ကျန်းမာစေမည့်အလေ့အကျင့်များ

ကျန်းမာတဲ့ အလေ့အကျင့်တွေဆိုတာ သင့်ကျန်းမာရေးကို အကျိုးပြုစမြဲပါပဲ။ သင့်ရဲ့ နေထိုင်စားသောက်မှု ပုံစံကို ပြောင်းလဲမယ်ဆိုရင် အရေးကြီးဆုံးက ကောင်းတဲ့ အကျင့်နဲ့ မကောင်းတဲ့ အကျင့်ကို ခွဲခြားသိဖို့ပါပဲ။ ဒီစာမျက်နှာမှာ ကောင်းတဲ့ အလေ့အကျင့်တွေနဲ့ သူတို့ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစေမည့်အလေ့အကျင့်များ

အရည်ကြည်ဖုလေးတွေကို သက်သာစေဖို့ အိမ်တွင်းကုထုံး

ရေနွေးပူလောင်တာကြောင့် အရည်ကြည်ဖုလေးတွေ ဖြစ်နိုင်သလို ဖိအားများတာကြောင့်လည်း အရည်ကြည်ဖုလေးတွေ ဖြစ်နိုင်ပါတယ်။ ဒီလို ဖြစ်လာတဲ့အခါ အရည်ကြည်ဖုလေးတွေကို သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ အရည်ကြည်ဖုလေးတွေကို သေချာ ဂရုမစိုက်မိဘူးဆိုရင် အရည်ကြည်ဖုတွေက ပေါက်သွားပြီး အနာဖြစ်တာ၊ ပိုးဝင်တာလိုမျိုး မလိုလားအပ်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ ဒီလို မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ မဖြစ်လာစေဖို့အတွက် အရေပြားပေါ်မှာ အရည်ကြည်ဖုလေးတွေကို ဘယ်လိုမျိုး သေချာ ဂရုစိုက်ရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးချင်ပါတယ်။ အရည်ကြည်ဖုတွေ ဘာကြောင့်ဖြစ်ရတာလဲ။ အရည်ကြည်ဖုလေးတွေက ခန္ဓာကိုယ်ရဲ့ နေရာ အနှံ့မှာ ဖြစ်နိုင်ပါတယ်။ ဆီပူလောင်တာ ရေနွေးပူလောင်တာ မီးပူကပ်မိတာ ခြေထောက်မှာဆိုရင် ဖိနပ်ပေါက်တာ ကြမ်းတမ်းတဲ့ မျက်နှာပြင်တွေမှာ ဖိနပ်မပါဘဲ အချိန်အကြာကြီး လျှောက်မိတာ လက်မှာဆိုရင် တစ်ခုခုကို ကတ်ကြေးသုံးပြီး ဖိညှပ်ရင်း ဖိအားကြောင့် […]

ကျန်းမာစေမည့်အလေ့အကျင့်များ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစေမည့်အလေ့အကျင့်များ ကို ရှာဖွေမည်။

ရှေးဦးသူနာပြုစုခြင်း

ကလေးငယ် အိမ်မွေးတိရစ္ဆာန် အကိုက်ခံရခြင်း

အကြမ်းအားဖြင့် အမေရိကမှာဖြစ်ပွားတဲ့ အရေးပေါ် ကျန်းမာရေးကိစ္စ ၈၀၀၀၀၀ ခန့်က တိရစ္ဆာန်ကိုက်ခြင်းကြောင့်ဖြစ်ပြီး ဒီထဲကတစ်ဝက်လောက်ကကလေးငယ်လေးတွေပါ။ တောရိုင်း တိရစ္ဆာန်တွေ ကိုက်ခံရတာမျိုးရှိသလို အိမ်မွေးတိရစ္ဆာန်လေးတွေ အဓိကအားဖြင့် ခွေးကိုက်ခံရတာပါ။ ခွေးရောကြောင်ပါ အကြောင်းတော်တော်များများကြောင့် ကိုက်တတ်ကြပါတယ်။ တိရစ္ဆာန်ကို ကလေးရှိတဲ့ ပတ်ဝန်းကျင်အသစ်နဲ့ မိတ်မဆက်ပေးခင် ဒီလိုဖြစ်တတ်တယ်ဆိုတာကို နားလည်ထားဖို့အထူးလိုအပ်ပါမယ်။ ၁။ ဘာလို့ အိမ်မွေးတိရစ္ဆာန်တွေ ကိုက်ကြသလဲ ကလေးငယ်များ အထူးသဖြင့် ငါးနှစ်အောက်ကလေးများသည် တိရစ္ဆာန် သို့မဟုတ် လူအကြောင်း ကောင်းစွာနားမလည်သေးပေ။ ကလေးက အိမ်မွေး တိရစ္ဆာန်အနားကို အရမ်းနီးကပ်အောင်သွားပြီး ခြောက်လန့်သလိုဖြစ်သွားတတ်သည်။ သိပ်အဖြစ်မများတဲ့အကြောင်းအရင်းတွေကြောင့်လည်း အိမ်မွေးတိရစ္ဆာန်တွေက ကိုက်တတ်ကြတယ်။ ဥပမာ ကလေးကပြေးနေတဲ့အခါ ခွေးကသားကောင် အဖြစ်မြင်ပြီး တိုက်ခိုက်နိုင်ပါတယ်။ တိရစ္ဆာန်ကိုက်ခြင်း၊ ခြစ်မိခြင်းတို့က အနာသေးရင် သေးပါလိမ့်မယ်။ ဒါပေမယ့် နောက်ဆက်တွဲပြဿနာကတော့ များပါတယ်။ ၂။ တိရစ္ဆာန်ကိုက်ခြင်း လက္ခဏာတွေက ဘာလဲ။ အဖြစ်အများဆုံး […]


ရှေးဦးသူနာပြုစုခြင်း

ကလေးနှင့် အပူလောင်ခြင်း

ကလေးများသည် သေးငယ်ပြီး သိလိုစိတ်ပြင်းထန်ကြသည်။ သူ့တို့နားတွင်ရှိသောအရာများကိုစူးစမ်းလိုကြသည်။ သို့သော် ပူသောအရာ် (ဥပမာ ရေပူ ရေနွေးငွေ့ ဟင်းချက်ဆီပူ မီး နှင့်ပူနေသောအရာဝတ္ထု)ကို မထိရန်သတိမထားမိခြင်းကြောင့် အပူလောင်ခြင်းကိုဖြစ်စေနိုင်သည်။ ကလေးအသားသည် လူကြီးထက်ထိခိုက်လွယ်သည်။ အမေရိကန် အပူလောင်မှုဆိုင်ရာအဖွဲ့အစည်းက အပူလောင်ခြင်းကို အနက် အကျယ်အပေါ်မူတည်ပြီးမပြင်းထန်ခြင်း အတင့်အသင့်ပြင်းထန်ြခ်ငး အလွန်ပြင်းထန်ခြင်း ဟုခွဲထားသည်။ ၁။ အပူလောင်ခြင်း။ အပူလောင်ခြင်း သို့မဟုတ် အပူကြောင့်ဖြစ်သောလောင်ကျွမ်းခြင်းသည် ပြင်းထန်မှုအဆင့်မျိုးစုံရှိသည်။ အချို့သော ဆေးကျွမ်းကျင်မှုများကအဆင့်အလိုက် ပထမဒုတိယ တတိယ ရှားပါးစွာ စတုတ္ထဟုခွဲထားသည်။ အချို့ခွဲခြားချက်က အပေါ်ယံ တဝက် သို့မဟုတ် အပြည့်လောင်ကျွမ်းခြင်းဟူ၍ခွဲထားသည်။ တခါတရံ တဝက်လောင်ကျွမ်းခြင်းက အပေါ်ယံနှင့်အနက် ဟုထက်ခွဲပြီး လေးမျိုးဆက်ခွဲထားသည်။ ၂။ အပူလောင်ခြင်းပုံစံ။ အရေပြားကို အရေးကြီးသောအလွာသုံးခုဖြင့်တည်ဆောက်ထားသည်။ အပီဒါးမစ်(အပေါ်ဆုံးအလွာ) ဒါးမစ်(အရေပြား၏အနက်အလွာ) တစ်သျူးအလွာ( တစ်သျူးအောက်ရှိအလွာ)။   ၃။ အပူလောင်ခြင်း။ ရောဂါလက္ခဏာများ။ အပူလောင်ခြင်းပုံစံတိုင်းသည် လောင်သောပုံစံအတိုင်းရှိတတ်သည်( အချို့မီးလောင်ဒဏ်ရာများက ဒီသုံးမျိုးတစ်ပြိုင်ထဲပါသည်ကို သင်သိသင့်သည်) အပေါ်ယံ သို့မဟုတ် ပထမအဆင့်လောင်ကျွမ်းခြင်း။ […]


ရှေးဦးသူနာပြုစုခြင်း

ကလေးရေနစ်ခြင်း

နွေရာသီသည် ကမ်းခြေသွားရန်အကောင်းဆုံးအချိန်ဖြစ်သည်။ ရေကူးသင်ခြင်းက ကျန်းမာရေးကိုပိုကောင်းစေပြီး ခန္ဓါကိုယ်ရှိ ခုခံအားကိုကောင်းစေသည်။ လူတိုင်းက ရေနစ်ခြင်းမှလုံခြုံအောင်နေနည်း အထူးသဖြင့်ကလေးများကမသိပေ။ ကလေးရေကူးနိုင်လျင်ပင် အန္ဓါရာယ်ရှိနိုင်သည်။ မိဘများအနေနှင့် လုံခြုံစေသောနည်းလမ်းကိုသိထားပြီး ကလေးအား ရေကူးကန် နှင့်ကမ်းခြေတွင်လုံခြုံစွာနေနည်းကိုသင်ပေးသင့်သည်။   ရေနစ်ခြင်းဆိုတာဘာလဲ။ ရေနစ်ခြင်းကို ကမ္လာ့ကျန်းမာရေးအဖွဲ့ က ရေအောက်တွင်ဖြစ်သည့် အသက်ရူမူမမုန်ခြင်းဟုခေါ်သည်။ အပြင်ကျန်းမာရေးပြသာနာ မှသေနိုင်သည့်အထိခွဲထားသည်။ ရေနစ်ခြင်းသည် တိတ်တဆိတ်နှင့် မြန်မြန်ဖြစ်လာတတ်သည်။ တစ်လက်မအောက်(၂.၅ စင်တီမီတာ)ထက်နည်းတွင်ဖြစ်တတ်သည်။   ကလေးရေနစ်ခြင်းကိုဘယ်လိုသိမလဲ။ မတော်မဆ ရေနစ်ခြင်းကိုကာကွယ်ရန် ကလေးကိုပြသာနာဖြစ်စေသည့် လက္ခဏာများကိုသိရန်လိုအပ်သည်။ ပထမဆုံးသောလက္ခဏာမှာ ကလေးက အကူအညီမတောင်းနိုင်ပါ။ စကားမပြောခင် အသက်ရူနိုင်ရန်အရေးကြီးသည်။ သင်ကလေးရေနစ်သည်ကိုတွေ့ပါက သူ၏ပါးစပ်က ရေအောက်သို့နစ်ပြီး ရေပေါ်သို့ပြန်ပေါ်လာလိမ့်မည်။ သူအသက်ရူရန် ရူထုတ်ရန် အကူအညီတောင်းရန်အချိန်ရှိမည်မဟုတ်ပါ။ ဒုတိယလက္ခဏာမှာ အကူအညီတောင်းရန် လက်ကိုဝှေ့မပြနိုင်ပါ။ သူ့ပါးစပ်ကိုရေပေါ်သို့ပေါ်ရန် သူလက်ကိုဆန့်ပြီး ခပ်ကူးရန်ကြိုးစားလိမ့်မည်။ သူမှကယ်တင်သူ သို့မဟုတ်ကယ်တင်သောပစ္စည်ဆီသို့လက်ရောက်အောင်မသွားနိုင်ပါ။ တတိယလက္ခဏာမှာ ကလေးမှ ရုတ်တရက်တိတ်သွားလိမ့်မည်။ ကလေးကရေထဲဆော့နေချိန်တွင် ပျော်ရွင်သောင်းကျန်းနေလေ့ရှိသည်။ သို့သော် ရုတ်တရက်တိတ်သွားပါက ဘာကြောင့်ဖြစ်သည်ကိုရှာဖွေကြည့်ရန်လိုအပ်သည်။ နောက်ဆုံးလက္ခဏာမှာ […]


ရှေးဦးသူနာပြုစုခြင်း

ဓါတ်လိုက်ခြင်း သို့မဟုတ် မိုးကြိုးပစ်ခြင်း

ဓါတ်လိုက်ခြင်းဆိုတာဘာလဲ။ ဓါတ်လိုက်သေခြင်း သည် ကလေးပေါ်ပြုတ်ကျသော သို့မဟုတ် ကလေးတွယ်တက်လိုက်သောဗို့အားများသောဝိုင်ယာထိမိခြင်းကြောင့်ဖြစ်သည်။ အိမ်ပေးသာအားသည် ကလေးရေနှင့်ပါထိနေပါက ပြင်းထန်သောဓါတ်လိုက်ခြင်းကိုဖြစ်စေသည်။ ဓါတ်လိုက်ပါက အသက်ရူသောနှလုံးခုန်ပါရပ်သွားနိုင်သည်။ မြန်မြန်အသက်ကယ်ခြင်းလုပ်ပါက လုံးဝပြန်ကောင်းနိုင်သည်။ ဓါတ်လိုက်ခြင်းလက္ခဏာတွေကဘာလဲ။ ဓါတ်လိုက်ခံရာပါက အပြင်ပိုင်းဒဏ်ရာနည်းနည်းရှိခြင်းသို့မဟုတ် ပြင်းထန်သောလောင်ကျွမ်းဒဏ်ရာရှိခြင်းတိုဖြစ်နိုင်သည်။ နှလုံးခုန်ပါရပ်သွားစေနိုင်သည်။ လောင်ကျွမ်းခြင်းက က ဓါတ်ထွက်သောနေရာနှင့်ကော ကြမ်းပြင်နှင့်ပါထိနေပါကဖြစ်နိုင်သည်။ လက် ဖနောင့် ခေါင်းစသည်တို့နှင့်ထိနေတတ်သည် ထိုပြင် လောင်ကျွမ်းခံရခြင်းနှင့်အခြားဒဏ်ရာများက လျှပ်စစ်နှင့်ထိမိနေချိန် အင်အားများသောကြွက်သားကျုံခြင်းဖြစ်နေပါကလည်းဖြစ်နိုင်သည်။ ကျောရိုးဒဏ်ရာဖြစ်နိုင်သည်ကိုထည့်သွင်းစဉ်းစားသင့်သည်။ အသက်ရူကြပ်ခြင်း ရင်ဘတ်နာခြင်းသို့မဟုတ် ဗိုက်နာခြင်းတို့ရှိပါက အတွင်းပိုင်းဒဏ်ရာရခြင်းဖြစ်နိုင်သည်။ လက် ခြေထောက်နာခြင်း နှင့် ခန္ဓါကိုယ်အခြားနေရာတွင် ပုံမမှန်ခြင်းရှိပါက ဓါတ်လိုက်ခြင်းကြောင့်အရိုးကျိုးခြင်းဖြစ်နိုင်သည်။ ကလေးငယ်များတွင် ပါးစပ်ထဲထည့်ကိုက်ပါက နှုတ်ခမ်းတွင်မီးလောင်ထားခြင်းရှိနိုင်သည်။ ထိုနေရာတွင်နီခြင်း မဲခြင်း မီးခိုရောင်ဖြစ်ခြင်းတို့တွေ့နိုင်သည်။   ဘာလုပ်သင့်သလဲ။ ရှေးဦးသူနာပြုနည်း။ ထိနေရာအရာကိုဖယ်ထုတ်ပါ။ ကလေးငယ်က လျပ်စစ်စီးနေသောကြိုးနှင့်ထိနေသေးပါက လျပ်စစ်ကိုပိတ်ခြင်း ကြိုးကိုဖြတ်ချခြင်းတို့လုပ်ပါ။ ဓါတ်မကူးသောအရာကိုသုံးရန်မမေ့ပါနှင့် (ဥပမာ သစ်သား) ၁၁၅သို့ချက်ခြင်းခေါ်ပါ။ အသက်ကယ်ခြင်း။ အသက်ရူရပ်နေပါကပါးစပ်မှပါးစပ်သို့အသက်ရူခြင်းကိုတတ်နိုင်သမျှစောစောလုပ်ပါ။ တခါတရံအပြင်မှ နှလုံးကြွက်သားနှိပ်ပေးခြင်းကိုလုပ်နိုင်သည်။ နှလုံးအသက်ရူကယ်ခြင်းသင်တန်းကိုတတ်ထားပါ။   ဘယ်အချိန်မှာ ဆေးဝါးကူညီမှုရှာသင့်သလဲ။ ဗို့အားပြင်းပါက ဆေးရုံအရေးပေါ်ဉာနတွင် အကူအညီရှာပါ။ ဗို့အားနည်းပါက အောက်ပါတို့ရှိလျင်ဆရာဝန်ခေါ်ပါ။ နောက်ဆုံးမေးခိုင်ကာကွယ်ဆေးက […]


ရှေးဦးသူနာပြုစုခြင်း

လက်ချောင်းခြေချောင်းထိခိုက်ခြင်း

လက်ချောင်းခြေချောင်းထိခိုက်ခြင်းဆိုတာဘာလဲ။ ပြတ်ရှခြင်း ခြစ်မိခြင်း အညိုအမဲစွဲခြင်းကအဖြစ်အများဆုံးထိခိုက်မှုဖြစ်သည်။ တိုက်မိမှုကအောက်ရှိ တစ်သျူးအပျော့နှင့် အရိုးယောင်ခြင်း အညိုအမဲစွဲခြင်းကိုဖြစ်စေသည်။(လေးသောအရာများ ခြေချောင်းပေါ်သို့ကျခြင်း နံရံကြားလက်ညှပ်ခြင်း)သို့သော် ဖြောင့်နေသောလက်မှ အရိုက်ခံရခြင်း(များသောအားဖြင့်ဘောလုံး) အားက အဆစ်မျက်နှာပြင်ပေါ်သို့သက်ရောက်ပြိး ဒဏ်ရာက ဂျန်လက်ချောင်းကိုဖြစ်စေသည်။ ဂျန်လက်ချောင်းခြေချောင်းများ က ဖြောင့်နေသောလက်ချောင်း သို့မဟုတ် လက်ခ အရိုက်ခံရသည့်အခါမျိုးတွင်ဖြစ်သည်။ များသောအားဖြင့်ဘောလုံးနှင့်အရိုက်ခံရခြင်း။ ထိုအရာကို ထိခိုက်မှုကြောင့်ဖြစ်သောအဆစ်ယောင်ခြင်ဟုလည်းခေါ်သည်။ ဂျန်လက်ချောင်းဟုတ်မဟုတ် ကို လက်ချောင်းထိပ်အပြည့်ဆန့်နိုင်မဆန့်နိုင်နှင့်စမ်းသကိနိုင်သည်။ တခါတရံ လက်သည်းများလည်းပျက်စီးနေနိုင်သည်။ အရိုးကျိုးခြင်းလည်းအဖြစ်များသည်။ အရိုးပါကျိုးပါက ရောဂါပိုးဝင်ပြီး အရိုးယောင်ခြင်းပါတွဲဖြစ်တတ်သည်။   လက်ချောင်းခြေချောင်းထိခိုက်မိခြင်းရဲလက္ခဏာတွေကဘာလဲ။ ရှခြင်း ခြစ်မိခြင်း အညိုအမဲစွဲခြင်း ကအဖြစ်အများဆုံးဖြစ်သည်။ သင်ကလေးလက်ချောင်းခြေချောင်းကောင်းစွာလှုပ်နိုင်ပါက လက်သည်းခွံအထိထိခိုက်မှုမရှိပါက ရေခဲကပ်ခြင်းဖြင့် ယောင်ခြင်းကိုးသက်သာစေနိုင်သည်။ ဂျန်လက်ချောင်းခြေချောင်း။ ဟုတ်မဟုတ်ကို လက်ချောင်းအဆုံးအဆစ်ပြေည့်အဝဆန့်နိုင်မနိုင်ဖြင့်စမ်းသက်နိုင်သည်အဘယ်ကြောင့်ဆိုသော် အားကအဆစ်မျက်နှာပြင်ပေါ်တွင်ဖြစ်ပြီး ဒဏ်ရာထိုနေရာတွင်ဖြစ်သည်။   လက်ချောင်းထိပ်ခြေချောင်းထိပ်များ ကြွေမွဒဏ်ရာ အကျိတ်ခံရခြင်း။ (ကားတံခါးစသည်)များသောအားဖြင့်လက်ချောင်းအဆုံးတွင် ပြတ်ချဒဏ်ရာသို့မဟုတ် သွေးကြည်ဖုပေါက်နိုင်သည်။ တခါတရံ လက်သည်းပျက်စီးပြီး အရိုးကျိုးခြင်းကရှားသည်။ လက်ချောင်းခြေချောင်းများသွေးထွက်နေပါက အနာကိုဖိထားပြီး အပေါ်မြှောက်ထားခြင်းက သွေးကိုရပ်စေသည်။ အနာကိုရေဆပ်ပြာဖြင့်ဆေးပြီး […]


ရှေးဦးသူနာပြုစုခြင်း

ရေနစ်သူကို ရှေးဦးသူနာ ပြုစုနည်း

ရေနစ်ခြင်း (Drowning) ဟူသည်မှာ ရေများစွာ ပြည့်နေသော ရေကန်ကြီးထဲ ပြုတ်ကျမှ ရေနစ်သည်ဟု ခေါ်ဆိုသည် မဟုတ်ပါ၊ သင်၏ အသက်ရှူလမ်းကြောင်းမှ (အသက်ရှူရ ခက်ခဲလောက်အောင်) အဆုပ်ထဲသို့ ရေများ ဝင်လာခြင်းကို ရေနစ်ခြင်းဟု ခေါ်ပါသည်။ လူကြီးတစ် ယောက်သည် တစ်လက်မ၊ နှစ်လက်မ လောက်သာ ရှိသော ရေတွင် ရေနစ်နိုင်ပါသည်။ ကလေးငယ်လေးများအဖို့ ဗေဇင်၊ ရေချိုးဇလုံကဲ့သို့ ရေအနည်းငယ်နှင့်ပင် ရေနစ်နိုင်ပါသည်။ မူကြိုအရွယ်များတွင်မူ ရေကူးကန်များတွင် ရေနစ်ခြင်းသည် အဖြစ်အများဆုံး ဖြစ်ပါသည်။ အတက်ရောဂါ ရှိသူများသည် ရေကူးရင်း အတက်ရောဂါ ကြွလာနိုင်သဖြင့် သတိထားရန် လိုအပ်ပါသည်။ ရေနစ်ခြင်းသည် တစ်ခါတစ်ရံ လူမြင်ကွင်း တွင်ပင် အများမှ သတိမပြုမိဘဲ ဖြစ်ပွားတတ်ပါသည်။ ရေနစ်သူတွင် တွေ့ရသည့် လက္ခဏာများ ရေနစ်သူတိုင်းကို ရေထဲတွင် ယက်ကန်ယက်ကန် အခြေအနေ […]


ဆေးလိပ်ဖြတ်ခြင်း

ဆေးလိပ်မဖြတ်ခင်သိသင့်သောအရာများ

ကျွန်တော်တို့၏ခန္ဓါကိုယ်တွင်ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်ပွားလာနိုင်သည့် ဆိုးကျိုးများအား ကျွန်တော်တို့သိကြပြီးဖြစ်သည်။ သို့သော်လည်း လူအများအပြားသည် ဆေးလိပ်သောက်နေကြသည်။ အဘယ်ကြောင့်ဆိုသော် ဘဝအမောများပြေ၍ စိတ်ဖိစီးမှုများအား ဆေးလိပ်သောက်ခြင်းဖြင့် ဖြေဖျောက်နိုင်သည်ဟု လူအများကယုံကြည်နေ၍ဖြစ်သည်။ သို့သော် ဆေးလိပ်သောက်ခြင်းသည် ခန္ဓါကိုယ်တွင် ဖိစီးမှုများသာ ပို၍ဖြစ်စေသည်။ လေ့လာမှုများအရ နီကိုတင်းသည် သင်၏နှလုံးအား အလုပ်ပိုလုပ်စေသည်။ သင့်ကိုယ်တွင်းရှိအောက်ဆီဂျင်ထောက်ပံ့မှုကိုလည်း လျော့ကျစေသည်။ သင်သည်ထိုအချက်ကိုသတိထားမိ၍ ဆေးလိပ်ဖြတ်ရန် ဆုံးဖြတ်လိုက်ပြီးသည်လည်းဖြစ်နိုင်သည်။ နီကိုတင်း၏လှံူ့ဆော်မှုမရှိပါက သင်၏ဖိစီးသည့် ဘဝသည်သင့်ထံ ပြန်ရောက်ရှိလာမည်ဟု သင့်အနေဖြင့် တွေးကြောက်နေသည်မှာ မြင်သာလှသည်။ သင်ဆေးလိပ်မဖြတ်ခင်တွင် ဖိစီးမှုအားကိုင်တွင်ဖြေရှင်းရန် သင်သိသင့်သော အချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။ ရှေးဦးစွာ နီကိုတင်းကိုဖြတ်ပြီးပါက မည်သည့်အရာများနှင့် ရင်ဆိုင်ရတတ်သည်ကို စိတ်ထဲသိအောင်လုပ်ပါ။ ဆေးလိပ်ဖြတ်သောအခါ သင်သည် စိတ်ဓါတ်ကျစရာကောင်းသော စိတ်ဖိစီးမှု၊စိတ်တိုလွယ်ခြင်း စသည်တို့ကို ရင်ဆိုင်ရမည်ဟုသိထားပါ။ အကောင်းမြင်ရန်ကြိုးစားကြည့်ပါ။ မိမိကိုယ်ကိုယုံကြည်သူများသည် အောင်မြင်ရန်အခွင့်အလမ်းပိုများသူများ ဖြစ်သည်။ ပထမဦးဆုံးအကြိမ်ဆေးလိပ်ဖြတ်ရာတွင် ကောင်းစွာမဖြတ်တောက်နိုင်ခြင်းလည်း ဖြစ်ပွားနိုင်ပါသည်။ သို့သော်လည်း သင့်ကိုယ်သင် စိတ်မပျက်ပါစေနှင့်။ […]


ဆေးလိပ်ဖြတ်ခြင်း

ဆေးလိပ်ဖြတ်နည်း

ဆေးလိပ်သောက်ခြင်းသည် သင့်ကျန်းမာရေးပါမကသင့်ပတ်ဝန်းကျင်ရှိလူများကိုပါကထိခိုက်စေသည်။ သို့သော်ဆေးလိပ်စွဲနေသူအများစုသည် ဆေးလိပ်သာနည်း မျိုးစုံဖြင့် စွဲသောက်နေကြကာ မည်ကဲ့သို့ဆေးလိပ်ဖြတ်ရမည်ကို မသိဖြစ်နေတတ်သည်။ အကယ်၍သင်သည် ထိုလူများထဲမှ တစ်ယောက်ဖြစ်နေခဲ့လျှင် ယခုဆောင်းပါးသည် အကျိုးရှိသည့် နည်းလမ်းများကို ပေးပါလိမ့်မည်။   ဆေးလိပ်၏ဆိုးကျိုးများ ပင်မအာရုံကြောစနစ် - စီးကရက်၏ ပါဝင်မှုတစ်ခုဖြစ်သော နီကိုတင်းသည် စိတ်ကိုပြောင်းလဲစေနိုင်သည်။ ခဏတာသာ သင့်အားတက်ကြွလန်းဆန်းအောင်ဆောင်ရွက်ပေးနိုင်သောအရာဖြစ်သည်။ သို့သော် နောက်ပိုင်းတွင်သင်သည် ဆေးလိပ်အားစွဲလမ်းလာ၍ပိုမိုပင်ပန်းလာတတ်သည်။ အသက်ရှူလမ်းကြောင်းစနစ် - ဆေးလိပ်ငွေ့ကို အသက်ရှူလမ်းကြောင်းစနစ်ထဲသို့ရှူမိသောအခါသင်၏အဆုတ်ကို ဆိုးဝါးစွာ ထိခိုက်စေနိုင်ပါသည်။ ကြာလာသောအခါ သင်၏အဆုတ်သည် ဘေးဥပဒ်ဖြစ်စေနိုင်သည့် ဓါတုပစ္စည်းများအားစစ်ယူနိုင်သည့်စွမ်းအားကို ဆုံးရှံူးသွားလိမ့်မည်။ အချို့သောအဖြစ်များသည့် အသက်ရှူလမ်းကြောင်းနှင့်အဆုတ်ရောဂါများမှာ အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်း၊အအေးပက်ခြင်းနှင့် တုပ်ကွေးဖြစ်ခြင်းတို့ဖြစ်သည်။ နှလုံးနှင့်သွေးလည်ပတ်မှုစနစ် - နီကိုတင်းသည် နှလုံးနှင့်သွေးလည်ပတ်မှုစနစ်တစ်ခုလုံးကို ထိခိုက်စေသည်။ ဆေးလိပ်ငွေ့အားရှူရှိုက်မိသောအခါ သင်၏သွေးထဲရှိသကြားဓါတ်သည် အနည်းငယ်မျှ တက်လာသည်။ တနည်းအားဖြင့်ဆိုသော် ဆေးလိပ်ငွေ့သည်ကောင်းသောကိုလက်စထရောပမာဏများကို လျော့ကျစေပြီးသွေးတိုးစေကာ သွေးခဲများဖြစ်ရန်ပိုမိုအားပေးတတ်သည်။ အရေပြား၊ဆံပင်နှင့်လက်သည်း၊ခြေသည်းစနစ်များ - စီးကရက်ငွေ့သည် သင်၏အရေပြားပုံစံကို ပြောင်းလဲစေကာ အကွက်များ၊မှဲ့ခြောက်များနှင့် ရုပ်ရင့်ခြင်းတို့ကိုဖြစ်စေနိုင်သည်။ အစာလမ်းကြောင်းစနစ် - […]


ဆေးလိပ်ဖြတ်ခြင်း

ဆေးလိပ်သောက်ခြင်းသည် သင့်၏ကျန်းမာရေးကို မည်ကဲ့သို့ထိခိုက်စေသနည်း

ဆေးလိပ်သောက်ခြင်းသည် သင်၏ကျန်းမာရေးကို ပြင်းထန်စွာ ထိခိုက်စေသည်။ ကိုယ်တွင်းရှိ ကလီစာအားလုံးနီးပါးကို ထိခိုက်စေနိုင်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏လေ့လာချက်အရ ဆေးလိပ်သည် သောက်သုံးသူတစ်ဝက်လောက်ကို သေစေနိုင်သည်။ တစ်နှစ်လျှင် လူ6သန်းနီးပါးသည် ဆေးလိပ်ကြောင့်သေဆုံးနေသည်။5သန်းကျော်သည် ဆေးလိပ်အားတိုက်ရိုက်သောက်သုံးခြင်းကြောင့်သေဆုံးရပြီး 600000 ကျော်မှာ ဆေးလိပ်ငွေ့များ ထိတွေ့ခြင်းခံရသော ဆေးလိပ်မသောက်သူများဖြစ်သည်။ သွေးလည်ပတ်မှု သင်ဆေးလိပ်သောက်သောအခါ စီးကရက်မှ အဆိပ်များသည် သင်၏သွေးကြောထဲသို့ဝင်သည်။ ထိုသွေးထဲမှ အဆိပ်များသည် သင့်နှလုံးအား အလုပ်ပုံမှန်ထက်ပိုလုပ်စေကာသင်၏ သွေးကြောများကို ကျဉ်းစေသည့်အပြင် သွေးများပျစ်၍ သွေးခဲဖြစ်နိုင်ချေကိုလည်း တက်စေသည်။ ထို့အပြင် ဆေးလိပ်သောက်သောအခါ ဖြစ်ပေါ်သောပြောင်းလဲမှုများသည် နှလုံးဖောက်ခြင်း(သို့)လေဖြတ်ခြင်းတို့၏ဖြစ်နိုင်ချေကိုလည်း များစေသည်။ နှလုံး ဆေးလိပ်သည် သင်၏နှလုံးနှင့် သွေးလည်ပတ်မှုကို ထိခိုက်စေကာ နှလုံးသွေးကြောရောဂါများ၊နှလုံးဖောက်ခြင်း၊လေဖြတ်ခြင်း၊ခြေလက်များရှိသွေးကြောရောဂါများနှင့် ဦးနှောက်သွေးကြောရောဂါများ ၏ဖြစ်နိုင်ချေကိုလည်းများစေသည်။ ဆေးလိပ်မှ ကာဗွန်မိုနောက်ဆိုဒ် နှင့် နီကိုတင်းသည် သင်၏နှလုံးအား ပိုမိုလျင်မြန်စွာ အလုပ်လုပ်စေသည်။ သွေးခဲများဖြစ်နိုင်ချေကိုလည်း များစေသည်။ စီးကရက်ငွေ့ထဲမှ အခြားသော ဓါတုပစ္စည်းများသည် […]


ဆေးလိပ်ဖြတ်ခြင်း

ဆေးလိပ်ဖြတ်ကြမယ်

ဆေးလိပ်ဖြတ်ဖို့ကြိုးစားကြတဲ့အခါ မိသားစု၊မိတ်ဆွေတွေကို ပါဝင်စေချင်ကြမှာ သဘာဝပါပဲ။ နီကိုတင်းဖြတ်ရတာ ဘယ်လောက်အရေးကြီးတယ်၊ ဘယ်လောက်ခက်ခဲတယ်ဆိုတာ သူတို့ကို သိစေချင်ကြမှာပဲ။ နားလည်စေချင်ကြမှာပဲ။ ဒါပဲမယ့်လည်း အမြဲတမ်းတော့ အလုပ်မဖြစ်ပါဘူး။ ဆေးလိပ်လုံးဝမသောက်ဖူးတဲ့သူတွေထံမှ အကူအညီများ မိသားစု၊မိတ်ဆွေတွေဟာ ဆေးလိပ်ဖြတ်ခြင်းကို အားပေးကြပြီး တကယ်တမ်းလုပ်လိုက်ရင်လည်း ပျော်ရွှင်ဂုဏ်ယူကြပါတယ်။ ဒါပေမယ့်လည်း အချိန်တိုအတွင်းမှာပဲ သူတို့ရဲ့ အားပေးမှုတွေ လျော့ပါးသွားကြတတ်ပါတယ်။ ၁ပတ်၂ပတ်လောက် နေ့စဉ်အားပေးသွားကြပြီး ကြာသွားရင် မေ့သွားကြလေ့ရှိပါတယ်။ ဆေးလိပ်ဖြတ်မယ်မဟုတ်လား။ ဒါဆိုရှေ့ဆက်သွားကြတာပေါ့။ သူတို့တွေက အကြင်နာတရာကင်းမဲ့တာလည်း မဟုတ်သလို ဂရုမစိုက်တာလည်း မဟုတ်ပါဘူး။ သူတို့နားမလည်တာပါ။ ဆေးလိပ်ဖြတ်ကြတဲ့အခါမှာ ဆေးလိပ်လုံးဝမသောက်ဖြစ်တဲ့နေ့တွေက ကြီးမားတဲအောင်မြင်မှုတွေလိုပါပဲ။ အဲဒါကပဲ ရက်သတ္တပတ်နဲ့ချီပြီး ဒါမှမဟုတ် လနဲ့ချီပြီး အဆင်ပြေသွားကြလေ့ရှိကြပါတယ်။ အဲဒီခံစားချက်တွေကို သူတို့ဘယ်တော့မှသိမှာမဟုတ်ပါဘူး။ ဆေးလိပ်မသောက်ဖူးတဲ့ မိသားစုမိတ်ဆွေတွေထံမှ အကူအညီတွေက စိတ်အားထက်သန်မှုမရှိကြတာကြောင့် စိတ်ပျက်စရာကောင်းတတ်ပါတယ်။ ဒါပေမယ့်လည်း ဆေးလိပ်သောက်တဲ့သူတွေထံမှ အကူအညီတွေကလည်း တစ်ခါတစ်ရံ နောက်ပြန်ဆွဲနေတာမျိုးတွေ၊ ကိုယ့်ကိုထိခိုက်နေတာမျိုးတွေလည်း ရှိတတ်ပါတယ်။ ဆေးလိပ်သမားတွေက […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း