စိတ်ကျန်းမာရေး

လူတစ်ယောက် ကျန်းမာဖို့ဆိုတဲ့နေရာမှာ စိတ်ကျန်းမာရေးဟာလည်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုပဲ အရေးပါပါတယ်။ စိတ်ကျန်းမာရေးပြဿနာတွေက တစ်ခါတလေမှာ သတိမထားမိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ စိတ်ကျန်းမာရေးကို ဘယ်လို ထိန်သိမ်းစောင့်ရှောက်ရမလဲဆိုတာကို သိထားတာ၊ စိတ်ကျန်းမာရေး အခြေအနေ ချို့ယွင်းမှုရှိနေတယ်ဆိုတာနဲ့ပတ်သက်လို့ သိရှိနိုင်မယ့် အခြေအနေတွေကို သိရှိထားတာ၊ စိတ်ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို သိရှိထားတာက ကိုယ်တိုင်အတွက်ရော ချစ်ခင်ရသူတွေကိုပါ အများကြီး အထောက်အကူ ပြုပေးနိုင်မှာပါ။

ကျန်းမာရေးဗဟုသုတ

စိတ်ကျန်းမာရေး

Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့်

လူဆိုတာ မိတ်ဆွေသူငယ်ချင်းတွေ မရှိဘဲ တစ်ယောက်တည်း နေလို့ မရပါဘူး။ ဒီလို မိတ်ဆွေ သူငယ်ချင်းတွေ ထားတဲ့အခါ ကိုယ့်အပေါ်မှာ သူတို့တွေကနေပေးတဲ့ Peer pressureတွေက မသိလိုက်ဘဲကို ရောက်လာတော့တာပါ။ မိတ်ဆွေသူငယ်ချင်း ဆိုတဲ့နေရာမှာလည်း ကောင်းတဲ့သူ ရှိသလို မကောင်းတဲ့သူတွေလည်း ရှိပါတယ်။ မိတ်ဆွေကောင်းတွေက ပေးတဲ့ Peer pressureတွေကကောင်းမွန်တဲ့ အခြေအနေတွေကို ဖန်တီးပေးတယ်ဆိုပေမယ့် ကိုယ့်အပေါ်မှာ သဘောထား မမှန်တဲ့ အပေါင်းအသင်းတွေကပေးတဲ့ Peer pressureတွေကတော့ စိတ်ကျန်းမာရေးကို ထိခိုက်စေပါသတဲ့။ ဒီတော့ Peer pressureတွေကစိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် အတူတူ ဆက်ကြည့်လိုက်ရအောင်လား။ Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် Peer pressureဆိုတာက စိတ်ပိုင်းဆိုင်ရာအပေါ် တော်တော်လေး အားပါပါ သက်ရောက်မှု ရှိပါတယ်။ မြင်သာအောင် ပြောပြရရင် ကိုယ်ပေါင်းတဲ့ […]

စိတ်ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

စိတ်ကျန်းမာရေး ကို ရှာဖွေမည်။

စွဲလမ်းမှုပြဿနာများ

Addiction And Substance Abuse, Teen (စွဲလန်းခြင်းနှင့် လွဲမှားစွာအသုံးပြုခြင်း၊ ဆယ်ကျော်သက် လူငယ်များ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Addiction And Substance Abuse, Teen (စွဲလန်းခြင်းနှင့် လွဲမှားစွာအသုံးပြုခြင်း၊ ဆယ်ကျော်သက် လူငယ်များ) ကဘာလဲ။ ဘဝတွင် လူများစွာသည် စွဲလန်းခြင်းပုံစံများစွာကို ရင်ဆိုင်နေကြသည်။ စွဲလန်းခြင်းသည် မည်သည့်အရွယ်၊ မည်သည့်လိင်နှင့် မည်သည့်ဘဝအခြေအနေတွင်မဆို ဖြစ်နိုင်သည်။ သို့သော် များသောအားဖြင့် ဆယ်ကျော်သက် လူငယ်ဘဝတွင် စတင်ပါသည်။ အဖြစ်အများဆုံး စွဲလမ်းခြင်းဖြစ်သော ဆေးစွဲခြင်းအပြင် အရက်နှင့် ဆေးရွက် စသော ပစ္စည်းများစွဲခြင်းသည် ဆယ်ကျော် သက်များ ဘဝကို အန္တရာယ် ဖြစ်စေပါသည်။   စွဲလန်းခြင်း၏ဆိုးကျိုးစွဲလန်းခြင်းနှင့် ၎င်း၏ဆိုးကျိုးတွေကဘာလဲ။ စွဲလန်းခြင်းဆိုသည်မှာ လူတစ်ယောက်သည် ပစ္စည်း၏ ဆိုးကျိုးများကို သိလျက်နှင့် ထိုပစ္စည်းများကို စွဲလန်းသော အခြေအနေတစ်ခု ဖြစ်သည်။ အရက်သည် ဆယ်ကျော် သက်လူငယ်များ အများဆုံးစွဲလန်းသော ပစ္စည်းဖြစ်သည်။ ထို့နောက်တွင် ဆေးခြောက်၊ ဆေးပြင်းလိပ်တို့ ရှိသည်။ ၎င်းတို့သည် တူညီသော […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

Personality Disorders (ကိုယ်ရည်ကိုယ်သွေး ကမောက်ကမရောဂါများ )

အဓိပ္ပါယ်ဖွင့်ဆိုချက်Personality Disorders (ကိုယ်ရည်ကိုယ်သွေး ကမောက်ကမရောဂါများ ) ကဘာလဲ။ ကိုယ်ရည်ကိုယ်သွေး ကမောက်ကမရောဂါများသည် သင်တွေးပုံ လုပ်ကိုင်ပုံများအား ထိခိုက်သော ရောဂါများကို ဆိုလိုပါသည်။ ကိုယ်ရည်ကိုယ်သွေးဆိုသည်မှ လူတစ်ဦး၏ သိသာထင်ရှားသော စရိုက်၊ အမူအကျင့်ပုံစံနှင့် တစ်ဦးစီ၏ကိုယ်ပိုင်စရိုက်လက္ခဏာများကို ဖန်တီးပေးသော ပုံစံများကို ဆိုလို၏။ ၎င်းသည် ကျွန်တော်တို့၏ လောကအပေါ် လက်ခံလေ့လာပုံ၊ ကျွန်တော်တို့၏ စိတ်ထား၊ အတွေးနှင့် ခံစားမှုများအပေါ် ထိခိုက်စေခြင်းဖြစ်သည်။ ကိုယ်ရည်ကိုယ်သွေး ကမောက်ကမရောဂါများသည် မိသားစု၊ သူငယ်ချင်းများနှင့်တောင်မှ လူမှုဆက်ဆံရေး ခက်ခဲစေနိုင်သည်။ ထိုသူများတွင် ဘယ်လိုအပြုအမူက ပုံမှန်၊ ဘယ်လိုက မူမမှန်ဆိုသည်ကိုလည်း ခွဲခြားရခက်၏။ ကိုယ်ရည်ကိုယ်သွေး ကမောက်ကမရောဂါများကို အုပ်စုခွဲများအဖြစ်ခွဲနိုင်ပြီး အမူအကျင့်တူရာများကို စုထားခြင်းဖြစ်သည်။ အဖွဲ့အေ – စိတ်ကစဉ့်ကလျားနှင့်တူသော၊ သံသယလွန်ကဲသော၊ စိတ်ကစဉ့်ကလျား ကိုယ်ရည်ကိုယ်သွေးကမောက်ကမရောဂါများ အဖွဲ့ဘီ – လူမှုရေးခေါင်းပါးသော၊ မရေမရာသော၊ အတ္တပေမ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

ကာတွန်းကား ကြိုက်တာ ဘယ်လိုကောင်းကျိုးတွေရစေနိုင်သလဲ

တစ်နေ့တာလှုပ်ရှားမှုအတွင်း လူတိုင်းမှာပင်ပန်းစိတ်ညစ်စရာတွေကတော့ ရှိကြမယ်ထင်ပါတယ်။ ဒီလိုကြုံတွေ့ရတဲ့ စိတ်ညစ်စရာတွေကိုဖြေဖျောက်ကြပုံကတော့ တစ်ယောက်တစ်မျိုးစီ မတူကြလောက်ပါဘူး။ အချို့က စိတ်ညစ်စရာကို တရားနဲ့ဖြေတယ်၊ အချို့ကတော့ စိတ်ညစ်စရာကို စားစရာနဲ့ဖြေတယ်။ တချို့က ကာတွန်းကား ကြည့်ကြတယ်။ တချို့က သောက်စရာနဲ့ဖြေကြသူတွေလည်းရှိရင်ရှိကြမှာပါ။ ဒီတစ်ခေါက် စိတ်ညစ်စရာကြုံတဲ့အခါဖြေဖျောက်လို့ရတဲ့ နည်းလေးတစ်ခုပြောပြပေးပါရစေ။ အကုန်အကျမများသလို ကျန်းမာရေးကိုလည်း ထိခိုက်မှုမရှိစေမယ့် နည်းလေးပါ။   ကာတွန်းကား ကြည့်မယ် လူတိုင်းက ငယ်ရာကကြီးလာတာဆိုတော့ ကာတွန်းကားကိုမကြည့်ဖူးတဲ့သူမရှိလောက်ဘူးထင်ပါတယ်။ ကိုယ်အသည်းစွဲကြိုက်ခဲ့ရတဲ့ကာတွန်းဇာတ်ကောင်တောင်ရှိရင်ရှိနေကြမှာပါ။ ကာတွန်းကားကြည့်တာက စိတ်ညစ်စရာကိုဘယ်လိုသက်သာစေလဲဆိုတာကိုပြောပြမယ်နော်။ ကာတွန်းကားတော်တော်များများကပျော်စရာလေးတွေနဲ့အဆုံးသတ်တာများတော့ စိတ်ထဲကြည်နူးမိစေပါတယ်။ပျော်စရာ၊ရယ်စရာလေးတွေပါတဲ့ကာတွန်းကားလေးတွေဆိုရင် ရယ်မောချင်လာအောင်စွဲဆောင်နိုင်တာကြောင့် စိတ်ပျော်ရွှင်တာမျိုးဖြစ်သွားစေပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့ ကာတွန်းမျိုးဆိုရင်တော့ ကိုယ်တိုင်စီးမျောခံစားရင်း စိတ်ညစ်စရာကို ခဏလောက်တော့မေ့သွားစေမှာပါ။ ကာတွန်းကားကြည့်ရင်အနည်းဆုံးတော့ပျော်ရွှင်သလိုခံစားရစေတာအမှန်ပါပဲ။လေ့လာမှုတစ်ခုအရ စိတ်ဓါတ်ကျနေတဲ့အခါ ကာတွန်းကားကြည့်လိုက်ရင် အတွေးအမြင်အသစ်တွေရရှိစေတယ်လို့ သိရပါတယ်။ ဒါတွေတင်ပဲလားဆိုတော့မဟုတ်ပါဘူး။ ကတွန်းကားကြည့်တာက အခုလိုအကျိုးကျေးဇူးတွေရရှိနိုင်ပါသေးတယ်။ သင်ခန်းစာ ရစေနိုင်တယ် ကာတွန်းကားတွေကို ကြည့်ရင်းစေတနာကောင်းတဲ့သူက အစပိုင်းမှာဘယ်လောက်ပဲ အခက်အခဲတွေတွေ့တွေ့ သူရဲ့စိတ်ထားကောင်းတာကြောင့်နောက်ဆုံးမှာ ကံကောင်းတာတွေရတယ်ဆိုတာသိမြင်စေနိုင်ပါတယ်။ ဥပမာပြောပြရရင် - Cindrella story […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

လူမှုကွန်ရက်ကို အန္တရာယ်ကင်းကင်းနဲ့ အကျိုးရှိအောင် အသုံးပြုကြမယ်

အခုတလော ဆိုရှယ်မီဒီယာကြောင့်ဖြစ်ရတဲ့ပြဿနာတွေအတော်များနေပါတယ်။ ဖရဲသီးသည်လေးကိုယ့်ဘာသာ သတ်သေတယ်။ နာမည်ကြီး ဆယ်လီတွေ ပြဿနာတွေဖြစ်နေတယ်။ ဒါတွေက လူသိများတဲ့ပြဿနာတွေပေါ့။ လူသိပ်သိမများပေမယ့် ဆိုရှယ်မီဒီယာကြောင့် အရှက်တွေကွဲ၊ အလုပ်တွေပျက်၊ ပုံစံမျိုးစုံနဲ့ ပြဿနာတက်နေတာတွေလည်းအများကြီးပါ။ နည်းပညာကတော့ တားဆီးလို့မရနိုင်ဘူး။ မြန်မာနိုင်ငံမှာ ဆိုရှယ်မီဒီယာတွေ တအားကို ခေတ်စားလာတာကလည်း မျက်မြင်ကိုယ်တွေ့ပဲလေ။ ဒီတော့ ဆိုရှယ်မီဒီယာကို ဘယ်လိုအသုံးပြုရင် ဘေးကင်းမလဲ၊ ဘယ်လိုအကျိုးရှိအောင် အသုံးပြုမလဲဆိုတာလေး အကြံပေးပါရစေ။ ဆိုရှယ်မီဒီယာသုံးရတာ အဆိုးချည်းပဲတော့မဟုတ်ပါဘူး။ ကောင်းကျိုးတွေအများကြီးပါ။ ၁။ သိချင်တာတွေကိုမြန်မြန်ဆန်ဆန်နဲ့သိရှိလာနိုင်တယ် သိချင်တဲ့ဘယ်အရာမဆို ချက်ခြင်းသိနိုင်ပါပြီ။ ကမ္ဘာရဲ့အနောက်ဘက်ခြမ်းမှာဖြစ်နေတာကို ထိုင်ရာမထ အရှေ့ဘက်ကလူတွေ သိနေနိုင်ပြီ။ နေရာတစ်ခုခုကိုရှာမလား၊ ဗဟုသုတဖြစ်စရာတစ်ခုခုကိုကြည့်မလား၊ စီးပွားရေးဈေးကွက်အနေအထားနဲ့ ပညာတစ်ခုခုကိုသင်မလား။ ဘာမဆိုရနိုင်နေပြီ။ ၂။ စိတ်ဓါတ်ကျတာတွေကိုကျော်လွှားဖို့ စိတ်ခွန်အားကိုရရှိစေနိုင်ပါတယ် စိတ်ညစ်နေတဲ့အချိန်ဖေ့ဘုတ်ခ်သုံးတဲ့အခါ စိတ်ခွန်အားဖြစ်စေနိုင်တဲ့ စာသားလေးကိုတွေ့မိတာကနေပဲဖြစ်ဖြစ် ဒါမှမဟုတ် သူငယ်ချင်းတစ်ယောက်ယောက်က အားပေးနှစ်သိမ့်တာ၊ ချီးကျူးတာကို ခံလိုက်ရတဲ့အခါမှာ စိတ်ဓါတ်ကျနေတာက နည်းနည်းလောက်ဖြစ်ဖြစ် သက်သာရသွားနိုင်ပါတယ်။ တစ်ခါတလေမှာဖေ့ဘုတ်ခ်သုံးတာက […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

မိသားစုကိုအချိန်ပိုပေးနိုင်မယ့် နည်းလမ်း ၉ ခု

မိသားစုတွေမှာ ကလေးတွေကကျောင်းတက်၊ ကျူရှင်တက်၊ သင်တန်းတက်ရ၊ လူကြီးတွေက အလုပ်ကိုယ်စီသွားရတဲ့အခါတွေ့ဆုံချိန်ကနည်းလာပါတယ်။ ဒီကြားထဲ အိမ်မှာရှိတဲ့အချိန်လေး နားချိန်မှာ တီဗီ၊ ဖုန်း၊ ကွန်ပျူတာ၊ ဂိမ်း စတဲ့ အိုင်တီအသုံးအဆောင်တွေကို အချိန်ပေးလာကြတာကြောင့် မျက်နှာစုံညီထမင်းစားဖို့တောင်ခက်တဲ့ မိသားစုတွေရှိလာပါတယ်။ နောက်ဆုံးတော့ တဖြည်းဖြည်းနဲ့ မိသားစုကြားမှာ ဂရုစိုက်မှုတွေ၊ ချစ်ခင်မှုတွေလျော့သလိုဖြစ်လာရပြီး ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာခံစားချက်တွေ၊ ဖွံ့ဖြိုးမှုတွေမှာ ထိခိုက်လာစေပြီး မိသားစုသာယာမှုကိုလည်း ထိခိုက်စေပါတယ်။ ဒါ့ကြောင့် သာယာတဲ့မိသားစုတွေဖြစ်လာစေဖို့နွေးထွေးတဲ့ဆက်ဆံရေးရှိဖို့လိုပါတယ်။ မိသားစုအတွက် အချိန်ပိုပေးနိုင်ဖို့ ဂရုစိုက်ထိန်းညှိသင့်ပါတယ်ဆိုတာ ဒီ ၉ ချက်ကို လေ့လာပြီး ပြန်စဉ်းစားကြည့်ပါ။ (၁) အစီအစဉ်ဆွဲပါ ရေခဲသေတ္တာနားမှာ ဒါမှမဟုတ် မိသားစုဝင်အကုန်လုံးမြင်နိုင်တဲ့တစ်နေရာရာမှာပြက္ခဒိန်ကပ်ထားပေးပြီးနောက်တစ်ပတ်အတွက် ဘာအစီအစဉ်ရှိသလဲ ကြည့်ပါ။ ဗျာများနေရတဲ့ရက်တွေနဲ့ အလုပ်သိပ်မများတဲ့ ရက်တွေကို အချိန်ညှိပြီး သိပ်အရေးမကြီးတဲ့ကိစ္စတွေကိုနောက်ရွှေ့သင့်ရွှေ့ပါ။ အများစုက အိမ်မှာ ပစ္စည်းပစ္စယတွေများပြီး မလိုအပ်ဘဲနေရာကျဉ်းနေတတ်ပါတယ်။ ကိုယ်အသုံးမလိုတဲ့ အဝတ်အစားတွေ၊ ကလေးကစားစရာတွေ၊နဲ့တခြားပစ္စည်းအသုံးအဆောင်တွေကို […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

ယောဂက စိတ်ကျန်းမာရေးကို ဘယ်လို အကျိုးသက်ရောက်စေသလဲ

ယောဂလို့ဆိုလိုက်ရင်ပဲ လူတွေဟာ ခန္ဓါကိုယ်ရဲ့ ကြွက်သားတွေ တိုးလာတာတို့ ပျော့ပျောင်းလာတာတို့ စတဲ့ မျက်စိနဲ့မြင်ရတဲ့ အကျိုးတွေကိုသာ ပြေးမြင်ကြတာပါ။ ဒါပေမဲ့ ဒါတွေဟာ ယောဂကပေးစွမ်းနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ ကောင်းကျိုးတွေအကြောင်း ဆွေးနွေးဖို့ မလုံလောက်သေးပါဘူး။ ဒီလိုကောင်းကျိုးတွေလည်း အများကြီးရှိနေပါသေးတယ်။ ယောဂက သင့်ရဲ့ စိတ်ကျန်းမာရေးအတွက် ပေးစွမ်းနိုင်တဲ့ ကောင်းကျိုးတွေ၊ ပျော်ရွှင်မှုတွေနဲ့ သင့်ရဲ့ ဆက်ဆံရေး တွေကို တိုးလာစေတဲ့ အချို့သော ကောင်းကျိုးတွေကို ဖော်ပြပေးလိုက်ပါတယ်။   ယောဂဟာ စိုးရိမ်ပူပန်ခြင်း၊ ဒေါသနဲ့ စိတ်ဓါတ်ကျဆင်းခြင်းတွေကို လျော့ပါးစေပါတယ်။ ယောဂဟာ စိုးရိမ်မှုတွေကို လျော့ကျစေပြီး စိတ်အေးချမ်းသာစေပါတယ်။ အသက်ပြင်းပြင်းရှူလိုက်တာနဲ့ပဲ သင့်ရဲ့ အာရုံကြောစနစ်က ချောမွေ့သွားပါတယ်။ ယောဂနဲပပေါင်းလိုက်ရင်တော့ သင်ခံစားနေရတဲ့ ကျန်းမာရေးအတွက်မကောင်းတဲ့ ခံစားချက်တွေကို ဖယ်ထုတ်လိုက်နိုင်မှာပါ။ ဖိအားတွေကို လျှော့ချလိုက်ခြင်းအားဖြင့် ယောဂီတွေရဲ့ အနေအထားနဲ့ အသက်ရှူလေ့ကျင့်ခန်းတွေဟာ ဒီလို အနုတ်လက္ခဏာဆောင်တဲ့ ကိစ္စတွေကို ဖယ်ရှားပစ်နိုင်ပါတယ်။ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

အကောင်းမြင်စိတ်စွမ်းအား

အကောင်းမြင်တတ်ဖို့က ခက်ခဲလှပါတယ်။ သင်ကျန်းမာနေစဉ်မှာ စီးပွားရေး၊ လူမှုရေး၊ မိသားစုအရေး ကိစ္စများတွင် စိတ်ဖိစီးမှုများစွာကြုံတွေ့ရမှာ ဖြစ်ပြီး ထိုအကြောင်းများကြောင့်ပဲ အရာအားလုံးကို အကောင်းဖက်က ကြည့်ပေးဖို့ ခက်ခဲနေမှာဖြစ်ပါတယ်။ သင့်မှာ အဆုတ်ကင်ဆာ ဖြစ်နေချိန်မှာတော့ အကောင်းမြင်ကြည့်ဖို့ဆိုတာ ပို၍ပင် မဖြစ်နိုင်တော့ပေ။ အဲဒီလို ခက်ခဲနေမယ့် သင့်ရဲ့အမြင်တွေကို ပြောင်းလဲပေးဖို့ နည်းလမ်းအချို့ကို ယခု ဆောင်းပါးတွင် ဖော်ပြပေးလိုက်ပါတယ်။   အကောင်းမြင်စိတ်နှင့် အဆိုးမြင်စိတ် နှစ်ခုလုံးသည် ကူးစက်တတ်ပါတယ်။ အကောင်းမြင်တတ်ခြင်း ရော အဆိုးမြင်တတ်ခြင်းပါ နှစ်ခုစလုံးသည် ကူးစက်တတ်သည်။ ထို့ကြောင့်လည်း ကျွန်ုပ်တို့သည် သဘာဝအားဖြင့် အကောင်းမြင်စိတ်ရှိသူအနားတွင် နေချင်ကြကာ ကျွန်ုပ်တို့ကို ကျွန်ုပ်တို့ အကောင်းမြင်တတ်သူများ အနီးရောက်ဖို့ ကြိုးစားမိနေတာကို သတိထားမိမှာပါ။ အကောင်းမြင်တတ်သူနှင့် အဆိုးမြင်တတ်သူကို ဘယ်လိုခွဲခြားသတ်မှတ်လည်းဆိုတာကို မေးကြသော အခါတွင် အားလုံး တစ်ခဲနက် သဘောတူကြတာကတော့ လူတစ်ဦး၏ အပြုအမူ၊ ပြောစကားနဲ့ […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

စိတ်ဓါတ်ကျဆင်းခြင်းကို ဘယ်လိုဖြေရှင်းမလဲ

ဘယ်သူမဆိုစိတ်ဓါတ်ကျလာလျှင် မျှော်လင့်ချက်မဲ့ခြင်း၊အကူအညီမဲ့ခြင်းတို့ကို မလွဲမသွေခံစားလာရပါတယ်။ ဒါကြောင့် လူအများစုဟာနည်းလမ်းပေါင်းစုံနှင့် စိတ် ကျခြင်းကို ကုစားလာကြပါတယ်။ ဘယ်နည်းလမ်းကိုပဲအသုံပြုပါစေ ထိရောက်မှုရှိဖို့နဲ့ စိတ်ချမ်းသာဖို့ကအဓိကကျပါတယ်။ ဒီအကြောင်းအရာ၊သဘောတရားလေးတွေကိုမှတ်သားနာလည်နိုင်ပြီးလက်တွေ့မှာပြန်လည်အသုံးချနိုင်ပါတယ်။ တစ်နေ့တာကိုအစီအစဉ်စဆွဲပါ မိမိရဲ့တစ်နေ့တာကို ဘာမှမလုပ်လိုက်ရပဲ မကုန်ဆုန်းစေပါနဲ့။ ဒီနေ့တစ်နေ့တာအတွက်အစီအစဉ်လေးတွေကိုရေးဆွဲထားခြင်းဟာအချိန်ကုန်သက်သာစေပြီး တစ်နေ့တာပြီးဆုံးသွားတဲ့အခါမှာလည်း ပြီးမြောက်သွားတဲ့အလုပ်လေးတွေကိုပြန်ကြည့်ရင်း သင်ဟာစိတ်ကျေနပ်မှုရနေမှာပါ။ တက်ကြွနေပါစေ အိပ်ရာထဲမှာပဲ တစ်နေကုန်လှဲမနေပါနှင့်။ ပျင်းရိခြင်းဟာ စိတ်ကိုပိုမိုထိုင်းမှိုင်းစေပါတယ်။ အခုပဲထပြီးကိုယ်လက်လှုပ်ရှားမှုစလုပ် ကြည့်ပါ။ ကိုယ်လက်လှုပ်ရှားမှူဟာ စိတ် ဓါတ်ကျခြင်းကိုအကုစားနိုင်ဆုံးပါပဲ။ လေ့ကျင့်ရေးခန်းမတွေ၊ပြေးစက်တွေပေါ်တက်ပြေးနေစရာမလိုပဲ သူငယချင်းတွေနှင့်ဆော့ကစားရုံ ၊အိပ်အလုပ်တွေကူလုပ်ရုံနှင့်တင် သင့်စိတ်တွေလန်းဆန်းလာနိုင်ပါတယ်။ ကျန်းမာစေသောအစာများကိုစားသုံးပေးခြင်း ကျန်းမာစေသောအစားအစာများဟာ သင်စိတ်ပျော်စေဖို့အတွက်များစွာ အထောက်အကူပြုပါတယ်။ စိတ်ကျရောဂါရှိသူများဟာ ကော်ဖီ၊အရက်၊အဆီအစိမ့်များ၊ရေရှည်ခံဆေးသုံးထားသောအစာများအားရှောင်ရှားသင့်ပါတယ်။ ကျန်းမာရေးနှင့်ညီညွှတ်သောအဆီမပါအသား၊ငါး၊ဟင်းသီးဟင်းရွက်နှင့်သီးနှံများကိုပိုမိုစားသုံးသင့်ပါသည်။ ကစီ ဓါတ်နှင့်သကြားအလွန်အမင်းစားသုံးခြင်းကိုလည်းရှောင်ရှားသင့်ပါသည်။ ကောင်းမွန်စွာအိပ်စက်အနားယူခြင်း စိတ်ကျရောဂါခံစားရသူများဟာ ညဘက်ကောင်းကောင်းအိပ်ပျော်လေ့မရှိကြပါဘူး။ အိပ်ရေးပျက်ခြင်းဟာလည်း စိတ်ကျရောဂါကိုပိုဆိုးစေတဲ့အချက်တစ်ချက်ပါပဲ။ ဒါကြောင့်အိပ်ချိန်မှန်အောင်လေ့ကျင့်ယူသင့်ပါတယ်။ အိပ်စက်ခြင်းကိုအနှောင့်အယှက်ဖြစ်စေမည့်ကွန်ပျူတာ၊လက်တော့၊စမတ်ဖုန်းများကို ကုတင်ပေါ်ကဖယ်ရှားထားဖို့လည်းလိုအပ်ပါတယ်။ အဆိုးမြင်ဝါဒီများကိုဖယ်ရှားလိုက်ပါ စိတ်ကျရောဂါဟာသင့်ကိုသင်၊သင့်ပတ်ဝန်းကျင်၊သင့်အခြေအနေ၊သင်တွေ့ဆုံနေရတာတွေ၊သင်ရည်မှန်းချက်တွေကို အဆိုးမြင်စေနိုင်ပါတယ်။ ဒါတွေကိုမရှောင်ပြေးပဲ ရဲရဲဝံ့ဝံ့ရင်ဆိုင်လိုက်ပါ။ မိမိအားပျော်ရွှင်စေသောအရာများကိုပိုမိုလုပ်ဆောင်ရင်း ကောင်းသောအမြင်ဖြစ်အောင်ကြိုးစားပြောင်းလဲကြည့်ပါ။ ထိုသို့ပြောင်းလဲပေးသောသင်တန်းများရှိရင်လည်းတက်ရောက်သင့်ပါတယ်။ သင့်ကိုစိတ်ကျေနပ်မှုပေးနိုင်မယ့်အရာများကိုလုပ်ဆောင်ကြည့်ပါ ကျန်းမာတက်ကြွပြီး ပြီးပြည့်စုံတဲ့ဘဝတစ်ခုကိုကြိုးစားလျှောက်လှမ်းခြင်းဖြင့်စိတ်ကျရောဂါကိုအနိုင်ယူပါ။ စိတ်ဖိအားတွေလျော့ပါးသွားအောင်အနားယူခြင်း၊အားမွေးခြငးများကလည်းုသင်ယူပါ။ အားပေးနှစ်သိမ့်ဆွေးနွေးတိုင်ပင်ပါ မိမိနှင့်အတူရောဂါခံစားနေရသူများနှင့် အားပေးတိုင်ပင်ပါ။ မိသားစု သူငယ်ချင်းများနှင့်ရင်းရင်းနှီးနှီးနေပါ။ သူငယ်ချင်းသစ်များလည်းဖွဲ့ပါ။ ဒါတွေဟာ သင့်အတွက်အလိုအပ်ဆုံးဆေးဝါးတွေပဲဖြစ်ပါတယ်။ နောက်ဆုံးမှာတော့စိတ်ကျရောဂါရဲ့ဖိအားမှလွတ်မြောက်အောင် နေ့စဉ်ကောင်းမွန်သောအလေ့အကျင့်များကိုပြုမူဆောင်ရွက်ပါ။ […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

စိတ်နှစ်ခွဖြစ်ခြင်းကို ဘယ်လို အောင်မြင်စွာ ဖြေရှင်းနိုင်မလဲ

Bipolar disorder ကို စိတ်နှစ်ခွဖြစ်ခြင်း (စိတ်ကြွခြင်း၊ စိတ်ကျခြင်း) ရောဂါလို့ခေါ်ပြီး စိတ်ကြွခြင်းကနေ စိတ်ကျခြင်းအထိ စိတ်ပြောင်းလဲမှုဖြစ်တဲ့ရောဂါဖြစ်ပါတယ်။ ဒီရောဂါခံစားရသူအချို့ဟာ တခါတရံမှာ စိတ်လှုပ်ရှားခြင်း၊ စိတ်ကြွခြင်း၊ အားအင်ပြည့်ဝခြင်းတွေ ခံစားရနိုင်ပေမယ့် တခါတရံမှာတော့ စိတ်ကျခြင်း၊ စိတ်တိုခြင်း၊ မျှော်လင့်ချက် ကင်းမဲ့ခြင်းတွေ ခံစားရနိုင်ပါတယ်။ စိတ်ပြောင်းလဲမှုတွေဟာ ပြင်းထန်နိုင်ပြီး နေ့စဉ်ဘဝကို ထိခိုက်နိုင်ကာ ဆက်ဆံရေးတွေကို မထိန်းသိမ်းနိုင်ခြင်း၊ ကျောင်းမှာ လုပ်ဆောင်ရည်ကျဆင်းခြင်း တွေ ဖြစ်နိုင်ပါတယ်။ ဒါကို ဆေးသောက်ခြင်းနဲ့ ကုထုံးတွေနဲ့ ကုသခြင်းအားဖြင့် ပျောက်ကင်းအောင် ကုသနိုင်ပါတယ်။ ဆေးဝါးများ ဆရာဝန်က စိတ်ငြိမ်ဆေး (သို့) အတက်ကျဆေး ပေးနိုင်ပါတယ်။ စိတ်ကျသက်သာဆေးတွေဟာ ရောဂါဖောက်ခြင်းကို သက်သာစေပါတယ်။ အချို့စိတ်ငြိမ်ဆေးတွေကတော့ lithium carbonate, antipsychotic ဆေးတွေနဲ့ အတက်ကျဆေးတွေ ပါဝင်ပါတယ်။ ဒီဆေးတွေဟာ bipolar disorder အတွက် […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

စိတ်အားထက်သန်အောင်ဘယ်လိုနေထိုင်မလဲ

သင်တစ်ခါတစ်လေ တစ်ခုခုကိုအားကြိုးမာန်တက်လုပ်ပြီးမှ စိတ်ဓါတ်တက်ကြွမှုဆုံးရှုံးပြီး ပြီးအောင်မလုပ်နိုင်တာမျိုးကြုံဖူးလား ? ဟာသတစ်ခုရှိပါတယ်။ ကန့်သတ်ထားတဲ့အချိန်က အကောင်းဆုံး စိတ်ဓါတ်တက်ကြွမှုပါတဲ့။ ဒါကမှန်လား ? မှန်ချင်မှန်ပါလိမ့်မယ်။ ဒါပေမယ့် အခြေအနေတော်တော်များများမှာတော့ လေ့ကျင့်ခန်းလုပ်တာလိုမျိုး ခက်ခဲတဲ့အလုပ်တွေအတွက် စိတ်အားထက်သန်မှုကိုရှာရခက်ပါလိမ့်မယ်။ ကံကောင်းစွာနဲ့ဘဲ ဒါဟာ သင်တစ်ယောက်တည်းမဟုတ်ပါဘူး။ ဒါကြောင့်ကျွန်တော်တို့က သင့်ကိုလေ့ကျင့်ခန်းတွေလုပ်နိုင်ဖို့ စိတ်အားထက်သန်စေမယ့် အချက်လေးတွေကို ပြောပြပါလိမ့်မယ်။   ပန်းတိုင်တစ်ခုကို သတ်သတ်မှတ်မှတ်ထားပါ လူတော်တော်များများက လေ့ကျင့်ခန်းလုပ်ရတာကိုခက်ခဲတယ်လို့မြင်ကြပါတယ်။ ကိုယ်အလေးချိကခြင်း၊ ကျန်းမာစေခြင်း၊ တင်ပါးကြီးလာခြင်း၊ ရင်သားကြီးလာခြင်းနဲ့ တခြားအရာတွေ စတဲ့ကျန်းမာသန်စွမ်းမှုပန်းတိုင်တွေက လေထဲပျောက်သွားတတ်ပါတယ်။ သင့်ပန်းတိုင်တွေက အရမ်းကိုကြီးမားလွန်းနေတယ်ဆိုရင်တော့ ပင်ပန်းပြီး လက်လျှော့လိုက်လို့ရပါတယ်။ အစပိုင်းမှာ လွယ်ကူပြီး လက်တွေ့ကျတဲ့ပန်းတိုင်တွေအရင်ချသင့်ပါတယ်။ ဥပမာ - သင်လက်တလောမှာ ဘာလေ့ကျင့်ခန်းမှ မလုပ်ထားဘူးဆိုရင် ပထမဆုံးချရမယ့်ပန်းတိုင်က မိနစ် ၃၀ ရေကူးခြင်းဒါမှမဟုတ် ၁၀ မိနစ် လမ်းအမြန်လျှောက်ခြင်းတို့ဖြစ်ပါတယ်။ အချိန်တိုပန်းတိုင်တွေက ချခြင်းက အချိန်ရှည်ပန်းတိုင်တွေထက် ပိုထိရောက်ပါတယ်။ ပြီးမှသာ သင်စိတ်ပါတယ်ဆိုရင် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း