စိတ်ကျန်းမာရေး

လူတစ်ယောက် ကျန်းမာဖို့ဆိုတဲ့နေရာမှာ စိတ်ကျန်းမာရေးဟာလည်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုပဲ အရေးပါပါတယ်။ စိတ်ကျန်းမာရေးပြဿနာတွေက တစ်ခါတလေမှာ သတိမထားမိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ စိတ်ကျန်းမာရေးကို ဘယ်လို ထိန်သိမ်းစောင့်ရှောက်ရမလဲဆိုတာကို သိထားတာ၊ စိတ်ကျန်းမာရေး အခြေအနေ ချို့ယွင်းမှုရှိနေတယ်ဆိုတာနဲ့ပတ်သက်လို့ သိရှိနိုင်မယ့် အခြေအနေတွေကို သိရှိထားတာ၊ စိတ်ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို သိရှိထားတာက ကိုယ်တိုင်အတွက်ရော ချစ်ခင်ရသူတွေကိုပါ အများကြီး အထောက်အကူ ပြုပေးနိုင်မှာပါ။

ကျန်းမာရေးဗဟုသုတ

စိတ်ကျန်းမာရေး

Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့်

လူဆိုတာ မိတ်ဆွေသူငယ်ချင်းတွေ မရှိဘဲ တစ်ယောက်တည်း နေလို့ မရပါဘူး။ ဒီလို မိတ်ဆွေ သူငယ်ချင်းတွေ ထားတဲ့အခါ ကိုယ့်အပေါ်မှာ သူတို့တွေကနေပေးတဲ့ Peer pressureတွေက မသိလိုက်ဘဲကို ရောက်လာတော့တာပါ။ မိတ်ဆွေသူငယ်ချင်း ဆိုတဲ့နေရာမှာလည်း ကောင်းတဲ့သူ ရှိသလို မကောင်းတဲ့သူတွေလည်း ရှိပါတယ်။ မိတ်ဆွေကောင်းတွေက ပေးတဲ့ Peer pressureတွေကကောင်းမွန်တဲ့ အခြေအနေတွေကို ဖန်တီးပေးတယ်ဆိုပေမယ့် ကိုယ့်အပေါ်မှာ သဘောထား မမှန်တဲ့ အပေါင်းအသင်းတွေကပေးတဲ့ Peer pressureတွေကတော့ စိတ်ကျန်းမာရေးကို ထိခိုက်စေပါသတဲ့။ ဒီတော့ Peer pressureတွေကစိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် အတူတူ ဆက်ကြည့်လိုက်ရအောင်လား။ Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် Peer pressureဆိုတာက စိတ်ပိုင်းဆိုင်ရာအပေါ် တော်တော်လေး အားပါပါ သက်ရောက်မှု ရှိပါတယ်။ မြင်သာအောင် ပြောပြရရင် ကိုယ်ပေါင်းတဲ့ […]

စိတ်ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

စိတ်ကျန်းမာရေး ကို ရှာဖွေမည်။

အခြားစိတ်ကျန်းမာရေးပြဿနာများ

Work addiction (အလုပ်စွဲလမ်းခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်အလုပ်စွဲလမ်းခြင်းဆိုတာဘာလဲ။ အလုပ်စွဲလမ်းခြင်းကို အလုပ်ယစ်မူးခြင်းလို့လည်းခေါ်ပါတယ်။ စိတ်ရောဂါတစ်မျိုးပါ။ အခြားစွဲလမ်းခြင်းတွေလိုပဲ အလုပ်စွဲလမ်းခြင်းဆိုတာ အပြုအမူတစ်ခုကို မရပ်တန့်နိုင်ခြင်းပါပဲ။ ဆေးစွဲတဲ့သူတစ်ယောက်လိုပဲ အလုပ်စွဲလမ်းသူတစ်ယောက်က အလုပ်မှာ ပျော်ရွှင်ယစ်မှုးနေတတ်ပါတယ်။ အလုပ်လုပ်ရတာယစ်မှုးခြင်းကြောင့်ပဲ ထပ်ကာထပ်ကာ လုပ်နေမိကြပါတယ်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ အဆိုးသဘောဆောင်သော ထိခိုက်မှုများရှိရင်တောင်မှ မရပ်တန့်နိုင်ကြတော့ပါဘူး။ အလုပ်စွဲလမ်းခြင်းဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ ယခုလေ့လာမှုတွေအရ အမေရိကားမှာ လူဦးရေ ၅-၁၀ရာခိုင်နှုန်းလောက် ဖြစ်ပွားကြပြီး အခြားသောလေ့လာမှုတွေမှာ ၂၅ရာခိုင်နှုန်းအထိ မြင့်တက်နေပါတယ်။ ဖြစ်ပွားနှုန်းမြင့်မာနေခြင်းနဲ့ လူအများစုက အလုပ်လုပ်နေကြခြင်းတို့ကြောင့် အရေးကြီးပြဿနာတစ်ခုဖြစ်လာပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ရောဂါလက္ခဏာများအလုပ်စွဲလမ်းခြင်းရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ အလုပ်စွဲလမ်းတဲ့လူတွေဟာ သူတို့ရဲ့အပြုအမူတွေက ကောင်းတဲ့အရာတွေပါ၊ အောင်မြင်မှုတွေယူဆောင်လာတဲ့အရာတွေပါဆိုပြီး မှန်ကန်ကြောင်းပြောကြပါတယ်။ အလုပ်တွေ၊ အလုပ်ရဲ့ အောင်မြင်မှုတွေအပေါ် ကတိသစ္စာပြုထားတဲ့ ပုံဖြစ်လာပါတယ်။ ဒါပေမယ့်လည်း ရည်မှန်းချက်နဲ့ စွဲလမ်းမှုဆိုတာ ကွဲပြားမှုတွေ ရှိပါတယ်။ အလုပ်စွဲလမ်းတဲ့သူတစ်ယောက်က စိတ်ပိုင်းဆိုင်ရာ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ ပြဿနာတွေကို ရှောင်ရှားဖို့ အလုပ်ထဲမှာ […]


မိမိကိုယ်ကိုအဆုံးစီရင်ခြင်းမှကာကွယ်ခြင်း

တိတ်ဆိတ်ငြိမ်သက်တဲ့ အမှောင်ထောင့်လေးထဲက ငိုရှိုက်သံသဲ့သဲ့လေး

၁။ အဆုံးစီရင်သွားတဲ့ဆရာဝန်။ ဒေါက်တာဇော်ဇော်ဟာ နယ်ဆေးရုံတစ်ခုမှာ တာဝန်ကျနေတဲ့ အထူးကုဆရာဝန်တစ်ယောက်ပါ။ လူပျိုလူလွတ်ဆရာဝန်ဖြစ်တယ်။ မိဘတွေချောင်ချောင်လည်လည်ရှိတယ်။ ပညာတတ်တဲ့ လူလတ်ပိုင်းတစ်ယောက်ဖြစ်တယ်။ အပေါင်းအသင်းတွေနဲ့ ပျော်ပျော်ပါးပါးနေတတ်တယ်။ လူနာတွေအပေါ်မှာ ကြင်ကြင်နာနာဆက်ဆံတတ်တယ်။ ပညာတော်တယ်။ တစ်ရက်ကျတော့ ဒေါက်တာဇော်ဇော် ဆေးရုံကိုမလာဘူး။ သူ့ဖုန်းကိုခေါ်တော့လည်း မကိုင်ဘူး။ အိမ်လိုက်သွားကြည့်တဲ့အခါမှာတော့ အိမ်မှာရှိတဲ့ တန်းတစ်ခုမှာ ဆွဲကြိုးချပြီး ကိုယ့်ကိုကိုယ် သတ်သေထားတဲ့ ဒေါက်တာဇော်ဇော်ကိုတွေ့လိုက်ရတယ်။ လူနာတွေရော၊ လုပ်ဖော်ကိုင်ဖက်တွေရော၊ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ နောက်ဆုံး မိသားစုအတွက်တောင် ဒီကိစ္စက အထူးအဆန်းတစ်ခုလိုပဲ။ အဆင်မပြေတာရယ်လို့ ထူးထူးထွေထွေမရှိတဲ့သူတစ်ယောက်အဖို့ ကိုယ့်ကိုကိုယ်အဆုံးစီရင်သွားတယ်ဆိုတဲ့ကိစ္စအပေါ် ဘယ်လိုမှ နားလည်နိုင်စွမ်းမရှိကြဘူး။   ၂။ အဖေရုတ်တရက်ဆုံးပါးသွားတဲ့ တက္ကသိုလ်ကျောင်းသား။ ကျော်ကျော်ဟာ စိတ်ရင်းသဘောထားကောင်းပြီး သိမ်မွေ့တဲ့ အဝေးသင် တတိယနှစ်ကျောင်းသားတစ်ယောက်ပါ။ တစ်ရက်မှာ သူ့အဖေဟာ နှလုံးအမောဖောက်ပြီး ရုတ်တရက်ကွယ်လွန်သွားတယ်။ ရက်လည်လောက်ထိ ကျော်ကျော့်ကို လူတွေနှစ်သိမ့်ကြတယ်။ နွေးထွေးပေးကြတယ်။ နောက်ပိုင်းကျတော့ ကိုယ့်အလုပ်နဲ့ကိုယ်ဖြစ်သွားပြီလေ။ ဘယ်သူမှ […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

ရပ်၊ ဒီမှာတင်ရပ်

လူရယ်လို့ ဖြစ်လာရင် တယောက်ထဲ မနေချင်ကြတာ အများစုရဲ့ သဘာဝပါ။ မိတ်ဆွေအပေါင်းအသင်း ရှာတယ်၊အဖော်ရှာတယ်၊ချစ်သူ ရှာတတ်ကြပါတယ်။ ချစ်သူရည်းစားရှိခြင်း၊အိမ်ထောင်ဖက်ရှိခြင်းဟာ အထီးကျန်ဆန်မှုကို ကုစားပေးနိုင်ပြီး ဘဝရဲ့ နိမ့်မြင့်တက်ကျတွေကို အတူတကွ လက်တွဲကျော်ဖြတ်နိုင်မှာဖြစ်ပေမယ့် ချစ်သူကနေ ချဉ်သူ ဘဝပြောင်းလာပြီဆိုရင်တော့ သင့်အတွက် 'ပေါ့စေလိုလို့ ကြောင်ရုပ်ထိုး ဆေးအတွက်လေး' ဆိုသလို ဖြစ်လာတတ်ပါတယ်။ ဘယ်လိုအချက်တွေနဲ့ ရင်ဆိုင်နေရပြီဆိုရင် သင့်ရဲ့လက်ရှိ အချစ်ရေး၊အိမ်ထောင်ရေးဟာ သင့်အတွက် ဆိုးကျိုးတွေကိုသာ ဖြစ်စေမလဲဆိုတာကို သတိပြုမိနိုင်စေဖို့ ဒီဆောင်းပါးလေးမှာ မျှဝေပေးထားပါတယ်။   ၁။ သင့်ကို ထိန်းချုပ်လွန်းတယ်   ပုံမှန်ကျတဲ့ ဆက်ဆံရေးတခုဆိုတာဟာ နှစ်ဦးနှစ်ဖက်လုံးရဲ့ ကိုယ်ပိုင်အချိန်နဲ့ လွတ်လပ်ခွင့်ကို မျှမျှတတ ကျင့်သုံးရပါတယ်။ ကိုယ်စိတ်ဝင်စားရာ၊ဝါသနာပါရာကို လုပ်ခွင့်လည်း ရှိရမှာပါ။ ဒါပေမယ့် သင့်ချစ်သူမပါဘဲ သင်တယောက်တည်း အပြင်သွားတာဖြစ်ဖြစ်၊တခုခု လုပ်တာဖြစ်ဖြစ် ဘာပဲလုပ်လုပ် တဖက်က သံသယတွေဝင်၊ဒေါသတွေထွက်နေပြီဆိုရင်တော့ ဒါဟာ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

နောင်တတရားတွေနဲ့ နေထိုင်သွားဖို့ စဉ်းစားနေတာလား

ရဘူးလား နောင်တ....နောင်တ မရဘူးတဲ့လူ မရှိလောက်ဘူးနော်။ လုပ်သင့်တာကို မလုပ်လိုက်မိလို့၊ မလုပ်သင့်မှန်းသိရက် ဒေါသအလျောက် လုပ်လိုက်မိလို့၊ အနားမှာရှိစဉ်က တန်ဖိုးမထားမိလို့၊ ပြောသင့်တာကို မပြောခဲ့မိလို့၊ အချိန်ရှိတုန်းက မကြိုးစားမိလို့လေ။ နောင်တ ဆိုတာကလည်း နောင်မှ ရတတ်တာမျိုးလေနော်။ သိပ်အလေးအနက်မထားတတ်တဲ့ သူတွေကျတော့လည်း ခပ်မြန်မြန်ပဲ မေ့ပျောက်သွားကြပါတယ်။ နောင်တတရားတွေနဲ့ နေထိုင်သွားဖို့ စဉ်းစားနေတာလား စိတ်ခွန်အားကောင်းတဲ့သူတွေကလည်း နောင်တကို  တစ်ချိန်လုံး ပိုက်မထားတတ်ဘူးလေ။ စိတ်ခွန်အားအဖြစ်တောင် အသုံးချလိုက်သေးတယ်။ တချို့ကတော့နောင်တတရားကို တစ်သက်လုံးပိုက်ထားရင်း ကိုယ့်ကိုယ်ကို ပိတ်လှောင်ထားတတ်ကြပါတယ်။ သင်ကရော ဘယ်လိုလူလဲ။ နောင်တတရားကို ပိုက်ထားတတ်လား၊ မေ့ပျောက်ပစ်တတ်လား၊ ခွန်အားအဖြစ်အသုံးချတတ်လား။ နောင်တတရားတွေနဲ့ နေထိုင်သွားဖို့ စဉ်းစားနေတာလား ! နောင်တ ဆိုတာက နောင်တ ဆိုတာက စိတ်ခံစားမှုတစ်ခုပါ။ ကောင်းတဲ့ စိတ်ခံစားချက်တော့ မဟုတ်ဘူးပေါ့။ အခြေအနေတစ်ခုကြောင့် နောင်တရတာမျိုးဖြစ်နိုင်သလို ကိုယ်ချစ်ခင်ရတဲ့သူတွေကြောင့်လည်း နောင်တရသလို ခံစားချက်မျိုး […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

တစ်ယောက်တည်း စကားပြောတတ်တာဟာ စိတ်ရောဂါတစ်ခုလား။

တစ်ယောက်တည်း ကိုယ့်ဘာသာစကားပြောခြင်း။ လူတိုင်းမဟုတ်တောင် အများစုကတော့ တစ်ယောက်တည်း ကိုယ့်ဘာသာ စကားပြောတာတွေ လုပ်ဖူးကြမှာပါ။ တချို့တွေပြောကြတာရှိတယ်။ တစ်ယောက်တည်း စကားပြောနေတယ်။ ရူးသွားပြီလားပေါ့။ အဲလို အပြောခံရတာတွေ ကြုံဖူးမှာပါ။ အဲဒါက လူကြားထဲ အဲလို ပြောမိလို့ပါ။ လူတွေအများကြီးရှိနေချိန်တော့ မပြောနဲ့လေနော်။ စိတ်လည်းကောင်းတယ် ရူးလည်းမရူးဘူးဆိုတဲ့ သူတွေက တော့ လူကြားထဲ တစ်ယောက်တည်း စကားပြောမနေတတ်ပါဘူး။ အိမ်မှာတစ်ယောက်တည်းရှိတဲ့ အချိန်၊ အိမ်သာတက်နေတဲ့အချိန်၊ လူတွေအိပ်နေတဲ့ အချိန် ကိုယ့်အခန်းထဲ အိပ်ရာပေါ်မှာ တစ်ယောက်တည်း ကိုယ့်ဘာသာ စကားပြောနေတဲ့ အခိုက်အတန့်တွေ ရှိဖူးမှာပါ။ တချို့ဆို အဲလို တစ်ယော့က်တည်းပြောနေတတ်တာ အကျင့်လိုကိုဖြစ်နေတာ။ သူများတွေ ပြောသလိုပဲ တစ်ယောက်တည်း စကားပြောတဲ့သူတွေက စိတ်ရောဂါဝေဒနာရှင်လား။ တစ်ယောက်တည်း စကားပြောတတ်တာဟာ စိတ်ရောဂါတစ်ခုလား။ တစ်ယောက်တည်း စကားပြောတတ်တာဟာ စိတ်ရောဂါတစ်ခုလား။ ဆိုတော့ ........လေ့လာချက်တွေအရ တစ်ယောက်တည်း […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

အလုပ်ခွင်ဖိအားတွေကြောင့် စိတ်ညစ်နေသူများဖတ်ရန်

လူတိုင်းက ဘဝရှင်သန်ရပ်တည်နိုင်ရေးအတွက်အလုပ်ကိုယ်စီလုပ်ကိုင်ကြရပါတယ်။ ပညာတတ်တဲ့သူက ဉာဏ်အားကိုသုံးပြီးလုပ်ရတာ သက်သာတယ်၊ ပညာသင်ယူခွင့်မရခဲ့သူတွေက ကျရာနေရာမှာ ကိုယ်တတ်နိုင်တဲ့ ခွန်အားနဲ့ ကာယအားကို သုံးပြီးလုပ်ရတာက ပိုပင်ပန်းတယ်ဆိုတာတော့ပြောနေစရာမလိုအောင်မြင်သာမှာပါ။ ဒါပေမယ့် ဘယ်အလုပ်မျိုးကိုပဲလုပ်လုပ် စိတ်ညစ်စရာ စိတ်ဖိစီးစရာကတော့ ရှိစမြဲပါ။ ဒီလိုစိတ်ညစ်တဲ့အခါ ငါတစ်ယောက်တည်းများဖြစ်နေတာလားလို့မတွေးပါနဲ့။ ဒါကအလုပ်ခွင်ဝင်နေသူတိုင်းတွေ့ကြုံရနိုင်တဲ့ပြဿနာတစ်ခုပါ။ အလုပ်ခွင်က အမြဲပျော်ရွှင်နေဖို့ မလွယ်ပါဘူး။ ဒီတော့ အလုပ်ခွင်မှာ ဖိအားနည်းပြီးပေါ့ပါးလွတ်လပ်စွာနဲ့ ဖန်တီးနိုင်စွမ်းကောင်းတဲ့သူတစ်ယောက်ဖြစ်ချင်တယ်ဆိုရင် စိတ်ညစ်စရာတွေကိုသေချာကိုင်တွယ်ဖြေရှင်းနိုင်မယ့်နည်းလမ်းကိုတော့သိထားဖို့လိုမှာပေါ့နော်။ အလုပ်ခွင်ဖိအားတွေကနေ့စဉ်ဘဝကို အများကြီးထိခိုက်စေနိုင်ပါတယ်။ပေါင်းသင်းဆက်ဆံရေးမှာဖြစ်ဖြစ်၊ အလုပ်လုပ်တဲ့နေရာမှာဖြစ်ဖြစ် ထိခိုက်စေတဲ့အပြင်နောက်ထပ် ထိခိုက်စေနိုင်တာတစ်ခုက လူတိုင်းအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ကျန်းမာရေးပါ။ ဒီတော့ကောင်းကျိုးမဖြစ်တဲ့ စိတ်ညစ်စရာတွေကိုဖြေရှင်းကြရအောင်နော်။ ဒီအချက်တွေကြောင့် အလုပ်ခွင်မှာ စိတ်ညစ်စရာတွေဖြစ်နိုင်ပါတယ် လစာနည်းတာ အလုပ်တာဝန်တွေများလွန်းတာ တိုးတက်နိုင်မယ့် အခွင့်အလမ်းနည်းပါးတာ အလုပ်ကနေ အတွေ့အကြုံအသစ်တွေမရနိုင်တာ လုပ်ပိုင်ခွင့်တွေ ထိန်းချုပ်ခံထားရတာ လုပ်ငန်းခွင်ပတ်ဝန်းကျင်က မျှတမှုမရှိတာ အလုပ်ခွင်ထဲမှာ အချင်းချင်းရိုင်းပင်းကူညီမှုမရှိတာ ဝါဿနာမပါတာကို လုပ်နေရတာ အလုပ်ခွင်ဖိအားတွေကိုသေချာမထိန်းချုပ်နိုင်တဲ့အခါ ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ် အလုပ်ခွင်ဖိအားက လူတိုင်းကြုံရနိုင်တယ်ဆိုပေမယ့် […]


မိမိကိုယ်ကိုအဆုံးစီရင်ခြင်းမှကာကွယ်ခြင်း

ကိုယ့်ကိုယ်ကို သတ်သေတော့မလို့လား

'မိမိကိုယ်ကို သတ်သေခြင်း' တဲ့။ ရခဲလှတဲ့ လူ့ဘဝ (တစ်နည်း) အသက်တစ်ချောင်းကို ခက်ခဲပင်ပန်းစွာ ကြိုးစားရင်း အသက်ဆက်နေသူတွေရှိသလို ဘဝကို လက်လျှော့အရှုံးပေးပြီး အဆုံးသတ်ချင်သူတွေလည်း ရှိနေတာ ဒုနဲ့ဒေးပါပဲ။ ဒီထဲမှာမှ ပိုထူးဆန်းတာက ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့သူတွေထဲမှာ လူသိများထင်ရှားပြီး ငွေကြေး၊အောင်မြင်မှုစသဖြင့် လူတိုင်းအားကျလောက်အောင် ပြည့်စုံကြွယ်ဝသူတွေလည်း ပါဝင်နေတာ အံ့ဩစရာပါပဲ။ သမိုင်းတစ်လျှောက် နာမည်ကျော်သတ်သေမှုတွေ ရှိခဲ့ပေမယ့် အမေရိကန်ဟာသမင်းသားကြီး ရော်ဘင်ဝီလျံ နဲ့ လည်ပင်းကြောကြီးတွေထောင်အောင် သီဆိုတတ်တဲ့ Linkin park အဆိုတော် ချက်စတာတို့ရဲ့ သေကြောင်းကြံစည်မှုတွေကတော့ ဒီဘက်နောက်ပိုင်းမှာ အလှုပ်ခတ်ဆုံးဖြစ်ခဲ့ရသလို အားလုံးလည်း နှမြောတသဖြစ်ခဲ့ရပါတယ်။ သိပ်မကြာသေးခင်ကလည်း နာမည်ကျော် brand ဖြစ်တဲ့ ကိတ်စပိတ်ရဲ့ မူလတည်ထောင်သူ အမျိုးသမီးဒီဇိုင်နာ ကိတ်စပိတ် ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့ပါသေးတယ်။ အရွယ်အားဖြင့် အရွယ်ကောင်းဖြစ်တဲ့အပြင် အထက်မှာ ကျွန်တော်ပြောခဲ့သလိုပဲ အောင်မြင်ကျော်ကြားမှု၊ချမ်းသာကြွယ်ဝမှု […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

တစ်နေ့တာမှာ ရှောင်လွှဲမရတဲ့ ပြဿနာ ကို ဒီလိုရင်ဆိုင်ပါ

တစ်နေ့တာ လုပ်ငန်းဆောင်တာတွေကို လုပ်ကိုင်ရင်းတွေ့ရတဲ့ ပြဿနာတွေကတော့ အများကြီးပါ။ ဒီပြဿနာတွေထဲမှာမှ လူတိုင်းရှောင်လွှဲလို့မရဘဲ မဖြစ်မနေ ကြုံတွေ့ရနိုင်တာက စိတ်ဖိစီးမှုပေါ့။ စိတ်ဖိစီးမှုက လူ့ဘဝရဲ့ ဖယ်ချန်ထားလို့မရတဲ့ အစိတ်အပိုင်းတစ်ခုပါ။ ဒီလိုမျိုး ရှောင်လွှဲမရတဲ့ ပြဿနာ တစ်ခုအနေနဲ့ နေ့စဉ်ဘဝမှာ နေရာယူထားတဲ့ Stress(စိတ်ဖိစီးမှု) ကို ပြုံးပြုံးလေးနဲ့ အန်တုနိုင်ဖို့ ဒီနည်းလေးတွေ လုပ်ကြည့်နော်။ ရှောင်လွှဲမရတဲ့ ပြဿနာ စိတ်ဖိစီးမှု (Stress) လူတိုင်း စိတ်ဖိစီးမှုကို ခံစားဖူးမှာပါ။ အရွယ်တိုင်းလိုလို စိတ်ဖိစီးမှုကို ခံစားရနိုင်ပါတယ်။ ကလေးမှာလည်း သူ့အတိုင်းအတာနဲ့သူ စိတ်ဖိစီးမှုရှိပါတယ်။ ကျောင်းနေအရွယ်၊ တက္ကသိုလ်တက်တဲ့အချိန်၊ အလုပ်ခွင်ဝင်တဲ့အချိန်တွေမှာလည်း စိတ်ဖိစီးမှုက ကိုယ်တွေနဲ့ အမြဲတစ်တွဲတွဲပဲနော်။ စိတ်ဖိစီးတာက စိတ်ပိုင်းဆိုင်ရာအရ ပူပန်၊ စိတ်ညစ်ရတဲ့ ခံစားမှုတစ်ခုပေါ့။ စိတ်ဖိစီးမှု (Stress) က အဆိုးတွေချည်းပဲဖြစ်စေတာတော့ မဟုတ်ပါဘူး။ အသေးအဖွဲ စိတ်ဖိစီးမှုလေးတွေက တစ်ခါတစ်လေမှာ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့ သစ်ပင်ပန်းမန် လေးတွေ စိုက်ကြမယ်

ကမ္ဘာ့လူဦးရေထက်ဝက်ကျော်လောက်ကမြို့ပြတွေမှာနေထိုင်ကြသူတွေပါ။ ဒီလိုမြို့ပြကြီးမှာနေထိုင်မှုတွေက လူသားတွေကို သဘာဝ ပတ်ဝန်းကျင်နဲ့ထိတွေ့ခွင့်ကို ကန့်သတ်လိုက်ပါတယ်။ သဘာဝပတ်ဝန်းကျင်က လူသားတွေရဲ့ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာ ကိုပါ ကျန်းမာစေနိုင်စွမ်းရှိနေပါတယ်။ လေ့လာမှုရလဒ်တွေအရပြောရမယ်ဆိုရင်ဖြင့် သစ်ပင်စိုက်တာက စိတ်ကျန်းမာရေးကိုတော်တော်လေးအထောက်အကူပြုပေးပါတယ်။ သစ်ပင်ပန်းမန် တွေကို စိုက်ပျိုးမှုက စိတ်ဓါတ်ကျတာ၊ စိတ်ဖိစီးတာလိုမျိုး စိတ်ကျန်းမာရေးပြဿနာတွေကိုလျော့ပါးသက်သာစေနိုင်သလိုသွေးတိုးတာကိုလည်း သက်သာစေနိုင်ပါတယ်တဲ့။ ကိုယ်လက်လှုပ်ရှားမှုလည်း လုပ်ဖြစ်စေနိုင်တာကြောင့် ရုပ်ပိုင်းဆိုင်ရာကို ကျန်းမာစေနိုင်ပါတယ်။ သစ်ပင်ပန်းမန် စိုက်တာကနေရရှိလာမယ့် ကျန်းမာရေး အကျိုးကျေးဇူးတွေက သစ်ပင်ပန်းမန် စိုက်တဲ့သူတွေမှာ တာဝန်ခံစိတ်ကိန်းအောင်းလာတယ် သစ်ပင်စိုက်တဲ့အခါ ကိုယ်စိုက်ပျိုးထားတဲ့ အပင်လေးတွေကောင်းကောင်းမွန်မွန် ကြီးပြင်းလာစေဖို့အတွက်ရေလောင်း၊ပေါင်းသင်၊မြေသြဇာထည့်တဲ့အလုပ်ကို မဖြစ်မနေလုပ်ရပါတယ်။ ဒီလိုလုပ်ပေးရတဲ့အခါ တာဝန်ယူတတ်တဲ့ စိတ်လေးကဖြစ်လာတော့တာပေါ့။ ဒါကြောင့် ကိုယ့်ရဲ့ကောင်းကျိုးဆိုးပြစ်ကိုတာဝန်ခံနိုင်တဲ့ စိတ်လေးဖြစ်ပေါ်လာပြီး လူမှုပတ်ဝန်းကျင်မှာ ပိုအဆင်ပြေလာပါလိမ့်မယ်။ သစ်ပင်စိုက်ပျိုးတာက သဘာဝတရားကိုခံစားမိစေတယ် တစ်နေ့တာလုံးခေတ်မီတိုးတက်လာတဲ့ နည်းပညာတွေနဲ့ ထိတွေ့နေရမှုကကောင်းတာလေးတွေရှိပေမယ့် စိတ်အပန်းပြေစေမှုကိုတော့ပြည့်ပြည့်ဝဝမရရှိစေနိုင်ဘူးပေါ့။လေ့လာတွေရှိချက်တွေအရ စိမ်းစိုမှုရှိနေတဲ့ သဘာဝ ပတ်ဝန်းကျင်က လူတွေကို စိတ်ဖိစီးမှုသက်သာစေပြီး စိတ်အပန်းပြေစေတယ်လို့ဆိုပါတယ်။ ဒါကြောင့် အားလပ်ချိန်လေးတွေမှာ သစ်ပင်လေးတွေ […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

သာယာတဲ့ အိမ်ထောင်ရေး တစ်ခု လိုချင်တယ်ဆိုရင် မမေ့ထားသင့်တဲ့ အချက်တွေ

သင့်အနေနဲ့ အခုချိန် ကြင်စဦး အိမ်ထောင်ရှင်ဘဝကို တည်ထောင်ထားသူပဲ ဖြစ်ဖြစ်၊ ငွေရတု၊ ရွှေရတု ပေါင်းများစွာ အိမ်ထောင်သက် ကြာညောင်းနေသူပဲ ဖြစ်ဖြစ် သင့်အနေနဲ့ သံယောဇဉ်ကြိုးခိုင်မြဲပြီး ချစ်ခင်ကြင်နာမှု အပြည့်နဲ့ သစ္စာတရားပြည့်ဝနေတဲ့ အိမ်ထောင်ရေး ကိုသာ လိုချင်ကြမှာ အမှန်ပါပဲ။ ဒီလို အိမ်ထောင်တစ်ခုလည်း ပိုင်ဆိုင်ချင်တယ်၊ ဒီလို ဖြစ်လာဖို့အတွက်လည်း ဘယ်လိုနည်းလမ်းတွေကို လုပ်ဆောင်ရမှန်း မသိဘူးဆိုရင် ကျွန်တော်တို့ Hellosayarwon မှ ခိုင်မာတဲ့ Relationship တစ်ခု တည်ဆောက်ချင်တယ်ဆိုရင် မမေ့သင့်တဲ့ အချက်လေးတွေကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။ သာယာတဲ့ အိမ်ထောင်ရေး တစ်ခု လိုချင်တယ်ဆိုရင် မမေ့ထားသင့်တဲ့ အချက်တွေ ၁။ စိတ်ဝင်တစား နားထောင်ပေးပါ။ Relationship ဆိုင်ရာ အတိုင်ပင်ခံတွေအားလုံးက တကယ့် အစစ်အမှန် နားထောင်ခြင်းဟာ ရန်ဖြစ်ခြင်းကို လျှော့ချပေးနိုင်တဲ့အပြင် ယုံကြည်မှုကို […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း