နှလုံးနှင့်သွေးကြော ကျန်းမာရေး

နှလုံးက ကောင်းမွန်တဲ့ သွေးစီးဆင်းမှုနဲ့ သွေးဖြန့်ဖြူးမှုကို ထိန်းသိမ်းဖို့အတွက် အဓိက တာဝန်ယူထားတာပါ။ ပုံမှန်အားဖြင့်ကတော့ အဆိုပါသွေးလည်ပတ်မှု သွေးပို့ဆောင်မှုတွေ အဟန့်အတားဖြစ်တာ၊ ထိခိုက်တာတွေက ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီတော့ နှလုံး ကျန်းမာစေဖို့ ဘာတွေကို ဂရုစိုက်ရမလဲ။ နှလုံးကျန်းမာရေး ကောင်းအောင် ဘယ်လို မြှင့်တင်ရမလဲ ဆိုတာနဲ့ နှလုံး နဲ့ နှလုံးသွေးတွေ ကျန်းမာအောင် ဘယ်လို ကာကွယ်ရမလဲဆိုတာကို ဒီကဏ္ဍမှာ ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

နှလုံးနှင့်သွေးကြော ကျန်းမာရေး

သတိ! စိတ်ဖိစီးမှုကြောင့် နှလုံး မထိခိုက်ပါစေနဲ့

နှလုံးလေး ကျန်းမာစေချင်ပါသလား ..... အရင်ဆုံး လုပ်ရမယ့် အလုပ်ကတော့ စိတ်ဖိစီးမှု အတိုင်းအတာကို စစ်ဆေးတာပါ။  စိတ်ဖိစီးမှုကြောင့် နှလုံး ထိခိုက်စေနိုင်ပါတယ်။ စိတ်ဖိစီးတာကက နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတာကတော့ သိထားပြီးသား ဖြစ်မှာပါ။ ဒါပေမယ့် နှလုံး ထိခိုက်စေမယ့် စိတ်ဖိစီးမှုတွေ မဖြစ်အောင် ကာကွယ်ဖို့ကတော့ မလွယ်ပါဘူး။ တစ်နေ့တာမှာက မမျှော်လင့်တာတွေ အများကြီး ကြုံလာနိုင်တာက လူ့ဘဝပဲလေ။အကောင်းဆုံးဖြစ်အောင်တော့ လုပ်ဆောင်လို့ ရပါတယ်။ ဒါကြောင့် အမှုမဲ့အမှတ်မဲ့ ဖြစ်မနေအောင် သတိပေးချင်တာလေး တစ်ခုကို ဆောင်းပါးလေးကနေတဆင့် ပြောပါရစေ။ သတိ! စိတ်ဖိစီးမှုကြောင့် နှလုံး မထိခိုက်ပါစေနဲ့ သတိ! စိတ်ဖိစီးမှုကြောင့် နှလုံး မထိခိုက်ပါစေနဲ့ .......လို့ ပြောရတဲ့ အကြောင်းအရင်းလေးကို ရှင်းပြချင်ပါတယ်။ ဒီအကြောင်းလေးကို ပြောဖို့ စိတ်ဖိစီးမှုက နှလုံးကို ဘယ်လို ထိခိုက်စေလဲဆိုတဲ့ အကြောင်းကနေ […]

နှလုံးနှင့်သွေးကြော ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

နှလုံးနှင့်သွေးကြော ကျန်းမာရေး ကို ရှာဖွေမည်။

နှလုံးရောဂါ

သင့်နှလုံးကျန်းမာရေးအတွက် အကောင်းဆုံးအစားအစာများ

နှလုံးရောဂါဟာ ကမ္ဘာတလွှားမှာ လူပေါင်းများစွာရဲ့ အသက်ကို ရန်ရှာနေတဲ့ ပြဿနာတခုဖြစ်ပါတယ်။ လူသားများဟာ အသက်ကြီးလာတာနဲ့အမျှ နှလုံးကြွက်သားအားနည်းခြင်း၊ သွေးတိုးခြင်း၊ လေဖြတ်ခြင်း စတဲ့နှလုံးနဲ့ ဆက်နွယ်နေတဲ့ ပြဿနာတွေကို ကြုံကြိုက်ရတတ်ပါတယ်။ နှလုံးရောဂါကိုဖြစ်စေတဲ့ အကြောင်းအရင်းများစွာ ရှိသလို အဆိုပါအကြောင်းအရင်းတွေကို လျှော့ချနိုင်မယ့် နည်းလမ်းတွေလည်း ရှိနေပါတယ်။ အချိန်မှန် ကျန်းမာရေးစစ်ဆေးခြင်း၊ ဆေးလိပ်ဖြတ်ခြင်း၊ စိတ်ဖိစီးမှု လျှော့ချခြင်း၊ နေထိုင်စားသောက်ပုံ ပြောင်းလဲခြင်း စတာတွေနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ နှလုံးကျန်းမာရေးအတွက် စားသုံးသင့်တဲ့ အစားအသောက်တွေပဲ ဖြစ်ပါတယ်။ ၁။ ကညွတ် ကညွတ်မှာ ဖောလိတ်ပါဝင်ပြီး ကိုယ်ခန္ဓာထဲမှာ homocysteine လို့ခေါ်တဲ့ အမိုင်နိုအက်ဆစ်ကို စုပုံလောစေခြင်းကနေ ကာကွယ်ပေးပါတယ်။ homocysteine ပမာဏ မြင့်တက်ခြင်းဟာ နှလုံးနဲ့ ဆက်နွယ်နေတဲ့ နှလုံးသွေးကြောရောဂါ၊ လေဖြတ်ခြင်း စတာတွေနဲ့ ဆက်စပ်နေပါတယ်။ ၂။ ပဲအမျိုးမျိုး ပဲကြီး၊ စားတော်ပဲ၊ ပဲလွန်း၊ […]


သွေးတိုးရောဂါ

သွေးတိုးကျဆင်းစေမည့် သဘာဝနည်းလမ်းများ

သွေးတိုးခြင်း ဟာ နှလုံးကို ထိခိုက်ပျက်စီးစေတဲ့ အခြေအနေဖြစ်ပါတယ်။ ကမ္ဘာတလွှားမှာ လူပေါင်း တစ်ဘီလျံခန့်ကို ဒုက္ခပေးနေတဲ့ ရောဂါလည်း ဖြစ်ပါတယ်။ ထိရောက်စွာ မကုသခဲ့ရင် နှလုံးရောဂါ၊ လေဖြတ်ခြင်း စတဲ့အခြေအနေတွေ တွေ့ကြုံနိုင်ပါတယ်။ ကောင်းတဲ့အချက်ကတော့ သွေးတိုးခြင်း ကို သက်သာစေဖို့ လုပ်ဆောင်နိုင်တဲ့ နေထိုင်မှုပုံစံတွေ ရှိနေပါတယ်။ ယခု ဆက်လက်ဖော်ပြမှာကတော့ သွေးတိုးကျဆင်းစေမည့် သဘာဝနည်းလမ်းများက ဘာတွေလဲ ဆိုတာပါပဲ။ ၁။ ပုံမှန်လမ်းလျှောက်ပါ၊ လေ့ကျင့်ခန်းလုပ်ပါ။ လေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ သွေးတိုးလျှော့ချနိုင်တဲ့ နည်းလမ်းတခု ဖြစ်ပါတယ်။ ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ပေးခြင်းအားဖြင့် နှလုံးကို ပိုမိုသန်မာစေပြီး သွေးများကို ညှစ်ထုတ်ပေးရာမှာ ပိုမိုထိရောက်စေပါတယ်။ သုတေသနတွေအရ လမ်းလျှောက်ခြင်းကဲ့သို့ ပုံမှန်လေ့ကျင့်ခန်းမျိုးကို တပတ်မှာ ၁၅၀ မိနစ်၊ ပြေးုခြင်းကဲ့သို့ အားစိုက်ထုတ်ရတဲ့ လေ့ကျင့်ခန်းမျိုးကို တပတ် ၇၅ မိနစ်ခန့် ပုံမှန်ပြုလုပ်ပေးခြင်းဟာ သွေးပေါင်ချိန်ကို […]


ကိုလက်စထရောလ်

ကိုလက်စထရောမြင့်မားခြင်းကြောင့် ခန္ဓာကိုယ်ပေါ် အကျိုးသက်ရောက်ခြင်းများ

ကိုလက်စထရောဆိုတာ သွေးထဲ ဒါမှမဟုတ် ဆဲလ်ထဲမှာ ရှိတဲ့ အဆီဓာတ်တမျိုးပဲ ဖြစ်ပါတယ်။ ကိုလက်စထရောအများစုကို အသည်းကနေ ထုတ်လုပ်ပြီး ကျန်တာကိုတော့ အစားအစာကနေ ရရှိပါတယ်။ ကိုလက်စထရောဟာ lipoproteins လို့ ခေါ်တဲ့ ပရိုတိန်းထဲမှာစုဝေးပြီး သွေးထဲမှာ လှည့်လည်ပါတယ်။ ကိုလက်စထရောဟာ ပုံစံနှစ်မျိုးနဲ့ တည်ရှိပါတယ်။ • Low-density lipoprotein (LDL)။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ကိုလက်စထရောဖြစ်ပြီး သွေးလွှတ်ကြောတွေကို ပိတ်ဆို့စေတတ်ပြီး နှလုံးနဲ့သွေးကြောစနစ်ကို ဒုက္ခပေးပါတယ်။ • High-density lipoprotein (HDL)။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုလက်စထရောဖြစ်ပြီး မကောင်းတဲ့ LDL ကိုလက်စထရောကို သွေးကြောထဲကနေ အသည်းဆီ ပို့ဆောင်ပြီး ခန္ဓာကိုယ်ပြင်ပ ဖယ်ထုတ်နိုင်အောင် ကူညီပေးပါတယ်။ ကိုလက်စထရောဟာ သူ့ဖာသာဆိုရင် ဒုက္ခမပေးတတ်ပါဘူး။ ကိုယ်ခန္ဓာကနေ ဟော်မုန်းများ၊ ဗီတာမင်ဒီ၊ အစာချေရည် စတာတွေကို ထုတ်လုပ်ဖို့အတွက် […]


ကိုလက်စထရောလ်

ကိုလက်စထရောကို ဘယ်လိုလျှော့ချမလဲ

ကိုလက်စထရောဆိုတာကတော့ သွေးထဲမှာရှိတဲ့ အဆီဓာတ်ပဲ ဖြစ်ပါတယ်။ ကိုလက်စထရောတချို့ကို အစားအစာတွေက ရရှိပြီး ကျန်တချို့ကိုတော့ ကိုယ်ခန္ဓာထဲမှာပဲ ထုတ်လုပ်ပါတယ်။ ကိုလက်စထရောဟာ သူ့နေရာနဲ့သူ အသုံးဝင်ပါတယ်။ ကိုယ်ခန္ဓာကနေ ဟော်မုန်းနဲ့ ဆဲလ်တွေ ပြုလုပ်ဖွဲ့စည်းရာမှာ ကိုလက်စထရောကို အသုံးပြုပါတယ်။ ဒါပေမယ့် ကိုလက်စထရောတချို့ဟာ နှလုံးကို ထိခိုက်စေပါတယ်။ ကိုယ်ခန္ဓာထဲမှာ ကိုလက်စထရောနှစ်မျိုး ရှိပါတယ်။ အောက်ပါအတိုင်း ဖြစ်ပါတယ်။ • Low-density lipoprotein (LDL)။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ကိုလက်စထရောဖြစ်ပြီး သွေးလွှတ်ကြောတွေကို ပိတ်ဆို့စေပါတယ်။ ခန္ဓာကိုယ်ထဲမှာ 100 mg/dL အောက်ပဲ ရှိသင့်ပါတယ်။ • High-density lipoprotein (HDL)။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုလက်စထရောဖြစ်ပြီး မကောင်းတဲ့ LDL ကိုလက်စထရောကို သွေးကြောထဲက ဖယ်ထုတ်နိုင်အောင် ကူညီပေးပါတယ်။ သွေးထဲမှာ 60 mg/dL […]


သွေးတိုးရောဂါ

စိတ်လှုပ်ရှားရင် သွေးတိုးဆောင့်တက်သလား

မြန်မာကား များများကြည့်တဲ့သူတွေဆို သိကြမယ့် ဇာတ်ကွက်တစ်ခုရှိပါတယ်။ သားသမီးတွေ မလိမ္မာတဲ့အခါ မိခင်ဖြစ်သူက သွေးတိုးဝေဒနာခံစားရပြီး အိပ်ယာထဲ ဘုံးဘုံးလဲတဲ့ ဇာတ်ကွက်မျိုးပေါ့။ ဒီလိုမြင်ကွင်းမျိုးကို လူတိုင်းနီးပါး ရုပ်ရှင်တွေ ဗီဒီယိုတွေထဲမှာ မြင်ဖူးကြမယ်ထင်ပါတယ်။ သာမန်အားဖြင့်ဆိုရင်တော့ ပေါတောတောနိုင်တယ်လို့ ထင်ရလောက်ပါတယ်။ မကြာခန မြင်ပါများလာတာကြောင့်ရော၊ နဂိုမူလအခံ ဇာတ်လမ်းဇာတ်ကွက်က အားနည်းတာကြောင့်ရောပေါ့။ ဒါပေမယ့် အထင်မသေးပါနဲ့၊ စိတ်ခံစားချက်ဟာ သွေးတိုးဝေဒနာကို အဆုံးအစွန်ကို ရောက်သွားအောင် တွန်းပို့နိုင်တယ်ဆိုတာက အမှန်တကယ်ပဲ? မြန်မာကားတွေထဲက ထိုးဇာတ် သက်သက်ပဲလား? သွေးတိုးတယ်ဆိုတာ ဘာလဲ ပြဿနာကို အဖြေမရှာခင်မှာ သွေးတိုးက ဘယ်လိုရောဂါမျိုးလဲဆိုတာကို အရင်နားလည်ထားဖို့ လိုအပ်မှာဖြစ်ပါတယ်။ သွေးတိုးဝေဒနာဟာ အဖြစ်များတဲ့ ရောဂါတစ်မျိုးဖြစ်ပြီးတော့ ကမ္ဘာ့လူဦးရေ ရဲ့ ၃၇% လောက်ဟာ အဆိုပါဝေဒနာ စွဲကပ်နေကြပါတယ်။ ရုတ်ရက်ဆိုရင်တော့ သွေးတိုးဟာ သာမန်ရောဂါတစ်ခုလို့ ထင်မှတ်မှားစရာရှိပါတယ်။ ဒါပေမယ့် သတိထားသင့်တာက ဒီဝေဒနာကြောင့် တစ်နှစ်ကို […]


သွေးတိုးရောဂါ

သွေးတိုးကျချင်တာလား လမ်းများများလျှောက်လေ……….

သွေးတိုးတယ်ဆိုတိုင်း ဆေးသောက်ရတော့မှာပဲဆိုပြီး စိတ်ညစ်နေပြီလား။ သွေးတိုးရှိတယ်။ ဒါပေမယ့် ဆေးမသောက်ချင်ဘူးဆိုတဲ့သူလေးတွေရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေး ဖတ်ကြည့်လိုက်ပါနော်။ သွေးတိုးတယ်ဆိုတာ သွေးပေါင်ချိန်က ကျန်းမာရေးထိခိုက်နိုင်လောက်တဲ့ အနေအထားထိ မြင့်တက်သွားတာကို သွေးတိုးတယ် လို့ခေါ်ကြတာပါ။ သွေးတိုးက နောက်ဆက်တွဲရောဂါ အနေနဲ့ ဝင်လာနိုင်သလိုရှေ့ကနေ ဦးဆောင်သူအနေနဲ့လည်း ဝင်လာနိုင်ပါတယ်။ သွေးတိုးတယ်ဆိုတာကသွေးပေါင်ချိန် ပုံမှန်ထက်မြင့်တက်တဲ့အခြေအနေပေါ့။ အရမ်းပြင်းထန်မယ်ဆိုရင်လေဖြတ်တာအထိဖြစ်နိုင်ပါတယ်။သွေးပေါင်ချိန်အရမ်းမြင့်သွားမယ် အပေါ်သွေး ၁၈၀ mm Hg၊ အောက်သွေး ၁၂၀ mm Hgဖြစ်နေမယ်။ ဒါမှမဟုတ် အပေါ်သွေးက ၁၈၀ mm Hgကျော်နေမယ်၊အောက်သွေးက ၁၂၀ mm Hg ထက်များနေမယ်ဆိုရင်သွေးပေါင်ချိန်အရမ်းမြင့်နေပြီလို့ဆိုရပါမယ်။သွေးအရမ်းတိုးတာကသွေးကြောတွေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။သွေးကြောတွေ ရောင်ရမ်းလာပြီးသွေးယိုစိမ့်တာ ဒါမှမဟုတ်သွေးရည်ကြည်လိုမျိုး အရည်တွေ ယိုစိမ့်တာမျိုး ဖြစ်နိုင်ပါတယ်။ ရလဒ်အနေနဲ့ကတော့ နှလုံးကသွေးတွေကို ထိထိရောက်ရောက် ညှစ်မထုတ်နိုင်တော့ပါပဲ။ ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ.......... သွေးတိုးလာပြီဆိုရင် သွေးတိုး လာတဲ့အခါ နှလုံးက သွေးတွေကို ညှစ်ထုတ်ပေးနိုင်စွမ်း […]


သွေးတိုးရောဂါ

သွေးတိုး ခြင်း ရဲ့ ကြောက်စရာ နောက်ဆက်တွဲ ပြဿနာ (၁၁) ခု

သွေးတိုး ပြီ ဆိုရင်လေ သိပ်ပြီး အိပ်လို့ကောင်းတာနော်။ ခေါင်းထိုးမယ်၊ မူးပြီး အိပ်ပျော်သွားတယ်၊ မျက်နှာတွေ မို့အစ်နေမယ်။ ဒီလောက်နဲ့ ပြီးသွားပြီ ထင်ပါသလား။ သွေးတိုးပြင်းရင် လေဖြတ်နိုင်တယ်၊ ဦးနှောက်သွေးကြော ပြတ်နိုင်တယ်၊ သွေးတိုး ဖြစ်ရင် ဆီးချိုလည်းဖြစ်လာနိုင်တယ် ဆိုတာတွေပဲ သိထားတာ များတယ်။ ဒါပေမယ့် ကြောက်စရာကောင်းတဲ့ တခြားထိခိုက်မှုတွေ၊ နောက်ဆက်တွဲ ပြဿနာတွေလည်း ဖြစ်လာနိုင်သေးတယ်ဆိုတာ သိထားစေချင်ပါတယ်နော်… (၁) သွေးကြော ထိခိုက်ပျက်စီးခြင်း သွေးကြော တွေဟာ အောက်ဆီဂျင်သယ်ဆောင်ရမယ့် အဆုတ် နဲ့ နှလုံး ဆီကနေ ကိုယ်တွင်းအင်္ဂါတွေ နဲ့ တခြားတစ်ရှူးတွေ ဆီကို သွေးလည်ပတ်ရ လွယ်ကူစေဖို့ ကြံ့ခိုင်မှု၊ ပျော့ပျောင်းနိုင်မှု၊ အတားအဆီးကင်းမှု တွေ ပြည့်စုံနေသင့်ပါတယ်။ သွေးတိုး ကြောင့် အဲဒီသွေးကြောတွင်းမှာ ထိခိုက်မှုတွေ ဖြစ်စေပြီး အဆီချေးတွေ ပိုပြီး ကပ်တွယ်စေနိုင်တယ်။ ဒီလိုကပ်တွယ်ရာကနေ […]


နှလုံးရောဂါ

နှလုံးကို ထိခိုက်စေမယ် လို့ ထင်မထားမိတဲ့ အရာတွေ

နှလုံး ကျန်းမာဖို့ ဘာတွေ သတိထားရမလဲ သိလား။ အဆီများတာ တွေ စားပြီး သွေးတွင်းအဆီဓာတ် များတာ၊ လှုပ်ရှားမှု နည်းတာ နဲ့ စိတ်ဖိစီးမှု စတဲ့ အရာတွေကို နှလုံးကျန်းမာရေး အတွက် မကောင်းတဲ့ အကြောင်းရင်းတွေ လို့ သိထားကြတယ်။ ဒါပေမယ့် နောက်ထပ်ရော ကိုယ်ထင်မထားတဲ့ ဘယ်အရာတွေက နှလုံးကို ထိခိုက်စေမယ် ဆိုတာ မသိချင်ဘူးလား… နှလုံးကို ထိခိုက်စေမယ် လို့ ထင်မထားမိတဲ့ အရာများ (၁) သွား ပြဿနာများ သွားကျန်းမာရေး ကို ဂရုမစိုက်ရင် ဖြစ်လာမယ့် ထိခိုက်လာမယ့် အကျိုးဆက်က ခံတွင်းကျန်းမာရေး တစ်ခုတည်း မဟုတ်ပါဘူးနော်။ သွားဖုံးရောဂါ ရှိသူ တွေမှာ နှလုံးရောဂါ ဖြစ်နိုင်ခြေ ပိုများတယ် လို့ သိရပါတယ်။ မကျန်းမာတဲ့ သွားဖုံးကနေ ဝင်ရောက်တဲ့ ဘက်တီးရီးယားက သွေးလည်ပတ်မှု […]


သွေးတိုးရောဂါ

ကလေးငယ်တွေ သွေးတိုးကြတဲ့အခါ

သွေးတိုးရောဂါဆိုတာ အသက်အရွယ်ကြီးမြင့်သူတွေမှာ ပိုအဖြစ်များတတ်တဲ့ ဝေဒနာတစ်မျိုးလို့ ယျေဘုယျအားဖြင့် သတ်မှတ်ထားကြပါတယ်။ ဒါပေမယ့် ဒီအချက်ကြောင့်တော့ လူငယ်တွေနဲ့ ကလေးသူငယ်တွေမှာလည်း ဒီဝေဒမျိုး မခံစားရနိုင်ဘူးလို့ ဆိုလို့မရပါဘူး။ ရင်သွေးငယ်တွေမှာလည်း သွေးတိုးဝေဒနာ ကြုံရနိုင်ပါတယ်။ တစ်ချို့သော အသက် ၁၈ နှစ်အောက် လူငယ်တွေနဲ့ ကလေးတွေမှာ သွေးတိုးလက္ခဏာတွေ ပြသလေ့ရှိပါတယ်။ ဘာကြောင့် ဒီလို ကလေးငယ်တွေမှာ သွေးတိုးဝေဒနာမျိုး ဖြစ်တာလဲ? သွေးတိုးတယ်ဆိုတာက စီးဆင်းနေတဲ့ သွေးတွေက ကိုယ်တွင်းက သွေးကြောနံရံတွေကို ဖိအားအလွန်အကျွံပေးတာဖြစ်ပါတယ်။ ပုံမှန်အခြေအနေမှာ သွေးတွေ နှုန်းထားမှန်မှန်နဲ့ စီးဆင်းနိုင်ဖို့ နှလုံးပြွန်တွေက ကူညီလေ့ရှိပါတယ်။ သွေးတိုးချိန်မှာတော့ ဒီလို မကူညီနိုင်တော့တာကြောင့်ဖြစ်ပါတယ်။ ဒီလို သွေးတိုးတာကြောင့် နှလုံးနဲ့ တခြားခန္တာကိုယ်အစိတ်အပိုင်းတွေ ထိခိုက်ပျက်ဆီးနိုင်ပါတယ်။ ပုံမှန်သွေးတိုးကြတဲ့အခါ လူကြီးပိုင်းတွေကတော့ သိနားလည်ကြပြီးဖြစ်တာမို့ ဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ ခံစားနေရတဲ့ ဝေဒနာကို အလွယ်တကူ ပြောပြနိုင်ကြပါတယ်။ ကလေးတွေမှာတော့ […]


သွေးတိုးရောဂါ

သွေးတိုးရှိတယ်။ ဆေးမသောက်ချင်ဘူး ဆိုသူတွေအတွက်

အစားလေး တစ်ခုခုမှားတာနဲ့ သွေးတိုးတယ်။ ဒါပေမယ့် ဆေးလည်း မသောက်ချင်ဘူး။ သွေးတိုးရင် ခေါင်းကိုက်တာကလည်း မခံနိုင်အောင်ဘဲ ဆိုတဲ့ Hello ဆရာဝန် ပရိသတ်ကြီး ရှိလား....... ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ သွေးတိုးတယ်ဆိုတာ သွေးပေါင်ချိန်က ကျန်းမာရေးထိခိုက်နိုင်လောက်တဲ့ အနေအထားထိ မြင့်တက်သွားတာကို သွေးတိုးတယ် လို့ခေါ်ကြတာပါ။ သွေးတိုးက နောက်ဆက်တွဲရောဂါ အနေနဲ့ ဝင်လာနိုင်သလိုရှေ့ကနေ ဦးဆောင်သူအနေနဲ့လည်း ဝင်လာနိုင်ပါတယ်။ သွေးတိုးတယ်ဆိုတာကသွေးပေါင်ချိန် ပုံမှန်ထက်မြင့်တက်တဲ့အခြေအနေပေါ့။ အရမ်းပြင်းထန်မယ်ဆိုရင်လေဖြတ်တာအထိဖြစ်နိုင်ပါတယ်။သွေးပေါင်ချိန်အရမ်းမြင့်သွားမယ် အပေါ်သွေး ၁၈၀ mm Hg၊ အောက်သွေး ၁၂၀ mm Hgဖြစ်နေမယ်။ ဒါမှမဟုတ် အပေါ်သွေးက ၁၈၀ mm Hgကျော်နေမယ်၊အောက်သွေးက ၁၂၀ mm Hg ထက်များနေမယ်ဆိုရင်သွေးပေါင်ချိန်အရမ်းမြင့်နေပြီလို့ဆိုရပါမယ်။သွေးအရမ်းတိုးတာကသွေးကြောတွေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။သွေးကြောတွေ ရောင်ရမ်းလာပြီးသွေးယိုစိမ့်တာ ဒါမှမဟုတ်သွေးရည်ကြည်လိုမျိုး အရည်တွေ ယိုစိမ့်တာမျိုး ဖြစ်နိုင်ပါတယ်။ ရလဒ်အနေနဲ့ကတော့ နှလုံးကသွေးတွေကို […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း