စွဲလမ်းမှုပြဿနာများ

စွဲလမ်းမှုပြဿနာက ကိုယ့်မှာရှိလို့ ရှိမှန်း မသိဘဲတောင် ရှိနေနိုင်တဲ့ အရာတစ်မျိုးပါ။ ဒီစွဲလမ်းမှုပြဿနာတွေနဲ့ ပတ်သက်ပြီး သင်ဘာတွေ သိထားသင့်သလဲ။ သူများနဲ့မတူဘဲ ဘာတွေကို စွဲလမ်းနေပြီလဲ။ စိတ်စွဲလမ်းမှုတွေကို ဘယ်လိုသက်သာအောင် လုပ်ကြမလဲ။

ကျန်းမာရေးဗဟုသုတ

စွဲလမ်းမှုပြဿနာများ

လောင်းကစားလုပ်တာ စိတ်ကျန်းမာရေး ထိခိုက်စေသလား

လူတစ်ကိုယ် အကျင့်တစ်မျိုး ဆိုတဲ့အတိုင်း အရက်၊ ဘီယာစတာတွေကို ကြိုက်လို့သောက်တဲ့သူတွေ ရှိသလို ဆေးလိပ်ကို မသောက်ရမနိုင် စွဲလမ်းလွန်းလို့ သောက်တဲ့သူတွေလည်း ရှိပါတယ်။ ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ ကွမ်း မဝါးရမနေနိုင်လို့ ဝါးတဲ့သူတွေလည်း ရှိပါတယ်။ အချို့စွဲလမ်းစေတတ်တဲ့ မူးယစ်ဆေးတွေကို အလွဲသုံးတဲ့သူတွေတောင်ရှိပါတယ်။ ဒါတွေက စွဲလမ်းစေတတ်တာကိုးလို့ ပြောစရာရှိပေမယ့် စားတာသောက်တာတွေ မဟုတ်ဘဲ အခြားအရာတစ်ခုကိုလည်း အချို့လူတွေက စွဲစွဲလမ်းလမ်း လုပ်တတ်ကြပါသေးတယ်။ ဒါကတော့ လောင်းကစား လုပ်တာပါ။ လောင်းကစားက စားတာသောက်တာ ဖွာရှိုက်တာ တစ်ခုမှ မပါဘဲ စွဲလမ်းစေတယ်နော်။ ဒီတစ်ခေါက်တော့ လောင်းကစား လုပ်တာက စွဲလမ်းစေတတ်လားဆိုတာနဲ့ လောင်းကစားလုပ်တာကြောင့် စိတ်ကျန်းမာရေးကို ဘယ်လို ထိခိုက်မှုတွေ ရှိလာစေနိုင်သလဲဆိုတာကို ပြောပြပေးသွားပါမယ်။ လောင်းကစားက စွဲလမ်းစေတတ်တဲ့ အရာလား လောင်းကစား လုပ်တာက ထိခိုက်မှုကင်းပြီး ပျော်ရွှင်စရာကောင်းတဲ့ အရာလို့ ထင်စရာ […]

စွဲလမ်းမှုပြဿနာများ ကို ရှာဖွေမည်။

စွဲလမ်းမှုပြဿနာများ

အရက်ဖြတ်ကြတော့မယ်ဆိုရင်

နှစ်ကာလရှည်ကြာ အရက်ကို စွဲမြဲသောက်သုံးခဲ့ပြီးလို့ အရက်ဖြတ်တော့မယ်လို့ စဉ်းစားနေပြီလား။ အရက်ကြောင့် စိတ်ရောကိုယ်ပါ ထိခိုက်လာပြီလို့ တွေးတော့နေမိပြီလား။ တကယ် အရက်ဖြတ်ကြတော့မယ်ဆိုပါစို့။ အရင်ဆုံးဖြတ်ကျော်ရမယ့် အဆင့်တွေ ရှိနေတာကို သိထားဖို့ လိုအပ်ပါတယ်။ အရက်ဖြတ်တယ်ဆိုတာက လွယ်ကူတဲ့ လုပ်ငန်းစဉ်တစ်ခုတော့ မဟုတ်ပါဘူး။ စိတ်ရှည်ဖို့နဲ့ ကြံ့ကြံ့ခံနိုင်ဖို့ အထူးလိုအပ်ပါတယ်။ အရက်ဖြတ်ကြတဲ့ လူတိုင်း အရက်ပြတ်သွားကြတာတော့ မဟုတ်ပါဘူး။ တစ်ချို့က နောက်တစ်ကြိမ် ပြန်သောက်ဖြစ်ကြတယ်။ ဖြတ်ရပိုခက်ခဲသွားကြတယ်။ အခြေအနေတွေ ပိုဆိုးသွားကြတယ်။ ဒီလိုမဖြစ်ဖို့ဆိုရင် လိုက်နာရမယ့်၊ သိထားသင့်တဲ့ နည်းလမ်းတွေရှိပါတယ်။ အချက် ၅ ချက် ရှိပါတယ်။ ဒါတွေကို လိုက်နာနိုင်မယ်ဆိုရင်တော့ အရက်ဖြတ်ရာမှာ ပိုမိုထိရောက်ပြီး အဆင်ပြေအောင် ဖြတ်နိုင်ဖို့ အထောက်အကူပြုမှာဖြစ်ပါတယ်။ ၁။ ပြတ်ပြတ်သားသား တိတိကျကျ အစီအစဉ် သေချာချမှတ်ပါ အရက်ဖြတ်ရာမှာ အဓိက အကျဆုံးအချက်က သေချာ အစီအစဉ်ချထားပြီး ပြတ်ပြတ်သားသားလုပ်ဖို့ပါပဲ။ များသောအားဖြင့် […]


စွဲလမ်းမှုပြဿနာများ

ကတ်တမင်း တလွဲသုံးစွဲခြင်းရဲ့ ကြောက်စရာ ဆိုးကျိုးပေါင်းများစွာ

ကတ်တမင်း (ketamine) ဆိုတာကို သိတဲ့လူတွေ သိကြမှာပါ။ ကတ်တမင်းဆိုတာ ဆေးကုသမှုတချို့မှာသုံးတဲ့ မေ့ဆေးတစ်မျိုးဖြစ်ပေမယ့် တိရစ္ဆာန်ဆေးကုတဲ့နေရာမှာ ပိုအသုံးများပါတယ်။ ဒါပေမယ့် ကတ်တမင်း ကို စိတ်အာရုံထင်ယောင်ထင်မှားနဲ့ မျောလွင့်လို့ကောင်းစေမယ့် ဆေးအဖြစ် တလွဲသုံးကြတဲ့အခါ မူးယစ်ဆေးအဖြစ် ရောက်သွားပါတော့တယ်။ စိတ်ကူးထဲမျောလွင့်မှုကို ခံစားသာယာဖို့ ကတ်တမင်းကို အမှုန့်ပုံစံအဖြစ် ရှူကြသလို အရည်ပုံစံနဲ့ ထိုးသွင်းကြပါတယ်။ ကတ်တမင်း တလွဲသုံးခြင်း ကတ်တမင်းကို မူးယစ်စေမယ့်ဆေးအဖြစ်သုံးတာက လေထဲမျောလွင့်နေတဲ့ခံစားချက်ကနေစလို့ ရုပ်နဲ့နာမ်ခွာသွားတဲ့အဆင့်ထိ ထင်ယောင်ထင်မှားတွေဖြစ်လာစေပါတယ်။ ဒီအာနိသင်ကြောင့်ပဲ ကတ်တမင်းဟာ Ecstasy (MDMA)၊ Rohypnol နဲ့ GHB တို့လို ကလပ်တွေမှာအသုံးများတဲ့ ဆေးဝါးတစ်မျိုးဖြစ်လာပါတယ် (တစ်ညလုံးမြူးမယ်၊ ကြွမယ်၊ ကမယ်ဆိုတာမျိုး)။ တစ်ခါတလေ အပျော်အတွက် ပမာဏနည်းနည်းပဲ သုံးမယ်ဆိုရင် - စိတ်နဲ့လူ ပြေလျော့ပြီး အေးဆေးဖြစ်စေတယ်၊ နာကျင်ကိုက်ခဲမှုတွေရှိရင် သက်သာစေတယ်။ နည်းနည်း စိတ်ကျမယ်။ မူးမယ်။ […]


စိတ်ကျန်းမာရေး

သင် အရက်စွဲနေပြီလား

အရက်စွဲလမ်းတာကို တချိန်တုန်းက "Dipsomania" လို့ ခေါ်ဆိုခဲ့ဖူးပါတယ်။ ၁၈၄၉ ခုနှစ်ရောက်မှသာ ဆွီဒင်ဆေးပညာရှင် မက်ဂ်နက်စ် ဟက်စ်က ဒီကနေ့ခေတ်မှာ သုံးစွဲနေတဲ့ "Alcoholism" လို့ စတင်ပြောင်းလဲ သုံးစွဲခဲ့တာဖြစ်ပါတယ်။ အရက်ဟာ လူ့သမိုင်းတစ်လျှောက်လုံး နည်းမှန်လမ်းမှန်ရော၊ မတော်လောဘနဲ့ရော အသုံးပြုခြင်းကို ခံခဲ့ရတဲ့ အရာတစ်ခုပါ။ ဘေဘီလိုနီးယန်း၊ အီဂျစ်၊ ရောမခေတ်တွေတစ်လျှောက် သမိုင်းမှတ်တမ်းတွေတိုင်းမှာ အရက်ဟာ မပါမဖြစ် အရာတစ်ခုအဖြစ် ပါဝင်နေခဲ့ပြီးတော့ ကိုးကွယ်ယုံကြည်မှုနဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်တွေမှာရော ဆိုးသွမ်းယုတ်ညံ့တဲ့ ဖြစ်ရပ်တွေမှာပါ ပါဝင်ဆက်နွယ်နေလေ့ရှိပါတယ်။ WHO ရဲ့ Globa Alcohol Report အရ ကမ္ဘာပေါ်မှာ နှစ်စဉ် လူ ၂ ဒဿမ ၅ သန်းလောက်ဟာ အရက်နဲ့ ပတ်သက်ဆက်နွယ်နေတဲ့ ရောဂါတွေကြောင့် သေဆုံးနေကြရတယ်လို့ ဆိုပါတယ်။ ဆိုလိုချင်တာက […]


စိတ်ကျန်းမာရေး

ဖုန်းကို လက်က မချနိုင်ဖြစ်နေပြီလား။

ဟုတ်ပါတယ်။ သင့်ကိုပြောနေတာပါ။ ခုဖုန်းသုံးနေလို့ ဒီစာကိုဖတ်နိုင်တာပေါ့။ အဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် အချိန်တော်တော်များများမှာ ကိုယ့်လက်ထဲမှာ ဖုန်းက အမြဲရှိနေတာလားဆိုတာ စဉ်းစားကြည့်ပါ။ နည်းပညာတွေတိုးတက်တာ၊ ဖုန်းတွေပေါ်လာတာကောင်းပါတယ်။ ဒါကြောင့်ပဲ တစ်ယောက်နဲ့ တစ်ယောက်ဆက်သွယ်ရတာ၊ သတင်းအချက်အလက်တွေရှာရတာ ပိုမြန်လာပါတယ်။ ဒါကောင်းတဲ့အချက်ပါ။ ဒါပေမယ့် တစ်ချိန်တည်းမှာ ဖုန်းစွဲလမ်းတယ်ဆိုတဲ့ ပြဿနာတစ်ရပ်ပေါ်လာပါတယ်။ ဖုန်းကို စွဲလမ်းတာက တခြားသော ဂိမ်းစွဲတာ၊ လောင်းကစားစွဲတာလိုမျိုးပဲ အပြုအမူစွဲလမ်းခြင်း တစ်မျိုးပါ။ ရှင်းရှင်းပြောရရင် မရှိရင် မနေနိုင်အောင်စွဲလမ်းတာမျိုး ဆေးပညာအရ dependence syndromeဆိုပြီး WHOက သတ်မှတ်ထားပါတယ်။ ဖုန်းစွဲနေမှန်းဘယ်လိုသိမလဲ။ (၁)မိုးလင်းမျက်စိနှစ်လုံးပွင့်တာနဲ့ စရှာတာ ဖုန်းပါပဲ။ အရင်ကတော့ မိုးလင်းရင် နာရီalarmကို စပိတ်ပါတယ်။ ခုဖုန်းတွေမှာ alarmပါပြီးသားဆိုတော့ မိုးလင်းတာနဲ့ alarmထပိတ်ရင်း ဖုန်းကို စသုံးတော့တာပါပဲ။ ဒါမှမဟုတ် မိုးလင်းတာနဲ့ အိပ်ရာထဲကနေ ဒီနေ့ ဘာသတင်းတွေထူးလဲ။ ဘယ်သူတွေများစာပို့ထားလဲလို့ ဖုန်းဖွင့်ကြည့်နေရင် […]


စွဲလမ်းမှုပြဿနာများ

Social Drink ကနေ တဆင့်တက်လို့ အရက်စွဲနေပြီလား ဆန်းစစ်ကြည့်ပါ

အလုပ်သဘောအရဖြစ်ဖြစ်၊ သူငယ်ချင်းတွေစုံမိလို့ဆိုပြီး အရက်ကို တစ်ခွက်စ နှစ်ခွက်စသောက်တာ Social Drink ဆိုပေမယ့် ဒီလိုနဲ့တစ်ပတ်ကို ၃ ရက်အထက်သောက်မိနေမယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ကြည့်ဖို့လိုပါပြီ။ တကယ်ပဲအားနာလို့ သောက်မိနေတဲ့ Social Drink လား၊ မသောက်ရမနေနိုင်လို့ သောက်မိနေတဲ့ အရက်စွဲပြဿနာစနေတာလားဆိုတာကိုပါ။ Social Drink ဆိုတာ "Social drinking" ဆိုတာက သောက်ချင်လို့ဆိုတဲ့ ဆန္ဒထက် အလုပ်သဘောအရ လိုအပ်လို့သောက်တာပါ။ သောက်တဲ့အခါမှာလည်း မူးနေအောင်သောက်တာမျိုးမဟုတ်ဘဲ တစ်ခွက်၊နှစ်ခွက်လောက်ပဲ မိတ်ဖြစ်ဆွေဖြစ်သောက်တာမျိုးပါ။ Social Drink ကြောင့် အရက်စွဲနိုင်လား....... ဒါကတော့ လူနဲ့ပဲဆိုင်တယ်လို့ပြောပါရစေ။ Social Drink ကြောင့် အရက်မစွဲနိုင်ပေမယ့် ကိုယ့်စိတ်ကိုယ်မထိန်းနိုင်ရင်တော့ အရက်ဆိုတာမျိုးကလည်း စါဲလမ်းစေတတ်တဲ့အရာဆိုတော့  အရက်စွဲတာမျိုးဖြစ်သွားနိုင်ပါတယ်။ အရက်စွဲတယ်ဆိုတာက ငွေကုန်ကြေးကျများသလို ခန္ဓာကိုယ်ရော ဦးနှောက်ကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အလုပ်သဘောအရ လိုအပ်လို့သောက်မယ်ဆိုရင်တောင် အကန့်အသတ်လေးနဲ့ သောက်တာက […]


စွဲလမ်းမှုပြဿနာများ

မိုဘိုင်းဖုန်းနဲ့ လမ်းခွဲနည်း

"……. and 10 others liked your post." ဒီစာကြောင်းလေးကို ကိုယ်တစ်နေ့မှာ ဘယ်နှခါမြင်တယ်လို့ထင်လဲ။ ဒါဆိုရင် ဒီ ဖုန်းထဲက တစ်ယောက်ယောက်က ကိုယ့် post ကို like လုပ်လိုက်ပါတယ်ဆိုတဲ့ ဘာမဟုတ်တဲ့ နိုတီ (notification) လေးကြောင့် တစ်နေ့မှာ ဘယ်နှစ်ကြိမ်လောက် ဖုန်းကို ကြည့်မိတတ်ကြလဲ။ နိုတီလေးဝင်လာလို့ ခဏဖုန်းကို ကြည့်မိရာကနေ မိနစ် ၃၀ လောက် ဖုန်းပေါ်မှာ အချိန်ဖြုန်းမိသွားတာမျိုးရော ဖြစ်ဖူးလား။ ဖုန်းက အသံတစ်ခုခုကြောင့် အလုပ်တစ်ခုကို အာရုံစိုက်နေရာကနေ စိတ်တွေပြန့်လွှင့်သွားပြီးတော့ လုပ်စရာတွေကို ဆက်မလုပ်ဖြစ်တာလည်း ဖြစ်ဖူးကြမယ်လို့ ထင်ပါတယ်နော်။ စစ်တမ်းတွေအရ လူတစ်ယောက်ဟာ ပျမ်းမျှ ဖုန်းကို အကြိမ် ၁၁၀ လောက် ကိုင်ကြပါတယ်တဲ့။ မိုဘိုင်းဖုန်းကို စွဲလမ်းတာဟာ နောက်ပိုင်းမှာ ရောဂါလို့တောင် သတ်မှတ်နေကြပါပြီ။ […]


စွဲလမ်းမှုပြဿနာများ

ကိုယ်ချစ်ခင်ရတဲ့သူတစ်ယောက် မူးယစ်ဆေးသုံးနေသလား ဘယ်လိုသိနိုင်မလဲ

မူးယစ်ဆေး သုံးတယ်တဲ့လား။ လူကပိန်သွားပြီး မျက်တွင်းလေးကျနေရင် အိမ်ကလူကြီးတွေက ထင်မယ်။ ဒီကောင် ဆေးသုံးနေလားမသိဘူး ဆိုတဲ့အတွေး... ကိုယ်ချစ်ခင်ရတဲ့သူတစ်ယောက် မူးယစ်ဆေးသုံးနေသလား ဘယ်လိုသိနိုင်မလဲ တကယ်က ညဘက်ဂိမ်းဆော့ထားလို့ ဖြစ်ရင်ဖြစ်မယ်၊ အစားမမှန် အအိပ်မမှန်လို့၊ သွေးအားနည်းလို့၊ ဆေးလိပ်သောက်တာများလို့ စတဲ့ အကြောင်းရင်းတွေကြောင့် ဖြစ်ရင်ဖြစ်မယ်။ အဲ... တကယ်ပဲ ဆေးသုံးတယ်ဆိုရင်တော့ ဒီအသွင်အပြင်လောက်နဲ့ အဆုံးအဖြတ်ပေးလို့၊ ကောက်ချက်ချလို့မရပါဘူးနော်။ တခြားသိသာတဲ့ အသွင်အပြင်နဲ့ အပြုအမူလက္ခဏာတွေအများကြီးရှိနေသေးတယ်ဆိုတာ အိမ်ကလူကြီးတွေကိုပြောပြလိုက်ပါဦး။ ကိုယ်ချစ်ခင်ရတဲ့သူတစ်ယောက် မူးယစ်ဆေးသုံးနေသလား ဘယ်လိုသိနိုင်မလဲ ဆိုတာကို အတူတူ လေ့လာလိုက်ရအောင်နော်။ မူးယစ်ဆေးသုံးနေသူတစ်ယောက်မှာ တွေ့ရများတဲ့ အပြင်ပန်းလက္ခဏာတွေ ကိုယ်ချစ်ခင်ရတဲ့သူတစ်ယောက် မူးယစ်ဆေး သုံးစွဲနေသလား ဆိုတာကို သိနိုင်ဖို့က အသွင်အပြင်လက္ခဏာတွေက အသိသာဆုံးဆိုတာ မှန်ပါတယ်။ အများစုမှာ တွေ့ရတတ်တာက - အိပ်မပျော်နိုင်တာ၊ အချိန်အခါမဟုတ် နိုးလာတာ၊ အချိန်အခါမဟုတ် နေရာမရွေး အိပ်မောကျသွားတာတို့လို သိသာတဲ့အိပ်စက်မှုပြဿနာများ သုံးတဲ့ဆေးအမျိုးအစားကိုမူတည်ပြီး […]


စွဲလမ်းမှုပြဿနာများ

နှာခေါင်းဖြန်းဆေးဟာ ဆေးစွဲခြင်းပြဿနာဖြစ်စေသလား

နှာရည်ကျလာတဲ့အခါ နှာစေးလာတဲ့အခါ ကျွန်တော်တို့ရဲ့ဝန်းကျင်မှာ ကသိကအောင့်ဖြစ်လာပြီး အနေရခက်လာစေပါတယ်။ လူအများဟာ နှာစေးခြင်းကို သက်သာအောင် နှာခေါင်းဖြန်းဆေး (nasal spray) ကို အသုံးပြုကြပါတယ်။ နှာခေါင်းဖြန်းဆေးဟာလည်း အမျိုးမျိုးရှိတတ်ပါတယ်။ နှာစေးလာတဲ့အခါ နှာခေါင်းအတွင်းပိုင်းနံရံ ရောင်ရမ်းလာတတ်ပါတယ်။ နှာခေါင်းဖြန်းဆေးဟာ နှာခေါင်းအတွင်းပိုင်းမှာရှိတဲ့ သွေးကြောလေးတွေကို ကျုံ့သွားစေပြီး နှာခေါင်းအတွင်းပိုင်းနံရံတွေ ရောင်ရမ်းမှုကို လျော့ကျစေခြင်းဖြင့် နှာစေးခြင်း နှာပိတ်ခြင်းကို သက်သာသွားစေနိုင်ပါတယ်။ နှာခေါင်းဖြန်းဆေးများကို အများဆုံးသုံးရက်အထိ အသုံးပြုရတတ်ပါတယ်။ တစ်ခါတရံမှာ ပိုမိုပြီး သုံးစွဲမိတဲ့အခါ ဆေးယဉ်ပါးသလိုဖြစ်လာနိုင်ပါတယ်။ သဘောကတော့ လိုချင်တဲ့ ရလဒ်ထွက်လာအောင် ယခင်ကထက် ပိုမိုပြီး သုံးစွဲလာရတတ်ပါတယ်။ အဲဒီအခါ ဆေးကိုစွဲသွားတာမျိုး ဖြစ်လာနိုင်ပါတယ်။ နှာခေါင်းဖြန်းဆေးအမျိုးအစားတွေဟာ ပါဝင်တဲ့ပစ္စည်းတွေပေါ်မူတည်ပြီး ကွဲပြားသွားပါတယ်။ အဓိကအားဖြင့် အောက်ပါအမျိုးအစားတွေ ဖြစ်ပါတယ်။ ဆလိုင်းရည်ပါတဲ့ နှာဖြန်းဆေး စတီးရွိုက်ဖြန်းဆေး ဟစ်စ်တမင်းဆန့်ကျင်ဆေး နှာခေါင်းပွင့်ဆေး နှာခေါင်းဖြန်းဆေးကို ကြာကြာသုံးရင် ဘာဖြစ်လာနိုင်သလဲ နှာခေါင်းတွင်းဖြန်းဆေးကို လိုအပ်တာထက်ပိုပြီး […]


စွဲလမ်းမှုပြဿနာများ

ကော်ဖီစွဲလမ်းမှု ကို ဘယ်လိုဖျောက်မလဲ

မိုးအေးအေးလေးမှာ ကော်ဖီလေးသောက်လိုက်ရတာကတော်တော်လေးအရသာရှိတယ်နော်။ မနက်ခင်းမှာ ကော်ဖီမွှေးမွှေးလေးတစ်ခွက် သောက်လိုက်ရရင်ကို တစ်နေ့လုံးတက်တက်ကြွကြွ အလုပ်လုပ်နိုင်တယ်။ မနက်ခင်းကော်ဖီမသောက်ရရင် စိတ်တိုလာတယ်၊ ခေါင်းကိုက်လာတယ်ဆိုတာမျိုးတွေ ဖြစ်နေပြီလား။ ဒါဆိုရင်တော့ သင်ဟာကော်ဖီကို လိုတာထက်ပိုပြီး စွဲလမ်းနေပါပြီ။ ဒါက ကော်ဖီစွဲလမ်းမှု က ကြီးကြီးမားမား ကိစ္စမဟုတ်ပေမယ့် ကျန်းမာရေးကို ထိခိုက်လာနိုင်တဲ့ အခြေအနေဆိုရင်တော့ မွေးမထားတာကတော့ အကောင်းဆုံးဖြစ်မှာပါ။ ကော်ဖီက စွဲလမ်းစေတတ်လား............. ကော်ဖီမှာပါတဲ့ ကဖင်းက စွဲလမ်းစေတတ်ပါတယ်။ တက်ကြွလန်းဆန်းစေနိုင်တဲ့ အာနိသင်ရှိတာကြောင့် မနက်ခင်းမှာ ကော်ဖီလေးသောက်တတ်ကြသလိုနေ့ခင်းနေ့လယ် ပျင်းတဲ့အခါမျိုး၊ အိပ်ငိုက်တဲ့အခါမျိုးမှာလည်း စိတ်လန်းသွားအောင်ဆိုပြီး ကော်ဖီကို သောက်တတ်ကြပါတယ်။ တစ်ရက်နှစ်ရက်က ပြဿနာမရှိပေမယ့် တစ်ပတ်ကနေ နှစ်ပတ်၊ နှစ်ပတ်ကနေ ၁ လလောက်ကြာလာတဲ့အခါ ကော်ဖီကို အချိန်ကျရင် မသောက်ရမနေနိုင် ဖြစ်လာပါတယ်။ ဒီအခြေအနေကကော်ဖီစွဲလမ်းတဲ့အခြေအနေပါ။ ကော်ဖီစွဲလမ်းမှု ကို ဘယ်လိုဖြေရှင်းမလဲ............ ကော်ဖီကို စွဲနေတာကို ချက်ချင်းဖြတ်ဖို့က ခက်ပါတယ်။ ဖြည်းဖြည်းချင်းပဲ […]


စွဲလမ်းမှုပြဿနာများ

သင့်မှာ အလုပ်အပေါ် စွဲလမ်းလွန်တဲ့ စိတ်ရောဂါရှိနေပြီလား

အလုပ်ပေါ် စွဲလမ်းတဲ့ စိတ်ရောဂါ (Workaholism) ဆိုတာ ဘာလဲ။ နိုင်ငံတော်တော်များများမှာ သတ်မှတ်ထားတဲ့ လူတစ်ယောက်ရဲ့ အလုပ်လုပ်ချိန်ဟာ တစ်ပတ်ကို နာရီ ၄၀ ကနေ ၄၅ နာရီ ဖြစ်ပြီး တနင်္လာကနေ သောကြာနေ့အထိ ၅ရက်တိတိ တစ်ရက်ကို ၈-၉ နာရီအထိ အပြည့်အ၀ အလုပ်လုပ်မယ်။ ကျန်တဲ့ အချိန်တွေမှာ အနားယူပြီး ကိုယ့်မိသားစု၊ ပတ်ဝန်းကျင်၊ လူမှုရေးကိစ္စတွေနဲ့ အချိန်ကုန်ဆုံးတတ်ကြပါတယ်။ ဒါ့ထက်ပိုပြီး နေ့မနား၊ ညမနား အလုပ်လုပ်မယ်။ ရုံးမှာလည်း အလုပ်တွေ အချိန်ပြည့်လုပ်မယ်။ အိမ်ကိုပါ အလုပ်တွေ သယ်လာပြီး ညမိုးချုပ်တဲ့အထိ အိပ်ရေးပျက်ခံြပီး အလုပ်လုပ်နေမယ်။ စနေ၊ တနင်္ဂနွေ အားလပ်ရက်တွေမှာ ဘယ်မှမသွား၊ ဘယ်သူနဲ့မှ မတွေ့ပဲ ကိုယ့်ရဲ့ အလုပ်စားပွဲမှာပဲ ထိုင်ပြီး အလုပ်လုပ်နေတာဆိုရင်တော့ ကိုယ့်မှာ အလုပ်ပေါ် […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း