အစားလေး တစ်ခုခုမှားတာနဲ့ သွေးတိုးတယ်။ ဒါပေမယ့် ဆေးလည်း မသောက်ချင်ဘူး။ သွေးတိုးရင် ခေါင်းကိုက်တာကလည်း မခံနိုင်အောင်ဘဲ ဆိုတဲ့ Hello ဆရာဝန် ပရိသတ်ကြီး ရှိလား……. ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။
အစားလေး တစ်ခုခုမှားတာနဲ့ သွေးတိုးတယ်။ ဒါပေမယ့် ဆေးလည်း မသောက်ချင်ဘူး။ သွေးတိုးရင် ခေါင်းကိုက်တာကလည်း မခံနိုင်အောင်ဘဲ ဆိုတဲ့ Hello ဆရာဝန် ပရိသတ်ကြီး ရှိလား……. ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။

သွေးပေါင်ချိန်က ကျန်းမာရေးထိခိုက်နိုင်လောက်တဲ့ အနေအထားထိ မြင့်တက်သွားတာကို သွေးတိုးတယ် လို့ခေါ်ကြတာပါ။ သွေးတိုးက နောက်ဆက်တွဲရောဂါ အနေနဲ့ ဝင်လာနိုင်သလိုရှေ့ကနေ ဦးဆောင်သူအနေနဲ့လည်း ဝင်လာနိုင်ပါတယ်။
သွေးတိုးတယ်ဆိုတာကသွေးပေါင်ချိန် ပုံမှန်ထက်မြင့်တက်တဲ့အခြေအနေပေါ့။ အရမ်းပြင်းထန်မယ်ဆိုရင်လေဖြတ်တာအထိဖြစ်နိုင်ပါတယ်။သွေးပေါင်ချိန်အရမ်းမြင့်သွားမယ် အပေါ်သွေး ၁၈၀ mm Hg၊ အောက်သွေး ၁၂၀ mm Hgဖြစ်နေမယ်။ ဒါမှမဟုတ် အပေါ်သွေးက ၁၈၀ mm Hgကျော်နေမယ်၊အောက်သွေးက ၁၂၀ mm Hg ထက်များနေမယ်ဆိုရင်သွေးပေါင်ချိန်အရမ်းမြင့်နေပြီလို့ဆိုရပါမယ်။သွေးအရမ်းတိုးတာကသွေးကြောတွေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။သွေးကြောတွေ ရောင်ရမ်းလာပြီးသွေးယိုစိမ့်တာ ဒါမှမဟုတ်သွေးရည်ကြည်လိုမျိုး အရည်တွေ ယိုစိမ့်တာမျိုး ဖြစ်နိုင်ပါတယ်။ ရလဒ်အနေနဲ့ကတော့ နှလုံးကသွေးတွေကို ထိထိရောက်ရောက် ညှစ်မထုတ်နိုင်တော့ပါပဲ။
သွေးတိုးလာပြီဆိုရင်
သွေးတိုး လာတဲ့အခါ နှလုံးက သွေးတွေကို ညှစ်ထုတ်ပေးနိုင်စွမ်း ကျသွားပါမယ်။ ဒီလိုအခြေအနေမျိုးမှာ
သွေးတိုးရှိတယ်။ ဒါပေမယ့် ဆေးမသောက်ချင်ဘူးဆိုရင် ဒီနည်းလမ်းလေးတွေက အဆင်ပြေစေမှာပါ။
သင့်တင့်တဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ
ကိုယ်အလေးချိန် တိုးလာတာနဲ့အတူ သွေးပေါင်ချိန်ကလည်း တက်လာနိုင်ပါတယ်။ ဒီတော့ သွေးတိုး ကျစေဖို့ဆိုရင် လုပ်ရမယ့် အကောင်းဆုံး နည်းလမ်းက ပိုနေတဲ့ ကိုယ်အလေးချိန်တွေကို လျှော့ချဖို့ပါ။
ကိုယ်အလေးချိန် လျှော့ချနိုင်မှုနဲ့အတူ သွေးတိုးကလည်း ကျလာပါလိမ့်မယ်။ ခန္ဓာကိုယ်က အလေးချိန် ၂.၂ ပေါင် ကျသွားတိုင်း သွေးပေါင်ချိန်က ၁ mm Hg ကျသွားပါလိမ့်မယ်။
လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးတာက ခန္ဓာကိုယ်ကိုရော စိတ်ကိုပါ ကျန်းမာစေနိုင်ပါတယ်။ တစ်နေ့ကို မိနစ် ၃၀ တစ်ပတ်ကို မိနစ် ၁၅၀ ပုံမှန် လေ့ကျင့်ခန်းလုပ်ပေးတာက သွေးတိုး ရှိသူတွေမှာ သွေးပေါင်ချိန် ၅ mm Hg ကနေ ၈ mm Hg အထိ လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။
သွေးတိုးကြောင့် နောက်ဆက်တွဲ ပြဿနာတွေ မဖြစ်စေဖို့ဆိုရင် ပုံမှန် ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပေးပါ။ အနည်းဆုံး လမ်းလျှောက်တာဖြစ်ဖြစ်ပေါ့။
စားသောက်မှုပုံစံ ပြောင်းပါ
သွေးတိုးရှိနေတယ်ဆိုရင် သန့်စင်ထားတဲ့ ကောက်နှံတွေ၊ အချိုများတဲ့ အစားအစာတွေ၊ ပြည့်ဝဆီတွေကို ရှောင်ပြီး လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးတွေ၊ အမျှင်ဓာတ်ပါတဲ့ စားစရာတွေ၊ အဆီမပါတဲ့ အသားတွေ ပါဝင်အောင် စားပေးပါ။
ဆား လျှော့စားပါ
ဆား အစားများတကလည်း သွေးပေါင်ချိန်ကို မြင့်တက်စေနိုင်ပါတယ်။ ဒါကြော်င့ သေါးတိုးရှိမယ်ဆိုရင် ဆားစားသုံးမှုကို တတ်နိုင်သမျှလျှောပဖိုပလိုပါမယ်။ ဆားဆိုတဲ့နေရာမှာလည်း ဆားချည်းသက်သက် မဟုတ်ပါဘူး။ အငန်ဓာတ်ပါနေတဲ့ ငါးပိ၊ငါးခြောက်၊ ငံပြာရည် လိုမျိုး အငန်ပါတာတွေ။ ငါးချဉ်၊ ပုစွန်ချဉ်နဲ့ အချိုမှုန့် ပါဝင်မှု များတာတွေကိုပါ ရှောင်ရပါမယ်။
ဆေးလိပ်ဖြတ်ပါ
ဆေးလိပ်သောက်တာက သွေးကြောတွင်းက နံရံတွေကို ပျက်စီးစေနိုင်ပြီး သွေးကြောတွေကို တောင့်တင်းစေနိုင်ပါတယ်။ ဒါကြောင့် သွေးတိုးရှိနေတယ်ဆိုရင် အကောင်းဆုံးက ဆေးလိပ်ဖြတ်လိုက်ပါ။
အယ်လ်ကိုဟော လျှော့သောက်ပါ
အယ်လ်ကိုဟော အလွန်အကျွံ သောက်သုံးတာက သွေးပေါင်ချိန်ကို မြင့်တက်စေနိုင်ပါတယ်။ ဒါကြောင့် အကောင်းဆုံးက သွေးတိုးနေတယ်ဆိုရင် အယ်လ်ကိုဟောကို ဖြတ်တာပါ။ တကယ်လို့ မဖြတ်နိုင်ဘူးဆိုရင် တစ်နေ့ကို ၂ ခွက်ထက် ပိုမသောက်ပါနဲ့။ လေဒီတွေဆိုရင် တစ်နေ့ကို ၁ ခွက်ထက်ပိုမသောက်ပါနဲ့။
စိတ်ဖိစီးမှုကို ဖြေလျှော့ပါ
စိတ်ဖိစီးမှုများတာက သွေးတိုးစေရတဲ့ အဓိက အကြောင်းအရင်းတွေထဲက တစ်ခုပါ။ စိတ်ဖိစီးမှု များတဲ့အခါ သွေးပေါင်ချိန်က မြင့်တက်လာနိုင်ပါတယ်။ ဒါကြောင့်စိတ်ဖိစီးမှုပြေလျော့စေဖို့ တရားထိုင်တာ၊ ထိုက်ချိ ကစားတာ၊ ယောဂ ကစားတာနဲ့ ပုံဆွဲတာ။ အပင်စိုက်တာတွေ လုပ်ကြည့်ပါ။
ကဖင်း လျှော့ပါ