ကျန်းမာစေမည့်အလေ့အကျင့်များ

ကျန်းမာတဲ့ အလေ့အကျင့်တွေဆိုတာ သင့်ကျန်းမာရေးကို အကျိုးပြုစမြဲပါပဲ။ သင့်ရဲ့ နေထိုင်စားသောက်မှု ပုံစံကို ပြောင်းလဲမယ်ဆိုရင် အရေးကြီးဆုံးက ကောင်းတဲ့ အကျင့်နဲ့ မကောင်းတဲ့ အကျင့်ကို ခွဲခြားသိဖို့ပါပဲ။ ဒီစာမျက်နှာမှာ ကောင်းတဲ့ အလေ့အကျင့်တွေနဲ့ သူတို့ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစေမည့်အလေ့အကျင့်များ

အရည်ကြည်ဖုလေးတွေကို သက်သာစေဖို့ အိမ်တွင်းကုထုံး

ရေနွေးပူလောင်တာကြောင့် အရည်ကြည်ဖုလေးတွေ ဖြစ်နိုင်သလို ဖိအားများတာကြောင့်လည်း အရည်ကြည်ဖုလေးတွေ ဖြစ်နိုင်ပါတယ်။ ဒီလို ဖြစ်လာတဲ့အခါ အရည်ကြည်ဖုလေးတွေကို သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ အရည်ကြည်ဖုလေးတွေကို သေချာ ဂရုမစိုက်မိဘူးဆိုရင် အရည်ကြည်ဖုတွေက ပေါက်သွားပြီး အနာဖြစ်တာ၊ ပိုးဝင်တာလိုမျိုး မလိုလားအပ်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ ဒီလို မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ မဖြစ်လာစေဖို့အတွက် အရေပြားပေါ်မှာ အရည်ကြည်ဖုလေးတွေကို ဘယ်လိုမျိုး သေချာ ဂရုစိုက်ရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးချင်ပါတယ်။ အရည်ကြည်ဖုတွေ ဘာကြောင့်ဖြစ်ရတာလဲ။ အရည်ကြည်ဖုလေးတွေက ခန္ဓာကိုယ်ရဲ့ နေရာ အနှံ့မှာ ဖြစ်နိုင်ပါတယ်။ ဆီပူလောင်တာ ရေနွေးပူလောင်တာ မီးပူကပ်မိတာ ခြေထောက်မှာဆိုရင် ဖိနပ်ပေါက်တာ ကြမ်းတမ်းတဲ့ မျက်နှာပြင်တွေမှာ ဖိနပ်မပါဘဲ အချိန်အကြာကြီး လျှောက်မိတာ လက်မှာဆိုရင် တစ်ခုခုကို ကတ်ကြေးသုံးပြီး ဖိညှပ်ရင်း ဖိအားကြောင့် […]

ကျန်းမာစေမည့်အလေ့အကျင့်များ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစေမည့်အလေ့အကျင့်များ ကို ရှာဖွေမည်။

ရှေးဦးသူနာပြုစုခြင်း

အဆူးစူးမိရင်

တစ်ခုခုကိုကိုင်ရင်း၊ ခုန်ပေါက်ဆော့ရင်း၊ပြေးရင်းလွှားရင်း၊ အိမ်မှုကိစ္စတွေလုပ်ရင်းဖြစ်ဖြစ် အမှတ်မထင် အဆူးစူးမိတာတွေရှိတတ်ပါတယ်။ အဆူးကသေးပေမယ့် အဆူးစူးမိတဲ့အခါထိလိုက်ရင်တော်တော်လေးနာတယ်နော်။ များသောအားဖြင့် စူးမိတဲ့အဆူးလေးတွေက သစ်သားစလေးတွေဖြစ်တတ်ပါတယ်။ သံတိုသံစလေးတွေ စူးမိတာကတော့ဖြစ်ခဲပါတယ်။ အဆူးစူးတဲ့အခါ များသောအားဖြင့်တော့ ကိုယ်တိုင်ဖယ်ထုတ်လိုက်လို့ရပါတယ်။ ဒါပေမယ့် အဆူးစူးတာကလည်းသေချာဂရုမစိုက်တဲ့အခါ ပိုးဝင်ကူးစက်တာမျိုးဖြစ်လာနိုင်ပြီးဆေးရုံဆေးခန်းပြေးရတာမျိုးတွေအထိဖြစ်နိုင်ပါတယ်။ အနာသေးသေးလေးကစလို့သေသေချာချာဂရုစိုက်ဖို့လိုပါလိမ့်မယ်။ဒီတစ်ခေါက်တော့ဖြစ်လေ့ဖြစ်ထရှိတဲ့ အဆူးစူးမိရင် ဘယ်လိုဖယ်ရှားဂရုစိုက်ရမလဲဆိုတာကိုပြောပြပေးမယ်နော်။ အဆူးကို ဘယ်လိုဖယ်ရှားမလဲ အနာကိုသန့်စင်ဆေးကြောပေးပါ အဆူးစူးမိတဲ့အခါ အရင်ဆုံးအနာကိုဆေးကြောပေးပါ။ အဆူးစူးမိတာကလည်း ထိခိုက်ဒဏ်ရာတစ်မျိုးပါပဲ။ သန့်ရှင်းမှုကို ဂရုစိုက်ဖို့လိုပါမယ်။ အနာတဝိုက်ကိုရေသန့်သန့်နဲ့ဆပ်ပြာခပ်ပျော့ပျော့လေးသုံးပြီး သန့်စင်ဆးကြောပေးပါ။ အဆူးဖယ်ထုတ်ရာမှာသုံးမယ့် ကိရိယာတွေကို သန့်စင်ဆေးကြောပါ အဆူးကိုဖယ်ထုတ်ရာမျာ အသုံးပြုမယ့် ဇာဂနာ၊အပ်တို့လိုမျိုးအရာတွေကို မီးအပူပေးတာမျိုးလုပ်ပြီး အရက်ပြန်နဲ့ သုတ်ပေးပါ။ ဒီလိုလုပ်ပေးတာက ပိုးသတ်သန့်စင်ရာရောက်ပါတယ်။ အလင်းရောင်ကောင်းကောင်းရပါစေ အဆူးကိုဖယ်ထုတ်တဲ့အခါ အဆူးကခပ်သေးသေးလေးဖြစ်တာကြောင့် အလင်းရောင်သေသေချာချာရတဲ့နေရာမှာ ဖယ်ထုတ်ပေးပါ။ မလိုအပ်ဘဲ ထိခိုက်တာတွေ။ အဆူးကျန်နေခဲ့တာတွေ မဖြစ်စေဖို့ပါ။ လိုအပ်ရင်ဆေးထည့်ပါ အနာကအဆူးစူးတာဆိုပေမယ့် အနာပေါက်နည်းနည်းကြီးသွားတဲ့အထိ ထွင်းပြီးမှ အဆူးကိုဖယ်လို့ရတာမျိုးဆိုရင် အနာကို Antibotic cream တစ်ခုခုလူးပေးပါ။ ပလာစတာကပ်ပေးပါ အပေါ်ယံအရေပြာထိခိုက်မိသွားပြီဆိုရင်တော့ ခံတပ်ပျက်သွားပြီဖြစ်တာကြောင့် ဘက်တီးရီးယားတွေ ကိုယ်ထဲကို […]


ရှေးဦးသူနာပြုစုခြင်း

ထိခိုက်ဒဏ်ရာရတဲ့အခါ သတိထားရမယ့် မေးခိုင်ရောဂါပိုးအန္တရာယ်

အနာဖြစ်ရင်သေသေချာချာဂရုစိုက်ဖို့လိုပါတယ်။ အရမ်းမပြင်းထန်ရင်ဆေးလိမ်းတာလောက်နဲ့ သက်သာပျောက်ကင်းနိုင်ပေမယ့် ဒဏ်ရာက နက်တဲ့အခါ ညစ်ပေတဲ့အရာတွေနဲ့ ထိခိုက်မိတဲ့အခါမျိုးမှာတော့ဆေးလိမ်းရုံလောက်နဲ့ မသက်သာတော့ပါဘူး။မေးခိုင်ကာကွယ်ဆေးထိုးဖို့လိုအပ်လာပါလိမ့်မယ်။မေးခိုင်ရောဂါပိုးက ကြိုတင်ကာကွယ်ထားတာက အကောင်းဆုံးဆိုတာကိုသင်သိပါရဲ့လား။ ဒီတစ်ခေါက်မေးခိုင်ရောဂါပိုးအကြောင်းလေးပြောပြပါရစေ။ မေးခိုင်ပိုးဆိုတာ မေးခိုင်ပိုးဆိုတာကClostridium tetani ဘက်တီးရီးယားကနေ ထုတ်လွှတ်လိုက်တဲ့အဆိပ်တစ်မျိုးကြောင့်ဖြစ်လာရတာပါ။မေးခိုင်ရောဂါကပြင်းထန်တဲ့ဘက်တီးရီးယား ကူးစက်ရောဂါတစ်မျိုးပါ။ ဒီဘက်တီးရီးယားကအာရုံကြောစနစ်ကို ထိခိုက်စေပြီးကြွက်သားတွေနာကျင်တာ၊မေးရိုးနဲ့လည်ပင်းတလျှောက်ကကြွက်သားတွေတောင့်တင်းသွားတာမျိုးဖြစ်နိုင်ပါတယ်။ ဒီရောဂါပိုးကအပူဒဏ်နဲ့ ဓါတုဆေးတော်တော်များများကို ခံနိုင်စွမ်းရှိပြီး တိုက်ဖျက်ဖို့ခက်တဲ့ ပိုးတွေကို ထုတ်လုပ်ပေးလိုက်ပါတယ်။မေးခိုင်ပိုးက အသက်ရှုရခက်စေပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိဖြစ်စေနိုင်ပါတယ်။ မေးခိုင်ပိုးကမြေကြီးတွေ၊ဖုန်မှုန့်တွေ၊ တိရစ္ဆာန်နဲ့လူတွေရဲ့ အညစ်အကြေးတွေထဲမှာရှိနေနိုင်ပါတယ်။ ဒဏ်ရာက အရမ်းနက်တာ၊ ညစ်ပေနေတဲ့အရာတွေနဲ့ ထိုးစိုက်မိရာကနေဖြစ်တာ၊သွေးသိပ်မထွက်တဲ့ဒဏ်ရာ နဲ့အောက်ဆီဂျင်ရရှိမှုနည်းတဲ့ ဒဏ်ရာတွေမှာမေးခိုင်ပိုးတွေပေါက်ဖွားနေနိုင်ပါတယ်။မေးခိုင်ပိုးက လူတစ်ယောက်ကနေတစ်ယောက်ကိုတော့ မကူးစက်တတ်ပါဘူး။ မေးခိုင်ပိုးက ဘယ်လောက်အထိပြင်းထန်လဲ မေးခိုင်ပိုးကသေဆုံးမှုအမြင့်ဆုံးဖြစ်စေတဲ့ရောဂါပိုးတစ်မျိုးပါ။ မကြာသေးခင်နှစ်တွေအတွင်းသေဆုံးခဲ့ရသူအရေအတွက်ရဲ့ ၁၀ ရာခိုင်နှုန်းကမေးခိုင်ပိုးဝင်တာကြောင့်သေဆုံးခဲ့ရတယ်လို့ စစ်တမ်းတွေအရသိရပါတယ်။ မေးခိုင်ပိုးဝင်နေပြီဆိုတာကို ဘယ်လိုသိနိုင်မလဲ အနာကနေ တဆင့်ခန္ဓါကိုယ်ထဲမေးခိုင်ပိုးဝင်သွားပြီးတဲ့နောက် ရက်အနည်းငယ်အကြာ ဒါမှမဟုတ် သီတင်းပတ်အနည်းငယ်အကြာမှာရောဂါလက္ခဏာတွေပေါ်လာတတ်ပါတယ်။ရောဂါလက္ခဏာပေါ်ဖို့က ၇ ရက်ကနေ ၁၀ ရက်အထိကြာမြင့်နိုင်ပါတယ်။ ရောဂါလက္ခဏာတွေအနေနဲ့ကတော့ – မေးရိုးကြွက်သားတွေတောင့်တင်းတာ၊ အကြောဆွဲတာမျိုး မေးရိုးလှုပ်ရှားလို့မရတော့တာမျိုး မျိုချရခက်တာ ဝမ်းဗိုက်ကြွက်သားတွေတောင့်တင်းတာ […]


ရှေးဦးသူနာပြုစုခြင်း

ထိခိုက်ဒဏ်ရာတွေဖြစ်လာတဲ့အခါ ဘယ်လိုပြုစုစောင့်ရှောက်ကြမလဲ

ထိခိုက်ဒဏ်ရာ၊ အနာဆိုတဲ့စကားလုံးတွေက ငယ်ငယ်ကတည်းက ခပ်ကင်းကင်းနေလို့ရတဲ့ စကားလုံးတွေမဟုတ်ခဲ့ပါဘူး။ လက်ကိုဓါးရှမိတာ၊ အဆူး စူးမိတာလိုမျိုး ထိခိုက်ဒဏ်ရာသေးသေးလေးတွေကနေစလို့ အဆစ်လွဲတာ၊ အရိုးကျိုးတာ၊ အကြောရောင်တာလိုမျိုး ထိခိုက်ဒဏ်ရာတွေအထိအမျိုးမျိုးကိုတွေ့ကြုံရနိုင်ပါတယ်။ လုပ်ငန်းခွင်မှာ၊ ခရီးသွားနေတုန်းမှာ နောက်ဆုံးအိမ်မှာနေရင်းတောင် ထိခိုက်ဒဏ်ရာတွေဖြစ်နိုင်တာဆိုတော့ ဒီလိုထိခိုက်ဒဏ်ရာတွေ ဖြစ်လာခဲ့ရင် ဘယ်လိုမှန်ကန်စွာ ပြုစုကုသရမလဲဆိုတာကိုတော့ သိထားမှဖြစ်မှာပါ။ ထိခိုက်ဒဏ်ရာအမျိုးမျိုးရှိပါတယ်။ မတော်တဆ ဟင်းသီးဟင်းရွက်တွေလှီးရင်း ဓါးရှမိတာမျိုး၊ အခြားပြတ်ရှနိုင်တဲ့အရာတွေနဲ့ ထိခိုက်မိရာကနေ အရေပြားမှာ ထိခိုက်ရှနာတွေဖြစ်တာ၊ နေ့စဉ်ချက်ပြုတ်ရင်း ရေနွေးပူလောင်တာ၊ မီးပူတိုက်ရင်း အပူနဲ့ကပ်မိတာ၊ အမှုမဲ့အမှတ်မဲ့ပူနေတဲ့အရာတွေကို အခုအခံမပါဘဲ ကိုင်တွယ်ထိတွေ့မှုတွေကြောင့်ဖြစ်ပေါ်တဲ့ အပူလောင်ဖြစ်တာတွေကနေစလို့ ပြင်းထန်တဲ့လှုပ်ရှားမှုတွေကြောင့်ဖြစ်တဲ့ အဆစ်လွဲတာ၊ ခြေခေါက်တာလိုမျိုး အခန့်မသင့်ဖြစ်တာတွေကြောင့် ကြွက်သားနဲ့ အရွတ်တွေရောင်ရမ်းတာနဲ့ ကြီးကြီးမားမား ထိခိုက်မှုတွေကြောင့် အရိုးကျိုးတာတွေအထိ ဖြစ်နိုင်ပါတယ်။ ဘယ်သူတွေ ထိခိုက်ဒဏ်ရာရနိုင်လဲ။ ဘယ်သူမဆို၊ ဘယ်အသက်အရွယ်မဆို လုပ်ငန်းခွင်တွင်း အလုပ်လုပ်ရင်း၊ အိမ်မှုကိစ္စများပြုလုပ်ရင်း၊ အားကစားလုပ်ရင်း၊ သွားလာရင်း မတော်တဆထိခိုက်ဒဏ်ရာများကို ရရှိနိုင်ပါတယ်။ နည်းလမ်းမှန်မှန်ကန်ကန်နဲ့ […]


ရှေးဦးသူနာပြုစုခြင်း

ခြေပွတ်တိုင်လည်ရင် ဘာလုပ်ရမလဲ

ရုပ်ရှင်ဇာတ်ဝင်ခန်းတွေထဲမှာ မင်းသမီးကခြေခေါက်လဲရင် မင်းသားက လှမ်းတွဲပေးလိုက်ပြီး သိပ်မကြာခင် ဇာတ်လမ်းဖြစ်သွားကြတယ်။ တကယ့်အပြင်မှာတော့ တွဲပေးမယ့်လူက အမြဲရှိမနေနိုင်ပါဘူး။ တစ်ယောက်တည်းလမ်းသွားရင်းခြေခေါက်လဲရင် လဲနိုင်တာပဲ။ ရုပ်ရှင်ထဲမှာလိုပြုံးပြနိုင်မှာတော့မဟုတ်ဘူးနော်။တော်တော်နာမှာ။ လှုပ်ရှားရင်း မြေပြင်မညီတဲ့နေရာ နင်းမိရင် ခန္ဓါကိုယ်ဟန်ချက်ပျက်တဲ့အခါမျိုးမှာ ခြေချင်းဝတ်မှာရှိတဲ့ တွယ်ဆက်အရွတ် ထိခိုက်မှုဖြစ်တာ၊ အရွတ်စုတ်သွားတာကြောင့် အခုလိုဖြစ်တတ်ပါတယ်။ ခြေပွတ်တိုင်လည်တယ်ဆိုတာ အဖြစ်များတဲ့ဝေဒနာတစ်ခုပါ။ ဒီလိုဖြစ်ရင် ခြေခေါက်လဲကျတတ်တယ်ပေါ့။ လက်ကောက်ဝတ်၊ ဒူးဆစ် စတဲ့အရိုးအဆစ်တွေမှာလည်း အဆစ်လွဲတာ၊ လိမ်ခေါက်သွားတာမျိုးဗြုတ်ခနဲဆို ရုတ်တရက်ဖြစ်သွားတတ်ပါတယ်။ ဒီလိုဖြစ်ပြီဆိုတာနဲ့ခြေချင်းဝတ်မှာရောင်လာပြီး မထောက်နိုင်တော့ပါဘူး။ သိပ်မပြင်းထန်ရင် ကိုယ့်ဘာသာဂရုစိုက်နေထိုင်လိုက်လို့ သက်သာသွားနိုင်ပေမယ့် သိပ်ရောင်ရမ်းနေတဲ့အထိပြင်းထန်ရင်တော့ ခွဲစိတ်ကုသရတဲ့အထိ လိုအပ်လာနိုင်ပါတယ်။ အဲဒီလိုခြေပွတ်တိုင်လည်တာဖြစ်လာရင် ကိုယ်တိုင် သို့မဟုတ် သူများကိုကူညီပေးနိုင်တဲ့ အရေးပေါ်ပြုစုနည်းလေးတွေရှိပါတယ်။ (၁)ခြေထောက်ကိုအနားပေးပါ ခြေထောက်နာထားမှတော့ ထိခိုက်မှုကိုပိုမဆိုးစေဖို့ လှုပ်ရှားမှုကို ခဏနားထားသင့်ပါတယ်။ ထိုင်ချလိုက်ပြီးခြေထောက်ကို သက်တောင့်သက်သာထားပါ။ ခြေထောက်အောက်က တခုခုနဲ့ ခုပြီးမြှင့်ထားပေးပါ။ ထိခိုက်ထားတဲ့ခြေထောက်ကို ဝိတ်ထပ်မပိစေဖို့ သတိထားရမှာဖြစ်လို့ ချိုင်းထောက် သို့မဟုတ် […]


ရှေးဦးသူနာပြုစုခြင်း

မျက်လုံးတစ်ဝိုက် ထိခိုက်ဒဏ်ရာရရင် ဂရုစိုက်ပါ

မျက်နှာမှာဖြစ်တဲ့ ဒဏ်ရာက သေးသေးလေးပဲဖြစ်ပါစေဦး၊ မျက်လုံးတစ်ဝိုက် နီးရင် ပေါ့ပေါ့ဆဆ သဘောမထားသင့်ပါဘူး။ တတ်နိုင်သလောက် အမြန်ဆုံးဂရုစိုက်ကုသပေးဖို့ လိုအပ်ပါတယ်။ ဥပမာ မျက်ခွံမှာ ထိခိုက်ရှနာဖြစ်တယ်ဆို ဆရာဝန်ပြတာကောင်းပါတယ်။ ကိုယ့်သဘောနဲ့ကိုယ် လျှောက်လုပ်ရင်း မျက်လုံးထဲရောဂါပိုးဝင်သွားရင် ကုသရခက်ပါတယ်။ မျက်လုံးနဲ့ သိပ်မနီးတဲ့ ဒဏ်ရာအသေးစားတွေကိုတော့ အိမ်မှာတင် ကုသလို့ရပါတယ်။ တစ်ခုရှိတာက ရောဂါပိုးမဝင်ဖို့ရယ်၊ အောက်ကအချက်တွေကို လိုက်နာဖို့ရယ် ဂရုစိုက်ရပါမယ်။ အနာကို မထိတွေ့ခင်မှာ လက်ကို သေချာဆေးကြောသန့်စင်ပါ။ အနာကို အညစ်အကြေး ၊ဘက်တီးရီးယားကင်းစေဖို့ တတ်နိုင်သလောက် သန့်စင်ပါ။ ပိုးသတ်ထားတဲ့ ဂွမ်းစလေးနဲ့ ရေဆွတ်ပြီး ညင်ညင်သာသာသန့်စင်ပေးလို့ရပါတယ်။ ပေကျံနေတာရှိသေးရင် ထပ်ပြီးသန့်စင်ပါ။ ဒဏ်ရာက သွေးထွက်နေတယ်ဆိုရင် အသာအယာဖိထားပေးပါ။ အနာကျက်ဆေးအနည်းငယ်ထည့်ပြီး ပလာစတာကပ်ပေးပါ။ ဒဏ်ရာကြီးရင်တော့ ချုပ်ဖို့လိုမှာဖြစ်ပြီး ဆရာဝန်ရဲ့ကုသမှု အမြန်ဆုံးခံယူဖို့လိုအပ်ပါတယ်။ မျက်နှာမှာဆိုတော့ အနာကျက်ပြီးရင် အမာရွတ်ဖြစ်ကျန်ခဲ့မှာစိုးရပါတယ်။ ဖြစ်သလို ပေပေတေတေမနေခဲ့ဘူးဆိုရင်တော့ ဒဏ်ရာအသေးတွေက […]


ရှေးဦးသူနာပြုစုခြင်း

ဦးခေါင်းမှာ ထိခိုက်ဒဏ်ရာရခဲ့ရင် ဂရုစိုက်ရမယ့်အချက်များ

ခန္ဓာကိုယ်ရဲ့ဘယ်အစိတ်အပိုင်းကိုမဆို ထိခိုက်မှုဖြစ်နိုင်ပါတယ်။ အခုတစ်ခေါက်တော့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ဦးခေါင်းကို ထိခိုက်မိတဲ့အခါ ဘယ်လိုသတိထားလုပ်ဆောင်မှုတွေ လုပ်ရမလဲဆိုတာကိုပြောပြပေးမယ်နော်။ ဦးခေါင်းကို ထိခိုက်မိတဲ့အခါပြင်းထန်တဲ့ ထိခိုက်မှုတွေရှိနိုင်သလို အသေးစားထိခိုက်မှုတွေရှိနိုင်ပါတယ်။ ထိခိုက်မှုအတိုင်းအတာပေါ်မှာလိုက်ပြီး ကုသရပုံချင်းကလည်း ကွာခြားနိုင်ပါတယ်။ ဦးခေါင်းကိုထိခိုက်မိတိုင်းဆေးခန်းကိုသွားပြဖို့မလိုပါဘူး။ သိပ်မပြင်းထန်တဲ့ အချို့သော ဦးခေါင်းထိခိုက်မှုတွေကိုနေအိမ်မှာတင် ကုသပေးလို့ရပါတယ်။ တကယ်လို့ ပြင်းထန်တဲ့ထိခိုက်မှုတွေဖြစ်တဲ့အခါမှာလည်း ဆေးရုံဆေးခန်းကိုမသွားသေးခင် အရင်ဆုံး ကိုယ်တိုင်ကုသစောင့်ရှောက်မှုလုပ်ဆောင်ပေးဖို့လိုတာမျိုးလည်းရှိပါလိမ့်မယ်။ ဒီလိုအခြေအနေမှာ အခုပြောပြမယ့် အချက်လေးတွေက အသုံးဝင်မှာပါ။ ဒီအနေအထားတွေကြောင့် ဦးခေါင်းမှာထိခိုက်ဒဏ်ရာရနိုင်ပါတယ် နေအိမ်မှာ မတော်တဆဖြစ်တာ အလုပ်ခွင်မှာ မတော်တဆထိခိုက်တာ သွားရင်းလာရင်း မတော်တဆထိခိုက်မိတာ ကစားရင်းထိခိုက်မိတာ အားကစားလုပ်ရင်းထိခိုက်မိတာ ချော်လဲတာ အမြင့်ကနေပြုတ်ကျတာ ထိုးကြိတ် ရိုက်နှက်ခံရတာ ယာဉ်မတော်တဆဖြစ်တာတွေကြောင့် ဦးခေါင်းမှာထိခိုက်မှုတွေဖြစ်နိုင်ပါတယ်။ ဦးခေါင်းထိခိုက်မိတဲ့အခါ ဒီလိုလက္ခဏာတွေတွေ့ရနိုင်ပါတယ် အသေးစားထိခိုက်မိတာကတော့ နာကျင်မှုဖြစ်တာက လွဲလို့ အခြား လက္ခဏာတွေ တွေ့ရခဲပါတယ်။ သိသိသာသာမြင်ရနိုင်တာက ထိခိုက်မိတဲ့နေရာက အရေပြားရောင်ရမ်းတာ၊ ဖုလာတာလောက်ပဲတွေ့ရနိုင်ပါတယ်။နောက်ထပ်တွေ့ရနိုင်တဲ့ လက္ခဏာအချို့က - […]


ရှေးဦးသူနာပြုစုခြင်း

နှာခေါင်းရိုးကျိုးရင် အရေးပေါ်ဘယ်လိုပြုစုရမလဲ

မျက်နှာကိုထိခိုက်မိတယ်ဆိုရင် အရင်ဆုံးစိတ်ပူရတာက မျက်လုံးနဲ့ နှာခေါင်းပါပဲ။ ရန်ဖြစ်ကြတဲ့အခါ လက်သီးနဲ့ထိုးလည်း နှာခေါင်းရိုးကျိုးနိုင်တယ်၊ တခုခုနဲ့ဆောင့်မိရင်လည်း ထိမှာပဲ။ နှာခေါင်းဆိုတာက သိသိသာသာအပြင်ထွက်နေတဲ့အရာကိုး။ အားကစားလုပ်ရင်းမတော်တဆထိခိုက်မှုေတွ၊ ခိုက်ရန်ဖြစ်တာတွေ ချော်လဲတာ၊ ဆိုင်ကယ်မှောက်တာ စတဲ့ထိခိုက်မှုတွေက အဖြစ်များတဲ့ နှာရိုးကျိုးစေတဲ့အကြောင်းရင်းတွေဖြစ်ပါတယ်။ဖြစ်လာပြီဆိုရင်သွေးတွေထွက်ပြီး နှာခေါင်းတဝိုက်နဲ့မျက်လုံးအောက်နားမှာရောင်ရမ်းလာမယ်၊ နှာခေါင်းရိုးကကောက်သွားတဲ့အတွက် အသက်ရှူရတာပြဿနာဖြစ်မယ်။ နှာခေါင်းရိုးကျိုးသွားပြီဆိုတာ ဘယ်လိုသိနိုင်မလဲ နှာခေါင်းကိုရိုးရိုးထိခိုက်တာမဟုတ်ဘဲ နှာရိုးကျိုးသွားပြီဆိုရင် ဒီလက္ခဏာတွေဖြစ်နေတတ်ပါတယ် - နှာခေါင်းကို အထိမခံနိုင်ဘဲ နာနေတာ နှာခေါင်းနဲ့တဝိုက်ရောင်ရမ်းလာတာ နှာခေါင်းကသွေးထွက်နေတာ နှာခေါင်း သို့မဟုတ် မျက်လုံးနားပေါက်ပြဲတာ နှာခေါင်းကောက်နေတာ၊ ပုံစံပျက်ယွင်းတာ အသက်ရှူရအဆင်မပြေဖြစ်လာတာ နှာခေါင်းကနေ အချွဲတွေထွက်တာ နှာခေါင်းလမ်းကြောင်းမှာ တခုခုပိတ်ဆို့နေသလိုခံစားနေရတာမျိုး။ ဘယ်လိုအမြန်ပြုစုမလဲ ထိခိုက်မှုတခုခုကြောင့် နှာခေါင်းရိုးကျိုးသွားတယ်လို့ သံသယရှိတယ်ဆိုရင် ဆရာဝန်ဆီမရောက်ခင် ဒီအဆင့်လေးတွေအတိုင်း အရေးပေါ်ပြုစုပေးပါ။ (၁) နှာခေါင်းထိခိုက်ပြီဆိုရင် ပါးစပ်ကနေအသက်ရှူပြီး ခေါင်းကို ရှေ့နည်းနည်းငိုက်ထားပါ။( နှာခေါင်းလမ်းကြောင်းကသွေးတွေ လည်ချောင်းထဲကိုရောက်ရှိတာနည်းစေဖို့ပါ) (၂) ထိခိုက်ပြီးတာနဲ့ချက်ချင်းရေခဲကပ်ပါ။ပြီးရင် အရောင်ကျစေဖို့ နောက်တစ်ရက်နှစ်ရက်လောက်တော့ တစ်နေ့လေးကြိမ်လောက်ရေခဲကပ်ပေးပါ။ တစ်ကြိမ်ကို […]


ရှေးဦးသူနာပြုစုခြင်း

လက်ကျိုးပြီးပြန်လည်နလန်ထူလာချိန်မှာ အသုံးဝင်မယ့်နည်းလမ်းအချို့

နေ့စဉ်လှုပ်ရှားမှုတွေလုပ်ဆောင်တဲ့အခါ ခန္ဓါကိုယ်အစိတ်အပိုင်းတစ်ခုစီတိုင်းက အရေးပါပါတယ်။ ကိုယ်တွင်းအင်္ဂါတွေပဲဖြစ်ဖြစ် ကိုယ်ပ အင်္ဂါတွေပဲဖြစ်ဖြစ်ပေါ့။ တစ်နေ့တာစတာနဲ့ ဘယ်အင်္ဂါအစိတ်အပိုင်းကိုအရင်သုံးဖြစ်လဲ၊ ဘယ်အင်္ဂါအစိတ်အပိုင်းကို အသုံးအများဆုံးလို့ထင်လဲ။ အိပ်ရာကနေ နိုးနိုးချင်း မျက်လုံးဖွင့်လိုက်ရင် အရင်ဆုံး လက်နဲ့မျက်လုံးကို ပွတ်မယ်၊ပြီးရင် အပျင်းဆန့်တယ်နော်။ ဟုတ်လား....ပြီးမှအိပ်ရာထမယ်လေနော်။ ဒီတော့ အရင်ဆုံးအသုံးပြုမိတဲ့ အင်္ဂါအစိတ်အပိုင်းက လက်လို့ထင်တယ်နော်။ လက်ရဲ့ အသုံးဝင်မှုက ဒီလောက်နဲ့အဆုံးမသတ်သေးပါဘူး။ မျက်နှာသစ်ဖို့ ကိုယ်လက်သန့်စင်ဖို့ စားဖို့သောက်ဖို့ ကစလို့ သင်ကြားရေးတွေအထိ လက်ကို အသုံးပြုကြရပါတယ်။ လက်ကဒီလောက်အထိအရေးကြီးမှတော့ လက်ကိုတော်တော်လေးဂရုစိုက်ဖို့ လိုမယ်ဆိုတာပြောစရာတောင်မလိုဘူးနော်။ တစ်နေ့တာလှုပ်ရှားမှုအတွက် အသုံးဝင်တဲ့ လက်ကို ထိခိုက်မိနိုင်ပါတယ် တစ်နေ့တာမှာ လက်ရဲ့ လုပ်ဆောင်မှုကတော်တော်တော့များသား။ ဒီလိုမျိုးအရေးပါအသုံးဝင်တဲ့လက်ဟာ အာကစားလုပ်ရင်းဖြစ်ဖြစ်၊ မတော်တဆချော်ကျလို့ထောက်မိတဲ့အခါမှာဖြစ်ဖြစ် ကားမတော်တဆမှုဖြစ်တဲ့အခါမှာဖြစ်ဖြစ် ကျိုးသွားတာမျိုးဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ လက်အရိုးအက်သွားတာကနေစလို့ ထက်ပိုင်းကျိုးသွားတာမျိးအထိဖြစ်နိုင်ပါတယ်။ လက်ကျိုးသွားတဲ့အခါ ဆရာဝန်နဲ့ပြသပြီးသေချာကုသဖို့လိုသလိုပြန်လည်သန်စွမ်းရေးအတွက်လည်းသေချာဂရုစိုက်လုပ်ဆောင်ဖို့လိုပါမယ်။ ထိခိုက်မိသွားတဲ့လက်တစ်ချောင်းပြန်ကောင်းလာဖို့ဆိုရင် အချိန်လနဲ့ချီပြီးကြာမြင့်နိုင်ပါတယ်။ လက်ကျိုးတာကနေပြန်လည်ကောင်းမွန်လာချိန်မှာ ဘာတွေဂရုစိုက်ဖို့လိုမလဲ လက်ကျိုးသွားတဲ့အခါ ဆရာဝန်က သင့်ကို လက်သိုင်းကြိုးဝတ်ဆင်ထားခိုင်းတာ […]


ရှေးဦးသူနာပြုစုခြင်း

လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာအတွက် ရှေးဦးသူနာပြုစုနည်းများ

လူရယ်လို့ဖြစ်လာရင် သမုဒ္ဒရာဝမ်းထွာအတွက်နေ့စဉ် ကျရာနေရာမှာ လှုပ်ရှားရုန်းကန်ရစမြဲပါ။ ဉာဏ အားသုံးရတဲ့လူတန်းစားကလည်း ဉာဏအားသုံးရတဲ့လူတန်းစားအလျောက်၊ ကာယအားသုံးရတဲ့ လူတန်းစားကလည်း ကာယအားသုံးရတဲ့လူတန်းစားအလျောက် ရုန်းကန်လှုပ်ရှားနေကြရတာပါ။ ဒီလိုလှုပ်ရှားမှုတွေအတွင်း အသေးစား ထိခိုက်ရှနာကနေစလို့ ကြီးကြီးမားမားထိခိုက်တာမျိုးတွေအထိတွေ့ကြုံရနိုင်ပါတယ်။ များသောအားဖြင့်တော့ ထိခိုက်မှုကြီးကြီးမားမားတွေကဆောက်လုပ်ရေးလုပ်ငန်းခွင်တွေလိုမျိုး၊ စက်ရုံတွေလိုမျိုးနေရာတွေမှာ ပိုဖြစ်များမှာပါ။ ဒီလိုဖြစ်လာတဲ့အခါ ဘယ်လိုပြုစုစောင့်ရှောက်မှုတွေပေးမလဲ။ အလုပ်ခွင်ထဲမှာဖြစ်နိုင်တဲ့ ထိခိုက်မှုတွေကို ဘယ်လိုပြုစုစောင့်ရှောက်ပေးမလဲ အလုပ်ခွင်ထဲမှာဖြစ်နိုင်တဲ့ ထိခိုက်မှုတွေက တစ်နေ့တာလုပ်ငန်းခွင်ထဲမှာလုပ်ဆောင်ရင်း မတော်တဆထိခိုက်နိုင်ခြေတွေကအများကြီးပါ။ ချွန်ထက်တဲ့အရာတစ်ခုခုနဲ့ ထိုးမိတာ၊ ထိခိုက်ရှနြာဖစ်တာ၊ အပူလောင်တာ၊ စက်ကိရိယာတွေကြောင့် ထိခိုက်မိတာ၊ ချော်လဲတာ၊ အမြင့်ကနေပြုတ်ကျတာ၊ အမြင့်ကနေပြုတ်ကျလာတဲ့ ပစ္စည်းတစ်ခုခုနဲ့ထိခိုက်မိတာ၊ အလေးအပင်မရင်း အရိုးနဲ့ ကြွက်သားတွေထိခိုက်တာ၊နာကျင်တာမျိုးတွေခံစားရနိုင်ပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့အခါ လုပ်ဆောင်ရမယ့် အဆင့်တွေက ဘယ်လိုထိခိုက်ဒဏ်ရာမျိုးပဲဖြစ်ဖြစ် လုပ်ဆောင်ရမယ့်အခြေခံအဆင့်တွေက သိပ်ပြီး ကွားခြားနေတယ်လို့မရှိပါဘူး။ ထိခိုက်အနာတရ တစ်ခုဖြစ်ပြီဆိုရင် အနာကို မကိုင်တွယ်ခင်လက်ကိုအရင်စင်ကြယ်အောင်ဆေးကြောပေးပါ ထိခိုက်ဒဏ်ရာရတဲ့အခါ အလောတကြီးနဲ့ လက်မဆေးဘဲ အနာကို ကိုယ်တွယ်မိတာမျိုးဖြစ်နိုင်ပါတယ်။ သာမန်အချိန်မှာတောင် လက်မှာ မမြင်ရတဲ့ ဘက်တီးရီးယားတွေအများအပြားကပ်ညှိနေနိုင်တာပါ။ အလုပ်ခွင်ထဲမှာ […]


ရှေးဦးသူနာပြုစုခြင်း

နှုတ်ခမ်းတဝိုက် မတော်တဆထိခိုက်မိခဲ့ရင်

မျက်နှာ်ရဲ့ အလှတရားကိုတိုးစေတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ နှုတ်ခမ်းေလးတွေမှာ မတော်တဆ ထိခိုက်မိတာ၊ စားရင်းက ကြိတ်ဝါးမိတာကြောင့် နှုတ်ခမ်းမှာ မတော်တဆထိခိုက်သွားတာမျိုးဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ မျက်နှာအလှတရားထိခိုက်မှုမရှိစေဖို့ အမြန်ဆုံးဂရုစိုက်နိုင်ဖို့လိုပါမယ်။ နှုတ်ခမ်းမှာထိခိုက်မိတဲ့အခါသေချာဂရုမစိုက်ဘူးဆိုရင် အမာရွတ်ကျန်နိုင်ခြေများသလို အနာကျက်နှေးပြီး ပိုးဝင်ကူးစက်တာမျိုးဖြစ်နိုင်ပါတယ်။ နှုတ်ခမ်းမှာထိခိုက်မိတဲ့အခါ ဘယ်လိုဂရုစိုက်မလဲ နှုတ်ခမ်းမှာထိခိုက်တာက အရမ်းဖြစ်ခဲတဲ့ကိစ္စတော့မဟုတ်ပါဘူး။နေ့စဉ်လှုပ်ရှားသွားလာစားသောက်နေသူတွေအဖို့ဖြစ်နိုင်ခြေရှိတဲ့ထိခိုက်ဒဏ်ရာတစ်ခုပေါ့။ နှုတ်ခမ်းမှာထိခိုက်မိတာက အရမ်းမပြင်းထန်ဘူးဆိုရင်၊ ကြီးမားတဲ့မတော်တဆမှုတစ်ခုခုကြောင့် ထိခိုက်တာမဟုတ်ဘူးဆိုရင်တော့နေအိမ်မှာပဲ သက်သာအောင်လုပ်ပေးလို့ရပါတယ်။ ဘယ်လိုသက်သာအောင်လုပ်လို့ရမလဲဆိုတာကို ဆက်ကြည့်လိုက်ရအောင်လား။ အနာကျက်တာကတော့ ထိခိုက်မိတဲ့အတိုင်းအတာပေါ်မှာလိုက်ပြီး ကြာမြင့်ချိန်ကွာခြားနိုင်ပါတယ်။   နှုတ်ခမ်းမှာထိခိုက်တာတွေဖြစ်နိုင်တဲ့ အခြေအနေက ရုတ်တရက်ချော်လဲတာ တစ်ခုခုနဲ့ဝင်ဆောင့်မိတာလိုမျိုး မတော်တဆမှုဖြစ်တာ ထိုးကြိတ်မိရင်းကဖြစ်တာ သွားနဲ့ကြိတ်မိတာ ဒေါသတကြီး နှုတ်ခမ်းကို ကိုက်မိတာတွေကြောင့်နှုတ်ခမ်းမှာ ထိခိုက်ဒဏ်ရာတွြေဖစ်နိုင်ပါတယ်။ နှုတ်ခမ်းမှာဖြစ်တဲ့ ထိခိုက်ဒဏ်ရာတွေကို ဒီလိုသက်သာအောင်လုပ်ပေးပါ နှုတ်ခမ်းမှာ ထိခိုက်မိတဲ့အခါ အနာကို သန့်စင်ဆေးကြောပေးပါ အနာတစ်ခုခုဖြစ်လာပြီဆိုရင် အရင်ဆုံးက အနာကို သန့်စင်ဆေးကြောဖို့ပါ။ အနာက ပါးစပ်တစ်ဝိုက်ဖြစ်နေတာကြောင့် အရက်ပြန်တို့လိုမျိုးအရာကို သုံးပြီးသန့်စင်ဆေးကြောဖို့မဖြစ်နိုင်ပါဘူး။ ဒါကြောင့်ရေသန့်သန့်လေးသုံးပြီးဆေးကြောပေးပါ။ပြီးရင်တစ်သျှူးစသန့်သန့်လေး ဒါမှမဟုတ် တဘက်စသန့်သန့်လေးနဲ့ အနာကို သုတ်ပေးပါ။ သွေးတိတ်အောင်လုပ်ပေးပါ အနာကိုဆေးကြောပြီးပြီဆိုရင် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း