စိတ်ကျန်းမာရေး

လူတစ်ယောက် ကျန်းမာဖို့ဆိုတဲ့နေရာမှာ စိတ်ကျန်းမာရေးဟာလည်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုပဲ အရေးပါပါတယ်။ စိတ်ကျန်းမာရေးပြဿနာတွေက တစ်ခါတလေမှာ သတိမထားမိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ စိတ်ကျန်းမာရေးကို ဘယ်လို ထိန်သိမ်းစောင့်ရှောက်ရမလဲဆိုတာကို သိထားတာ၊ စိတ်ကျန်းမာရေး အခြေအနေ ချို့ယွင်းမှုရှိနေတယ်ဆိုတာနဲ့ပတ်သက်လို့ သိရှိနိုင်မယ့် အခြေအနေတွေကို သိရှိထားတာ၊ စိတ်ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို သိရှိထားတာက ကိုယ်တိုင်အတွက်ရော ချစ်ခင်ရသူတွေကိုပါ အများကြီး အထောက်အကူ ပြုပေးနိုင်မှာပါ။

ကျန်းမာရေးဗဟုသုတ

စိတ်ကျန်းမာရေး

Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့်

လူဆိုတာ မိတ်ဆွေသူငယ်ချင်းတွေ မရှိဘဲ တစ်ယောက်တည်း နေလို့ မရပါဘူး။ ဒီလို မိတ်ဆွေ သူငယ်ချင်းတွေ ထားတဲ့အခါ ကိုယ့်အပေါ်မှာ သူတို့တွေကနေပေးတဲ့ Peer pressureတွေက မသိလိုက်ဘဲကို ရောက်လာတော့တာပါ။ မိတ်ဆွေသူငယ်ချင်း ဆိုတဲ့နေရာမှာလည်း ကောင်းတဲ့သူ ရှိသလို မကောင်းတဲ့သူတွေလည်း ရှိပါတယ်။ မိတ်ဆွေကောင်းတွေက ပေးတဲ့ Peer pressureတွေကကောင်းမွန်တဲ့ အခြေအနေတွေကို ဖန်တီးပေးတယ်ဆိုပေမယ့် ကိုယ့်အပေါ်မှာ သဘောထား မမှန်တဲ့ အပေါင်းအသင်းတွေကပေးတဲ့ Peer pressureတွေကတော့ စိတ်ကျန်းမာရေးကို ထိခိုက်စေပါသတဲ့။ ဒီတော့ Peer pressureတွေကစိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် အတူတူ ဆက်ကြည့်လိုက်ရအောင်လား။ Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် Peer pressureဆိုတာက စိတ်ပိုင်းဆိုင်ရာအပေါ် တော်တော်လေး အားပါပါ သက်ရောက်မှု ရှိပါတယ်။ မြင်သာအောင် ပြောပြရရင် ကိုယ်ပေါင်းတဲ့ […]

စိတ်ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

စိတ်ကျန်းမာရေး ကို ရှာဖွေမည်။

အခြားစိတ်ကျန်းမာရေးပြဿနာများ

အဆိပ်ပင်လို လူသားတွေနဲ့ ဆက်ဆံရတဲ့အခါ

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အဆိပ်ပင်လို လူသားတွေ အရမ်းများတယ်ဆိုတာ ပေါင်းသင်းဆက်ဆံတဲ့အခါ သိသာပါတယ်။ ဒီလိုလူမျိုးတွေနဲ့ စကားပြောပြီးသွားတဲ့အခါ နဂိုကြည်နေတဲ့ စိတ်ကလေးတောင် ကြက်ပျောက်ငှက်ပျောက် ပျောက်ပြီး စိတ်တို၊ ဒေါသတွေ တနုံ့နုံ့ထွက်ကျန်ခဲ့ရတာနော်။ အဆိပ်ပင်လိုလူသားတွေက နေရာအနှံ့မှာ ရှိနိုင်သလို ကိုယ်က ကောင်းတယ်လို့ ထင်နေရတဲ့သူတွေလည်း ဖြစ်နိုင်ပါတယ် ဥပမာ - လုပ်ဖော်ကိုင်ဖက်၊ သူငယ်ချင်း၊ ဆွေမျိုးတွေပေါ့။ လူ့လောကမှာ နေထိုင်အသက်ရှင်နေရတဲ့အခါ ကောင်းတဲ့သူတွေနဲ့လည်း တွေ့နိုင်သလို အဆိပ်ပင်တွေနဲ့လည်း အမြဲတွေ့ရနိုင်တဲ့အတွက် ဒီလိုလူမျိုးတွေ ကိုယ့်ဘဝထဲမှာ ရှိနေရင် ဘယ်လိုပေါင်းသင်းဆက်ဆံသင့်လဲ ဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ အဆိပ်ပင်လူသားတွေမှာ တွေ့ရတတ်တဲ့ အမူအကျင့်များ • ကိုယ်မှကိုယ်ပဲ သိတတ်တဲ့ တစ်ကိုယ်ကောင်းဆန်ခြင်း • တခြားလူတွေကို လိမ်လည်လှည့်ဖျားတတ်ခြင်း • စိတ်ပိုင်းဆိုင်ရာ စော်ကားတတ်ခြင်း • မရိုးသားခြင်း၊ လိမ်လည်တတ်ခြင်း • မလှိမ့်တပတ်လုပ်ခြင်း • မျက်ရည်ခြူဇာတ်သွင်းခြင်း • အမှားလုပ်ပြီး ပြန်မတောင်းပန်တတ်ခြင်း • […]


စားသောက်မှုဆိုင်ရာ စိတ်ဝေဒနာများ

ဝမှာကြောက်တဲ့ စိတ်ဝေဒနာရှင်တွေဖြစ်နေကြပြီလား

ထိပ်တန်း ရုပ်သံစီးရီးတစ်ခုဖြစ်တဲ့ DOCTOR WHO ထဲက သရုပ်ဆောင် ခရစ္စတိုဖာ အကယ်လ်စတန်က သူ့မှာ Anorexia Nervosa လို့ခေါ်တဲ့ ကိုယ်အလေးချိန် တက်လာမှာကြောက်ပြီး အစားအသောက်တွေ အလွန်အမင့်လျှော့ချစားသောက်တဲ့ စိတ်ဝေဒနာမျိုး ခံစားနေရတယ်လို့ ဝန်ခံလိုက်ပါတယ်။ Anorexia လို့ အတိုကောက်ခေါ်ဆိုကြတဲ့ အဝကြောက်ရောဂါဆိုတာ ဘယ်လိုမျိုးလဲ။ ကိုယ်တိုင်ကရော ဝမှာကြောက်တဲ့ စိတ်ဝေဒနာရှင်တွေဖြစ်နေကြပြီလား ဆိုတာ ဆန်းစစ်လိုက်ရအောင်နော်။ ဝမှာကြောက်တဲ့ စိတ်ဝေဒနာရှင်တွေဖြစ်နေကြပြီလား ဒီကနေ့ခေတ် လူငယ်အများစုဟာ ကိုယ့်ခန္ဓာကိုယ် ဝဖြိုးလာမှာကို စိုးရိမ်ထိတ်လန့်တတ် ကြပါတယ်။ Gym တွေဆော့ကြတယ်၊ အစားအသောက်တွေ ခြိုးခြံဆင်ခြင်ကြတယ်။ ဒီလိုပြုမူနေထိုင်ကြရခြင်းရဲ့ အဓိကအကြောင်းပြချက်ကတော့ ကိုယ်အလေးချိန် နည်းပါးတာဟာ လှတယ်၊ ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုတဲ့ ယူဆချက်ကြောင့်ပါပဲ။ ဒါပေမယ့်လည်း ဒီလိုကိုယ်အလေးချိန် တက်လာမှာကို ကြောက်ရွံ့တဲ့စိတ်ဟာ လွန်ကဲလာတတ်ပြီး အဆိုးဆုံးအခြေအနေမှာတော့ Anorexia လို့ခေါ်ဆိုတဲ့ […]


မိမိကိုယ်ကိုအဆုံးစီရင်ခြင်းမှကာကွယ်ခြင်း

ကလေးငယ်တွေ ဘာကြောင့် ကိုယ့်ကိုယ်ကို သတ်သေကြသလဲ

ကလေးငယ်လေးတွေဟာလည်း ကိုယ့်ကိုယ်ကို အဆုံးစီရင်နိုင်တဲ့ စိတ်ဖိစီးမှုတွေ ခံစားရနိုင်တယ်ဆိုတာကို သင်သိပြီးပါပြီလား။ တကယ်လို့ သိထားတယ်ဆိုရင် ဂရုစိုက်ဖို့ လိုမယ်ဆိုတာကိုလည်း သိနားလည်လာမယ်လို့ ယုံကြည်ပါတယ်။ ကိုယ့်ကိုယ်ကို သတ်သေတယ်ဆိုတဲ့ ကိစ္စအကြောင်းပြောဆို ဆွေးနွေးကြတဲ့အခါ ကလေးငယ်တွေအကြောင်း ထည့်သွင်းမစဉ်းစားမိတတ်ကြပါဘူး။ ကလေးတွေဟာလည်း စိတ်ဖိစီးမှုနဲ့ စိတ်ဝေဒနာခံစားရနိုင်တဲ့ လူသားတွေပဲဖြစ်ပါတယ်။ သူတို့တွေလည်း ပတ်ဝန်းကျင်နဲ့ တခြားသော ဖိအားတွေကြောင့် စိတ်ပိုင်းဆိုင်ရာအရ ထိခိုက်ကြရသလို အရမ်းဆိုးရွားပြင်းထန်လာချိန်မျိုးမှာ ဘဝကို လက်လျှော့အရှုံးပေးလိုက်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒါကို ကလေး သတ်သေမှု (child suicide) လို့ ဆိုကြပါတယ်။ လေ့လာချက်တွေအရ ဒီကနေ့ခေတ် အသက် ၁၀ နှစ်နဲ့ ၁၉ နှစ်ကြား လူငယ်တွေအကြားမှာ သတ်သေမှုတွေ ရှိနေပါတယ်။ မတူညီတဲ့ အကြောင်းပြချက်အမျိုးမျိုးကြောင့် ကလေးငယ်တွေအနေနဲ့ ကိုယ့်ကိုယ်ကို သတ်သေနိုင်ပါတယ်။ မိဘ၊ ဆရာသမားနဲ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းကလူတွေအနေနဲ့ […]


မိမိကိုယ်ကိုအဆုံးစီရင်ခြင်းမှကာကွယ်ခြင်း

သတ်သေချင်စိတ်ကို တွန်းအားပေးတဲ့ အစားအစာ ၄ မျိုး

လူတစ်ယောက် ကိုယ့်ကိုယ်ကို သတ်သေဖို့ဆိုတာဟာ သာမန်လူတစ်ယောက်ရဲ့ အမြင်မှာတော့ ဖြစ်နိုင်ချေ အတော်နည်းပါးတဲ့ ကိစ္စတစ်ခုလို့ ရှုမြင်စရာပါ။ ဒါပေမယ့် ပြင်းထန်တဲ့ စိတ်ဖိစီးမှု၊ ပတ်ဝန်းကျင်ဖိအားနဲ့ စိတ်အားငယ်မှုစတာတွေကို ခံစားနေရသူတစ်ယောက်အတွက်ဆိုရင်တော့ ဒီအချက်ဟာ ဖြစ်မလာနိုင်ဘူးလို့ ဆိုဖို့ခက်ခဲတဲ့ အရာတစ်ခုဖြစ်ပါတယ်။ စိတ်ဖိစီးမှုနဲ့ စိတ်နာကျင်မှု ဝေဒနာတွေကို ပြင်းပြင်းထန်ထန် ခံစားနေရသူတွေဟာ ကိုယ့်ကိုယ်ကို သတ်သေနိုင်ချေမြင့်မားလှပြီး ဒီလို ပုဂ္ဂိုလ်တွေအနေနဲ့ နေထိုင်စားသောက်ပုံတွေကို ဂရုတစိုက် စီမံဖို့ လိုအပ်ပါတယ်။ လူအများစုဟာ များသောအားဖြင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာရှိနေသူတွေကို နှစ်သိမ့်မှု၊ အားပေးမှုတွေ ပြုလုပ်ပေးကြပေမယ့် အစားအသောက်နဲ့ ပတ်သက်တာတွေကိုတော့ ဂရုတစိုက်ပြင်ဆင်ပေးဖို့ မေ့လျော့နေတတ်ကြပါတယ်။ အစားအသောက်တွေကလည်း လူတွေကို စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ပိုဆိုးလာအောင် တွန်းအားပေးနိုင်ပြီး သတ်သေချင်စိတ်ကို ဖြစ်စေနိုင်တယ်ဆိုတာကို လူအတော်များများက သိရှိကြခြင်းမရှိကြပါဘူး။ ဒါကြောင့် တစ်ချို့သော အစားအစာတွေဟာ သတ်သေချင်စိတ်ကို တွန်းအားပေးနိုင်ပြီး […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

ရောဂါထက် ကြောက်စိတ်ကြောင့် မြန်မြန်သေဆုံးနိုင်တယ်ဆိုတာ သိရဲ့လား

လူတော်တော်များများက ရုပ်ခန္ဓာကျန်းမာရေးကို အလေးပေးပြီး စိတ်ကိုတော့ လျစ်လျူရှုထားတတ်ကြပါတယ်။ တကယ်တမ်း လူတစ်ယောက် ကျန်းမာပျော်ရွှင်နေဖို့ စိတ်ရော ခန္ဓာ ၂မျိုးလုံး ကျန်းမာနေမှ ဖြစ်မှာပါ။ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ ဆိုတဲ့ စကားပုံအတိုင်းပဲ၊ ရုပ်ခန္ဓာကျန်းမာခြင်းနဲ့ စိတ်ပျော်ရွှင်ခြင်းဟာ တစ်ဦးပေါ် တစ်ဦး မှီခိုနေပြီး တစ်ခုခုမှာ လွဲချော်သွားပြီဆိုတာနဲ့ အရာရာဟာ ပြိုလဲသွားဖို့သာ ရှိပါတော့တယ်။ ကြောက်စိတ်ဟာ အဲ့လောက် ကြောက်ဖို့ ကောင်းလား။ ကြောက်စိတ်ဖြစ်ပေါ်ရခြင်း အကြောင်းရင်းတွေ အများကြီးရှိနိုင်ပါတယ်။ တချို့ကျတော့လည်း မွေးကတည်းက ပါလာတယ်၊ တချို့ကျတော့ စိတ်ထိခိုက်မှုတစ်စုံတစ်ရာကြောင့် ဥပမာ- အသက်အန္တရာယ်ဘေး ကြုံခဲ့ရတာ၊ စိတ်ခြောက်ခြားဖွယ်ရာ အဖြစ်အပျက်မျိုး ရင်ဆိုင်ခဲ့ရတာ၊ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားခံရတာ၊ ကလေးဘဝက စိတ်ဒဏ်ရာတွေ စတာတွေကြောင့် ကြောက်စိတ်ဖြစ်ပေါ်လာနိုင်ပါတယ်။ ပုံမှန်အားဖြင့် လူတိုင်းမှာ ကြောက်စိတ်အနည်းဆုံး တစ်ခုရှိနေတတ်ပါတယ်။ ဒါက စိတ်ပူစရာမဟုတ်ပါဘူး။ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

သင် စိတ်ဖိစီးတဲ့ စိတ်ဝေဒနာ ခံစားနေရပြီလား

စိတ်အားငယ်တယ်၊ စိတ်ဓာတ်ကျတယ်၊ စိတ်ဖိစီးမှုများတယ်ဆိုတာဟာ စိတ်ရောဂါတစ်မျိုးဖြစ်ပါတယ်။ စိတ်ဖိစီးမှုဟာ ဖြစ်နိုင်ချေအမြင့်ဆုံး စိတ်ဝေဒနာတွေထဲမှာ ပါဝင်နေပြီတော့ တစ်ချို့ဝေဒနာရှင်တွေဟာ သူတို့မှာ ဒီဝေဒနာရှိနေတယ်ဆိုတာကို သတိထားမိကြခြင်းမရှိကြပါဘူး။ အသက်အရွယ်၊ လိင်၊ မိသားစုအခြေအနေ၊ လုပ်ငန်းခွင်နဲ့ ငွေကြေးအခြေအနေတွေကြောင့် လူအတော်များများမှာ စိတ်ဖိစီးမှုဝေဒနာခံစားရလေ့ရှိပါတယ်။ စိတ်ဖိစီးမှုများပြီး စိတ်အားငယ်တာဟာ ပုံစံအမျိုးမျိုးရှိတတ်ပါတယ်။ အဖြစ်များ စိတ်ဖိစီးမှုဝေဒနာ (Major Depression) ၊ နာတာရှည် စိတ်ဖိစီးမှု (Dysthymia) ၊ ချွင်းချက်ဖြင့်ဖြစ်ပေါ်သော စိတ်ဖိစီးမှု (Atypical Depression) ၊ Postpartum Depression ၊ အာရုံထွေပြား စိတ်ဖိစီးမှု (Bipolar Depression) ၊ ပြင်းထန်စိတ်ဖိစီးမှု (Psychotic Depression) ၊ ရာသီအလိုက်ဖြစ်တဲ့ စိတ်ဖိစီးမှု (Seasonal Depression/SAD) ၊ ဆေးယဉ်ပါး စိတ်ဖိစီးမှု (Treatment-Resistant […]


စွဲလမ်းမှုပြဿနာများ

ကတ်တမင်း တလွဲသုံးစွဲခြင်းရဲ့ ကြောက်စရာ ဆိုးကျိုးပေါင်းများစွာ

ကတ်တမင်း (ketamine) ဆိုတာကို သိတဲ့လူတွေ သိကြမှာပါ။ ကတ်တမင်းဆိုတာ ဆေးကုသမှုတချို့မှာသုံးတဲ့ မေ့ဆေးတစ်မျိုးဖြစ်ပေမယ့် တိရစ္ဆာန်ဆေးကုတဲ့နေရာမှာ ပိုအသုံးများပါတယ်။ ဒါပေမယ့် ကတ်တမင်း ကို စိတ်အာရုံထင်ယောင်ထင်မှားနဲ့ မျောလွင့်လို့ကောင်းစေမယ့် ဆေးအဖြစ် တလွဲသုံးကြတဲ့အခါ မူးယစ်ဆေးအဖြစ် ရောက်သွားပါတော့တယ်။ စိတ်ကူးထဲမျောလွင့်မှုကို ခံစားသာယာဖို့ ကတ်တမင်းကို အမှုန့်ပုံစံအဖြစ် ရှူကြသလို အရည်ပုံစံနဲ့ ထိုးသွင်းကြပါတယ်။ ကတ်တမင်း တလွဲသုံးခြင်း ကတ်တမင်းကို မူးယစ်စေမယ့်ဆေးအဖြစ်သုံးတာက လေထဲမျောလွင့်နေတဲ့ခံစားချက်ကနေစလို့ ရုပ်နဲ့နာမ်ခွာသွားတဲ့အဆင့်ထိ ထင်ယောင်ထင်မှားတွေဖြစ်လာစေပါတယ်။ ဒီအာနိသင်ကြောင့်ပဲ ကတ်တမင်းဟာ Ecstasy (MDMA)၊ Rohypnol နဲ့ GHB တို့လို ကလပ်တွေမှာအသုံးများတဲ့ ဆေးဝါးတစ်မျိုးဖြစ်လာပါတယ် (တစ်ညလုံးမြူးမယ်၊ ကြွမယ်၊ ကမယ်ဆိုတာမျိုး)။ တစ်ခါတလေ အပျော်အတွက် ပမာဏနည်းနည်းပဲ သုံးမယ်ဆိုရင် - စိတ်နဲ့လူ ပြေလျော့ပြီး အေးဆေးဖြစ်စေတယ်၊ နာကျင်ကိုက်ခဲမှုတွေရှိရင် သက်သာစေတယ်။ နည်းနည်း စိတ်ကျမယ်။ မူးမယ်။ […]


အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

အစိုးရိမ်လွန်တာ ရောဂါတစ်ခုလား

ရေးသားသူ – မောင်မျိုးအောင် (ဆေး – ၁)   အကယ်၍သင်ဟာ ကိုယ်လုပ်ဆောင်ရမယ့်အလုပ်တွေကို ဆောင်ရွက်ရမယ့်အစား စိုးရိမ်စရာတွေပဲ တွေးနေမိတယ်ဆိုရင်တော့ အတွေးလွန်နေပါပြီ။ အတွေးစတစ်ခုထဲကိုပဲ ထပ်ကာထပ်ကာ စဉ်းစားလိုက်၊ သုံးသပ်လိုက်လုပ်နေတယ်ဆိုရင်တော့ အစိုးရိမ်လွန်တဲ့အဆင့်ကို ရောက်နေပါပြီ။ ဒီလိုအစိုးရိမ်လွန်တာမျိုးက ကိုယ့်ရဲ့အချိန်တွေ၊ ခွန်အားတွေကိုအလဟသပြုန်းတီးစေသလို ဘဝအတွက်အရေးပါတဲ့အလုပ်တွေမလုပ်နိုင်အောင်လည်း ဟန့်တားသလိုဖြစ်စေနိုင်တဲ့အတွက် အချိန်မှီပြင်ဆင်သင့်ပါတယ်။ အစိုးရိမ်လွန်တဲ့ဝေဒနာ ခံစားနေရတဲ့အခါ ဘာတွေဖြစ်လာမလဲ ကိစ္စတစ်ခုအကြောင်း ဒါမှမဟုတ် တစ်ဦးတစ်ယောက်အကြောင်းကို မတွေးရမနေနိုင်ဖြစ်လာမယ်။ ပြဿနာကိုအဖြေရှာရမယ့်အစား အတွေးထဲမှာပိတ်မိရင်း တစ်ဝဲဝဲတစ်လည်လည်ဖြစ်နေမယ်။ မကောင်းတဲ့အရာတစ်ခုခုဖြစ်လာပြီဆိုတာနဲ့ အဆိုးဆုံးကိုပဲတွေးကြောက်နေမယ်။ အရင်တုန်းကလုပ်ခဲ့တဲ့ အမှားတွေကို လက်ရှိကြုံတွေ့နေရတဲ့ ကိစ္စတွေထက်ပိုပြီး အာရုံရောက်နေမယ်။ အဆိုးမြင်တာတွေပဲများလာပြီးတော့ ဆုံးဖြတ်ချက်အမှားတွေပဲ ပြုလုပ်လာဖို့များပါတယ်။ ကိုယ့်ရဲ့နေ့စဉ်ပုံမှန်လုပ်ငန်း ဆောင်တာတွေအပေါ်မှာ ကိစ္စသေးသေးလေးတွေကအစ အသေးစိတ်ပြန်စဉ်းစားပြီး လူအများနဲ့ဆက်ဆံတဲ့အပြုအမှုတွေကို ထပ်တလဲလဲပြန်စဉ်းစားနေတဲ့အတွက် အချိန်ကုန်၊ အလုပ်မပြီးတာတွေဖြစ်လာတတ်ပါတယ်။ စိုးရိမ်ပူပန်တာတွေနဲ့ပဲ အချိန်ကုန်နေတဲ့အတွက် ကိုယ်တကယ်လုပ်ရမယ့် အရာတွေမပြီးမြောက်တော့တာတွေဖြစ်လာပါတယ်။ ဒါ့အပြင် စိုးရိမ်လွန်သူတွေဟာ […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

ရိုမန့်တစ် ဆန်တဲ့ မင်္ဂလာပွဲတွေကို အားမကျခင် အရင်စဉ်းစားရမယ့် (၈) ချက်

သူများရဲ့ Wedding ပွဲလေးတွေ ကြည့်ပြီးအားကျနေပြီလား။ ငါ့ပွဲကျရင် ဘယ်လိုခမ်းနားရမယ်၊ ရိုရမယ်၊ လှရမယ်နဲ့ စိတ်ကူးလေးတွေယဉ်ဖူးလား။ အမြဲတမ်းသာယာပြီး ရိုမန့်တစ် ဆန်တာက ဒရမ်မာကားတွေထဲမှာပဲ ရှိပါတယ်နော်။ RS ဘဝကို အဆုံးသတ်ဖို့ လက်တွေ့ကျကျစဉ်းစားကြည့်ရအောင်။ မင်္ဂလာပွဲလှတာ၊ ခမ်းနားတာ၊ ရိုမန့်တစ် တာထက် အရေးကြီးတဲ့ အချက်တွေအများကြီးရှိနေတာ မေ့မထားသင့်ပါဘူး။ လက်ထပ်ဖို့ စဉ်းစားနေပြီဆိုရင် အရေးကြီးဆုံးက လက်တွဲကြမယ့်သူနှစ်ယောက်က အဓိကပါပဲ။ အကြီးအကျယ်လက်ထပ်ပွဲ ကျင်းပပြီး ဟိုးလေးတကျော်လမ်းခွဲကြတာလည်း မြင်တွေ့ဖူးကြမယ်ထင်ပါတယ်။ နှစ်ယောက်ကြားက ကြိုးကို ခိုင်မာမှုရှိအောင် တည်ဆောက်ပြီးမှသာ ချည်နှောင်ကြဖို့ သတိပေးလိုက်ချင်ပါတယ်။ ဒီအချက်တွေကို အရင်စဉ်းစားကြည့်ပါ - (၁) သေချာပြီလား ရင့်ကျက်တဲ့အရွယ်ရောက်နေပြီဖြစ်လို့ လက်ထပ်ဖို့စဉ်းစားနေပြီဆိုရင် ကိုယ့်စိတ်ကိုအရင်သိအောင် လုပ်ပါ။ ဒီလူနဲ့ တစ်သက်လုံးအတူအသက်ကြီးသွားဖို့ သေချာပြီလား၊ အဆိုးအကောင်းတွေ အတူခံယူဖို့ အဆင်သင့်ဖြစ်ပြီလား။ (၂) ယုံကြည်ရပြီလား နှစ်ယောက်ကြားကဆက်ဆံရေးမှာ စိတ်ရင်းနဲ့ရိုးသားကြရဲ့လား၊ ကိုယ့်မှာရှိတဲ့ချို့ယွင်းချက်တွေကို အပြန်အလှန်ပွင့်လင်းကြရဲ့လား။ […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

ချစ်သူဆီကနေ အမျိုးသားတွေ အလိုရှိတဲ့ ရိုးရှင်းတဲ့ ဆန္ဒ ၁၀ ခု

ချစ်သူဆီကနေ အမျိုးသားတွေ အလိုရှိတဲ့ ရိုးရှင်းတဲ့ ဆန္ဒ ၁၀ ခု ယောင်္ကျားတစ်ယောက်ဟာ ကိုယ်ချစ်မြတ်နိုးရတဲ့ မိန်းမတစ်ယောက်ဆီကနေ ဘယ်လိုအရာမျိုးတွေ လိုချင်မလဲ။ ချစ်သူရည်းစား၊ လက်တွဲဖော်၊ အိမ်ထောင်ဖက် အမျိုးသမီးအားလုံးက ဒီအချက်ကို သိချင်နေကြမယ်ထင်ပါတယ်။ လိင်လား၊ အားပေးမှုလား၊ ငွေကြေးလား၊ ဂရုစိုက်မှုလား၊ ကြင်နာယုယမှုလား၊ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးစေချင်တာလား။ ယောင်္ကျားတွေ ဘာလိုချင်နေကြတာလဲ … တစ်ချို့အမျိုးသမီးတွေကထင်တတ်ကြတယ်။ ယောင်္ကျားတွေဟာ လိင်ကိစ္စ၊ ငွေကြေး၊ ဂရုစိုက်မှုစတာတွေ လိုချင်ကြမယ်လို့ပေါ့။ ခုပြောပြမယ့် အချက်တွေနဲ့ နှိုင်းယှဉ်ကြည့်ပါ။ တစ်စိတ်တစ်ပိုင်းပဲမှန်တယ်ဆိုတာကို မြင်ရပါလိမ့်မယ်။ သူတို့ အလိုရှိတဲ့အရာတစ်ချို့ဟာ မိန်းကလေးတွေအတွက် အံ့အားသင့်စရာတောင် ကောင်းနေပါလိမ့်ဦးမယ်။ ဒါပေမယ့် သူတို့လည်း လူသားတွေဖြစ်တယ်ဆိုပြီး ဖြည့်တွေးပေးလိုက်ပါနော်။ ချစ်သူဆီကနေ အမျိုးသားတွေ အလိုရှိတဲ့ ရိုးရှင်းတဲ့ ဆန္ဒ ၁၀ ခု ကဲ အမျိုးသားတွေဟာ သူတို့ချစ်ခင်ရတဲ့ အမျိုးသမီးတွေဆီက […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း