လောင်းကစားလုပ်တာ စိတ်ကျန်းမာရေး ထိခိုက်စေသလား
လူတစ်ကိုယ် အကျင့်တစ်မျိုး ဆိုတဲ့အတိုင်း အရက်၊ ဘီယာစတာတွေကို ကြိုက်လို့သောက်တဲ့သူတွေ ရှိသလို ဆေးလိပ်ကို မသောက်ရမနိုင် စွဲလမ်းလွန်းလို့ သောက်တဲ့သူတွေလည်း ရှိပါတယ်။ ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ ကွမ်း မဝါးရမနေနိုင်လို့ ဝါးတဲ့သူတွေလည်း ရှိပါတယ်။ အချို့စွဲလမ်းစေတတ်တဲ့ မူးယစ်ဆေးတွေကို အလွဲသုံးတဲ့သူတွေတောင်ရှိပါတယ်။ ဒါတွေက စွဲလမ်းစေတတ်တာကိုးလို့ ပြောစရာရှိပေမယ့် စားတာသောက်တာတွေ မဟုတ်ဘဲ အခြားအရာတစ်ခုကိုလည်း အချို့လူတွေက စွဲစွဲလမ်းလမ်း လုပ်တတ်ကြပါသေးတယ်။ ဒါကတော့ လောင်းကစား လုပ်တာပါ။ လောင်းကစားက စားတာသောက်တာ ဖွာရှိုက်တာ တစ်ခုမှ မပါဘဲ စွဲလမ်းစေတယ်နော်။ ဒီတစ်ခေါက်တော့ လောင်းကစား လုပ်တာက စွဲလမ်းစေတတ်လားဆိုတာနဲ့ လောင်းကစားလုပ်တာကြောင့် စိတ်ကျန်းမာရေးကို ဘယ်လို ထိခိုက်မှုတွေ ရှိလာစေနိုင်သလဲဆိုတာကို ပြောပြပေးသွားပါမယ်။ လောင်းကစားက စွဲလမ်းစေတတ်တဲ့ အရာလား လောင်းကစား လုပ်တာက ထိခိုက်မှုကင်းပြီး ပျော်ရွှင်စရာကောင်းတဲ့ အရာလို့ ထင်စရာ […]
































