သွေးတိုးရောဂါ

သွေးတိုးရောဂါက မျိုးရိုးကြောင့် ဖြစ်နိုင်သလို ဘဝနေထိုင်မှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သွေးတိုး ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေကတော့ အများကြီးပါပဲ။ သွေးတိုးက ရေရှည်မှာ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ခံစားရစေနိုင်ပါတယ်။ ဒီနေရာမှာ သွေးတိုးရောဂါနဲ့ပတ်သက်ပြီး ကျွမ်းကျင်သုတေသီတွေ ကိုယ်တိုင် ပြောပြထားတဲ့ အချက်တွေနဲ့ သွေတိုးကို ဘယ်လို ကိုင်တွယ်ဖြေရှင်းရမလဲဆိုတဲ့ အချက်လေးတွေကို လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

သွေးတိုးရောဂါ

သွေးတိုးသမားတွေ သိထားဖို့ လိုမယ့် အန္တရာယ်ရှိတဲ့ လက္ခဏာတွေ

သွေးတိုး တာက နာတာရှည် ကျန်းမာရေး ပြဿနာဖြစ်သလို အရမ်းပြင်းထန်မယ်ဆိုရင် အသက်အန္တရာယ် ထိခိုက်စေနိုင်တဲ့အထိ ပြင်းထန်ပါတယ်။  အခုလို အပူချိန် မြင့်တက်နေချိန်မှာ သွေးတိုးသမားတွေ  ဘယ်လို လက္ခဏာတွေက အသက်အန္တရာယ် ထိခိုက်စေနိုင်တဲ့ လက္ခဏာတွေလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ ဘယ်လောက်ဆိုရင် သွေးတိုးနေပြီလို့ ဆိုနိုင်လဲ ပုံမှန်ကတော့ သွေးပေါင်ချိန်က အပေါ်သွေး 120 mmHg အောက်သွေး 80 mmHg ဆိုရင် ပုံမှန် အခြေအနေလို့ ဆိုနိုင်ပါတယ်။ တကယ်လို့ အပေါ်သွေးက 120 mmHg ထက်ပိုများနေမယ်။ 120 mmHg - 139 mmHg ‌အောက်သွေးက 80 mmHg – 89 mmHg ဆိုရင် သွေးတိုး အစပျိုးနေတာ ဖြစ်ပြီး အပေါ်သွေးက 140 […]

သွေးတိုးရောဂါ ကို ရှာဖွေမည်။

သွေးတိုးရောဂါ

သွေးပေါင်ကျတတ်ရင် ဒါတွေစားပေးနော်

သွေးပေါင်ကျတယ်ဆိုတာကဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးအခြေအနေတစ်ရပ်ပါ။ အလွယ်တကူ ကုသလို့ရပြီး အရမ်းကြီးစိုးရိမ်ရမယ့် ကျန်းမာရေးပြဿနာတော့မဟုတ်ပါဘူး။ ဒါပေမယ့်ရောဂါအခံတစ်ခုခုရှိမယ်ဆိုရင်တော့ အမြန်ဆုံးကုသမှုခံယူတာအကောင်းဆုံးဖြစ်မှာပါ။ ဒီတစ်ခေါက်တော့သွေးပေါင်ကျတဲ့အခါမှာဖြစ်ဖြစ်သွေးပေါင်ကျတတ်ရင်ဖြစ်ဖြစ် ဘာတွေစားသင့်လဲဆိုတာကိုဆွေးနွေးပြောပြပေးပါရစေ။ သွေးပေါင်ကျရင် ဘာတွေခံစားရနိုင်လဲ ခန္ဓါကိုယ်ကဝေဒနာတစ်ခုခုကိုခံစားရတဲ့အခါ လက္ခဏာလေးတွေပြတတ်ပါတယ်။ ဒီလိုပါပဲ။သွေးပေါင်ကျတဲ့အခါ မှာအခုလိုမျိုး လက္ခဏာတွေခံစားရနိုင်ပါတယ်။ ခေါင်းထဲက မူးဝေတာ ခြေကုန်လက်ပမ်းကျတာ အာရုံစိုက်ရခက်လာတာ စိတ်ဓါတ်ကျတာ အမြင်တွေဝါးလာတာ သတိလစ်တာ မအီမသာဖြစ်တာ အသက်ရှုရခက်တာ နဲ့ ရေငတ်တာမျိုးတွေခံစားရနိုင်ပါတယ်။ သွေးပေါင်ကျတတ်ရင်ဘာတွေစားရမလဲ သကြားမုန်လာ - သကြားမုန်လာမှာ ဓါတ်တိုးဆန့်ကျင်အာနိသင်တွေကြွယ်ဝစွာပါဝင်နေသလို နိုက်ထရိတ်ဒြပ်ပေါင်းပါဝင်တာကြောင့် ခန္ဓါကိုယ်အနံ့သွေးစီးဆင်းမှုကို တိုးစေနိုင်ပါတယ်။ အဆိုပါ နိုက်ထရိတ်ဒြပ်ပေါင်းကသွေးတွင်းက နိုက်ထရစ် အောက်ဆိုဒ်ပမာဏကိုကျဆင်းစေသလို သွေးကြောတွေထဲမှာသွေးစီးဆင်းမှုကောင်းစေပြီးသွေးတွင်းအောက်ဆီဂျင်စီးဆင်းရောက်ရှိမှုကို တိုးစေနိုင်တာကြောင့်သွေးပေါင်ကျတာကိုသက်သာစေနိုင်ပါတယ်။ မုန်လာဥနီ - ဓါတ်တိုးဆန့်ကျင်ပစ္စည်းအဖြစ်တာဝန်ယူလုပ်ဆောင်ပေးတဲ့ ဘီတာကယ်လ်ရိုတင်းကြွယ်ဝစွာပါဝင်နေပါတယ်။သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်တဲ့ အပင်ထွက်ဓါတုပစ္စည်းတစ်မျိုးဖြစ်တဲ့glutathione လည်းကြွယ်ဝပါတယ်။ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေက ခန္ဓါကိုယ်အနှံ့သွေးစီးဆင်းရောက်ရှိမှုကို တိုစေနိုင်ပြီး ကိုယ်ခံအားကိုကောင်းစေနိုင်ပါတယ်။ မနက်ခင်းဘာမှမစားခင်မှာ မုန်လာဥနီဖျော်ရည်ထဲကို ပျားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာထည့်ပြီးသောက်ပေးပါ။ တစ်နေ့ကို နှစ်ကြိမ်သောက်ပေးမယ်ဆိုရင်သွေးပေါင်ကျတာကို သက်သာစေမှာပါ။ သံပရိုသီး […]


သွေးတိုးရောဂါ

သွေးတိုးတက်စေနိုင်တဲ့ လက်နက်ပုန်းတွေ သင်သတိထားမိရဲ့လား

အငန်များတာတွေမစားပါနဲ့ ဆိုလို့ ဟင်းထဲ ဆားလျှော့ချက်တယ်။ ငါးပိ၊ငါးခြောက် မစားဘူး၊ အငန်လျှော့စားတယ်ဆိုပေမယ့်သွေးပေါင်တက်နေတုန်းပဲ။ ဆိုတော့သွေးပေါင်တက်စေတဲ့ တရားခံတွေကရှိနေတာသေချာပါပြီ။နေထိုင်မှုပုံစံနဲ့ စိတ်ဖိစီးမှုကလွဲရင် အစားအသောက်ကို အရင်ဆင်ခြင်ရမှာပါပဲ။ ကိုယ် စားနေတဲ့ အစားအသောက်တွေထဲက ကိုယ်မသိလိုက်တဲ့ အငန်ဓါတ်များတာတွေပါနေနိုင်ပါတယ်။ ပေါင်မုန့် ကာဗိုဟိုက်ဒရိတ်နဲ့ အမျှင်ဓါတ်ပါဝင်မှုမြင့်မားပြီး ခွန်အားပြည့်စေတာကြောင့် အရေးပါတဲ့အာဟာရတစ်ခုပါ။ ဒါပေမယ့် ပေါင်မုန့်တွေက အရသာငန်မနေရင်တောင် အငန်ဓါတ်ပါဝင်မှုနဲ့ဆိုဒါတွေကြောင့်သွေးဖိအားမြင့်တက်စေနိုင်ပါတယ်။ သကြားလျှော့၊ အငန်လျှော့တဲ့ ပေါင်မုန့်တွေကလွဲလို့ ဈေးကွက်မှာဖြန့်ချိထားတဲ့ပေါင်မုန့်အများစုမှာတော့ ထုတ်လုပ်မှုမှာတည်းက ဆားပါဝင်မှုများတတ်ပါတယ်။ ပီဇာ ပေါင်မုန့်လိုပဲ ပီဇာမှာ အငန်ဓါတ်ပါဝင်မှုများပါတယ်။ အငန်လျှော့စားနေတဲ့သူတစ်ယောက်ဆိုရင်တော့ ပီဇာကိုပါရှောင်ပါတော့။ ခရမ်းချဉ်သီးအနှစ်တွေနဲ့ ဆော့စ်အတော်များများမှာ အငန်ဓါတ်များတယ်(အကင်ဆော့စ်ဆိုပိုဆိုးပါတယ်)၊ ချိစ်မှာလည်း အငန်ပါတယ်၊ ပီဇာမှာထည့်တဲ့ toppingတွေ(ပြုပြင်စီမံထားတဲ့ အသားပြား/ကြက်အူချောင်းစတာတွေပါဝင်နိုင်)မှာလည်း အငန်ဓါတ်က ပါနေမှာဆိုတော့ ပစ်မလွဲတရားခံဖြစ်နေပါတယ်။ အေးခဲအသား စူပါမားကတ်တွေမှာရေခဲရိုက်ပြီး ကြာကြာထားထားတဲ့အသားတွေ၊ဈေးထဲကရေခဲရိုက်ငါးတွေမှာ အငန်ပါနေတတ်ပါတယ်။ ဆားသိပ်မထည့်ဘဲ ငန်နေတတ်တဲ့ ငါးတွေ စားဖူးကြတယ်မဟုတ်လား။နောက်တစ်ခုကပြုပြင်စီမံထားတဲ့ ကြက်အူချောင်း၊ဟော့ဒေါ့၊ အသားပြားတွေ၊ နိုင်ငံခြားကဝင်တဲ့ အသားတွေ […]


သွေးတိုးရောဂါ

သွေးတိုးကျအောင် စားပေးသင့်တဲ့ အစားအစာများ

ပေါ့ဆလို့ မရတဲ့ ရောဂါတွေထဲမှာ သွေးတိုးရောဂါလည်း တစ်ခုအပါအဝင်ပါပဲ။ ကိုယ့်မှာ သွေးတိုးရှိလို့ ရှိမှန်းတောင် မသိနိုင်ပဲ ရောဂါအခြေအနေဆိုးကာမှ ကျန်းမာရေးကို ဆိုးရွားစွာ ဒုက္ခပေးနိုင်တာကြောင့် သွေးတိုးရောဂါကို အသံတိတ်လူသတ်သမားလို့တောင် ခေါ်စမှတ်ပြုကြပါတယ်။ ကိုယ့်မှာ သွေးတိုးရှိပြီဆိုတာ သိရပြီဆိုတာနဲ့ သွေးတိုးကျဆေးကို နေ့စဉ်ပုံမှန်သောက်ဖို့ အလွန်အရေးကြီးပါတယ်။ အစာအာဟာရကို ဂရုစိုက်ပြီး စနစ်တကျ ပြင်ဆင်ချက်ပြုတ်ဖို့ အရေးကြီးသလို ဆီ၊ ဆား၊ သကြား လျှော့စားဖို့လည်း မမေ့သင့်ပါဘူး။ သွေးတိုးကနေတစ်ဆင့် နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊ ဆီးချိုရောဂါတွေအပြင် ရုတ်တရက်တက်ခြင်း၊ သတိလစ်ခြင်း၊ ဦးနှောက်သွေးကြောပြတ်သည်အထိ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ကြုံလာရနိုင်ပါတယ်။ ကျား၊ မ မရွေး၊ လူမျိုးမရွေး၊ အသက်အရွယ်မရွေး ဖြစ်နိုင်ပြီး ကုသမှုမရှိ၊ နေထိုင်စားသောက်မှု ပုံစံကို ဂရုမစိုက်ဘူးဆိုရင်တော့ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေအထိ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကိုယ်တိုင်က သွေးတိုးရှိလို့ […]


သွေးတိုးရောဂါ

သွေးတိုးရောဂါရှိတာလား ဒါတွေစားပါ

သွေးတိုးပြောတော့သာ ဘာမှမဟုတ်သလို တကယ်တော့သွေးတိုးက အသံတိတ်လူသတ်သမားလို့တောင်ဆိုလို့ရပါတယ်။ အချို့ဆိုသွေးတိုးရှိလို့ ရှိနေမှန်းမသိဘဲ စားသောက်နေထိုင်မှုကိုသေချာဂရုမစိုက်မိတာကြောင့် မလိုလားအပ်တဲ့နောက်ဆက်တွဲပြဿနာတွေနဲ့ရင်ဆိုင်ရနိုင်ပါတယ်။သွေးတိုးကြောင့် ဆိုးရွားတဲ့ ထိခိုက်မှုတွေ မဖြစ်စေဖို့ ဒီဆောင်းပါးလေးကနေ သိထားရင်မမှားတဲ့ အကြောင်းအရာလေးတွေကိုပြောပြပေးမယ်နော်။ သွေးတိုးဆိုတာ ဘာလဲ သွေးတိုးဆိုတာကသွေးကြောတွေထဲမှာသွေးဖိအားတွေ အရမ်းများလာတဲ့အခြေအနေတစ်ခုပေါ့။သွေးကြောနံရံတွေကို အားနဲ့ ဖိတိုးမိနေတာမျိုးပါ။ ဒီလိုမျိုး ကြိမ်ဖန်များစွာဖြစ်လာတဲ့ အခါသွေးကြောနံရံတွေ ထိခိုက်ပျက်စီးလာပါတယ်။ ဒီလိုကနေတဆင့် နှလုံးရောဂါ၊လေဖြတ်တာ၊ကျောက်ကပ်ထိခိုက်တာနဲ့ အခြားသောကျန်းမာရေးပြဿနာတွေရင်ဆိုင်ရနိုင်ပါတယ်။သွေးတိုးရောဂါက လက္ခဏာတွေမပြတတ်သလို၊ ရှိလို့ရှိနေမှန်းတောင်မသိလိုက်ရဘဲ အချိန်ကြာမြင့်စွာခံစားနေရတတ်ပါတယ်။ ဒါကြောင့်လည်းသွေးတိုးကို အသံတိတ်လူသတ်သမားလို့ခေါ်တာပေါ့။ ကမ္ဘာ့လူဦးရေရဲ့ ၃ ပုံ ၁ ပုံလောက်ကသွေးတိုးရောဂါခံစားနေရတာပါ။ ဒါကြောင့်သွေးတိုးရောဂါကမဖြစ်ခင်က ကြိုတင်ကာကွယ်တာ အကောင်းဆုံးဖြစ်မှာပါ။ တကယ်လို့သွေးတိုးရောဂါရှိနေပြီ ဆိုရင်လည်း အစားအသောက်ကိုသေချာလေးစားသုံးပြီး ကျန်းမာရေးကိုဂရုစိုက်ပါနော်။ သွေးတိုးရှိနေသူတွေ စားသုံးပေးသင့်သည်များ သွေးတိုးရှိနေပြီဆိုရင် အစားအသောက်ကို ပုံမှန်ထက်ပိုဂရုစိုက်ဖို့ လိုအပ်မှာပါ။ ဒီတော့နေ့စဉ်စားသုံးမှုမှာ အခုပြောတဲ့ စားစရာလေးတွေပါဝင်အောင် စားသုံးပေးနော်။ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ - ပိုတက်ဆီယမ်ကသွေးတိုးကျစေပြီး ကိုယ်တွင်း ကပိုလျှံနေတဲ့ […]


သွေးတိုးရောဂါ

သွေးတိုးရဲ့ နောက်ဆက်တွဲကြောင့် နှလုံးအမောဖောက်ခြင်း (Hypertensive Heart Failure)

HypertensiveHeart Failure ဆိုတာ သွေးတိုးရောဂါရဲ့ နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ နှလုံးကောင်းကောင်း အလုပ်မလုပ်နိုင်တော့ဘဲ အမောဖောက်လာတာဖြစ်ပါတယ်။ သွေးတိုးဆိုတာကလည်း ကမ္ဘာ့လူဦးရေရဲ့ ၃၀ရာခိုင်နှုန်းလောက်ကို ကောင်းကောင်းကြီး ဒုက္ခပေးနေတဲ့ ရောဂါတစ်ခုပါ။ မြန်မာနိုင်ငံမှာလည်း လူတိုင်းနီးပါးမှာကို တွေ့နေရတဲ့ရောဂါတစ်ခုဖြစ်နေပါတယ်။ သွေးတိုးရောဂါကို ကောင်းကောင်း မထိန်းနိုင်သူတွေ အဖို့ သွေးတိုးခြင်းက အခြားအစိတ်ပိုင်းတွေဖြစ်တဲ့ နှလုံး၊ ဦးနှောက်၊ ကျောက်ကပ်၊ မျက်စိ၊ ကိုယ်ခန္ဓါရှိသွေးကြောတွေကိုထိခိုက်စေပြီး နောက်ဆက်တွဲ အနေနဲ့ ဆိုးကျိုးတွေဖြစ်စေပါတယ်။ ခုပြောပြချင်တာကတော့ သွေးတိုးရဲ့ နောက်ဆက်တွဲဆိုးကျိုးထဲက အဖြစ်အများဆုံးဖြစ်တဲ့ သွေးတိုးကြောင့် နှလုံးကောင်းကောင်းအလုပ်မလုပ်နိုင်တော့ဘဲ နှလုံးအမောဖောက်လာတဲ့ အကြောင်းဖြစ်ပါတယ်။ Heart Failure (နှလုံးအမောဖောက်လာတယ်ဆိုတာဘာလဲ။ ။) အရင်ဆုံး နှလုံး အမောဖောက်တဲ့ အကြောင်း ပြောပြပေးချင်ပါတယ်။ နှလုံး အမောဖောက်တယ်ဆိုတာ နှလုံးကောင်းကောင်း အလုပ်မလုပ်နိုင်တော့တာဖြစ်ပါတယ်။ နှလုံးနံရံက ကြွက်သားတွေကျုံ့ နိုင်ဆန့်နိုင်အားတွေ လျော့လာလို့ […]


သွေးတိုးရောဂါ

ခေါင်းမူးမှ သွေးတိုးတာ မဟုတ်ပါ

ခေါင်းမူးမှ သွေးတိုးတာ မဟုတ်ပါ “သွေးတိုးရှိနေတာ မသိဘူးလား။” “သိပါတယ်ဆရာ” “ဆေးပုံမှန်မသောက်ဘူးလား၊ အခုသွေးပေါင်ချိန်က ၂၂၀/၁၃၀ ဖြစ်နေတာ၊ ဦးနှောက်သွေးကြောပြတ်သွားတာ ဖြစ်နိုင်တယ်” “ဟင်ဟုတ်လား လုပ်ပေးပါဦး ဆရာရယ်၊ သူက ခေါင်းမူးမှ သွေးကျဆေး သောက်တာ။” ဦးထွန်းအေး၏ အမျိုးသမီးနှင့် ဆရာဝန်တို့ အပြန်အလှန်ပြောနေကြခြင်းဖြစ်သည်။ ဦးထွန်းအေးတစ်ယောက်အလုပ်တွင် ရုတ်တရက်မေ့လဲ၍ ဆေးရုံခေါ်လာကြရခြင်းဖြစ်သည်။ သွေးတိုးရောဂါသည် ကမ္ဘာတစ်လွှား အဖြစ်များသော ရောဂါများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ယခုနောက်ဆုံးသတ်မှတ်ချက်အရ သွေးပေါင်ချိန်၁၃၀/၈၀ နှင့်အထက်ကို သွေးတိုးပြီဟုသတ်မှတ်ထားသည်။ သွေးတိုးရောဂါ၏ နောက်ဆက်တွဲရောဂါများမှာလည်း များပြားလှပါသည်။ သွေးတိုး၏လက္ခဏာများ သွေးတိုးရောဂါသည်မည်သည့်လက္ခဏာမှမပြဘဲ ရှိနေတတ်သော အသံတိတ်လူသတ်သမားတစ်မျိုးပင်ဖြစ်သည်။ သွေးတိုးလာလျှင် ခေါင်းမူးသည် ခေါင်းကိုက်သည်ဟု ပြောလေ့ရှိကြသော်လည်း ထိုလက္ခဏာများသည် သွေးတိုးရှိတိုင်း ပေါ်လေ့ရှိသည်မဟုတ်ပါ။ တချို့ဆိုလျှင် သွေးတိုးရှိလို့ရှိမှန်းပင်မသိဘဲ သွေးတိုး၏ နောက်ဆက်တွဲ ရောဂါတစ်ခုခုပေါ်မှသိကြသည်လည်းရှိသည်။ သွေးတိုးရောဂါ၏ နောက်ဆက်တွဲများ သွေးတိုးရောဂါသည်အလွန်ဆိုးသော ရောဂါ တစ်ခုဖြစ်သည်။ သွေးတိုးရောဂါကိုသေချာမထိန်းမိလျှင် ဦးနှောက်သွေးကြောပြတ်ခြင်း၊ လေဖြတ်ခြင်း၊ သွေး အရမ်းတိုး၍ သတိလစ်ခြင်း၊ နှလုံးကြီးခြင်း၊နှလုံးအားနည်းခြင်း၊ […]


သွေးတိုးရောဂါ

လူတစ်ယောက်က တစ်နေ့ ဆားပမာဏ ဘယ်လောက်စားသင့်လဲ

Salt ဆိုတာ စကားလုံး လက်တင်စကား Sal မှ ဆင်းသက်လာတာပါ။ Sal ရဲ့ လက်တင် အဓိပ္ပါယ်ကလည်း ဆားပါပဲ။ ဆားဟာ တစ်ချိန်က အဖိုးတန်တဲ့ ရှားပါးပစ္စည်းတစ်ခုဖြစ်ကာ ငွေကြေးပစ္စည်း တစ်ခု အဖြစ် အသုံးပြုခဲ့ကြပါတယ်။ လစာဆိုတဲ့ အင်္ဂလိပ်စကား Salary ဟာ Salt ဆိုတဲ့ စကားမှ ဆင်းသက်လာတာ ဖြစ်ပါတယ်။ ဆားကို အရင်ခေတ်ကာလကတည်းက အစားအသောက် အရသာ အတွက်နဲ့ အစားအစာတွေ ကြာရှည်ခံစေရန် အတွက် အသုံးပြုခဲ့ကြပါတယ်။ ဒါ့အပြင်ကို ဆားကို သားရေနယ်တဲ့ လုပ်ငန်း၊ ဆိုးဆေးလုပ်ငန်း၊ အရောင်ချွတ်ခြင်း လုပ်ငန်း၊ အိုးထုတ်လုပ်ခြင်း၊ ဆပ်ပြာနဲ့ ကလိုရင်း ထုတ်လုပ်ရာမှာလည်း အသုံးပြုခဲ့ကြပါတယ်။ ဒီနေ့ခေတ်မှာ ဓါတု စက်မှုလုပ်ငန်းတွေမှာ ဆားကို ကုန်ကြမ်း […]


သွေးတိုးရောဂါ

သွေးဖိအားကို ဘယ်လို စနစ်တကျတိုင်းတာမလဲ

သင့်သွေးဖိအားဟာ သင့်ကျန်းမာရေးကို ညွှန်ပြနေတဲ့ အတိုင်းအတာတစ်ခု ဖြစ်ပါတယ်။ သွေးဖိအားကို ကျန်းမာရေးစောင့်ရှောက်သူ အကူအညီမပါဘဲ မိမိနေအိမ်မှာ တိုင်းတာနိုင်ပါတယ်။ သွေးဖိအားကို ဘယ်လို စနစ်တကျ တိုင်းတာရမလဲဆိုတာ ဒီဆောင်းပါးမှာ ဖတ်ရှုလေ့လာနိုင်ပါတယ်။   သွေးဖိအားမတိုင်းတာခင် ဘာတွေပြင်ဆင်ရမလဲ ဆိတ်ငြိမ်သည့်နေရာတစ်ခုတွင် သင့်နှလုံးခုန်သံကို နားထောင်ပါ။ သွေးဖိအားမတိုင်းတာခင် ၅မိနစ်ခန့် အနားယူပါ။ ဆီးသွားချင်လျှင် သွားထားပါ။ စိတ်ရောကိုယ်ပါ ဖြေလျော့ထားပါ။ ကိုယ်စိတ်ဖိစီးနေချိန်၊ လေ့ကျင့်ခန်းလုပ်ပြီးကာစ အချိန်များတွင် မတိုင်းတာသင့်ပါ။ ကဖင်း သို့မဟုတ် ဆေးရွက်ကြီး အသုံးပြုထားလျှင် အနည်းဆုံး နာရီဝက်ကြာမှ တိုင်းပါ။ ကျောမှီပါသည့် ကုလားထိုင်တွင် ခြေထောက်မချိတ်ဘဲ မတ်မတ်ထိုင်ပါ။ ခြေဖဝါးနှစ်ဖက်လုံးကို ကြမ်းပြင်နှင့်ထိထားပါ။ အင်္ကျ ီလက်ရှည်ဝတ်ထားလျှင် လက်မောင်းအထိ ခေါက်တင်ပါ။ ခေါက်တင်မရပါက အပေါ်အင်္ကျ ီ ချွတ်လိုက်ပါ။ လက်မောင်းကို နှလုံးတည်နေရာနှင့် တစ်တန်းတည်းထားပါ။   သွေးဖိအား […]


သွေးတိုးရောဂါ

သွေးတိုးနေလျှင် အရက်သောက်သင့်၊ မသောက်သင့်

သွေးပေါင်တက်ခြင်းကြောင့် သင့်ဆရာဝန်က သင်စားသော အစားအသောက်များ ကို သတိထားစားသုံးရန် အကြံပေးပါလိမ့်မယ်။ သို့သော် သင်ဟာ အရက်သောက်တတ်သူဖြစ်ပါက သင့်ခေါင်းထဲတွင် အရက်သောက်သင့်လား၊ မသင့်လား ကိုမေးခွန်းပေါ်လာနိုင်ပါတယ်။ မဆုံးဖြတ်ခင်မှာ သည်ဆောင်းပါးကို ဖတ်ကြည့်ကြပါဆို့။ သည်ဆောင်းပါးထဲတွင် အသုံးဝင်သော အချက်အလက်များ ပါရှိပါတယ်။ အရက်သောက်ခြင်းဟာ သွေးတိုးခြင်းအတွက် ကောင်းလား၊ မကောင်းဘူးလား။ အနည်းငယ်မျှ (အမျိုးသမီးများမှာ တစ်နေ့တစ်ခွက်၊ အမျိုးသားများမှာ တစ်နေ့နှစ်ခွက် အထိ) သောက်သုံးခြင်းဟာ သွေးပေါင်ကို ၂ မှ ၄ မီလီမီတာ မာကြူရီအထိ ကျစေနိုင်ပါတယ်။ သို့သော် ထိုကျစေသော သွေးပေါင်ပမာဏမှာ အရက်သောက်သုံးဖို့ တိုက်တွန်းရလောက်သည်အထိ မဟုတ်ပါ။ ထို့ပြင် အရက်ပမာဏ များသွားပါက သွေးပေါင်ကို ပို၍ပင် တက်စေပါတယ်။ တစ်နေ့ အရက်ကို သုံခွက်ထက်ပိုသောက်ခြင်းဟာ သွေးပေါင်ကောင်းမွန်စေသော်လည်း အရက်ကို စွဲလမ်းသွားပါက […]


နှလုံးနှင့်သွေးကြော ကျန်းမာရေး

သွေးကျဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးများ

သင့်တွင် သွေးတိုးရောဂါရှိပါက သွေးကျဆေးများ သောက်သုံးရနိုင်ပါတယ်။ ထိုဆေးများတွင် ကောင်းကျိုးများရှိသော်လည်း ဘေးထွက်ဆိုးကျိုးများလည်း ဖြစ်စေပါတယ်။ ဘေးထွက်ဆိုးကျိုးများမှာ အပျော့စားမှ ပြင်းထန်အဆင့်ထိ ရှိပါတယ်။ အဖြစ်များသော ဆိုးကျိုးမျာကို လေ့လာကြပါစို့။ ဆီးဆေးများ- ဆီးဆေးများ၏ ဘေးထွက်ဆိုးကျိုးများမှာ မကြာခဏ ဆီးသွားခြင်းဖြစ်ပါတယ်။ ထိုနည်းဖြင့် ခန္ဓါကိုယ်တွင်းရှိ အရည်များနှင့် ဆားဓါတ်များကို စွန့်ပစ်ပြီး သွေးပေါင်ကျစေပါတယ်။ အချို့ဆီးဆေးများသည် ခန္ဓါကိုယ်မှ ပိုတက်စီယမ်ဓါတ် ဆုပ်ယူမှုကို ကျဆင်းစေပါတယ်။ ထိုအခါ ကြွက်တက်ခြင်း၊ အားနည်းခြင်း၊ ပင်ပန်းနွမ်းနုယ်ခြင်း တို့ကို ဖြစ်စေပါတယ်။ ထို့ကြောင့် ပိုတက်စီယမ်ဓါတ်ပါသော အစားအစာများ စားသုံးခြင်းဖြင့် ထို လက္ခဏာများ ကာကွယ်ပေးပါတယ်။ ဆီးဆေးများကို ရေရှည် အသုးံပြုပါက အဆစ်ရောင်ခြင်းလက္ခဏာများ ဖြစ်တတ်ပါတယ်။ သို့သော် ရှားပါတယ်။ ဖြစ်ခဲ့ပါကလည်း ဆရာဝန်မှ ကောင်းစွာ ကုသပေးနိုင်ပါတယ်။ သင့်တွင် ဆီးချိုရှိပါက ဆီးဆေးများဟာ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း