ကျန်းမာစေမည့်အလေ့အကျင့်များ

ကျန်းမာတဲ့ အလေ့အကျင့်တွေဆိုတာ သင့်ကျန်းမာရေးကို အကျိုးပြုစမြဲပါပဲ။ သင့်ရဲ့ နေထိုင်စားသောက်မှု ပုံစံကို ပြောင်းလဲမယ်ဆိုရင် အရေးကြီးဆုံးက ကောင်းတဲ့ အကျင့်နဲ့ မကောင်းတဲ့ အကျင့်ကို ခွဲခြားသိဖို့ပါပဲ။ ဒီစာမျက်နှာမှာ ကောင်းတဲ့ အလေ့အကျင့်တွေနဲ့ သူတို့ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစေမည့်အလေ့အကျင့်များ

အရည်ကြည်ဖုလေးတွေကို သက်သာစေဖို့ အိမ်တွင်းကုထုံး

ရေနွေးပူလောင်တာကြောင့် အရည်ကြည်ဖုလေးတွေ ဖြစ်နိုင်သလို ဖိအားများတာကြောင့်လည်း အရည်ကြည်ဖုလေးတွေ ဖြစ်နိုင်ပါတယ်။ ဒီလို ဖြစ်လာတဲ့အခါ အရည်ကြည်ဖုလေးတွေကို သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ အရည်ကြည်ဖုလေးတွေကို သေချာ ဂရုမစိုက်မိဘူးဆိုရင် အရည်ကြည်ဖုတွေက ပေါက်သွားပြီး အနာဖြစ်တာ၊ ပိုးဝင်တာလိုမျိုး မလိုလားအပ်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ ဒီလို မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ မဖြစ်လာစေဖို့အတွက် အရေပြားပေါ်မှာ အရည်ကြည်ဖုလေးတွေကို ဘယ်လိုမျိုး သေချာ ဂရုစိုက်ရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးချင်ပါတယ်။ အရည်ကြည်ဖုတွေ ဘာကြောင့်ဖြစ်ရတာလဲ။ အရည်ကြည်ဖုလေးတွေက ခန္ဓာကိုယ်ရဲ့ နေရာ အနှံ့မှာ ဖြစ်နိုင်ပါတယ်။ ဆီပူလောင်တာ ရေနွေးပူလောင်တာ မီးပူကပ်မိတာ ခြေထောက်မှာဆိုရင် ဖိနပ်ပေါက်တာ ကြမ်းတမ်းတဲ့ မျက်နှာပြင်တွေမှာ ဖိနပ်မပါဘဲ အချိန်အကြာကြီး လျှောက်မိတာ လက်မှာဆိုရင် တစ်ခုခုကို ကတ်ကြေးသုံးပြီး ဖိညှပ်ရင်း ဖိအားကြောင့် […]

ကျန်းမာစေမည့်အလေ့အကျင့်များ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစေမည့်အလေ့အကျင့်များ ကို ရှာဖွေမည်။

ရှေးဦးသူနာပြုစုခြင်း

ခရီးသွား ရင်းမတော်တဆထိခိုက်မိတဲ့အခါ ဘာတွေလုပ်ကြမလဲ။

မတော်တဆထိခိုက်မိတာကရှောင်လွှဲလို့မရတဲ့ပြဿနာပါ။ အချိန်မရွေးတွေ့ကြုံခံစားရနိုင်ပါတယ်။ သွားရင်းလာရင်းဖြစ်ဖြစ်၊ အိမ်အလုပ်တွေလုပ်ရင်းဖြစ်ဖြစ်၊ အလုပ်တွေလုပ်နေရင်းဖြစ်ဖြစ် မတော်တဆထိခိုက်မိနိုင်တဲ့ အနေအထားတွေအများကြီးပါ။ အိမ်မှာထိခိုက်မိရင်က အစစအရာရာအဆင့်သင့်ရှိနေနိုင်တာကြောင့် ဒဏ်ရာအတွက်လိုအပ်တဲ့စောင့်ရှောက်မှုအားလုံးကို လုပ်ဆောင်ရတာအဆင်ပြေမှာပါ။ ဒါပေမယ့် ခရီးသွား တဲ့အခါမှာလည်း ထိခိုက်မိနိုင်တာပဲလေ။ ဒီလိုထိခိုက်မိတဲ့အခါမှာလည်း အနာကိုသေချာဂရုစိုက်ဖို့လိုအပ်မှာပါ။ ခရီးသွား တဲ့အခါ ဒီလိုပြဿနာလေးတွေကြုံရနိုင်ပါတယ် ချော်လဲတာ ပြတ်ရှဒဏ်ရာ ထိခိုက်ပွန်းပဲ့တာ ခြေသည်းလက်သည်းပဲ့တာ အပူရှပ်တာ ရေဓါတ်ခမ်းခြောက်တာ အရက်အလွန်အကျွံသောက်မိတာ နေလောင်တာမျိုး အပူလောင်တာမျိုးတွေခံစားရနိုင်ပါတယ်။ ခရီးသွားရင်း မတော်တဆထိခိုက်မိပြီဆိုရင် ခရီးသွားတာက အတွေ့အကြုံ ခံစားမှုအသစ်တွေကိုပေးစွမ်းနိုင်ပါတယ်။ အလုပ်ကိစ္စကြောင့် ခရီးသွားရတာမျိုးရှိသလို အပန်းဖြေတဲ့အနေနဲ့လည်း ခရီးသွားကြပါတယ်။ ဒီလိုခရီးသွားတဲ့အခါ လူတော်တော်များများက လိုအပ်တာတွေကိုပြင်ဆင်တတ်ကြပေမယ့် များသောအားဖြင့်မေ့နေတတ်တာတစ်ခုတော့ရှိနေတတ်ပါတယ်။ ဒါက မတော်တဆထိခိုက်မိတာမျိုးအတွက်ပြင်ဆင်ဖို့ပါ။ မတော်တဆဆိုတဲ့ အဓိပ္ပါယ်ကိုက မမျှော်လင့်ဘဲဖြစ်လာတဲ့ အခြေအနေပါ။ ဒီတော့ ခရီးသွားတဲ့အခါဖြစ်လာနိုင်ခြေရှိတဲ့ အခြေအနေမတွက် ကြိုတင်ပြင်ဆင်သွားတာအကောင်းဆုံးပါ။ တကယ်လို့ မတော်တဆထိခိုက်မိပြီဆိုရင် - လက်ကိုအရင်ဆုံးသန့်စင်ဆေးကြောပေးပါ။ရေအလွယ်တကူမရနိုင်ခဲ့ရင်ရေမလိုလက်သန့်ဆေးရည်နဲ့ဆေးကြောပေးပါ။ အနာကိုသေချာသန့်စင်ဆေးကြောပေးပါ။ အနာထဲမှာရှိနေတဲ့ ဖုန်မှုန့်တွေ၊ […]


ရှေးဦးသူနာပြုစုခြင်း

အနာကျက်မြန်ချင်ရင် ဒီအစားအစာတွေကိုရှောင်ပါ။

ခေါင်းအစခြေအဆုံးတစ်ကိုယ်လုံးကထိခိုက်မိနိုင်တာပါပဲ။ငြိမ်ငြိမ်လေးထိုင်နေတာတောင် ထိခိုက်နိုင်တဲ့အရာက ကိုယ့်ကိုလာထိခိုက်မိနိုင်သေးတာ။ သွားလာလှုပ်ရှားနေရသူတွေအဖို့ကတော့ အနာကင်းဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စပါပဲ။ အနာဖြစ်လာတဲ့အခါ ခန္ဓါကိုယ်ရဲ့စနစ်က အနာကျက်အောင်လုပ်ဆောင်ပေးပါတယ်။ ဒီလိုလုပ်ဆောင်ပေးရာမှာလည်း ခန္ဓါကိုယ်က သူ့အလိုလိုလုပ်လိမ့်မယ် ဘာမှလုပ်စရာမလိုဘူးမဟုတ်ပါဘူး။ အနေအထိုင် အစားအသောက်လေးဆင်ခြင်ပေးဖို့တော့လိုတာပေါ့။ ကဲ ဒီတော့ အနာကျက်မြန်အောင်ဘာတွေကို ဂရုစိုက်ဆင်ခြင်မလဲ။ အနာကျက်မြန်ချင်ရင် ဒီအစားအစာတွေကိုရှောင်ပါ။ အနာဖြစ်ပြီဆိုရင် ကြီးကြီးမားမားကျန်းမာရေးပြဿနာမှမဟုတ်တာဆိုပြီး အမှုမဲ့ အမှတ်မဲ့မနေပါနဲ့။ အနာကျက်နှေးစေနိုင်တဲ့ ဒီအစားအစာတွေကို မစားဖြစ်အောင်သတိထားပေးပါနော်။ ဟင်းခတ်အမွှေးအကြိုင်တွေ - ချင်းနဲ့နနွင်းတွေက ဟင်းပွဲတွေကို အရသာပြည့်ဝစေတာတင်မဟုတ်ဘဲ ကျန်းမာရေးအတွက်လည်း အတိုင်းအတာတစ်ခုအထိကောင်းကျိုးပြုပေးပါတယ်။ ဒီဟင်းခတ်အမွှေးအကြိုင်တွေက ခန္ဓါကိုယ်တွင်းမှာသွေးခဲတာမျိုးတွေမဖြစ်အောင်ကာကွယ်ပေးပါတယ်။ ဒါပေမယ့် အလွန်အကျွံစားမယ်ဆိုရင် အနာကျက်မှုဖြစ်စဉ်အတွက်အဓိကအရေးပါတဲ့သွေးခဲမှုဖြစ်စဉ်ကို အနှောင့်အယှက်ဖြစ်စေတာကြောင့် အနာရှိနေတဲ့အချိန်မှာ ဒီဟင်းခတ်အမွှေးအကြိုင်တွေကို အများကြီးမစားပါနဲ့။ အဆီထုတ်ထားတဲ့နို့ - အဆီထုတ်ထားတဲ့နို့တွေက ခန္ဓါကိုယ်ရဲ့ အင်ဆူလင်ထုတ်လုပ်မှုနဲ့ ခန္ဓါကိုယ်ရဲ့ရောင်ရမ်းမှုကိုဖြစ်စေတဲ့လုပ်ဆောင်မှုတွေအပေါ်မှာ သက်ရောက်တာမျိုးတွေရှိနေပါတယ်။ရောင်ရမ်းမှုက ထိခိုက်ဒဏ်ရာရတဲ့အခါ ခန္ဓါကိုယ်ကပထမဆုံးတုံ့ပြန်လိုက်တဲ့ တုံ့ပြန်မှုပါ။ ဒီတုံ့ပြန်မှုကြောင့်သွေးတိတ်သွားစေပြီးသွေးခဲအောင်လုပ်ဆောင်ပေးပါတယ်။ အဆီထုတ်နို့ကရောင်ရမ်းမှုဖြစ်စဉ်ကိုအနှောက်အယှက်ဖြစ်စေတာကြောင့် အနာကျက်နှေးစေပြီး မလိုအပ်ဘဲ ပိုးဝင်ကူးစက်မှုတွေကိုဖြစ်ပေါ်စေပါတယ်။ […]


ရှေးဦးသူနာပြုစုခြင်း

ပြည်တည်နာဖြစ်ရင် ဘယ်လိုဖြေရှင်းလေ့ရှိလဲ

ထိခိုက်အနာတရ တစ်ခုခုဖြစ်ရင် အနာကျက်ဖို့ အချိန်အတိုင်းအတာတစ်ခုတော့လိုပါတယ်။ အနာကျက်သင့်တဲ့အချိန်ထက်ကျော်လာရင်တော့ ပိုးဝင်လို့ အနာရင်းနေပြီလား၊ ဆီးချိုကြောင့်အနာကျက်နှေးတာလား၊ သန့်ရှင်းမှုမရှိလို့လား၊ အနာကိုဂရုစိုက်ပုံ မှားယွင်းနေသလား စစ်ကြည့်သင့်နေပါပြီ။ မကျက်ဘဲ တာရှည်နေတဲ့အနာမှာ ပိုးဝင်လာတဲ့အခါ ပြည်တည်လာနိုင်ပါတယ်။ပြည်တည်ပြီးဆိုဖောက်ထုတ်လိုက်ရင်ပြီးတာပဲ လို့တချို့ကတွေးကြပါတယ်။ပြည်ဆိုတာ မှည့်ရင် သူ့အလိုလိုပေါက်သွားလိမ့်မယ် အနာပေါက်ပွင့်ရင် အနာကျက်သွားလိမ့်မယ်လို့လည်း ဆိုကြပါတယ်။ ဒါဆို အနာပေါက်ပွင့်သွား၊ပြည်ပေါက်ထွက်သွားရင်ပြီးပြီလား။ မဟုတ်ပါဘူး။ အနာကို ပိုးမဝင်အောင် ဒါမှမဟုတ် ပိုးဝင်ပြီးလို့ ကုသတဲ့အခါ သက်သာလာရင်တောင်မှ အမြဲဆက်ဂရုစိုက်ပေးရပါမယ်။ပြည်တည်တဲ့အဆင့်ရောက်မှသေချာဂရုမစိုက်ရင် အတွင်းထိ လှိုက်စားတာမျိုး၊ အရိုးထိ ထိခိုက်တာမျိုး ဆိုးရွားတဲ့ေနာက်ဆက်တွဲပြဿနာတွေ မဖြစ်သင့်ဘဲဖြစ်လာနိုင်ပါတယ်။ ဘာကြောင့်ပြည်တည်တာလဲ အရေပြားထိခိုက်ပေါက်ပြဲဒဏ်ရာမှာရောဂါပိုးဝင်တဲ့အခါ အနာရင်းပြီးတာရှည်လာတယ်။ အဲဒီအတွင်းမှာ ပြည်တည်လာတာက ရောဂါပိုးတွေကိုနှိမ်နင်းဖို့ ခန္ဓါကိုယ်ရဲ့တုံ့ပြန်ခုခံမှုတွေရှိလာတဲ့အဓိပ္ပါယ်ပါ။ ဒါပေမယ့် အနာက ြပည်တည်လာတိုင်း ခန္ဓါကိုယ်ကခုခံနေပြီပဲ ဆိုပြီးပျော်မသွားနဲ့ဦး။ အရေးကြီးတဲ့အချိန်က ခုမှရောက်တာပါ။ပြည်တည်လာပြီးနောက်ပိုင်း ကုသမှု၊ ဂရုစိုက်မှုမကောင်းရင် အခြေအနေပိုဆိုးလာမှ အကျိုးနည်းကုန်ရပါလိမ့်မယ်။ ပြည်တည်ပြီဆိုသေချာဂရုမစိုက်ရင်၊မကုသရင် ပိုဆိုးလာတာများပါတယ်။ရောဂါပိုးကအရေပြားအောက်က တစ်ရှူးတွေကို […]


ရှေးဦးသူနာပြုစုခြင်း

ယာဉ်မတော်တဆမှုဖြစ်တဲ့သူကို အရေးပေါ်ဘယ်လိုကူညီမလဲ

လမ်းသွားရင်း ကိုယ့်အနီးအနားမှာ မတော်တဆထိခိုက်မှုတစ်ခုခုဖြစ်တာမျိုး ကြုံဖူးကြလား။ ကူညီပေးချင်ပေမယ့် ဘာလုပ်ပေးရမှန်းမသိဘဲ ဒီအတိုင်းကြည့်နေရတာလား။ ဖုန်းကိုထုတ်လိုက်တာ ဓါတ်ပုံရိုက်၊ပို့စ်တင်ဖို့လောက်တော့ မဖြစ်ကြစေနဲ့ပေါ့နော်။ အရေးပေါ်ဆေးရုံကားကို အမြန်ခေါ်ပေးလိုက်ပါ။ ဒဏ်ရာသိပ်ပြင်းထန်ရင်ဆေးရုံကားနဲ့မှ အဆင်ပြေမှာဖြစ်ပါတယ်။ ဒါပေမယ့် ကျန်းမာရေးစောင့်ရှောက်သူတွေဆီမရောက်ခင်မှာဘေးကနေ အရေးပေါ်ကူညီပေးလို့ရနိုင်မယ့် အကြံပြုချက်တချို့ကို သိထားသင့်ပါတယ်။ ယာဉ်မတော်တဆမှုကိုမြင်လိုက်တာနဲ့ အရေးပေါ်ဆေးရုံကားခေါ်ပေးပါ။ ထိခိုက်ထားတဲ့သူအနီးကို သွားတဲ့အခါ အသက်ရှူေသးလား၊ သတိလစ်နေလားအရင်လေ့လာပါ။ ဒဏ်ရာပြင်းတဲ့လူနာကို မလိုအပ်ဘဲနေရာမရွှေ့သင့်ပါဘူး။ ထိခိုက်ဒဏ်ရာဆိုတာ အရေပြားပေါ်မှာပဲ ရှိနိုင်တာမဟုတ်သလို အတွင်းဒဏ်ရာတွေရှိနေနိုင်တာကြောင့်ပါ။ သူ့မှာ မီးလောင်မယ့်အန္တရာယ် သို့မဟုတ် တခြားအန္တရာယ်ရှိနေတာကလွဲလို့ အရေးပေါ်အကူအညီတွေမရောက်လာခင်အထိ နေရာကမရွှေ့တာကောင်းပါတယ်။ အရိုးကျိုးတာ၊ အတွင်းဒဏ်ရာတွေရှိနေတာ လိုမျိုး ထိခိုက်ဒဏ်ရာတွေဖြစ်နေရင် မလှုပ်ရှားစေတာကနောက်ဆက်တွဲပြဿနာဖြစ်နိုင်ခြေနည်းစေပါလိမ့်မယ်။ လူနာက သတိလစ်နေတဲ့အပြင် အသက်ရှူမမှန်ခဲ့ရင် လိုအပ်သလို အမြန်ဆုံးကယ်တင်ရပါမယ်။ လိုအပ်လာရင် အရေးပေါ်အသက်ကယ်နည်း CPR ကိုသုံးရပါမယ်။ CPR နည်းအရရင်ညွန့်အလယ်မှာ လက်ဖနောင့်တစ်ဖက်ထားပြီးနောက်လက်တစ်ဖက်နဲ့အုပ်ကိုင်ပါ။ လက်ကိုဖြောင့်အောင်တန်းပြီး […]


ရှေးဦးသူနာပြုစုခြင်း

အဆိပ့်သင့်စေနိုင်တဲ့ အရာတွေကို မှားသောက်မိ၊ အသားနဲ့ထိမိကုန်ပြီလား။

လူတစ်ယောက်အနေနှဲ့ သူရှင်သန်နေရတဲ့ ပတ်ဝန်းကျင်ရှိ အရာတွေက အသုံးဝင်တဲ့ ပစ္စည်းဖြစ်နိုင်သလို အခန့်မသင့်ရင် ဒုက္ခပေးတတ်တဲ့ ပစ္စည်းတွေလည်းဖြစ်သွားနိုင်ပါတယ်။ အက်ဆစ်၊ ပိုးသတ်ဆေး၊ ခေါင်းလျှော်ရည် တွေလိုပေါ့။ ပုံမှန်ဆို လူတွေအတွက် အကျိုးပြုနေတဲ့ အရာတွေဖြစ်ပေမယ့် အခန့်မသင့်ရင် ဘေးဖြစ်စေတယ်တယ်လေ။ အရင်ကတည်းက လူတွေ အတွက် ထုတ်ထားတာ မဟုတ်တော့ တိုက်ရိုက်ထိတွေ့ရတယ်လည်းဆိုရော အဆိပ်ဖြစ်သွားပြီး ဒုက္ခပေးပါလေရော။ ဘယ်သူမှ တော့ မဖြစ်ချင်ပေမယ့် ဖြစ်လာခဲ့ရင်လည်း ပိုဆိုးမသွားအောင် လုပ်သင့်တဲ့ နည်းတွေ၊ မထိသင့်တာတွေ ထိမိရင် ( ဒါမှမဟုတ်) မသောက်သင့်တာတွေ သောက်မိရင် ရှေးဦးသူနာပြုနည်း အနေနဲ့ ဖြစ်ဖြစ်ချင်း ဘာတွေလုပ်သင့်လဲ ဆိုတာ ပြောပြပေးချင်ပါတယ်။ ဘာတွေက အများဆုံး အဆိပ်ဖြစ်စေတတ်သလဲ။ ။ နာမည်ကြီးတွေကတော့ - စိုက်ပျိုးရေးသုံး ပိုးသတ်ဆေးကို မှားသောက်မိတာ ကြွက်သတ်ဆေး တွေကိုသောက်မိတာ အက်ဆစ် အရေပြားေပါ်ကို ထိမိတာ၊ […]


ရှေးဦးသူနာပြုစုခြင်း

ခြေသည်းလက်သည်းကျိုးပြီဆို ဖြစ်ဖြစ်ချင်း ဘာတွေ လုပ်သင့်လဲ။

မတော်တဆထိခိုက်မိပြီး ခြေသည်း လက်သည်းကျိုးတာ ၊ လက်သည်းခြေသည်း ကျွတ်ထွက်သွားတာတွေက ပတ်ဝန်းကျင်မှာ လူတွေပြောနေကျ ဖြစ်နေကျဖြစ်တဲ့ အရာတစ်ခုပါ။ ခြေသည်းကျိုးသွားတာက တော်ပါသေးတယ်။ ကျွတ်ထွက်သွားပြီဆိုရင်တော့ ပေါ့ပေါ့ဆဆနေလို့ မရတော့ပါဘူး။ သွေးတွေလည်း အများကြီးထွက်၊ နာလည်းနာ၊ ကြည့်ရတာလည်း ရုပ်ဆိုးသွားပါတယ် ။ ဘယ်သူမှတော့ မဖြစ်ချင်ကြပေမယ့် ဖြစ်လာပြီဆိုရင် ပိုပြီးဆိုးမသွားအောင် ကုသဖို့၊ဂရုစိုက်ဖို့တော့ လိုတယ်လေ။ ဒါကြောင့် ခြေသည်း လက်သည်း ကျိုးပြီ ပြုတ်ထွက်သွားပြီဆို ဖြစ်ဖြစ်ချင်း လုပ်ဆောင်ရမယ့် နည်းများကို ပြောပြချင်ပါတယ်။ အနာကို သန့်စင်အောင်ရေနှင့်ဆေးပါ။ ။ ခြေသည်းလက်သည်းဆိုတာ ဒီအတိုင်းတော့ မပြုတ်ထွက်ဘူးလေ။ အရင်ကောင်းနေတာကနေ ထိမိခိုက်မိတဲ့ ဒဏ်ရာတစ်ခုခုကြောင့်ပဲ ပြုတ်ထွက်သွားတတ်လို့ သွေးကတော့ စတင် ထွက်လာပါလိမ့်မယ်။ ထိခိုက်မိလို့ သွေးစတင်ထွက်လာပြီဆို အနာဖြစ်သွားပြီလို့ပြောလို့ရပါပြီ။ ဒါကြောင့် ထိခိုက်မိတာဖြစ်ပြီးပြီးချင်း အနာကို ရေဆေးပါ။ ဒါမှသာ […]


ရှေးဦးသူနာပြုစုခြင်း

အရေပြားကိုထိခိုက်စေနိုင်တဲ့ ဓါတုပစ္စည်းတွေလောင်တဲ့အခါ

ဓါတုပစ္စည်း လောင်တာမျိုးကဖြစ်ခဲတယ်ဆိုပေမယ့် လုံးဝမဖြစ်ဘူးလို့ဆိုနိုင်တဲ့အရာတော့မဟုတ်ပါဘူး။ တစ်ခါတလေ အခန့်မသင့်တဲ့အခါမျိုးမှာလည်း ဓါတုပစ္စည်းလောင်တာမျိုးဖြစ်နိုင်ပါတယ်။ ဓါတုပစ္စည်းတွေလောင်တဲ့အခါ အရေပြားက ကျိန်းစပ်စပ်ဖြစ်ပြီး အရေပြားတစ်ရှုးတွေပျက်စီးနိုင်ပါတယ်။ ဓါတုပစ္စည်းလောင်တာကိုနေအိမ်မှာဖြစ်နိုင်သလို လုပ်ငန်းခွင်နဲ့ကျောင်းတွေမှာလည်းဖြစ်နိုင်ပါတယ်။ ကိုယ်ထိလက်ရောက်စော်ကားခံရတာ နဲ့ မတော်တဆဖြစ်ရပ်တွေကြောင့်လည်း ဓါတုပစ္စည်းလောင်တာမျိုးခံစားရနိုင်ပါတယ်။ များသောအားဖြင့်တော့ ဓါတုပစ္စည်းလောင်တာကိုပြင်းထန်တဲ့ ထိခိုက်မှုအဖြစ်ယူဆကြပြီးဆေးကုသမှုခံယူဖို့ တိုက်တွန်းလေ့ရှိကြပါတယ်။ အရေပြားကိုထိခိုက်စေနိုင်တဲ့ ဓါတုပစ္စည်းတွေလောင်တဲ့အခါ ဒါပေမယ့်ဖြစ်ဖြစ်ချင်းမှာ ကိုယ်တိုင်လုပ်ဆောင်သင့်တာတွေကို လုပ်ဆောင်ဖို့လည်းလိုအပ်ပါတယ်။ ဒါကြောင့် ဓါတုပစ္စည်းတွေလောင်ကျွမ်းတဲ့အခါ ဘယ်လိုပြုစုမှုတွေလုပ်ရမလဲဆိုတာကို ဒီဆောင်းပါးလေးကနေပြောပြပေးမယ်နော်။ ဒီအချက်တွေကြောင့် ဓါတုပစ္စည်းတွေ လောင်တာမျိုးဖြစ်နိုင်ပါတယ် နေ့စဉ်အိမ်သန့်ရှင်းဖို့သုံးနေတဲ့အရာတွေ နဲ့ အမျိုးမျိုးသောပတ်ဝန်းကျင်မှာရှိနေတဲ့ အရာတွေ အသုံးပြုနေတဲ့အရာတွေကြောင့် ဓါတုပစ္စည်းလောင်တာမျိုးတွေဖြစ်နိုင်ပါတယ်။ ကြိုတင်သတိထားနိုင်ဖို့ ဒီကနေတဆင့်ဖော်ပြပေးလိုက်ပါတယ်။ အစွန်းချွတ်ဆေးတွေ ဘိလပ်မြေ အိမ်သာသန့်စင်ဆေးရည်တွေ သံသတ္တုတွေကိုချေးချွတ်ရာမှာသုံးတဲ့ဆေးရည်တွေ ရေကူးကန်သန့်ရှင်းရေးအတွက်သုံးတဲ့ဆေးရည်တွေ ဘက်ထရီအက်ဆစ် ဓါတ်မြေသြဇာ တင်ဒါဆေးရည် လိုမျိုးအရာတွေကြောင့် အရေပြားမှာလောင်တာမျိုးတွေဖြစ်စေနိုင်ပါတယ်။ ဓါတုပစ္စည်းတွေလောင်တဲ့အခါ ဖြစ်နိုင်တဲ့လက္ခဏာတွေက များသောအားဖြင့်တော့ ဓါတုပစ္စည်းလောင်ကျွမ်းတာက မျက်နှာ၊ မျက်လုံး၊ လက်မောင်း နဲ့ခြေတွေလက်တွေမျာ အဖြစ်များပါတယ်။ အချို့သောပစ္စည်းတွေက အပေါ်ယံအရေပြားလောက်ကိုပဲလောင်ကျွမ်းစေတာဆိုပေမယ့် […]


ရှေးဦးသူနာပြုစုခြင်း

မီးခိုးမွှန်လို့ အသက်ရှူကျပ်နေသူကို ဘယ်လိုအရေးပေါ်စောင့်ရှောက်မလဲ

မီးဘေးနဲ့ကြုံလာရတဲ့အခါ အရင်ဆုံးရင်ဆိုင်ရမှာက မီးလောင်ခံရနိုင်တဲ့အန္တရာယ်ဖြစ်ပေမယ့်နောက်ထပ်အသက်အန္တရာယ်ရှိစေနိုင်တဲ့အရာက မီးခိုးမွှန်ခြင်းပဲဖြစ်ပါတယ်။ မီးလောင်ပြီဆို ကာဗွန်မိုနောက်ဆိုက်၊ ဟိုက်ဒရိုဂျင်ဆိုင်ယာနိုက်နဲ့ ဟိုက်ဒရိုဂျင်ဆာလ်ဖိုက်တို့ လိုအောက်ဆီဂျင်ရရှိမှုကိုအနှောင့်အယှက်ဖြစ်စေနိုင်တဲ့ဒြပ်ပေါင်းတွေထွက်စေလို့ပါပဲ။ ဒါတွေရှူမိပြီဆို အသက်ရှူဖို့ အောက်ဆီဂျင်မလုံလောက်တော့ဘူး။ ဒါ့ကြောင့် ထမင်းဟင်းချက်တဲ့မီးဖိုကထွက်တဲ့ မီးခိုးနံ့၊ လမ်းမှာအမှိုက်ပုံရှို့တဲ့မီးခိုးနံ့တောင် မခံနိုင်ဘဲ အသက်ရှူကျပ်လာတတ်တယ်မဟုတ်လား။ မီးလောင်မှုနဲ့ မီးခိုးရဲ့အပူရှိန်ကိုမူတည်ပြီး ၂ မိနစ်ကနေ ၁၀ မိနစ်အတွင်း အသက်ဆုံးရှုံးရနိုင်ပါတယ်။ မီးလောင်မှုကြောင့်အောက်ဆီဂျင်တွေကိုလောင်ကျွမ်းစေပြီး မီးခိုးတွေကြောင့် အဆုတ်ထဲကို ကာဗွန်မိုနောက်ဆိုက်တွေအများကြီးရောက်ရှိစေပါတယ်။အောက်ဆီဂျင်ပြတ်လပ်တဲ့ မီးခိုးမွှန်ခြင်းက ၅ မိနစ်ကနေ ၁၀ မိနစ်ကြာရင် ဦးနှောက်ေသဆုံးမှုကိုဖြစ်စေပြီး အသက်ဆုံးရှုံးတဲ့အထိဖြစ်စေနိုင်တယ်။ မီးခိုးမွှန်သူတွေမှာ ခံစားရတဲ့လက္ခဏာ အသက်ရှူလမ်းကြောင်းမှာမွန်းကျပ်လာပြီဆိုတာနဲ့ မီးလောင်မှုအဆင့်နဲ့ မီးခိုးအခြေအနေကိုမူတည်ပြီး ဒီလက္ခဏာတွေခံစားရနိုင်ပါတယ်။ ချောင်းဆိုးလာခြင်း အသက်ရှူမဝခြင်း အသက်ရှူသံတရွှီရွှီမြည်လာခြင်း မျက်စိနီရဲလာခြင်း၊ ကျိန်းစပ်လာခြင်း အသားတွေပြာလာခြင်း မီးခိုးမွှန်ခြင်းကြောင့် နှာခေါင်းနဲ့နှာခေါင်းလမ်းကြောင်းမှာရောင်ရမ်းလာခြင်း ကာဗွန်မိုနောက်ဆိုက်ကြောင့်ဖြစ်လာတဲ့ခေါင်းကိုက်ခြင်း၊မူးဝေအော့အန်ခြင်း မီးလောင်ကျွမ်းမှုကထွက်လာတဲ့ဓါတုအဆိပ်ငွေ့တွေကြောင့်နဲ့အောက်ဆီဂျင်နည်းပါးမှုကြောင့် စိတ်အာရုံရှုပ်ထွေးခြင်း၊ သတိလစ်ေ့မမျောခြင်း၊ တက်ခြင်းနဲ့ ကိုမာဖြစ်ခြင်းတို့နောက်ဆက်တွဲပြဿနာတွေရှိနိုင်ပါတယ်။ မီးခိုးမွှန်သူကို ဘယ်လိုအရေးပေါ်ကူညီမလဲ ဘေးလွတ်ရာရွှေ့ပြောင်းပေးပါ မီးခိုးမွှန်နေသူကိုလေကောင်းလေသန့်ရနိုင်တဲ့ဘေးလွတ်ရာကိုရွှေ့ပြောင်းပေးပါ။ […]


ရှေးဦးသူနာပြုစုခြင်း

သင် စားရင်း အခန့်မသင့်လို့အရိုးစူးနေပြီလား။ ဒါလေးတွေ လုပ်ကြည့်ပါ။

နေ့စဉ် အစာစားပြီးရှင်သန်နေရတဲ့ လူတစ်ယောက်အနေနဲ့ ဘဝမှာ တစ်ခါတော့ အစာအစားရင်း ငါးရိုးစူးတာတို့ကြက်ရိုးစူးတာတို့ ကြုံဖူးကြမှာပါ။ အစားတစ်လိုင်းတွေဆို ပိုဆိုးမှာပေါ့။ စားလို့ကောင်းနေပါတယ်ဆိုမှ အရိုးကစူးနေတော့ တော်တော် ကသိကအောက်ဖြစ်စရာ ပဲ မဟုတ်လား။ အဲအခါကျရင် ပူထူပြီး အရိုးကျအောင် လုပ်မိလုပ်ရာတွေလုပ်တတ်ကြတယ်။ မကျတဲ့အပြင် ပိုဆိုးသွားတတ်ပါတယ်။ ဒါကြောင့် အစာစားရင်း အရိုးစူးပြီဆိုတာနဲ့ ဘာတွေ လုပ်ရမယ်ဆိုတာ ပြောပြပေးချင်ပါတယ်။ ဘာအရိုးတွေက အစားစားရင်းအများဆုံးဆူးတတ်သလဲ။ ။ အစားအစားရင်း အဖြစ်အများဆုံးကတော့ ငါးရိုးဆူးတာ ၊ ကြက်ရိုးဆူးတာတွေ ဖြစ်ပါတယ်။ အရိုးများတဲ့ငါးကို အသားနွှင်စားရင်း ပဲဖြစ်ဖြစ်၊ မုန့်ဟင်းခါးစားရင်း ဟင်းရည်ထဲမှာ အရိုးပါလာတာပဲ ဖြစ်ဖြစ်၊ ကြက်သားသုတ်တွေမှာ အရိုးနဲနဲ ပါလာတာပဲဖြစ်ဖြစ် မသိလိုက်မိဘဲစားမိ မျိုချမိလိုက်တဲ့ အခါ အရိုးဆူးတတ်ကြပါတယ်။ အဲလို ဖြစ်လာပြီဆို ထူပူပြီး မလုပ်သင့်တာတွေ လုပ်မိရင် […]


ရှေးဦးသူနာပြုစုခြင်း

ဘေဘီလေးတွေ ဆော့ရင်းထိခိုက်နိုင်တဲ့ ဒဏ်ရာတွေ

ပြုတ်ကျမယ်၊ချော်လဲမယ်။ အပူလောင်တော့မှာပဲ ဒီကလေးကတော့နော်.... တစ်ချိန်လုံးအော်နေရတယ်။ ဒါမျိုးတွေပြောဖူးလား။ ဒါဆိုရင်တော့ သင်ကဘေဘီလေးရဲ့မေမေ၊ဖေဖေ မဟုတ်ရင်တောင် ဦးဦးတီတီအရွယ်ရောက်နေသူပါ။ဘေဘီကတော့ဆော့မှာပဲ ကိုယ်တွေကတော့ တစ်ချိန်လုံးစောင့်ကြည့်သတိပေးရမှာပဲလေ။ လူတိုင်း သူ့တာဝန်နဲ့သူပဲကိုး.. မဟုတ်ဘူးလား။ ကလေးတော်တော်များများက အဆော့သန်ကြပါတယ်။ ကလေးတွေတော်တော်ဆော့တယ်လို့ မပြောခင်မှာ ကိုယ့်ခန္ဓာကိုယ်ကိုပြန်ဆန်းစစ်ဦး။ အနာရွတ်တွေရှိနေလားလို့လေ။ ကလေးတုန်းကဆော့ရင်းရခဲ့တဲ့ အမာရွတ်တွေရှိနေဦးမှာပါ။ အချို့ကပျောက်သွားပေမယ့် အချို့က တစ်သက်မခွဲတဲ့ အမာရွတ်တွေအဖြစ်ကျန်နေသေးတယ်နော်။ ဒီတော့ ကလေးတွေကို မဆော့ပါနဲ့လို့ပြောဖို့ မဖြစ်နိုင်ဘူးဆိုတာ သိသွားလောက်မှာပါ။ ဒီတော့ ဘာလုပ်ရမလဲ။ သူတို့မှာဖြစ်တတ်တဲ့အနာတွေအကြောင်းသိအောင်လုပ်ထားပြီးပြုစုကုသပေးရုံပေါ့။ ကလေးလေးတွေမှာဆော့ရင်းထိခိုက်မိနိုင်တဲ့ ဒဏ်ရာများ ထိခိုက်ရှနာဒဏ်ရာ - ကလေးဆိုတဲ့အရွယ်က အငြိမ်မနေဆော့ချင်နေတတ်တဲ့အရွယ်တွေပါ။ သူတို့ကပြေးမယ်လွှားမယ်၊ အမြင့်တွေကို တွယ်တက်မယ်၊ချော်လဲမယ်။ ဒါတွေအကုန်ဖြစ်နိုင်ပါတယ်။ ကလေးတိုင်း ဒီလိုမျိုးပြဿနာတွေနဲ့ မကင်းကြပါဘူး။ပြေးလွှားရင်းထိခိုက်မိတာကြောင့် တံတောင်ဆစ်၊ ဒူးဆစ်တွေမှာ ကွဲတာတွေ၊ထိခိုက်မိတာတွေဖြစ်လာနိုင်ပါတယ်။ အချို့ဒဏ်ရာတွေက အရမ်းမပြင်းထန်ဘူးဆိုရင် အိမ်မှာတင်ပြုစုကုသပေးလို့ရပါတယ်။ အနာဖြစ်လာတဲ့အခါ အနာကိုရေသန့်သန့် ဆပ်ပြာခပ်ပျော့ပျော့လေးနဲ့ဆေးကြောပြီး အရင်သန့်စင်လိုက်ပါ။ပြီးရင်အနာပေါ်ကို Antibiotic cream […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း