှာတော့ ပုံမှန်မဟုတ်တဲ့သွေးပေါင်ကျတာကခေါင်းမူးတာ၊သတိလစ်တာတွေတောင်ဖြစ်နိုင်ပါတယ်။သွေးပေါင်ကျတာက အရမ်းပြင်း ထန်မယ်ဆိုရင်တော့ အသက်အန္တရာယ်တောင်ရှိနိုင်ပါတယ်။ ဘယ်လိုအခြေအနေဆိုရင်သွေးပေါင်ကျနေတာလဲ သွေးပေါင်ချိန်တိုင်းလိုက်လို့ အပေါ်သွေးက ၉၀ mm Hg ထက်နည်းနေပြီးအောက်သွေးက ၆၀ mm Hg ထက် နည်းနေခဲ့ရင်သွေးပေါင်ကျနေတယ်၊ လို့ ယူဆရပါမယ်။ သွေးပေါင်ကျစေရတဲ့ အကြောင်းရင်းခံကတော့တော်တော်လေးများပါတယ်။ ခန္ဓါကိုယ်မှာရေဓါတ်မလုံလောက်တာကနေစလို့ ကျန်းမာရေးအခြေအနေနဲ့ ခွဲစိတ်ကုသမှုခံယူစဉ်အတွင်း မှားယွင်းမှုတစ်စုံတရာဖြစ်တာကြောင့် လည်းသွေးပေါင်ကျတာမျိုးဖြစ်နိုင်ပါတယ်။ လက္ခဏာများသွေးပေါင်ကျခြင်း (Hypotension)ဖြစ်ရင် ဘယ်လိုလက္ခဏာတွေဖြစ်နိုင်လဲ ရုတ်တရက်သွေးပေါင်ကျသွားတဲ့အခါ – ခေါင်းထဲမှာ ညီးစီစီဖြစ်လာမယ် သတိလစ်မယ် အမြင်တွေဝေဝါးလာမယ် အော့အန်မယ် ခြေကုန်လက်ပန်းကျလာမယ် အာရုံမစိုက်နိုင်တော့ဘူးဖြစ်လာမယ်။ ရုတ်တရက်သတိလစ်သွားခြင်း သွေးပေါင်တအားကျသွားတဲ့အခါ အသက်အန္တရာယ်တောင်ဖြစ်နိုင်ပါတယ်။သွေးပေါင်တအားကျပြီး ရုတ်တရက် သတိလစ်မသွားခင်မှာ ဒီလိုတွေဖြစ်နိုင်ပါတယ်။ စိတ်ရှုပ်ထွေးလာမယ် (အသက်အရွယ်ကြီးရင့်သူတွေမှာ အဖြစ်များပါတယ်) အရေပြားမှာချွေးစေးတွေထွက်ပြီးအေးလာမယ်၊ အရေပြားတွေဖြူဖျော့ဖျော့ဖြစ်လာမယ် အသက်ရှုနှုန်းမြန်လာမယ် အားမရှိသလိုဖြစ်လာပြီးသွေးခုန်နှုန်းမြန်လာမယ်။ ဘယ်အချိန်မှာဆရာဝန်နဲ့သွားရောက်တွေ့ဆုံသင့်လဲတကယ်လို့သွေးပေါင်ကျတာကြောင့် ရုတ်တရက်သတိလစ်နိုင်တဲ့ အခြေအနေမျိုးဖြစ်လာနိုင်တဲ့ လက္ခဏာတွေဖြစ်လာပြီဆိုရင်မြန်နိုင်သမျှမြန်မြန်ဆရာဝန်နဲ့သွားရောက်ပြသသင့်ပါတယ်။ တစ်ခါတလေခန္ဓါကိုယ်မှာရေဓါတ်ခမ်းခြောက်တဲ့အခါ မျိုးမှာလည်းခေါင်းမူးတာ၊ ညီးစီစီဖြစ်တာမျိုးတွေခံစားရနိုင် […]


သွေးတိုးရောဂါ

သွေးတိုးကျစေနိုင်မယ့် ရိုးစင်းတဲ့နည်းလမ်း ၅ သွယ်

သွေးတိုးတယ်ဆိုတာက နှလုံးကိုထိခိုက်စေနိုင်တဲ့ အန္တရာယ်ရှိတဲ့အခြေအနေတစ်ရပ်ဖြစ်ပါတယ်။ ကမ္ဘာတလွှားမှာ သွေးတိုးရောဂါခံစားနေရသူဦးရေက ၁ ဘီလျံလောက်ရှိနေပြီး သွေးတိုးရောဂါကို ဂရုတစိုက်ထိန်းသိမ်းမှုမရှိဘူး ဆိုရင် နှလုံးရောဂါနဲ့ လေဖြတ်ဝေဒနာခံစားရနိုင်ခြေကို တိုးစေနိုင်ပါတယ်။ သွေးပေါင်ချိန်က ရက်သတ္တပတ်တော်တော်ကြာတဲ့အထိ အပေါ်သွေး ၁၄၀ နဲ့ အောက်သွေး ၉၀ မှာတန့် နေမယ်ဆိုရင် သွေးတိုးရောဂါဖြစ်နေပြီဆိုရပါမယ်။ ဘဝနေထိုင်မှုပုံစံက သွေးတိုးရောဂါကိုကုသရာမှာ အရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ်။ သွေးတိုးတာကို ကျန်းမာတဲ့ဘဝနေထိုင်မှုပုံစံနဲ့ ကောင်းကောင်းထိန်းချုပ်နိုင်မယ်ဆိုရင် ဆေးကုသမှုခံယူရမယ့် အနေအထားကို ရှောင်ရှားလျှော့ချနိုင်မှာဖြစ်ပါတယ်။ သွေးတိုးစေနိုင်တဲ့အကြောင်းရင်းခံများ ဆားအစားများတာ သစ်သီးနဲ့ဟင်းသီးဟင်းရွက်တွေ စားသုံးမှုနည်းတာ လုံလောက်တဲ့ကိုယ်လက်လှုပ်ရှားမှုမရှိတာ အဝလွန်တာ အရက်အလွန်အကျွံသောက်သုံးတာ၊ သွေးတိုးကျစေနိုင်မယ့် ရိုးစင်းတဲ့ နည်းလမ်း ၅မျိုးကိုဖော်ပြပေးလိုပါတယ်။ (၁) လမ်းလျှောက်ပါ၊ လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာက သွေးတိုးကျစေမယ့် အကောင်းဆုံးသောနည်းလမ်းတွေထဲက တစ်ခုပါ။ လေ့ကျင့်ခန်းမှန်မှန်လုပ်ပေးမှုက နှလုံးကျန်းမာသန်စွမ်းစေဖို့ အထောက်အကူပြုပေးနိုင်သလို သွေးကြောတွေထဲက သွေးဖိအားကို ကျဆင်းစေနိုင်ဖို့အတွက် နှလုံးသွေးညှစ်ထုတ်မှုကိုပိုမိုကောင်းမွန်စေပါတယ်။ သွေးတိုးကျစေဖို့နဲ့ နှလုံးကျန်းမာသန်စွမ်းစေဖို့အတွက် တစ်ပတ်ကို မိနစ် […]


သွေးတိုးရောဂါ

သွေးတိုးခြင်းအတွက် စိတ်မချရသောဆေးဝါးများ

သွေးတိုးကိုကုသဖို့ဆေးတွေသောက်ရတော့မယ်ဆိုရင် အဲဒီဆေးတွေက အကျိုးသက်ရောက်မှုကောင်းကောင်းရှိဖို့လိုပါတယ်။ တချို့ဆေးတွေကိုရှောင်ခြင်းကလည်း သင့်ပန်းတိုင်ကိုရောက်စေပါတယ်။ တချို့ဆေးတွေကသင့်ကိုသွေးတိုးစေပြီး တချို့က သင့်သွေးတိုးဆေးတွေကိုနှောင့်ယှက်ပြီး ဆေးစွမ်းကိုထိခိုက်စေပါတယ်။ အခုပြောပြသွားမှာက သင့်သွေးတိုးကိုပိုဆိုးစေတဲ့ စိတ်မချရသောဆေးဝါးများ ကြောင်းပါ။ သွေးတိုးသမားတွေအတွက် စိတ်မချရသောဆေးဝါးများ NSAID NSAID ဆိုတာ Non Steroidal Anti Inflammatory Drugs ကိုပြောတာပါ။ ဒီဆေးတွေက နာကျင်ခြင်းကို လျှော့ချဖို့နဲ့ ရောင်ရမ်းငြ်းကို လျှော့ချဖို့ သုံးပါတယ်။ ဥပမာ - အဆစ်ရောင်ခြင်း။ ဆရာဝန်တွေက လူာတွေကို NSAIDs ပေးလေ့ရှိပါတယ်။ ဒီ NSAIDs ဆေးတွေက သွေးတိုးကိုပိုမြင့်စေပါတယ်။ ဘာကြောင့်လဲဆိုတော့ သူကကိုယ်တွင်းရည်တွေကိုထိန်းသိမ်းထားပြီး ကျောက်ကပ်လုပ်ငန်းစဉ်ကိုလျှော့ချပါတယ်။ သူတို့က ဒါကြောင့် သူတို့က နှလုံးနဲ့ ကျောက်ကပ်တွေကု ဖိနှိပ်ပါတယ်။ တချို့ NSAIDs တွေထဲမှာ aspirin, ibuprofen နဲ့ naproxen တွေပါဝင်ပါတယ်။ ချောင်းဆိုးနဲ့ […]


သွေးတိုးရောဂါ

သွေးတိုးရောဂါအတွက် ရှေ့တန်းတိုက်စစ်မှုး ဆေးစွမ်းကောင်းများ

သွေးတိုးတယ်ဆိုတာ သွေးဖိအားက 140/90 mmHg လောက်ကို မြင့်တက်သွာခြင်းပါ။ သွေးတိုးကို တိုက်ခိုက်ဖို့က သင့်နေထိုင်မှုပုံစံပြောင်းလဲဖို့က အဓိကအဖြေဖြစ်ပြီး လုပ်ကိုလုပ်ရမယ့်အရာပါ။ အခြေအနေတော်တော်များများမှာတော့ သွေးတိုးကျစေဖို့ ဆေးတွေသောက်ရပါတယ်။ ဒီဆောင်းပါးက သွေးတိုးကုသဖို့အတွက် အသုံးများတဲ့ဆေးတွေအကြောင်းပြောပြသွားမှာပါ။   Diuretics Water pills လို့လည်း သိကြပါတယ်။ ဆေးတွေက ကျောက်ကပ်ဆီအဓိကသွားပြီး ဆိုဒီယမ်နဲ့ ရေဓါတ်ကိုပိုထုတ်စေပါတယ်။ ဒါကတစ်ကိုယ်လုံးရဲ့ အရည်ထုထည်ကိုလျော့စေပါတယ်။ သွေးတိုးကုသဖို့အတွက်သုံးတဲ့ diuretics ဆေးတွေမှာ thiazide တွေပါဝင်ပါတယ်။ Thiazide တွေထဲမှာ chlorthalidone, hydroclorothiazide နဲ့ idapamide တွေပါဝင်ပါတယ်။ ဒီ water pills တွေက ဆီးသွားများစေပါတယ်။ ဒါတွေက ဆိုဒီယမ်၊ ပိုတက်ဆီယမ်နဲ့ ရေဓါတ်နည်းခြင်းကြောင့် ဖြစ်ရတဲ့ အားလျော့ခြင်း၊ ကြွက်တက်ခြင်းနဲ့ တခြားရောဂါလကဏာတွေကိုလျော့စေပါတယ်။   Angiotensin converting enzyme (ACE) inhibitor ဒီဆေးတွေက angiotensin ဆိုတဲ့ဟော်မုန်းဖြစ်ပေါ်ခြင်းကို […]


သွေးတိုးရောဂါ

သွေးတိုးခြင်းကို လျော့ပါးစေမယ့် နည်းလမ်း (၆) ချက်

သင်သွေးတိုးခဏခဏစစ်ပါသလား ? သင့်သွေးတိုးက မြင့်လိုက်၊ ပုံမှန်ဖြစ်လိုက်၊ ကျလိုက်ဖြစ်နေတာကိုတွေ့ရပါသလား ? ဒါကသင့်မှာ သွေးတိုးအကြိုဖြစ်ဖူးတာကို ဆိုလိုတာပါ။ သွေးတိုးအကြိုနဲ့ သွေးတိုးနှစ်ခုလုံးက နှလုံးနဲ့ လေဖြတ်ခြင်းတို့အတွက် ဆိုးရွားတဲ့ရောဂါတွေပါ။ လူငယ်တွေမှာမဖြစ်ဘူးလို့မထင်ပါနဲ့။ ငယ်ရွယ်စဉ်တည်းက ဘဝကအလုပ်များပြီး စိတ်ဖိစီးမှုတွေများခြင်းက သွေးတိုးဖြစ်ခြင်းကို ပိုမြန်စေပါတယ်။ ဒီရောဂါကိုမဖြစ်စေဖို့က အောက်ပါအချက်တွေကိုလိုက်နာပါ။   (၁) ကျန်းမာစွာစားသုံးပါ။ အစားအစာဆိုတာ ကျွန်တော်တို့အသက်ရှင်နေထိုင်ဖို့အတွက် လိုအပ်တဲ့အရာတစ်ခုပါ။ ဒါပေမယ့် အစားအစာအရွေမတတ်ရင် သင်ရောသင့်မိသားစုပါထိခိုက်နိုင်ပါတယ်။ ဒါ့ကြောင့်အခုကစပြီး ဆိုဒီယမ်နည်းနည်းနဲ့ ပိုတက်ဆီယမ် များများပါတဲ့အစားအသောက်ပုံစကိုပြောင်းလဲရပါမယ်။ အကြောင်းက ပိုတက်ဆီယမ်က သွေးတိုးကျစေလို့ပါ။ ဒါ့အပြင် အသီးနဲ့ ဟင်းသီးဟင်းရွက် တွေလည်းစားသင့်ပါတယ်။ အဆီများတဲ့အသားတွေစားမယ့်အစား အဆီနည်းတဲ့ငါးတွေ ကြက်ဘဲတွေကိုစားသင့်ပါတယ်။ တခြားအဆီတွေကိုလည်း ရှောင်သင့်ပါတယ်။ (၂) ဆားဖြတ်ပါ အမေရိကန်တွေအတွက် အစားအသောက်လမ်းညွှန်ချက်မှာတော့ အရွယ်ရောက်ပြီးသူတစ်ယောက်ဟာ တစ်နေ့ကိုဆား၂၃၀၀မိလီဂရမ်အောက် စားလို့ရပါတယ်။ အသက် ၅၁ အထက်လူတွေမှာတော့ တစ်ရက်ကို ဆား ၁၅၀၀ မီလီဂရမ်ဘဲစားလို့ရပါတယ်။ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း