နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

ဘဝသက်တမ်းရဲ့ ၃ ပုံ ၁ ပုံကို အိပ်စက်ရင်း ကုန်ဆုံးနေရတာပါ။ လေ့ကျင့်ခန်း လုပ်တာ၊ မှန်ကန်တဲ့ စားသောက်မှုပုံစံ ပျိုးထောင်တာအပြင် ကောင်းကောင်းအိပ်ပျော်စေဖို့ ထောက်ကူပေးမယ့် အခြား အချက်တွေက ဘာတွေများလဲ။ လေ့လာကြည့်ရအောင်လား။

ကျန်းမာရေးဗဟုသုတ

နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

ကျန်းမာအောင် ပုံစံမှန်မှန် အိပ်ကြမယ်

လူတစ်ယောက်နဲ့ တစ်ယောက် အိပ်စက်မှုပုံစံ မတူကြပါဘူး။ တချို့ဆို စအိပ်စက တစ်ပုံစံ၊ ညလယ်ရောက်တော့ တစ်ပုံစံ မနက်လင်းတော့ တစ်ပုံစံ ဖြစ်နေတာမျိုးတွေတောင် ရှိကြပါတယ်။ ဒီလို အိပ်စက်တဲ့အခါ အိပ်ပျော်စေတဲ့ ပုံစံ အမျိုးမျိုးနဲ့ အိပ်ကြတာ မှန်ပေမယ့် အိပ်စက်မှု ပုံစံ မမှန်ရင် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ကျန်းမာအောင် ပုံစံမှန်မှန် ဘယ်လို အိပ်ကြမလဲဆိုတာ ပြောပြပေးချင်ပါတယ်။ အိပ်စက်မှုက အနားယူမှု တစ်ရပ်ပါ အိပ်စက်တာက ခန္ဓာကိုယ်ကို အနားယူတာပါ။ ညအိပ်ရာဝင်ချိန်မှာ အကြောတွေကို ဖြေလျှော့ပြီး အိပ်စက်တာက အိပ်ရေးဝဝ အိပ်ပျော်စေပြီး စိတ်ရောကိုယ်ပါ တက်ကြွ လန်းဆန်းစွာနဲ့ နိုးထနိုင်မှာပါ။ တစ်ညတာကို အနည်းဆုံး အိပ်ချိန် ၆ နာရီရှိအောင် အိပ်စက်မှ ပြည့်ဝတဲ့ အနားယူမှုကို ရရှိမှာပါ။ တကယ်လို့ ညတိုင်းလိုလို ၆ […]

နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ ကို ရှာဖွေမည်။

နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

အိပ်ရေးဝဝ အိပ်ပျော်စေဖို့

ညဘက်တွေ အိပ်မပျော်တဲ့ ဝေဒနာဟာ အတော်ခံရခက်ပါတယ်။ လူက အိပ်ချင်ပေမယ့် အိပ်မပျော်တာ၊ အချိန်လွန်မှန်း သိနေပြီး မျက်လုံးတွေ မှိတ်ထားပါလျက်နဲ့ အိပ်ပျော်မသွားတာ၊ အတွေးတွေ လွန်ပြီး အိပ်မရတာ စတဲ့ အကြောင်းအမျိုးမျိုးကြောင့် အိပ်မပျော်ကြတဲ့သူတွေကလည်း အများသား။ ဒီတော့ အိပ်ဆေးမကူရပါဘဲ သဘာဝနည်းလမ်းတွေနဲ့ အိပ်ရေးဝဝ အိပ်ပျော်စေဖို့ ဘယ်လိုလုပ်ကြမလဲ။ အိပ်ရေးဝဝ အိပ်ပျော်စေဖို့ အလွယ်ဆုံးနည်းလမ်းများ ၁။ အိပ်ချိန်မှန်အောင် လုပ်ပါ။ စနေ၊ တနင်္ဂနွေလေးပဲ အိပ်ရတာကို၊ မနက်မထပါဘူး။ ဘာလဲ။ ညနေထိ အိပ်မှာဆိုရင်တော့ အိပ်စက်ခြင်းနဲ့ ဆိုင်တဲ့ ပြဿနာတွေကို ဆက်ပြီး ခံစားလိုက်ပါဦးရှင်။ ဘယ်လို ပိတ်ရက်ပဲ ဖြစ်ဖြစ်၊ ညတိုင်း ပုံမှန် အိပ်မယ်၊ မနက်ပုံမှန်ထမယ် ဆိုရင် ခန္ဓာကိုယ်ထဲက ဇီဝနာရီတွေကိုလည်း မှန်ကန်စေပြီး အိပ်မပျော်တဲ့ ပြဿနာတွေကို အထိုက်အလျောက် ပြေလည်သွားစေနိုင်မှာပါ။ ၂။ […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

ကြောင်လေးတွေကို အိပ်ရာထဲ ခေါ်သိပ်သင့်လား

အိမ်မွေးတိရစ္ဆာန်လေးတွေ မွေးထားတဲ့ သူတချို့က ညအိပ်တဲ့အခါ အဲဒီတိရစ္ဆာန်လေးတွေနဲ့ ဖက်အိပ်တာမျိုး၊ အိပ်ရာထဲ ခေါ်သိပ်တာမျိုး လုပ်တတ်ပါတယ်။ တကယ်တမ်း ဒီလို အမူအကျင့်ကို ကျန်းမာရေးရှုထောင့်ကနေ ကြည့်လိုက်တဲ့အခါ ကောင်းတဲ့ အချက်ကလေးတွေရော ဆိုးတာလေးတွေပါ တွေ့ရတတ်ပါတယ်။ ကောင်းတဲ့ အချက်တွေက ဘာတွေလဲ။ ၁။ များသောအားဖြင့် ကြောင်တွေဟာ ခွေးတွေလောက်တော့ လူတွေနဲ့ လက်ပွန်းတသီးနေရတာ မကြိုက်ပါဘူး။ ဒါပေမယ့်လည်း လူတွေနဲ့ အနေကြာလာတဲ့ ကြောင်တွေဆိုရင်တော့ သံယောဇဉ်ပိုတွယ်လာနိုင်ပါတယ်။ အထူးသဖြင့် အိပ်တဲ့အချိန်တိုင်း လူတွေနဲ့ ဖက်အိပ်နေရတဲ့ ကြောင်တွေအတွက်တော့ ဒီအိမ်သားတွေအပေါ် ပိုပြီး ခင်တွယ်လာတတ်ပါတယ်။ ၂။ ကြောင်တွေဟာ ခွေးတွေလိုမျိုး အသံအရမ်း ဆူညံအောင် မလုပ်တတ်တဲ့အတွက် ကိုယ့်ရဲ့ အိပ်စက်ခြင်းကို သိပ်ပြီး အနှောင့်အယှက် ဖြစ်စေနိုင်မှာ မဟုတ်ပါဘူး။ ၃။ ကြောင်ရဲ့ ကိုယ်ခန္ဓာမှာရှိတဲ့ အမွေးတွေဟာလည်း ခွေးတွေလိုပဲ လူကို […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

လေ့ကျင့်ခန်းလုပ် ခြင်းကြောင့် အိပ်စက်ခြင်းကို ထိခိုက်စေနိုင်လား

လေ့ကျင့်ခန်းလုပ် တာနဲ့ ပတ်သက်ပြီး အိပ်ချိန်နဲ့ အရမ်းနီးကပ်အောင် မလုပ်သင့်ဘူးလို့ ပြောတာ ကြားဖူးကြမှာပါ။ ဘာကြောင့်လဲဆိုတော့ အိပ်ခါနီးအချိန်နဲ့ နီးနေတော့မှ ကိုယ်ကာယ လေ့ကျင့်ခန်းကို အပြင်းအထန် လုပ်တဲ့အခါ ကြွက်သားတွေ နာကျင်တာ၊ ဦးနှောက်က နိုးကြားတက်ကြွတဲ့ ဟော်မုန်းတွေ အဆက်မပြတ် ထုတ်လုပ်နေတာ၊ မောပန်းမှုကြောင့် ဗိုက်ဆာလာတာတွေ ဖြစ်နိုင်လို့ပါပဲ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် အနည်းဆုံး လေ့ကျင့်ခန်းနဲ့ အိပ်ချိန်ကို ၂ နာရီလောက်တော့ ခွာပေးနိုင်ရင် အကောင်းဆုံးပါပဲ။ လေ့ကျင့်ခန်း အမျိုးအစားအရ ပြောမယ်ဆိုရင် ကိုယ်ခန္ဓာ ကြွက်သားနဲ့ အားအင်တွေကို အပြည့်အဝ စိုက်ထုတ်ရတဲ့ လေ့ကျင့်ခန်းတွေကို မနက်ပိုင်း သို့မဟုတ် ညနေခင်းလောက်မှာ ကစားပေးပြီး ညနောက်ကျပြီဆိုရင်တော့ တင်းနေတဲ့ ကြွက်သားတွေကို ပြေလျော့စေမယ့် ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းမျိုး လုပ်ပေးတာ အကောင်းဆုံးပါပဲ။ ညဘက် […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

ညဘက်မှာ အချဉ်စားလို့ရလား

အိပ်ရာဝင်ခါနီး အချဉ်တွေမစားနဲ့လို့ ငယ်ငယ်တုန်းက လူကြီးတွေ ပြောတာ ခံရဖူးကြတဲ့လူတွေ ရှိကြမယ်ထင်တယ်။ အိပ်ခါနီး အချဉ်တွေစားရင် အစာအိမ်ထိခိုက်တတ်တယ်လို့ ဆိုတတ်ကြတယ်။ တကယ်ရော ညဘက် အချဉ်တွေစားရင် တကယ်ပဲ အစာအိမ်ကို ထိခိုက်မှာလား? ဒါမှမဟုတ် တခြားပြဿနာတွေ ရင်ဆိုင်ရမှာလား? ဒါမှမဟုတ် ဒါက ယုံတမ်းစကား (Myth) သက်သက်ပဲလား? ညဘက် အိပ်ရာဝင်ခါနီးမှာ ချဉ်တဲ့အစားအစာတွေ စားသင့်၊ မစားသင့် ယေဘုယျအားဖြင့်ဆိုရင် ညမိုးချုပ်ချိန်မှာ အစားမစားတာက ကောင်းမွန်တဲ့ အလေ့အထဖြစ်ပါတယ်။ ကိုယ်အလေးချိန်လျှော့ချဖို့၊ တစ်နေကုန်လန်းဆန်းကျန်းမာနေဖို့နဲ့ အိပ်စက်ရာမှာ နှစ်ခြိုက်စွာ အိပ်စက်နိုင်စေဖို့ ညစာကို အိပ်ချိန်နဲ့ ခပ်ခွာခွာလေး စားသင့်ပါတယ်။ အချဉ်ဓာတ်ပါဝင်တဲ့ အစာပြေစာတွေကို ရှောင်ကြဉ်သင့်ပေမယ့် ဗီတာမင် C ပါဝင်တဲ့ သစ်သီးဝလံတွေကို စားတာမျိုးကိုတော့ အတန်အသင့်ပြုလုပ်လို့ရပါတယ်။ အလွန်အကျွံစားတာမျိုးကိုတော့ လုံးဝရှောင်ကြဉ်သင့်ပါတယ်။ အထူးသဖြင့် အချဉ်ဓာတ်ကဲတဲ့ အစားအစာတွေရဲ့ အများစုမှာ citric […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

နံနက်ခင်းတိုင်းမှာ လန်းဆန်းတက်ကြွနေချင်တယ်ဆိုရင်

အိပ်ရာကနေထလိုက်ပြီး ရုံး၊ ကျောင်းကိုသွားနေချိန်အထိ လူက အိပ်ချင်မူးတူး၊ အဝတ်အစားက ဖရိုဖရဲနဲ့ ပြေးပြေးလွှားလွှားသွားနေရတာတွေ များနေပြီလား။ ဒီမနက်တော့ စောစောထပြီး ပြင်ဆင်မယ်ကွာဆိုပြီး ကြိမ်းဝါးနေပေမယ့် မနက်တိုင်းမှ မနက်စာကို တစ်ဝက်တစ်ပျက်နဲ့ အလျင်စလိုစားသောက်ပြီး ပြေးလွှားသွားနေရတာချည်းပဲ ကြုံနေရပြီလား။ သူများတွေလို မနက်ခင်းတိုင်းမှာ လန်းဆန်းတက်ကြွစွာနဲ့ ကြွကြွရွရွ လှလှပပလေး လုပ်ငန်းခွင်တွေ၊ စာသင်ခန်းတွေဆီသွားဖို့ ကိုယ်က ဘာလို့ ခက်ခဲနေတာပါလိမ့်။ လန်းဆန်းတဲ့ မနက်ခင်းလေးဖြစ်စေဖို့ တကယ်တမ်း လိုအပ်တာက အလေ့အကျင့်ပါပဲ။ မှန်ကန်တဲ့ အလေ့အကျင့်လေးရှိမယ်ဆိုရင် သင်လည်း မနက်စောစောမှာ လန်းဆန်းတက်ကြွစွာနဲ့ နေ့သစ်ကို စတင်နိုင်မှာပါ။ ဒီလိုမနက်ခင်းလေးတွေကို ပိုင်ဆိုင်စေဖို့ဆိုရင် အောက်ပါနည်းလမ်းတွေကို နေ့စဉ် လိုက်နာပေးဖို့ လိုပါလိမ့်မယ်။ ခြေလှမ်းသေးသေးကနေစ - မနက်တိုင်း အိပ်ရာကနေ အချိန်မှန်မှန်ထနိုင်ဖို့ အရင်ဆုံးလုပ်ရမယ်။ ဒီ ခပ်သေးသေး ခြေလှမ်းလေးဟာ အချိန်ကြာလာတဲ့အခါ ဘယ်လောက်တောင် အကျိုးရှိတယ်ဆိုတာကို […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

နွေရာသီမှာပန်ကာ ဖွင့်ပြီးအိပ်တာ ကောင်း၊မကောင်း

ပူပြင်းလှတဲ့ နွေရာသီမှာ အဲကွန်းဒါမှမဟုတ် ပန်ကာတစ်လုံးမပါဘဲနဲ့ အိပ်ပျော်ဖို့ဆိုတာ အဆင်မပြေလှပါဘူး။ ဒါဆိုရင် တစ်ညလုံးပန်ကာဖွင့်ပြီး အိပ်ဖို့ အဆင်ပြေပါ့မလား။ ကျန်းမာရေးကိုရော ထိခိုက်နိုင်သလား စတဲ့ မေးခွန်းတွေနဲ့ ရှုပ်ထွေးနေမှာပါ။ ကဲ ဒီလိုဆိုရင်တော့ နွေရာသီမှာပန်ကာ ဖွင့်ပြီးအိပ်တာ ကောင်း၊မကောင်း ကို ကြည့်လိုက်ကြရအောင်။ နွေရာသီမှာပန်ကာ ဖွင့်ပြီးအိပ်တာ ကောင်း၊မကောင်း နွေရာသီမှာပန်ကာ ဖွင့်ပြီးအိပ်တာ ကောင်း၊မကောင်း အတူတူ အဖြေထုတ်ကြည့်ကြမယ်နော်။ ၁။      ‘White Noise’ ကို ဖန်တီးပေးနိုင်တယ်။ အနောက်နိုင်ငံတွေမှာ ‘White Noise’ ဆိုတဲ့အရာကို တွင်တွင်ကျယ်ကျယ် သုံးလာကြတာတွေ့ရပါတယ်။ ‘White Noise’ ဆိုတာဘာလဲ။ လူအချို့ဟာ တိတ်ဆိတ်ငြိမ်သက်နေချိန်မှာ  အိပ်မပျော်တတ်ကြ ပါဘူး။ ဆူညံသံတစ်ချို့ကို ကြားနေရမှသာ အိပ်စက်တတ်ကြပါတယ်။ ထိုအခါမှာ အသံအတုကို ဖန်တီး ပေးနိုင်တဲ့ ‘White Noise machine’ တစ်ခုမှာ […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

သင့်ကျန်းမာရေးအတွက် မှန်ကန်တဲ့ အိပ်စက်မှုပုံစံနဲ့ အိပ်စက်ပါ

ညဘက် အိပ်စက်တဲ့အခါ ကိုယ့်ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ အိပ်စက်မှုပုံစံကို ရွေးချယ်အိပ်စက်နိုင်ဖို့ လိုအပ်ပါတယ်။ ကိုယ်က ဟောက်တတ်တဲ့သူလား၊ နောက်ကျောနာကျင်တတ်တဲ့သူလား၊ ခါးနာတတ်တဲ့လူလား စသဖြင့် ကိုယ့်မှာရှိနေတဲ့ ဝေဒနာကို ကိုက်ညီသက်သာစေမယ့် ပုံစံမျိုးနဲ့ အိပ်စက်မယ်ဆိုရင် ပိုမိုပြီး သက်သောင့်သက်သာဖြစ်မှာဖြစ်ပါတယ်။ ဒီလိုမှ မဟုတ်ဘူးဆိုရင် အိပ်စက်နေချိန်မှာ ကိုယ့်ရဲ့ ခန္ဓာကိုယ်ကြီးဟာ သက်သောင့်သက်သာရှိလှမှာမဟုတ်သလို အပြည့်အဝ အနားယူမှုလည်းဖြစ်မှာမဟုတ်တာကြောင့် ရေရှည်မှာ အိပ်စက်ခြင်းနဲ့ သက်ဆိုင်တဲ့ ရောဂါဝေဒနာတွေ စွဲကပ်လာနိုင်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်စွာ အိပ်စက်နိုင်စေဖို့ဆိုရင် နူးညံ့တဲ့ ခေါင်းအုံးနဲ့ မွေ့ရာတို့ လိုအပ်မှာဖြစ်ပါတယ်။ ဒီပစ္စည်းတွေဟာ ပုံမှန်အိပ်စက်မှုတွေမှာ အထောက်အကူဖြစ်စေပါတယ်။ အလွန်ဟောက်တတ်တဲ့သူနဲ့ အိပ်ရလို့ အိပ်မပျော်ဖြစ်နေတာ၊ စောစောစီးစီးတွေ နိုးနေတာ၊ မီးအလင်းရောင် မြင်နေရရင် အိပ်မပျော်တာမျိုးတွေ ကြုံနေရပြီဆိုရင် ပြန်လည်အိပ်ပျော်ဖို့ ကိုယ့်ရဲ့ လက်ရှိအိပ်စက်နေတဲ့ ပုံစံကို ပြောင်းလဲပေးဖို့ လိုအပ်ပါတယ်။ ဆန်ဒီယေဂို တက္ကသိုလ်ရဲ့ […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

မီးဖွင့် ပြီး အိပ်တာ ကျန်းမာရေးအတွက် ကောင်းလား။

လူတိုင်းအတွက် အိပ်စက်ခြင်းဟာ ခဏတာ အတွက်ရော၊ ရေရှည် အတွက်ပါ အရေးပါတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပြီး ကောင်းမွန်တဲ့ အိပ်စက်ခြင်းရမှသာ စိတ်ရော၊ လူပါ အမြဲ ကျန်းမာရွှင်လန်းနေနိုင်မှာ ဖြစ်ပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် မတူညီတဲ့အတွက် တချို့ကတော့ မီးပိတ်ပြီးမှ အိပ်တတ်တယ်၊ တချို့ကတော့ မီးဖွင့်ထားမှ အိပ်ပျော်တယ် စသည်ဖြင့် အိပ်တာနဲ့ ပတ်သတ်ပြီး အမျိုးမျိုး ကွဲပြားနေကြပါတယ်။ ဒီဆောင်းပါးလေးမှာတော့ မီးဖွင့်ပြီး အိပ်ခြင်းနဲ့ ကျန်းမာတဲ့အိပ်စက်ခြင်း ဘယ်လို ဆက်နွယ်နေတယ်ဆိုတာလေးကို မျှဝေပေးသွားချင်ပါတယ်။ (၁) ကျန်းမာတဲ့ အိပ်စက်ခြင်းဟာ လူတိုင်းအတွက် ဘာ့ကြောင့် အရေးပါသလဲ။ ကျန်းမာတဲ့ အိပ်စက်ခြင်းဟာ ၁။ ခန္ဓာကိုယ်နဲ့ ဦးနှောက်ကို ထိန်းသိမ်းပြုပြင်ပေးနိုင်ခြင်း။ ၂။ ဖျားနာခြင်းတွေနဲ့ နာတာရှည်ရောဂါတွေကို တိုက်ထုတ်ပေးနိုင်ခြင်း။ ၃။ စိတ်ခံစားမှုကို တိုးတက်ကောင်းမွန်စေနိုင်ခြင်း။ ၄။ ကြွက်သားတွေ ပင်ပန်းနွမ်းနယ်မှုကို ပြန်လည် သန်စွမ်းလာအောင် […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

ညအိပ်ရာ မဝင်ခင် ရှောင်သင့်တဲ့ အစားအစာတွေ

ပုံမှန် ကျွန်တော်တို့ အစာစားချိန်ဟာ မနက်၊ နေ့လည်၊ ည ဆိုပြီး ယေဘုယျအားဖြင့် ၃နပ် ခွဲထားပါတယ်။ တချို့လူတွေကတော့ ကိုယ်အလေးချိန် တက်ချင်လို့၊ သို့မဟုတ် ကျချင်လို့ diet လုပ်တဲ့အနေနဲ့ အကြိမ်ရေ ခွဲစားတာမျိုးလည်း ရှိပါတယ်။ ဘယ်လိုပဲ ဖြစ်နေပါစေ ညအိပ်ချိန်နဲ့ နီးအောင် အစာစားတာကတော့ ကျန်းမာရေးအတွက် ရေရှည်မှာ မကောင်းတဲ့ ကိစ္စပါ။ ကျွန်တော်တို့ ကိုယ်ခန္ဓာထဲမှာ ရှိနေတဲ့ ကလီစာတွေက တစ်နေ့လုံး အလုပ်လုပ်ထားတဲ့အတွက် ညအိပ်ခါနီးဆိုရင် ပင်ပန်းပြီး ကောင်းကောင်း အလုပ်မလုပ်နိုင်တော့ပါဘူး။ ဒီအခါမှာ ကျွန်တော်တို့က မအိပ်ဘဲ အစားတွေ စားနေမယ်ဆိုရင် အစာခြေစနစ်ကို သွားပြီး ထိခိုက်ပါတယ်။ ဒါ့အပြင် လူက ဗိုက်ပြည့်တင်းနေတဲ့အခါ ရင်ပြည့်သလို ဖြစ်ပြီး ကောင်းကောင်း အိပ်မပျော်တော့သလို မနက်ထလာရင်လည်း အီလည်လည် […]


အိပ်စက်ခြင်း

ညအိပ်ရာမဝင်ခင် ရေသောက်ရအောင်

သက်ရှိတွေရဲ့ ရှင်သန်မှုကို အဓိကပံ့ပိုးထားတာက ရေပါ။ ကမ္ဘာမြေရဲ့ ၇၁ ရာခိုင်နှုန်းကို ရေပြင်က ဖုံးလွှမ်းထားပြီး အရွယ်ရောက်ပြီးသူ တစ်ဦးရဲ့ ခန္ဓာကိုယ် ၆၀ ရာခိုင်နှုန်းကို ရေနဲ့ ဖွဲ့စည်းထားပါတယ်။ ရေသာမရှိရင် သက်ရှိတွေဟာ သေဆုံးသွားနိုင်ပါတယ်။ ရေက ဦးနှောက်အတွက် လိုအပ်သလို ခန္ဓာကိုယ် အစိတ်အပိုင်းတွေဆီကို အောက်ဆီဂျင် ရောက်ရှိစေဖို့၊ ခန္ဓာကိုယ် အပူချိန်ကို ထိန်းညှိဖို့၊ အညစ်အကြေးတွေ စွန့်ထုတ်ဖို့နဲ့ အဆစ်တွေ လွယ်ကူစွာ လှုပ်ရှားနိုင်စေဖို့ ပါလုပ်ဆောင်ပေးပါတယ်။ တစ်နေ့တာ လှုပ်ရှားပြီး ရေလုံလောက်အောင် မသောက်မိတဲ့အခါ ခြေကုန်လက်ပမ်းကျတာကစလို့ အမျိုးမျိုးသော ကျန်းမာရေး ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ ဒီတော့ အကောင်းဆုံးအနေနဲ့ ညအိပ်ရာမဝင်ခင်မှာ ရေတစ်ခွက်သောက်ပေးပါ။ ညအိပ်ရာမဝင်ခင်ရေသောက်တာ ကောင်းလား......... လူတွေက အိပ်ပျော်နေတဲ့အချိန်မှာ ခန္ဓာကိုယ်က ရေဓာတ်က တစ်ပေါင်ခွဲစာလောက် ဆုံးရှုံးနေပါတယ်။ ဒါကို သေသေချာချာသိချင်တယ်ဆိုရင် […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း