ကျန်းမာစေမည့်အလေ့အကျင့်များ

ကျန်းမာတဲ့ အလေ့အကျင့်တွေဆိုတာ သင့်ကျန်းမာရေးကို အကျိုးပြုစမြဲပါပဲ။ သင့်ရဲ့ နေထိုင်စားသောက်မှု ပုံစံကို ပြောင်းလဲမယ်ဆိုရင် အရေးကြီးဆုံးက ကောင်းတဲ့ အကျင့်နဲ့ မကောင်းတဲ့ အကျင့်ကို ခွဲခြားသိဖို့ပါပဲ။ ဒီစာမျက်နှာမှာ ကောင်းတဲ့ အလေ့အကျင့်တွေနဲ့ သူတို့ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစေမည့်အလေ့အကျင့်များ

အရည်ကြည်ဖုလေးတွေကို သက်သာစေဖို့ အိမ်တွင်းကုထုံး

ရေနွေးပူလောင်တာကြောင့် အရည်ကြည်ဖုလေးတွေ ဖြစ်နိုင်သလို ဖိအားများတာကြောင့်လည်း အရည်ကြည်ဖုလေးတွေ ဖြစ်နိုင်ပါတယ်။ ဒီလို ဖြစ်လာတဲ့အခါ အရည်ကြည်ဖုလေးတွေကို သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ အရည်ကြည်ဖုလေးတွေကို သေချာ ဂရုမစိုက်မိဘူးဆိုရင် အရည်ကြည်ဖုတွေက ပေါက်သွားပြီး အနာဖြစ်တာ၊ ပိုးဝင်တာလိုမျိုး မလိုလားအပ်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ ဒီလို မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ မဖြစ်လာစေဖို့အတွက် အရေပြားပေါ်မှာ အရည်ကြည်ဖုလေးတွေကို ဘယ်လိုမျိုး သေချာ ဂရုစိုက်ရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးချင်ပါတယ်။ အရည်ကြည်ဖုတွေ ဘာကြောင့်ဖြစ်ရတာလဲ။ အရည်ကြည်ဖုလေးတွေက ခန္ဓာကိုယ်ရဲ့ နေရာ အနှံ့မှာ ဖြစ်နိုင်ပါတယ်။ ဆီပူလောင်တာ ရေနွေးပူလောင်တာ မီးပူကပ်မိတာ ခြေထောက်မှာဆိုရင် ဖိနပ်ပေါက်တာ ကြမ်းတမ်းတဲ့ မျက်နှာပြင်တွေမှာ ဖိနပ်မပါဘဲ အချိန်အကြာကြီး လျှောက်မိတာ လက်မှာဆိုရင် တစ်ခုခုကို ကတ်ကြေးသုံးပြီး ဖိညှပ်ရင်း ဖိအားကြောင့် […]

ကျန်းမာစေမည့်အလေ့အကျင့်များ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစေမည့်အလေ့အကျင့်များ ကို ရှာဖွေမည်။

ရှေးဦးသူနာပြုစုခြင်း

နင်ပြီး အသက်ရှူကျပ်နေတဲ့သူကို ဘယ်လိုကယ်တင်ရမလဲ

ထမင်းအတူစားနေရင်း ကိုယ့်မိသားစုဝင်တစ်ယောက်ယောက် ရုတ်တရက်အစာနင်ပြီးအသက်ရှူကျပ်နေရင် ဘာလုပ်ပေးရမလဲ။ရော့ရော့ရေသောက်လိုက် ဆိုပြီးရေခွက်ပဲထိုးပေးနေမှာလား။ကျောကနေပဲ တဖတ်ဖတ်ရိုက်ပေးမှာလား။ ရုတ်တရက်အခြေအနေမှာ ဒါမျိုးတွေပဲ လုပ်ပေးမိတာများပါတယ်။ ဒါမှမဟုတ် ကလေးတစ်ယောက်ပါးစပ်ထဲဆော့စရာတွေထည့်ရင်းနင်နေတယ်။ အသက်ရှူတွေကျပ်ပြီး ပြာနှမ်းလာတယ်ဆိုပါစို့။ ဘာလုပ်ပေးမှာလဲ။ ပတ်ဝန်းကျင်ကို ပြေးခေါ်မှာလား။ ဆေးရုံဆေးခန်းကိုအမြန်သွားမှာလား။ အရေးပေါ် ဘယ်လိုကူညီရမလဲ Choking ဖြစ်တယ်ဆိုတာကတော့ အသက်ရှူလမ်းကြောင်းအတွင်း အရာဝတ္ထုတစ်ခုခု တစ်ဆို့နေခြင်းဖြစ်ပါတယ်။ အစာလည်းဖြစ်နိုင်သလို တခြားအရာဝတ္ထုလည်းဖြစ်နိုင်ပါတယ်။ အစာနင်တာက လူကြီးတွေမှာအဖြစ်များပြီး ပါးစပ်ထဲတွေ့ကရာကောက်ထည့်တတ်တဲ့ ကလေးတွေမှာတော့ အရာဝတ္ထုသေးသေးလေးတွေတစ်နေတတ်ပါတယ်။ အသက်ရှူလမ်းကြောင်းမှာ တစ်ခုခုပိတ်ဆို့နေရင် ဦးနှောက်ကိုအောက်ဆီဂျင်ပို့လွှတ်မှုပြတ်တောက်နိုင်တဲ့အတွက် အမြန်ဆုံးအရေးပေါ်ကယ်နိုင်မှ အန္တရာယ်ကင်းနိုင်မှာပါ။ ဒီအချိန်မှာ တခြားလူတွေကိုပဲစောင့်နေရရင် ဆေးရုံဆေးခန်းသွားဖို့လုပ်နေရမယ်ဆိုရင်တော့ အသက်သေဆုံးတဲ့အထိဖြစ်သွားနိုင်ပါတယ်။ ဒီလိုဖြစ်နေပြီဆို အသက်ရှူမရတော့ဘဲ အသံလည်းမထွက်နိုင်တော့တဲ့အတွက် အကူအညီလှမ်းတောင်းနိုင်မှာမဟုတ်ပါဘူး။ ဘေးကနေ သူ့ရဲ့လက္ခဏာကိုပဲ သတိထားမိမှဖြစ်မှာပါ။ အသက်ရှူကျပ်နေသူဟာ - စကားမပြောနိုင်တော့ဘူး အသက်ရှူရခက်နေမယ် တဟွတ်ဟွတ်နဲ့ချောင်းဆိုးမယ် (အစာသီးသလို) နှုတ်ခမ်းနဲ့ လက်သည်းတွေပြာလာမယ်၊ မည်းလာမယ် အရေပြားမှာ နီလာမယ်၊ဖျော့လာပြီးပြာနှမ်းလာမယ် သတိလစ်သွားမယ် […]


ရှေးဦးသူနာပြုစုခြင်း

ဆောင်းတွင်းမှာ အနာကျက်နှေးတယ်ဆိုတာ အမှန်ပဲလား

ရာသီဥတုကအေးနေရင် အရေပြားမှာပြဿနာသိပ်များတာ သိကြမှာပါ။ ဒီအတိုင်းနေရင်းတောင် အသားပပ်ရတာနဲ့၊ နှုတ်ခမ်းကွဲတာလိုမျိုး အက်ကွဲတာတွေဖြစ်နေကြတာ၊ အနာဖြစ်လည်း တခြားအချိန်တွေထက် အနာကျက်နှေးတာကြုံဖူးကြမှာပါ။အေးတတ်တဲ့ မိုးနဲ့ဆောင်းရာသီတွေမှာ အအေးမိ၊တုပ်ကွေးေတွအဖြစ်များကြသလို ဗိုင်းရပ်စ်ေတွနဲ့ ဘက်တီးရီးယားတွေ သက်ဆိုးရှည်တဲ့ရာသီဥတုကိုဖန်တီးပေးလေ့ရှိပါတယ်။ ဒီလိုမျိုးတွေအတွက် ခန္ဓါကိုယ်ရဲ့ကိုယ်ခံအားစနစ်က ခုခံနေရတဲ့အတွက် ဒီဘက်မှာ အနာပိုးဝင်နိုင်ခြေများစေတာဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။ နောက်တစ်ချက်ကအေးနေပြီဆို လူတွေက အိမ်ထဲ၊အခန်းထဲအောင်းနေဖို့ စဉ်းစားကြတော့ပြဿနာရှိလာပြန်ပါတယ်။ လှုပ်ရှားမှုနည်းခြင်းကသွေးလည်ပတ်မှုေကာင်းစေမှာမဟုတ်တဲ့အပြင်ရောဂါပိုးတွေကအေးနေရင်ပြင်ပမှာ ပိုပြီးကြာကြာရှင်သန်နိုင်တာကြောင့် အလုံပိတ်အိမ်ခန်းထဲမှာ အနာနဲ့ ပိုးမွှားဘက်တီးရီးယားေတွထိတွေ့မှုပိုများနိုင်ပါတယ်။ အရေပြားတစ်ရှူးကျန်းမာရေး သိထားကြတဲ့အတိုင်း ဆောင်းတွင်းမှာ အရေပြားအပေါ်ယံအလွှာကို ခြောက်သွေ့စေတဲ့အတွက် အရေပြားမှာဖြစ်တဲ့အနာ၊ ဒဏ်ရာမှန်သမျှအတွက် အဆင်မပြေနိုင်ပါဘူး။ အနာဆိုတာ အစိုဓါတ်ရှိတဲ့ပတ်ဝန်းကျင်မှာမှကောင်းကောင်းအနာကျက်တာမို့ ဒီလိုအချိန်မှာ အနာကို ပလာစတာ သို့မဟုတ် ပတ်တီးနဲ့ စနစ်တကျ ဖုံးအုပ်ကာကွယ်ထားသင့်ပါတယ်။ ဒီလိုဖုံးအုပ်ထားခြင်းအားဖြင့် အစိုဓါတ်ထိန်းရာရောက်တဲ့အပြင် မှိုပိုးကအစ ဘက်တီးရီးယားတွေပေါတဲ့ရာသီမှာ အနာကိုပိုးမဝင်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ကိုယ်ခံအားစနစ်ရဲ့လုပ်ဆောင်ချက် တုပ်ကွေးရာသီမှာ ကိုယ်ခံအားစနစ်ရဲ့လုပ်ဆောင်ချက်က ဒီအတွက်ပဲ အဓိကကာကွယ်နေမှာဖြစ်လို့ အနာကျက်ဖို့၊ ပိုးမဝင်အောင် […]


ဆေးလိပ်ဖြတ်ခြင်း

ဆေးလိပ်သောက်တဲ့အခါမှာ ပျက်စီးလာမယ့် ခန္ဓါကိုယ် အစိတ်အပိုင်းများ

ဆေးလိပ်သောက်သုံးခြင်းဟာ သင့်ကျန်းမာရေးကို ဆိုးဆိုးရွားရွားပျက်စီးစေနိုင်တဲ့ လုပ်ဆောင်ချက်တစ်မျိုးပါ။ အမေရိကန်နိုင်ငံမှာဆိုရင် ဆေးလိပ်သောက်သူတစ်ဦးဟာ မသောက်သူတစ်ဦးထက်သေဆုံးနိုင်ခြေ ၃ ဆအထိ မြင့်မားပါတယ်။ ဆေးလိပ်သောက်လို့ ဖြစ်လာတဲ့ကျန်းမာရေး အကျိုးဆက်တွေက ချက်ခြင်း ဖြစ်လာမှာတော့ မဟုတ်ပေမဲ့ နှစ်ပေါင်းများစွာအထိ ခန္ဓါကိုယ်ထဲမှာ ရှိနေတတ်ပါတယ်။ သတင်းကောင်းတစ်ခုကတော့ ဆေးလိပ်ဖြတ်တဲ့အခါ ဒီအကျိုးဆက်တွေအားလုံးကို ပြန်လျော့သွားတာပါပဲ။ ဒါ့ကြောင့် သင့်အနေနဲ့ ဒီကျန်းမာရေးဆိုးကျိုးတွေကို ကောင်းကောင်းနားလည်ထားပြီး ကိုယ်ယူနေတဲ့ Risk ကို ကောင်းကောင်းသိထားဖို့လိုပါတယ်။ ဆေးလိပ်ကို ဘေးကင်းကင်းနဲ့ သောက်သုံးလို့ရတဲ့ နည်းမရှိပါဘူး။ စီးကရက်ပဲ သောက်သောက်၊ ဆေးပြင်းလိပ်ပဲသောက်သောက်၊ ရေကို အလွှာတစ်ခုအနေနဲ့ ခံပြီး သောက်ရတဲ့ ဆေးလိပ်ကိုပဲ သောက်သောက် သင့်ကို ဆေးလိပ်သောက်ခြင်းကဖြစ်တဲ့ ကျန်းမာရေး အန္တရာယ်တွေ ကနေ ကာကွယ်ပေးနိုင်မှာ မဟုတ်ပါဘူး။ ဘယ်လို ဆေးလိပ်ကိုပဲ သောက်သောက် ဆေးရွက်ကြီးဟာ သင့်ကျန်းမာရေးအတွက် အန္တရာယ်ရှိတဲ့ […]


ဆေးလိပ်ဖြတ်ခြင်း

ဆေးလိပ်ဖြတ်ရာမှာ သင့်ကို ကူညီပေးနိုင်မယ့် ပစ္စည်းများ

ဆေးလိပ်သောက်တတ်တဲ့သူတွေအနေနဲ့ လုပ်နိုင်တဲ့ ကျန်းမာရေးအတွက် အကောင်းဆုံး ဆုံးဖြတ်ချက်တစ်ခုကို ဖော်ပြပါဆိုရင် ဆေးလိပ်ဖြတ်တဲ့ ဆုံးဖြတ်ချက်လို့သတ်မှတ်ရမှာပါ။ သင်ဆေးလိပ်ဖြတ်လိုက်တာနဲ့ သင့်ရဲ့ ခန္ဓါကိုယ်က ပြန်လည်ကောင်းမွန်လာမှာ ဖြစ်ပြီး သွေးထဲက ကာဗွန်မိုနောက်ဆိုဒ် ပမာဏကလည်း တစ်ဖြည်းဖြည်း နည်းသွားမှာ ဖြစ်ပါတယ်။ တစ်ပတ်လောက် ကြာတဲ့အချိန်မှာတော့ သင့်အနေနဲ့ အသက်ရူရတာ ပိုလွယ်ကူလာမှာဖြစ်ပြီး ပိုပြီနေရထိုင်ရ ပေါ့ပါးလာမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဆေးလိပ်ဖြတ်ရတာ ခက်ခဲပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ဆေးလိပ်ဖြတ် ခရီးလမ်းအတွက်အထောက်အကူပြု ပစ္စည်းတွေနဲ့ အကောင်းဆုံး ပြင်ဆင်သွားဖို့လိုပါလိမ့်မယ်။ ဆေးလိပ်ဖြတ်ရာမှာcold turkey လို့ခေါ်တဲ့ အစိမ်းဖြတ်ခြင်းဟာ လူသိအများဆုံး နည်းလမ်းတစ်ခုပါ။ ဒါပေမဲ့ ဒီလို ဘာအကူအညီမှ မပါဘဲ ဖြတ်ရတာ တကယ်ကို မလွယ်ကူပါဘူး။ ဒါကို ကိန်းဂဏန်းတွေကလည်း သက်သေပြနေပါတယ်။ ဒီလို ဘာအကူအညီမှ မပါဘဲ […]


ရှေးဦးသူနာပြုစုခြင်း

ကြို့ထိုး တာကို ဘယ်လိုပျောက်ကင်းအောင်လုပ်မလဲ

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ထဲမှာ ဝမ်းဗိုက်နဲ့ ရင်ဘတ်ကိုပိုင်းခြားထားတဲ့ ကြွက်သားတစ်ခုရှိပါတယ်။ Diaphragm လို့ခေါ်ပါတယ်။ မြန်မာလိုတိုက်ရိုက်ဆိုရင်တော့ ရင်ဝမ်းခြားကြွက်သားပေါ့။ ဒီကြွက်သားက အသက်ရှူတဲ့လုပ်ငန်းစဉ်မှာ အဓိကအခန်းကဏ္ဍက ပါဝင်ပါတယ်။ ဒီကြွက်သားက ထိန်းချုပ်လို့မဟုတ်ဘဲ သူ့အလိုအလျောက် ညှစ်တဲ့အခါ အသံအိုးကိုပါ ရုတ်တရက်ပိတ်ပိတ်သွားပြီး “အေ့” ဆိုတဲ့အသံနဲ့ ကြို့ထိုး တယ်ဆိုတာ ဖြစ်လာပါတယ်။ ဒါတွေက ကြို့ထိုး စေနိုင်ပါတယ်။ အစားအများကြီးစားတဲ့အခါ၊ ပီကေဝါးတာ သကြားလုံးစုပ်တာ၊ အရက်ဘီယာသောက်တဲ့အခါ၊ အမြှုပ်ထပြီးစူးရှတဲ့ အချိုရည်တွေသောက်တဲ့အခါနဲ့ စိတ်လှုပ်ရှားတဲ့အခါတွေမှာ အဖြစ်များတယ်။ ဒါပေမယ့် ရောဂါရင်းမြစ်တစ်ခုခုရှိလို့လည်း ဖြစ်နိုင်တယ်။ ကြို့ထိုးတာက လူတော်တော်များများမှာ မိနစ်ပိုင်းအတွင်း ပျောက်သွားနိုင်တယ်။ အရမ်းဖြစ်ခဲတဲ့ကိစ္စတွေမှာတော့ ကြို့ထိုးတာ လနဲ့ချီကြာနိုင်ပါတယ်။ နှစ်ရက်ထက်ကြာတဲ့ ကြို့ထိုးတာဖြစ်နေပြီဆိုရင်တော့ ရင်ဝမ်းခြားကြွက်သားကို ထိန်းချုပ်ထားတဲ့ အာရုံကြောတွေမှာ လှုံ့ဆော်မှုတစ်ခုခု ဖြစ်နေလို့ပါ။ ဖြစ်နိုင်တာတွေအများကြီးထဲက နားစည်ကို ဆွနေသလိုဖြစ်နေတာ၊ လည်ပင်းမှာ အကျိတ်ဖြစ်တာ၊ အစာရေမျိုပြွန်မလုံတာ၊ လည်ချောင်းနာတာတွေတွေ။ […]


ရှေးဦးသူနာပြုစုခြင်း

မြွေကိုက်ခံရရင် အသက်အန္တရာယ် မဖြစ်အောင် ဘာတွေ ဆက်လုပ်ရမှာလဲ

မြွေကိုက်ခံရရင် အသက်အန္တရာယ် မဖြစ်အောင် ဘာတွေ ဆက်လုပ်ရမှာလဲ မိုးဦးကျပိုင်းကို ရောက်လာတဲ့ အချိန်ဟာ နယ်ဘက်တွေနဲ့ လယ်ကွင်းပေါတဲ့ ဒေသတွေမှာ မြွေအများအပြားကို တွေ့ရမယ့် အချိန်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် မိုးဦးကျရာသီ နဲ့ မိုးရာသီမှာဆိုရင် မြွေကိုက်ခံရတဲ့နှုန်းက မြင့်မားလာပါတယ်။ ကုန်းပေါ်မှာရော၊ ပင်လယ်ထဲမှာရော၊ သစ်တောတွေထဲမှာရော၊ ရေကန်ထဲမှာရော နေရာအစုံနေတတ်ကြတဲ့ မြွေတွေဟာ နာမည်ကြားတာနဲ့ ကြောက်ဖို့ကောင်းတဲ့ တိရစ္ဆာန်တွေ ဖြစ်ကြပေမဲ့ မြွေတော်တော်များများက သင်သူတို့ကို ကြောက်တာထက် သူတို့က သင့်ကို ပိုကြောက်တတ်ကြပါတယ်။ အိန္ဒိယနဲ့ အရှေ့တောင် အာရှမှာ အတွေ့ရများတဲ့ တောကြီးမြွေဟောက် ( Ophiophagus hannah) နဲ့ အာဖရိကတိုက် မမ်ဗာ မြွေ (Dendroaspis polylepis) တွေကလွဲပြီး မြွေတော်တော်များများက လူတွေကိုကြောက်တတ်ကြပါတယ်။ ဒီမြွေ ၂ […]


ရှေးဦးသူနာပြုစုခြင်း

မုန်တိုင်း ဒဏ်အတွက် ဘယ်လိုပြင်ဆင်ကြမလဲ။

သဘာဝဘေးအန္တရာယ်တွေထဲမှာ မုန်တိုင်း က အိုးအိမ်ပျက်စီးစေပြီး အသက်အန္တရာယ် ထိခိုက်စေနိုင်လို့ သတိကြီးကြီး ထားရမယ့် အရာထဲမှာ ပါပါတယ်။ ကံကောင်းတာ တစ်ချက်က မုန်တိုင်းကို ကြိုတင်ခန့်မှန်းနိုင်ပြီး ဘယ်လမ်းကြောင်းက လာမယ်။ ဘယ်နေရာတွေကို ဝင်မယ်။ လေတိုက်နှုန်း၊ ပင်လယ်ရေ မြင့်တက်နှုန်း၊ မိုးရွာနိုင်ခြေ စတာတွေကို တွက်ချက်ထားလို့ရပါတယ်။ ဆိုလိုတာက မုန်တိုင်း အတွက် ကြိုတင်ပြင်ဆင်ထားလို့ ရပါတယ်။ အထူးသဖြင့် မုန်တိုင်းလမ်းကြောင်းမှာ ရှိနေတဲ့ ဒေသတွေအတွက် စောစောစီးစီး ပြင်ဆင်နိုင်လေလေ ထိခိုက်မှု နည်းလေလေပဲ ဖြစ်ပါတယ်။ (က) မုန်တိုင်း မဝင်လာခင် ပြင်ဆင်ထားသင့်သည်များ။ အိမ်ရဲ့အမိုးအကာတွေ ခိုင်မြဲမှုရှိမရှိ ကြိုတင်စစ်ဆေးပါ။ အမိုးလန်သွားတာတွေ၊ ပြုတ်ထွက်ကုန်တာတွေမရှိအောင် ပြင်ဆင်ပါ။  အိမ်မှာရှိတဲ့တံခါးတွေ ပွင့်ထွက်နေတာမရှိအောင် အသေအချာ စစ်ဆေးထားပါ။ အိမ်ပေါ်၊ ကားပေါ်ကိုပြုတ်ကျနိုင်ခြေရှိတဲ့ အကိုင်းအခက်တွေကို ကြိုတင်ရှင်းလင်းထားပါ။ အိမ်မွေးတိရိစ္ဆာန်လေးတွေကို […]


ရှေးဦးသူနာပြုစုခြင်း

နှလုံးအမောဖောက်ခြင်းအတွက် ရှေးဦးသူနာပြုနည်း

နှလုံးအမောဖောက်နေသည်ကို ကိုယ်တိုင်မြင်တွေ့ရသည့်အချိန်များစွာရှိတတ်သည်။ ထိုသို့ဖြစ်ခြင်းကို နောက်ဆက်တွဲရောဂါများနှင့် ဘေးရန်များ ဖြစ်နိုင်ချေရှိသည့် အရေးပါ်အခြေအနေများအဖြစ်သတ်မှတ်ထားသည်။ ထို့ကြောင့် နှလုံးအမောဖောက်ခြင်းအတွက် ရှေးဦးသူနာပြုလုပ်ခြင်းသည် အလွန်အရေးကြီးပါသည်။ နှလုံးအမောမဖောက်ခင် လက္ခဏာများ ဖိထားသလိုဖြစ်ခြင်း၊နာကျင်ခြင်း၊အောင့်ခြင်းနှင့် ပြည့်ကျပ်နေခြင်းအပါအဝင် ရင်ဘတ်တွင် မသက်မသာဖြစ်စေသည့်ခံစားချက်များ ဖြစ်ပေါ်လာတတ်ပြီး အကြိမ်များစွာ ပျောက်လိုက်ပေါ်လိုက်ဖြစ်နေတတ်သည်။ တစ်ကြိမ်စီတွင် နှစ်မိနစ်ထက် အနည်းဆုံးတော့ ကြာမြင့်တတ်သည်။ သင့်ကိုယ်အပေါ်ပိုင်းတွင် မသက်မသာခံစားရခြင်း ဥပမာ နောက်ကျော၊မေးရိုး၊လည်ပင်း၊လက်မောင်း၊ဘယ်ဘက် ပခုံးနှင့် သွားများအထိ နာကျင်ခြင်း၊အောင့်ခြင်း။ တစ်ခါတစ်ရံတွင် ရင်ဘတ်အောင့်တတ်သည်။ အသက်ရှူမှုပုံမှန်မဟုတ်ခြင်း ချွေးအလွန်အကျွံထွက်ခြင်း(သို့)ချွေးအအေးပက်ခြင်း ခေါင်းကိုက်ခြင်း အလွန်မောပန်းခြင်း မူးဝေခြင်း အန်ခြင်း အစာမကြေခြင်း ရင်ပူခြင်း သတိသိပ်မရခြင်း ထို့အပြင် သင်သည် ရင်ဘတ်အောင့်ခြင်းကို 15 မိနစ်ထက်ပိုခံစားရပါက သင့်တွင်နှလုံးအမောဖောက်နိုင်ချေ အလွန်များနေပြီဖြစ်သည်။ နှလုံးအမောဖောက်ခြင်းအတွက် ရှေးဦးသူနာပြုမှု ကျန်းမာရေးအကူအညီကို ချက်ချင်းရယူပါ။ သင်သည် နှလုံးအမောဖောက်နေသည်ကို မြင်တွေ့ရပါက လူနာတင်ယာဉ်တစ်စီးအားချက်ချင်းခေါ်ဆိုပါ။ လူနာတင်ယာဉ်ရရှိရန်ခက်ခဲနေပါက ထိုလူအား အနီးဆုံးကျန်းမာရေးစင်တာသို့မောင်းခေါ်သွားပါ။ သင်ကိုယ်တိုင်အမောဖောက်နေပါက ဘေးလူများဆီမှအကူအညီတောင်းပါ။ ထိုအခြေအနေများတွင် ကားအက်စီးဒင့် ဖြစ်ခြင်းစသော […]


ရှေးဦးသူနာပြုစုခြင်း

အပေါ်ယံ ပြတ်ရှရာ၊ ဒဏ်ရာများအတွက် ရှေးဦးသူနာပြုစုနည်း

နေ့စဉ်ဘဝတွင် လူများသည် အပေါ်ယံ ပြတ်ရှရာ၊ ဒဏ်ရာ များ ရနိုင်သည်။ ဤဆောင်းပါးတွင် ထိုအသေးစား ဒဏ်ရာ များကို သင့်တော်စွာ ကုသရန်အတွက် လမ်းညွှန်ချက်များကို ဖော်ပြသွားပါမည်။ ကြိုတင်ပြင်ဆင်ခြင်း သန့်စင်သော ရေ၊ ဆပ်ပြာဖြင့် လက်ကို သေချာ ဆေးကြောပါ။ ၎င်းသည် ရှေးဦးသူနာပြုလုပ်ရာတွင် ရောဂါပိုး များမကူးစက်အောင် ကာကွယ်ပေးလိမ့်မည်။ တတ်နိုင်ပါက နှစ်ဆကာကွယ်နိုင်အောင် တစ်ခါသုံးလက်အိတ်ပါ ဝတ်ဆင် ပါ။   ရှေးဦးသူနာပြုစုနည်း အနာကို သွေးတိတ်အောင်လုပ်ပါ။ ပုံမှန်အားဖြင့် အပေါ်ယံ ပြတ်ရှရာ၊ ဒဏ်ရာများသည် သူ့ အလိုလို သွေးတိတ်ပါသည်။ သို့သော်လည်း မတိတ်ပါက အောက်ပါအဆင့်များကို ဆောင်ရွက်ပါ။ သန့်စင်သော အဝတ်၊ တစ်ရှူး၊ ပိတ်စအပါးဖြင့် အနာ ကို အုပ်ပါ။ သွေးမတိတ်မချင်း အုပ်ထားသော နေရာကို ဖိထားပါ။ သွေးထွက်လာပြီး အဝတ်စိုလာပါက ဖယ်ရှားပြီး […]


ရှေးဦးသူနာပြုစုခြင်း

ဆေးသုံးစွဲမှု လွန်ကဲခြင်းအတွက် ရှေးဦးသူနာပြုစုနည်း

ဆေးသုံးစွဲမှု လွန်ကဲခြင်းကို တွေ့ပါက သင်ဘာလုပ်မလဲ။ ဆေးသုံးစွဲမှု လွန်ကဲခြင်း ဆိုတာဘာလဲ။ သူ့ရဲ့ လက္ခဏာ တွေက ဘာလဲ။ ဆေးသုံးစွဲမှု လွန်ကဲသူအား ဘာလုပ်ပေးသင့် သလဲ။ ဆောင်းပါးတွင် ဤအကြောင်းရာများနှင့် ပတ်သက် သည့် အချက်အလက်များကို ပေးသွားပါမည်။   ဆေးသုံးစွဲမှု လွန်ကဲခြင်းဆိုတာ ဘာလဲ။ သောက်ရန် ညွှန်ကြားထားသော သို့မဟုတ် အလွယ်တကူ ဝယ်၍ရသော ဆေးများ၊ စပ်ဆေးများကို မသင့်တော်သော ပမာဏ၊ အချိန် သို့မဟုတ် ညွှန်ကြားမှုဖြင့် သုံးသောအခါ ဆေးသုံးစွဲမှု လွန်ကဲခြင်းဖြစ်ပွားသည်။   ဆေးသုံးစွဲမှု လွန်ကဲခြင်း၏ လက္ခဏာများ တစ်စုံတစ်ယောက် ဆေးလွန်သွားပါက ပြင်းထန်မှု၊ ကျန်းမာရေး အခြေအနေ၊ လွန်သွားသော ဆေးအမျိုးအစား အပေါ်မူတည်ပြီး ရောဂါလက္ခဏာ အမျိုးမျိုးပြနိုင်သည်။ ထို့အပြင် လူတစ်ယောက်၏ ခန္ဓါကိုယ်နှင့် ဖြစ်စဉ်အပေါ် မူတည်ပြီး တုံ့ပြန်ပုံချင်း တစ်ဦးနှင့်တစ်ဦး မတူညီပါ။ ယေဘုယျအားဖြင့် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း