ကျန်းမာစေမည့်အလေ့အကျင့်များ

ကျန်းမာတဲ့ အလေ့အကျင့်တွေဆိုတာ သင့်ကျန်းမာရေးကို အကျိုးပြုစမြဲပါပဲ။ သင့်ရဲ့ နေထိုင်စားသောက်မှု ပုံစံကို ပြောင်းလဲမယ်ဆိုရင် အရေးကြီးဆုံးက ကောင်းတဲ့ အကျင့်နဲ့ မကောင်းတဲ့ အကျင့်ကို ခွဲခြားသိဖို့ပါပဲ။ ဒီစာမျက်နှာမှာ ကောင်းတဲ့ အလေ့အကျင့်တွေနဲ့ သူတို့ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစေမည့်အလေ့အကျင့်များ

အရည်ကြည်ဖုလေးတွေကို သက်သာစေဖို့ အိမ်တွင်းကုထုံး

ရေနွေးပူလောင်တာကြောင့် အရည်ကြည်ဖုလေးတွေ ဖြစ်နိုင်သလို ဖိအားများတာကြောင့်လည်း အရည်ကြည်ဖုလေးတွေ ဖြစ်နိုင်ပါတယ်။ ဒီလို ဖြစ်လာတဲ့အခါ အရည်ကြည်ဖုလေးတွေကို သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ အရည်ကြည်ဖုလေးတွေကို သေချာ ဂရုမစိုက်မိဘူးဆိုရင် အရည်ကြည်ဖုတွေက ပေါက်သွားပြီး အနာဖြစ်တာ၊ ပိုးဝင်တာလိုမျိုး မလိုလားအပ်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ ဒီလို မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ မဖြစ်လာစေဖို့အတွက် အရေပြားပေါ်မှာ အရည်ကြည်ဖုလေးတွေကို ဘယ်လိုမျိုး သေချာ ဂရုစိုက်ရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးချင်ပါတယ်။ အရည်ကြည်ဖုတွေ ဘာကြောင့်ဖြစ်ရတာလဲ။ အရည်ကြည်ဖုလေးတွေက ခန္ဓာကိုယ်ရဲ့ နေရာ အနှံ့မှာ ဖြစ်နိုင်ပါတယ်။ ဆီပူလောင်တာ ရေနွေးပူလောင်တာ မီးပူကပ်မိတာ ခြေထောက်မှာဆိုရင် ဖိနပ်ပေါက်တာ ကြမ်းတမ်းတဲ့ မျက်နှာပြင်တွေမှာ ဖိနပ်မပါဘဲ အချိန်အကြာကြီး လျှောက်မိတာ လက်မှာဆိုရင် တစ်ခုခုကို ကတ်ကြေးသုံးပြီး ဖိညှပ်ရင်း ဖိအားကြောင့် […]

ကျန်းမာစေမည့်အလေ့အကျင့်များ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစေမည့်အလေ့အကျင့်များ ကို ရှာဖွေမည်။

ရှေးဦးသူနာပြုစုခြင်း

ကျောက်ပတ်တီးစည်းရပြီဆိုရင်

ကျောက်ပတ်တီးဆိုတာ အရိုးကျိုးထားတဲ့ခြေထောက် သို့မဟုတ် လက်ကို အနာမကျက်ခင်ကာလအတွင်း ပုံစံမပျက်ယွင်းစေဖို့ထိန်းပေးတဲ့ plasterသို့မဟုတ် fiberglass အလွှာဖြစ်ပါတယ်။ အခြေအနေအရကျောက်ပတ်တီးကိုင်လိုက်ရပြီဆိုပြန်ဖြည်တဲ့အခါ အနာကျက်မှာပဲ၊ပြန်ကောင်းမှာပဲဆိုပြီးနေချင်သလိုနေလို့မဖြစ်ပါဘူး။ ဆရာဝန်တွေကလည်းပြောပြလိုက်မှာဖြစ်ပေမယ့်ဆောင်ရန်ရှောင်ရန် သတိထားရမယ့်အချက်တွေကို ကိုယ်ကလိုက်နာမှဖြစ်တာပါ။ ဂရုစိုက်နေထိုင်မှ ကိုယ့်ခန္ဓါကိုယ်အစိတ်အပိုင်းကို အကောင်းအတိုင်းပြန်ရနိုင်မှာဖြစ်ပါတယ်။ မဟုတ်ရင် အနေမတတ်တာနဲ့ကျောက်ပတ်တီးလည်းဖြည်ရော အရိုးအဆစ်ကကောက်နေတာ၊ ပတ်တီးအောက်မှာ အနာပိုးဝင်တာတွေဖြစ်ရင် မလိုလားအပ်တဲ့ရလဒ်တွေခံစားရနိုင်ပါတယ်။ အရောင်ကျအောင် ဘာလုပ်ပေးရမလဲ ကျောက်ပတ်တီးစည်းထားတဲ့နေရာကရောင်ရမ်းလာရင် တင်းတင်းကြီးနဲ့နေရခက်လာမှာပဲ။ အရောင်ကျအောင်လို့ - ကျောက်ပတ်တီးစည်းထားတဲ့လက်သို့မဟုတ်ခြေထောက်ကိုမြှင့်ထားပါ။ ပတ်တီးစည်းပြီးပြီးချင်း တစ်ရက်နှစ်ရက်အတွင်း ဒဏ်ရာရ လက် သို့မဟုတ်ခြေထောက်ကိုခေါင်းအုံးခုပြီးတော့ဖြစ်ဖြစ်မြှင့်ထားပါ။ ကျောက်ပတ်တီးရှိတဲ့လက်ကို ငြိမ်နေစေဖို့ ပခုံးကနေလက်သိုင်းပတ်တီးနဲ့ သိုင်းထားသင့်ပါတယ်။ ရေခဲကပ်ပါ။ကျောက်ပတ်တီးကိုမစိုစေဖို့ရေခဲအိတ်ကိုတဘက်ပါးလေးအုပ်ပြီးမှ ပတ်တီးပေါ်ကနေ အသာအယာကပ်ပါ။ လှုပ်ရှားမှုလည်းရှိပေးပါ။ လှုပ်ရှားမှုကိုထိန်းဖို့ ကျောက်ပတ်တီးစည်းထားတာဖြစ်ပေမယ့် လက်ချောင်း သို့မဟုတ်ခြေချောင်းလေးတွေတော့ လှုပ်ရှားပေးပါ။ ဒါမှသွေးလည်ပတ်မှုကောင်းစေမှာဖြစ်ပါတယ်။ ဘာတွေဆင်ခြင်ရမလဲ ကျောက်ပတ်တီးစည်းထားရတဲ့အခါ ပတ်တီးစကိုင်ပေးတည်းက ဆရာဝန်မှာတဲ့ညွှန်ကြားချက်အတိုင်းလိုက်နာပါ။ Fibreglassကျောက်ပတ်တီးတွေကခြောက်သွေ့မြန်ပေမယ့်plaster ဆိုရင်တော့သေချာခြောက်သွေ့ပြီးစိတ်ချရတဲ့အခြေအနေရောက်ဖို့က ရက်အတော်ကြာပါတယ်။ ဆေးမှန်မှန်သောက်ပါ။ ဆရာဝန်ညွှန်ကြားချက်အတိုင်း လိုက်နာပါ။ ကျောက်ပတ်တီးကိုရေမစိုအောင်ထားပါ။ရေချိုးတဲ့အခါ […]


ရှေးဦးသူနာပြုစုခြင်း

နှာခေါင်းသွေးလျှံ တဲ့အခါ ပြုစုပေးနိုင်မယ့်နည်းလမ်းများ

နှာခေါင်းထဲက ပူခနဲဖြစ်သွားတယ်။ဟော နှာခေါင်းသွေးတွေလျှံလာတာပဲ။ ငါ့မှာရောဂါတစ်ခုခုများဖြစ်နေတာလား၊ ရုပ်ရှင်တွေထဲကလိုများဖြစ်နေပြီလားလို့တွေးနေလား။ နှာခေါင်းသွေးလျှံ တာကရောဂါရှိလို့ချည်းဖြစ်တတ်တာမဟုတ်ပါဘူး။ နှာခေါင်းသွေးလျှံခြင်း နှာခေါင်းသွေးလျှံခြင်းဆိုတာက နှာခေါင်းထဲမှာရှိနေတဲ့သွေးကြောကနေသွေးထွက်လာခြင်းပါ။ နှာခေါင်းက မျက်နှာေပါ်မှာရှိနေတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီးသွေးကြောေတာ်တော်များများကလည်း နှာခေါင်းအတွင်းမှာရှိနေပါတယ်။ ဒါကြောင့်နှာခေါင်း ထဲကသွေးကြောတစ်ခုခုကို ထိခိုက်မိတဲ့အခါမှာ နှာခေါင်းသွေးလျှံလာတာပါ။ နှာခေါင်းသွေးလျှံ တာကိုဖြစ်စေတဲ့အကြောင်းအရင်းတွေက နှာခေါင်းတွင်း အမြှေးပါးခြောက်သွေ့နေတာ၊ နှာခေါင်းထဲမှာ အနာရှိနေတာကြောင့် နှာခေါင်းနှိုက်ရင်းထိမိတာ၊ နှာခေါင်းကို မတော်တဆထိခိုက်မိတာ နှာခေါင်းသွေးလျှံတာကို သက်သာအောင်ပြုစုနည်း ခါးမတ်မတ်လေးထိုင်ပြီးခေါင်းကိုအောက်နည်းနည်းစိုက်ထားပါ - ဒီလိုလုပ်ပေးတာက နှာခေါင်းတွေကသွေးကြောတွေပါ်မှာသွေးဖိအားသက်ရောက်မှုကို ကျဆင်းစေနိုင်ပါတယ်။ ဒီလိုလုပ်ပေးမယ့်သွေးကမတိတ်သွားဘူးဆိုရင်တော့ရှေ့ကိုနည်းနည်းကိုင်းပြီးထိုင်လိုက်ပါ။ ဒါမှသွေးတွေကို မျိုချမိတာမျိုးမဖြစ်မှာပါ။သွေးတွေကိုမျိုချမိတဲ့အခါ မအီမသာဖြစ်တာ၊အော့အန်တာေတွဖြစ်စေနိုင်တာကြောင့်ပါ။ နှာခေါင်းကို လက်ချောင်းလေးတွေသုံးပြီး ဖိထားပေးပါ - နှာခေါင်းသွေးကျတာ သက်သာစေဖို့အတွက် မျက်လုံးနှစ်ခုကြားက နှာခေါင်းရိုးကို လက်မနဲ့လက်ညှိုးသုံးပြီး ဖိထားပေးပါ။ ၁၀ မိနစ်ကနေ ၁၅ မိနစ်လောက်အထိ နှာရိုးကို ဖိထားပေးပါ။ ဒီလိုလုပ်ပေးတာက နှာခေါင်းသွေးလျှံတာကို သက်သာစေနိုင်ပါတယ်။ ပါးစပ်နဲ့အသက်ရှုပါ - နှာခေါင်းသွေးလျှံတဲ့အခါ နှာခေါင်းကနေ အသက်ရှုတာမျိုးမလုပ်ဘဲ […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

ရေကျသွားလို့ အိမ်ပြန်တော့မယ်ဆိုရင် သတိထားရမယ့်အချက်များ

ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေ အတွင်းမှာ သစ်တောတွေ ပြုန်းတီးလာမှုနဲ့ သဘာဝ ပတ်ဝန်းကျင်တွေ ညစ်ညမ်းလာမှုကြောင့် ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုတွေကို လူသားတွေ အလူးအလဲ ခံစားနေကြရပါတယ်။ အပူလှိုင်း ဖြတ်တာ၊ မိုးကြီး ရေလျှံတာ၊ မြေပြိုတာနဲ့ အမျိုးမျိုးသော ရာသီဥတု ပြောင်းလဲမှုတွေကို တွေ့ကြုံခံစားနေကြရပါတယ်။ ဒီလိုမျိုး ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုကြောင့် ဖြစ်လာတဲ့ ပြဿနာတွေထဲမှာ အဆိုးရွားဆုံးက မိုးကြီးရေလျှံတာလို့ ဆိုရမလားပဲ။ အခုလတ်တလော မြန်မာနိုင်ငံ အနှံ့အပြားမှာလည်း ရေကြီးမှုတွေ ကြုံတွေ့နေရသလို အိမ်နီးချင်း လာအို၊ ထိုင်းနိုင်ငံတွေမှာလည်း ရေကြီး မှုတွေ ဖြစ်ပေါ်နေပါတယ်။ ရေကြီးမှုက အဆမတန် ကြီးတဲ့အခါ အသက်အန္တရာယ် ဆုံးရှုံးတာမျိုးတွေအထိ တွေ့ကြုံရနိုင်ပါတယ်။ ရေကြီးတာကပဲ အန္တရာယ် ရှိနေတာရောဂါတွေကို ဖြစ်စေနေတာ မဟုတ်ပါဘူး။ ရေကျသွားတဲ့အခါမှာလည်း အန္တရာယ် ဖြစ်စေနိုင်တဲ့ အနေအထားတွေ […]


ဆေးလိပ်ဖြတ်ခြင်း

အပေါင်းအသင်းတွေကြောင့် ဆေးလိပ်သောက်နေမိပြီလား

“ကျွန်တော်က သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်မှ ဆေးလိပ်သောက်ဖြစ်တာ။” “ကျွန်တော်က ဝယ်မသောက်ဘူး။ သူငယ်ချင်းတွေ တိုက်တဲ့ဆေးလိပ်ကိုပဲ သောက်တာ။” “ကျွန်တော် ဆေးလိပ်မသောက်ဘဲနဲ့လဲ အကြာကြီးနေနိုင်တယ်။ ဒီတော့ ကျွန်တော် ဆေးလိပ်မစွဲသေးဘူးပေါ့။ ” သင်ဟာ လူငယ်တစ်ယောက်ဆိုရင် ဒီစကားသံတွေကို ကောင်းကောင်းကြီး ကြားဖူးပါလိမ့်မယ်။ဒီလိုမျိုး တစ်ခါတစ်ရံ သူငယ်ချင်းတွေနဲ့ တွေ့မှ သောက်တဲ့လူတွေကို “social smoker” လို့ခေါ်ပါတယ်။ ဒီအသုံးအနှုန်းဟာ ဆေးလိပ်စွဲနေပြီဆိုတဲ့ အသုံးအနှုန်းလောက်တော့ မဆိုးသေးပေမဲ့ အနည်းဆုံးတော့ ဆေးလိပ်သောက်နေကြပါသေးတယ်။ ဒီလို “social smoker” တွေဟာ သူတို့ရဲ့ သူငယ်ချင်းတွေလောက်တော့ ဆေးလိပ်သောက်နေကြတဲ့သူတွေ မဟုတ်ပေမဲ့ ဆေးလိပ်အနည်းငယ်တော့ သောက်တတ်စပြုနေပြီဖြစ်ပါတယ်။ ဒီလို အချိန်ကို အစပျိုး အချိန်လို့ခေါ်ပါတယ်။ ဒါပေမဲ့ ဆေးလိပ် ဘယ်လောက်ပဲ သောက်သောက် ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။ သင်ဟာ တစ်ခါတစ်ရံပဲ ဆေးလိပ်သောက်တတ်တဲ့လူတစ်ယောက်ဖြစ်စေဦး၊ ဆေးလိပ်သောက်တာနဲ့ကိုသင့်ရဲ့ ခန္ဓါကိုယ်ရဲ့ အင်္ဂါအစိတ်အပိုင်းတွေ […]


ရှေးဦးသူနာပြုစုခြင်း

ညဘက်အဖျားတက်တဲ့ကလေးကို အရေးပေါ်ဘယ်လိုပြုစုမလဲ

ကလေးနေကောင်းရဲ့လား။ ဒီမေးခွန်းကို ဖြေဖို့ မေမေတို့ ဘာကိုကြည့်ပြီးဆုံးဖြတ်ကြလဲ။ ကျန်းမာရေးဆိုတာ ဘယ်အချိန်ဘာဖြစ်မယ်လို့ ကြိုတင်မှန်းဆပြီးမသိနိုင်တဲ့အရာဆိုတော့ခက်သားနော်။ အသက်ကြီးပိုင်းတွေနဲ့ကလေးတွေဆိုတာ ကျန်းမာရေးအပြောင်းအလဲမြန်လွန်းလို့ တော်တော်ဂရုစိုက်ရတဲ့အရွယ်တွေပါ။ ဒါ့ကြောင့် ကလေးက မလန်းဘူး၊ မှိုင်နေတယ် စတာတွေလို ပုံမှန်ထက်ထူးခြားတဲ့လက္ခဏာတစ်ခုခု ကိုစောင့်ကြည့်ရပါတယ်။ ကလေးဖျားနေပြီဆိုရင် သတိထားမိနိုင်တဲ့လက္ခဏာတွေက ကိုယ်ပူလာမယ်၊သွေးခုန်နှုန်းမြန်လာမယ်၊ အသက်ရှူမြန်လာတယ်၊ ကလေးက အီနေမယ်၊ တငိုငိုနဲ့ ဂျီကျနေမယ်။ ကလေးက ငြိမ်နေတယ်၊ ဘာကိုပဲဖြစ်ဖြစ်စိတ်မကြည်ဘဲ ငိုနေတယ်ဆိုရင် ကိုယ်ပူနေပြီလား နဖူးလေးအရင်စမ်းကြည့်ရပါတယ်။။ ဖျားနေပြီဆိုရင်ဆေးခန်းပြေးတာ စိတ်ချရတယ်ဆိုပေမယ့် ညရေးညတာ ရုတ်တရက် အဖျားတက်လာရင် သက်သာအောင် မေမေတို့ကိုယ်တိုင်ပြုစုရတော့မှာပါပဲ။ ညဘက်အချိန်တွေ ကလေးကို ပစ်မထားဘဲစောင့်ကြည့်ဖို့အရေးကြီးသလို နည်းလမ်းမှန်နဲ့အရေးပေါ်ပြုစုနိုင်ဖို့လည်း လိုပါတယ်။ အဖျားသိပ်ကြီးလာတဲ့အခါ ကလေးမှာ တက်တာတွေ၊ သတိလစ်တာတွေဖြစ်လာရင်အကျိုးဆက်တွေမကောင်းနိုင်ပါဘူး။ ဒါ့ကြောင့် ဆရာဝန်မပြနိုင်ခင် အရေးပေါ်ပြုစုထားဖို့ သိထားသင့်တဲ့အချက်တွေလေ့လာထားသင့်ပါတယ်။ အရင်ဆုံး - ကိုယ်ပူချိန်တိုင်းပါ။သာမိုမီတာကို ချိုင်းအောက်မှာတိုင်းပါ သို့မဟုတ် […]


ရှေးဦးသူနာပြုစုခြင်း

မျက်နှာမှာထိခိုက်ဒဏ်ရာရခဲ့ရင် အမာရွတ်မဖြစ်အောင် ဘယ်လိုဂရုစိုက်မလဲ

လူရယ်လို့ဖြစ်လာရင် ထိခိုက်ဒဏ်ရာနဲ့မကင်းပါဘူး။ ထိခိုက်ဒဏ်ရာက ခန္ဓါကိုယ်ရဲ့နေရာအနှံ့မှာဖြစ်နိုင်ပါတယ်။ အနာကိုသေချာဂရုမစိုက်တဲ့အခါ အမာရွတ်ဖြစ်လာရင်လည်း အလှပျက်စေနိုင်ပါသေးတယ်။ ခန္ဓါကိုယ်ရဲ့ အခြားနေရာတွေမှာဖြစ်ရင် ဖုံးကွယ်ထားလို့ရပေမယ့် မျက်နှာမှာဖြစ်ကျန်ခဲ့တဲ့ အမာရွတ်တွေကိုတော့ ဖုံးကွယ်ဖို့ခက်ပါမယ်။ ဒါကြောင့် မျက်နှာပေါ်မှာ ထိခိုက်ဒဏ်ရာရတဲ့အခါသေချာဂရုစိုက်ဖို့လိုပါမယ်။ လူတစ်ယောက်အတွက် အရမ်းအရေးပါတဲ့ မျက်နှာမှာထိခိုက်ဒဏ်ရာရတဲ့အခါ ဘယ်လိုသေချာဂရုစိုက်ပေးရမလဲဆိုတာကိုသေသေချာချာလေးပြောပြပေးမှာမို့ ဖတ်ကြည့်ကြဖို့ပြောပါရစေ။ ဒါတွေကြောင့် မျက်နှာပေါ်မှာထိခိုက်ဒဏ်ရာရနိုင်ပါတယ် မတော်တဆချော်လဲတာ မုတ်ဆိတ်ရိတ်ရင်း ဓါးရှတာ မျက်နှာကို တစ်ခုခုနဲ့ ထိခိုက်မိတာ ထိုးကြိတ်ခံရတာ တစ်ခုခုနဲ့ဝင်ဆောင့်မိတာလိုမျိုးဖြစ်နိုင်ပါတယ်။ မျက်နှာမှာထိခိုက်ဒဏ်ရာရတဲ့အခါ ဘယ်လိုစောင့်ရှောက်မှုတွေလုပ်မလဲ မျက်နှာမှာထိခိုက်ဒဏ်ရာရတဲ့အခါသေသေချာချာဂရုစိုက်နိုင်မှသေရာပါအမာရွတ်တွေကို ကာကွယ်နိုင်မှာပါ။ ဒါကြောင့်မျက်နှာမှာ ထိခိုက်ဒဏ်ရာရတဲ့အခါ အစစအရာရာသေချာဂရုစိုက်ဖို့လိုပါမယ်။ သွေးတိတ်အောင်လုပ်ပါ အရင်ဆုံးအနာကိုသွေးတိတ်အောင်လုပ်ပေးပါ။ အနာကို တစ်သျှူးစသန့်သန့်လေးနဲ့ဖိပြီးသွေးတိတ်သွားအောင်အရင်လုပ်ပေးလိုက်ပါ။သွေးကတော်တော်နဲ့ မတိတ်ဘူးဆိုရင်တော့ ရေခဲကို တဘက်စသန့်သန့်လေးထဲ ထည့်ထုတ်ပြီး အနာပေါ်မှာ ခပ်ဖွဖွလေးကပ်ပေးလိုက်ပါ။ မျက်လုံးတဝိုက်မှာ ထိခိုက်မိတာဆိုရင်တော့သေချာဂရုစိုက်ဖို့လိုပါမယ်။ အနာကို သန့်စင်ဆေးကြောပေးပါ အနာကိုရေအေးအေးသန့်သန့်လေးနဲ့ ညင်ညင်သာသာဆေးကြောသန့်စင်ပေးလိုက်ပါ။ အနာကိုဆေးတဲ့အခါ သန့်စင်သွားအောင်ဆိုပြီး ဆပ်ပြာသုံးပြီးဆေးကြောတာမျိုးမလုပ်ပါနဲ့။ နောက်တစ်ခုက ရေနွေးသုံးပြီး ဆေးကြောတာမျိုးမလုပ်ဖို့ပါ။ ရေနွေးသုံးပြီး ဆေးကြောတာက […]


ရှေးဦးသူနာပြုစုခြင်း

ထိခိုက်ဒဏ်ရာ စောင့်ရှောက်မှုနဲ့ပတ်သက်လို့ လုပ်မိနေကြတဲ့ အလွဲလေးများ

အနာတစ်ခုခုဖြစ်လာပြီဆိုရင် အနာကိုသန့်ရှင်းရေးလုပ်မယ်။ အရက်ပြန်နဲ့ဆေးမယ်။ ပတ်တီးစည်းမယ်။ ပလာစတာကပ်မယ်ပေါ့။ ဒါတွေကတော့ လူတိုင်းသိပြီးသားပါ။ တကယ်လို့ထိခိုက်မိတာက မျက်နှာနဲ့ဦးခေါင်းလိုမျိုးနေရာမှာ မဟုတ်ဘူးဆိုရင် အရမ်းဂရုစိုက်စရာမလိုဘူး မစိုးရိမ်ရဘူး၊လို့ ယူဆထားတာမျိုးလည်းရှိပါတယ်။ ဒီအယူအဆတွေက အနာတိုင်းမှာတော့ မမှန်နိုင်ပါဘူး။ ဒီတစ်ခေါက်တော့ အနာစောင့်ရှောက်မှုနဲ့ ပတ်သက်ပြီး သိထားတာတွေမှာ ဘာတွေကမှန်လို့ဘာတွေကလွဲနေတယ်ဆိုတာကိုပြောပြပေးမယ်နော်။ အနာဖြစ်ရင် အရက်ပြန်နဲ့ မဖြစ်မနေသန့်စင်ဆေးကြောရမယ် နာလိုက်တာ၊ လက်ထိသွားပြီ။ ဓါးရှသွားတာလား။ အရက်ပြန်လေးပွတ်ထားလိုက်လေ၊လို့ပြောတာ ကြားဖူးမှာပေါ့။ အနာဖြစ်တိုင်း အရက်ပြန်ပွတ်လိုက်မှ ပိုးသေတယ်လို့ ထင်တတ်ကြပါတယ်။ အနာဖြစ်တဲ့အခါတိုင်း အရက်ပြန်စွတ်တာက အရေပြားကိုလောင်စေနိုင်သလို အနာတဝိုက်က တစ်ရှုးတွေကို ထိခိုက်စေနိုင်ပါတယ်။ အနာဖြစ်တဲ့အခါ အရက်ပြန်စွတ်မယ့်အစား ပိုးသေစေနိုင်တဲ့polyhexanide ပါတဲ့ဆေးတစ်မျိုးမျိုးနဲ့ သန့်စင်ဆေးကြောပေးတာက ပိုသင့်တော်ပါတယ်။ အပူလောင်နာတွေဖြစ်ရင်ထောပတ်လူးလို့ရတယ် ဆီပူလောင်၊ရေနွေးပူလောင်တဲ့အနာတွေကိုထောပတ်လူးကြတာမျိုးရှိပါတယ်။ ဒါကရှေးအစဉ်အဆက်လုပ်လာလို့ ဆက်လုပ်မိနေကြတဲ့ အယူအဆမှားတစ်ခုပါ။ တကယ်တော့ အပူလောင်တဲ့အခါ အနာပေါ်ကိုထောပတ်လိုမျိုး ခပ်ပျစ်ပျစ်ရှိတဲ့အရာပွတ်လိုက်မယ်ဆိုရင် အပူတွေက အနာထဲကနေထွက်မသွားဘဲ အရေပြားထဲမှာလှောင်ပိတ်မိနေတာမျိုးဖြစ်ပြီး အရေပြားကို ပိုမိုပျက်စီးစေနိုင်ပါတယ်။ […]


ရှေးဦးသူနာပြုစုခြင်း

ကလေးငယ်လေးတွေရှိတဲ့ အိမ်တွေအတွက် အရေးပေါ်ဆေးသေတ္တာ

မိဘတွေဖြစ်လာပြီဆိုရင် ကိုယ်တိုင်အတွက်ထက် သားသမီးတွေအတွက် ပိုဦးစားပေးတတ်လာစမြဲပါ။ သားသားမီးမီးလေးတွေကို ကိုယ်တိုင်ကိုယ်ကျစောင့်ရှောက်ပေးချင်တဲ့မေမေဖေဖေတို့အတွက်ဘေဘီလေးသုံး အရေးပေါ်ဆေးသေတ္တာထဲမှာ ဘာတွေထည့်ထားသင့်လဲဆိုတာနဲ့ ဘယ်လို အခြေအနေမျိုးတွေအတွက် အသုံးပြုလို့ရလဲဆိုတာကိုပြောပြမယ်နော်။ ဒီလိုအရေးပေါ်ဆေးသေတ္တာလေးထားရှိခြင်းအားဖြင့် အိမ်မှာဖြစ်ဖြစ်၊ အပြင်သွားရင်ဖြစ်ဖြစ် သားသားမီးမီးလေးတွေမှာ ထိခိုက်တာမျိုးဖြစ်လာရင် အမြန်ဆုံးပြုစုစောင့်ရှောက်မှုပေးနိုင်မှာပါ။ အရေးပေါ် ဆေးသေတ္တာဆိုတာ ဘာအတွက်ထားတာလဲ အရေးပေါ် ဆေးသေတ္တာ ဆိုတာက မတော်တဆမှုတစ်ခုခုကြောင့် ထိခိုက်ဒဏ်ရာရရင်ဖြစ်ဖြစ်၊ ရောဂါတစ်ခုခုကြောင့် အရေးပေါ်အခြေအနေဖြစ်ပေါ်နေတဲ့အခါ ခံစားနေရတဲ့ အခြေအနေကနေ သက်သာလာအောင် တစ်စုံတစ်ယောက်ကို ကူညီပြုစုပေးနိုင်ဖို့ အသင့်ဖြစ်နေအောင်ထားတာပါ။ ဒီလိုစောင့်ရှောက်မှုကို အရွယ်သုံးပါးစလုံး လိုအပ်ပါတယ်။ အရေးပေါ်ဆေးသေတ္တာ ရဲ့ရည်ရွယ်ချက်က လူတွေရဲ့ အသက်ကိုကယ်တင်ဖို့ နဲ့ အန္တရာယ်ဖြစ်နိုင်တဲ့ အခြေအနေကနေ ကူညီကယ်ဆယ်ပေးဖို့ပါ။ ဘယ်လိုအခြေအနေမှာ အရေးပေါ်ဆေးသေတ္တာကို အသုံးပြုဖို့လိုအပ်မလဲ လူတိုင်း မတော်တဆအခြေအနေကို ကြုံရနိုင်တာကြောင့် လူတိုင်း အရေးပေါ်ဆေးသေတ္တာကိုလိုအပ်နိုင်ပါတယ်။ ကလေးငယ်ငယ်လေးတွေဆိုရင် သွားရင်းလာရင်းဆော့ရင်းကနေ အသေးစားထိခိုက်ဒဏ်ရာတွေရနိုင်သလို အစားအသောက်တွေကြာင့်၊ တိရိစ္ဆာန်အကိုက်ခံရလို့စသဖြင့် အန္တရာယ်ကြုံတွေ့ရတဲ့အခါ အရေးပေါ်ဆေးသေတ္တာကို […]


ရှေးဦးသူနာပြုစုခြင်း

စိုစွတ်နေတဲ့ မိုးရာသီမှာ အနာကိုဘယ်လိုဂရုစိုက်မလဲ

အနာဆိုတာ ထိခိုက်ဒဏ်ရာတစ်မျိုးပါ။မြင်သာအောင်ပြောပြရရင် အပေါ်ယံအရေပြားပေါက်ပြဲသွားတာပေါ့။ အပေါ်ယံအရေပြားက ခန္ဓါကိုယ်ရဲ့ ခံတပ်လေ။ ခံတပ်ပျက်သွားပြီဆိုရင် အန္တရာယ်ကျရောက်ဖို့ကလွယ်သွားပြီပေါ့။ အခုလိုမိုးရာသီမှာဆိုရင် စိုစိုစွတ်စွတ်ရှိတော့ ပိုးမွှားတွေပေါက်ဖွားဖို့အတွက်အခွင့်ကောင်းပါ။ ဒီတော့ အပေါ်ယံအရေပြားပေါက်ပြဲမှုကနေတဆင့်ရောဂါပိုးတွေအလွယ်တကူဝင်ရောက်ပြီး အနာရင်းတာ၊ ပိုးဝင်တာနဲ့နောက်ဆက်တွဲပြဿနာတွေဖြစ်ဖို့တော်တော်လေးလွယ်ကူသွားနိုင်တဲ့အနေအထားပေါ့။ မိုးရာသီမှာ အနာကိုသေသေချာချာဂရုစိုက်ဖို့လိုပါမယ်။ မိုးရေနဲ့အတူ ဘက်တီးရီးယားတွေက မဖိတ်ခေါ်ဘဲ ပါလာတတ်တာကြောင့်ပါ။ မိုးရာသီမှာခြေထောက်လိုမျိုးနေရာမှာ အနာဖြစ်လို့ကတော့ ဘက်တီးရီးယားတွေက တံခါးမရှိ ဓါးမရှိဝင်ရောက်ပြီး ခန္ဓါကိုယ်ကို ထိခိုက်မှုတွေဖြစ်စေမှာပါ။ ဒါကြောင့် စိုစွတ်တဲ့မိုးရာသီမှာ အနာကိုသေချာဂရုစိုက်ဖို့လိုပါမယ်။ မိုးရာသီမှာ အနာကို ဒီလိုဂရုစိုက်ပါ အနာကိုမိုးရေနဲ့ မထိတွေ့ပါစေနဲ့- မိုးရေမှာရောဂါပိုးတွေပါဝင်နေတတ်တာကြောင့် အပြင်ထွက်ခါနီးတိုင်း အနာကို ပလာစတာကပ်တာမျိုးဖြစ်ဖြစ် ပတ်တီးစည်းတာမျိုးဖြစ်ဖြစ်လုပ်သွားပေးပါ။ အနာကို မိုးရေနဲ့တိုက်ရိုက်မထိတွေ့အောင်ကာကွယ်ပါ။ အနာကို မိုးရေနဲ့ထိတွေ့စေမှုကပြင်းထန်တဲ့ရောဂါပိုးကူးစက်မှုကိုဖြစ်စေနိုင်တာကြောင့်ပါ။ အနာမှာ ညစ်ပေနေတဲ့အရာတွေပေကျံနေလားဆိုတာကို စစ်ဆေးပါ - အပြင်ကနေ မိုးစိုစိုနဲ့ပြန်လာတဲ့အခါ အနာမှာ ညစ်ပေတဲ့အရာတွေပေကျံကပ်ပါလာလားဆိုတာကိုသေချာစစ်ဆေးပါ။ ပေကျံနေတယ်ဆိုရင် ဖယ်ရှားသန့်စင်ပါ။ ဒီလိုလုပ်ပေးတာက အနာကို ပိုးဝင်ကူးစက်တာမျိုးမဖြစ်အောင်ကာကွယ်နိုင်မှာပါ။ အနာကို သန့်ရှင်းပေးပါ […]


ရှေးဦးသူနာပြုစုခြင်း

ဒဏ်ရာပေါ် ရေခဲအိတ်ကပ်သင့်သလား ရေနွေးအိတ်ကပ်သင့်သလား

ထိခိုက်ဒဏ်ရာတစ်ခုခုဖြစ်လာပြီဆိုရင်စောင့်ရှောက်ကုသမှုမှန်ကန်ဖို့တော်တော်လေးအရေးပါပါတယ်။ ဒဏ်ရာကိုသေချာဂရုစိုက်မှနောက်ဆက်တွဲပြဿနာတွေရန်ကနေ ကင်းဝေးမှာပါ။ ဒဏ်ရာအနာတရဖြစ်ကြတဲ့အခါရေခဲကပ်တာရှိသလိုရေနွေးအိတ်ကပ်တာလည်းရှိကြပါတယ်။ အခုဆောင်းပါးလေးထဲမှာရေခဲကပ်တာနဲ့ရေနွေးအိတ်ကပ်တာတို့ရဲ့ အနာအပေါ် သက်ရောက်ပုံလေးတွေကို မျှဝေပေးပါရစေ။ ရေခဲကပ်တာနဲ့ရေနွေးအိတ်ကပ်တာကို သီးခြားစီအသုံးပြုလို့ရပါတယ်။ အတူတူတွဲဖက်ပြီးတော့ သုံးတာမျိုးတော့ အားမပေးပါဘူး။ ဒီနည်းလမ်း ၂ ခုစလုံးက အနာကျက်ဖြစ်စဉ်ကို တိုးတက်စေတာတော့ အမှန်ပါပဲ။ တစ်မျိုးချင်းစီက အာနိသင်တွေရှိကြပေမယ့် အကျိုးသက်ရောက်ပုံချင်းတော့မတူနိုင်ပါဘူး။ ပုံမှန်အားဖြင့်ကတော့ရေခဲကပ်တာက အနာစစဖြစ်ချင်းမှာ အနာသက်သာစေဖို့နဲ့သွေးတိတ်စေဖို့အတွက် အသုံးပြုတာပါ။ရေနွေးအိတ်ကပ်တာကိုတော့ အနာဖြစ်ပြီးတော်တော်ကြာတဲ့အချိန်နဲ့ နောက်ထပ်တစ်ကြိမ် အနာပြန်ပေါ်လာတဲ့အချိန်မှာမှ အသုံးပြုကြတာပါ။ ရေခဲကပ်ခြင်း ရေခဲကပ်တာက အနာကိုသွေးတိတ်စေနိုင်ပြီး နာကျင်မှုကို သက်သာစေနိုင်ပါတယ်။ရောင်ရမ်းမှုကိုလျော့ပါးသက်သာစေနိုင်ပြီး အနာကိုမြန်မြန်ကျက်စေနိုင်ပါတယ်။ရေခဲကပ်တာကို အနာစစဖြစ်ခြင်းမှာ ချက်ချင်းအသုံးပြုတာက အကောင်းဆုံးပါ။ ပြင်းထန်တဲ့ထိခိုက်ဒဏ်ရာအတွက် အကောင်းဆုံးသောရေခဲကုထုံး ထိခိုက်ဒဏ်ရာကပြင်းထန်တဲ့အခါရေခဲကို အသုံးပြုတာအကောင်းဆုံးပါ။ အသေးစားထိခိုက်ဒဏ်ရာကနေစလို့ ကြီးကြီးမားမားထိခိုက်မိတာတွေကအထိသွေးကတော့ထွက်စမြဲပါ။သွေးထွက်တဲ့အခါသွေးတိတ်အောင်လုပ်ဖို့ အကောင်းဆုံးကရေခဲကပ်ပေးတာပါ။ရေခဲက ထိခိုက်မိတာကြောင့်ဖြစ်တဲ့ရောင်ရမ်းမှုကိုလည်း နာရီပိုင်းအတွင်း သက်သာစေနိုင်ပါတယ်။ နောက်တစ်ခုကရေခဲကို ထိခိုက်ဒဏ်ရာတွေတင်မဟုတ်ဘဲ နာတာရှည်ရောင်ရမ်းနာကျင်မှုဝေဒနာတွေအတွက်ပါ အသုံးပြုလို့ရတာပါ။ အားကစားလုပ်ရင်းဖြစ်သွားတဲ့ ထိခိုက်နာကျင်မှုတွေအတွက်လည်းရေခဲကပ်တာက အသင့်တော်ဆုံးပါ။ ရေခဲကပ်တဲ့အခါဘေးကင်းကင်းနဲ့အသုံးပြုနိုင်မယ့် နည်းလမ်းတွေက ရေနွေးအိတ်ကပ်ကပ်ပြီးချင်းရေခဲကပ်တာမျိုးမလုပ်ပါနဲ့။ ရေခဲကို အရေပြားေပါ်မှာတိုက်ရိုက်မကပ်ပါနဲ့၊ တဘက်စ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း