ကျန်းမာစေမည့်အလေ့အကျင့်များ

ကျန်းမာတဲ့ အလေ့အကျင့်တွေဆိုတာ သင့်ကျန်းမာရေးကို အကျိုးပြုစမြဲပါပဲ။ သင့်ရဲ့ နေထိုင်စားသောက်မှု ပုံစံကို ပြောင်းလဲမယ်ဆိုရင် အရေးကြီးဆုံးက ကောင်းတဲ့ အကျင့်နဲ့ မကောင်းတဲ့ အကျင့်ကို ခွဲခြားသိဖို့ပါပဲ။ ဒီစာမျက်နှာမှာ ကောင်းတဲ့ အလေ့အကျင့်တွေနဲ့ သူတို့ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစေမည့်အလေ့အကျင့်များ

အရည်ကြည်ဖုလေးတွေကို သက်သာစေဖို့ အိမ်တွင်းကုထုံး

ရေနွေးပူလောင်တာကြောင့် အရည်ကြည်ဖုလေးတွေ ဖြစ်နိုင်သလို ဖိအားများတာကြောင့်လည်း အရည်ကြည်ဖုလေးတွေ ဖြစ်နိုင်ပါတယ်။ ဒီလို ဖြစ်လာတဲ့အခါ အရည်ကြည်ဖုလေးတွေကို သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ အရည်ကြည်ဖုလေးတွေကို သေချာ ဂရုမစိုက်မိဘူးဆိုရင် အရည်ကြည်ဖုတွေက ပေါက်သွားပြီး အနာဖြစ်တာ၊ ပိုးဝင်တာလိုမျိုး မလိုလားအပ်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ ဒီလို မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ မဖြစ်လာစေဖို့အတွက် အရေပြားပေါ်မှာ အရည်ကြည်ဖုလေးတွေကို ဘယ်လိုမျိုး သေချာ ဂရုစိုက်ရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးချင်ပါတယ်။ အရည်ကြည်ဖုတွေ ဘာကြောင့်ဖြစ်ရတာလဲ။ အရည်ကြည်ဖုလေးတွေက ခန္ဓာကိုယ်ရဲ့ နေရာ အနှံ့မှာ ဖြစ်နိုင်ပါတယ်။ ဆီပူလောင်တာ ရေနွေးပူလောင်တာ မီးပူကပ်မိတာ ခြေထောက်မှာဆိုရင် ဖိနပ်ပေါက်တာ ကြမ်းတမ်းတဲ့ မျက်နှာပြင်တွေမှာ ဖိနပ်မပါဘဲ အချိန်အကြာကြီး လျှောက်မိတာ လက်မှာဆိုရင် တစ်ခုခုကို ကတ်ကြေးသုံးပြီး ဖိညှပ်ရင်း ဖိအားကြောင့် […]

ကျန်းမာစေမည့်အလေ့အကျင့်များ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစေမည့်အလေ့အကျင့်များ ကို ရှာဖွေမည်။

ရှေးဦးသူနာပြုစုခြင်း

လမ်းမှာ ရင်ဘတ်အောင့်တဲ့ သူတစ်ယောက်တွေ့ပြီဆို ဘယ်လို အရေးပေါ်ကူညီပေးမလဲ။ ။

လူတိုင်းသိကြမှာပါ။ ရင်ဘတ်အောင့်တယ်ဆိုတာ ပေါ့ဆလို့မရတဲ့ ဝေဒနာတစ်ခုဆိုတာ။ တစ်ချို့ရင်ဘတ်အောင့်တာတွေက သာမန်ရိုးရိုးသာဖြစ်ပေမယ့် တစ်ချို့ကျတော့ အသက်သေဆုံးတဲ့ အထိပြင်းထန်တတ်တာမျိုးပါ။ ဆုံးဖြတ်ချက်လေးမှားသွားတာနဲ့ အပိုအလုပ်ရှုပ်တာတွေ ဖြစ်သွားတတ်သလို အခြားတစ်ဘက်က ပြန်ကြည့်ရင်လည်း မဖြစ်သင့်ဘဲ အသက်သေဆုံးတာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ဆွေမျိုးတွေထဲကပဲဖြစ်ဖြစ်၊ ရင်ဘတ်အောင့်နေတဲ့ သူစိမ်းတစ်ယောက်ကို အပြင်မှာတွေ့ရင်ဘဲဖြစ်ဖြစ် လုပ်သင့်တဲ့ အရေးပေါ်ပြုစုနည်းတွေ အကြောင်း ဝေမျှချင်ပါတယ်။ နည်းလမ်းမှန်မှန်သိထားတော့ ဆုံးဖြတ်ချက်တွေလည်း မှန်ပြီး အပိုအလုပ်ရှုပ်တာတွေ၊ အသက်သေဆုံးတာတွေမဖြစ်တော့ဘူးပေါ့။ ။ ရင်ဘတ်အောင့်တာ အရေးပေါ်ကုသမှုခံယူဖို့ လိုမလို ဘယ်လိုအချက်တွေနဲ့ ဆုံးဖြတ်မလဲ။ ။ ရင်ဘတ်အောင့်တတ်ကြတဲ့ သူတွေထဲမှာမှ ဘယ်လိုလူတွေနဲ့ ဘယ်လိုရင်ဘတ်အောင့်တာမျိုးက အရေးပေါ်ကုသမှု ခံယူဖို့ ပိုပြီးလိုအပ်လဲဆိုတာ အရင်ဆုံး ပြောပြပေးချင်ပါတယ်။ ရင်ဘတ်အောင့်ရင် အရေးပေါ်ကုသမှု မြန်မြန်ခံယူသင့်တဲ့သူတွေကတော့ အသက် ၄၀ နဲ့ အထက်လူကြီးတွေ ဆေးလိပ် အရက် သောက်တဲ့သူ၊ အဝလွန်ေနတဲ့သူ၊ […]


ရှေးဦးသူနာပြုစုခြင်း

အနာကပ်ပလာစတာသုံးသူတိုင်း သိသင့်တဲ့ ရှောင်ရန်ဆောင်ရန်တွေ။ ။

တစ်ခုခုထိခိုက်မိပြီး အနာဖြစ်ဖူးတဲ့သူ၊ ဒဏ်ရာရဖူးတဲ့သူတွေ ရှိကြပါသလား။ လူတိုင်းဖြစ်ဖူးကြမှာပါ။ မတော်တဆထိခိုက်မိလို့ပဲဖြစ်ဖစ်၊ ရန်ဖြစ်လို့ပဲဖြစ်ဖြစ် ကိုယ့်ကိုကိုယ်နာကျင်အောင်လုပ်တာပဲဖြစ်ဖြစ် အကုန်လုံးက ထိခိုက်ဒဏ်ရာကနေ ပြေးမလွတ်ပါဘူး။ တစ်ခုခုထိခိုက်မိသွားလို့ ဖြစ်လာတဲ့ အနာတွေကို ဘယ်လို ကုသရမလဲ။ ဒဏ်ရာသေးရင်တော့ အနာကပ်ပလာစတာသာကပ်ကြပြီး ၊ ဒဏ်ရာကြီးရင်တော့ ပတ်တီးစည်းတတ်ကြပါတယ်။ ပတ်တီးစည်းရတဲ့ အဆင့်လောက်ဆို အနာက တော်တော်လေးကြီးနေပြီမို့ ဆေးခန်းသွားပြီး ကုမှရတာပါ။ အဲဒီအခါကျရင် ဆရာဝန်က ပတ်တီးစည်းရင်လုပ်သင့်တဲ့ရှောင်ရန်ဆောင်ရန်တွေ တစ်ခါတည်းပြောလိုက်မှာပါ။ အနာကပ်ပလာစတာကကျတော့ ကိုယ့်ဘာသာ အိမ်မှာပဲ လွယ်လွယ်ဝယ် သုံးနေကြတဲ့ အတွက် သူနဲ့ ပက်သက်တဲ့ ရှောင်ရန်ဆောင်ရန်တွေကျတော့ မသိဖြစ်နေတတ်ကြပါတယ်။ ဒဏ်ရာမြန်မြန်ကျက်ချင်လို့၊ ပိုးမဝင်စေချင်လို့ အနာကပ်ပလာစတာသုံးခါမှ အသုံးမတတ်လို့ ပိုဆိုးသွားတဲ့ အနာတွေ အများကြီးရှိပါတယ်. ဒါကြောင့် အနာကပ်ပလာစတာ သုံးသူတိုင်း သိထားသင့်တဲ့ ရှောင်ရန်ဆောင်ရန်လေးတွေကို ပြောပြပေးချင်ပါတယ်။ ။ ဆောင်ရန် အချက်များ။ […]


ရှေးဦးသူနာပြုစုခြင်း

အမြင့်ကပြုတ်ကျတဲ့သူတစ်ယောက်အတွက် လုပ်ပေးသင့်တဲ့ အရေးပေါ်ရှေးဦးသူနာပြုစုနည်းများ။

အမြင့်တစ်နေရာရာက ပြုတ်ကျတယ်ဆိုတာ လူကြီး၊ လူငယ်မရွေးကို အခန့်မသင့်ရင် ဒုက္ခပေးနိုင်တာမျိုးပါ။ ကြောင်ကျကျတယ်ဆိုရင်တော့ တော်တာပေါ့။ အကျမတော်ရင်တော့ ခေါင်းကွဲ၊ ဒူးပြဲ၊ အရိုးကျိုးနဲ့ ဒဏ်ရာဒဏ်ချက်တွေ တစ်ပြုံကြီး ရသွားနိုင်ပါတယ်။ ဘယ်သူမှတော့ ပြုတ်ကျချင်တဲ့သူ မရှိပါဘူး။ မတော်တဆဆိုပြီးတော့သာ အကုန်ဖြစ်ရတာပါ။ ဖြစ်ပြီးမှတော့လည်း ပိုဆိုးမသွားအောင် ဆက်ကာကွယ်ဖို့ပဲရှိတော့တာပေါ့။ ဒါကြောင့် မတော်တဆ အမြင့်ကကိုယ်ကျရင်ပဲဖြစ်ဖြစ်၊ လမ်းမှာပြုတ်ကျပြီး ဒဏ်ရာရတဲ့သူကို တွေ့ရင်ပဲဖြစ်ဖြစ် လုပ်သင့်တဲ့ ရှေးဦးသူနာပြုစုနည်းလေးတွေ အကြောင်း ပြောပြပေးချင်ပါတယ်။ နေရာတိုင်းအတွက် အသုံးဝင်နိုင်မယ့် နည်းလေးတွေပေါ့။ ။   အမြင့်ကပြုတ်ကျတဲ့သူတစ်ယောက်ကိုတွေ့ရင် အရင်ဆုံး ဘယ်လို ကူညီပေးသင့်သလဲ။ လမ်းသွားရင်းပဲဖြစ်ဖြစ်၊ လုပ်ငန်းခွင်ထဲမှာပဲဖြစ်ဖြစ် အိမ်မှာပဲဖြစ်ဖြစ် တစ်ယောက်ယောက် ဒဏ်ရာရနိုင်လောက်တဲ့ အမြင့်က ပြုတ်ကျလာလို့ရှိရင် ဒဏ်ရာ ပြင်းမပြင်း အရင်ကြည့်ပါ။ ဒဏ်ရာပြင်းတဲ့ သူဆိုရင် လူနာတင်ယာဉ် အရင်ခေါ်ပါ။ လူနာတင်ကား လာနေချိန် […]


ရှေးဦးသူနာပြုစုခြင်း

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ

မီးပြဿနာကြောင့်ဖြစ်စေ၊ စက်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ကြောင့်ဖြစ်စေ ဓာတ်လှေကားစက် ရပ်သွားပြီး ပိတ်မိသွားတတ်ပါတယ်။ ဒါကြောင့် ဓာတ်လှေကားထဲမှာ ပိတ်မိသူတွေအနေနဲ့ ဒီလိုအချိန်မျိုးမှာ အကြောက်မလွန်ဖို့၊ မစိုးရိမ်ဖို့ လိုအပ်ပါတယ်။ ဘေးအန္တရာယ်ကင်းကင်းနဲ့ အပြင်ကို ပြန်ထွက်လို့ ရတဲ့အချိန်ထိ ဘာတွေ လုပ်သင့်လဲ၊ ဘယ်လို အပြုအမူမျိုးတွေကို ရှောင်ကြဉ်ရမလဲဆိုတာကို ဗဟုသုတအနေနဲ့ ဝေမျှပေးလိုက်ပါတယ်။ ၁။ စိတ်ကို တည်ငြိမ်အောင် ထားပါ။ ဘယ်လိုမှ အပြင်ကို ပြန်ထွက်လို့ မရတဲ့ ဒီလိုအခြေအနေမျိုးမှာ ကြောက်ရွံ့ထိတ်လန့်တတ်ကြတာ လူ့စိတ်သဘာဝပါပဲ။ ကိုယ့်ရဲ့ စိတ်က မတည်မငြိမ်ြဖစ်နေတဲ့အခါမှာ ပိတ်မိနေတဲ့ အခြေအနေကို ပိုဆိုးစေမယ့် အမှားတွေ လုပ်မိနိုင်သလို နှလုံးမကောင်းသူတွေမှာဆိုရင် စိတ်က တုန်လှုပ်ခြောက်ခြားပြီး အမောဖောက်တာမျိုး ဖြစ်လာနိုင်ပါတယ်။ ဒီလိုဖြစ်လာပြီဆိုရင် အသက်ကို ၀၀ရှူပြီး စိတ်ကို တည်ငြိမ်အောင် ထားဖို့ အလွန်အရေးကြီးပါတယ်။ အသက်ကို ၀၀ရှူပါ။ […]


ရှေးဦးသူနာပြုစုခြင်း

အပူရှပ်တဲ့အခါ အရေးပေါ် ဘယ်လိုပြုစုကုသရမလဲ

ရာသီဥတုက ပူလာပြီနော်။ ဆောင်းဝင်ပြီဆိုပေမယ့် ခုနောက်ပိုင်းရာသီဥတုက အပူဓါတ်ပဲလွန်ကဲလာတာဆိုတော့ နွေရာသီအတိုင်းကို ပူပြင်းလို့နေပြီလေ။ အပူရှိန်ပြင်းပြင်းနဲ့တောက်လောင်နေတဲ့ရာသီဥတုက အသက်အရွယ်မရွေးကို အပူရှပ်စေနိုင်တဲ့ အန္တရာယ်ရှိစေနိုင်ပါတယ်။ အပူရှပ်တာက အရေးမကြီးဘူးလို့မထင်ပါနဲ့။ အရေးပေါ်အသက်ကယ်ဆယ်မှုတွေမပြုလုပ်နိုင်ဘူးဆိုရင် အသက်ဆုံးရှုံးသွားနိုင်တဲ့အထိ ပြင်းထန်နိုင်ပါတယ်။ အပူရှပ်ပြီဆိုတာကို ဘယ်လိုသိနိုင်မလဲ။ ၁။ ခန္ဓါကိုယ်ရဲ့ အပူချိန်က ၁၀၃ ဒီဂရီဖာရင်ဟိုက်ထက်မြင့်မားနေမယ်။ ၂။ နှလုံးခုန်နှုန်းအရမ်းမြန်နေမယ်။ ၃။ ချွေးမထွက်တော့ဘဲ ခြောက်သွေ့နေမယ်။ ၄။ သတိလစ်နေမယ် ဒါမှမဟုတ် ကြောင်တောင်တောင်ဖြစ်နေမယ်။ ၅။ တက်နေမယ်။ ၆။ အရေပြားတွေက နီရဲခြောက်သွေ့ပြီး ပူနေမယ်။ အဲဒီလိုလက္ခဏာတွေရှိနေပြီဆိုရင် အပူဒဏ်ကြောင့် အပူရှပ်တာဖြစ်ပါတယ်။ အရေးပေါ်အခြေအနေဖြစ်တာကြောင့် အမြန်အဆန် ပြုစုကုသမှုတွေပြုလုပ်ရပါမယ်။ ကိုယ့်ရှေ့မှာ အပူရှပ်တဲ့သူကို တွေ့ပြီဆိုရင် အောက်ပါတွေအတိုင်းလုပ်ပေးပါ။ ၁။ ဆေးရုံကားခေါ်ပါ။ ဒါမှမဟုတ် တတ်ကျွမ်းနားလည်တဲ့ အကူအညီပေးနိုင်သူကို အကူအညီတောင်းပါ။ ၂။ လူနာကို လေအေးစက်တပ်ထားတဲ့နေရာ ဒါမှမဟုတ် အရိပ်ရတဲ့နေရာကိုခေါ်ဆောင်ပါ။ ၃။ လည်ပင်း၊ ချိုင်းကြား၊ ပေါင်ကြားတွေကို ရေအေးဝတ်ကပ်ပါ။ တစ်ကိုယ်လုံး အပူချိန်လျော့သွားအောင် ပန်ကာနဲ့ဖြစ်ဖြစ် […]


ရှေးဦးသူနာပြုစုခြင်း

ကာဗွန်မိုနောက်ဆိုက် အဆိပ်သင့်ခြင်းအန္တရာယ် အရေးပေါ်ဘယ်လိုကူညီနိုင်မလဲ

ကာဗွန်မိုနောက်ဆိုက်ဆိုတာ အနံ့မရှိ၊ အရသာမရှိတဲ့ အဆိပ်ဓါတ်ငွေ့ဖြစ်ပါတယ်။ သူ့ကိုရှူရှိုက်မိရင် အဆိပ်သင့်စေနိုင်ပြီး ပမာဏနည်းရင်တော့သတိမထားမိဘဲ လူကဘာဖြစ်လို့ဖြစ်မှန်းမသိလိုက်တာ ရှိတတ်ပါတယ်။လေထုထဲမှာ ဒီဓါတ်ငွေ့များနေပြီဆိုရင်တော့သွေးနီဥဆဲလ်တွေထဲကအောက်ဆီဂျင်ေနရာမှာ ကာဗွန်မိုနောက်ဆိုက်တွေအစားထိုးဝင်ရောက်သွားနိုင်တာမို့ ခန္ဓါကိုယ်ထဲမှာ ဆိုးရွားတဲ့ထိခိုက်ပျက်စီးမှုတွေဖြစ်လာနိုင်တယ်၊ အသက်ဆုံးရှုံးရတဲ့အထိတောင်ဖြစ်နိုင်ပါတယ်။ ဥပမာ အလုံပိတ်ကားပါကင်ထဲမှာ ကားစက်နှိုးလို့ အင်ဂျင်ကထွက်လာတဲ့ဓါတ်ငွေ့တွေ လွန်ကဲလာရင်လေထုညစ်ညမ်းပြီး အသက်ရှူကျပ်လာတာ၊ မီးခိုးမွှန်လို့ အသက်ရှူကျပ်လာတာ၊လေအေးပေးစက်ကြောင့် ဘာနံ့မှမရဘဲအသက်ရှူကျပ်လာတာ၊ စတာတွေကို အလုံပိတ်နေရာတစ်ခုခုအတွင်း ခံစားဖူးကြမှာပါ။ အခိုးအငွေ့မမြင်ရတဲ့ အသံတိတ်လူသတ်သမားပါပဲ။ ကာဗွန်မိုနောက်ဆိုက်အဆိပ်သင့်ခြင်းက ဓါတ်ငွေ့အနည်းအများနဲ့ ရှူရှိုက်မှုအတိုင်းအတာကိုမူတည်ပြီး ဦးနှောက်သေခြင်း၊ နှလုံးထိခိုက်ပျက်စီးခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်း၊သေဆုံးခြင်းတို့အထိဖြစ်နိုင်လောက်အောင် အန္တရာယ်ကြီးပါတယ်။ အဆိပ်သင့်မှုဖြစ်နိုင်ခြေအများဆုံး အရင်းအမြစ်တွေ ကာဗွန်မိုနောက်ဆိုက်ဓါတ်ငွေ့တွေ ထွက်ရှိမှုကို သတိထားသင့်တဲ့ အရင်းအမြစ်တွေကတော့ - ကားအင်ဂျင် -ကားဂိုဒေါင်တွေ၊ကားဝပ်ရှော့တွေမှာ အင်ဂျင်ကနေထွက်တဲ့ မီးခိုးငွေ့တွေရှူရှိုက်မှုများတတ်ပါတယ်။ အလုံပိတ်ကားပါကင်မှာ ကားစက်နှိုးပြီးထားထားတာက ၁၀ မိနစ်အတွင်းမှာ လူကိုသေစေလောက်တဲ့ ကာဗွန်မိုနောက်ဆိုက်ပမာဏကို အင်ဂျင်ကနေထွက်စေနိုင်ပါတယ်။ ဂက်စ် မီးဖိုနဲ့ ထင်းမီးဖို ဂက်စ် သို့မဟုတ် […]


ရှေးဦးသူနာပြုစုခြင်း

မုတ်ဆိတ်ရိတ်ရင်း ဓားထိသွားရင် ဒါမျိုးလေးတွေ လုပ်ပေးသင့်တယ်နော်

အလှပဆုံး မျက်နှာလေးတစ်ခုကို ပိုင်ဆိုင်ချင်ကြတာ လူတိုင်းရဲ့ အိပ်မက်တစ်ခုပါ။ မိန်းကလေးဆိုရင် စင်ယော်တောင် မျက်ခုံးလေးနဲ့မှ လှပြီး ယောက်ျားလေးတွေကျတော့ မုတ်ဆိတ်လေးနဲ့မှ ကြည့်ကောင်းတာမျိုးပါ။ အဲဒီတော့ လှချင်လို့ မျက်ခုံးကို ပုံဖော်ကြ၊ မုတ်ဆိတ်ထူအောင် ရိတ်ကြ၊ တချို့ကျတော့လည်း နှုတ်ခမ်းမွေး၊ ပါးသိုင်းမွေးတွေ မကြိုက်လို့ အပြောင်ရိတ်ကြ ဆိုတော့ အခန့်မသင့်ရင် ထိမိ၊ ရှမိတတ်ပါတယ်။ ဒီတစ်ခေါက်တော့ မုတ်ဆိတ်ရိတ်ရင်း ထိခိုက်မိတာကို ဘယ်လို ဂရုစိုက်မလဲ ပြောပြပေးမယ်နော်။ မုတ်ဆိတ်ရိတ်ရင်း ဓားထိသွားရင် ဒဏ်ရာလေးတွေက သေးရင် မစိုးရိမ်ရပေမယ့်လည်း သေချာဂရုစိုက်ပေးဖို့တော့လိုပါတယ်။ မျက်နှာဆိုတာ အရေးအကြီးဆုံးပဲမလား။ ဒဏ်ရာသေးပေမယ့်လည်း ဂရုမစိုက်ရင် ပိုဆိုးသွားမှာစိုးလို့ မျက်နှာပေါ် ဒဏ်ရာ တစ်ခုခုရခဲ့ရင် လုပ်သင့်တာလေးတွေ ပြောပြပေးမှာပါ။ အနာကို ရေဆေးပါ။ ။ ဒဏ်ရာရသွားတဲ့နေရာကို ချက်ချင်း ရေဆေးလိုက်ပါ။ စပ်ပေမယ့်လည်း ပိုးသေအောင်လို့ ဆပ်ပြာလေးပါသုံးပေးပါ။ […]


ရှေးဦးသူနာပြုစုခြင်း

ဘာမီတွန် အလွန်အကျွံသောက်မိရင် ဘာတွေဖြစ်လာနိုင်သလဲ။

ဘာမီတွန်ဆိုတာဘာဆေးလဲ။ ဘာမီတွန်ကို ဓာတ်မတည့်မှုတွေ၊ အရေပြားမှာ အဖုအပိမ့်တွေထွက်တာတွေအတွက်အသုံးပြုကြတာပါ။ ဘာမီတွန်ကို အရေပြားမှာ အင်ပျဉ်တွေထွက်တဲ့အခါ၊ ဓာတ်မတည့်မှုကြောင့်ဖြစ်တဲ့ အသက်ရှူရခက်တာ၊ မျက်နှာ၊ နှုတ်ခမ်း၊ လျှာနဲ့ လည်ပင်းတွေမှာ ဓာတ်တည့်မှုကြောင့်ဖြစ်လာတဲ့ ရောင်ရမ်းမှုတွေကို သက်သာစေဖို့အတွက် အသုံးပြုလို့ရတဲ့ဆေးတစ်မျိုးပေါ့။ သောက်သုံးနိုင်တဲ့ပမာဏ ဆေးဝါးတစ်ခုခုကို သောက်သုံးတဲ့အခါ ဆေးညွှန်းအတိုင်း အတိအကျသောက်ဖို့က အရေးကြီးပါတယ်။ ဒီလိုမှပဲ မလိုအပ်တဲ့အန္တရာယ်တွေကနေ ကာကွယ်နိုင်မှာပါ။ ဘာမီတွန်သောက်မယ်ဆိုရင်တော့ - အသက် ၁၂ နှစ်အထက်ဆိုရင် 4 mgဆေးပြားကို ၄ နာရီခြား ကနေ ၆နာရီခြား တစ်လုံးစီသောက်နိုင်ပါတယ်။ တစ်နေ့ကို ၆ လုံးထက်တော့ ပိုမသောက်သင့်ပါဘူး။ အသက် ၆၅နှစ်ကျော်သွားရင်တော့် တစ်နေ့ကို ၃ပြား (12mg)ထက် ပိုမသောက်သင့်ပါဘူး။ အသက် ၆နှစ်ကနေ ၁၁နှစ်အတွင်းဆိုရင်တော့ 2 mgဆေးပြားကို ၄ နာရီခြား ကနေ ၆နာရီခြား […]


ရှေးဦးသူနာပြုစုခြင်း

ဖိနပ်ပေါက်တဲ့အနာ အမာရွတ်မကျန်စေဖို့ ဒါတွေကို သတိထားပါ

ဖိနပ်အသစ်လေးများဝယ်လာရင် ကိုယ်တွေကြုံနေကျပြဿနာက စတော့တာပဲ။ မနက်စီးသွားတုန်းကအကောင်း၊ နည်းနည်းသွားလာပြီးတာနဲ့ခြေလှမ်းတွေက သိပ်မသွက်နိုင်တော့ဘူး။ ဖိနပ်ကပေါက်နေပြီကိုး။ အရင်ဆုံးပြေးလုပ်နိုင်တဲ့ တစ်ခုတည်းသောအလုပ်ကတွေ့ရာဆိုင်မှာ ပလာစတာပြေးဝယ်တော့တာပဲ။ ဖိနပ်ပေါက်တဲ့နေရာလေးကို ပလာစတာကပ်ပြီး ဆက်စီးရင်စီး ဒါမှမဟုတ် ဖိနပ်လဲစရာရှိလဲရတော့တယ်။ ဒါပေမယ့်နောက်နေ့ကျ အဆင်ပြေသွားမှာပဲဆိုပြီးအောင့်အည်းပြီး သည်းခံစီးကြပါတယ်။ ဖိနပ်အသစ်လေးကို မစွန့်လွှတ်နိုင်ဘူးလေ။ ဒါပေမယ့်ပြဿနာက တချို့အနာတွေက အရည်ကြည်ဖုလေးတွေဖြစ်လာရာကနေ ပေါက်ပြဲကုန်လို့ အနာတွေဖြစ်ကုန်တာ၊ အသားမာတက်၊ အမာရွတ်ဖြစ်ကျန်တတ်ပါတယ်။ အဲဒီလိုဖြစ်ကျန်ခဲ့တဲ့အခါ ခြေထောက်လေးတွေ အရုပ်ဆိုးရပြီပေါ့။ အနာကနေ ပိုးဝင်ရင်လည်းနောက်ဆက်တွဲတွေက လာဦးမယ်ဆိုတော့ ကိုယ့်ဘက်က ကြိုးစားကြည့်လို့ရမယ့်အကြံဉာဏ်လေးတွေ ဒီဆောင်းပါးမှာပြောပြပေးချင်ပါတယ်။ အရမ်းကျပ်တဲ့ဖိနပ်ကို မစီးပါနဲ့။ ကိုယ့်ခြေထောက်နဲ့ ကွက်တိတော်တာပဲစီးပါ။ ဆိုင်မှာက စီးကြည့်လို့ရနေတာပဲလေ။ စီးကြည့်ပြီး သက်သောင့်သက်သာရှိမှစီးပါ။ လှပေမယ့်ခြေထောက်ကို ဒုက္ခပေးသလို ဖြစ်စေတာမျိုးက ရေရှည်အတွက်မကောင်းပါဘူး။ အရည်အသွေးကောင်းတဲ့ဖိနပ်တွေပဲ စီးပါ။ ဈေးပေါပြီး အရည်အသွေးညံ့တဲ့ ဖိနပ်တချို့က ခြေထောက်အရေပြားအတွက် ရန်သူပါပဲ။ ပျော့ပျောင်းမှုမရှိ၊ မာတောင့်တောင့်ကြီးလည်းဖြစ်နေနိုင်တော့ […]


ရှေးဦးသူနာပြုစုခြင်း

သွားမှာ မတော်တဆ ထိခိုက်မိသွားရင် ဘာတွေလုပ်ရမလဲ

ခန္ဓါကိုယ်က အမာဆုံး အစိတ်အပိုင်း တစ်ခုကို ပြပါဆိုရင် သွားကိုသာ အရင်ဆုံးပြေးမြင်ရလောက်အောင် သွားက ကိုယ်ပေါ်မှာ အမာကြောဆုံး အရာတစ်ခုပါ။ ကိုယ်တို့ စားသမျှ အရာ တွေ မာမာပျော့ပျော့ သူကပဲ မညည်းမညူ ကြိတ်ချေပေးတာပါ။ အစားစားတဲ့ နေရာမှာ သူရှိမှ ဖြစ်တဲ့ သွားလည်းတစ်ခါတစ်ရံ ထိခိုက်မိပြီး ကျိုးတာ၊ပဲ့တာတွေရှိနိုင်ပါတယ်။ ကိုယ်ပေါ်က တခြားနေရာတွေ ထိခိုက်မိရင် အရေးပေါ် ကုသပြုစုနည်းတွေ ရှိပေမယ့် သွားတစ်ခုခုထိခိုက်မိရင်တော့ ဘာလုပ်ရမလဲဆိုတာ သိပ်မသိကြသေးတာကြောင့် ခုပြောပြပေးချင်ပါတယ်။ သွားကို ဘယ်အရာကထိခိုက်စေတတ်တာလဲ ဘယ်လောက်ပဲ မာတယ်ပြောပြော သွားကလည်း ကျိုးနိုင်၊ ပဲ့နိုင်၊ ပြုတ်ထွက်နိုင်ပါတယ်။ သူ့ဘာသာသူ ကျိုးတယ်ဆိုတာ ကလေးဘဝကသွားအသစ်လဲတဲ့ အချိန်မှာပဲဖြစ်နိုင်ပြီး လူကြီးသွားတွေကတော့ တစ်ခုခုပြင်းပြင်းထန်ထန် ထိခိုက်မိလို့သာ ကျိုးပဲ့ကုန်တာပါ။ သွားကိုထိခိုက်စေတတ်တာတွေကတော့ သွားထက်မာတဲ့ အရာတစ်ခုကို သင်စားမိလိုက်လို့ သွားပဲ့သွားတာ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း