ကျန်းမာစေမည့်အလေ့အကျင့်များ

ကျန်းမာတဲ့ အလေ့အကျင့်တွေဆိုတာ သင့်ကျန်းမာရေးကို အကျိုးပြုစမြဲပါပဲ။ သင့်ရဲ့ နေထိုင်စားသောက်မှု ပုံစံကို ပြောင်းလဲမယ်ဆိုရင် အရေးကြီးဆုံးက ကောင်းတဲ့ အကျင့်နဲ့ မကောင်းတဲ့ အကျင့်ကို ခွဲခြားသိဖို့ပါပဲ။ ဒီစာမျက်နှာမှာ ကောင်းတဲ့ အလေ့အကျင့်တွေနဲ့ သူတို့ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစေမည့်အလေ့အကျင့်များ

အရည်ကြည်ဖုလေးတွေကို သက်သာစေဖို့ အိမ်တွင်းကုထုံး

ရေနွေးပူလောင်တာကြောင့် အရည်ကြည်ဖုလေးတွေ ဖြစ်နိုင်သလို ဖိအားများတာကြောင့်လည်း အရည်ကြည်ဖုလေးတွေ ဖြစ်နိုင်ပါတယ်။ ဒီလို ဖြစ်လာတဲ့အခါ အရည်ကြည်ဖုလေးတွေကို သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ အရည်ကြည်ဖုလေးတွေကို သေချာ ဂရုမစိုက်မိဘူးဆိုရင် အရည်ကြည်ဖုတွေက ပေါက်သွားပြီး အနာဖြစ်တာ၊ ပိုးဝင်တာလိုမျိုး မလိုလားအပ်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ ဒီလို မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ မဖြစ်လာစေဖို့အတွက် အရေပြားပေါ်မှာ အရည်ကြည်ဖုလေးတွေကို ဘယ်လိုမျိုး သေချာ ဂရုစိုက်ရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးချင်ပါတယ်။ အရည်ကြည်ဖုတွေ ဘာကြောင့်ဖြစ်ရတာလဲ။ အရည်ကြည်ဖုလေးတွေက ခန္ဓာကိုယ်ရဲ့ နေရာ အနှံ့မှာ ဖြစ်နိုင်ပါတယ်။ ဆီပူလောင်တာ ရေနွေးပူလောင်တာ မီးပူကပ်မိတာ ခြေထောက်မှာဆိုရင် ဖိနပ်ပေါက်တာ ကြမ်းတမ်းတဲ့ မျက်နှာပြင်တွေမှာ ဖိနပ်မပါဘဲ အချိန်အကြာကြီး လျှောက်မိတာ လက်မှာဆိုရင် တစ်ခုခုကို ကတ်ကြေးသုံးပြီး ဖိညှပ်ရင်း ဖိအားကြောင့် […]

ကျန်းမာစေမည့်အလေ့အကျင့်များ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစေမည့်အလေ့အကျင့်များ ကို ရှာဖွေမည်။

ဆေးလိပ်ဖြတ်ခြင်း

ဆေးလိပ်ဖြတ်ခြင်းကို ရင်ဆိုင်နိုင်စေသော အချက်၇ချက်

ခြုံပြောရမယ်ဆိုရင် နီကိုတင်းဖြတ်တယ်ဆိုတာ တိုးတောင်းသော်လည်း တော်တော်လေးပြင်းထန်ပါတယ်။ အထူးသဖြင့် ဘာတွေရင်ဆိုင်ရမလဲဆိုတာ မသိရင် ပိုဆိုးပါတယ်။ ဆေးလိပ်စစဖြတ်ချင်းမှာ ဘာတွေ ကြုံတွေရမယ်ဆိုတာ သိအောင်လုပ်ထားပါ။ အဲဒါကို ကိုင်တွယ်နိုင်လိမ့်မယ်၊ ပြီးတော့ ခဏတာလေးပဲဆိုတာ သင်သိသွားပါလိမ့်မယ်။ ၁။ ဘာကြောင့် ဆေးလိပ်ဖြတ်ချင်တာလဲ ပြန်ဆန်းစစ်ပါ။ ဆေးလိပ်ဖြတ်တဲ့လူတိုင်း အကြောင်းပြချက်ရှိကြပါတယ်။ တော်တော်များများဟာ အကြောင်းပြချက်တွေ တူညီနေကြလေ့ရှိပါတယ်။ အချို့ကတော့ တခြားသူတွေနဲ့မတူတဲ့ အကြောင်းပြချက်မျိုးရှိပါတယ်။ ကိုယ်တိုင်အကြောင်းပြချက်တစ်ခုကို ခိုင်မာအောင်ထားပြီး ဆက်လုပ်သွားရပါမယ်။ စိတ်ထဲမှာ ပေါ်လာတဲ့အကြောင်းပြချက်တွေကို ထပ်ထည့်ရပါမယ်။ ချရေးထားပြီး မကြာခဏ ပြန်ဖတ်ပေးပါ။ အဲဒီအကြောင်းပြချက် အစုအဝေးကြီးက သင်ဆေးလိပ်ပြတ်စေဖို့ အကောင်းဆုံးလက်နက်ပါပဲ။ ၂။ ကျိုးသင့်ကြောင်းသင့်ဆင်ခြင်နေရမယ့်အချိန်ကို သိပါစေ။ ဆေးလိပ်စဖြတ်တဲ့နေ့တွေမှာဆိုရင် ဆေးလိပ်တစ်လိပ်လောက် သောက်လိုက်မယ်ဆိုတဲ့ အတွေးတွင်ဝင်လာမှာ ဧကန်မုချပါပဲ။ အမှန်အတိုင်းပြောရမယ်ဆိုရင် ပထမ၁ပတ်၊၂ပတ်လောက်မှာ ဆေးလိပ်သောက်ဖို့ပဲ ခေါင်းထဲရှိနေပါလိမ့်မယ်။ စွဲလမ်းမှုမှာ ရုပ်ပိုင်းဆိုင်ရာထက် စိတ်ပိုင်းဆိုင်ရာက ပိုပြင်းထန်ပါတယ်။ ဆေးလိပ်ဖြတ်လိုက်ပြီဆိုတာနဲ့ အတွင်းစိတ်က ဆေးလိပ်ပြန်သောက်ဖို့ ဆွဲဆောင်နေပါလိမ့်မယ်။ ကိုယ်စိတ်ကိုနိုင်အောင် ပြင်ဆင်ထားပါ။ […]


ရှေးဦးသူနာပြုစုခြင်း

ချုပ်ရိုးကို ဘယ်လိုဂရုစိုက်ရမလဲ

ခေါင်းကွဲသွားလို့ ၅ ချက်ချုပ်လိုက်ရတယ်။ ခြေထောက်ဒဏ်ရာ ၄ ချက်ချုပ်လိုက်ရတယ် စသည်ဖြင့် ကိုယ်တိုင်ရော၊ တခြားသူတွေဆီမှာပါ မြင်ဖူးကြားဖူးကြုံဖူးကြမှာပါ။ ဆရာဝန်က ချုပ်ပေးလိုက်တာပဲ ဆိုပေမယ့် ချုပ်လိုက်တယ်ဆိုတိုင်း အနာပေါက်ပိတ်မသွားပါဘူး။ အနာကျက် မသွားပါဘူး။ အနာကျက်ဖို့ အချိန်တစ်ခုတော့ စောင့်ရဦးမှာပါ။ ချုပ်ရိုး ဖြေဖို့ကလည်း ရှိသေးတယ်။ ချုပ်ရိုးကို ဘယ်လိုဂရုစိုက်ရမလဲ ဒဏ်ရာကြောင့်ဖြစ်ဖြစ် တစ်စုံတရာ ခွဲစိတ်ကုသမှုကြောင့်ဖြစ်ဖြစ်၊ ချုပ်ရိုး အနာမကျက်ခင် စပ်ကြားမှာ ဒဏ်ရာကို သေချာဂရုစိုက်ပေးဖို့ အရေးကြီးပါတယ်။ အခန့်မသင့်လို့ အနာပိုးဝင်ခဲ့ရင် ရိုးရိုးအနာထက် အန္တရာယ်နဲ့ နောက်ဆက်တွဲပြဿနာ ပိုများနိုင်လို့ပါ။ ခွဲစိတ်ကုသထားတဲ့ ဒဏ်ရာတွေက ချုပ်ရိုးကြောင့် အနာကျက်လွယ်ပေမယ့် ချုပ်ရိုးကြောင့်ပဲ အမာရွတ်ကြီး ဖြစ်မကျန်အောင်၊ အနာပိုးမဝင်အောင် သတိထားပြီး ဂရုစိုက်တာ အကောင်းဆုံး ဖြစ်ပါတယ်။ ဘာတွေ သတိထားဂရုစိုက်ရမလဲ ပတ်တီး သို့မဟုတ် ပလာစတာကို ဘယ်အချိန်မှာဖယ်ရမလဲ။ တချို့ဒဏ်ရာတွေမှာ […]


ရှေးဦးသူနာပြုစုခြင်း

အသေးစားထိခိုက်ဒဏ်ရာတွေအတွက် လမ်းညွှန်

အိမ်ရှင်မတွေဖြစ်ဖြစ် တစ်နေ့တာလုံးမှာ အိပ်ချိန်ကလွဲလို့ တစ်ချိန်လုံးလိုလိုဆော့နေတတ်တဲ့ အိမ်ရဲ့ဆည်းလည်းလေးတွေဖြစ်ကြတဲ့ သားသားမီးမီးလေးတွေဖြစ်ဖြစ် တစ်နေ့တာလုံး အိမ်ထောင်မှုတစ်ခုလုံးအတွက်ရှာဖွေစုဆောင်းနေရတဲ့ အိမ်ထောင်ဦးစီးဖေဖေတို့မှာပဲဖြစ်ဖြစ် မတော်တဆထိခိုက်တာမျိုးတွေကတော့ရှိနိုင်တာပေါ့နော်။ ဒီလိုထိခိုက်တာမျိုးတွေကို အိမ်မှာပဲ ဂရုစိုက်စောင့်ရှောက်ပေးလို့ရပါတယ်။ အနာကို ဂရုစိုက်တဲ့နည်းမှန်လေလေ အနာသက်သာတာမြန်လေလေပါ။ ဒီဆောင်းပါးလေးထဲမှာ အသေးစားထိခိုက်ရှနာတွေကို ဘယ်လိုစောင့်ရှောက်မှုပေးရမလဲလို့ဖော်ပြထားတာမို့ အနာနဲ့မကင်းနိုင်တဲ့သူတွေအတွက် အသုံးတည့်ဖို့မျှော်လင့်ပါတယ်။ အသေးစားထိခိုက်ရှနာဒဏ်ရာတွေရခဲ့ရင် အသေးစားထိခိုက်ဒဏ်ရာတွေကိုနေအိမ်မှာပဲပျောက်ကင်းသက်သာအောင်ကုသပေးလို့ရပါတယ်။ ဘယ်လိုကုသပေးရမလဲဆိုတာကိုတော့ ဆက်ကြည့်လိုက်ရအောင်နော်။ လက်ဆေးပါ ဒါကအနာတစ်ခုဖြစ်ရင် မဖြစ်မနေလိုက်နာရမယ့် အခြေခံကျတဲ့အချက်ပါ။ အနာကိုမကိုင်တွယ်ခင်လက်ဆေးတာက အနာထဲကို ပိုးဝင်ကူးစက်နိုင်ခြေတွေကိုလျော့ကျစေနိုင်တာကြောင့် အနာကြီးကြီးရရသေးသေးဖြစ်ဖြစ်မဖြစ်မနေလုပ်ရမှာက အနာကိုမကိုင်ခင် အနာကိုကိုင်တွယ်မယ့်လက်ကို အရင်ဆေးကြောဖို့ပါ။ရေမလွယ်ရင်ရေမလိုလက်သန့်ဆေးရည်နဲ့ဆေးကြောပါ။ သွေးတိတ်အောင်လုပ်ပါ ဒဏ်ရာပေါ်မှာ ပတ်တီးစထူထူလေး ဒါမှမဟုတ် အဝတ်စသန့်သန့်လေးတစ်ခုခုနဲ့ မိနစ်အနည်းကြာဖိထားပေးပြီးသွေးတိတ်အောင်လုပ်ဆောင်ပေးပါ။ အနာကိုသန့်စင်ဆေးကြောပါ ပြီးရင်တော့ရေနဲ့ဆပ်ပြာအပျော့စားလေးကို အသုံးပြုပြီး အနာကိုသန့်စင်ဆေးကြောပေးပါ။ ဆားရည်နွေးနွေးလေးကို အသုံးပြုပြီးဆေးကြောပေးလို့လည်းရပါတယ်။ပြတ်ရှဒဏ်ရာဆိုရင်တော့ ဆပ်ပြာသုံးပြီး မဆေးပါနဲ့ အရေပြားကျိန်းစပ်တာမျိုးဖြစ်နိုင်တာကြောင့်ပါ။နောက်တစ်ချက်သတိထားရမှာကပြတ်ရှဒဏ်ရာ တွေကိုhydrogen peroxide သုံးပြီးဆေးကြောတာမျိုးမလုပ်ဖို့ပါ။ အနာကိုသန့်စင်ဆေးကြောချိန်မှာ တလက်စတည်းလုပ်ရမှာတစ်ခုက အနာထဲကဖုန်မှုန့်တွေ၊ အညစ်အကြေးတွေနဲ့ ပြင်ပအရာဝတ္ထုတွေကို ဂရုတစိုက်ဖယ်ရှားဖို့ပါ။ လက်နဲ့ဖယ်ရှားဖို့မလွယ်ဘူးဆိုရင် ဇာဂနာကို အရက်ပြန်စွတ်ပြီးဖြည်းဖြည်းချင်းဖယ်ရှားပေးပါ။ antibiotic တစ်ခုခုလူးပေးပါ အနာကိုသန့်စင်ဆေးကြောပြီးပြီဆိုရင်တော့ […]


ရှေးဦးသူနာပြုစုခြင်း

ဘယ်လိုအခြေအနေမျိုးမှာ အနာကိုချုပ်ဖို့လိုမလဲ

ထိခိုက်ဒဏ်ရာက အရမ်းကြီးတဲ့အခါ ချုပ်ဖို့လိုအပ်တယ်၊ ဘယ်နှချက်လောက်တော့ချုပ်ရမယ်၊ လို့ပြောတာမျိုးကြားဖူးမှာပါ။တော်ရုံအနာလောက်ကတော့ ချုပ်ဖို့မလိုအပ်ပါဘူး။ ဘယ်လိုအခြေအနေမျိုးမှာ အနာကိုချုပ်ဖို့လိုမှာလဲဆိုတာကို သိချင်ရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါနော်။ အနာကိုချုပ်ရတဲ့ အကြောင်းအရင်း ထိခိုက်ဒဏ်ရာရတဲ့အခါ အနာကိုချုပ်ရတဲ့ အကြောင်းအရင်းက ၂ မျိုးရှိပါတယ်။ ပထမတစ်ချက်က အနာကျက်မြန်စေဖို့အတွက် အထောက်အကူဖြစ်စေဖို့ အနာကိုချုပ်ပေးတာဖြစ်ပြီး နောက်တစ်ချက်ကတော့ အနာပိုးဝင်တာနဲ့ အမာရွတ်ကြီးကြီးမားမားထင်ကျန်တာမျိုး မဖြစ်စေဖို့အတွက်ပါ။ အနာကိုထိခိုက်မိချိန်ကနေ ၁၂ နာရီအတွင်းချုပ်ပေးမယ်ဆိုရင် အနာပိုးဝင်ကူးစက်ခံရတာကို အထိရောက်ဆုံးကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့အခါ ဒါတွေလုပ်ပေးဖို့လိုပါမယ် အသေးစားထိခိုက်ဒဏ်ရာရတဲ့အခါမျိုးမှာ အနာကိုသန့်စင်ပြီး ပလာစတာကပ်ထားပေးရင် လုံလောက်ပြီဆိုပေမယ့် အနာကပြင်းထန်မယ်ဆိုရင်တော့ အခုပြောပြမယ့်အချက်လေးတွေကို လုပ်ဆောင်စစ်ဆေးကြည့်ဖို့လိုပါမယ်။ ထိခိုက်မိတဲ့ဒဏ်ရာကိုရေနဲ့ဆပ်ပြာသုံးဆေးကြောပြီးရောဂါပိုးကူးစက်တာမျိုးမရှိအောင်ကာကွယ်ပေးပါ၊ သွေးတိတ်အောင်အနာကို ခပ်ဖွဖွလေးဖိထားပေးပါ၊ အနာအစွန်းတွေကို စစ်ဆေးကြည့်ပါ။ အစွန်းနှစ်ဖက်ကစေ့ကပ်နိုင်ပြီး ခန္ဓါကိုယ်ပုံမှန်လှုပ်ရှားတဲ့အခါတိုင်းမှာ ထိခိုက်တာမျိုးဖြစ်နိုင်လားဆိုတာပါ။ တကယ်လို့အနာကပြင်းထန်ပြီးဆေးကုသို့လည်း လိုအပ်မယ်လို့ယူဆတယ်ဆိုရင် ထိခိုက်မိပြီးချိန်ကနေစလို့ ၆ နာရီကနေ ၈နာရီ အတွင်းဆေးကုသမှုခံယူဖို့ပြောပါရစေ။ အနာကိုချုပ်ဖို့လိုအပ်လားဆိုတာကို ဒီအချက်တွေနဲ့ ဆန်းစစ်ပါတယ် အနာကဘယ်လောက်အထိနက်လဲဆိုတာ အနာဘယ်လောက်ထိနက်လဲဆိုတာက အနာချုပ်သင့်မချုပ်သင့်ဆုံးဖြတ်တဲ့နေရာမှာတော်တော်လေးအရေးပါပါတယ်။ အနာကမနက်ရင် အနာကျက်မြန်ပြီးနောက်ဆက်တွဲဝေဒနာတွေရန်ကနေရှောင်ရှားနိုင်တယ်ဆိုပေမယ့် အနာက […]


ရှေးဦးသူနာပြုစုခြင်း

ဆီးချိုဝေဒနာရှင်တွေမှာ ထိခိုက်ဒဏ်ရာရခဲ့ရင်

အနာကတော့ လူတိုင်းမှာဖြစ်တာပဲ မထူးဆန်းပါဘူး၊ လို့များတွေးနေလား။ အနာကဖြစ်ပြီးရင်ပျောက်သွားတယ်ဆိုတဲ့ အယူအဆက လူတိုင်းအတွက်မမှန်နိုင်ပါဘူး။ ဆီးချိုရောဂါသည်တွေက အနာဖြစ်ပြီးရင် ကျက်ဖို့မလွယ်ပါဘူး။ ဒါကြောင့်ဆီးချိုဝေဒနာသည်တွေအနေနဲ့ အနာကိုမဖြစ်ခင်က ကြိုတင် ကာကွယ်တာကအကောင်းဆုံးပါ။ အနာဖြစ်လာရင်လည်းသေချာဂရုစိုက်ဖို့လိုအပ်ပါတယ်။ ဆီးချိုဝေဒနာရှင်တွေမှာ ထိခိုက်ဒဏ်ရာရတဲ့အခါသေချာဂရုမစိုက်ဘဲထားမယ်ဆိုရင် မလိုလားအပ်တဲ့ နောက်ဆက်တွဲဝေဒနာတွေခံစားရပြီး ကိုယ်လက်အင်္ဂါအစိတ်အပိုင်းတွေ ဖြတ်တောက်ရတာမျိုးအထိဖြစ်နိုင်ပါတယ်။ ဆီးချိုရောဂါရှိနေတာကြောင့် ထိခိုက်မိတာမျိုး မဖြစ်အောင်ဂရုစိုက်နေပေမယ့်လည်း မတော်တဆထိခိုက်မိတာမျိုးဖြစ်မယ်ဆိုရင် ဘယ်လိုများဂရုစိုက်ရမလဲမသိဖြစ်နေသူတွေအတွက် အနာဂရုစိုက်နည်းလေးဝေမျှပေးပါရစေ။ ဆီးချိုဝေဒနာသည်တွေမှာ ဘာကြောင့် အနာကျက်ဖို့ခက်တာလဲ ဆီးချိုဝေဒနာရှိသူတွေအနေနဲ့ သာမန်ထိခိုက်ရှနာမျိုးကိုတောင်သေချာဂရုစိုက်ဖို့လိုပါမယ်။ ဘာကြောင့်လဲဆိုတော့ အရေပြားက လူ့ခန္ဓါကိုယ်ရဲ့ အကြီးမားဆုံးသော အရံအတားတစ်ခုမို့ပါ။ အရေပြားက ခန္ဓါကိုယ်ထဲကိုပြင်ပရောဂါတွေမဝင်ရောက်နိုင်အောင်တားဆီးပေးတဲ့ ခံတပ်တစ်ခုပါ။ ဒါကြောင့် အရေပြားပွန်းပဲ့သွားတာက ကိုယ်ခံအား ကောင်းနေတဲ့ပုံမှန်လူတွေမှာတောင် ရောဂါပိုးတွေ ကိုယ်တွင်းကိုဝင်ရောက်ပြီးထိခိုက်တာမျိုးဖြစ်နိုင်တယ်ဆိုရင် ကိုယ်ခံအားနည်းနေတဲ့ ဆီးချိုဝေဒနာရှင်တွေမှာဆိုပိုဆိုးစေမယ်ဆိုတာပြောစရာတောင်လိုမယ်မထင်ပါဘူး။ ဆီးချိုဖြစ်တဲ့အခါအာရုံကြောတွေထိခိုက်သွားတာကြောင့် ထိခိုက်မိတဲ့အခါချက်ချင်းမသိတာ၊ အပူနဲ့ကပ်မိနေတာတွေကို မသိတာကြောင့် မလိုအပ်ဘဲ အနာကကြီးသွားတာမျိုးဖြစ်နိုင်ပါတယ်။နောက်တစ်ခုက အနာကျက်ဖို့အတွက် အရေးကြီးတဲ့အချက်တစ်ချက်ဖြစ်တဲ့ သွေးလှည့်ပတ်မှုပါ။ ဆီးချိုဖြစ်တဲ့အခါသွေးလှည့်ပတ်မှုက အားနည်းသွားပြီး […]


ရှေးဦးသူနာပြုစုခြင်း

တိရစ္ဆာန်အကိုက်ခံရရင် ဘယ်လိုစောင့်ရှောက်မှုပေးမလဲ

တစ်နေ့တာလှုပ်ရှားသွားလာရင်းထိခိုက်မိတာတွေရှိနိုင်သလို အခန့်မသင့်တဲ့အခါမျိုးဆိုရင် တိရစ္ဆာန်တွေကိုက်တာမျိုးကိုတောင်ခံရနိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါဆေးရုံကိုမဖြစ်မနေသွားပြီးမေးခိုင်ကာကွယ်ဆေးနဲ့ လိုအပ်တဲ့ ကာကွယ်ဆေးတွေထိုးတာမျိုးလုပ်ပေးဖို့လိုတယ်ဆိုပေမယ့်ဆေးရုံဆေးခန်းမရောက်ခင်မှာ အရင်ဆုံးအနာကိုသေချာဂရုစိုက်ဖို့လိုပါမယ်။ ဒါကြောင့် အခုတစ်ခေါက် မတော်တဆ တိရစ္ဆာန်ကိုက်ခံရတဲ့အခါ ဘယ်လိုမျိုးလုပ်ဆောင်ပေးသင့်လဲဆိုတာကိုပြောပြပေးချင်ပါတယ်။ တိရစ္ဆာန်အကိုက်ခံရရင် မတော်တဆ လမ်းမှာသွားလာရင်းခွေးတို့ကြောင်တို့အကိုက်ခံရရင်ဖြစ်ဖြစ် အိမ်မှာမွေးထားတဲ့ခွေးလေးတွေကြောင်လေးတွေနဲ့ဆော့ကစားရင်းဖြစ်ဖြစ် ထိခိုက်မိနိုင်ပါတယ်။ ဒီလိုထိခိုက်မိတဲ့အခါမျိုးမှာ - လက်ကိုသန့်စင်အောင်ဆေးကြောပေးပါ ဒါကတော့ အနာဖြစ်လာရင် မဖြစ်မနေလိုက်နာရမယ့်အခြေခံစည်းမျဉ်းတစ်ရပ်ပါ။ အနာကို မကိုင်တွယ်ခင်မှာ အနာကို ထိတွေ့မယ့်လက်ကို အရင်ဆုံးသန့်စင်အောင်ဆေးကြောပေးတာ အနာကိုပိုးဝင်တာနဲ့ အနာရင်းတာတွေဖြစ်နိုင်ခြေကိုလျော့နည်းစေနိုင်ပါတယ်။ရေအလွယ်တကူမရနိုင်ဘူးဆိုရင်လည်းရေမလိုလက်သန့်ဆေးရည်နဲ့လက်ကို သန့်စင်ပေးပါ။ သွေးတိတ်အောင်လုပ်ပါ ထိခိုက်မိတဲ့အခါ ဒဏ်ရာသွေးထွက်မှာတော့ အသေအချာပါ။ ကိုက်တဲ့အကောင်ကကြီးလေလေ အစွယ်ကကြီးပြီးသွေးထွက်နိုင်ခြေက များလေလေပါ။ ဒါကြောင့် တိရစ္ဆာန်တစ်ကောင်ကောင်းအကိုက်ခံရတဲ့အခါ ထိုက်သင့်သလောက်သွေးထွက်ပြီးသွားပြီဆိုတာနဲ့သွေးတိတ်အောင်လုပ်ရပါမယ်။ အနာပေါ်ကို ပတ်တီးစသန့်သန့်လေးနဲ့ ခပ်ဖွဖွလေးဖိပေးလိုက်ပါ။ အနာကိုအရင်သန့်စင်ပေးပါ ဘာကြောင့်ထိခိုက်မိမိ နောက်တစ်ခုမေ့ထားလို့မဖြစ်တာက အနာကို သန့်စင်ဆေးကြောဖို့ပါ။ အကောင်တစ်ကောင်ကောင်ကိုက်တာခံရတဲ့အခါမှာလည်း အနာကိုရေနွေးနွေးလေးနဲ့ဆပ်ပြာအရင်သုံးပြီး သန့်စင်လိုက်ပါ။ပြီးသွားပြီဆိုရင်တော့ ဂွမ်းစမှာအရက်ပြန်တို့ပြီး သန့်စင်ဆေးကြောပေးလိုက်ပါ။ အနာထဲမှာ ကပ်ညှိနေတဲ့ဖုန်မှုန့်တွေနဲ့ပြင်ပအရာဝတ္ထုတွေကို ဖယ်ထုတ်ပေးပါ။ တိရစ္ဆာန်တွေရဲ့ခံတွင်းက ဘက်တီးရီးယားတွေ များပြားတာကြောင့်ဖြစ်နိုင်ရင် အနာကို anti-baterial ဆပ်ပြာသုံးပြီးအနာကို သန့်စင်ပေးပါ။ […]


ဆေးလိပ်ဖြတ်ခြင်း

ဆေးလိပ်ဖြတ်တဲ့အချိန် လုပ်ကြည့်ရမယ့် အသုံးဝင် နည်းလမ်း (၁၄) ချက်

ဆေးလိပ်ဖြတ်တယ်ဆိုတာ ခရီးရှည်တစ်ခုပါ။ ဆေးလိပ်သောက်သူတွေ အားလုံး ဆေးလိပ်ရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ကောင်းကောင်းကြီးသိကြပါတယ်။ ဒီလို သိနေပေမဲ့လည်း ဆေးလိပ်ဖြတ်ရာမှာ ပိုပြီး လွယ်ကူလာမှာတော့ မဟုတ်ပါဘူး။ သင်ဟာ ဆယ်ကျော်သက်အရွယ် တစ်ခါတစ်ရံ သောက်တဲ့သူပဲ ဖြစ်ဖြစ်၊ တစ်နေ့တစ်ဘူးလောက် ပုံမှန်သောက်နေတဲ့ သူပဲ ဖြစ်ဖြစ် ဆေးလိပ်ဖြတ်ရတာ တကယ်ကိုခက်ပါတယ်။ စီးကရက်တွေမှာ ပါဝင်တဲ့ နီကိုတင်းဟာ သင့်ရဲ့ စိတ်ခံစားချက်နဲ့ စိတ်ဖိစီးမှုကို အမြန်ဆုံး ပြေလျော့စေပါတယ်။ ဆေးလိပ်သောက်သူအများစုဟာ ဆေးရွက်ကြီးမှာ သဘာဝအတိုင်းပါဝင်တဲ့ နီကိုတင်းကို စွဲလမ်းကြတာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာဆိုရင် တစ်ခြားသော မူးယစ်ဆေးဝါးတွေထက် နီကိုတင်းကို စွဲလမ်းတဲ့ လူဦးရေ က ပိုများပါတယ်။ လေ့လာချက်တွေအရ နီကိုတင်းဟာ ဟီရိုးအင်း၊ ကိုကင်းနဲ့ အရက်သေစာတို့ နည်းတူ စွဲလမ်းစေနိုင်တဲ့ အစွမ်းရှိတယ်လို့ဆိုပါတယ်။ ဒီတော့ ဆေးလိပ်အောင်အောင်မြင်မြင်ဖြတ်ချင်တယ်ဆိုရင် […]


ဆေးလိပ်ဖြတ်ခြင်း

ဆေးလိပ်ဖြတ်ချင်သူများအတွက် အကောင်းဆုံး Application (၉)ခု

ဆေးလိပ်ဖြတ်ချင်နေပါသလား။ ဆေးလိပ်ဖြတ်ဖို့ ကြိုးစားတဲ့ အခါမှာလည်း မအောင်မမြင်ဖြစ်နေပါသလား။ စိတ်ဓါတ်မကျပါနဲ့။ ဆေးလိပ်သောက်ဖို့အကျင့်ကို ကျွန်တော်တို့ မသိလိုက် မသိဘာသာနဲ့ နှစ်ပေါင်းများစွာ မွေးမြူခဲ့သလိုပဲ ကျွန်တော်တို့ဆေးလိပ်ဖြတ်တဲ့ အကျင့်ကိုလည်း သိသိနဲ့ စိတ်ရှည်ရှည် မွေးမြူဖို့ပဲ လိုအပ်ပါတယ်။ အခုဒီမှာတော့ Hello ဆရာဝန်ပရိတ်သတ်ထဲက ဆေးလိပ်ဖြတ်ဖို့ ကြိုးစားနေတဲ့ သူတွေအတွက် ဆေးလိပ်ဖြတ်ခရီးစဉ်ထဲမှာ သင့်ကိုအကောင်းဆုံး ကူညီပေးနိုင်မယ့် Application များကို ဖော်ပြပေးလိုက်ပါတယ်။ ဒီ ဆေးဖြတ်ဖြတ်ရာမှာ ကူညီပေးနိုင်တဲ့ Application တွေကို အသုံးပြုရလွယ်ကူခြင်း၊ ပုံစံဒီဇိုင်း၊ စားသုံးသူမှတ်ချက်များ၊ Update ဘယ်နှစ်ကြိမ် လုပ်နေသလဲဆိုတာနဲ့ အရေးကြီးဆုံးကတော့ ဒီ Application တွေရဲ့ ဆေးလိပ်ဖြတ်ရာမှာ ကူညီနိုင်စွမ်းကို အခြေခံပြီး ရွေးချယ်ထားတာဖြစ်ပါတယ်။ Centers for Disease Control and Prevention (CDC) ရဲ့ လေ့လာချက်အရ စီးကရက်သောက်ခြင်းဟာ […]


ရှေးဦးသူနာပြုစုခြင်း

ရေနစ်သူကို အရေးပေါ်ရှေးဦးသူနာပြုစုခြင်း

မိသားစုလိုက်ဖြစ်ဖြစ် လူငယ်တွေချည်းဖြစ်ဖြစ် ရေလမ်းခရီးသွားတဲ့အခါ၊ ရေကူးကြတဲ့အခါရေနစ်မယ့်အန္တရာယ်သတိထားဖို့အရေးကြီးပါတယ်။ရေမကူးတတ်တဲ့သူမှရေနစ်နိုင်တာမဟုတ်ပါဘူး။ ဘယ်သူပဲဖြစ်ဖြစ်ရေနစ်နိုင်တဲ့အန္တရာယ်ရှိနိုင်သလို ရေနစ်နိုင်တဲ့အကြောင်းရင်းတွေက အများကြီးရှိနိုင်ပါတယ်။ ဥပမာ - မတော်တဆရေထဲပြုတ်ကျတာ၊ ကမ်းစပ်မှာရေဆော့ရင်း နစ်တာ၊ လှေ သို့မဟုတ် သင်္ဘောမှောက်တာ၊ ရေကူးနေရင်းခြေထောက်ကြွက်တက်တာ၊ အရက်မူးနေချိန်ရေကူးတာ စသည်ဖြင့်ဖြစ်ပါတယ်။ ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်မျက်စိရှေ့မှာရေနစ်နေတာ၊ အသက်အန္တရာယ်ကြုံနေတာတွေ့ရရင် မကယ်ဘဲမနေနိုင်လောက်ပါဘူး။ ဒါပေမယ့် ဘယ်လိုကယ်မလဲ။ရေထဲဆင်းပြီး ကြိုးစားပမ်းစားကယ်ဆယ်လာခဲ့ရုံနဲ့ မလုံလောက်ပါဘူး။ ဒါ့ကြောင့် ရေနစ်သူကို အရေးပေါ်ဘယ်လိုကယ်မလဲဆိုတာ သိထားသင့်ပါတယ်။ အသက်ရှူနေသေးလား အရင်စစ်ဆေးပါ အသက်ရှူတဲ့လေကို ခံစားမိလား သိရအောင် လူနာရဲ့ပါးစပ်နဲ့ နှာခေါင်းနားမှာ ကပ်နားထောင်ကြည့်ပါ။ အသက်ရှူ နေတဲ့လှုပ်ရှားမှုရှိနေသလား ကြည့်ပါ။ အသက်မရှူတော့ဘူးဆိုရင် သွေးခုန်နှုန်းကို စမ်းကြည့်ပါ လူနာရဲ့သွေးခုန်နှုန်းကို လက်ကောက်ဝတ်ကနေ ၁၀ စက္ကန့်လောက် စမ်းသပ်စစ်ဆေးပါ။ သွေးခုန်နှုန်း စမ်းမရရင် CPR နဲ့ကယ်ပါ လူနာကို အရင်ဆုံး ညီညာတဲ့ကြမ်းပြင်ပေါ် ပက်လက်ထားပါ။ လူနာရဲ့ရင်ဘတ်အလယ်တည့်တည့် လက်ဖနောင့်တစ်ဖက်ကိုထားပြီး […]


ရှေးဦးသူနာပြုစုခြင်း

ထိခိုက်ဒဏ်ရာရတဲ့အခါ ဆောင်ရန် ရှောင်ရန်များ

အငြိမ်မနေလှုပ်ရှားနေရသူတွေအနေနဲ့ ထိခိုက်ရှနာ ဖြစ်တာကရှောင်လွှဲလို့မရတဲ့အရာတစ်ခုပါ။ ထိခိုက်ဒဏ်ရာတစ်ခု ရလာတာက သိပ်အရေးကြီးတဲ့ ကျန်းမာရေးထိခိုက်မှုတော့မဟုတ်ပေမယ့်သေချာမစောင့်ရှောက်ရင်တော့ပေးဆပ်ရမယ့် အရင်းအနှီးကကြီးပါတယ်။ အနာကနေတဆင့်မေးခိုင်ပိုးဝင်တာမျိုးများဖြစ်သွားရင်ဖြစ်လာမယ့်နောက်ဆက်တွဲပြဿနာကတော်တော်လေးကြီးပြီလေ။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ အနာတစ်ခုဖြစ်လာရင် ဘာတွေကို လုပ်ဆောင်ပြီး ဘာတွေကိုရှောင်ရမလဲဆိုတာကိုပြောပြပေးချင်ပါတယ်။ အနာတစ်ခုဖြစ်လာရင်သေချာဂရုစိုက်မှနောက်ဆက်တွဲရောဂါတွေကင်းမှာဖြစ်ပါတယ်။ အနာဖြစ်တဲ့အခါ လုပ်ဆောင်ရမယ့်အချက်တွေက လက်ကိုသန့်စင်ပါ - အနာဖြစ်တဲ့အခါ အရင်ဆုံးမဖြစ်မနေလုပ်ရမှာတစ်ခုက အနာကိုကိုင်တွယ်မယ့်လက်ကို သန့်ရှင်းအောင်ဆေးကြောဖို့ပါ။ အနာကို မကိုင်တွယ်ခင်မှာ လက်ကိုသန့်ရှင်းအောင်ဆေးကြောတာက အနာရင်းတာနဲ့အနာပိုးဝင်တာတွေ ဖြစ်နိုင်ခြေနည်းသွားစေနိုင်ပါတယ်။ အနာကိုသန့်စင်ပါ -အနာဖြစ်လာတဲ့အခါနောက်ထပ်လုပ်ရမယ့်နောက်တစ်ချက်က အနာကိုသန့်စင်ပါ။ အနာဖြစ်တဲ့အခါထွက်လာတဲ့သွေးတွေကိုညှစ်ထုတ်လိုက်ပါ။ပြီးရင်တော့ အနာကိုရေသန့်သန့်နဲ့ဆပ်ပြာသုံးပြီး သန့်စင်ဆေးကြောပေးရပါမယ်။ ဆေးတစ်ခုခုလိမ်းပေးပါ - အနာကိုသန့်စင်ဆေးကြောတာတွေလုပ်ပြီးသွားပြီဆိုရင်တော့ အနာကိုရောဂါပိုးမွှားတွေ၊ ဖုန်မှုန့်တွေမဝင်ရောက်နိုင်စေဖို့အတွက် အနာပေါ်ကနေဆေးတစ်ခုခုလိမ်းပေးပါ။ ဗီတာမင် C စားသုံးပေးပါ - ဗီတာမင် C ကကိုယ်ခံအားကိုကောင်းမွန်စေသလို အနာကျက်မြန်စေပါတယ်။ ဒါကြောင့်ထိခိုက်ဒဏ်ရာတွေဖြစ်တဲ့အခါ လိမ္မော်သီး၊ရှောက်ချိုသီး၊ ဂရိတ်ဖရု နဲ့ အခြားအချဉ်ဓါတ်ပါတဲ့ အသီးတွေကို စားသုံးပေးပါ။ အာဟာရပြည့်ဝအောင်စားသုံးပေးပါ -ခန္ဓါကိုယ်ကျန်းမာဖို့က အာဟာရ ပြည့်ဝအောင်စားသုံးဖို့လိုအပ်ပါတယ်။နေ့စဉ်စားသုံးတဲ့အစားအစာတွေထဲမှာ ပရိုတင်း၊ဇင့်နဲ့ဗီတာမင် C […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း