ကျန်းမာစေမည့်အလေ့အကျင့်များ

ကျန်းမာတဲ့ အလေ့အကျင့်တွေဆိုတာ သင့်ကျန်းမာရေးကို အကျိုးပြုစမြဲပါပဲ။ သင့်ရဲ့ နေထိုင်စားသောက်မှု ပုံစံကို ပြောင်းလဲမယ်ဆိုရင် အရေးကြီးဆုံးက ကောင်းတဲ့ အကျင့်နဲ့ မကောင်းတဲ့ အကျင့်ကို ခွဲခြားသိဖို့ပါပဲ။ ဒီစာမျက်နှာမှာ ကောင်းတဲ့ အလေ့အကျင့်တွေနဲ့ သူတို့ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစေမည့်အလေ့အကျင့်များ

အရည်ကြည်ဖုလေးတွေကို သက်သာစေဖို့ အိမ်တွင်းကုထုံး

ရေနွေးပူလောင်တာကြောင့် အရည်ကြည်ဖုလေးတွေ ဖြစ်နိုင်သလို ဖိအားများတာကြောင့်လည်း အရည်ကြည်ဖုလေးတွေ ဖြစ်နိုင်ပါတယ်။ ဒီလို ဖြစ်လာတဲ့အခါ အရည်ကြည်ဖုလေးတွေကို သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ အရည်ကြည်ဖုလေးတွေကို သေချာ ဂရုမစိုက်မိဘူးဆိုရင် အရည်ကြည်ဖုတွေက ပေါက်သွားပြီး အနာဖြစ်တာ၊ ပိုးဝင်တာလိုမျိုး မလိုလားအပ်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ ဒီလို မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ မဖြစ်လာစေဖို့အတွက် အရေပြားပေါ်မှာ အရည်ကြည်ဖုလေးတွေကို ဘယ်လိုမျိုး သေချာ ဂရုစိုက်ရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးချင်ပါတယ်။ အရည်ကြည်ဖုတွေ ဘာကြောင့်ဖြစ်ရတာလဲ။ အရည်ကြည်ဖုလေးတွေက ခန္ဓာကိုယ်ရဲ့ နေရာ အနှံ့မှာ ဖြစ်နိုင်ပါတယ်။ ဆီပူလောင်တာ ရေနွေးပူလောင်တာ မီးပူကပ်မိတာ ခြေထောက်မှာဆိုရင် ဖိနပ်ပေါက်တာ ကြမ်းတမ်းတဲ့ မျက်နှာပြင်တွေမှာ ဖိနပ်မပါဘဲ အချိန်အကြာကြီး လျှောက်မိတာ လက်မှာဆိုရင် တစ်ခုခုကို ကတ်ကြေးသုံးပြီး ဖိညှပ်ရင်း ဖိအားကြောင့် […]

ကျန်းမာစေမည့်အလေ့အကျင့်များ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစေမည့်အလေ့အကျင့်များ ကို ရှာဖွေမည်။

ဆေးလိပ်ဖြတ်ခြင်း

အထာကျကျ Vape သောက်ကြမှာလား

အထာကျကျ Vape သောက်ကြမှာလား E - စီးကရက် လို့ခေါ်သလို Vape လို့လည်း အမည်ရတဲ့ စီးကရက် အစားထိုး ပစ္စည်းကလေးဟာ ပေါ်တာကြာလှပြီဖြစ်သလို မြန်မာပြည်မှာလည်း တွင်တွင်ကျယ်ကျယ် သုံးစွဲနေကြသလို ရောင်းတဲ့ ဆိုင်တွေကိုလည်း လက်ညှိုးထိုးမလွဲ မြင်နေရပါပြီ။Vape ရဲ့ အဓိက ရည်ရွယ်ချက်ဟာ ဆေးလိပ်ဖြတ်ချင်သူတွေအတွက် ရသေ့စိတ်ဖြေ သုံးစွဲနိုင်ဖို့ ဖြစ်ပေမယ့် ဒီခေတ်မှာတော့ ယောက်ျားလေး၊မိန်းကလေး အရွယ်မရွေး စတိုင်ထုတ်တဲ့ ဖက်ရှင်ပစ္စည်းတခု အဖြစ်ကိုပါ ကူးပြောင်းရောက်ရှိလို့ လာပါတယ်။ ယနေ့ထိ ငြင်းခုန်နေကြဆဲ ကိစ္စရပ်တစ်ခု Vape တွေဟာ အဆုတ်ကို အန္တရာယ်ပေး၊ မပေး ဆိုတဲ့ အချက်ကို ယနေ့ထိ ငြင်းခုန်နေကြဆဲဖြစ်သည့်တိုင် သုံးစွဲနေသူတွေရဲ့ စိတ်ထဲမှာတော့ ဒါဟာ ဆေးလိပ်၊စီးကရက်နဲ့ ယှဉ်ရင် ဘာအန္တရာယ်မှ မရှိဘူးလို့ ထင်မြင်နေကြသူက အများစု ဖြစ်ပါတယ်။ […]


ရှေးဦးသူနာပြုစုခြင်း

ဒဏ်ရာကိုဘာ့ကြောင့် ပလာစတာ သို့မဟုတ် ပတ်တီးစည်းထားသင့်တာလဲ

အရေပြားမှာဖြစ်လာတဲ့ ထိခိုက်ပေါက်ပြဲမှုအများစုဟာ အနာကျက်ဖို့အတွက် အစိုဓါတ်ရှိဖို့လိုအပ်ပါတယ်။ အနာကို မဖုံးမအုပ်ဘဲထားရင် အပေါ်ယံအရေပြားဆဲလ်အသစ်တွေကိုခြောက်သွေ့စေလို့ ဒဏ်ရာကိုပိုနာကျင်စေပြီး အနာကျက်နှေးစေပါတယ်။ အနာကို ပလာစတာ သို့မဟုတ် ပတ်တီးနဲ့ဖုံးအုပ်ထားတာက အရေပြားအသစ်ကိုဖြစ်ပေါ်စေပြီး ဆဲလ်တွေကို ရှင်သန်စေပါတယ်။ ဖုန်မှုန့်တွေ၊ပိုးမွှားတွေနဲ့တခြားထိခိုက်မှုတွေရန်က ကာကွယ်ပေးပါတယ်။ အနာကိုဖုံးအုပ်စရာမလိုတဲ့ ရှမိ၊ခြစ်မိတဲ့ဒဏ်ရာအသေးအဖွဲလေးတွေက လွဲလို့ပေါ့။   အနာဘယ်လိုကျက်သလဲ အနာကျက်ခြင်းဖြစ်စဉ်ဆိုတာ ထိခိုက်ဒဏ်ရာရပြီးနောက် အရေပြားနဲ့ခန္ဓါကိုယ်ဆဲလ်တွေကအရေပြားအပေါ်ယံနဲ့အတွင်းပိုင်းအလွှာကိုပြင်ပအရာဝတ္ထုတွေရန်က ကာကွယ်ပေးပြီး အလိုအလျောက်ပြန်လည်ကုသတဲ့ဖြစ်စဉ်ပါ။ အဲဒီဖြစ်စဉ်မှာ ဆဲလ်သစ်ဖြစ်ပေါ်ခြင်း၊ ပျက်စီးနေတဲ့ဆဲလ်သေတွေကိုဖယ်ရှားခြင်း၊ တစ်ရှူးအသစ်ဖွံ့ဖြိုးမှု၊အရေပြားအတွင်းပြန်လည်တည်ဆောက်ခြင်းတို့ပါဝင်ပါတယ်။ အနာကျက်ဖို့ကြာမြင့်ချိန် အနှေးအမြန်ဟာ ဒဏ်ရာရဲ့အရွယ်အစား၊အနေအထားနဲ့ ကိုယ်ခန္ဓါကျန်းမာမှုတို့ကိုမူတည်ပါတယ်။ ဆီးချိုသွေးချိုရောဂါ၊သွေးကြောကျဉ်းရောဂါ၊ရောဂါပိုးဝင်ခြင်းနဲ့ အသက်ကြီးခြင်းတို့လို အခြေအနေတွေကြောင့် အနာကျက်နှေးစေနိုင်ပါတယ်။ သန့်စင်ပေးခြင်းနဲ့ရောဂါပိုးမဝင်အောင်ကြိုတင်ကာကွယ်ခြင်းတို့ကြောင့် အနာကျက်ဖို့အထောက်အကူဖြစ်စေနိုင်ပါတယ်။ သေချာဂရုမစိုက်လို့ အနာပိုးဝင်ပြီဆိုရင်တော့ အားလုံးအစပြန်ရောက်သွားစေပြီးပျောက်ကင်းအောင်ကုသရပိုခက်၊ပိုကြာသွားစေနိုင်ပါတယ်။ အနာမှာ အစိုဓါတ်ရှိတာကောင်းသလား၊ ခြောက်သွေ့နေတာကောင်းလား အနာတစ်ခုခုဆို အရေပြား ခြောက်ပြီး ကွာတော့မယ့်အနေအထားကို အနာကျက်လာပြီလို့ပြောတတ်ကြပါတယ်။ အနာမှာခြောက်သွေ့နေတိုင်း အနာမကျက်ပါဘူး။ တစ်ခါတလေ အနာကအပေါ်ယံခြောက်ပြီးအနာကျက်သလိုမြင်ရပေမယ့် အတွင်းမှာအနာမကျက်ဘဲ တာရှည်နေတာမျိုးရှိပါတယ်။ အနာက ချပ်ချပ်ရပ်ရပ်လေးဖြစ်နေမှ အနာကျက်မြန်မှာလို့ ယူဆသူများတာကြောင့် ဘာမှမဖုံးအုပ်ဖို့၊ […]


ရှေးဦးသူနာပြုစုခြင်း

ထိခိုက်ပွန်းပဲ့ဒဏ်ရာကြောင့် အညိုအမဲစွဲတဲ့အရာတွေရခဲ့ရင်

အမှားကင်းတဲ့သူရယ်လို့မရှိသလို ထိခိုက်ဒဏ်ရာနဲ့ကင်းသူရယ်လို့လည်းမရှိပါဘူး။ လူရယ်လို့ဖြစ်လာရင် ငယ်ငယ်ကတည်းကဆော့ရင်းပြေးရင်း လွှားရင်းနဲ့ချော်လဲလို့ဖြစ်ဖြစ် ထိခိုက်ဒဏ်ရာရတာမျိုးတွေကြုံရနိုင်ပါတယ်။ ဒီလိုထိခိုက်ဒဏ်ရာတွေထဲကမှ ကိုယ်တိုင်မှာဖြစ်ဖြစ် မိသားစုဝင်တစ်ဦးဦးမှာဖြစ်ဖြစ် ပွန်းပဲ့ဒဏ်ရာရတဲ့အခါ ဘယ်လိုမျိုးသက်သာအောင်လုပ်ပေမးလဲဆိုတာကိုပြောပြပေးပါရစေ။ ပွန်းပဲ့ဒဏ်ရာ ပွန်းပဲ့ဒဏ်ရာဆိုတာကနေ့စဉ်လှုပ်ရှားသွားလာရင်း အများဆုံးဖြစ်နိုင်ခြေရှိနေတဲ့ ထိခိုက်ဒဏ်ရာအမျိုးအစားတစ်ခုပါ။ အရေပြားအောက်ဘက်မှာရှိနေတဲ့သွေးကြောလေးတွေက ထိခိုက်မိတဲ့အားကြောင့် ပျက်စီးသွားပြီး အဆိုပါသွေးကြောလေးတွေကနေပေါက်ထွက်သွားတဲ့သွေးတွေကအရေပြားအောက်ဘက်မှာ စုကျန်နေခဲ့တာပါ။ ဒီသွေးတွေကို အနာကျက်ဖြစ်စဉ်တလျှောက် ခန္ဓါကိုယ်ကသွေးတွေကို စုပ်ယူလိုက်ပါတယ်။ ဒါပေမယ့် ခန္ဓါကိုယ်ကသွေးတွေကို အပြည့်အဝမစုပ်ယူခင် (အနာမကျက်ခင်တလျှောက်) မှာတော့အရေပြားမှာ အညိုအမဲစွဲတဲ့ အရာတွေနဲ့ အထိမခံနိုင်အောင်နာတာမျိုးတွေဖြစ်ကျန်ခဲ့နိုင်ပါတယ်။ ဒီလိုဒဏ်ရာမျိုးမှာ ထိခိုက်မိတာက အရေပြားအောက်ကိုနက်လေလေ စိုးရိမ်ရလေလေပါ။ ထိခိုက်ပွန်းပဲ့ဒဏ်ရာတွေကိုနေအိမ်မှာပဲမြန်မြန်သက်သာအောင်လုပ်ဆောင်လို့ရပါတယ်။ ထိခိုက်ပွန်းပဲ့ဒဏ်ရာတွေကြောင့်ဖြစ်တဲ့ အညိုအမဲစွဲတာတွေကိုပြုစုစောင့်ရှောက်နည်း ပွန်းပဲ့ဒဏ်ရာတွေက သူ့အလိုလိုပျောက်သွားနိုင်ပေမယ့် နာကျင်မှုနဲ့ထိခိုက်ဒဏ်ရာတဝိုက်မှာ အညိုအမဲစွဲတာတွေတော့ရှိနိုင်ပါတယ်။ ဒီလိုမျိုး နာကျင်တာနဲ့သွေးခြည်ဥတာတွေကိုသက်သာအောင်လုပ်လို့ရတဲ့နည်းလမ်းတွေရှိနေပါတယ်။ ဘယ်လိုလုပ်မလဲ။ (၁) ထိခိုက်ဒဏ်ရာနဲ့ထိခိုက်ဒဏ်ရာတဝိုက်ကို ညင်ညင်သာသာနှိပ်နယ်ပါ ပွန်းပဲ့ဒဏ်ရာကို သတိရတိုင်း အနာပေါ်နဲ့အနာတဝိုက်ကို နှိပ်နယ်ပေးပါ။ ဒီလိုနှိပ်နယ်ပေးတာက ခန္ဓါကိုယ်ရဲ့ပြန်ရည်ကြောစနစ်ပုံမှန်ပြန်ဖြစ်လာအောင်ကူညီပေးနိုင်ပါတယ်။ အနာ နာကျင်တာမျိုးမဖြစ်စေဖို့အတွက် နှိပ်နယ်တဲ့အခါ အရမ်းအားမသုံးမိဖို့သတိထားပါ။ (၂) ရေခဲကပ်ပါ ထိခိုက်ဒဏ်ရာရသွားတဲ့အခါ အနာတဝိုက်ကိုသွေးစီးဆင်းမှုနည်းသွားစေဖို့အတွက်ရေခဲကပ်ပေးပါ။သွေးကြောတွေကိုအေးနေအောင်လုပ်ထားတာက ထိခိုက်မိတဲ့ဒဏ်ရာတဝိုက်ကတစ်သျှူးတွေဆီကိုသွေးယိုစီးမှုမှုလျော့နည်းစေပါတယ်။ ဒီလိုလုပ်တာက […]


ရှေးဦးသူနာပြုစုခြင်း

အနာကို ဘာကြောင့်သေချာကာကွယ်ဖို့လိုအပ်တာလဲ

အနာဖြစ်တဲ့အခါသေချာဂရုစိုက်ဖို့က မဖြစ်မနေလိုအပ်တဲ့အချက်တစ်ခုပါ။ ဒီလိုဂရုစိုက်တဲ့အခါမှာလည်း မှန်ကန်စွာနဲ့ ဂရုစိုက်မိဖို့ကတော်တော်လေးအရေးကြီးပါတယ်။ အနာကိုသေချာဂရုမစိုက်မိတဲ့အခါ မလိုလားအပ်တဲ့နောက်ဆက်တွြဲပဿနာတွေအများကြီးဖြစ်လာနိုင်တယ်ဆိုတာကတော့ သိပ်ပြီးပြောနေစရာတောင်မလိုအောင် ပရိသတ်တွေသိပြီးဖြစ်မှာပါ။ ဒီဆောင်းပါးလေးမှာ လူတော်တော်များများလွဲမှားစွာသိနေတဲ့ အချက်လေးတစ်ခုကိုရှင်းပြပေးချင်ပါတယ်။ ဒါကတော့ အနာကိုလေထိခံတာက အနာကျက်မြန်တယ်ဆိုတဲ့ အယူအဆပါ။ ဒီအယူအဆက အပြည့်အဝမမှန်ပါဘူး။ အနာဖြစ်တဲ့အခါ လုပ်မိတတ်တဲ့အမှားတွေက အနာဖြစ်လာတဲ့အခါ အရင်ဆုံးလုပ်သင့်တာတစ်ခုက အနာပေါက်ကနေထွက်လာတဲ့သွေးတွေကို ဖယ်ထုတ်ပစ်ဖို့ပါ။ ဒီလိုလုပ်လိုက်တာက အနာထဲကိုရောဂါပိုးတွေဝင်ရောက်နိုင်ခြေကိုလျော့ကျသွားစေနိုင်ပါတယ်။ အနာကိုသွေးတွေညှစ်ထုတ်ပြီးတဲ့အခါမှာတော့ အနာကိုရေသန့်သန့်လေးနဲ့ဆေးကြောပေးလိုက်ပါ။ သတိထားရမှာတစ်ခုနဲ့မဖြစ်မနေလုပ်သင့်တာက အနာဖြစ်သွားတဲ့အခါရေးကြီးသုတ်ပျာနဲ့ အနာကို ကိုင်တွယ်တာမျိုးမလုပ်ဖို့ပါ။ အနာကို မကိုင်တွယ်ခင်မှာ လက်ကို သန့်စင်အောင်ဆေးကြောပေးဖို့လိုပါမယ်။ပြီးရင်တော့ အနာကိုရေခြောက်အောင် ဂွမ်းစလေးနဲ့တို့သုတ်ပေးလိုက်ပါ။ပြီးရင်တော့ အနာအရွယ်အစားကိုလိုက်ပြီး ပတ်တီးစည်းတန်ရင် ပတ်တီး၊ ပလာစတာကပ်လို့အဆင်ပြေမယ့်အနေအထားဆို ပလာစတာကပ်ပေးရပါမယ်။ အနာကိုလေဝင်လေထွက်ကောင်းအောင်လုပ်ပေးရမှာဆိုပေမယ့် အနာကို ပတ်တီးစည်းတာ ၊ပလာစတာကပ်တာတွေမလုပ်ဘဲနဲ့ထားတာမျိုးတော့ မလုပ်သင့်ပါဘူး။ နောက်တစ်ခုက အနာကသေးသေးမွှားမွှားဖြစ်တာပဲ သူ့ဘာသာထားလိုက် အချိန်တန်ရင်ကျက်သွားလိမ့်မယ်ဆိုတဲ့အတွေးပါ။ ဒီအတွေးကတော့ လုံးဝမမှန်ပါဘူး။ အနာဖြစ်တဲ့အခါကြီးကြီးသေးသေးသေချာဂရုစိုက်ဖို့လိုပါလိမ့်မယ်။ အနာကသေးပေမယ့်လည်းသေချာဂရုမစိုက်မိတာကြောင့် ပိုးဝင်ကူးစက်ခံရရင် အရေပြားထိခိုက်ပျက်စီးတာ၊ […]


ရှေးဦးသူနာပြုစုခြင်း

အနာပိုးမဝင်အောင်ကာကွယ်သင့်တဲ့ အကြောင်းအရင်း

ထိခိုက်ရှနာဖြစ်တာကနေ့စဉ်လှုပ်ရှားနေရသူတွေအဖို့ရှောင်လွဲလို့မရတဲ့ပြဿနာပါ။ ပုံမှန်အားဖြင့်ကတော့ ထိခိုက်ရှနာဒဏ်ရာတွေက အလွယ်တကူအနာကျက်သွားကြတာများပါတယ်။ ဒါပေမယ့် ဒီဒဏ်ရာလေးတွေကနေတဆင့် ဘက်တီးရီးယားတွေဝင်ရောက်သွားတဲ့အခါမှာတော့ အနာပိုးဝင်ကူးစက်တာမျိုးတွေဖြစ်လာနိုင်ပါတယ်။ အနာပိုးဝင်ကူးစက်ခံရတဲ့အခါ အသိစောလေလေ ထိထိရောက်ရောက်ကုသနိုင်လေလေပါ။ အနာပိုးဝင်တာကိုသေချာမကုသဘဲထားမိမယ်ဆိုရင် မလိုလားအပ်တဲ့နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေဖြစ်လာနိုင်ပါတယ်။ အခုဆောင်းပါးလေးမှာတော့ အနာပိုးဝင်ကူးစက်တဲ့အကြောင်းကိုပြည့်ပြည့်စုံစုံလေးပြောပြပေးချင်ပါတယ်။ အနာပိုးဝင်တာက ဘယ်ထိခိုက်ဒဏ်ရာမျိုးမှာမဆိုဖြစ်နိုင်ပါတယ်။ အရေပြားက ခန္ဓါကိုယ်ထဲကိုရောဂါပိုးတွေ မဝင်ရောက်နိုင်အောင် တားဆီးပေးထားတဲ့ ခံတပ်တစ်ခုပါ။ ထိခိုက်ဒဏ်ရာဖြစ်တဲ့အခါ အပေါ်ယံအရေပြားကပေါက်ပြဲသွားတာကြောင့်ရောဂါပိုးတွေကို ကာကွယ်ပေးနိုင်တဲ့ အတားအဆီးကျိုးပျက်သွားပြီလို့ဆိုရပါမယ်။ ဒီလိုအခြေအနေမှာ ပတ်ဝန်းကျင်မှာရှိတဲ့ ဘက်တီးရီးယားတွေက အနာပေါက်ကနေတဆင့် ကိုယ်ခန္ဓါအတွင်းထဲကိုဝင်ရောက်သွားပြီး ပိုးဝင်ကူးစက်တာတွေဖြစ်လာပါတော့တယ်။ အချို့အနာပိုးဝင်တာတွေကိုantibioticဆေးဝါးတွေနဲ့ကုသနိုင်ပေမယ့် အနာပြင်းထန်မယ်ဆိုရင်တာ့ ဆရာဝန်နဲ့သွားရောက်ပြသတာအကောင်းဆုံးဖြစ်ပါလိမ့်မယ်။ အနာပိုးဝင်ရင် ဘာတွေဖြစ်လာနိုင်လဲ အနာပိုးမဝင်အောင်ကာကွယ်နိုင်သလို အနာပိုးဝင်တာက အရမ်းမဆိုးဝါးတဲ့အခါမျိုးမှာantibioticဆေးဝါးတွေနဲ့ကုသလို့ရနိုင်ပါတယ်။ ဒါပေမယ့်ပေါ့ပေါ့ဆဆထားမယ်ဆိုရင်တော့ အနာပိုးဝင်တာက ပိုဆိုးလာပြီး အသက်အန္တရာယ်ပါစိုးရိမ်ရနိုင်ပါတယ်။ အနာပိုးဝင်တာကို ဂရုမစိုက်ဘဲထားမိရင်ဖြစ်နိုင်တဲ့အဆိုးဆုံးရလဒ်တွေထဲကတစ်ခုကသွေးဆိပ်တက်တာပါ။ ခန္ဓါကိုယ်က ကူးစက်ရောဂါပိုးကိုတိုက်ထုတ်ဖို့အတွက်သွေးကြောတွေထဲကို ဓါတုပစ္စည်းတွေထုတ်လွှတ်လိုက်တဲ့အခါ ခန္ဓါကိုယ်အနှံ့မှာရောင်ရမ်းမှုတွေဖြစ်လာပါတယ်။ ဒီအခြေအနေကိုသွေးဆိပ်တက်တယ်လို့ခေါ်တာပါ။ သွေးဆိပ်တက်တာကြောင့်ဖြစ်တဲ့ရောင်ရမ်းမှုတွေက ခန္ဓါကိုယ်တွင်းမှာပြောင်းလဲမှုတွေဖြစ်စေပြီး ကိုယ်တွင်းအင်္ဂါတွေကိုထိခိုက်ပျက်စိးစေနိုင်ပါတယ်။သွေးဆိပ်တက်တာက အနာကျက်ကိုနှေးစေတဲ့အပြင် အနာကတော်တော်နဲ့မကျက်တာကြောင့် မလိုလားအပ်တဲ့နောက်ဆက်တွဲ အန္တရာယ်တွေကိုပါဖြစ်စေနိုင်ပါသေးတယ်။ တကယ်လို့ […]


ရှေးဦးသူနာပြုစုခြင်း

အပူလောင်နာကို အိမ်မှာပြုစုကုသနည်း

ချက်ရင်းပြုတ်ရင်းဖြစ်ဖြစ် သွားရင်းလာရင်းဖြစ်ဖြစ် မတော်တဆ အပူလောင်တာမျိုးဖြစ်နိုင်ပါတယ်။ မီးဖိုချောင်ဝင်မှ အပူလောင်နိုင်တာ မဟုတ်ပါဘူး။ မီးပူတိုက်ရင်း အပူကပ်မိနိုင်သလိုကော်ဖီသောက်ရင်းမှောက်ကျရာကနေလည်းရေနွေးပူလောင်တာမျိုးလည်းရှိနိုင်ပါတယ်။ အပူလောင်တာက အဖြစ်များတဲ့ ထိခိုက်မိမှုတစ်ခုလို့ပြောရပါမယ်။ ဒီလိုမျိုးအဖြစ်များတဲ့ အပူလောင်ဒဏ်ရာကိုနေအိမ်မှာပဲ ဘယ်လိုကုသရမလဲဆိုတာကိုပြောပြပေးချင်ပါတယ်။ အပူလောင်ဒဏ်ရာအကြောင်း တစေ့တစောင်း ထိခိုက်ဒဏ်ရာတွေကပြင်းထန်တဲ့အတိုင်းအတာကိုလိုက်ပြီး အပူလောင်ဒဏ်ရာတွေကို အမျိုးအစားခွဲခြားနိုင်ပါတယ်။ အပူလောင်နာကို First-degree burn - အရေပြားအပေါ်ယံလွှာထိခိုက်မိတာပါ။ အနည်းငယ်နာကျင်နိုင်ပြီး နီမြန်းရောင်ရမ်းတာမျိုးဖြစ်နိုင်ပါတယ်။ Second-degree burn - အရေပြားအတွင်းပိုင်းလွှာအထိရောက်တဲ့ အပူလောင်ဒဏ်ရာမျိုးပါ။ အရေကြည်ဖုလေးတွေဖြစ်နိုင်သလို အရေပြားမှာ အဖြူရောင်အကွက်မျိုးဖြစ်တာ အရေပြားအပေါ်ယံလွှာပြောင်ပြီး တင်းသွားတာမျိုးဖြစ်နိုင်ပါတယ်။ Third-degree burn - အရေပြားအလွှာတွေအားလုံးကို ထိခိုက်ပျက်စီးသွားတဲ့အနေအထားမျိုးပါ။ အရေးပေါ်ဆေးကုသမှုခံယူဖို့လိုအပ်ပါတယ်။ Fourth-degree burn - အရေပြားအလွှာအားလုံးထိခိုက်ပျက်စီးသွားတဲ့အပြင် အဆစ်တွေနဲ့ အရိုးတွေအထိပါ ထိခိုက်ပျက်စီးသွားတဲ့ အခြေအနေမျိုးပါ။ အရေးပေါ်ဆေးကုသမှုခံယူဖို့လိုအပ်ပါမယ်။ ထိခိုက်ဒဏ်ရာတွေကိုနေအိမ်မှာပဲ ဘယ်လိုကုသမလဲ အပူလောင်သွားတဲ့အခါ အရမ်းမပြင်းထန်ဘူးဆိုရင်နေအိမ်မှာပဲ ကုသစောင့်ရှောက်လို့ရပါတယ်။ အပူလောင်ဒဏ်ရာတွေထဲမှာမှ first […]


ရှေးဦးသူနာပြုစုခြင်း

အရေပြားပေါ်မှာဖြစ်တဲ့ ရေကြည်ဖုတွေကို ဖောက်သင့်လား

ထိခိုက်မိတာကြောင့်ဖြစ်ဖြစ် အပူလောင်တာ နဲ့ အရေပြားမှာရောဂါပိုးတစ်ခုခုကူးစက်တဲ့အခါ အရေပြားမှာရေကြည်ဖုလေးတွေဖြစ်နိုင် ပါတယ်။ ဒီလိုရေကြည်ဖုလေးတွေဖြစ်လာတဲ့အခါ အသည်းယားလို့ဖြစ်ဖြစ်နေရထိုင်ရ ကသိကအောင့်ဖြစ်လို့ပဲဖြစ်ဖြစ်ဖောက်ပစ်ချင်တာမျိုးရှိနိုင်ပါတယ်။ရေကြည်ဖုတွေကို တကယ်ရောဖောက်ပစ်သင့်ရဲ့လား။ ရေကြည်ဖုတွေကိုဖောက်ပစ်တာက ထိခိုက်ဒဏ်ရာပြဿနာတွေအတွက် အဖြေကောင်းတစ်ရပ် အမြဲတော့မဖြစ်နိုင်ပါဘူး။ရေကြည်ဖုဆိုတာက ထိခိုက်မိတာ အပူလောင်တာတွေကြောင့် အရေပြားအပေါ်ဆုံးလွှာထိခိုက်ပျက်စီးသွားတဲ့အခါတွေ့ရနိုင်တဲ့ လက္ခဏာတစ်ရပ်ပါ။ ကိုယ်တိုင်က သတိမထားမိရင်တောင် အရေပြားမှာထိခိုက်မိထားတယ်ဆိုတာကို ရေကြည်ဖုလေးတွေကဖော်ပြပေးနေပါတယ်။ လမ်းအရမ်းလျှောက်ရတဲ့အခါမျိုး စီးထားတဲ့ ဖိနပ်နဲ့ အဆင်မပြေတဲ့အခါမျိုးမှာလည်းခြေထောက်မှာရေကြည်ဖုလေးတွေဖြစ်နိုင်ပါတယ်။ ရေကြည်ဖုလေးတွေက အနာကျက်မြန်စေနိုင်တယ် အရေပြားမှာရေကြည်ဖုလေးတွေဖြစ်တာက ခန္ဓါကိုယ်ရဲ့ အနာကျက်ဖြစ်စဉ်တွေထဲကတစ်ခုပါ။ အပူလောင်နာတော်တော်များများကရေကြည်ဖုလေးတွေဖြစ်တတ်ကြပါတယ်။ အရေပြားအပေါ်ယံလွှာက အနာထဲကိုရောဂါပိုးတွေနဲ့ပြင်ပက အခြားအရာတွေမဝင်ရောက်နိုင်အောင်ကာကွယ်ပေးထားတာပါ။ ထိခိုက်မိတာကြောင့် အပေါ်ယံအရေပြားပျက်စီးသွားတဲ့အခါမှာတော့ ထိခိုက်မိတာကြောင့်ဖြစ်လာတဲ့ ရေကြည်ဖုလေးထဲက အရည်တွေက ထိခိုက်ထားတဲ့အရေပြားကို အာဟာရပြည့်ဝအောင်လုပ်ဆောင်ပေးပြီး အနာကျက်မြန်အောင်လုပ်ဆောင်ပေးပါတယ်။ ရေကြည်ဖုလေးတွေကို ဘယ်လိုဂရုစိုက်မလဲ အနာကြောင့်ဖြစ်တဲ့ရေကြည်ဖုကနေ့စဉ်လှုပ်ရှားမှုတွေမှာ အနှောင့်အယှက်ဖြစ်တာမျိုးမရှိဘူးဆိုရင်တော့ မဖောက်ထုတ်သင့်ပါဘူး။ရောကည်ဖုကြောင့် နာကျင်နေတာ လမ်းလျှောက်ရခက်တာ လုပ်ကိုင်ရခက်တာမျိုးမရှိဘူးဆိုရင် မဖောက်ထုတ်ဖို့ပြောပါရစေ။ရေကြည်ဖုတဝိုက်ကို သန့်ရှင်းအောင်ထားပြီး ပတ်တီးစသန့်သန့်လေးနဲ့အုပ်ထားပေးလိုက်ပါ။ တကယ်လို့ ဆီးချိုရောဂါရှိနေခဲ့မယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြသကြည့်ဖို့ပြောပါရစေ။ အရေပြားပေါ်မှာရေကြည်ဖုလေးတွေဖြစ်နေတယ်ဆိုရင် ကုတ်ဖဲ့တာ၊ဖောက်ထုတ်တာ ဆိတ်ဆွတာမျိုးမလုပ်သင့်ပါဘူး။ အနာကအပေါက်ဖြစ်သွားတဲ့အခါ […]


ရှေးဦးသူနာပြုစုခြင်း

ပလာစတာနဲ့ ပတ်တီးကို ဘယ်လိုသုံးရမလဲ

မတော်တဆြဖစ်လို့ ထိမိရှမိတယ်ဆိုရင် ပလာစတာဝယ်ပြီး လွယ်လွယ်ကပ်လိုက်ကြတာများပါတယ်။ ဒဏ်ရာကြီးရင်တော့ ပတ်တီးစည်းကြတာပေါ့။ ဒါပေမယ့် အသုံးပြုတဲ့နည်းလမ်းမှန်ကန်မှ အနာသန့်ရှင်းပြီးရောဂါပိုးမဝင်ေစမှာဖြစ်ပါတယ်။ အနာကို ဖြစ်သလိုကုသမယ်ဆိုရင် အနာကျက်ဖို့လည်းနှောင့်နှေးစေမယ့်အပြင် ပိုးဝင်ခဲ့ရင်ေနာက်ဆက်တွဲဆိုးကျိုးေတွရှိစေနိုင်ပါတယ်။ ဒါ့ကြောင့် ဘယ်ဒဏ်ရာကိုမဆို အရင်ဆုံးလုပ်ပေးသင့်တဲ့ ဒီအချက်လေးတွေကို သိထားသင့်ပါတယ်။ အနာကို မထိတွေ့ခင် လက်အရင်ဆေးပြီးခြောက်အောင်သုတ်ပါ။ (ဒဏ်ရာကြီးတယ်ဆို လက်အိတ်စွပ်ပြီးဆေးထည့်၊ပတ်တီးစည်း လုပ်သင့်ပါတယ်) သွေးထွက်နေတယ်ဆိုရင် လူနာကို ထိုင်ခိုင်း သို့မဟုတ် လှဲနေခိုင်းပါ။ အနာကိုလေနဲ့မမှုတ်ရပါဘူး။ သွေးတိတ်စေဖို့အနာကိုဖိထားပြီး အနာရှိတဲ့ လက် သို့မဟုတ်ခြေထောက်ကို နည်းနည်းမြှင့်ထားပါ။ အနာကို ဖုံးအုပ်နိုင်လောက်တဲ့အရွယ်အစားရှိတဲ့ ပလာစတာ သို့မဟုတ် ပတ်တီးကိုသုံးပါ(ဥပမာ အနာက ပလာစတာကပ်လို့ အပြည့်အဝမဖုံးအုပ်နိုင်ဘူးဆိုရင် ဒဏ်ရာမကြီးလည်း ပတ်တီးစည်းပါ) ပလာစတာနဲ့ ပတ်တီးကို ပုံမှန်အသစ်လဲသင့်ပါတယ်။ ဒဏ်ရာကသိပ်များတယ်ဆိုရင်တော့ အရေးပေါ်ဆေးထည့်ပြီးတာနဲ့ဆေးခန်းပြသင့်ပါတယ်။ ပလာစတာ ကပ်မယ်ဆိုရင် ပလာစတာဆိုတာ အနာကပ် gauzeလေးတစ်ခုနဲ့ ကျုံ့ဆန့်လို့ရတဲ့ ကပ်ခွာလေးတွဲပေးထားတာဖြစ်လို့ အသေးစားဒဏ်ရာအနာတရဖြစ်ရင် […]


ရှေးဦးသူနာပြုစုခြင်း

ထိခိုက်ဒဏ်ရာနဲ့ မေးခိုင်အန္တရာယ်

အနာဖြစ်ရင်သေသေချာချာဂရုစိုက်ဖို့လိုပါတယ်။ အရမ်းမပြင်းထန်ရင်ဆေးလိမ်းတာလောက်နဲ့ သက်သာပျောက်ကင်းနိုင်ပေမယ့် ဒဏ်ရာက နက်တဲ့အခါ ညစ်ပေတဲ့အရာတွေနဲ့ ထိခိုက်မိတဲ့အခါမျိုးမှာတော့ဆေးလိမ်းရုံလောက်နဲ့ မသက်သာတော့ပါဘူး။မေးခိုင်ကာကွယ်ဆေးထိုးဖို့လိုအပ်လာပါလိမ့်မယ်။မေးခိုင်ရောဂါပိုးက ကြိုတင်ကာကွယ်ထားတာက အကောင်းဆုံးဆိုတာကိုသင်သိပါရဲ့လား။ ဒီတစ်ခေါက်မေးခိုင်ရောဂါပိုးအကြောင်းလေးပြောပြပါရစေ။ မေးခိုင်ပိုးဆိုတာ မေးခိုင်ပိုးဆိုတာကClostridium tetani ဘက်တီးရီးယားကနေ ထုတ်လွှတ်လိုက်တဲ့ အဆိပ်တစ်မျိုးကြောင့်ဖြစ်လာရတာပါ။မေးခိုင်ရောဂါကပြင်းထန်တဲ့ဘက်တီးရီးယား ကူးစက်ရောဂါတစ်မျိုးပါ။ ဒီဘက်တီးရီးယားက အာရုံကြောစနစ်ကို ထိခိုက်စေပြီး ကြွက်သားတွေနာကျင်တာ၊မေးရိုးနဲ့လည်ပင်းတလျှောက်ကကြွက်သားတွေတောင့်တင်းသွားတာမျိုးဖြစ်နိုင်ပါတယ်။ ဒီရောဂါပိုးက အပူဒဏ်နဲ့ ဓါတုဆေးတော်တော်များများကို ခံနိုင်စွမ်းရှိပြီး တိုက်ဖျက်ဖို့ခက်တဲ့ ပိုးတွေကို ထုတ်လုပ်ပေးလိုက်ပါတယ်။မေးခိုင်ပိုးက အသက်ရှုရခက်စေပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိဖြစ်စေနိုင်ပါတယ်။ မေးခိုင်ပိုးကမြေကြီးတွေ၊ ဖုန်မှုန့်တွေ၊ တိရစ္ဆာန်နဲ့လူတွေရဲ့ အညစ်အကြေးတွေထဲမှာရှိနေနိုင်ပါတယ်။ ဒဏ်ရာက အရမ်းနက်တာ၊ ညစ်ပေနေတဲ့အရာတွေနဲ့ ထိုးစိုက်မိရာကနေဖြစ်တာ၊သွေးသိပ်မထွက်တဲ့ဒဏ်ရာ နဲ့အောက်ဆီဂျင်ရရှိမှုနည်းတဲ့ ဒဏ်ရာတွေမှာမေးခိုင်ပိုးတွေပေါက်ဖွားနေနိုင်ပါတယ်။မေးခိုင်ပိုးက လူတစ်ယောက်ကနေတစ်ယောက်ကိုတော့ မကူးစက်တတ်ပါဘူး။ မေးခိုင်ပိုးက ဘယ်လောက်အထိပြင်းထန်လဲ မေးခိုင်ပိုးကသေဆုံးမှုအမြင့်ဆုံးဖြစ်စေတဲ့ရောဂါပိုးတစ်မျိုးပါ။ မကြာသေးခင်နှစ်တွေအတွင်းသေဆုံးခဲ့ရသူအရေအတွက်ရဲ့ ၁၀ ရာခိုင်နှုန်းကမေးခိုင်ပိုးဝင်တာကြောင့်သေဆုံးခဲ့ရတယ်လို့ စစ်တမ်းတွေအရသိရပါတယ်။ မေးခိုင်ပိုးဝင်နေပြီဆိုတာကို ဘယ်လိုသိနိုင်မလဲ အနာကနေ တဆင့်ခန္ဓါကိုယ်ထဲမေးခိုင်ပိုးဝင်သွားပြီးတဲ့နောက် ရက်အနည်းငယ်အကြာ ဒါမှမဟုတ် သီတင်းပတ်အနည်းငယ်အကြာမှာရောဂါလက္ခဏာတွေပေါ်လာတတ်ပါတယ်။ရောဂါလက္ခဏာပေါ်ဖို့က ၇ ရက်ကနေ ၁၀ ရက်အထိကြာမြင့်နိုင်ပါတယ်။ ရောဂါလက္ခဏာတွေအနေနဲ့ကတော့ - […]


ရှေးဦးသူနာပြုစုခြင်း

Acetaminophen Poisoning (ပါရာစီတမော အဆိပ်သင့်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Acetaminophen Poisoning (ပါရာစီတမော အဆိပ်သင့်ခြင်း) ကဘာလဲ။ ပါရာစီတမောပါဝင်တဲ့ အလွယ်တကူဝယ်လို့ရတဲ့ အနာသက်သာ ဆေးတွေဟာ အမျိုးပေါင်း၁၀၀ကျော်လောက်ရှိပါတယ်။ တကယ်လို့ တူညီတဲ့ ပါရာစီတမောကို တံဆိပ်မျိ ုးစုံတို့ကို တစ်ချိန်တည်းမှာ သောက်လိုက်မိပါက လူတစ်ယောက်ဟာ ပါရာစီတမော အများကြီး ကို မသိလိုက်ပဲ သောက်မိသလို ဖြစ်သွားနိုင်ပါတယ်။ ကလေးတွေ အတွက်ဆိုပြီး ပါရာစီတမောကို အရည်ပုံစုံ၊အခဲပုံစံတွေ လာတဲ့အ တွက် မိဘတွေက အရည်တွေအခဲတွေ မျိုးစုံကို ပါရာစီတမော တစ်မျိုးထဲပါတာကို နားမလည်ပဲ တစ်ပြိုင်နက်တည်းတိုက်မိမယ်ဆို ပါက ဒါမှမဟုတ် နာရီအနည်းငယ်အတွင်း တစ်မျိုးပြီးတစ်မျိုးပြောင်း တိုက်မိပါက ကလေးတွေမှာ ဒုက္ခရောက်နိုင်ပါတယ်။ ပါရာစီတမောဆိုတာက ပမာဏအများကြီးသုံးတဲ့အထိကို စိတ်ချရတဲ့ ဆေးဖြစ်တယ်လို့ဆိုနိုင်ပါတယ် သို့သော် ဒီဆေးက လုံး၀ အန္ထရာယ်ကင်းတယ်လို့တော့ပြောလို့မရပါတယ်။ အဆိပ်သင့် တဲ့အထိဖြစ်ဖို့ဆိုရင်တော့ ပါရာစီတမောကို သတ်မှတ်ထားတဲ့ပမာ ဏထက် အကြိမ်များစွာ သောက်လိုက်မှသာ အဆိပ်သင့်ပါမယ်။ ဥပမာအားဖြင့် လူတစ်ယောက်က ၆၈ကီလိုဂရမ်လေးတယ်ဆိုပါက ၃၂၅မီလီဂရမ်ပါဝင်တဲ့ ပါရာစီတမော အလုံး၃၀သောက်ပါက အဆိပ်သင့်စေတဲ့အနေအထားကိုရောက်နိုင်ပြီး တစ်ခါတည်း […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း