နှလုံးနှင့်သွေးကြော ကျန်းမာရေး

နှလုံးက ကောင်းမွန်တဲ့ သွေးစီးဆင်းမှုနဲ့ သွေးဖြန့်ဖြူးမှုကို ထိန်းသိမ်းဖို့အတွက် အဓိက တာဝန်ယူထားတာပါ။ ပုံမှန်အားဖြင့်ကတော့ အဆိုပါသွေးလည်ပတ်မှု သွေးပို့ဆောင်မှုတွေ အဟန့်အတားဖြစ်တာ၊ ထိခိုက်တာတွေက ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီတော့ နှလုံး ကျန်းမာစေဖို့ ဘာတွေကို ဂရုစိုက်ရမလဲ။ နှလုံးကျန်းမာရေး ကောင်းအောင် ဘယ်လို မြှင့်တင်ရမလဲ ဆိုတာနဲ့ နှလုံး နဲ့ နှလုံးသွေးတွေ ကျန်းမာအောင် ဘယ်လို ကာကွယ်ရမလဲဆိုတာကို ဒီကဏ္ဍမှာ ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

နှလုံးနှင့်သွေးကြော ကျန်းမာရေး

သတိ! စိတ်ဖိစီးမှုကြောင့် နှလုံး မထိခိုက်ပါစေနဲ့

နှလုံးလေး ကျန်းမာစေချင်ပါသလား ..... အရင်ဆုံး လုပ်ရမယ့် အလုပ်ကတော့ စိတ်ဖိစီးမှု အတိုင်းအတာကို စစ်ဆေးတာပါ။  စိတ်ဖိစီးမှုကြောင့် နှလုံး ထိခိုက်စေနိုင်ပါတယ်။ စိတ်ဖိစီးတာကက နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတာကတော့ သိထားပြီးသား ဖြစ်မှာပါ။ ဒါပေမယ့် နှလုံး ထိခိုက်စေမယ့် စိတ်ဖိစီးမှုတွေ မဖြစ်အောင် ကာကွယ်ဖို့ကတော့ မလွယ်ပါဘူး။ တစ်နေ့တာမှာက မမျှော်လင့်တာတွေ အများကြီး ကြုံလာနိုင်တာက လူ့ဘဝပဲလေ။အကောင်းဆုံးဖြစ်အောင်တော့ လုပ်ဆောင်လို့ ရပါတယ်။ ဒါကြောင့် အမှုမဲ့အမှတ်မဲ့ ဖြစ်မနေအောင် သတိပေးချင်တာလေး တစ်ခုကို ဆောင်းပါးလေးကနေတဆင့် ပြောပါရစေ။ သတိ! စိတ်ဖိစီးမှုကြောင့် နှလုံး မထိခိုက်ပါစေနဲ့ သတိ! စိတ်ဖိစီးမှုကြောင့် နှလုံး မထိခိုက်ပါစေနဲ့ .......လို့ ပြောရတဲ့ အကြောင်းအရင်းလေးကို ရှင်းပြချင်ပါတယ်။ ဒီအကြောင်းလေးကို ပြောဖို့ စိတ်ဖိစီးမှုက နှလုံးကို ဘယ်လို ထိခိုက်စေလဲဆိုတဲ့ အကြောင်းကနေ […]

နှလုံးနှင့်သွေးကြော ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

နှလုံးနှင့်သွေးကြော ကျန်းမာရေး ကို ရှာဖွေမည်။

သွေးတိုးရောဂါ

သွေးတိုးသမားတွေ သိထားဖို့ လိုမယ့် အန္တရာယ်ရှိတဲ့ လက္ခဏာတွေ

သွေးတိုး တာက နာတာရှည် ကျန်းမာရေး ပြဿနာဖြစ်သလို အရမ်းပြင်းထန်မယ်ဆိုရင် အသက်အန္တရာယ် ထိခိုက်စေနိုင်တဲ့အထိ ပြင်းထန်ပါတယ်။  အခုလို အပူချိန် မြင့်တက်နေချိန်မှာ သွေးတိုးသမားတွေ  ဘယ်လို လက္ခဏာတွေက အသက်အန္တရာယ် ထိခိုက်စေနိုင်တဲ့ လက္ခဏာတွေလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ ဘယ်လောက်ဆိုရင် သွေးတိုးနေပြီလို့ ဆိုနိုင်လဲ ပုံမှန်ကတော့ သွေးပေါင်ချိန်က အပေါ်သွေး 120 mmHg အောက်သွေး 80 mmHg ဆိုရင် ပုံမှန် အခြေအနေလို့ ဆိုနိုင်ပါတယ်။ တကယ်လို့ အပေါ်သွေးက 120 mmHg ထက်ပိုများနေမယ်။ 120 mmHg - 139 mmHg ‌အောက်သွေးက 80 mmHg – 89 mmHg ဆိုရင် သွေးတိုး အစပျိုးနေတာ ဖြစ်ပြီး အပေါ်သွေးက 140 […]


နှလုံးရောဂါ

သင့်ချစ်သူက သင့် နှလုံး ကို ကျန်းမာစေနိုင်ပါတယ်။

ချစ်ခြင်းမေတ္တာအကြောင်းကို ဖွဲ့ဆိုထားတဲ့ သီချင်းတွေ၊ ကဗျာတွေ၊ ကိုယ့်ချစ်သူကို ကိုယ်ရည်ညွှန်းတဲ့အထဲမှာ 'နှလုံး သား'ဆိုတဲ့ စကားရပ်က အမြဲပါပါတယ်။ နှလုံးက အသက်ရှင်ဖို့ အရေးကြီးတဲ့အတွက် ကိုယ့်ချစ်သူကိုလည်း အသက်တမျှ တန်ဖိုးထားပါတယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ပါ။ လက်တွေ့ဘဝမှာလည်း အချစ်ရေးက နှလုံးကို ကျန်းမာစေတယ်ဆိုတာကို သိပ္ပံနည်းကျ လေ့လာတွေ့ရှိထားကြပါတယ်။ ဘယ်လိုလဲဆိုတာ ဆက်ကြည့်ကြရအောင်။ သင့်အချစ်ရေးက သင့် နှလုံး ကို ဘယ်လိုကျန်းမာစေတာလဲ။ ချစ်ခင်ရသူတွေနဲ့ အတူရှိနေတာက သွေးဖိအားကို ကျစေပါတယ်။ Psychosomatic Medicine ဂျာနယ်မှာ ပါဝင်တဲ့ သုတေသနရလဒ်အရ ချစ်သူနဲ့ အတူအချိန်ဖြုန်းတာက သူစိမ်းနဲ့ အချိန်ဖြုန်းတာနဲ့ ယှဉ်ရင် သွေးဖိအားကို သိသိသာသာ ကျစေပါတယ်တဲ့။ အထူးသဖြင့် အတူရှိနေချိန်မှာ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ကိုယ်ပြောတာကို နားထောင်ပေးရုံနဲ့တင် စိတ်ဖိစီးမှုတွေ လျော့ကျပြီး သွေးဖိအား ကျလာတာပဲ ဖြစ်ပါတယ်။ ဒီလို မဟုတ်ဘဲ […]


နှလုံးပျက်စီးခြင်း

ဒီလက္ခဏာတွေ ရှိနေရင် နှလုံးလေး ကို ဂရုစိုက်ဖို့ လိုနေပါပြီ။

လူတော်တော်များများ ယူဆလက်ခံထားတာက ရင်ဘတ်အောင့်မှ နှလုံးရောဂါလို့ပါ။ တကယ်ကတော့ နှလုံးရောဂါဖြစ်တိုင်း ရုပ်ရှင်တွေထဲကလို ရင်ဘတ်ပဲ အောင့်တာ မဟုတ်ပါဘူး။ နှလုံးလေး ထိခိုက်နေတယ်လို့ ဆက်စပ် ယူဆလို့ မထင်ရလောက်တဲ့ လက္ခဏာတွေလည်း ရှိနိုင်ပါတယ်။ ဘယ်လို လက္ခဏာတွေလဲဆိုတာက သတိထားလို့ရအောင် ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်စို့နော်။ နှလုံး ထိခိုက်မှု အဖြစ်များသလား ...... နှလုံးရောဂါ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကြောင့် ကမ္ဘာတလွှားမှာ အသက်ဆုံးရှုံးမှုတွေ အတော်များလာပါတယ်။ အကြောင်းကတော့ ကျန်းမာတဲ့ ဘဝနေထိုင်မှုပုံစံ မရှိသလောက် နည်းလာတာ၊ အစားအသောက်၊ အထိုင်များတာတွေကြောင့်လည်း နှလုံးကျန်းမာရေးကို ထိခိုက်လာရတာပါ။ အလုပ်တွေ အရမ်းလုပ်ပြီး အအိပ်နည်းတာ၊ အိပ်ရေးပျက်တာများတာ၊ လေ့ကျင့်ခန်းတွေ မလုပ်တာ၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေကို စားသုံးမှု များလာတာကြောင့်လည်း နှလုံးကျန်းမာရေးကို ထိခိုက်တာတွေ ရှိလာရတာပါ။ ဒီလို လုပ်ဆောင်မှုတွေကို နေ့စဉ် လုပ်ဆောင်လာတဲ့အခါ […]


နှလုံးသွေးကြောကျဉ်းရောဂါများ

နှလုံးသွေးကြော ကျဉ်းရင် ဒါတွေရှောင်ပါ။

နေ့စဉ် စားသောက်မှုတွေက နှလုံးသွေးကြော ကျန်းမာရေးအပေါ် အများကြီး သက်ရောက်နေတယ်ဆိုတာကို ကြားဖူးပြီးသား ဖြစ်မယ် ထင်ပါတယ်။ ဒါကြောင့် နှလုံး ကျန်းမာပြီး နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ ကင်းစေဖို့ဆိုရင် အစားအစာတွေကို သေချာလေး စိစစ် စားသုံးဖို့ လိုပါမယ်။ အစားအစာတွေကို သေချာ ဂရုစိုက် စားသောက်တာက နှလုံးသွေးကြောတွေထဲ အညှိတက်ပြီး သွေးကြောကျဉ်းတာ၊ သွေးကြောပိတ်တာတွေ အပါအဝင် နှလုံးနဲ့ ပတ်သက်တဲ့ ကျန်းမာရေး ပြဿနာတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ နှလုံးသွေးကြော ကျဉ်းတာ ဘယ်ကစ အချို့သော အစားအစာတွေက အလွန်အကျွံ စားသုံးမယ်ဆိုရင် သွေးထဲမှာ ကိုလက်စထရော များစေပါတယ်။ ကိုလက်စထရော များရုံနဲ့ ပြီးသွားတာလားဆိုတော့ မဟုတ်သေးပါဘူး။ ကိုလက်စထရောက အဆီ၊ ကယ်လ်ဆီယမ် နဲ့ သွေးထဲမှာပါတဲ့ အချို့သောအရာတွေနဲ့ ပေါင်းမိပြီး အညှိတွေ ဖြစ်လာပြီး […]


နှလုံးရောဂါ

နှလုံးကျန်းမာစေဖို့ လိုက်နာသင့်တဲ့ အလေ့အထများ

နှလုံးက ရှင်သန်မှုအတွက် အရေးပါတဲ့ အစိတ်အပိုင်းလေးပါ။ မနားမနေလုပ်ဆောင်နေတဲ့ အစိတ်အပိုင်းလေးပေါ့။ နှလုံးလေး ကျန်းမာမှလည်း နေ့စဉ်ဘဝကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာ ဖြစ်ပါတယ်။ နှလုံးက ရောဂါဖြစ်မှ စောင့်ရှောက်ရမှာ မဟုတ်ဘဲ မဖြစ်ခင်ကတည်းက သေချာလေး ကာကွယ်ထားတာက နည်းလမ်းကောင်းပါ။ ဒါကြောင့် နှလုံးကျန်းမာစေဖို့ နေ့စဉ်ဘဝမှာ လိုက်နာရမယ့် ရိုးစင်းတဲ့ နည်းလမ်းလေးတွေကို ပြောပြပေးသွားပါမယ်။ [embed-health-tool-bmi] နှလုံးကျန်းမာစေဖို့ လိုက်နာသင့်တဲ့ အလေ့အထများ နှလုံးကျန်းမာစေဖို့ လိုက်နာသင့်တဲ့ အလေ့အထများ ကတော့ အခုပြောပြမယ့် လွယ်ကူရိုးစင်းတဲ့ နည်းလမ်းလေးတွေပါ။ [embed-health-tool-bmr] လေ့ကျင့်ခန်း လုပ်ပါ [embed-health-tool-due-date] လေ့ကျင့်ခန်း လုပ်ပါဆိုတာက နေ့တိုင်း ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်း လုပ်ရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ တစ်ပတ်ကို ၂ နာရီခွဲလောက် ကိုယ်လက်လှုပ်ရှားမှု ရှိစေချင်တာပါ။ [embed-health-tool-ovulation] ပြေးတာ၊ လမ်းလျှောက်တာ၊ gym ဆော့တာလိုမျိုး လေ့ကျင့်ခန်းတွေကို ဝင်လေထွက်လေ မှန်မှန်ရှူရင်း လုပ်ရမှာပါ။ […]


မွေးရာပါနှလုံးရောဂါများ

မွေးရာပါ နှလုံးရောဂါ ရှိတဲ့ ကလေးကို အာဟာရပြည့်ဝစေဖို့

မွေးကတည်းက ကျန်းမာရေး ပြဿနာ တစ်ခုခု ပါလာတဲ့ ကလေးငယ်လေးတွေဟာ အခြား ကလးငယ်လေးတွေနဲ့ မတူပါဘူး။ အစားအစာကစလို့ နေထိုင်မှု အထိ အသေးစိတ် ဂရုစိုက်ပေးနိုင်မှ ကျန်းမာစွာနဲ့ အရွယ်ရောက် ကြီးပြင်းလာမှာပါ။ ဒီ တစ်ခေါက်တော့ မွေးရာပါ နှလုံးရောဂါ ပါလာတဲ့ ကလေးလေးတွေကို ကျန်းမာနေစေဖို့အတွက် အာဟာရ ပြည့်အောင် ဘယ်လို ကျွေးရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။ မွေးရာပါ နှလုံးရောဂါရှိတဲ့ ကလေးလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု မွေးရာပါ နှလုံးရောဂါ ရှိတဲ့ ကလေးလေးတွေက အခြား ကျန်းမာတဲ့ ကလေးတွေထက် ကြီးထွားမှု နှေးပါတယ်။ ဥပမာ ပြောပြရရင် မွေးရာပါ နှလုံးရောဂါ ရှိတဲ့ ကလေးလေးတွေက အခြားကလေးတွေထက် ပိုပိန်တာ၊ ပိုညှက်တာမျိုး ရှိနိုင်သလို အခြား ကလေးတွေထက်လည်း ထိခိုက်လွယ်ပါတယ်။ ကလေးရဲ့ ကိုယ်အလေးချိန် […]


သွေးကြောတွင်းအဆီများခြင်းနောက်ဆက်တွဲပြဿနာများ

နှလုံးရောဂါနှင့် ဆီကြော်အစားအစာ များ

နှလုံးရောဂါရှိရင် အစားအသောက်အနေအထိုင် ဆင်ခြင်ဖို့ လိုအပ်တယ်လို့ အမြဲပြောတတ်ကြတယ်။ တကယ်လည်း နှလုံးရောဂါရှိနေပြီဆိုရင် သင်နေ့စဉ် မှီဝဲစားသုံးတဲ့ အစားအသောက်တွေဟာ သိပ်အရေးကြီးလာမှာပါ။ ဥပမာပြောရရင် နှလုံးရောဂါရှိနေလျက်နဲ့ ဆီကြော်အစားအစာ တွေ စားသုံးတာက မသင့်လျော်ဘူးဆိုတဲ့ ကိစ္စမျိုးပေါ့။ ဆီများများ နိုင်နိုင်နဲ့ ကြော်လှော်ထားတဲ့ ဆီကြော်အစားအစာ တွေဟာ နှလုံးဝေဒနာသည်တွေအတွက် မသင့်လျော်ပါဘူး။ ဘာလို့ဆိုတော့ အဲဒါတွေက သင့်ရောဂါပေါ်မှာ သက်ရောက်မှု ရှိနေလို့ပါပဲ။ ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ အစားအသောက်တွေကို မှီဝဲမှသာ ကိုလက်စထရောကို ကျစေပြီး သင့်ကို အကျိုးရှိစေပါလိမ့်မယ်။ ဆီကြော်အစားအစာတွေကတော့ ဒီလိုမဟုတ်ဘဲ နှလုံးရောဂါကို ပိုတိုးစေမယ့် ပြဿနာပေါင်း သောင်းခြောက်ထောင်ကို ယူဆောင်လာမယ့်အရာတွေပါ။ Fast-food တွေကနေစလို့ နေ့တိုင်းနေအိမ်မှာ ချက်ပြုတ်စားသောက်နေတာတွေအထိ အားလုံးမှာ အဆီတွေ အရမ်းသုံးနေမိမယ်ဆိုရင် သင့်နှလုံးကျန်းမာရေးက ဆိုးရွားလာတော့မှာပါ။ နှလုံးဝေဒနာသည်တွေ ဘာကြောင့် ဆီကြော်အစားအစာ တွေကို […]


သွေးတိုးရောဂါ

စိတ်ဖိစီးမှု ကြောင့် သွေးတိုးနေတာ အမြန်သက်သာစေဖို့

သွေးတိုးစေရတဲ့ အကြောင်းရင်းတွေထဲမှာ စိတ်ဖိစီးမှု လည်း ပါပါတယ်။ စိတ်ဖိစီးမှုကြောင့် သွေးတိုးမရှိတဲ့သူလည်း သွေးတက်လာနိုင်သလို၊ နဂိုရောဂါအခံရှိပြီးသားလူဆိုရင်လည်း ပိုပြီး တိုးလာနိုင်ပါတယ်။ လူတော်တော်များများက စိတ်ဖိစီးတာကို သတိမပြုမိကြတဲ့အတွက် သွေးတိုးတာကိုပဲ ပြဿနာတစ်ခုလို သဘောထားပြီး ဖြေရှင်းတတ်ပါတယ်။ အကြောင်းရင်းခံဖြစ်တဲ့ စိတ်ဖိစီးမှုကို မဖြေရှင်းသရွေ့ကတော့ သွေးက ဆက်တိုးနေဦးမှာပါပဲ။ စိတ်ဖိစီးမှု ကြောင့် သွေးတိုးတက်သလား။ စိတ်ဖိစီးတဲ့အခါ ခန္ဓာကိုယ်က stress ဟော်မုန်းတွေ ထွက်လာပါတယ်။ ဒီဟော်မုန်းတွေက သွေးကြောတွေကို ကျုံ့စေတဲ့အတွက် သွေးဖိအားကို တက်စေပါတယ်။ ဒါပေမယ့် ဒါက ယာယီပါပဲ။ စိတ်ဖိစီးမှု သက်သာသွားလို့ ဟော်မုန်းတွေ ပြန်နည်းသွားရင် သွေးဖိအားလည်း ပြန်ကျသွားပါတယ်။ ဒါပေမယ့် နေ့စဉ်ရက်ဆက် စိတ်တွေ ဖိစီးနေရင်တော့ ဟော်မုန်းတွေလည်း တောက်လျှောက် ထွက်နေပြီး သွေးတွေ ဆက်တိုက် တက်နေမှာပါ။ ဒီလိုအခါမျိုးဆိုရင်တော့ သွေးတိုးရောဂါလိုပဲ ခန္ဓာကိုယ်ကို […]


သွေးတိုးရောဂါ

စိတ်ဖိစီးလို့ သွေးတက် တာလား၊ သွေးတိုးလို့ သွေးတက်တာလား။

ဒီနှစ်ခုက ခဏခဏ မှားတတ်ပြီး တစ်ခုနဲ့ တစ်ခုကလည်း ဆက်စပ်နေတာမျိုး ရှိတော့ လူနာကို ရှင်းပြရ အတော်ခက်ပါတယ်။ စိတ်ဖိစီးတာကြောင့် နဂိုသွေးမတိုးတဲ့သူက သွေးတက် နိုင်သလို၊ သွေးတိုးလို့လည်း သွေးတက်နိုင်ပါတယ်။ ဒီနှစ်ခုဘာကွာသလဲ။ ဘယ်လိုကုသနိုင်သလဲဆိုတာ ပြောပြပေးပါ့မယ်။ စိတ်ဖိစီးလို့ သွေးတက် တယ်ဆိုတာ အရင်က သွေးတိုးရှိကောင်း ရှိမယ် ဒါမှမဟုတ် သွေးတိုးမရှိတဲ့ လူတစ်ယောက်က စိတ်ဖိစီးတဲ့အခါ သွေးတက်တတ်ပါတယ်။ ဖြစ်ပုံက စိတ်ဖိစီးတဲ့အခါ ကိုယ်ထဲက ကော်တီစောလိုမျိုး သွေးတိုးစေတဲ့ ဟော်မုန်းတွေ ထွက်လာပါတယ်။ ဒီဟော်မုန်းတွေက သွေးကြောတွေကို ကျဉ်းစေတာကြောင့် သွေးဖိအားများလာပါတယ်။ သွေးတိုးရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဒီဟော်မုန်းတွေထွက်လာတဲ့အခါ သွေးတိုးပါတယ်။ နောက်တစ်ခုက စိတ်ဖိစီးမှုက ခန္ဓာကိုယ်ရဲ့တစ်ခုလုံးကို ထိခိုက်နိုင်ပါတယ်။ ကြွက်သားတွေ တောင့်တင်းနေတာကြောင့် ဇက်ကြောတွေတက်၊ ခေါင်းတွေကိုက်ပါတယ်။ ဒီလိုနဲ့ လူနာက ခေါင်းတွေထိုးနေတယ်။ သွေးတိုးနေသလား မသိဘူးဆိုပြီး […]


အခြားနှလုံးသွေးကြောဆိုင်ရာပြဿနာများ

လွယ်လည်းလွယ် အကုန်အကျလည်းမရှိတဲ့နည်းနဲ့ နှလုံးကျန်းမာရေး စစ်ဆေးကြည့်ရအောင်

နှလုံးရောဂါဟာ တစ်နှစ်ကို ၁၈ သန်းလောက် အသက်ဆုံးရှုံးအောင် အန္တရာယ်ပေးနေတဲ့ ရောဂါဆိုးတစ်မျိုးဖြစ်ပြီးတော့ ကမ္ဘာပေါ်မှာ လူအသေအပျောက်အများဆုံး ရောဂါဖြစ်ပါတယ်။ ဒါကြောင့် ဒီရောဂါမဖြစ်အောင် ရှောင်လွှဲနိုင်ဖို့ အလွန်ပဲအရေးကြီးလှပါတယ်။ ဒီရောဂါ တွယ်ကပ်လာပြီဆိုရင် တခြားဆက်နွယ်ရောဂါတွေပါတွယ်ငြိလာနိုင်တာမို့ အလွန် အန္တရာယ်များတဲ့ရောဂါတစ်ခုပါ။ အကြမ်းဖျဉ်းအားဖြင့် ကိုယ်ရဲ့ နှလုံး ကျန်းမာခြင်းရှိ၊ မရှိသိထားမယ်ဆိုရင် ရောဂါကာကွယ်ရေးမှာ အထောက်အကူဖြစ်စေနိုင်ပါတယ်။ လွယ်လည်းလွယ် အကုန်အကျလည်းမရှိတဲ့နည်းနဲ့ နှလုံးကျန်းမာရေး စစ်ဆေးကြည့်ရအောင် နှလုံးရောဂါကို ကြိုတင်စစ်ဆေးနိုင်တဲ့ နည်းလမ်းတွေအမျိုးမျိုးရှိထားပေမယ့် အလွယ်ကူဆုံးနဲ့ အရိုးရှင်းဆုံး နည်းလမ်းကတော့ stair-climbing test လို့ခေါ်တဲ့ လှေကားတက်တဲ့ နည်းလမ်းဖြစ်ပါတယ်။ Stair-climbing test ဆိုတာ ကိုယ့်ရဲ့ နှလုံး ကျန်းမာရေးကို အလွယ်ကူဆုံးသိနိုင်စေမယ့်နည်းလမ်းက အထပ်မြင့်အဆောက်အအုံတစ်ခုရဲ့ လေးလွှာအထိကို ခြေလျင်တက်ကြည့်တာပါပဲ။ စပိန်နိုင်ငံမှာ ပြုလုပ်ထားတဲ့ သုတေသနရလဒ်အရ အထပ် ၄ ထပ်စာလှေကားကို အတက်အဆင်းလုပ်ကြည့်မယ်ဆိုရင် ကိုယ့်ရဲ့ နှလုံး […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း