နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

ဘဝသက်တမ်းရဲ့ ၃ ပုံ ၁ ပုံကို အိပ်စက်ရင်း ကုန်ဆုံးနေရတာပါ။ လေ့ကျင့်ခန်း လုပ်တာ၊ မှန်ကန်တဲ့ စားသောက်မှုပုံစံ ပျိုးထောင်တာအပြင် ကောင်းကောင်းအိပ်ပျော်စေဖို့ ထောက်ကူပေးမယ့် အခြား အချက်တွေက ဘာတွေများလဲ။ လေ့လာကြည့်ရအောင်လား။

ကျန်းမာရေးဗဟုသုတ

နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

ကျန်းမာအောင် ပုံစံမှန်မှန် အိပ်ကြမယ်

လူတစ်ယောက်နဲ့ တစ်ယောက် အိပ်စက်မှုပုံစံ မတူကြပါဘူး။ တချို့ဆို စအိပ်စက တစ်ပုံစံ၊ ညလယ်ရောက်တော့ တစ်ပုံစံ မနက်လင်းတော့ တစ်ပုံစံ ဖြစ်နေတာမျိုးတွေတောင် ရှိကြပါတယ်။ ဒီလို အိပ်စက်တဲ့အခါ အိပ်ပျော်စေတဲ့ ပုံစံ အမျိုးမျိုးနဲ့ အိပ်ကြတာ မှန်ပေမယ့် အိပ်စက်မှု ပုံစံ မမှန်ရင် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ကျန်းမာအောင် ပုံစံမှန်မှန် ဘယ်လို အိပ်ကြမလဲဆိုတာ ပြောပြပေးချင်ပါတယ်။ အိပ်စက်မှုက အနားယူမှု တစ်ရပ်ပါ အိပ်စက်တာက ခန္ဓာကိုယ်ကို အနားယူတာပါ။ ညအိပ်ရာဝင်ချိန်မှာ အကြောတွေကို ဖြေလျှော့ပြီး အိပ်စက်တာက အိပ်ရေးဝဝ အိပ်ပျော်စေပြီး စိတ်ရောကိုယ်ပါ တက်ကြွ လန်းဆန်းစွာနဲ့ နိုးထနိုင်မှာပါ။ တစ်ညတာကို အနည်းဆုံး အိပ်ချိန် ၆ နာရီရှိအောင် အိပ်စက်မှ ပြည့်ဝတဲ့ အနားယူမှုကို ရရှိမှာပါ။ တကယ်လို့ ညတိုင်းလိုလို ၆ […]

နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ ကို ရှာဖွေမည်။

နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

ကမ္ဘာ့အကျန်းမာဆုံး လူသားတွေရဲ့ အိပ်ချိန် စည်းမျဉ်း (၈) ခု

ကိုစတာရီကာ၊ ဂရိနဲ့ ဂျပန် တို့လို အသက်ရှည်သူ အများဆုံးရှိတဲ့ နိုင်ငံတွေမှာ ဖိုးသက်ရှည်၊ ဖွားသက်ရှည်တွေ များတဲ့ အပြင် ကျန်းမာရေးလည်း ပိုကောင်းကြပါတယ်။ ဒါပေမယ့် ယဉ်ကျေးမှု နဲ့ အလေ့အထဆိုင်ရာ လျှို့ဝှက်ချက်တွေ ဆိုတာလည်း တကယ်တော့ ထူးထူးခြားခြား မရှိနေပါဘူး။ သူတို့က - သဘာဝကျကျ လှုပ်လှုပ်ရှားရှား နေတယ်၊ ဘဝကို ရည်ရွယ်ချက်ရှိရှိ အသက်ရှင်တယ်၊ ဒါမှမဟုတ် နေ့တိုင်း ဝိုင်နီ တစ်ခွက်သောက်တယ် ဒါမျိုးပါပဲ။ ကမ္ဘာ့နေရာ အနှံ့ က နေရာတိုင်းမှာ နိစ္စဓူဝ လှုပ်ရှားလုပ်ကိုင်မှု တွေက ဒီလို ကွာခြားနိုင်တယ် ဆိုပေမယ့် တူညီနေတာ တစ်ခုက အိပ်စက်ခြင်း အလေ့အကျင့် ကောင်းမွန် မှန်ကန်တာပဲ ဖြစ်ပါတယ်။ တကယ်တော့ အိပ်စက်ခြင်းဟာ လူ့ကျန်းမာရေးအတွက် အရမ်းကိုအရေးကြီးတာ […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

ကျန်းမာတဲ့ အိပ်စက်ခြင်း မျိုးရအောင် ဘာတွေ သတိထားရမလဲ။

တစ်နေ့တာလုံးအတွက် လန်းဆန်းနေဖို့၊ စိတ်ကြည်လင်နေဖို့၊ ကျန်းမာတဲ့ ခန္ဓာကိုယ် ပိုင်ဆိုင်နိုင်ဖို့ အတွက် အိပ်စက်ခြင်း ဟာ အရမ်းကို အရေးကြီးပါတယ်။  အိပ်စက်တဲ့ အခါမှာလည်း healthy and good night sleep လို့ခေါ်တဲ့ ကျန်းမာတဲ့ အိပ်စက်ခြင်းမျိုးဖြစ်မှသာ စိတ်ကျန်းမာရေး ရော၊ ခန္ဓာကိုယ်ကျန်းမာရေး အတွက်ပါ အကောင်းဆုံးရလဒ်တွေ ကိုရလာမှာပါ။ ဒါ့ကြောင့် သင့်အတွက် အကျိုးရှိပြီး ကျန်းမာတဲ့ အိပ်စက်ခြင်းမျိုး ရစေဖို့ အတွက် ဘယ်လိုတွေ အိပ်စက်သင့်တယ်၊ ဘာတွေ သတိထားရှောင်ကြဉ်ရမယ်ဆိုတာလေးတွေ သိထားဖို့ လိုအပ်လာပါပြီ။ (၁)ပထမဦးဆုံး အချက်အနေနဲ့ ပုံမှန် အိပ်ချိန်တစ်ခု သတ်မှတ်ထားဖို့ပါ။ ပုံမှန် အိပ်ချိန်တစ်ခု သတ်မှတ်ထားပြီး အဲဒီ အချိန်ရောက်တိုင်း အိပ်စက်ခြင်းက သင့်ရဲ့ခန္ဓာကိုယ်ကို ပိုကောင်းမွန်တဲ့ အိပ်စက်ခြင်းမျိုးရအောင် လေ့ကျင့်ပေးနိုင်ပါတယ်။ အားလပ်ရက် ပိတ်ရက်တွေ၊ […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

အိပ်ပျော်စေဖို့ အထောက်အကူပြုတဲ့ သဘာဝပစ္စည်းများ

အိပ်ရေးကောင်းကောင်းဝဖို့ဆိုတာဟာ ကျန်းမာရေးအတွက် အရေးကြီးလှပါတယ်။ အိပ်စက်ခြင်းဟာ သင့်ခန္ဓာကိုယ်နဲ့ ဦးနှောက်လုပ်ငန်းဆောင်တာတွေကို အားပြည့်လန်းဆန်းစေပါတယ်။ ကောင်းစွာအိပ်စက်အနားယူပြီးချိန်မှာ သင်ယူမှုစွမ်းရည်၊ မှတ်ဉာဏ်၊ ဆုံးဖြတ်နိုင်စွမ်းရည်၊ ဖန်တီးနိုင်မှုစွမ်းရည် စတာတွေ မြင့်မားနေတတ်ပါတယ်။ ဒါ့အပြင် လုံလောက်စွာ အိပ်စက်ခြင်းဟာ နှလုံးရောဂါ၊ ဆီးချို၊ လေဖြတ်ခြင်း၊ အဝလွန်ခြင်း စတာတွေကိုလည်း ဖြစ်နိုင်ခြေ လျော့နည်းစေပါတယ်။ အဆိုပါအကျိုးကျေးဇူးများကို သိရှိကြပေမယ့်လည်း လူသားများအနေနဲ့ အိပ်ချိန်ဟာ နည်းသည်ထက်နည်းလာကြပါတယ်။ မှတ်သားထားရမယ့် အချက်ကတော့ အိပ်စက်ခြင်း အလေ့အထဟာ မွေးမြူလို့ ရပါတယ်။ အိပ်ရေး၀၀အိပ်စက်နိုင်ဖို့ အကူအညီပေးမယ့် အချက်တွေလည်း ရှိပါတယ်။ ယခုဖော်ပြမယ့် အချက်အလက်တွေကတော့ ကောင်းကောင်းအိပ်ပျော်အောင် ကူညီပေးနိုင်မယ့် အရာများပဲ ဖြစ်ပါတယ်။ ၁။ မယ်လတိုနင် မယ်လတိုနင်ဟာ ကိုယ်ခန္ဓာထဲကနေ သဘာဝအလျောက် ထွက်ရှိတဲ့ဟော်မုန်းဖြစ်ပါတယ်။ ဦးနှောက်ကို အိပ်ချိန်ရောက်ပြီဖြစ်ကြောင်း အချက်ပြတဲ့ဟော်မုန်း ဖြစ်ပါတယ်။ မယ်လတိုနင်ဟော်မုန်း ထုတ်လုပ်ခြင်းဟာ တစ်နေ့တာရဲ့ အချိန်ပေါ် မူတည်ပါတယ်။ […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

ဘာကြောင့် အိပ်ရေးဝဝအိပ်သင့်သလဲ

ညအချိန် ကောင်းကောင်းအိပ်စက်အနားယူခြင်းဟာ ကျန်းမာရေးအတွက် အရေးကြီးလှပါတယ်။ မအိပ်မနေ အလုပ်လုပ်ကိုင်ခြင်းဟာ ဂုဏ်ယူစရာဖြစ်ပေမယ့် မကြာခဏ အိပ်ရေးပျက်လာမယ်ဆိုရင်တော့ ကျန်းမာရေးကို ထိခိုက်လာမှာ ဖြစ်ပါတယ်။ ယနေ့ကမ္ဘာမှာ တိုးတက်ခေတ်မီပြီး အပြိုင်အဆိုင်များလာခြင်း၊ စိတ်ဖိစီးမှုများလာခြင်း စတာတွေကြောင့် အိပ်စက်ခြင်းကို ထိခိုက်လာစေပါတယ်။ အောက်ဖော်ပြပါ အကြောင်းအရာတွေကတော့ အိပ်ရေး၀၀အိပ်စက်ဖို့ ဘာကြောင့်လိုသလဲဆိုတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ ၁။ အိပ်ရေးမဝရင် ကိုယ်အလေးချိန်တက်လာပါလိမ့်မယ်။ အိပ်ချိန်ကောင်းကောင်းမရှိခြင်းဟာ ကိုယ်အလေးချိန်တက်ခြင်းနဲ့ ဆက်စပ်နေပါတယ်။ သုတေသနစာတမ်းအချို့အရ အိပ်စက်ချိန် အလုံအလောက်မရှိသူများဟာ အိပ်ရေးဝသူများထက် သိသိသာသာ ဝတတ်တယ်လို့ သိရပါတယ်။ တကယ်တော့ အဝလွန်ခြင်းနဲ့ အိပ်ချိန်နည်းပါးခြင်းဟာ သိသာစွာ ဆက်စပ်မှု ရှိပါတယ်။ သုတေသနတခုမှာ အိပ်စက်ချိန် အလုံအလောက်မရှိတဲ့ ကလေးနဲ့လူကြီးတွေကို လေ့လာခဲ့ပါတယ်။ လေ့လာရာမှာ ကလေးများဟာ အဝလွန်ခြင်း ဖြစ်နိုင်ခြေ ၈၉%ရှိပြီး လူကြီးများကတော့ ၅၅% ရှိကြောင်း တွေ့ရှိရပါတယ်။ […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

COVID-19 လို အဖျားဝေဒနာတွေကို အိပ်ရေးဝဝအိပ်ပြီး ကာကွယ်ကြစို့

အလွန်အမင်း အိပ်စက်တာဟာ လူကို ထိုင်းမှိုင်းစေနိုင်သလို ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ရစေနိုင်ပါတယ်။ ဒီလိုပဲ အိပ်စက်ချိန်နည်းပါးတာကလည်း လူကို အကျိုးမပြုပါဘူး။ ဒါပေမယ့် လုံလုံလောက်လောက် ပြည့်ပြည့်ဝဝ အိပ်စက်ခြင်းဟာ ကျန်းမာရေးကို အထောက်အကူပြုတဲ့ နည်းလမ်းတစ်ခုပါ။ လုံလောက်စွာ အိပ်စက်မယ်ဆိုရင် လူ့ ကိုယ်ခံအားကို ကောင်းမွန်စေနိုင်တာမို့ ပြည့်ပြည့်ဝဝ အိပ်စက်ပြီး ကျန်းမာရေးကို စောင့်ရှောက်နိုင်တယ်ဆိုတာကို သိနားလည်ထားဖို့ လိုအပ်ပါတယ်။ လက်ရှိမှာလည်း ကိုယ်ခံအား အားနည်းသူတွေမှာ ထိခိုက်မှုပိုမိုများပြားတဲ့ COVID-19 လို ရောဂါမျိုး နိုင်ငံတကာမှာ ပျံ့နှံ့ကူးစက်နေတာမို့ လုံလောက်စွာ အိပ်စက်ပြီး ကိုယ့်ရဲ့ ကိုယ်ခံအားစနစ်ကို ကောင်းမွန်အောင် ပြင်ဆင်ထားဖို့ သင့်ပါတယ်။ အိပ်ရေးပျက်ရုံနဲ့ ဖျားနိုင်တာလား Sunway Medical Centre Velocity (SMCV) က ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေရဲ့ လေ့လာချက်တွေအရ လုံလောက်ပြည့်ဝစွာ အိပ်စက်ပေးခြင်းဟာ ကိုယ်ခံအားစနစ်ကို […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

အိပ်ရာမဝင်ခင် စာဖတ်ပါ

အိပ်ရာမဝင်ခင် စာဖတ်ခြင်းဟာ အိပ်စက်ခြင်းကို အကျိုးပြုနိုင်တယ်ဆိုတာကို တော်တော်များများ ဖတ်ဖူးမှတ်ဖူးကြပါတယ်။ ဒါပေမယ့် လူအတော်များများမသိကြတာတော့ အိပ်ရာမဝင်ခင် စာဖတ်ခြင်းဟာ အိပ်စက်ခြင်းတစ်ခုတည်းကိုသာ အကျိုးပြုတာမဟုတ်ပါဘူး။ တခြားသော ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးအများအပြားကိုလည်း ဆောင်ယူလာပေးနိုင်ပါတယ်။ Tesla ရဲ့ CEO (အမှုဆောင် အရာရှိချုပ်) ဖြစ်တဲ့ အီလွန် မတ်စ်ဟာ အိပ်ရာမဝင်ခင်မှာ စာဖတ်တဲ့ အလေ့အထရှိသူတစ်ယောက်ဖြစ်ပါတယ်။ သူဟာ ဒုံးပျံတွေတည်ဆောက်ဖို့ စာအုပ်တွေဖတ်ပြီး လေ့လာမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီးတော့ အဲ့လိုလေ့လာဖို့ အိပ်ရာမဝင်ခင် အချိန်တွေမှာ စာဖတ်ခဲ့တာပါ။ ထိပ်တန်းပုဂ္ဂိုလ်ကြီးတွေထဲမှာ အိပ်ရာမဝင်ခင် စာဖတ်ကြသူတွေအမြောက်အများရှိပါတယ်။ Facebook ရဲ့ မာ့ခ် ဇက်ကာဘတ်တို့၊ ဝါရင် ဘတ်ဖတ်တို့လည်း ဒီလို အလေ့အထမျိုးတွေ ရှိကြပါတယ်။ ဝါရင် ဘတ်ဖတ်ဆိုရင် တစ်နှစ်မှာ စာအုပ် ၆၀ ဖတ်လေ့ရှိပြီးတော့ အဲ့ဒီစာအုပ်အားလုံးကို ညပိုင်းတွေမှာ ဖတ်ကြတာပါ။ ဒီလို […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

အိပ်ရေးဝရင် ပိုလှတယ်တဲ့

တကယ်လို့များ သင်က အလှအပကို စိတ်ဝင်စားတဲ့ သူတစ်ယောက်ဆိုပါစို့။ အိပ်စက်ခြင်းဟာ သင့်ရဲ့ အလှတရားကို အထောက်အကူပြုစေမယ့် အကောင်းဆုံးလက်နက်ဆိုတာကို သိထားဖို့ လိုပါလိမ့်မယ်။ လူတစ်ယောက်ဟာ တစ်နေ့ကို ၇ နာရီကနေ ၉ နာရီ ပတ်ဝန်းကျင်လောက် ပုံမှန် အိပ်စက်ပေးမယ်ဆိုရင် အသားအရေ လှပနုပျိုမှုကို အများကြီး အထောက်အကူပြုပေးနိုင်မှာဖြစ်ပါတယ်။ အဲဒီလို ပုံမှန်အိပ်စက်ပေးမယ်ဆိုရင် ၂ ပတ်ကနေ ၃ ပတ်အတွင်း မိမိရဲ့ရုပ်ရည်ဟာ ပိုမိုကြည့်ကောင်းလာနိုင်တယ်လို့ သိပ္ပံဆိုင်ရာ လေ့လာချက်တွေက ဆိုထားကြပါတယ်။ လူ့ခန္ဓာကိုယ်ဟာ နှစ်ခြိုက်စွာ အိပ်ပျော်နေစဉ်မှာ ရုပ်ခန္ဓာကြီးရဲ့ ယိုယွင်းနေမှုတွေကို ပြန်လည်ပြင်ဆင်ပေးနေမှာဖြစ်တာကြောင့်ပါ။ တစ်နေ့ကို အိပ်ချိန် ပျမ်းမျှ ၆ နာရီထက် နည်းပါးမယ်ဆိုရင်တော့ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးတွေ ကြုံတွေ့လာရမှာဖြစ်ပါတယ်။ လုံလောက်စွာ အိပ်စက်ရင် သင့်ရဲ့ အလှအပကို ပံ့ပိုးနိုင်တယ်ဆိုတော့ ဘာတွေ […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

လုပ်ငန်းခွင်ထဲမှာ တရေးတမော အိပ်စက်ခြင်းရဲ့ အကျိုးကျေးဇူး ၁၀ ခု

အလုပ်များတဲ့နေ့တွေမှာ နေ့ခင်းနေ့လယ်ပိုင်းတွေရောက်ရင် အိပ်ချင်သလိုလို အိပ်ငိုက်သလိုလိုမျိုး ဖြစ်လေ့ဖြစ်ထရှိပါတယ်။ အထူးသဖြင့် အလုပ်တွေများနေချိန်မျိုး၊ နေ့လယ်စာ စားထားပြီးချိန်မျိုးတွေမှာပေါ့။ အိမ်မှာရှိနေသူတွေအတွက်တော့ တရေးတမော အိပ်စက်ဖို့ အခွင့်အရေးရှိပေမယ့် လုပ်ငန်းခွင်ထဲက လူတွေအတွက်ကတော့ ဒီလိုအခွင့်အရေးမျိုး ရလာဖို့ ခက်ခဲပါတယ်။ တကယ်တော့ တရေးတမော အိပ်တယ်ဆိုတာ ကလေးတွေအတွက်သာမကပါဘူး။ အရွယ်ရောက်ပြီးသူတွေလည်း လုပ်သင့်လုပ်ထိုက်တဲ့ အလေ့အထတစ်ခုဖြစ်ပါတယ်။ ဒီလို အိပ်စက်လို့ ပျင်းရိတယ်လို့ ထင်မြင်ခံရမှာကို စိတ်မပူပါနဲ့။ ဒါဟာ ကိုယ့်ရဲ့ ကျန်းမာရေးကို အထောက်အကူဖြစ်စေတဲ့ အပြုအမူတစ်ခုဖြစ်သလို လုပ်ငန်းခွင်အတွက်လည်း အကျိုးရှိစေတဲ့ အပြုအမူတစ်ခုဖြစ်ပါတယ်။ နေ့ခင်းနေ့လယ်တွေမှာ မိနစ် ၂၀၊ နာရီဝက်ဝန်းကျင်လောက် တရေးတမော အိပ်စက်ခြင်းဟာ မှတ်ဉာဏ်ကောင်းစေတာ၊ လုပ်ငန်းခွင်စွမ်းဆောင်ရည်ကို တိုးတက်စေတာအပါအဝင် အကျိုးကျေးဇူးတွေ အတော်များရှိပါတယ်။ နေ့လယ်စာ စားထားသည်ဖြစ်စေ မစားထားသည်ဖြစ်စေ နေ့ခင်းဘက် ၁ နာရီနဲ့ ၃ နာရီအကြားကာလတွေဟာ […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

အိပ်မပျော်သူတွေအတွက် ဆေးတစ်ခွက်ဖြစ်မယ့် ချယ်ရီသီး

အရောင်ရင့်စိုစိုနဲ့ ချယ်ရီသီး တွေကို မားကတ်တွေမှာ အမြဲလိုလိုတွေ့ရတာများပါတယ်။ ပြည်တွင်းမှာမရနိုင်ဘဲ သွင်းကုန်အသီးတစ်မျိုးဖြစ်တဲ့ ချယ်ရီသီးကို ဘာလို့ကြိုက်ကြ၊ စျေးကြီးပေးဝယ်ကြတာလဲ။ သူ့အရသာက အချိုလည်းမပြင်း၊ အချဉ်လည်းမပြင်း၊ အရမ်းလည်းမမွှေးဘဲ လူကြိုက်များတဲ့အကြောင်းရင်းက ဆိုးကျိုးသက်ရောက်မှုနည်းပြီး ကျန်းမာရေးအတွက် ကောင်းကျိုးတွေရှိနေလို့ပါပဲ။ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါတို့လို နာတာရှည်ဝေဒနာရှင်တွေအတွက် အသုံးဝင်ဆုံးဓာတ်စာတစ်မျိုးပဲလေ။ ဒါဆိုရင် ချယ်ရီသီးက ဘယ်လိုအာနိသင်တွေရှိနေတာလဲ မသိချင်ဘူးလား။ လေ့လာမှုတွေအရတော့ ချယ်ရီသီးတစ်ပန်းကန်လုံးစာ(၂၁လုံးခန့်) စားရင် ကယ်လိုရီ ၁၀၀ တောင်မရှိသလို တစ်နေ့တာလိုအပ်တဲ့ ဗီတာမင် စီရဲ့ ၁၅ ရာခိုင်နှုန်းကို ရရှိနိုင်ပါတယ်တဲ့။ ချယ်ရီသီး က - အိပ်မပျော်ခြင်းကို ကုစားပေးတယ် ချယ်ရီသီးတွေဟာ အိပ်စက်မှုစက်ဝန်းကို ထိန်းချုပ်ပေးနိုင်တဲ့ မယ်လာတိုနင်ဟော်မုန်းကို ရရှိနိုင်တဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ ဒီဟော်မုန်းရရှိနိုင်တဲ့ အစားအစာအရင်းအမြစ်က နည်းနည်းတော့ ရှားတယ်လေ။ သုတေသနရလဒ်မှာဆိုရင် ချယ်ရီသီးဖျော်ရည်ကို မနက်တစ်ကြိမ်၊ ညခါနီး တစ်နာရီအလိုလောက်မှာ […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

ကဖင်းတွေလွန်လို့ အိပ်မရဖြစ်နေပြီလား

မနက်ခင်းအေးအေးလေးမှာ လက်ဖက်ရည်အရသာရှိရှိလေးသောက်ရတာ၊ ကော်ဖီပူပူလေးသောက်ရတာကြိုက်လို့ဆိုပြီး သောက်တယ်။ နေ့လယ်ခင်းကျ အပျင်းပြေဆိုပြီး လက်ဖက်သုပ်လေးစားတယ်။ ကော်ဖီလေးသောက်တယ်။ အချိုရည်တစ်မျိုးမျိုးသောက်လိုက်တယ်ဆိုပါတော့ ညကျတော့လည်း စာအုပ်လေးဖတ်ရင်း ကော်ဖီတစ်ခွက်လောက်သောက်လိုက်မယ်ဆိုရင် ခန္ဓာကိုယ်ထဲဝင်သွားတဲ့ ကဖင်းကတော်တော်လေးများပြီလေ။ ဒီလိုကဖင်းများတာက တစ်နေကုန်တော့ မသိဘူးပေါ့။ ညရောက်တော့ အလန်းလွန်အလွန်လန်းလို့  အိပ်မရဖြစ်နေပြီဆိုရင်တော့ သေချာတယ်။ တစ်နေကုန် ကဖင်းကို တော်တော်လေးစားမိလိုက်ပြီဆိုတာလေ။ ကဖင်းများနေပြီလား........ ခန္ဓာကိုယ်ထဲမှာ ကဖင်းဓာတ်များနေပြီဆိုရင် ကတုန်ကယင်ဖြစ်မယ် အတွေးများမယ် စကားတွေအရမ်းပြောမိမယ် အာရုံမစိုက်နိုင်ဖြစ်မယ် မအီမသာဖြစ်မယ် သွေပေါင်ချိန်တက်မယ် နှလုံးခုန်မြန်မယ် စိတ်တိုလွယ်မယ် စိုးရိမ်စိတ်များမယ် အိပ်မပျော်ဖြစ်မယ် ချွေးစေးတွေထွက်မယ် မူးဝေမယ် အော့အန်မယ် အရမ်းမောနေမယ် စတဲ့လက္ခဏာတွေခံစားရနိုင်ပါတယ်။ ကဖင်းများတာကြောင့် ဖြစ်တဲ့ပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲ............ ကဖင်းများတာက ကာလတိုအတွင်းမှာဆိုရင် အိပ်မပျော်တာလောက်ဘဲ ဆိုပေမယ့် အချိန်ကြာလာတဲ့အခါ နှလုံးထိခိုက်စေနိုင်သလို ကိုယ်တွင်းသံဓာတ်စုပ်ယူမှုကို အဟန့်အတားဖြစ်စေပြီး သွေးအားနည်းရောဂါဖြစ်လာစေနိုင်ပါတယ်။ ဒါကြောင့် ကဖင်းဓာတ်ကို တတ်နိုင်သမျှလျှော့ပါ။ တကယ်လို့ ကဖင်းအများကြီးစားမိပြီဆိုရင်လည်း […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း