ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

ခန္ဓာကိုယ် ဖွဲ့စည်းပုံက မတူသလို အာဟာရ လိုအပ်ချက်ကလည်း ကွာခြားနိုင်ပါတယ်။ အာဟာရ လိုအပ်ချက်ကို ကိုက်ညီအောင် ဖြည့်ပေးနိုင်မှ ကျန်းမာပျော်ရွှင်မှာပါ။ ဒါ​ကြောင့် အာဟာရလိုအပ်ချက်ကို အကောင်းဆုံး ဖြည့်ဆည်းနိုင်ဖို့ ဒီကဏ္ဍလေးမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

အာလူးပဲ စား ရတဲ့ Potato dietက တကယ်ဝိတ်ကျစေသလား

အာလူး စားရင် ကိတ်တယ်။ အာလူးစားရင် ဝလာမယ်လို့ပဲ သိထားကြတော့ အာလူးပဲ စား ပြီး ဝိတ်ချတယ်ဆိုတာက ဖြစ်နိုင်ပါ့မလားလို့ မေးစရာ ရှိပါတယ်။ လေ့လာချက်တွေအရတော့ အာလူးက အာဟာရဓာတ်ကြွယ်ဝစွာ ပါဝင်ပြီး ဝိတ်ကျဖို့ကို အထောက်အကူပြုပါတယ်။ ဒါပေမယ့် စားပုံစားနည်း မှန်ဖို့တော့ လိုပါတယ်။ အာလူး မှာ ပါဝင်တဲ့ အာဟာရဓာတ်တွေက အခွံမခွာဘဲ ဖုတ်ထားတဲ့ အာလူးအလတ်စား (၆.၁ အောင်စ/ ၁၇၃ ဂရမ်) တစ်လုံးမှာဆိုရင် ကယ်လိုရီ ၁၆၈ ပရိုတင်း ၅ ဂရမ် ကာဘိုဟိုက်ဒရိတ် ၃၇ ဂရမ် အမျှင်ဓာတ် ၄ ဂရမ် ဆိုဒီယမ် ၃၄ မီလီဂရမ် ဗီတာမင် စီ တစ်နေ့တာ လိုအပ်ချက်ရဲ့ ၃၇% ဗီတာမင် B6 တစ်နေ့တာ […]

ထူးခြားသည့်စားသောက်မှုပုံစံကွဲများ ကို ရှာဖွေမည်။

ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

သက်သက်လွတ်သမားများအတွက် ကျန်းမာစေမယ့် စားသောက်နည်း (၁၀) မျိုး

လူတစ်ယောက်အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ပြည့်ဝဖို့ စားသောက်ရတာ လွယ်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ သတ်သတ်လွတ်သမားတွေအတွက် ဒီလို အာဟာရတော့ ပြည့်ဝအောင် စားဖို့ကတော့ ပိုပြီး ခက်ခဲနိုင်ပါတယ်။ ဒါကြောင့် အခုဖော်ပြသွားမှာကတော့ ကျန်းမာတဲ့ သတ်သတ်လွတ်သမားဖြစ်ဖို့ အကြံပြုချက် (၁၀) ချက်ပဲ ဖြစ်ပါတယ်။ (၁) အသားဓါတ်ပါအောင်စားပါ။ သတ်သတ်လွတ်သမားတွေအတွက် အသားဓါတ်က ပဲအမျိုးမျိုး၊ တိုဖူး၊ အစေ့အဆံတွေစားခြင်းဖြင့် ရနိုင်ပါတယ်။ နို့ထွက်ပစ္စည်းတွေ စားတဲ့ သတ်သတ်လွတ်သမားတွေအတွက်တော့ နို့နဲ့ဥ တွေကနေ အသားဓါတ်ကို ရရှိပါတယ်။ (၂) ကယ်ဆီယံဓါတ်ပါအောင်စားပါ။ ကယ်ဆီယံဓါတ်က ခန္ဓါကိုယ်ကြီးထွားမှုနဲ့ အရိုးတွေရဲ့ ဖွံ့ဖြိုးမှုအတွက် အခြေခံကျပြီး အရေးကြီးတဲ့ဓါတ်တစ်မျိုးဖြစ်ပါတယ်။ ပဲနို့၊ တိုဖူး၊ အစိမ်းရင့်ရောင်အရွက်များ၊ လိမ္မော်ရည်နဲ့ အခြားသော နို့ထွက်ပစ္စည်းတွေမှာလည်း ကယ်ဆီယံဓါတ် ကြွယ်ဝစွာ ပါဝင်တဲ့ အစားအစာတွေ စားခြင်းဖြင့် ကယ်ဆီယံဓါတ်ကို […]


ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

သက်သတ်လွတ်သမားများအတွက် စားစရာဘယ်လိုရွေးချယ်မလဲ

သက်သတ်လွတ်သမားများအတွက် စားစရာဘယ်လိုရွေးချယ်မလဲ လူအများဟာဒီနေ့ကာလတွေမှာသက်သတ်လွတ် ဟင်းသီးဟင်းရွက် စားစရာတွေကိုရွေးချယ်လာကြပါတယ်။ သက်သတ်လွတ်စားသူများဟာဘယ်အသားမှမစားပါဘူး (အသား၊ ကြက်ဘဲ၊ ငါးပုစွန်နဲ့ သူတို့ကနေလုပ်ထားတဲ့ မည်သည့်စားစရာကိုမဆိုဆိုလိုပါတယ်)။ သင့်အနေနဲ့ သက်သတ်လွတ်စားတော့မယ်ဆိုရင် အရွက်များ၊ သစ်သီးများ၊ ပဲများ၊ အစေ့အဆန်များနဲ့ အဆီနည်းတဲ့ နို့ထွက်ပစ္စည်းတွေကို မျှတအောင် စားသုံးရပါမယ်။ သက်သတ်လွတ်စားပုံ မျိုးစုံရှိပါတယ်။ အများဆုံးကတော့ အသီးအရွက်သီးသန့်စားသူ။ သူတို့ဟာအသား၊ ဥနဲ့ နို့ထွက်ပစ္စည်းများမစားပါဘူး။ နို့နှင့်အသီးအရွက်စားသူ။ အသားနဲ့ဥမစားပါဘူး။ နို့ထွက်ပစ္စည်းတော့ စားပါတယ်။ နို့၊ ဥနှင့် အသီးအရွက်စားသူ။ အသားကိုမစားပေမယ့် နို့ထွက်ပစ္စည်းနဲ့ ဥတွေကိုစားပါတယ်။   ဆီးချိုရောဂါသည်ဟာ သက်သတ်လွတ်အစားအသောက်ပုံစံအတိုင်း လိုက်စားလို့ အဆင်ပြေပါ့မလား ပြေပါတယ်။ သင့်မှာဆီးချိုရောဂါရှိနေရင်တောင် သက်သတ်လွတ်အစားအစာတွေဟာ ကျန်းမာရေးကောင်းစေတာမို့ အဆင်ပြေပါတယ်။ ဒီအစားအသောက်ပုံစံဟာ ဆီးချိုရောဂါကိုလည်း ကာကွယ်နိုင်တယ်လို့ သုတေသနစစ်တမ်းအချို့က ထောက်ခံကြပါတယ်။ တကယ်တော့ အသီးအရွက်ပဲစားသူတွေကို လေ့လာချက်တွေအရ ကိုယ်အလေးချိန်ကျတာနဲ့ A1C ဓါတ် ကျနေဆဲမို့ ကစီဓါတ်နဲ့ […]


ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

အကျင့်မရှိသေးသူများ အတွက်အစာအငတ်ခံခြင်း ဆိုင်ရာလမ်းညွှန်ချက်

လူတို့သည်ဘာသာရေးအရသော်လည်းကောင်း ၊ နေထိုင်ကောင်းမှုနှင့် မိမိခံယူချက်အရသော်လည်းကောင်း အစာမစားဘဲအငတ်နေခြင်းအကြောင်းရင်းများစွာရှိပါသည်။ သို့သော်လည်းလူနည်းစုသာမှန်ကန်သည့် နည်းလမ်းဖြင့်အစာအငတ်ခံခြင်းကိုသိနားလည်ကြသည်။ ဤဆောင်းပါးတွင် အစာမစားဘဲအငတ်နေခြင်းကိုအကျင့်မရှိသေးသူများအတွက် မှန်ကန်သောလမ်းညွှန်ချက်များပါဝင်ပါသည်။ ဘာကြောင့်အစားမစားဘဲနေသင့်သလဲ အဓိကအကြောင်းရင်း (၂) ရပ်ရှိပါသည်။ ကျန်းမာရေးအရအစာမစားခြင်းနှင့် ကိုးကွယ်ယုံကြည်မှုနှင့်ဆိုင်သောအစားမစာခြင်းတို့ဖြစ်ပါသည်။ (၁) ကျန်းမာရေးအရအစားမစားဘဲနေခြင်း ကိုယ်အလေးချိန်လျှော့ချရန်အစားမစားဘဲနေခြင်း၊ အချို့သောရောဂါရှာဖွေခြင်းများမပြုလုပ်မီ အစားမစားရဘဲနေခြင်း၊ အဆိပ်အတောက်များခန္ဓါကိုယ်မှ ဖယ်ထုတ်နိုင်ရန်အစားမစားဘဲနေခြင်း။ (၂) ကိုးကွယ်ယုံကြည်မှုနှင့်ဆိုင်သောအစားမစားဘဲနေခြင်း လူတစ်ဦးချင်း၏ကိုးကွယ်ရာဘာသာအတိုင်းအလိုက် ထားရှိသောမူဝါဒအပေါ်မူတည်ပါသည်။ မည်သူတို့ကအစားမစားဘဲနေသင့်သနည်း ကျန်းမာသောသူများသာအစားမစားဘဲနေသည့်အကျင့်ကိုကျင့်သုံးသင့်သည်။ ထိုသို့မပြုလုပ်မီသင်၏ဆရာဝန်နှင့်သေချာစွာဆွေးနွေးတိုင်ပင်ပါ။ အောက်ပါပုဂ္ဂိုလ်တို့သည် အစားမစားဘဲနေသည့်အကျင့်ပြုပါကသတိထားသင့်သည်။ အလွန်ပိန်သူများ ၊ အစားအလွန်စားခြင်း (သို့မဟုတ်) အစားအလွန်ရှောင်ခြင်းစသော စိတ်ပိုင်းဆိုင်ရာဝေဒနာရှိသူများ၊ သွေးအားနည်းရောဂါနှင့် ပင်ကိုယ်အားနည်းသူများ၊ အဖုအကျိတ်ရောဂါ ၊ အနာပေါက်ခြင်း ၊ သွေးရောဂါ နှင့် နှလုံးရောဂါရှိသူများ၊ ကျောက်ကပ် ၊ အသည်းနှင့် အဆုတ်ရောဂါရှိသူများ၊ ဆီးချိုရောဂါ နှင့် သွေးတွင်းသကြားဓါတ်မငြိမ်သက်သူများ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ။ အစားမစားဘဲနေထိုင်ရန်နည်းလမ်း သင့်ဆရာဝန်နှင့်အရင်တိုင်ပင်ပါ အစားမစားဘဲနေခြင်းမပြုမီသင့်ဆရာဝန်နှင့်အရင်တိုင်ပင်ပါ။ သင်၏အစားအစာအသစ်သည် သင့်ကျန်းမာရေးအတွက်သင့်တော်၍ ခန္ဓါကိုယ်ကအန္တရာယ်မရှိဘဲသုံးစွဲနိုင်မည်ကိုအကြံပြုပေးလိမ့်မည်။ အစားနည်းနည်းနှင့်စတင်ပါ အကျင့်မရှိသေးသူများသည် အစားစားမှုပုံစံအသစ်ကိုအကျင့်ဖြစ်ရန်အချိန်ယူရသည်။ တစ်နေ့လျှင် ၁ နာရီခန့်အစားမစားဘဲနေကြည့်ပါ။ အစားအစာကိုသေချာစွာရွေးချယ်ပါ။ သင်နှစ်သက်သည့်အစားအစာနှင့်စတင်ပါ။ အစားအစာအသစ်ကိုသင့်ခန္ဓါကိုယ်ကအသားကျသွားပြီဆိုလျှင် သင့်အနေဖြင့် အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များကိုစားကြည့်ပါ။ အသား ၊ […]


ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

ကိုယ်အလေးချိန် မြင့်တက်စေနိုင်သောအသီးအနှံ ၅ မျိုး

အသီးအနှံများကိုလေ့လာကြည့်လျှင် ကျန်းမာရေးအတွက် အကျိုးပြုသည်ကိုတွေ့ရမည်။ အရသာရှိရုံမျှမကဗီတာမင်နှင့်အခြားသောအာဟာရဓါတ်များကိုလည်းပေးစွမ်းနိုင်ပါသည်။ အသီးအနှံများကိုစုံလင်စွာစားသုံးပေးခြင်းဖြင့်ခန္ဓါကိုယ်ကိုကျန်းမာကြံ့ခိုင်စေပြီးခန္ဓါကိုယ်၏လုပ်ငန်းများကိုလည်းပိုမိုကောင်းမွန်အောင် ပြုလုပ်စေနိုင်ပါသည်။ သို့သော်လည်းအသီးအနှံအားလုံးတိုင်းမှာမူသင်၏ ခန္ဓါကိုယ်ကိုလှပစေနိုင်မည် မဟုတ်ပါ။ လွန်ကဲစွာစားသုံးပါကကိုယ်အလေးချိန် တိုးစေနိုင်သောအာနိသင်လည်းရှိပါသည်။ ငှက်ပျောသီး မနက်စာအဖြစ် နှစ်သက်စွာပင် ငှက်ပျောသီးကိုစားလေ့ရှိသည်။ အရသာရှိပြီး ဗိုက်ဝစသည့် အသီးကိုမည်သူကမနှစ်သက်ဘဲနေလိမ့်မည်နည်း။ သို့သော် ငှက်ပျောသီးတွင် ပါဝင်သော အမျှင်ဓါတ် ၊ ပိုတက်စီယမ် နှင့် ဗီတာမင်စီတို့က ကယ်လိုရီ (၁၈၀) အထိရှိသည်ကိုတော့ သတိပြုရပေမည်။ ငှက်ပျောသီးကိုများပြားစွာစားသုံးလျှင် ကိုယ်အလေးချိန် ကျိန်းသေပေါက် တိုးလာမည် ဖြစ်သည်။ ချယ်ရီသီး အရည်ရွှမ်း၍ အရသာရှိသော ချယ်ရီသီးကိုမည်သူမျှ ငြင်းမည် မဟုတ်ပေ။ လူအများစုက နှစ်သက်စွာပင် အခြားအသီးများထက် ပို၍ စားသုံးတက်ကြသည်။ ချယ်ရီသီးတွင် ပါဝင်သော ပိုတက်စီယမ်ဓါတ်သည် ခန္ဓါကိုယ်တွင်းမှပိုလျှံသောဆိုဒီယမ်ဓါတ်ကိုစွန့်ထုတ်စေခြင်းဖြင့် သွေးပေါင်ချိန်ကိုလျော့ကျစေနိုင်ပါသည်။ ထို့ကြောင့်ခန္ဓါကိုယ်အတွက် အကျိုးမရှိဟု ငြင်းရန်ခက်ပါသည်။ သို့သော်လည်းချယ်ရီသီးတွင် သကြားဓါတ်များပြားစွာ ပါဝင်ခြင်းကကိုယ်တွင်းသကြားဓါတ်ကိုတိုးမြင့်စေနိုင်ပါသည်။ ထောပတ်သီး ထောပတ်သီးသည် နို့ကဲ့သို့ အဆီဓါတ်ပါသော […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း