စိတ်ကျန်းမာရေး

လူတစ်ယောက် ကျန်းမာဖို့ဆိုတဲ့နေရာမှာ စိတ်ကျန်းမာရေးဟာလည်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုပဲ အရေးပါပါတယ်။ စိတ်ကျန်းမာရေးပြဿနာတွေက တစ်ခါတလေမှာ သတိမထားမိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ စိတ်ကျန်းမာရေးကို ဘယ်လို ထိန်သိမ်းစောင့်ရှောက်ရမလဲဆိုတာကို သိထားတာ၊ စိတ်ကျန်းမာရေး အခြေအနေ ချို့ယွင်းမှုရှိနေတယ်ဆိုတာနဲ့ပတ်သက်လို့ သိရှိနိုင်မယ့် အခြေအနေတွေကို သိရှိထားတာ၊ စိတ်ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို သိရှိထားတာက ကိုယ်တိုင်အတွက်ရော ချစ်ခင်ရသူတွေကိုပါ အများကြီး အထောက်အကူ ပြုပေးနိုင်မှာပါ။

ကျန်းမာရေးဗဟုသုတ

စိတ်ကျန်းမာရေး

Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့်

လူဆိုတာ မိတ်ဆွေသူငယ်ချင်းတွေ မရှိဘဲ တစ်ယောက်တည်း နေလို့ မရပါဘူး။ ဒီလို မိတ်ဆွေ သူငယ်ချင်းတွေ ထားတဲ့အခါ ကိုယ့်အပေါ်မှာ သူတို့တွေကနေပေးတဲ့ Peer pressureတွေက မသိလိုက်ဘဲကို ရောက်လာတော့တာပါ။ မိတ်ဆွေသူငယ်ချင်း ဆိုတဲ့နေရာမှာလည်း ကောင်းတဲ့သူ ရှိသလို မကောင်းတဲ့သူတွေလည်း ရှိပါတယ်။ မိတ်ဆွေကောင်းတွေက ပေးတဲ့ Peer pressureတွေကကောင်းမွန်တဲ့ အခြေအနေတွေကို ဖန်တီးပေးတယ်ဆိုပေမယ့် ကိုယ့်အပေါ်မှာ သဘောထား မမှန်တဲ့ အပေါင်းအသင်းတွေကပေးတဲ့ Peer pressureတွေကတော့ စိတ်ကျန်းမာရေးကို ထိခိုက်စေပါသတဲ့။ ဒီတော့ Peer pressureတွေကစိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် အတူတူ ဆက်ကြည့်လိုက်ရအောင်လား။ Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် Peer pressureဆိုတာက စိတ်ပိုင်းဆိုင်ရာအပေါ် တော်တော်လေး အားပါပါ သက်ရောက်မှု ရှိပါတယ်။ မြင်သာအောင် ပြောပြရရင် ကိုယ်ပေါင်းတဲ့ […]

စိတ်ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

စိတ်ကျန်းမာရေး ကို ရှာဖွေမည်။

ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

သူငယ်ချင်း အဆင့်ကနေ ရှေ့ဘယ်လိုဆက်မလဲ

သင်ကြိတ်ခိုက်နေရတဲ့သူနဲ့သူငယ်ချင်းအဆင့်ကနေ ဘယ်လိုတက်မလဲ။ သူငယ်ချင်းဘဝကနေ ချစ်သူရည်းစားဘဝ၊ လက်တွဲဖော်အဆင့်ရောက်အောင် ဘယ်လိုအကွက်ရွှေ့ရမလဲ။"သူငယ်ချင်းလေးပါပဲ" ဆိုတဲ့ ဓါတ်ပြားဟောင်းကြီးကို ဘယ်လိုပိတ်ပစ်မလဲ။   သူငယ်ချင်းအဆင့်ဆိုတာ ဘာလဲ။ ကျွန်တော်တို့အားလုံးနီးနီး ဒီလိုအခြေအနေမျိုးနဲ့ ကြုံဖူးကြမှာပါ။ သူငယ်ချင်းအဆင့် (friend zone) ဆိုတဲ့ စာလုံးဟာ အင်တာနက်ပေါ်ကနေ စတင်ခေတ်စားလာတဲ့ စာလုံးဖြစ်ပြီး သူငယ်ချင်းနှစ်ယောက်မှာ တစ်ယောက်က ချစ်သူဘဝကို အဆင့်တက်ချင်ပြီး နောက်တယောက်က ဟင့်အင်းဆိုတဲ့ အခြေအနေမျိုးကိုဆိုလိုပါတယ်။ ဘယ်လောက်တောင် ဂွကျတဲ့အနေအထားမျိုးလဲဆိုတာ ပြောဖို့တောင်လိုမယ် မထင်ပါဘူး။ ဘယ်တတ်နိုင်ပါ့မလဲလေ၊ အချစ်ဆိုတာ လူသားတွေရှောင်လွှဲလို့မရနိုင်တဲ့ အရာပဲကိုး။ လူအများစုရဲ့ယူဆချက်အရတော့ Friend Zone ဆိုတာ တကျွန်းပို့ဒဏ်လိုပဲ ထွက်လမ်း၊ လွတ်လမ်းမရှိပါဘူးတဲ့။ ဒါဟာ လုံးဝကြီးတော့ မမှန်ပါဘူး။ ဒါပေမယ့် ဒီ Friend Zone ထဲက လွတ်မြောက်ဖို့မကြိုးစားခင် ဒါကြီးထဲကို ဘယ်လိုရောက်သွားတာလဲဆိုတာနဲ့ ဘာလို့များ ဒီလောက်ဆိုးရွားရတာလဲဆိုတာ အရင်ကြည့်ကြစို့ရဲ့။ သူငယ်ချင်းဘဝ […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

သူငယ်ချင်းဘဝကနေ အဆင့်တက်ဖို့ဆိုရင် ဘာတွေလိုမလဲ

သင့်အနေနဲ့လူတစ်ယောက်ကို သူငယ်ချင်းအနေနဲ့မဟုတ်ဘဲ ချစ်သူရည်းစားလက်တွဲဖော်အနေနဲ့ပဲ ချစ်ချင်တာမျိုး ဖြစ်ဖူးပါသလား။ အိုကေ ဟုတ်ပြီ။ ဘာမှစိတ်မပူနဲ့တော့။ သူငယ်ချင်းအဆင့်ကနေ ဘယ်လိုမျိုးရုန်းထွက်ရမယ်ဆိုတာကို ဒီဆောင်းပါးလေးမှာ သေချာပြောပြထားတာမို့ဖတ်ကြည့်လိုက်ပါဦး။ ဒါဟာ တကယ်ထိုက်တန်ရဲ့လားဆိုတာကို အရင်ဆုံးသေချာစဉ်းစားပါ။ တကယ်လို့သူငယ်ချင်းဘဝကနေ ချစ်သူဘဝကို အဆင့်ကျော်ချင်တာ မအောင်မမြင်များဖြစ်ခဲ့မယ်ဆိုရင် သင်ချစ်မြတ်နိုးရသူနဲ့သင့်အကြားကဆက်ဆံရေးဟာ အတိုင်းအတာတခုထိ ထိခိုက်သွားပါလိမ့်မယ်။ ကံဆိုးရင် လုံးဝအခေါ်အပြောမရှိတော့တာမျိုးအထိ ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ သူ့ကို တကယ်ဂရုစိုက်ပြီး သူပျော်ရွှင်ဖို့အမှန်လိုလားတယ်ဆိုရင် အဆင့်မတက်ခင် ထပ်ပြန်တလဲလဲ စဉ်းစားသုံးသပ်ဖို့လိုပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ တချိန်ချိန်ကျရင် သင့်အနေနဲ့ချစ်သူဘဝကို အဆင့်တက်ဖို့ကြိုးစားရင်း ဆိုးဆိုးရွားရွားရလာဒ်တွေ ဖြစ်လာစေမယ့်အစား ဒီတိုင်းလေး အဖြူရောင်သူငယ်ချင်းဆက်လုပ်နေတာ ပိုကောင်းမယ်လို့ယူဆလာနိုင်လို့ပါ။ သင့်အနေနဲ့အမျိုးမျိုးအဖုံဖုံတွေးပြီးပြီ။ ဖြစ်လာနိုင်တာတွေကို အဆိုးဖြစ်ဖြစ် အကောင်းဖြစ်ဖြစ် ရင်ဆိုင်မယ်လို့ဆုံးဖြတ်ပြီးပြီဆိုရင် အောက်ပါအချက်တွေကို အရင်စဉ်းစားပါ။ • သင်တို့နှစ်ယောက် အတူတူရှိခဲ့တဲ့အချိန်တွေအကြောင်းကို ပြန်စဉ်းစားပါ။ သူ့အနေနဲ့သင့်အပေါ်မှာ စိတ်ဝင်စား၊ စိတ်ကစားတဲ့ဟန်ပန်၊ ကြိတ်ခိုက်နေတဲ့အမူအရာမျိုးတွေ ရှိသလား၊ ပြသလားဆိုတာကို […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

သူငယ်ချင်းအသစ်ရအောင် ဘယ်လိုမိတ်ဖွဲ့မလဲ

အသက်၂၀ကျော်အရွယ်ဟာ မိတ်ဆွေအသစ်တွေရှာဖွေဖို့အကောင်းဆုံးအရွယ် ဖြစ်ပါတယ်။ ဒီအသက်အရွယ်အုပ်စုမှာရှိတဲ့ လူအားလုံးနီးနီးဟာ ဆိုရှယ်မီဒီယာတွေကို အသုံးပြုကြတဲ့အတွက် သူတို့ဘဝမှာနေ့စဉ်ဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကို လူရာပေါင်းများစွာ (ဒါမှမဟုတ် aထာင်ပေါင်းများစွာတောင် ဖြစ်နိုင်ပါတယ်)နဲ့မျှဝေလျက်ရှိပါတယ်။ တချိန်တည်းမှာပဲ သူတို့ဟာ ပိုပြီးအထီးကျန်ဆန်လျက်ရှိပြန်ပါတယ်။ စစ်တမ်းတွေအရ ကျွန်တော်တို့ဟာ ၁၉၈၀ပြည့်နှစ် ပတ်ဝန်းကျင်ကလူတွေထက် အပေါင်းအသင်းမိတ်ဆွေ ပိုနည်းလာတယ်လို့ဆိုပါတယ်။ facebook ၊ twitter တို့လို ဆိုရှယ်မီဒီယာတွေပေါ်ကတဆင့် သိရတဲ့အပေါင်းအသင်းတွေဟာလည်း တကယ့်အပြင်မှာပေါင်းသင်းဆက်ဆံရတဲ့ မိတ်ဆွေတွေလောက် အဆင်မပြေပါဘူး။ အသက်၂၀ကျော်၊ ၃၀ကျော်တွေဟာ သူငယ်ချင်းအသစ်နဲ့မိတ်ဖွဲ့ဖို့ ဘယ်လိုလုပ်ရမယ်ဆိုတာ မသိတော့ဘူး ဒါမှမဟုတ် အသက်ကြီးတဲ့သူတွေနဲ့ ပါင်းလို့သင်းလို့ အဆင်မပြေဘူးလို့ ငြီးတွားလေ့ရှိကြပါတယ်။   သူငယ်ချင်းဖြစ်လာနိုင်ချေရှိသူတွေကို ရှာဖွေပါ။ သင်နဲ့လက်ရှိအဆက်အသွယ်ပြုလုပ်လျက်ရှိတဲ့လူတွေထဲကနေ သူငယ်ချင်းအသစ်ရှာဖွေပါ။ နေရာအသစ်ကို အခုမှပြောင်းလာပြီး အနီးနားတဝိုက်မှာ ဘယ်သူ့ကိုမှမသိသေးဘူးဆိုရင်တော့ ဒီနည်းကိုသုံးလို့မရဖူးပေါ့။ ဒါပေမယ့် အများအားဖြင့် သင့်ပတ်ဝန်းကျင်မှာ သင်နဲ့မျက်မှန်းတန်းမိနေသူတွေ ရှိတတ်ကြပါတယ်။ သင့်အနေနဲ့အပြင်ထွက်လမ်းလျှောက်ပြီး တွေ့သမျှလူကို ရယ်ပြပြီး သူစိမ်းဆယ်ယောက်နဲ့တွေ့တိုင်း […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

ချစ်တင်းနှောခြင်းက သင့်စိတ်ကျန်းမာရေးကို ပိုကောင်းစေသလား

ချစ်တင်းနှောတာဟာ ခံစားလို့ကောင်းတဲ့အာရုံတစ်ခု ဖြစ်တယ်ဆိုတာ လူတိုင်းသိပါတယ်။ ဒါ့အပြင် ချစ်တင်းနှောခြင်းဟာ စိတ်ကျန်းမာရေးကိုပါ အများကြီးအထောက်အကူပြုနိုင်တယ်လို့ဆိုပါတယ်။ ဘာလို့လဲ။ သိချင်ရင် ဒီဆောင်းပါးလေးကို ဆက်ပြီးဖတ်ကြည့်လိုက်ပါဦး... မိမိကိုယ်ကို တန်ဖိုးထားတတ်စေမယ်။ မကြာခဏ ချစ်တင်းနှောလေ့ရှိတာဟာ လူတိုင်းအတွက် အင်မတန်အဖိုးတန်ပြီး အရေးပါလှတဲ့အချက်တွေဖြစ်တဲ့ မိမိကိုယ်ကိုယုံကြည်မှု၊ တန်ဖိုးထားမှုတို့ကို ပိုပြီးမြင့်တက်များပြားစေပါတယ်။ လုပ်ငန်းခွင်မှာ စွမ်းဆောင်ရည်ကောင်းဖို့၊ အရာရာကိုအကောင်းမြင်တတ်ဖို့နဲ့ စိတ်ဓာတ်တက်ကြွနေဖို့အတွက် မိမိကိုယ်ကို တန်ဖိုးထားယုံကြည်ဖို့လိုအပ်လှပါတယ်။ မကြာခဏ ချစ်တင်းနှောခြင်းအားဖြင့် စုံတွဲတွေကြားမှာ ချစ်ခင်မြတ်နိုးရင်းနှီးမှု ပိုလာစေပြီး စိတ်လုံခြုံမှုလည်း ပိုရှိလာစေပါတယ်။ ဒါတွေအားလုံးဟာ မိမိကိုယ်ကိုယုံကြည်မှု မြင့်တက်လာစေပါတယ်။ စိတ်ဖိအားတွေ လျော့ကျစေမယ်။ ချစ်တင်းနှောခြင်းကနေရရှိတဲ့ သာယာမှုဟာ ရုပ်ပိုင်းဆိုင်ရာသာယာမှုဆိုတာထက် ပိုပါတယ်။ စုံတွဲတစ်တွဲအနေနဲ့ ချစ်တင်းနှောခြင်းအမှုကို ပြုလုပ်နေပြီဆိုရင် သာယာခြင်းကိုခံစားနိုင်တဲ့ အာရုံကြောတွေကို နှိုးဆွလို့ပေးပါတယ်။ ဒါကြောင့် ချစ်တင်းမနှောခင်က ကြုံတွေ့ရင်ဆိုင်နေရတဲ့ စိတ်ရှုပ်စရာပြဿနာတစ်ခုကို ကိစ္စအပြီးမှာ တစ်ခါပြန်စဉ်းစားသုံးသပ်ရင် သိပ်ကြီးစိတ်ညစ်စရာမကောင်းတော့တာကို တွေ့ရပါလိမ့်မယ်။ ဒီစုံတွဲဟာ […]


စားသောက်မှုဆိုင်ရာ စိတ်ဝေဒနာများ

စိတ်ညစ်တဲ့အချိန်တွေမှာ အစားပိုစားတာကို ဘယ်လိုဖြေရှင်းရမလဲ

သင်စိတ်ညစ်နေတဲ့အချိန်မျိုးတွေမှာဆိုရင် ထမင်းစားလို့ဗိုက်ဝသွားတာတောင် အချိုပွဲလေးတော့ ဆက်ကြိတ်လိုက်ဦးမဟဲ့ဆိုပြီး ဖိုးစားချင်၊ မယ်စားချင် ဖြစ်နေရင် ဒီလိုအခြေအနေမျိုးကို စိတ်ခံစားချက်ကြောင့် အစာစားခြင်းလို့ခေါ်ပါတယ်။ စိတ်ညစ်လို့ ပိုစားတယ်ပဲဆိုပါတော့။ ဒီလိုစားတာဟာ တကယ်ဗိုက်ဆာလို့မဟုတ်ဘဲ စိတ်သက်သာရာရအောင်၊ စိတ်ဖိအားတွေလျော့နည်းသွားအောင် ဒါမှမဟုတ် စိတ်အပြောင်းအလဲဖြစ်အောင် အစာစားတာမျိုးကို ဆိုလိုပါသတဲ့။ ဒီအခြေအနေနဲ့ရင်ဆိုင်နေရသူတွေဟာ အစာစားချင်စိတ်ပေါ်လာပြီဆိုရင် ဘယ်လိုမှစိတ်ထိန်းလို့မရပါဘူး။ စားပစ်လိုက်ရမှကို နေသာသွားတာပါ။ အဲဒီလိုအချိန်မှာ သူတို့အတွေးထဲမယ် တစ်ခုပဲရှိပါတယ်။ အဲဒါ ဘာလဲဆိုတော့ အစားအသောက်ပါ။ အစာလေးဝင်သွားရင် ခဏတဖြုတ်လောက်တော့ နေသာထိုင်သာရှိကောင်းရှိမှာပါ။ ဒါပေမယ့် စိတ်ကြောင့်ဆာတာကို အစားအသောက်နဲ့ ဖြည့်လို့မရနိုင်ပါဘူး။ ကယ်လိုရီတွေ တက်လာတဲ့အတွက် မစားခင်ကထက်တောင် နေရတာပိုဆိုးကောင်းဆိုးသွားနိုင်ပါသေးတယ်။ အကျိုးဆက်အနေနဲ့ သင်ဟာ စိတ်ဖိစီးမှုတွေကိုရင်ဆိုင်ဖို့တခြားသောအကျိုးရှိပြီး ပိုကောင်းတဲ့နည်းလမ်းတွေကို မလေ့လာတော့ဘဲ အစားပဲလှိမ့်စားနေတဲ့အတွက် ပိုပိုလည်းဝလာမှာဖြစ်ကာ နောက်ဆုံးတော့စိတ်ညစ်တာလည်းမပျောက်တဲ့အပြင် ဝလာတာပဲအဖတ်တင်လာမှာ ဖြစ်ပါတယ်။ ဝလာတော့ ပိုပြီးစိတ်ညစ်ပြန်ရော။ ဒီလိုနဲ့ပဲ သံသရာလည်သွားပါလိမ့်မယ်။ ဒီလိုအခြေအနေတွေကနေ […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

စိတ်ဖိစီးတတ်တဲ့အလေ့အကျင့်ပျောက်အောင် ကျေးဇူးတင်စကားဆိုပါ

စိတ်ဖိစီးမှုဆိုတာက ဘဝရဲ့သာမန်အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ လူသားတိုင်းဘဝမှာ တစ်ခါတော့စိတ်ဖိစီးမှုကို ကြုံဖူး ကြမှာဖြစ်ပါတယ်။ စိတ်ဖိစီးမှုကို မရှောင်ရှားနိုင်တဲ့အတွက် ကျေးဇူးတင်စကားဆိုတတ်တဲ့ အလေ့အထကို သင်ယူဲပြီး စိတ်ဖိစီးမှုတွေကို ဖြေရှင်းကြရအောင်။ ကျေးဇူးတင်စကားဆိုတယ်ဆိုတာက ဘဝမှာတွေ့ကြုံလာရတဲ့ ကျေးဇူးတင်စရာကောင်းတဲ့အရာတွေကို ဘယ်လောက်ပဲသေးငယ်သည်ဖြစ်စေ ကျေးဇူးတင်တတ်တာကို ဆိုလိုတာဖြစ်ပါတယ်။ ကျေးဇူးတင်တတ်တဲ့ အလေ့အထကို မွေးမြူတာက အပျက်သဘောဆောင်တဲ့ ခံစားချက်တွေကို မေ့ဖျောက်စေခြင်းဖြင့်စိတ်ဖိစီးမှုကိုဖြေရှင်းပြီး စိတ်ဖိစီးမှု ကနေသက်သာရာရစေကာ ဘဝအရည်အသွေးကို တိုးတက်ကောင်းမွန်စေပါတယ်။ သိပ္ပံပညာရပ်မှာ အလေ့အထတစ်ခုကို ၂၁ ရက်ကြာလုပ်ပေးရုံနဲ့ အကျင့်တစ်ရပ်လိုဖြစ်လာမယ်လို့ဆိုပါတယ်။ ကျေးဇူးတင်တတ်တဲ့ အလေ့အထကို လူတိုင်းမွေးကတည်းက ပါမလာကြပါဘူး။ ဒါပေမယ့် ကိုယ်ပိုင်အလေ့အကျင့်လို့ဖြစ်အောင် လုပ်ယူလို့ရပါတယ်။ ဘဝအခက်အခဲတွေနဲ့ စိတ်ဖိစီးမှုတွေကို တိုက်ထုတ်ရာမှာလိုအပ်တဲ့ ကျေးဇူးတင်တတ်တဲ့ အလေ့အကျင့်လေး မွေးမြူဖို့ လေ့ကျင့်ဖို့နည်းလမ်းလေးတွေ ပါးပါရစေ။ ၁။ စာရင်းလုပ်ပါ ညအိပ်ရာမဝင်ခင်တိုင်း စာရွက်တစ်ရွက်ပေါ်မှာ ဘောလ်ပင်နဲ့ တစ်နေ့တာအဖြစ်အပျက်တွေကို တွေးတောရေးချပါ။ အဲဒီအချက်တွေထဲက ၃ […]


စွဲလမ်းမှုပြဿနာများ

Alcohol Addiction (အရက်စွဲခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Alcohol Addiction (အရက်စွဲခြင်း) ကဘာလဲ။ အရက်စွဲခြင်းဆိုသည်မှာ အရက်ကို ရေရှည် သောက်သုံးရာမှဖြစ်ပွားလာတဲ့ ရှုပ်ထွေးတဲ့ ရောဂါစုဆိုလည်းမမှားပါဘူး။ ချက်ချင်း ရပ်လိုက်မယ်ဆိုရင်တောင် အရက်စွဲနေတဲ့လူနာကို မသက်မသာခံစားရစေပါတယ်။ အရက်စွဲတယ်ဆိုတာ စိတ်ကြောင့်စွဲတာနဲ့ ခန္ဓါကိုယ်က စွဲနေတာဆိုပြီးရှိပါတယ်။ ဒါကြောင့် အရက်စွဲသူတွေဟာ အရက်က သူတို့ရဲ့ ခန္ဓါကိုယ်နဲ့ စိတ်ကိုပျက်စီးစေရင်တောင်မှ မရပ်တန့်နိုင်ဘဲ ဆက်သောက်နေကြတာပါ။ လက္ခဏာများAlcohol Addiction (အရက်စွဲခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အရက်စွဲသူတွေဟာ ရုပ်ပိုင်း၊ စိတ်ပိုင်း နဲ့ အပြုအမှုပိုင်းဆိုင်ရာ လက္ခဏာတွေရှိကြပါတယ်။ အရက်စွဲနေသူတွေကတော့ ဒီလက္ခဏာတွေ မခံစားရဘူးလို့ ငြင်းကောင်းငြင်းကြပါလိမ့်မယ်။ အပြုအမူပိုင်းဆိုင်ရာလက္ခဏာများ ဒီအရာတွေကတော့ သင့်သောက်သုံးမှုကို မထိန်းချုပ်နိုင်ခြင်း၊ မေ့တတ်ခြင်း၊ သင်နဲ့အခြားသူတွေကို ရန်လိုခြင်း တိြု့ဖစ်ပါတယ်။ အရက်စွဲသူဟာ သူတို့မူးနေချိန်မှာ ဘာမှမမှတ်မိတတ်ကြပါဘူး။ ရုပ်ပိုင်းဆိုင်ရာလက္ခဏာများ ဒီအပိုင်းကတော့ ရေရှည်သောက်သုံးမှုနဲ့ ဆက်စပ်ပါတယ်။ လက်တုန်ခြင်း၊ ခေါင်းမူးခြင်း၊ ဗိုက်နာခြင်း၊ ဝမ်းလျောခြင်း၊ ချွေးထွက်ခြင်း၊ […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

Bipolar Disorder (စိတ်အတက်အကျမြန် စိတ်ဝေဒနာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Bipolar Disorder (စိတ်အတက်အကျမြန် စိတ်ဝေဒနာ) ကဘာလဲ။ Bipolar disorder ဆိုတာ စိတ်အတက်အကျ အရမ်းမြန်စေတဲ့ ပြင်းထန်ဆိုးရွားသော စိတ်ရောဂါတစ်ခု ဖြစ်ပါတယ်။ ဝေဒနာရှင်တွေ အနေနဲ့ အရမ်း ပျော်ရွှင်တက်ကြွနေရာကနေ ရုတ်တရက်ကြီး အလွန်အမင်း ဝမ်းနည်းသွားတာမျိုး ဖြစ်သွားလေ့ရှိပါလိမ့်မယ်။ ကြားထဲမှာတော့ ရံဖန်ရံခါ ဆိုသလို ပုံမှန်စိတ်အခြေအနေလည်း ရှိနေနိုင်ပါတယ်။ သင် စိတ်ဓါတ်ကျနေချိန်တွေမှာဆိုရင် အရာအားလုံးဟာ စိတ်ညစ်စရာ၊ မျှော်လင့်ချက်ကင်းမဲ့စရာ ဖြစ်နေမှာ ဖြစ်ပြီး နေ့စဉ် လုပ်ငန်းဆောင်တာတွေမှာလည်း စိတ်ပါဝင်စားခြင်း မရှိတော့ပါဘူး။ ဒါပေမယ့် စိတ်တက်ကြွချိန်ဆိုရင်လည်း သင်ဟာ အားအင်တွေပြည့်ဝပြီး စိတ်လှုပ်ရှားမှု အပြည့်နဲ့ ရှိနေတတ်ပါတယ်။ ဒီလို စိတ်အတက်အကျ မြန်တာဟာ တစ်နှစ်မှာ အကြိမ်ရေ အနည်းငယ်ဖြစ်ပေါ်နိုင်ပြီး ပိုဆိုးရွားတဲ့ အခြေအနေတွေမှာတော့ တစ်ပတ်အတွင်းမှာပဲ အကြိမ်ရေ အနည်းငယ် ဖြစ်ပေါ်လာနိုင်တာဖြစ်ပါတယ်။ ဒီရောဂါဟာ လူမှုဆက်ဆံရေး၊ အလုပ်အကိုင်၊ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

Psychosis (စိတ်ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Psychosis (စိတ်ရောဂါ) ကဘာလဲ။ စိတ်ရောဂါဆိုသည်မှာ ထင်ယောင်ထင်မှားဖြစ်ခြင်း သို့ မဟုတ် သွေးလေချောက်ချားခြင်းတို့ဖြစ်သော ပုံမှန်မဟုတ် သည့် စိတ်ကျန်းမာရေး အခြေအနေတစ်ခုကို ခေါ်ပါသည်။ ထင်ယောင်ထင်မှားဖြစ်ခြင်းသည် လွဲမှားစွာ ယုံကြည်ခြင်းဖြစ် ပြီး သွေးလေချောက်ချားခြင်းသည် တကယ်မရှိသော အရာ များကို မြင်ရကြားရခြင်းဖြစ်သည်။ Psychosis (စိတ်ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ။ စိတ်ရောဂါသည် စိတ်ကစဉ့်ကလျားဖြစ်ခြင်း၊ စိတ်ဓါတ် ကျခြင်း၊ စိတ်ကစဉ့်ကလျားဖြစ်မှုကို သက်ရောက်သော ရော ဂါများ၊ စိတ်နှစ်ခွဖြစ်သော ရောဂါများစသော စိတ်မကျန်းမာ မှုများ၏ အဓိကလက္ခဏာ ဖြစ်သည်။ ထို့ကြောင့် စိတ်ရောဂါ သည် အောက်ပါသူတို့တွင် အဖြစ်များပါသည်။ • စိတ်ကစဉ့်ကလျား ရောဂါရှိသူများ • စိတ်နှစ်ခွရောဂါ ( စိတ်တက်ကြွလိုက် စိတ်ဓါတ်ကျ လိုက်) သို့မဟုတ် အလွန်အမင်း စိတ်ဓါတ်ကျမှု ရှိသူများ • စရိုက်လက္ခဏာနှင့် […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

စိတ်ကျရောဂါသောက်ဆေးတွေနဲ့ အော်တစ်ဇင် ဆက်စပ်သလား။

လတ်တလော လေ့လာတွေ့ရှိချက်တခုအရ စိတ်ကျရောဂါသောက်ဆေးတွေကို သုံးစွဲနေတဲ့ ကိုယ်ဝန်ဆောင်တွေ(အထူးသဖြင့် ကိုယ်ဝန် သုံးလနောက်ပိုင်းမှာ)က မွေးဖွားလာတဲ့ ကလေးတွေဟာ အော်တစ်ဇင် ဝေဒနာကို ခံစားရနိုင်ချေ ပိုများတယ်လို့ ဆိုပါတယ်။ အော်တစ်ဇင်ဆိုတာဘာလဲ။ အော်တစ်ဇင်(Autism Spectrum Disorder လို့လည်း ခေါ်ကြတယ်)ဆိုတာ ပြင်းထန်ဆိုးရွားတဲ့ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ရောဂါတမျိုးဖြစ်ပါတယ်။ ဒီရောဂါဟာ ဝေဒနာရှင် ကလေးရဲ့ တခြားလူတွေနဲ့ ပြောဆိုပေါင်းသင်းဆက်ဆံနိုင်စွမ်းကို အဓိက ထိခိုက်စေပါတယ်။ အရာတခုခု ဒါမှမဟုတ် စိတ်ဝင်စားရာ တခုခုကို တချိန်လုံး ထပ်ခါတလဲလဲ လုပ်နေတတ်တဲ့ အမူအကျင့်ဟာလည်း ဒီရောဂါရဲ့ လက္ခဏာတခုပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီရောဂါဟာ ပေါင်းသင်းဆက်ဆံရေး၊ပညာရေး နဲ့ နေ့စဉ်နေထိုင်သွားလာမှုတွေကို ဆိုးဆိုးရွားရွားကို ထိခိုက်စေတာပါ။ အော်တစ်ဇင်ရဲ့ လက္ခဏာတွေက ဘာတွေလဲ။ အော်တစ်ဇင် ကလေးတွေဟာ သူတို့နာမည်ကိုခေါ်တဲ့အခါ ပြန်ပြီးမတုန့်ပြန်နိုင်သလို တခါတလေမှာလည်း ကြားတောင်ကြားပုံမပေါ်ပါဖူး။ ပွေ့ဖက်နမ်းရှုံ့တာ၊ဖက်လဲတကင်းနေတာတွေကို […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း