အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဝိတ်ချချင်တယ်၊ ကိုယ်အလေးချိန် တက်ချင်တယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ BMI ကို ထိန်းထားချင်တယ်။ ဒီ ရည်မှန်းချက်လေးတွေ အောင်မြင်စေဖို့ စားသောက်နည်းလေးတွေကို ဒီကဏ္ဍလေးမှာ လေ့လာလို့ ရပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဆိုဒီယမ် နိုက်ထရိုက် အန္တရာယ်

လူတော်တော်များများရဲ့ နေ့စဉ် စားသုံးမှုမှာ ပြုပြင်ထားတဲ့ အသားတွေက မပါဝင်ဘူးဆိုတာ ခပ်ရှားရှား ဖြစ်လာပါပြီ။ တိုးတက်လာတဲ့ ခေတ်အခြေအနေကြောင့် ချက်ပြုတ်ဖို့ အချိန်မပေးနိုင်တာ၊ အရသာရှိတယ်လို့ ယူဆတာ၊ ချက်ပြုတ်ရ လွယ်ကူတာ၊ တာရှည်ခံတာ စသဖြင့် အမျိုးမျိုးသော အကြောင်းအရင်းတွေနဲ့ ပြုပြင်ထားတဲ့ အသားတွေ၊ အသင့်စားတဲ့ အစားအစာတွေကို အရင်တုန်းကထက် ပိုပြီး စားလာကြပါတယ်။ ဒီလို စားသုံးမှုက လူကြီးတွေ ကြားမှာတင် တိုးလာတာလားဆိုတော့ မဟုတ်သေးပါဘူး။ ကလေးတွေ ကြားမှာလည်း တော်တော်လေး များလာတာပါ။ ဒီလို ပြုပြင်ထားတဲ့ အသားတွေ၊ ကြက်အူချောင်း၊ ဝက်ပေါင်ခြောက်တို့လိုမျိုး စားစရာတွေထဲမှာ ပါဝင်နေတဲ့ ဆိုဒီယမ် နိုက်ထရိုက်က ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ နေ့စဉ်စားသုံးမှုမှာ ထည့်သွင်းစားသုံးမိနေတဲ့ အစားအစာတွေထဲက ဆိုဒီယမ် နိုက်ထရိုက် အန္တရာယ် အကြောင်းလေး […]

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ ကို ရှာဖွေမည်။

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ပဋိဇီဝဆေးတွေနဲ့တွဲဖက် မစားသုံးသင့်တဲ့ အစားအသောက်လေးတွေ

မဖျားဖူးတဲ့သူရယ်လို့မရှိကြပါဘူး။ လူတွေကတစ်နေ့တာလှုပ်ရှားမှုတွေ လုပ်ဆောင်ရင်း အပူဒဏ်ေကြာင့်ဖြစ်ဖြစ် အအေးဒဏ်ေကြာင့်ဖြစ်ဖြစ် ခန္ဓါကိုယ်မှာ ဖျားနာတာ၊နေထိုင်မကောင်းတာတွေ ဖြစ်ဖူးကြမှာပါ။ ဒီလိုနေထိုင်မကောင်းဖြစ်တဲ့အခါ Antibiotics(ပဋိဇီဝဆေး) တွေသောက်ပြီး ကိုယ်ခံအားကိုပြန်လည်ကောင်းမွန်လာအောင် လုပ်ဆောင်ကြရပါတယ်။ ဒီလိုဆေးသောက်တဲ့အခါ ဘာတွေတော့ဆေးနဲ့တွဲမသောက်နဲ့ မတည့်ဘူးလို့ပြောတာကြားဖူးကြမှာပေါ့။ ဘာကြောင့်လဲဆိုတာကို သိရဲ့လား။ သိချင်ရင် ဒီဆောင်းပါးလေးဖတ်ကြည့်နော်။ ဆေးသောက်တဲ့အခါဆေးရဲ့ အာနိသင်ပိုမိုထိရောက်မှုရှိစေဖို့အတွက် အစားအသောက်တွေကို ဆင်ခြင်စားသုံးဖို့လိုအပ်ပါမယ်။ အချို့ အစားအသောက်တွေကဆေးကိုစုပ်ယူနိုင်စွမ်းအပေါ်ထိခိုက်စေတာမျိုးရှိသလိုဆေးအာနိသင်ကိုလျော့ကျစေတာမျိုးအထိဖြစ်စေနိုင်ပါတယ်။ Antibiotics(ပဋိဇီဝဆေး) တွေက ခန္ဓါကိုယ်ကို ဘယ်လိုအကျိုးသက်ရောက်မှုရှိစေလဲ Antibiotics(ပဋိဇီဝဆေး) တွေကရောဂါပိုး ကူးစက်တာတွေကို သက်သာစေနိုင်စွမ်းရှိပါတယ်။ အအေးမိတာ၊ တုပ်ကွေးြဖစ်တာ၊ချောင်းဆိုးတာ၊လည်ချောင်းနာတာ၊ နှာစေးတာနဲ့လေပြွန်ရောင်ရမ်းတာတွေဖြစ်မယ်ဆိုရင်တော့ Antibiotics(ပဋိဇီဝဆေး) တွေကို မဖြစ်မနေသောက်သုံးဖို့လိုပါမယ်။ ဒီလိုသောက်သုံးတဲ့အခါမှာလည်းဆေးယဉ်ပါးတာမျိုး မဖြစ်စေဖို့အတွက်ဆေးကို စနစ်တကျဂရုတစိုက်သောက်သုံးဖို့လိုပါမယ်။ ဒီအစားအသောက်တွေကို Antibiotics(ပဋီဇီဝဆေး) တွေနဲ့တွဲသောက်သုံးတာမျိုး မလုပ်ပါနဲ့ ငှက်ပျောသီး ငှက်ပျောသီးမှာ ပိုတက်ဆီယမ်ကြွယ်ဝစွာပါဝင်နေတာကြောင့် Antibiotics(ပဋိဇီဝဆေး) တွေနဲ့တွဲမသောက်သင့်တာပါ။ ခန္ဓါကိုယ်ထဲမှာ ပိုတက်ဆီယမ်ပမာဏအရမ်းများသွားတဲ့အခါ နှလုံးခုန်မမှန်တာ၊ နှလုံးခုန်မြန်တာကြောင့် ရင်တုန်တာမျိုးတွေခံစားရနိုင်ပါတယ်။ အထူးသဖြင့်သွေးတိုးရောဂါကြောင့်သောက်သုံးရတဲ့ဆေးဝါးတွေကို ငှက်ပျောသီးနဲ့တွဲဖက်စားသုံးတာမျိုးမလုပ်ပါနဲ့။သွေးပေါင်အရမ်းကျသွားတာမျိုးဖြစ်စေနိုင်တာကြောင့်ပါ။ အချဉ်ဓါတ်ရှိတဲ့ အစားအစာတွေ သံပုရာသီး၊ သံပရိုသီး၊ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

စိတ်ခံစားမှုကို တိုးတက်ကောင်းမွန်စေနိုင်တဲ့ အစားအစာတွေက

တစ်နေ့တာ လှုပ်ရှားမှုတွေကို စိတ်လက်ကြည်ကြည်သာသာနဲ့ လုပ်ချင်သူတွေအတွက် စိတ်ခံစားမှုကို တိုးတက်ကောင်းမွန်စေမယ့် အစားအသောက်လေးတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ လူတစ်ယောက်က အမြဲစိတ်ခံစားမှု ကောင်းနေဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စတော့မဟုတ်ပါဘူး။ အခုပြောပြမယ့် အစားအစာတွေကတော့ စိတ်ဖိစီးမှု နဲ့ စိတ်ပူပန်မှုကို လျော့ကျစေနိုင်ပြီး စိတ်ဓာတ်ကျမှုကိုတိုက်ဖျက်ပေးနိုင်စွမ်းရှိ ပါတယ်။ ဘယ်အစားအစာတွေက စိတ်ခံစားမှုတွေကိုကောင်းမွန်စေနိုင်မှာလဲ ရေ ရေက ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကိုကောင်းမွန်စွာလုပ်ဆောင်နိုင်စေဖို့အတွက်တော်တော်လေးကို အရေးပါတာပါ။ ခန္ဓာကိုယ်မှာရေဓာတ်အနည်းငယ်ဆုံးရှုံးသွားတယ်ဆိုရင်တောင်မှ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာအပေါ်မှာ အများကြီးထိခိုက်စေနိုင်ပါတယ်။ရေဓာတ်နည်းလာတဲ့အခါ အာရုံစိုက်နိုင်စွမ်းလျော့ကျလာနိုင်ပါတယ်။ ဒါကြောင့် အမြဲလိုလိုတက်တက်ကြွကြွနေနိုင်ဖို့အတွက် ရေလုံလောက်အောင်သောက်ပေးပါ။   ချောကလက် ဒါကတော့ အရမ်းထူးဆန်းတာမဟုတ်ပါဘူး။ ချောကလက်စားရင် စိတ်ခံစားမှုကောင်းတယ်ဆိုတာကို လူတိုင်းလိုလိုသိထားပြီးသားပါ။ သိပ္ပံနည်းကလေ့လာမှုတွေအရတော့ အနက်ရောင်ချောကလက်ကိုနေ့စဉ် စားသုံးပေးတာက စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ဟော်မုန်းတွေကို ကျဆင်းစေ စိတ်ခံစားမှုကိုကောင်းမွန်စေနိုင်ပါတယ်။ စိတ်ဖိစီးနေသလား ချောကလက်စားပါ။ ငါး အဆီများတဲ့ငါးတွေ၊ ကမာကောင်လိုမျိုး ပင်လယ်စာတွေကို စားသုံးမယ်ဆိုရင် ခန္ဓာကိုယ်ကနေ မထုတ်နိုင်တဲ့ဓာတ်တစ်မျိုးဖြစ်တဲ့ စိတ်ခံစားမှုကို ပိုကောင်းစေနိုင်တဲ့omega-3 fatty acid ကို […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အာဟာရမျှတတဲ့ အစားအသောက်ဆိုတာဘာလဲ

ညီညွတ်မျှတတဲ့စားသောက်မှုပုံစံဆိုတာ လူ့ခန္ဓါကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓါတ်တွေအားလုံးပါဝင်တဲ့စားသောက်မှုပုံစံဖြစ်တယ်။ အသက်အရွယ်အမျိုးမျိုးအတွက် အာဟာရလိုအပ်ပုံ အချိုးအစားက ကွဲပြားပါလိမ့်မယ်။ ထို့အတူပဲ အမျိုးသားနဲ့ အမျိုးသမီးမှာလည်း မတူနိုင်သလို၊ တစ်ဦးချင်းစီရဲ့ကျန်းမာရေးအခြေအနေပေါ်လိုက်ပြီးလည်းကွဲပါတယ်။ ယေဘုယျအားဖြင့် သင့်ကလေးငယ်အပါဝင် မိသားစုတစ်ခုလုံးကို ညီညွတ်မျှတတဲ့စားသောက်မှုပုံစံဖန်တီးပေးဖို့အတွက် အောက်ပါစားစရာတွေကို ထည့်သွင်းစားသင့်ပါတယ်။ ၁။ နို့နှင့်နို့ထွက်ပစ္စည်းများ နွားနို့၊ ထောပတ်၊ ဒိန်ခဲ နဲ့ တခြားနို့ဖြင့်ပြုလုပ်ထားသော စားစရာများပါဝင်တယ်။ နို့နှင့်နို့ထွက်ပစ္စည်းတွေဟာ ဗီတာမင်ဒီနဲ့ မကောင်းတဲ့ကိုလက်စရောတွေကိုနည်းစေသော ပြည့်ဝဆီကြွယ်ဝတာကြောင့် ခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ နို့ထွက်ပစ္စည်းများအစားထိုးကတော့ ပဲပုပ်ပါဝင်သောအထောက်အပံ့စားစရာများနဲ့ အခွံမာသီးများ ဖြစ်တယ်။ ၂။ အသားဓါတ် အသားဓါတ်ဟာ အသားမျိုးစုံကနေရနိုင်ပါတယ်။ ကြက်၊ ဝက်၊ အမဲ စတဲ့အသားတွေကနေ အသားဓါတ်အရနိုင်ဆုံးဖြစ်တယ်။ ငါး၊ ဥတွေအပြင် ပဲမျိုးစုံ၊ တို့ဖူး တို့မှလည်း အသားဓါတ်ကောင်းကောင်းရနိုင်ပါတယ်။ ဒါပေမယ့် တာရှည်ခံအောင်ပြုလုပ်ထားတဲ့ ဝက်ပေါင်ခြောက်၊ ဝက်အူချောင်း ကြက်အူချောင်းတွေကတော့ သင့်ကလေးစားသောက်မှုထဲမှာ မပါသင့်ပါဘူး၊ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အစားအသောက်တွေကို အသီးအရွက်တွေနဲ့ ပိုမိုအသက်ဝင်လာစေမယ့် နည်းလမ်း ၁၀ မျိုး

အသီးအရွက်စားခြင်းက သင့်ခန္ဓါကိုယ်သာမက သင့်ဦးနှောက်လုပ်ဆောင်ချက်များအတွက်လိုအပ်သည်။ ထိုကျန်းမာစေသောအစားကိုမစားပါက အစာခြေစနစ်တွင်ပြသာနာဖြစ်စေနိုင်သည်။ အသီးအရွက်များကို ဘယ်လိုစားသောက်နေထိုင်နိုင်သလဲ။   အသီးအရွက်ကင်စားပါ။ ပြုတ်စားတာကိုမကြိုက်ပါက သင်ကင်စားနိုင်သည်။ အသီးများဖျော်သောက်ခြင်း အစိမ်းစားခြင်းမကြိုက်ပါက သေးသေးလေးစီလှီးပြီး ကင်စားခြင်းကအရသာရှိနိုင်သည်။ ဟင်းသီးဟင်းရွက်များဥပမာ မှို အာလူး ငရိုတ်သီး ကန်စွန်းဥ မှန်လာဥ ခရမ်းသီး အစရှိသည်တို့ကိုလည်းကင်စားနိုင်သည်။ အသီးများဆိုလျင် နာနတ်သီးလည်းစားလို့ကောင်းသည်။ သင်ကြိုက်သောအစားအစာထဲသို့ အရွက်များထည့်စားပါ။ လှီးထားသော ကြက်သွန် အာလူး ပဲ ကိုသင်ကြိုက်သောအစာထဲထည့်စားခြင်းက အရသာရှိစေရုံမက အာဟာရပမာကိုလည်းမြင့်စေသည်။ အီတလီဟင်းများထဲဟင်းသီးဟင်းရွက်ထည့်စားပါ။ အီတလီအစားအစာများ ဥပမာ ပါစတာ ကိုအသီးအရွက်ထည့်စားခြင်းက အရသာရှယ်ကောင်းစေသည်။ ဥပမာ လှီးထားသောကြက်သွန် အာလူး ပဲ ငရုတ်သီး ဟင်းနုနွယ် များကိုသင့် ပါစတာဟင်းထဲထည့်စားနိုင်သည်။ အသီးအရွက်သုပ်များကို တီထွင်စားသုံးပါ။ လှီးထားသောကြက်သွန် အာလူးပဲသီး ငရုတ်သီး ဟင်းနုနွယ်အစရှိသည်ကို ထည့်သုပ်စားသောက်နိုင်သည်။ အသုပ်များမှကြိုက်တာရွေးစားပါ။ သင်အသီးအရွက်ထုပ်ထိုးမျိုးသိပ်မကြိုက်ပါက အသီးဟာနှင့်စားနိုင်သည်။ သူတို့က အစားအသောက်မှန်စေရုံမက အာဟာရပါဝင်မှုကိုလည်းမြင့်စေသည်။ မွေကြော်များကိုစားပါ။ သင်ဟင်းလျာအတွက် ပဲ မှို မှန်လာဥ ပန်းဂေါ်ဖီ စသည်တို့ကိုထည့်မွေစားသောက်နိုင်သည်။ သင့်အသားညှပ်ပါမှန့်ထဲအသီးအရွက်ထည့်စားပါ။ လှီးထားသော […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ရေခဲသေတ္တာထဲက အစားအသောက်တွေနှင့် ပတ်သက်ပြီး သိသင့်သည့် အချက် ၁၀ ချက်

သင်နေသည့် နေရာကျဉ်းနေပါက ရေခဲသေတ္တာအသေးတစ်ခုသာ သင့်အတွက်အကောင်းဆုံးရနိုင်သောပစ္စည်းဖြစ်သည်။ သို့သော် ရေခဲသေတ္တာအသစ်က သင်အစားအသောက်နည်းနည်းပဲ စားရမည်ဟုမဆိုလိုပါ။ အောက်ပါ (၁၀) ချက်က ကျန်းမာသော ရေခဲသေတ္တာလေးဖြစ်အောင်လုပ်နည်းကိုဖော်ပြထားသည်။ ၁။ အဆီနည်းသော ချိစ်ကိုသိမ်းထားပါ။ ကောက်နှံတစ်ခုလုံးအပြည့်ပါသော ပေါင်မုန့်နှင့် အဆီနည်းသောချိစ်က အင်အားများများမြန်မြန်ရစေသော သရေစာဖြစ်သည်။ ပိုကောင်းသောအရာမျိုးလိုပါက ချိစ်ကို ကြက်ဥနှင့် မိုက်ခရိုဝေ့စ်ထဲ ထည့်ကင်ပြီး လုပ်နိုင်သည်။ ၂။ အသီးအရွက်များစွာ ဝယ်ပါ ဝယ်ပြီးဖြတ်ထားပြီး သင်ရေခဲသေတ္တာသေးအတွင်းသို့ သိမ်းထားခြင်းက သရေစာ သို့မဟုတ် အသားလုပ်ပြီး အဆင်သင့်ဖြစ်နိုင်သည်။ ဂျီးမများပါနှင့်။ အသီးအရွက်တွေက သင့်အတွက်ကျန်းမာရေးကောင်းစေပါသည်။ ၃။ အသီးစားရန် မမေ့ပါနှင့်။ လတ်ဆတ်သော သို့မဟုတ် ခဲထားသောအသီးများ၊ အခြောက်ခံထားသော စီမံထားသောအသီးများကို သင်ကြိုက်သလိုစားနိုင်သည်။ အသင့်ပြင်ထားသော အသီးအားသကြားသတိထားထည့်ပါ။ သင့်သရေစာထဲ အသီးထည့်စားခြင်းက ပိုအရသာရှိစေသည်။ ၄။ ရေ။ ပြောစရာမလိုလောက်အောင် ခန္ဓာကိုယ်အတွက် ရေကိုလိုအပ်ပါသည်။ သင်ရေငတ်နေပါက အချိုရည်ထက် ရေကိုသာသောက်သုံးပါ။ ၅။ အခွံမာသီးများ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဟင်းသီးဟင်းရွက်နှင့် သစ်စီးဝလံများကို စမတ်ကျကျဝယ်ယူတတ်စေမယ့် နည်းလမ်း ၁၀ မျိုး

အသီးအရွက်လမ်းကြောင်းသို့သွားပါက ဘယ်ဟာဝယ်ရမလဲဆုံးဖြတ်ဖို့ အထူးသဖြင့် သင်ပိုက်ဆံနည်းနေချိန် ဆုံးဖြတ်ရန်ခက်ခဲလှသည်။ အောက်ပါဆယ်ချက်က သင်အသ်းအရွက်ဝယ်ရာတွင် အထောက်အကူဖြစ်စေသော ဆယ်ချက်ကိုဖော်ပြပေးနိုင်သည်။ ၁။ ရာသီဥတုအလိုက်စဉ်းစားပါ။ ရာသီဥတုအလိုက်စားသုံးပါ။ ရာသီအသီးအရွက်များက များပြားခြင်း အနံအရသာပြည့်စုံခြင်း ဈေးသက်သာခြင်းတို့ရှိသည်။ ၂။ ဈေးချတာကိုကြည့်ပါ။ ဈေးချတာမျိုးရှိတတ်သည်။ သတင်းစာများမှ အရောင်းချခြင်း သို့မဟုတ် ဈေချပေးသောကူပွန်ရှိမရှိကိုရှာဖွေပါ။ ၃။ လိုအပ်သည်များကိုချရေးပါ။ ဘာစားရမလဲဆိုတာကို ဇယားလုပ်ခြင်း ချရေးခြင်းတို့ပြုလုပ်သင့်သည်။ ကိုယ်လုပ်ထားသော လိုအပ်သည်များကိုဝယ်ပါ။ မလိုအပ်သည့် အခြားပစ္စည်းများကိုကောက်မထည့်ပါနှင့်။ ၄။ ဈေးမဝယ်ခင် စားသောက်ပါ။ ဗိုက်ဆာနေချိန် စူပါမက်ကတ်အတွင်းဝင်ပါက သရေစာ အသင့်စားအစာတို့အပေါ် ပိုက်ဆံပိုသုံးမိတတ်သည်။ ဗိုက်တင်းပြီး ဈေးဝယ်ပါက သင်ပိုက်ဆံကို ကျန်းမာသောအစာအပေါ်ပိုသုံးမိစေနိုင်သည်။ ၅။ သိုလှောင်မထားပါနှင့်။ အသီးအရွက်များက ကြာရှည်မခံပါ။ မသိုးခင် အနည်းငယ်ဝယ်ပြီးသာစားသင့်သည်။ သို့သော် ကြာရှည်ခံသောအရွက် ဈေးချနေပါက ပိုက်ဆံချွေတာရန်ဝယ်ထားသင့်သည်။ ၆။ ကြိုတင်သွင်းထားသောအသီးများကိုရှာပါ။ ထိုအသီးများကိုလတ်ဆတ်သောအသီးထက်ပိုသက်သာသည်။ သို့သော် တံဆိပ်ကိုသေချာဖတ်ပါ ဆိုဒီယမ်နည်းတာကိုဝယ်ပါ။ ၇။ တံဆိပ်ကြည့်ဝယ်ပါ။ အချို့တံဆိပ်က ပိုဈေးသက်သာသော ထုတ်ကုန်တူများထုတ်နိုင်သည်။ မင်ဘာ အလိုက်လျော့ဈေးများရှိပါက ပိုက်ဆံခြွေတာရန် စာရင်းသွင်းထားပါ။ ၈။ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အမျိုးသမီးကျန်းမာရေးအတွက် ပိုကောင်းမွန်တဲ့ စားသောက်ပုံရွေးချယ်ခြင်း ၁၀ မျိုး

သင်စားသောအရာက သင်ခံစားချက် သင်ကိုပိုကြည့်ကောင်းမှုအပေါ်မူတည်သည်။ ထိုကြောင့် အကောင်းဆုံးဖြစ်အောင် သင်အစားအသောက်ကိုဂရုစိုက်သင့်သည်။ အောက်ပါဆယ်ချက်ကသင့်ကို ပိုလှပစေအောင် ကူညီနိုင်သောအစားအသောက်ရွေးချယ်မိကိုအထောက်အကူပြုစေသည်။ ၁။ သင်လိုအပ်သောအာဟာရကိုရှာဖွေပါ။ သင်အသက် အရပ် ခန္ဓါကိုယ်အလေးချိန် ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှုအပေါ်မူတည်ပြီး လိုအပ်သောအစားမတူနိုင်သည်။ အွန်လိုင်းမှ အာဟာရလိုအပ်ချက်ရှာဖွေခြင်း သို့မဟုတ် အာဟာရပညာရှင်နှင့်တိုင်ပင်နိုင်သည်။ ၂။ သင်လိုအပ်သောပမာဏကိုထိန်းသိမ်းပါ။ ပန်းကန်ပြားသေးကိုပြောင်းလဲခြင်းက သင်အစားအသောက်စားခြင်းနှင့်ကယ်လိုရီကိုနည်ေးစသေည်။ အစားနည်းနည်းစီစားရန်အချိန်ယူပါ။ ၃။ သင်အရိုးကိုဂရုစိုက်ပါ။ ကယ်ဆီယမ်များသောအစာ ဥပမာ အဆီနည်းသောအဆီမရှိသောနို့ ချိစ် ဒိန်ချဉ် နှင့် ပဲနို့ကိုဝယ်ပါ။ သင့်အရိုးကိုသန်မာစေနိုင်သည်။ သင်မနက်သောက်သော ကော်ဖီက အဆီမရှိသော သိုမဟုတ် အဆိနည်းသောနို့ဖြစ်ကြောင်းသေချာပါစေ။ ၄။ အသီးအရွက်များပါအောင်စားပါ။ အသီးအရွက်ကအရေးကြီးသည်။ ဂျီးမများပါနှင့် အရောင်မျိုးစုံ ပုံစံမျိုးစုံစားခြင်းဖြင့် သင့်ခန္ဓါကိုယ်အား ဗီတာမင် သတ္ထုများများရပါစေ။ အသီးများကို သရေစာအဖြစ် သို့မဟုတ် အဓိကအစာအဖြစ်လည်းစားနိုင်သည်။ ၅။ ရေများများသောက်ပါ။ သင်ခန္ဓါကိုယ်အသက်ရှင်ရန်ရေလိုအပ်သည်။ ရေပုလင်းကိုအမြဲဆောင်ထားခြင်းဖြင့် တနေ့လုံးရေဓါတ်ပြည့်ဝအောင်နေနိုင်သည်။ အရက် သကြားပါသောအချိုရည်မျိုးကိုတော့ရှောင်ပါ။ ၆။ ကောက်စပါးပြည့်ဝစွာပါသည့်အရာများကိုစားပါ။ ကောက်စပါးတဝက်မဟုတ်သောအရာအစား ပြည့်ဝစွာပါသောအရာကိုစားပါ။ ပြည့်ဝကြောက်စပါးက ဗိုက်ဝစေရုံမက သင်အတွက်လိုအပ်သောအာဟာရများကိုပါပေးနိုင်သည်။ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ကျန်းမာသော အမျှင်ဓါတ်စားသုံးခြင်း

ကျောင်း၊ သင့်မိဘ ၊ကျန်းမာရေးသမားများက အဘယ်ကြောင့်အမျှင်ဓါတ်များများစားရန်ပြောနေသည်ဟုထင်ပါသဘဲ။ ရင်းနှီးပြီးဖြစ်သော်လည်း အကျိုးကျေးဇူးကိုလူတော်တော်များများမသိကြပေ။ အမျှင်ပါသောအစာကိုရွေးချယ်ခြင်းကမခက်ပါ သင်မိးဖိုချောင် ဈေးတွင်လွယ်ကူစွာရှာနိုင်သည်။ သင်ဘာကြောင့်အမျှင်ဓါတ်ကိုစားသင့်သလဲ ဘယ်မှာရှာနိုင်သလဲကိုဆက်လက်ဖတ်ရှုနိုင်ပါသည်။ အမျှင်အစာဆိုတာဘာလဲ။ သင်ခန္ဓါကိုယ်က သင်စားသမျှ အစာအာဟာရကိုမစုပ်ယူနိုင်ပါ။ ထိုကြောင့် အစားအသောက်ပါသောအမျှင်များ အပင်မှရသောအစာက သင်ကျန်းမာရေးအတွက်အရေးပါလှသည်။ သင်ခန္ဓါကိုယ်မှ အမျှင်ကိုအခြားအာဟာများကဲ့သို့(ပရိုတင်း ဗီတာမင် အဆီ စသည်) တိုက်ရိုက်မစုပ်ယူနိုင်ပါ။ သို့သော် အစာအိမ်တောက်လျောက်ဖြတ်သွားနိုင်သည်။ ရေတွင်ပျော်ဝင်သောအရာ နှင့် ရေတွင်မပျော်ဝင်နိုင်သောအရာဟုခွဲထားပြီ အမျှင်က အစာအိမ်မှ အူလမ်းကြောင်းသိုရောက်ပြီး ခန္ဓါကိုယ်မှထွက်သွြးခြင်း သို့ဟုတ် ပျော်ဝင်သွာခြင်းဖြစ်နိုင်သည်။ မတူသောအမျှင်ပါသော အပင်အစားသောက်မတူသောကြောင့် မတူညီသောအမျှင်တိုင်းအကုန်မျိုးစုံစားရန်လိုအပ်သည်။ ပျော်ဝင်နိုင်သော အမျှင်ဓါတ်။ ထိုအမျှင်ဓါတ်က အခွံမာသိပဲသီး ပန်းသီး အချဉ်ပါသောအသီးများ မှန်လာဥ ဘာလီသီးစသည်တို့တွင်ပါဝင်သည်။ ရေတွင်စိမ်ပါက ပျော်ဝင်သည်။ သကြားဓါတ်နှင့်ကိုလက်စတောကိုကျစေသည်။ မပျော်ဝင်နိုင်သောအမျှင်။ ထိုအရာက အရွက်များ(ဥပမာ ဂေါ်ဖီ ပဲသီး အာလူး အစရှိသည်) အသီများ အစေ့ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အအေးမိခြင်းနှင့် တုပ်ကွေးမိခြင်းကို တိုက်ထုတ်ပေးမယ့် အကောင်းဆုံးအစားအစာ ၆ မျိုး

သင်လည်ချောင်းယားနေသည် သို့မဟုတ် သင်နှာရည်ယိုနေသည် ခံစားနေရသောအခါ အဖျားမဖြစ်အောင်လုပ်နိုင်မှုအရမ်းနည်းနေပါသလား။ နိုးပါ။ သင့်ခုခံအားစနစ်ကိုများစေသော အစားငါးမျိုးကိုဖော်ပြလိုပါသည်။ ကြက်စွပ်ပြုတ်။ လေ့လာချက်များအရ ကြက်သားစွပ်ပြုတ်က ယောင်ခြင်းကိုသက်သာစေသည်။ အဘယ်ကြောင့်ဆိုသော် ကြက်ထဲတွင်ပါသော စစ်စတင်း အမိုင်နိုအက်စစ် ကြောင့်ဖြစ်သည်။ ထိုအရာက နှာခေါင်း ရင်ဘတ် လည်ချောင်း ယောင်ခြင်းကြောင့်ဖြစ်သည့်အချွဲကိုပါးစေသည်။ ခေါက်ဆွဲ ဟင်းသီးဟင်းရွက်ထည့်ခြင်းက စွပ်ပြုတ်ရှိ အနာကျက်စွမ်းအားကိုပိုမြန်စေပြီး သင့်အင်အားကိုပိုများစေသည်။ ဟင်းသီးဟင်းရွက်က အာဟာရပမာဏကိုမြင့်စေပြီး ခုခံအားစနစ်ကိုပိုးကောင်းစေသည်။ ကြက်သွန်။ ကြက်သွန်က သင့်အရသာခံမှုကိုမြင့်စေသည်။ ဓါတ်တိုးပစ္စည်းဆန့်ကျင်သော အရာက ဗိုင်းရပ်ကိုဆန့်ကျင်နိုင်စွမ်းရှိပြီး အဖျားကိုကာကွယ်နိုင်ခြင်းဖြစ်သောအချိန်ကိုတိုစေသည်။ အဆီပါသောကွန်ပေါင်း အလီစင်ကလဲ အဖျားတိုက်သောစွမ်းဆောင်ရည်ရှိသည်။ ကြက်သွန်ကို သဘာဝအတိုင်းစားရန်မလိုအပ်ပါ။ ကြက်သွန်ဖြည့်စွက်စာများဥပမာ ပေါင်ဒါ အဆီများက လည်းအနာသက်သာနှုန်းကိုပိုများစေသည်။ နေ့တိုင်းရှူးရှူးမူးမူးစားရန်တော့မလိုပါ။ တစ်ရက် တခါနှစ်ခါက ဆရာဝန်ကိုမလိုသည်ထိကျန်းမာနိုင်သည်။ ပျားရည်။ သင်လည်ချောင်းနာနေပါက သင်အဖွားက ပျားရည်တိုက်တာကိုသင်မှတ်မိနိုင်သည်။ လေ့လာချက်များအရ ပျားရည်က လည်ချောင်းကိုကာပေးခြင်း ယားခြင်းကိုသက်သာစေခြင်းဖြင့် ချောင်းဆိုးခြင်းကိုသက်သာစေသည်။ တကယ်ဆို ပျားရည်က […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

လိမ္မော်သီးထက် ဗီတာမင် စီ ပိုပါသော အစားအသောက် ၅ မျိုး

ကျန်ုပ်တိုငယ်စဉ်က မိဘများ ဗီတာမင်ပြည့်ဝစွာပါသောအသီးအရွက်များစားရန် ပြောသည်ကိုခဏခဏကြားဖူးပေလိမ့်မည်။ လူအတောမများများက ဖျားခြင်းကာကွယ်ရန်သံပရာသီးသို့မဟုတ် လိမော်သီးတစ်ခွက်သောက်မှုကိုပိုကြိုက်တတ်သည်။ တနေ့တနေ့ ဗီတာမင်စီ ၇၅ဂရမ် စားရန်သဘာဝပစ္စည်များမှစားသုံးရန်လိုအပ်သည်။ဥပမာ ဗီတာမင်စီပြည့်ဝသောလိမ္မော်သီး တစ်ကဒ်( ၉၈မီလီဂရမ်)။ သို့သော် လိမော်သီးထက် ဗီတာမင်စီပိုပေးနိုင်သောအခြား အသီးအရွက် ငါးမျိုးရှိသေးသည်။ ၁။ ငရုတ်ပွသီး။ နေ့တိုင်းစားဖို့အရသာရှိခြင်းအရောင်လှခြင်(သုံးမျိုး အနီ အဝါ နှင့်အစိမ်း)အနံကအလွန်ကောင်း နာမည်ကြီးအစားလည်းဖြစ်သည်။ ငရုတ်ပွသီးအနီတစ်ခွက်တွင် ၁၉၀မီလီဂရမ်နည်းပါးပါဝင်ပြီး လိမော်သီးထက် သုံးဆခန့်ပိုများသည်။ အဝါရောင်တွင် ၁၅၅ မီလီဂရမ် ဗီတာမင်စီပါဝင်သည်။ အစိမ်းရောင်က အခြားနှစ်ခုထက်ပါဝင်မှုပိုနည်းသည်။ သို့သော် လိမော်သီးတစ်ခွက်ထက် ၃၀%ထက်ပိုများသည့် ၁၂၀မီလီဂရမ်ကိုပေးစွမ်းနိုင်သည်။။ ထိုပြင် ဗီတာမင်အေ နှင့်အမျှင်ဓါတ်များစွာလည်းပါဝင်ပြီး သင်ကျန်းမာရေးကောင်းစေရုံမက အခြားရောဂါများကိုလည်းကာကွယ်ပေးနိုင်သည်။ ၂။ သင်္ဘောသီး။ အရသာကောင်းပြီးချိုသည်။ ထိုအသီး အကြီးတစ်စိတ်က ၂၃၈မီလီဂရမ်ဗီတာမင်စီပါဝင်သည်။ အစိမ်းစားလဲရသည် ဖျော်ရည်လည်းလုပ်သောက်နိုင်သည်။ သင်္ဘောသီးတွင် အမျှင်ဓါတ်နှင့် ဗီတာမင်အေလည်းများစွာပါဝင်သည်။ သင်္ဘောသီးတစိတ် နေ့တိုင်းစားခြင်းက သင်အရေပြားကိုလှစေခြင်း သန့်စင်စေသခြင်း ဆံပင်သန်စေခြင်း […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း