နှလုံးနှင့်သွေးကြော ကျန်းမာရေး

နှလုံးက ကောင်းမွန်တဲ့ သွေးစီးဆင်းမှုနဲ့ သွေးဖြန့်ဖြူးမှုကို ထိန်းသိမ်းဖို့အတွက် အဓိက တာဝန်ယူထားတာပါ။ ပုံမှန်အားဖြင့်ကတော့ အဆိုပါသွေးလည်ပတ်မှု သွေးပို့ဆောင်မှုတွေ အဟန့်အတားဖြစ်တာ၊ ထိခိုက်တာတွေက ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီတော့ နှလုံး ကျန်းမာစေဖို့ ဘာတွေကို ဂရုစိုက်ရမလဲ။ နှလုံးကျန်းမာရေး ကောင်းအောင် ဘယ်လို မြှင့်တင်ရမလဲ ဆိုတာနဲ့ နှလုံး နဲ့ နှလုံးသွေးတွေ ကျန်းမာအောင် ဘယ်လို ကာကွယ်ရမလဲဆိုတာကို ဒီကဏ္ဍမှာ ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

နှလုံးနှင့်သွေးကြော ကျန်းမာရေး

သတိ! စိတ်ဖိစီးမှုကြောင့် နှလုံး မထိခိုက်ပါစေနဲ့

နှလုံးလေး ကျန်းမာစေချင်ပါသလား ..... အရင်ဆုံး လုပ်ရမယ့် အလုပ်ကတော့ စိတ်ဖိစီးမှု အတိုင်းအတာကို စစ်ဆေးတာပါ။  စိတ်ဖိစီးမှုကြောင့် နှလုံး ထိခိုက်စေနိုင်ပါတယ်။ စိတ်ဖိစီးတာကက နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတာကတော့ သိထားပြီးသား ဖြစ်မှာပါ။ ဒါပေမယ့် နှလုံး ထိခိုက်စေမယ့် စိတ်ဖိစီးမှုတွေ မဖြစ်အောင် ကာကွယ်ဖို့ကတော့ မလွယ်ပါဘူး။ တစ်နေ့တာမှာက မမျှော်လင့်တာတွေ အများကြီး ကြုံလာနိုင်တာက လူ့ဘဝပဲလေ။အကောင်းဆုံးဖြစ်အောင်တော့ လုပ်ဆောင်လို့ ရပါတယ်။ ဒါကြောင့် အမှုမဲ့အမှတ်မဲ့ ဖြစ်မနေအောင် သတိပေးချင်တာလေး တစ်ခုကို ဆောင်းပါးလေးကနေတဆင့် ပြောပါရစေ။ သတိ! စိတ်ဖိစီးမှုကြောင့် နှလုံး မထိခိုက်ပါစေနဲ့ သတိ! စိတ်ဖိစီးမှုကြောင့် နှလုံး မထိခိုက်ပါစေနဲ့ .......လို့ ပြောရတဲ့ အကြောင်းအရင်းလေးကို ရှင်းပြချင်ပါတယ်။ ဒီအကြောင်းလေးကို ပြောဖို့ စိတ်ဖိစီးမှုက နှလုံးကို ဘယ်လို ထိခိုက်စေလဲဆိုတဲ့ အကြောင်းကနေ […]

နှလုံးနှင့်သွေးကြော ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

နှလုံးနှင့်သွေးကြော ကျန်းမာရေး ကို ရှာဖွေမည်။

သွေးတိုးရောဂါ

အိပ်စက်ခြင်း နဲ့ သွေးတိုးရောဂါ

အိပ်စက်ခြင်း နဲ့ သွေးတိုးရောဂါ ခေါင်းတွေမူးလိုက်တာ အိပ်ရေးပျက်လို့ ထင်တယ်ဆိုပြီး ခပ်ပေါ့ပေါ့လေး မတွေးလိုက်ပါနဲ့။ တစ်ခါတစ်လေမှာ အိပ်ရေးပျက်တာ သက်သက်ကြောင့်ချည်းပဲ ခေါင်းကိုက်တာမဟုတ်ပါဘူး။ ကာလာကြာရှည် အိပ်ရေးပျက်မှုရဲ့ အကျိုးဆက်အနေနဲ့ သွေးတိုးတာကြောင့် ခေါင်းကိုက်တာလည်း ဖြစ်နေနိုင်ပါတယ်။ ဒီတော့ မေးစရာရှိလာနိုင်တာက အငန်စားမှ၊ အဆီအအိမ့်တွေစားမှ သွေးတိုးတာမဟုတ်ဘူးလား.... အိပ်ရေးပျက်ရင်ရော သွေးတိုးစေလို့လား..ဆိုတဲ့ အမေးပါ။ သွေးတိုးစေတဲ့ အကြောင်းအရင်းတွေက ဘာတွေများလဲ.......... သွေးတိုးစေတဲ့ အကြောင်းအရင်းက တစ်ခုမကရှိနေနိုင်ပါတယ်။ အငန်စား များတာ စိတ်ဖိစီးတာ သောက်သုံးနေရတဲ့ ဆေးဝါး စိုးရိမ်မှု များတာ အယ်လ်ကိုဟော သောက်သုံးတာ ဆေးလိပ် သောက်သုံးတာ အဝလွန် နေတာ ကိုယ်လက်လှုပ်ရှားမှု နည်းတာ အသက်အရွယ် ကြီးရင့်လာတာ မျိုးရိုးရှိတာ စတဲ့ အချက်တွေကြောင့် သွေးတိုးရောဂါ ခံစားရနိုင်ပါတယ်။ အိပ်စက်ခြင်း နဲ့ သွေးတိုးရောဂါ တစ်နေ့တာလုံးမှာ စိတ်ဖိစီးလို့ဆိုပြီး ညဘက်အိပ်တဲ့အခါ ကောင်းကောင်းမအိပ်တာ၊ […]


သွေးတိုးရောဂါ

သွေးတိုး နဲ့ ပတ်သတ်ပြီး သင်သိထားတဲ့ အလွဲများ

သွေးတိုး မှာကို လူတိုင်းကြောက်ပါတယ်။ သွေးတိုးက ပျောက်အောင် ကုမရဘူး။ ထိန်းထားလို့ပဲ ရမယ်လို့ ပြောတဲ့အခါမှာလည်း စိတ်ဓာတ်ကျသွား တတ်ပါတယ်။ သွေးတိုးနဲ့ ပတ်သတ်ပြီး ပျောက်ချင်ဇောနဲ့  အယူအဆများတွေကိုလည်း လိုက်လုပ်တတ်ပါသေးတယ်။ ဘာလို့ ဒီလိုလုပ်မိတာလဲဆိုတော့ သွေးတိုးအကြေောင်းကို ကောင်းကောင်း မသိလို့ပါပဲ။ သွေးတိုးနဲ့ ပတ်သတ်ပြီး သင်သိထားတာတွေ မှန်ရဲ့လား။ ဘာတွေ လွဲနေလဲ ဆိုတာ ဆက်ကြည့်ရအောင်။ သွေးတိုး အလွဲ (၁)  " သွေးတိုးက မျိုးရိုး လိုက်တတ်တယ်။ အမေ့မှာလည်း သွေးတိုးရှိတော့ ငါ့မှာလည်း ဖြစ်မှာပဲ။ ဘယ်လိုမှ မတတ်နိုင်ပါဘူးလေ။ " သွေးတိုးက မျိုးရိုး လိုက်တတ်တယ်ဆိုတာ ဟုတ်ပါတယ်။ အမေမှာဖြစ်ရင် ကိုယ့်မှာ ဖြစ်နိုင်တယ် ဆိုတာလည်း ဟုတ်ပါတယ်။ မဟုတ်တာက မတတ်နိုင်ဘူးဆိုတာပါ။ မျိုးရိုးရှိပေမယ့်လည်း ကိုယ်က အနေအထိုင် […]


သွေးတိုးရောဂါ

သွေးတိုးရှိသူတိုင်း သောက်ပေးသင့်တဲ့ ဖျော်ရည်တွေက ဘာတွေများလဲ……..

အသံတိတ် လူသတ်သမားရယ်လို့ တင်စားရလောက်အောင်အထိ ပြင်းထန်တဲ့ သွေးတိုးရောဂါက ကမ္ဘာပေါ်က လူတော်တေ်ာများများကို ခြိမ်းခြောက်နေတဲ့ ကျန်းမာရေး ပြဿနာတစ်ခုပါ။ သွေးတိုးရောဂါဆိုတာ ရုတ်တရက် ကြည့်လိုက်ရင် အသက်အန္တရာယ်ကို ထိခိုက်လောက်အောင်အထိ မပြင်းထန်ဘူးလို့ ယူဆစရာရှိပေမယ့် တကယ်ကတော့ အခန့်မသင့်ရင် အသက်ကို ရန်ရှာနိုင်တဲ့ နာတာရှည်ရောဂါတစ်ခုပါ။ သွေးတိုးနဲ့ သူ့အပေါင်းအပါတစ်စု သွေးတိုးဆိုတာက ခန္ဓာကိုယ်အနှံ့အပြားကို သွေးတွေ စီးဆင်းရောက်ရှိစေဖို့ နှလုံးက ပုံမှန်ထက်ပိုအားစိုက်လို့ သွေးတွေကို ညှစ်ထုတ်ရတဲ့ အခြေအနေပါ။ ဒီလိုနဲ့ သွေးတိုးတာကို အချိန်ကြာမြင့်စွာ ခံစားလာရတဲ့အခါ လေဖြတ်တာ၊ နှလုံးရောဂါ၊ ကျောက်ကပ်ပျက်စီးတာ၊ အမြင်အာရုံ ထိခိုက်တာတွေ ခံစားရနိုင်ပါတယ်။ လူတော်တော်များများဟာ သူတို့ဘဝ သက်တမ်းတလျှောက်မှာ သွေးတိုးရောဂါကို တစ်ချိန်မဟုတ် တစ်ချိန်မှာ ခံစားတတ်ကြရပါတယ်။ အဖြစ်များတဲ့ ရောဂါတစ်ခုလို့ ဆိုရမှာပေါ့။ ဒါပေမယ့် အခုဆိုရင် လူတော်တော်များများ သွေးတိုးရောဂါ ခံစားရမယ်ဆိုတာက […]


သွေးတိုးရောဂါ

သွေးတိုး ရောဂါရှိတာ သေချာပြီလား

မြန်မာနိုင်ငံမှာ လူတွေကို အန္တရာယ်အပေးဆုံးနဲ့ အသေအပျောက် အများဆုံး ရောဂါတွေထဲမှာ သွေးတိုး ရောဂါက နံပါတ် ၄ ချိတ် ပါတယ်။ မြန်မာနိုင်ငံက ဖွံ့ဖြိုးဆဲနိုင်ငံ ဖြစ်ပေမယ့် ကူးစက်ရောဂါရော မကူးစက်တဲ့ ရောဂါဒဏ် နှစ်မျိုးစလုံးကို ခံစားနေရတာပါ။ ဒါကို double burden လို့ ခေါ်ပါတယ်။ သွေးတိုးရောဂါက မကူးစက်တဲ့ ရောဂါထဲမှာ ပါပါတယ်။ အခု လူတွေက သွေးတိုးရောဂါနဲ့ ပတ်သတ်ပြီး အတော်အသင့်လည်း သိလာကြပါပြီ။ ဒါပေမယ့် ပြဿနာက သွေးပေါင်လေး တစ်ခါလောက် ချိန်ပြီး ကိုယ့်ကိုယ်ကို သွေးတိုးနေပြီလို့ ထင်တာပါပဲ။ ဒီပြဿနာကို ပြောပြပေးမှာပါ။ သွေးတိုးလို့ ဘယ်အခါမှာ သတ်မှတ်မှာလဲ။ ကိုယ့်မှ သွေးတိုးရောဂါ ရှိမရှိ ဘယ်လို သိနိုင်မလဲ ဆိုတာ ဆက်ကြည့်ရအောင်။ သွေးတိုး […]


အခြားနှလုံးသွေးကြောဆိုင်ရာပြဿနာများ

အိပ်ချိန်လေးတော့ မှန်ပါစေ

ညဘက်တွေကို အလုပ်တွေ လုပ်ရင်းဖြစ်ဖြစ်၊ စာဖတ်ရင်း၊ သီချင်းနားထောင်ရင်း ၊ ရုပ်ရှင်ကြည့်ကောင်းလို့ ထိုင်ကြည့်မိရင်း၊ ဂိမ်းတွေ ဆော့ရင်းက စောရင်စောတယ်၊ နောက်ကျရင်လည်း သန်းခေါင်မှ အိပ်တယ်ဆိုတဲ့သူလေးတွေရှိလား......... ဒါဆိုရင် သေချာတာ အိပ်ချိန် သတ်သတ်မှတ်မှတ် မရှိဘူးဆိုတာပါ။ ဒီလိုဆိုရင် ဘယ်လိုပြဿနာတွေ ရှိလာနိုင်လဲ.... ဒီဆောင်းပါးလေးမှာ ပြောပြပေးပါရစေလား......... လူတော်တော်များများလက်ခံထားတဲ့ အယူအဆ လူတော်တော်များများ လက်ခံထားတာက အိပ်ချိန်မှန်တာ၊ မမှန်တာက အဓိကမဟုတ်ဘူး။ ပြည့်ဝလုံလောက်တဲ့ အိပ်စက်ချိန်ရှိရင်ကို လုံလောက်ပြီ။ အိပ်ချိန်မ မမှန်တာက ကျန်းမာရေးကို မထိခိုက်စေနိုင်ဘူး။ အိပ်ရေးဝအောင် မအိပ်တာကသာ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အရာရယ်လို့ပါ။ အိပ်ရေးပျက်တာ နည်းတူ ထိခိုက်စေနိုင်တဲ့ အိပ်ချိန် မမှန်ခြင်း မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ရပ်အရ သိခဲ့ရတာက အိပ်ရေးပျက်တာ တင်မဟုတ်ဘဲ အိပ်စက်ချိန် မမှန်တာကလည်း နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်တယ် ဆိုတာပါ။ ကျန်းမာရေးအတွက် အရေးပါတဲ့ […]


နှလုံးရောဂါ

အထိုင်များတာကြောင့် ရှင်သန်မှုလက္ခဏာ နှလုံးလေးကို ထိခိုက်စေနိုင်ပါသတဲ့

ပြောင်းလဲလာတဲ့ ခေတ်အခြေအနေကြောင့် လူတော်တော်များများ လှုပ်ရှားမှုနည်းလာကြတယ်။ နေအိမ်မှာလည်း အထိုင်များကြသလို အလုပ်ခွင်မှာလည်း တစ်နေကုန်ထိုင်ပြီး အလုပ်လုပ်နေရသူက ခပ်များများပါ။ အထိုင်များတာက ကျန်းမာရေးကို ထိခိုက်စေမယ်ဆိုတာ ထွေထွေထူးထူးပြောနေဖို့ မလိုအောင်ပါ။ ဒီတစ်ခေါက်တော့ အထိုင်များတာကြောင့် နှလုံးလေး ဘယ်လိုထိခိုက်နိုင်လဲဆိုတာကို ပြောပြပေးပါရစေလား……. နေ့တိုင်း အချိန်ကြာမြင့်စွာ ထိုင်နေတတ်တဲ့ အမျိုးသမီးတွေဟာ နှလုံးရောဂါခံစားရနိုင်ခြေပိုများတယ်လို့ လေ့လာမှု အသစ်တစ်ရပ်အရ သိရပါတယ်။ နှလုံးကျန်းမာရေးကို ဘာတွေကများထိခိုက်စေတာလဲ……….. တစ်ခုမကသော နှလုံးကို ထိခိုက်စေနိုင်တဲ့ အချက်တွေက • ကျန်းမာရေးနဲ့ မညီညွတ်တဲ့ စားသောက်မှုပုံစံ • အိပ်ရေးပျက်တာ • ဆေးလိပ်သောက်တာ • ကိုယ်လက်လှုပ်ရှားမှုနည်းတာ • ရောဂါအခံ တစ်ခုခုရှိတာ • စိတ်ဖိစီးတာ • အဝလွန် • သွေးတိုးရောဂါရှိတာ • သွေးတွင်းအဆီများတာ • အထိုင်များတာတွေ ပါ။ လူတိုင်းနီးပါး လုပ်မိနေတဲ့ နှလုံးကို ထိခိုက်စေနိုင်တဲ့ အချက်တစ်ခု သုတေသီတွေနဲ့ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေလုပ်ဆောင်ခဲ့တဲ့ လေ့လာမှုတွေအရ အထိုင်များတာက နှလုံး ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတဲ့ အချက်ပါ။ […]


နှလုံးရောဂါ

ရေဆာရင် အချိုရည် သောက်တတ်တဲ့ အကျင့်ရှိလား...........

မောလိုက်တာ၊ ရာသီဥတုကလည်း ပူလိုက်တာ၊ ရေဆာလိုက်တာဆိုတဲ့ အကြောင်းအရင်းအမျိုးမျိုးနဲ့ ရေအစား အချိုရည်တွေကိုများ သောက်နေမိပြီလား……. ရေသောက်ရင် အမောမပြေလို့ဆိုပြီး အချိုရည်မှ အချိုရည်ဆိုပြီး သောက်မိနေသူလေးတွေ ရှိလား……….. ဒီလိုသောက်မိနေပြီဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ နှစ်စဉ် လူတော်တော်များများ သေဆုံးနေရတဲ့ အကြောင်းအရင်းတစ်ခု နှစ်စဉ် ကမ္ဘာလူဦးရေရဲ့ ၁၇.၉ သန်းဟာ နှလုံးသွေးကြောဆိုင်ရာ ရောဂါကြောင့် အသက်ဆုံးရှုံးနေရပါတယ်။ နှလုံးကိုထိခိုက် တာ၊ နှလုံးသွေးကြောတွေ ထိခိုက်တာကြောင့် သေဆုံးနေကြရပါတယ်။ ဒီလိုသေဆုံးရခြင်းရဲ့ အဓိကအကြောင်းအရင်းက စားသုံးနေတဲ့ အစားအသောက်တွေကြောင့်ပါ။ စားသောက်တဲ့ အစားအသောက်တွေကြောင့် သွေးတိုးတာနဲ့ သွေးတွင်းသကြားဓာတ်များတာ၊ သွေးတွင်းကိုလက်စထရော များတာတွေက နှလုံးရောဂါ ဖြစ်စေရတဲ့ အဓိက အကြောင်းအရင်းတွေထဲက တစ်ခုပါ။ လေ့လာမှုရလဒ်တွေအရ နေ့စဉ် အချိုရည်တွေ သောက်သုံးတာက သွေးတွင်းမှာ အဆီပိုတွေ များလာစေပြီး သွေးတွင်း ကိုလက်စထရောတွေကို များစေနိုင်ပါတယ်။ ဒါက […]


သွေးတိုးရောဂါ

သွေးတိုးအတွက် Detox Water တွေက ဘာတွေဖြစ်မလဲ.........

သွေးတိုးတယ်ဆိုတာက ပြောတော့သာ ဘာမှမဟုတ်တယ်နော်။ ခံစားရတာ မသက်သာသလို နောက်ဆက်တွဲ ဖြစ်လာနိုင်တဲ့ ကျန်းမာရေး ပြဿနာတွေက တော်တော်လေး များပါတယ်။ ဒီတော့ အစားလည်း ဆေး၊ ဆေးလည်း အစာဆိုတဲ့ စကားအတိုင်း သွေးတိုးတာကို သက်သာစေဖို့ Detox water လေး လုပ်သောက်ကြည့်ရအောင်လား......... သွေးတိုးခြင်း နဲ့ ရေဓာတ် သွေးတိုးတာကို ဖြစ်စေရခြင်း အကြောင်းအရင်းတွေထဲကတစ်ခုက ကာလရှည်ကြာ ရေဓာတ်နည်းပါးမှုကြောင့်ပါ။ ခန္ဓာကိုယ်က ဆဲလ်တွေက ရေဓာတ်နည်းသွားတဲ့အခါ ဦးနှောက်က pituitary gland တွေကို သွေးကြောတွေကို ကျုံ့သွားစေနိုင်တဲ့ vasopressin ဟော်မုန်းကို ထုတ်လွှတ်ဖို့ အချက်ပေးလိုက်ပါတယ်။ ဒီအခြေအနေက သွေးပေါင်ချိန်ကို မြင့်တက်စေပြီး သွေးတိုးတာကို ဖြစ်စေပါတယ်။ ဒီပြဿနာကို အကောင်းဆုံး ဖြေရှင်းဖို့က ရေဓာတ်ပြည့်ဝနေစေဖို့ပါပဲ။ ရေဓာတ်ပြည့်ဝမှုက နှလုံးရဲ့ စွမ်းဆောင်မှုကို ကောင်းစေနိုင်ပြီး သွေးပေါင်ချိန် ပုံမျန်ဖြစ်စေဖို့ […]


နှလုံးရောဂါ

နှလုံးနဲ့ပတ်သက်ပြီး ဒီအချက်တွေ သိပြီးပြီလား..........

နှလုံးခုန်နေတာက အသက်ရှင်သန်နေတယ်ဆိုတဲ့ လက္ခဏာတစ်ခုပါ။ သက်ရှိတစ်ဦးဦး နှလုံးရပ်သွားပြီဆိုရင် ရှင်သန်မှု အဆုံးသတ်သွားပါပြီ။ ဒီရှင်သန်မှုလက္ခဏာဖြစ်တဲ့ နှလုံး အကြောင်း သင်ဘယ်လောက်ထိ သိထားလဲဆိုတာ ဒီဆောင်းပါးလေး ကနေတဆင့် ဆန်းစစ်ကြည့်ရအောင်လား........ နှလုံး ဘယ်လိုများ အလုပ်လုပ်တာလဲ........... နှလုံး က ခန္ဓာကိုယ် သွေးလည်ပတ်မှုစနစ်ရဲ့ အစိတ်အပိုင်းတစ်ခုပါ။ နှလုံးကို သွေးလွှတ်ခန်း၊ သွေးပြန်ခန်း၊ နှလုံးအဆို့ရှင်၊ သွေးလွှတ်ကြောတွေ၊ သွေးပြန်ကြောတွေနဲ့ ဖွဲ့စည်းထားပါတယ်။ နှလုံးက သွေးတွေကို သိုလှောင်တယ်၊ ပို့လွှတ်တယ်။ ခန္ဓာကိုယ်အနှံ့ကို အောက်ဆီဂျင်တွေရောက်ရှိစေတယ် စတဲ့ ရှင်သန်မှုအတွက် အရေးပါတဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ပေးပါတယ်။ နှလုံးကျန်းမာစေဖို့ ဘာတွေလုပ်ရမလဲ.......... နှလုံးကျန်းမာမှ ခန္ဓာကိုယ်ကျန်းမာမှာပါ။ ဒီတော့ နှလုံးကျန်းမာစေဖို့အတွက် ကျန်းမာရေးနဲ့ ညီညွတ်အောင်စားသုံးပါ နေ့စဉ် ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ အရက်မသောက်ပါနဲ့ ဆေးလိပ်ဖြတ်ပါ ကျန်းမာရေးနဲ့ညီညွတ်တဲ့ လူနေမှုပုံစံကို မွေးမြူပါ အိပ်ရေးဝဝအိပ်ပါ။ နှလုံး နဲ့ပတ်သက်ပြီး ဒါတွေ […]


ကိုလက်စထရောလ်

Cholesterol အကြောင်း သိကောင်းစရာ

ရေးသားသူ – မောင်မျိုးအောင် (ဆေး – ၁) Cholesterol ဆိုတာကတော့ ခန္ဓာကိုယ်တွင်း သွေးနဲ့ဆဲလ်တွေထဲမှာပါဝင်နေတဲ့ အရာတစ်ခုပါ။ Cholesterol အများစုကို အသည်းကထုတ်လုပ်ပေးပြီး ကျန်တာတွေကိုတော့ ပြင်ပအစားအသောက်တွေကနေ ရရှိပါတယ်။ Cholesterol တွေကသွေးကြောထဲမှာ စုပေါင်းပြီးနောက်ဆုံး Lipoproteins လို့ခေါ်တဲ့ Protein အစုအဝေးတစ်ခုဖြစ်သွားကြပါတယ်။ Cholesterol တွေမှာပုံစံ ၂ မျိုးရှိပါတယ်။ Low density lipoprotein ( LDL ) လို့ခေါ်တဲ့ သွေးကြောတွေကို ပိတ်ဆို့စေနိုင်တဲ့ မကောင်းတဲ့ Cholesterol နဲ့ High density lipoprotein ( HDL ) လို့ခေါ်တဲ့ ပိုလျှံနေတဲ့ Cholesterol တွေကိုအသည်းကိုပို့ပြီးချေဖျက်စေတဲ့ ကောင်းတဲ့ Cholesterol ဆိုပြီး ၂ မျိုးရှိပါတယ်။ Cholesterol တစ်မျိုးထဲဆိုရင် ဆိုးတဲ့အရာလို့ပြောလို့မရပါဘူး။ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း