ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

ခန္ဓာကိုယ် ဖွဲ့စည်းပုံက မတူသလို အာဟာရ လိုအပ်ချက်ကလည်း ကွာခြားနိုင်ပါတယ်။ အာဟာရ လိုအပ်ချက်ကို ကိုက်ညီအောင် ဖြည့်ပေးနိုင်မှ ကျန်းမာပျော်ရွှင်မှာပါ။ ဒါ​ကြောင့် အာဟာရလိုအပ်ချက်ကို အကောင်းဆုံး ဖြည့်ဆည်းနိုင်ဖို့ ဒီကဏ္ဍလေးမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

အာလူးပဲ စား ရတဲ့ Potato dietက တကယ်ဝိတ်ကျစေသလား

အာလူး စားရင် ကိတ်တယ်။ အာလူးစားရင် ဝလာမယ်လို့ပဲ သိထားကြတော့ အာလူးပဲ စား ပြီး ဝိတ်ချတယ်ဆိုတာက ဖြစ်နိုင်ပါ့မလားလို့ မေးစရာ ရှိပါတယ်။ လေ့လာချက်တွေအရတော့ အာလူးက အာဟာရဓာတ်ကြွယ်ဝစွာ ပါဝင်ပြီး ဝိတ်ကျဖို့ကို အထောက်အကူပြုပါတယ်။ ဒါပေမယ့် စားပုံစားနည်း မှန်ဖို့တော့ လိုပါတယ်။ အာလူး မှာ ပါဝင်တဲ့ အာဟာရဓာတ်တွေက အခွံမခွာဘဲ ဖုတ်ထားတဲ့ အာလူးအလတ်စား (၆.၁ အောင်စ/ ၁၇၃ ဂရမ်) တစ်လုံးမှာဆိုရင် ကယ်လိုရီ ၁၆၈ ပရိုတင်း ၅ ဂရမ် ကာဘိုဟိုက်ဒရိတ် ၃၇ ဂရမ် အမျှင်ဓာတ် ၄ ဂရမ် ဆိုဒီယမ် ၃၄ မီလီဂရမ် ဗီတာမင် စီ တစ်နေ့တာ လိုအပ်ချက်ရဲ့ ၃၇% ဗီတာမင် B6 တစ်နေ့တာ […]

ထူးခြားသည့်စားသောက်မှုပုံစံကွဲများ ကို ရှာဖွေမည်။

ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

ကြည်လင်လန်းဆန်းတဲ့ မနက်ခင်းလေး ဖြစ်ပါစေ

မနက်ခင်းက တစ်နေ့တာ အတွက် အရေးအကြီးဆုံးပါ။ မနက်ခင်းမှာ ကြည်လင်စွာ နိုးထနိုင်တာက တစ်နေ့တာလုံးကို အင်အား ပြည့်ဝစွာနဲ့ လုပ်ငန်း တာဝန်တွေကို အကောင်းဆုံး လုပ်ဆောင် နိုင်စေမှာပါ။ ဒီတော့ မနက်ခင်းတိုင်းကို ကြည်လင် လန်းဆန်းတဲ့ မနက်ခင်း အဖြစ် နိုးထလာနိုင်စေဖို့ ဒီ ဆောင်းပါးလေးကနေ ပြောပြပေးပါရစေ။ လူတော်တော်များများ လုပ်မိနေနိုင်တဲ့ မနက်ခင်း အလွဲ နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ လူတွေက အိပ်စက်ချိန်တွေ နည်းလာပါတယ်။ မနက်ခင်းတိုင်းမှာ အိပ်ရေးမဝကြသလို မကြည်လင်မှုတွေနဲ့ နိုးထလာတတ်ကြပါတယ်။ ဒီလို နိုးထလာတဲ့အခါ လန်းသွားအောင် ဆိုပြီး လူ တော်တော်များများ လုပ်တတ်တာက ကော်ဖီ တစ်ခွက် သောက်လိုက်တာပါ။ ကော်ဖီ သောက်တာက နည်းနည်းဆိုရင် လန်းဆန်းစေတာ မှန်ပေမယ့် အရမ်း များသွားမယ် ဆိုရင်တော့ ပင်ပန်းနွမ်းနယ်မှုကိုပါ ခံစား […]


ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

သက်သတ်လွတ်စားရင်း ကြွက်သားလည်း ဖွံ့ဖြိုးစေမယ့် နည်းလမ်းများ

သက်သတ်လွတ်စား တယ် ဒါမှမဟုတ် ကျန်းမာရေးအတွက် Vegan Diet စာတွေစားတယ်ဆိုတာက ကျန်းမာရေးအတွက် သင့်လျော်တဲ့ အလေ့အထတစ်ခုပါ။ ဒါပေမယ့် လူတော်တော်များများတွေးပူ တတ်ကြတာက ဒီလိုစားတဲ့အခါ ကြွက်သားတွေ ကြီးသင့်သလောက်ကြီးရဲ့လား၊ ဖွံ့သင့်သလောက် ဖွံ့ပါ့မလားဆိုတာကိုပေါ့။ ပုံမှန်အားဖြင့် သက်သတ်လွတ်စား တာက ကိုယ်အလေးချိန်လျှော့ချဖို့ ကိုယ်ရေစစ်ဖို့အတွက် ရည်ရွယ်ပြီးလုပ်ကြတာများပါတယ်။ တကယ်လည်း သက်သတ်လွတ်စားသူတစ်ယောက် ကြွက်သားတွေ တက်လာဖို့အတွက်ဆိုတာက အတန်ငယ်ခက်ခဲတတ်ပါတယ်။ ဒါပေမယ့် သက်သတ်လွတ်စားတာဟာ ကိုယ်အလေးချိန်လျှော့ချမှုကိုပဲ အထောက်အကူ ဖြစ်စေတာမဟုတ်ပါဘူး။ နည်းမှန်လမ်းမှန်နဲ့စားမယ်ဆိုရင် လေ့ကျင့်ခန်းပြုလုပ်သူတွေအတွက် ခန္ဓာကိုယ်ကြွက်သားတွေ ဖွံ့ဖြိုးစေဖို့လည်း ကူညီပေးနိုင်ပါတယ်။ သက်သတ်လွတ်စားရင်း ကြွက်သားလည်း ဖွံ့ဖြိုးစေမယ့် နည်းလမ်းများ အကြောင်းလေး ဆက်ကြည့်လိုက်ရအောင်လား။ သက်သတ်လွတ်စားရင်း ကြွက်သားလည်း ဖွံ့ဖြိုးစေမယ့် နည်းလမ်းများ နာမည်ကျော် Body Builder မီဂန်း ရိုက်ချ်ကတော့ သက်သတ်လွတ်စားသူတွေအနေနဲ့ ကြွက်သားတိုးလာအောင် ဘာတွေလုပ်ရမယ်ဆိုတာကို လမ်းညွှန်ပေးထားတာရှိပါတယ်။ သူမရဲ့ အဆိုအရ အဆီပိုတွေ […]


ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

Intermittent Fasting လုပ်တဲ့အခါ သတိထားသင့်တဲ့ ဆောင်ရန် ရှောင်ရန်တချို့

Intermittent Fasting လို့ခေါ်တဲ့ အချိန်အပိုင်းအခြား အလိုက် အစားလျှော့တဲ့ စားသောက်မှုပုံစံကို အခုနောက်ပိုင်း တော်တော်လေး ခေတ်စားလာပါတယ်။ ဒီနည်းတွေကို အဆီချချင်တဲ့ ကိုယ်အလေးချိန် များနေသူတွေ အပြင် လက်ရှိ ကိုယ်အလေးချိန်ကို မတက်စေဖို့ ထိန်းသွားချင်တဲ့သူတွေ၊ အသားကျစ်လျစ် ဘော်ဒီတက်စေဖို့ Gym ကစားနေသူတွေပါ သုံးလာကြတာပါ။ Intermittent Fasting ဆိုတာ ဘာလဲ အလွယ်ဆုံး ပြောရရင်တော့ ဥပုသ်စောင့် တဲ့ သဘော ပါပဲ။ အစားစားတဲ့အချိန် နဲ့ မစားတဲ့အချိန် အပိုင်းအခြားတွေကို သတ်မှတ်ပြီး လိုက်နာရတာဖြစ်ပါတယ်။ 16/8 နည်းလမ်း ဆိုရင် တစ်နေ့တာမှာ ၈ နာရီအတွင်း အစားစားလို့ ရပြီး ကျန်တဲ့ ၁၆ နာရီကို အစာမစားဘဲ နေရတာ ဖြစ်ပါတယ်။ ဥပမာ ည ၈ […]


ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

အသား၊ ငါး ရှောင်သူတိုင်း မေ့မထားသင့်တဲ့ အာဟာရဖြည့် စားစရာ

အသား၊ ငါးတွေ မစားချင်ဘူး။ အသီးအရွက်ပဲ စားရတာ ကြိုက်တယ်။ ဒါဆို အာဟာရ ပြည့်ပါ့မလားလို့ တွေးပြီး စိတ်ပူနေပြီလား။ ဒါဆိုရင်တော့ အသား၊ ငါး မစားလည်း အာဟာရ ပြည့်ဝနေစေဖို့ စားရမယ့် အစားအစာလေးတွေကို ပြောပြပေးမယ်နော်။ အသား၊ ငါး မစားလဲ အာဟာရ ပြည့်နေစေဖို့ အသား၊ ငါး မစားဘဲ လိုအပ်တဲ့ အာဟာရတွေ ပြည့်စေဖို့ဆိုရင် ပဲပြား ၊ တို့ဟူး ပဲပြား၊ တို့ဟူးတို့က ပဲကို အခြေခံပြီး ထုတ်ထားတာ ဖြစ်တာကြောင့် ပရိုတင်း၊ ဇင့်၊ သံဓာတ်တို့ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဒါတင်မက သေးပါဘူး။ ကိုလက်စထရော ပါဝင်မှု နည်းပြီး omega-3 fatty acid လည်း ပါဝင်နေပါသေးတယ်။ ဗီတာမင် D ပါဝင်ပြီး ကယ်လ်ဆီယမ် စုပ်ယူမှု […]


ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

အစာအငတ်ခံ ခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

အစာအငတ်ခံ တယ်ဆိုတာထက် အစာကို အချိန်ပိုင်းနဲ့ စည်းစနစ်တကျ စားတယ်လို့ပဲ ပြောရမလား။ Intermittent fastingလို့ ခေါ်တဲ့ IFဟာ ဝိတ်ချသူတွေကြား တော်တော်လေး ခေတ်စားလာပါတယ်။ IF နဲ့ နေလိုက်တဲ့အခါ ဝိတ်လည်း ကျလာတယ်။ နေရတာလည်း ပေါ့ပေါ့ပါးပါး ရှိလာတယ်လို့ ပြောကြသူတွေလည်း ရှိပါတယ်။ အစာကို စည်းနဲ့ ကမ်းနဲ့ စားလာတတ်သလို အရင်ကလောက်လည်း စားချင်စိတ် မဖြစ်မိဘူးလို့ ဆိုကြပါတယ်။ ဒီအကြောင်းကို နည်းနည်းလေး လေ့လာကြည့်ရအောင်။ Intermittent fasting ဆိုတာ ဘာလဲ။ Intermittent fastingဆိုတာက အချိန်အပိုင်းအခြားနဲ့ စားတာာမျိုးပါ။ တစ်နေ့ ၂၄နာရီမှာ ဘယ်နာရီအတွင်းကတော့ စားမယ်၊ ဘယ်နာရီအတွင်းမှာတော့ မစားဘဲ နေမယ်ဆိုပြီး ဆုံးဖြတ်ထားကြတာပါ။ အချိန်အပိုင်းအခြားတွေထဲမှာ အသုံးအများဆုံးကတော့ ၁၆း၈ကို ၅း၂နဲ့ စားတာပါပဲ။ ဆိုလိုတာက […]


ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

ဥပုသ်စောင့် ခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

ဝါတွင်းကာလတို့၊ သင်္ကြန်တို့၊ အခါကြီးရက်ကြီးတို့ဆို ဥပုသ်စောင့် ကြပါပြီ။ ဥပုသ်နေ့ပဲ စောင့်ကြတဲ့သူရှိသလို ဝါတွင်းသုံးလလုံး စောင့်ကြတဲ့သူလည်း ရှိပါတယ်။ ဥပုသ်မစောင့်တောင် သက်သတ်လွတ်စားကြတဲ့သူလည်း အများကြီးပါပဲ။ ဥပုသ်စောင့်တာက ဘာသာရေးအရ ကုသိုလ်ရတယ်ဆိုတာတော့ ပြောစရာ မရှိပါဘူး။ ပိုပြီးကောင်းတာက သူ့မှာ ကျန်းမာရေးအရ ကောင်းကျိုးတွေ ရှိနေတာပါပဲ။ ဥပုသ်ရဲ့ ကျန်းမာရေး ကောင်းကျိုးတွေက ဘယ်ကနေရသလဲဆို နေလွဲညစာ ရှောင်ကြတာ တချို့တွေမှာ သက်သတ်လွတ်စားကြတာ တရားထိုင်၊ ပုတီးစိပ်ကြတာ စတာတွေကနေ ရပါတယ်။ ဆက်ပြီး တစ်ခုချင်းစီရဲ့ ကောင်းကျိုးတွေ ဆက်ကြည့်ရအောင်။ ဥပုသ်စောင့် ချိန် နေလွဲညစာ ရှောင်ကြတာ နေလွဲညစာ ရှောင်တယ်ဆိုတာ တကယ်တော့ intermittent fastingတစ်မျိုးပါပဲ။ မနက် အရုဏ်တက် ၅နာရီ ၆နာရီလောက်ကနေ စစားပြီး နေ့လယ်၁၂နာရီကျော်ရင် ဘာမှ မစားတာ ဖြစ်တဲ့အတွက် […]


ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

အရက်နာ ကျနေချိန်မှာ ဘာတွေစားလို့ ဘာတွေရှောင်မလဲ။

မနေ့ညက ဘော်ဒါတွေ ဆုံသွားလို့၊ TGIF မို့လို့ဆိုပြီး တော်တော်လေး ကစ်လိုက်မိတယ်။ ခုမနက် တော်တော်လေးကို အဆင်မပြေဖြစ်လို့ အရက်နာကျ နေပြီလား။ ဒါဆိုရင်တော့ ကျနေတဲ့ အရက်နာ ပိုဆိုးမသွားစေဖို့ ဘာတွေရှောင်လို့ ဘာတွေ စားမလဲ ကြည့်လိုက်ရအောင်လား။ အရက်နာကျတဲ့ လက္ခဏာတွေက ဘာတွေဖြစ်မလဲ။ အရက်သောက်တာ များသွားတဲ့အခါ ဗိုက်အောင့်မယ် ကိုယ်လက် မအီမသာဖြစ်မယ် အော့ချင်အန်ချင်မယ် ခေါင်းကိုက်မယ် ညီးစီစီ ဖြစ်မယ် ရေငတ်မယ် ခေါင်းထဲမှာ ပေါ့ပေါ့ကြီး ဖြစ်နေမယ် ခြေကုန်လက်ပန်း ကျမယ် ကတုန်ကယင်ဖြစ်မယ် စိတ်ခံစားမှု ပြဿနာဖြစ်မယ် စတာတွေက အရက်နာကျမှု လက္ခဏာတွေပါ။ အရက်နာ ကျနေတဲ့အခါ ဘာတွေ စားလို့ ဘာတွေ ရှောင်ရမလဲ။ အရက်နာ ကျနေတဲ့အခါ ခံစားရမှု ပိုဆိုး မသွားဘဲ သက်သာစေဖို့ဆိုရင် ဒါတွေ စားပေးပါ............ အုန်းရည် အရက်နာကျရတဲ့ အဓိက အကြောင်းအရင်းတစ်ရပ်က […]


ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

သက်သတ်လွတ် သမားတို့ အသားဓာတ် မချို့တဲ့စေဖို့

သက်သတ်လွတ် စားတဲ့ သူတွေဟာ အသားဓာတ်ကို ပြည့်ဝအောင် ရရှိဖို့ လိုအပ်ပါတယ်။ အသားမှ မစားရတာကိုး။ လူတစ်ယောက်ရဲ့ တစ်နေ့တာ လိုအပ်တဲ့ အာဟာရဓာတ်တွေထဲမှာ အသားဓာတ် က မရှိမဖြစ် ပါဝင်နေလို့ပါပဲ။ အသား မစားတဲ့ သူတွေအတွက် အသားဓာတ် အသား မစားတဲ့သူတွေဟာ အသားဓာတ် ပါဝင်တဲ့ အသီးအရွက်တွေ၊ သက်သတ်လွတ် အစားအစာတွေကို ရွေးချယ်မစားသုံးတတ်ရင် အသားဓာတ်ချို့တဲ့မှု ကို ခံစားရနိုင်ပါတယ်။ အသားဓာတ် ချို့တဲ့ရင် အရိုး ကျိုး အက်လွယ်မယ် ဆံပင်နဲ့ လက်သည်း မကျန်းမာတော့ဘူး ကိုယ်အလေးချိန် ကျလာမယ် အားနည်း နွမ်းနယ်လွယ်လာမယ် ကိုယ်ခံအား နည်းပြီး နေမကောင်းဖြစ်လွယ်မယ် စတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ အများကြီး ရှိလာနိုင်ပါတယ်။ ဒါ့ကြောင့် အသားဓာတ် ရရှိနိုင်မယ့် သက်သတ်လွတ် အရင်းအမြစ်တွေကို သိထားဖို့ […]


ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

ကီတို Diet နဲ့ ပတ်သက်ပြီး လုပ်သင့်၊ မလုပ်သင့် တွေဝေနေပြီလား

ကီတို Diet ဆိုတာ ကိုယ်အလေးချိန် အမြန်ကျစေဖို့ ကစီဓာတ် (ကာဗိုဟိုက်ဒြိတ်) ကို လျှော့စားပြီး ကျန်းမာရေး အကျိုးပြု အဆီနဲ့ အသားဓာတ်တွေကိုသာ ပိုစားပေးတဲ့ Diet အမျိုးအစားပါ။ ယောက်ျားလေးတွေထက် မိန်းကလေးတွေ ဒီ Diet အမျိုးအစားကို ပိုလိုက်နာ စားသုံးလာကြပါတယ်။ ခုဆောင်းပါးမှာတော့ ကီတို Diet နဲ့ ပတ်သက်ပြီး မကြာခဏ ဆိုသလို လာမေးနေကြတဲ့ အမေးတွေအတွက် ပြန်လည် ဖြေပေးချင်ပါတယ်။ တစ်ခါမှ ကီတို Diet မစဖူးတဲ့သူတွေအတွက်လည်း ကိုယ့်အတွက် သင့်တော်မလား၊ မသင့်တော်ဘူးလားဆိုတာ သေချာ ဆုံးဖြတ်လို့ ရတာပေါ့။ မေးခွန်း (၁) = Diet လုပ်ပြီးနောက်မှာ ကစီဓာတ် ပြန်စားလို့ ရဦးမှာလား။ စားလို့ ရပါတယ်ခင်ဗျ။ သတိထားဖို့ လိုတာက အလွန်အကျွံ […]


ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

လူတွေ ပြောနေတဲ့ Keto Diet ဆိုတာ ဘာလဲ

ခုနောက်ပိုင်း ခေတ်စားလာတဲ့ Diet plan တွေထဲမှာမှ Keto Diet (ကီတို Diet) ကတော့ ဝိတ်ချချင်တဲ့ မိန်းကလေးအများစု လုပ်လာကြတဲ့ Diet အမျိုးအစားပါ။ အဓိက ကျန်းမာစေတဲ့ အဆီတွေကို များများစားပေးပြီး ကာဗိုဟိုက်ဒြိတ် လို့ ခေါ်တဲ့ ကစီဓာတ်တွေကို လုံးဝမစား သို့မဟုတ် ပမာဏ အနည်းငယ်သာ စားပေးတဲ့ Diet ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် အစာစားလိုက်တဲ့အခါ ခန္ဓာကိုယ်က ကစီဓာတ်ကို အချိန်ကြာမြင့်စွာ ဖြိုခွဲပြီးမှ အဆီတွေကို ဖြိုခွဲရပါတယ်။ အဲဒီတော့ ကစီဓာတ်များများစားလေ၊ ခန္ဓာကိုယ်ထဲမှာ အဆီနဲ့ ကယ်လိုရီ ပမာဏတွေ များပြားလာပြီး အဝလွန်မယ်၊ ကိုယ်အလေးချိန် တက်ခြင်းကို ဖြစ်စေပါတယ်။ Keto Diet ကတော့ ကစီဓာတ် စားသုံးမှုကို လုံးဝလျှော့ချလိုက်ပြီး အဆီတွေပဲ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း